အခန်း ၂၀၆
Vol. 21 Ch. 206
အခန်း ၂၀၆။ ယုံကြည်မှုကို လုယူခြင်း၊ ဒဏ္ဍာရီလာ ဧကရာဇ်
ပိုင်ရှင် - မုန်လဲ့
မျိုးနွယ် - လူသား (နတ်ဘုရားသတ်ကြွက် သွေးမျိုးဆက်)
ပိုင်ဆိုင်မှု - နိယာမ အရင်းအမြစ် ကျောက်သလင်း ၁၅၆၈၈ ခု
ခန္ဓာကိုယ်ကြံ့ခိုင်မှု - နတ်ဘုရားတစ်ဝက် ခန္ဓာကိုယ် (အဆင့်မြင့်)
စိတ်စွမ်းအင် - နတ်ဘုရားတစ်ဝက် ဝိညာဉ် (အဆင့်နိမ့်)
နတ်ဘုရားစွမ်းအား - ၀.၁ နတ်ဘုရား ကျောက်သလင်း
နိယာမ နားလည်မှု - အခြေခံ နိယာမ (၁၀၀%)
ယခု အရည်အချင်း မှတ်တမ်းကို ပြန်ကြည့်လိုက်ရာ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ စိတ်စွမ်းအင်နှင့် နိယာမ နားလည်မှုများအားလုံးကို ငွေကြေးသုံး၍ အဆင့်မြှင့်တင်၍ မရနိုင်တော့ပေ။
နတ်ဘုရားစွမ်းအား တစ်ခုတည်းသာ ကျန်ရှိတော့ပြီး စနစ်၏ နောက်ဆုံး ငွေကြေးသုံး အဆင့်မြှင့်တင်နိုင်သော အရာအဖြစ် မနည်းတောင့်ခံထားရလေသည်။
သို့သော် နတ်ဘုရားစွမ်းအားမှာ အလွန် ဈေးကြီးလွန်းလှပေသည်။ နိယာမ အရင်းအမြစ် ကျောက်သလင်း ၁၀၀၀၀ မှသာ နတ်ဘုရား ကျောက်သလင်း ၁ ခုနှင့် လဲလှယ်နိုင်မည်ဖြစ်ရာ လုံးဝ မတတ်နိုင်ပေ။ ထို့ကြောင့် နောင်တွင် စွမ်းအားများကို မည်သို့ ဆက်လက်အဆင့်မြှင့်တင်ရမည်ဆိုသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လာလေတော့သည်။
"ဆိုလိုတာက... အခု လတ်တလော အရေးကြီးဆုံးအချက်က ယုံကြည်မှုတွေကို ဖြန့်ဝေပြီး ယုံကြည်မှုစွမ်းအင်ကို အားကိုးကာ နတ်ဘုရားဝိညာဉ်ကို အဆင့်မြှင့်ဖို့ပဲလား" မုန်လဲ့က မေးလိုက်သည်။
"နတ်ဘုရားဝိညာဉ်ဆိုတာ နတ်ဘုရားတစ်ပါးရဲ့ အခြေခံအုတ်မြစ်ပဲ... ပြီးတော့ ဝိညာဉ်ကို ခွဲထုတ်ခြင်းက နတ်ဘုရားဝိညာဉ်ကို အလွန်အမင်း ထိခိုက်စေတယ်"
ဒိုဒိုလာက ခေါင်းခါရင်း ဆိုလေသည်။ "ဒီလိုအချိန်မျိုးမှာ နတ်ဘုရားဝိညာဉ်ကို ပြန်လည်ကုသပေးနိုင်မယ့် ရတနာတွေ လိုအပ်တာပေါ့"
"ဒါပေမဲ့ နတ်ဘုရားဝိညာဉ်ကို ပြန်လည်ကုသပေးနိုင်တဲ့ ရတနာတွေက အလွန်ကို ရှားပါးလွန်းတယ်... ဒါကြောင့် ယုံကြည်မှုစွမ်းအင်က တစ်ခုတည်းသော နည်းလမ်း ဖြစ်လာတာပဲ"
"ဒါကလည်း နတ်ဘုရားအမြောက်အမြား ယုံကြည်မှုကို ဖြန့်ဝေဖို့ အရူးအမူး ဖြစ်နေကြရတဲ့ အဓိက အကြောင်းရင်းတစ်ခုပဲ"
ထိုသို့ပြောပြီးနောက် ဒိုဒိုလာက ရယ်မောလိုက်လေသည်။ "ယုံကြည်မှုဆိုတာ အရမ်းကောင်းတဲ့ အရာပါ... နတ်ဘုရားဝိညာဉ်ကို အားဖြည့်ပေးနိုင်သလို၊ နတ်ဘုရားစွမ်းအားအဖြစ်လည်း ပြောင်းလဲနိုင်တယ်... နတ်ဘုရားတွေအတွက် အရမ်းကို အရေးကြီးတယ်"
"ယုံကြည်မှု..."
မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် စူးရှသော အလင်းရောင်တစ်ခု ဖြတ်သန်းသွားလေသည်။ "နဂါးနတ်ဘုရား အင်ပါယာရဲ့ ယုံကြည်မှုကို ငါ သေချာပေါက် ရယူမယ်... ငါ့ကို တားဆီးတဲ့ သူတိုင်း အသေပဲ"
"အရမ်း ကောင်းတယ်... နတ်ဘုရားတစ်ပါးအနေနဲ့ ယုံကြည်မှုကို မလုယူဘူးဆိုရင် ဆားနယ်ငါးခြောက် တစ်ကောင်နဲ့ ဘာများ ကွာခြားတော့မှာလဲ"
ဒိုဒိုလာက ပြဿနာပိုကြီးလာမည်ကို မကြောက်ဘဲ ပြောလိုက်လေသည်။ "ဒါကြောင့် ကြီးမြတ်တဲ့ အချိန်ကာလ နတ်ဘုရားက မင်းအတွက် ချန်ထားခဲ့တဲ့ ပထမဆုံး စမ်းသပ်မှုကတော့... နဂါးနတ်ဘုရား အင်ပါယာရဲ့ ယုံကြည်မှုကို လုယူဖို့ပဲ"
"စမ်းသပ်မှု အချိန်- ၃ နှစ်"
"စမ်းသပ်မှု ဆုလာဘ်- လျှို့ဝှက်ချက်"
မုန်လဲ့ လုံးဝ ဆွံ့အသွားလေသည်။ "ဒါက အချိန်ကာလ နတ်ဘုရား ချန်ထားခဲ့တဲ့ စမ်းသပ်မှုဆိုတာ မင်း သေချာလို့လား... မင်း အခုမှ ချက်ချင်းတွေးပြီး လျှောက်ပြောနေတာ မဟုတ်ဘူးလား"
"ဘာကို လျှောက်ပြောရမှာလဲ... ငါ နားမထောင်ချင်ဘူး"
ဒိုဒိုလာက ဟီးဟီး ရယ်မောလိုက်လေသည်။ "ငါက အချိန်ကာလ မျှော်စင်ရဲ့ မျှော်စင်စောင့်ပဲ... အချိန်ကာလ နတ်ဘုရားရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းရတဲ့ တာဝန်ရှိတယ်... သေချာပေါက် စမ်းသပ်မှုတွေကို သတ်မှတ်ခွင့် ရှိတာပေါ့... ဒါက အချိန်ကာလ နတ်ဘုရား ချန်ထားခဲ့တဲ့ တာဝန်လည်း ဖြစ်တယ်"
"မင်းကို ယှဉ်ပြီး မပြောနိုင်တော့ဘူး"
မုန်လဲ့က ခေါင်းခါလိုက်လေသည်။ "တခြား ကိစ္စ မရှိရင် ငါ အရင် ထွက်သွားတော့မယ်"
"အင်း... နောက်ပိုင်း အချိန်ကာလ မျှော်စင်ထဲက မှော်သားရဲတွေကို တတ်နိုင်သလောက် မသတ်ပါနဲ့" ဒိုဒိုလာက ရုတ်တရက် လှမ်းပြောလိုက်လေသည်။
"ဘာလို့လဲ"
မုန်လဲ့ ချက်ချင်း မျက်မှောင်ကြုတ်သွားလေသည်။ အချိန်ကာလ မျှော်စင်ထဲရှိ မှော်သားရဲများကို မသတ်ရလျှင် သူ ဘယ်ကနေ ပိုက်ဆံရတော့မည်နည်း။ ဤသည်ကား သူ၏ စီးပွားရေးလမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းပင် မဟုတ်ပါလော။
"အချိန်ကာလ မျှော်စင်ထဲက အချိန်ကာလ နိယာမကို ထိန်းသိမ်းဖို့အတွက် အချိန်ကာလ နတ်ဘုရား ကျောက်သလင်းတွေကို သုံးရတယ်"
ဒိုဒိုလာက ရှင်းပြလိုက်လေသည်။ "အချိန်ကာလ နတ်ဘုရား သေဆုံးသွားပြီးတဲ့နောက်မှာ အချိန်ကာလ နတ်ဘုရား ကျောက်သလင်းတွေက သုံးလေ နည်းလေ ဖြစ်လာတယ်... အချိန်တွေ အကြာကြီး ဖြတ်သန်းလာတဲ့ အခါမှာတော့... အချိန်ကာလ နတ်ဘုရား ကျောက်သလင်းတွေက သိပ်မကျန်တော့ဘူး... ချွေတာ သုံးမှ ရတော့မယ်"
"..."
မုန်လဲ့ လုံးဝ ဆွံ့အသွားလေသည်။ "ဒါဆို ငါ အချိန်ကာလ မျှော်စင်ကို ရထားတာ ဘာအသုံးကျတော့မှာလဲ"
"..."
...
မုန်လဲ့၏ စိတ်အခြေအနေ သိပ်မကောင်းပေ။ အားလပ်ချိန်များတွင် မျှော်စင်ထဲမှ မှော်သားရဲများကို သတ်ဖြတ်၍ မုန့်ဖိုး ရှာမည်ဟု သူ မူလက စီစဉ်ထားခဲ့ခြင်း ဖြစ်လေသည်။
အခုတော့ မသတ်ရတော့ဘူးတဲ့။
ဒါက ဘယ်လောက်တောင် အချောင်ခိုလွန်းသနည်း။
"ငါက အရမ်း ကံဆိုးတာပဲ"
မုန်လဲ့က တိတ်တဆိတ် ကျိန်ဆဲလိုက်ရင်း အချိန်ကာလ မျှော်စင်ထဲမှ ထွက်လာခဲ့လေသည်။
"လူယုတ်မာ... သေလိုက်စမ်း"
ထိုအချိန်တွင် ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော ရွှေရောင် အလင်းတန်းများက ချက်ချင်း ပြေးဝင်လာကာ မျှော်စင်ထဲမှ ထွက်လာသော မုန်လဲ့နှင့် အချိန်ကာလ မျှော်စင်အရှေ့တွင် စောင့်ကြပ်နေသော ရွှေရောင် သံချပ်ကာ အစောင့်များကို ချက်ချင်း လွှမ်းခြုံသွားလေသည်။
"အား..."
နာကျင်စွာ အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာပြီး မကြာခင်မှာပင် တိတ်ဆိတ်သွားလေသည်။ ရွှေရောင် အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ ထိုနေရာတွင် ဓားဖြင့် ထိုးခံထားရသကဲ့သို့ အပေါက်များစွာ ဖြစ်နေသော အလောင်း ၁၀ ကျော်မျှသာ ကျန်ရှိနေတော့လေသည်။
သွေးများက မြေကြီးပေါ်တွင် စီးကျနေပြီး သွေးညှီနံ့များက လေထဲတွင် ပြန့်နှံ့နေလေသည်။
"လူသတ်နေတယ်"
အချိန်ကာလ မျှော်စင်အရှေ့တွင် စုရုံးနေကြသော ကျောင်းသားများနှင့် ဆရာများ အားလုံး အလွန် ကြောက်လန့်သွားကြပြီး အနောက်သို့ အလျင်စလို ဆုတ်ခွာသွားကြလေသည်။
"ဘယ်သူလဲ"
"သတ္တိ အရမ်း ကောင်းတာပဲ"
"ဒီနေရာမှာ လူသတ်ရဲတယ် လား"
"ရွှစ်..."
ရွှေရောင် ဝတ်လုံ ဝတ်ဆင်ထားသော အဘိုးအို တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပြီး အချိန်ကာလ မျှော်စင်ရှေ့ရှိ အပိုင်းပိုင်း ပြတ်တောက်နေသော အလောင်းများကို အေးစက်စက် ကြည့်နေလေသည်။
"သူက ဘယ်သူလဲ"
လူအားလုံးက ရွှေရောင် ဝတ်လုံ အဘိုးအိုကို အံ့အားသင့်စွာ ကြည့်နေကြလေသည်။
"မရှိဘူးလား"
ရွှေရောင် ဝတ်လုံ အဘိုးအိုက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေသည်။ "လူယုတ်မာ... အခု ချက်ချင်း ထွက်လာခဲ့စမ်း"
"ခင်ဗျားက ဘယ်သူလဲ"
မုန်လဲ့က တိတ်တဆိတ် ထွက်ပေါ်လာပြီး ရွှေရောင် ဝတ်လုံ အဘိုးအိုကို ကြည့်ကာ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ် တစ်ချက် ဖြတ်သန်းသွားလေသည်။
"ကိုယ်တော်က ဂိုဘလင် ဖရက်ဒရစ် ပဲ"
ရွှေရောင် ဝတ်လုံ အဘိုးအိုက မုန်လဲ့ကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်လေသည်။
"ဂိုဘလင် ဖရက်ဒရစ် ဟုတ်လား..."
"ဒီနာမည်ကို ရင်းနှီးသလိုပဲ... ဘယ်မှာ မြင်ဖူးပါလိမ့်..."
"ဂိုဘလင်... ငါ မှတ်မိပြီ... သူက နဂါးနတ်ဘုရား ပါရမီရှင် စာရင်းရဲ့ အဆင့် ၃ နေရာမှာ ရှိနေတဲ့ ပါရမီရှင် မဟုတ်လား..."
ရွှစ်... ရွှစ်... ရွှစ်...
လူတိုင်းက တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြလေသည်။
အဆင့် ၃- ဩဂတ်စတင် ကရော့၊ လူသားမျိုးနွယ်၊ အသက် ၃၀၊ အထပ် ၇၆
"မဟုတ်ဘူး... အခုက အဆင့် ၄ ဖြစ်သွားပြီ"
လူအားလုံး လုံးဝ ဆွံ့အသွားကြပြီး အဆင့် ၄ ကို အလျင်စလို ကြည့်လိုက်ကြလေသည်။
အဆင့် ၄- ဂိုဘလင် ဖရက်ဒရစ်၊ ရွှေနဂါး၊ အထပ် ၇၅
"သူက အဆင့် ၄ မှာ ရှိနေတဲ့ ဂိုဘလင်လား... အရမ်း အစွမ်းထက်တာပဲ"
"ဂိုဘလင်က လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းက သမိုင်းဝင် ပုဂ္ဂိုလ်ကြီး မဟုတ်လား... အခုထိ အသက်ရှင် နေသေးတာလား"
"နှစ်ပေါင်း သုံးသောင်းကျော်တောင် အသက်ရှင် နေသေးတယ် ဟုတ်လား... အို နဂါးနတ်ဘုရား... သူက လိပ်အိုကြီး လား မသိဘူး..."
လူများက တိုးတိုးလေး ဆွေးနွေးနေကြလေသည်။
ထိုအချိန်တွင် ရွှေရောင် ဦးချိုနှစ်ခု ပါရှိသော ရွှေရောင် နဂါးလူသား တစ်ယောက် လူအုပ်ထဲမှ ထွက်လာပြီး ဒူးထောက်ကာ ပြောလိုက်လေသည်။ "ဘိုးဘေး... မိုက်မဲတဲ့ မျိုးဆက်က ဘိုးဘေးကို ဂါရဝပြု ပါတယ်"
"ဘိုးဘေး ဟုတ်လား"
လူအားလုံး ကြောင်အမ်းသွားကြလေသည်။
"ရိုင်းစိုင်းလိုက်တာ... အခု ချက်ချင်း ဒူးမထောက်ကြသေးဘူးလား"
ရွှေရောင် နဂါးလူသားက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ "ဘိုးဘေးက ငါတို့ နဂါးနတ်ဘုရား အင်ပါယာရဲ့ ၁၀ ဆက်မြောက် ဧကရာဇ်မင်းမြတ် ဖြစ်သလို၊ ငါတို့ အင်ပါယာရဲ့ ဒဏ္ဍာရီလာ ဧကရာဇ် ၅ ပါးထဲက တစ်ပါးလည်း ဖြစ်တယ်..."
"ဘိုးဘေးက အခုချိန်မှာ နတ်ဘုရားတစ်ဝက် အဆင့်ကို ရောက်နေပြီ... ပြီးတော့ ငါတို့ ရွှေနဂါး မျိုးဆက်ထဲမှာ စွမ်းအား အကြီးဆုံး၊ အသက် အကြီးဆုံးနဲ့ အဆင့်အတန်း အမြင့်ဆုံး နတ်ဘုရားတစ်ဝက် လည်း ဖြစ်တယ်"
"မင်းတို့တွေ ဘိုးဘေးကို မြင်တာတောင် မြန်မြန် ဒူးမထောက်ကြသေးဘူးလား"
"၁၀ ဆက်မြောက် ဧကရာဇ်"
"နတ်ဘုရားတစ်ဝက် လား"
"ဘိုးဘေးကို ဂါရဝပြု ပါတယ်"
"ဘိုးဘေးကို ဂါရဝပြု ပါတယ်"
"ဘိုးဘေးကို ဂါရဝပြု ပါတယ်"
လူအားလုံး ကြားသောအခါ တစ်ကိုယ်လုံး တုန်ခါသွားကြပြီး မြေကြီးပေါ်တွင် အလျင်စလို ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် ဂါရဝပြု လိုက်ကြလေသည်။
သူတို့ အများစုမှာ နဂါးနတ်ဘုရား အကယ်ဒမီ၏ ကျောင်းသားများ၊ ဆရာများ ဖြစ်ကြသလို လာရောက် လည်ပတ်သည့် ခရီးသွားများလည်း ပါလေသည်။
သူတို့အတွက်တော့ ဧကရာဇ်ကို မြင်လျှင် ဒူးထောက်ရမည်မှာ ဓမ္မတာပင်... အရင်တုန်းက ဒဏ္ဍာရီလာ ဧကရာဇ် ဖြစ်ခဲ့ပြီး ယခုအချိန်တွင် နတ်ဘုရားတစ်ဝက် အဆင့်သို့ ရောက်ရှိနေသူ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။ ပို၍ပင် ရိုသေစွာ ဒူးထောက်ရဦးမည်သာ ဖြစ်သည်။
"ဒီလောက် အချိန်တွေ အကြာကြီး ဖြတ်သန်းလာခဲ့တာတောင် ကိုယ်တော့်ကို မှတ်မိနေတဲ့ သူတွေ ရှိသေးတယ်လို့ မထင်ထားခဲ့ဘူး"
ရွှေရောင် ဝတ်လုံ အဘိုးအိုက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး မျက်နှာပေါ်ရှိ ဒေါသများ အနည်းငယ် လျော့ကျသွားလေသည်။ "အားလုံး ထကြတော့"
"ကျေးဇူးတင်ပါတယ် ဘိုးဘေး"
လူအားလုံး မတ်တတ်ထရပ်လိုက်ကြပြီး မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများနှင့် လေးစား အားကျမှုများ ပြည့်နှက်နေလေသည်။ နဂါးနတ်ဘုရား အကယ်ဒမီ၏ ကျောင်းသားများနှင့် ဆရာများအနေဖြင့် မြင့်မြတ်သောနယ်မြေ စွမ်းအားရှင်များနှင့် မကြာခဏ ထိတွေ့ဖူးကြလေသည်။
သို့သော် နတ်ဘုရားတစ်ဝက် ဆိုသည်မှာမူ ပုံပြင်များနှင့် ကဗျာများထဲတွင်သာ ကြားဖူးခဲ့ရခြင်း ဖြစ်ပြီး တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
ဒါပေမဲ့ အခုတော့ သူတို့ မြင်တွေ့လိုက်ရပြီ။
ကောင်းကင်ယံ တိုက်ကြီး၏ အမြင့်ဆုံး တိုက်ခိုက်ရေး စွမ်းအားနှင့် လူ့လောကထဲသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကို ကိုယ်တိုင် မြင်တွေ့လိုက်ရပြီ ဖြစ်လေသည်။
ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
ဘယ်သူက လေးစား အားကျမှု မဖြစ်ဘဲ နေမည်နည်း။
ဘယ်သူက ဝမ်းမသာဘဲ နေမည်နည်း။
"ဂိုဘလင် ဖရက်ဒရစ်... နဂါးနတ်ဘုရား ပါရမီရှင် စာရင်းရဲ့ အဆင့် ၄ ဟုတ်လား"
မုန်လဲ့မှာ ဒူးမထောက်သော တစ်ဦးတည်းသော သူ ဖြစ်ပြီး၊ သူက နဂါးနတ်ဘုရား ပါရမီရှင် စာရင်းကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် စိတ်ဝင်စားစရာ ကောင်းသည့် အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။
"ကျွန်တော် မှတ်မိသလောက် ဆိုရင် ခင်ဗျား အရင်က အဆင့် ၃ မှာ ရှိနေတာ မဟုတ်လား... အခု ဘယ်လိုလုပ် အဆင့် ၄ ကို ရောက်သွားတာလဲ"
"အော်... ဟုတ်သားပဲ... ကျွန်တော်က ပထမ နေရာကို ရောက်သွားလို့ပဲ" မုန်လဲ့က ခေါင်းခါလိုက်လေသည်။
"ရိုင်းစိုင်းလိုက်တာ"
ခုနက ရွှေရောင် နဂါးလူသားက မုန်လဲ့ကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်လေသည်။ "ဘိုးဘေး အရှေ့မှာ မင်း စကားပြောဖို့ အခွင့်အရေး မရှိဘူး... အခု ချက်ချင်း ဒူးမထောက်သေးဘူးလား"
"ဒူးထောက်ရမယ် ဟုတ်လား"
မုန်လဲ့က သူ့ကို တစ်ချက် ကြည့်လိုက်ရာ ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထို ရွှေရောင် နဂါးလူသား၏ ခေါင်း ချက်ချင်း ပြတ်ထွက်သွားကာ အလောင်းက မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။
"ဒီနေရာမှာ မင်း စကားပြောဖို့ အခွင့်အရေး ရှိလို့လား"
မုန်လဲ့က နှုတ်ခမ်း တွန့်ကွေးလိုက်ပြီး လေထဲတွင် ရှိနေသော ရွှေရောင် ဝတ်လုံ အဘိုးအိုကို ကြည့်လိုက်လေသည်။ "ခင်ဗျား ခုနက ကျွန်တော့်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာ... ကျွန်တော့်ကို ကျေနပ်လောက်တဲ့ ရှင်းပြချက် တစ်ခု ပေးတာ အကောင်းဆုံးပဲ"
"ရိုင်းစိုင်းတဲ့ သူပုန်"
ဂိုဘလင် ဖရက်ဒရစ်ထံမှ ဒေါသ မီးတောက်များ ထွက်ပေါ်နေပြီး မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေသည်။ "မင်း အင်ပါယာရဲ့ ဧကရာဇ်ကို သတ်လိုက်တယ်... ပြီးတော့ မှူးမတ်တွေ အားလုံးကိုလည်း သတ်ပစ်လိုက်တယ်... မြင့်မြတ်သောနယ်မြေ ထောင်ချီ ကိုလည်း သတ်ပစ်လိုက်တယ်"
"မင်းရဲ့ အပြစ်တွေက အရမ်းကို ကြီးမားလွန်းတယ်၊ ခွင့်လွှတ်လို့ မရနိုင်ဘူး"
"ဒီနေ့... ကိုယ်တော် မင်းကို အပိုင်းပိုင်း အစအစ ဖြစ်သွားအောင် ခုတ်ထစ်ပြီး လောကကြီးကို သတိပေးလိုက်မယ်"
"ဘာ"
"ဘိုးဘေး ဘာပြောလိုက်တာလဲ"
ဂိုဘလင် ဖရက်ဒရစ်၏ စကားက ကျောက်ခဲတစ်လုံးကို ရေကန်ထဲ ပစ်ချလိုက်သကဲ့သို့ ဂယက်များစွာ ထစေလေသည်။
ကျောင်းသား အားလုံး ကြောင်အမ်းသွားကြလေသည်။
ဆရာ အားလုံး ကြောက်လန့်သွားကြလေသည်။
ခရီးသွား အားလုံး သေးထွက်ကျမတတ် ဖြစ်သွားကြလေသည်။
ဧကရာဇ်ကို သတ်လိုက်တယ် ဟုတ်လား။
မှူးမတ်တွေ အားလုံးကို သတ်ပစ်လိုက်တယ် ဟုတ်လား။
မြင့်မြတ်သောနယ်မြေ ထောင်ချီကို သတ်ပစ်လိုက်တယ် ဟုတ်လား။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
မုန်လဲ့က ဘယ်လိုလုပ် အဲဒီလောက် စွမ်းအား ရှိမှာလဲ။
အလကားပဲ။ လုံးဝ အလကားပဲ။
ဘိုးဘေး သေချာပေါက် မှားနေတာပဲ ဖြစ်ရမယ်။
လူအားလုံးက ခေါင်းခါလိုက်ကြပြီး ဤကိစ္စကို လုံးဝ မယုံကြည်ရဲကြပေ။ ဒါက အရမ်းကို ထိတ်လန့်စရာ ကောင်းလွန်းသည် မဟုတ်ပါလော။
သို့သော် မုန်လဲ့၏ နောက်ဆက်တွဲ စကားက သူတို့၏ မျှော်လင့်ချက်များကို လုံးဝ ရိုက်ချိုးလိုက်လေသည်။
"ပုပ်ပွနေတဲ့ မှော်သားရဲ တစ်စု ပဲ ရှိတာလေ... သတ်လိုက်တော့ကော ဘာဖြစ်လဲ"
မုန်လဲ့က နှုတ်ခမ်း တွန့်ကွေးလိုက်ပြီး ဂရုမစိုက်သည့် အမူအရာဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
"အို... နဂါးနတ်ဘုရား"
"အို... နဂါးနတ်ဘုရား"
"အို... နဂါးနတ်ဘုရား"
"ဒါ... ဒါ... ဒါ..."
"တကယ်... တကယ်ကြီး လား"
"သူ ဘယ်လိုလုပ် ရဲတာလဲ... ဘယ်လိုလုပ် ရဲတာလဲ"
လူအားလုံး တစ်ကိုယ်လုံး တုန်ခါသွားကြပြီး အလွန် ကြောက်လန့်သွားကြလေသည်။
"သေလိုက်စမ်း"
ဂိုဘလင်က အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ရာ ရွှေရောင် အလင်းတန်းများ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး မုန်လဲ့ထံသို့ အလျင်စလို ပြေးဝင်လာလေသည်။
"ဒီအကွက်ပဲလား... ရိုးအီနေပြီ"
မုန်လဲ့က ခေါင်းခါလိုက်ပြီး တစ်လှမ်းတိုးလိုက်ရာ ဂိုဘလင်၏ အနောက်သို့ ရောက်ရှိသွားလေပြီ။ ထို့နောက် ဖျက်ဆီးခြင်း တူကြီးဖြင့် ဂိုဘလင်၏ ခါးကို ထုချလိုက်လေသည်။
"ခင်ဗျားရဲ့ ခါးကျိုးသွားအောင် မထုနိုင်ဘူးလို့ မထင်နဲ့နော်"
"ဝုန်း..."
ဤတူချက်က အရမ်းကို မြန်ဆန်လွန်းလှသဖြင့် ဂိုဘလင်မှာ ပြန်လည် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ချေ။ သူ၏ ခါးကို တူကြီးနှင့် အပြင်းအထန် အထုခံလိုက်ရပြီး အမြောက်ဆံ တစ်ခုအလား လွင့်ထွက်သွားလေသည်။
"ဝုန်း..."
ဂိုဘလင်က အချိန်ကာလ မျှော်စင်ကို အပြင်းအထန် ဝင်တိုက်မိသွားရာ အချိန်ကာလ မျှော်စင်ကြီး လှုပ်ခါသွားလေသည်။
"ဟာ... ငါ့ရဲ့ မျှော်စင် ပျက်စီးသွားဦးမယ်"
မုန်လဲ့မှာ အလွန်လန့်သွားပြီး အလျင်စလို စိတ်ထဲမှ တွေးကာ အချိန်ကာလ မျှော်စင်ကို ထိန်းချုပ်လိုက်လေသည်။
အံ့ဩစရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
“....”
“....”
နဂါးနတ်ဘုရား မျှော်စင်ဆိုသည်မှာ အင်ပါယာကို ကာကွယ်ပေးထားသော နိုင်ငံစောင့် နတ်ဘုရားလက်နက်ပင် ဖြစ်လေသည်။ နှစ်ပေါင်း ၄ သောင်းကျော် ကာလအတွင်း ကျောက်ဆောင်ကြီးတစ်ခုအလား တစ်ခါမျှ မရွေ့လျားခဲ့ဖူးချေ။
အခုတော့... ဘယ်လို လုပ် ရွေ့သွားတာလဲ။
ပြီးတော့ မုန်လဲ့ရဲ့ လက်ထဲကို ရောက်သွားတယ် ဟုတ်လား။
ဘာတွေ ဖြစ်နေတာလဲ။
"ရိုင်းစိုင်းတဲ့ သူပုန်... နဂါးနတ်ဘုရား မျှော်စင်ကို အခု ချက်ချင်း အောက်ချထားစမ်း"
ဂိုဘလင် ဖရက်ဒရစ်က မြေကြီးပေါ်မှ ထလာပြီး နှုတ်ခမ်းထောင့်တွင် သွေးများ ထွက်နေသော်လည်း သူ၏ အရှိန်အဝါများနှင့် နတ်ဘုရား အရှိန်အဝါများက လွှမ်းခြုံနေဆဲ ဖြစ်သဖြင့် ဒဏ်ရာ အပြင်းအထန် မရထားကြောင်း သိနိုင်လေသည်။
သူက မုန်လဲ့၏ လက်ထဲရှိ မျှော်စင်ငယ်လေးကို ကြည့်ကာ အနည်းငယ် ရူးသွပ်နေသည့် အမူအရာဖြင့် အော်ဟစ်လိုက်လေသည်။ "နဂါးနတ်ဘုရား မျှော်စင်ကို အခု ချက်ချင်း ချထားလိုက်... မဟုတ်ရင်တော့ ကိုယ်တော်က မင်းကို လုံးဝ အလွတ်မပေးဘူး"
"ချထားရမယ် ဟုတ်လား... ဘာလို့ ချထားရမှာလဲ"
မုန်လဲ့က လက်ထဲရှိ အချိန်ကာလ မျှော်စင်ငယ်လေးကို အပေါ်သို့ ပစ်တင်ကာ ကစားရင်း တည်ငြိမ်စွာ ပြောလိုက်လေသည်။ "နဂါးနတ်ဘုရား မျှော်စင်ဆိုတာ မူလကတည်းက ငါ့ပစ္စည်းပဲ... အရင်က ဒီမှာ ခဏ လာထားထားတာလေ... အခု ပြန်ယူမယ် ဆိုတော့ ဘာပြဿနာ ရှိလို့လဲ"
"သူပုန်..."
"လူယုတ်မာ..."
"သစ္စာဖောက်…”