← Chapters

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း ၂၀၈။ နတ်ဘုရားတစ်ဝက်ကို ထပ်မံသတ်ဖြတ်ပြီး မြင့်မြတ်သောနယ်မြေ စွမ်းအားရှင် ရာချီကို အဆုံးစီရင်ခြင်း

နဂါးနတ်ဘုရား အင်ပါယာ နန်းတော်တွင် သူစိမ်းများ ရောက်ရှိလာလေသည်။ သူတို့သည် ခေါင်းတွင် ဦးချိုနှစ်ခု၊ နောက်ပိုင်းတွင် နဂါးအမြီး၊ ကျောတွင် တောင်ပံနှစ်ဖက် ပါရှိသော နဂါးလူသားများ ဖြစ်ကြသည်။

အရေအတွက်အားဖြင့် ၅၀၀ ခန့်ရှိပြီး အားလုံးမှာ မြင့်မြတ်သောနယ်မြေ စွမ်းအားရှင်များ ဖြစ်ကြသည်။ ထိုအထဲတွင် မြင့်မြတ်သောနယ်မြေ အထွတ်အထိပ် စွမ်းအားရှင်များပင် ပါဝင်နေလေသည်။ ဤမျှများပြားသော စွမ်းအားရှင်များက လူတစ်ဦးကိုသာ ဗဟိုပြုကာ သူ့အမိန့်ကို နာခံနေကြသည်။ ထိုသူမှာ ဘရစ်ဂက်စ် ပင် ဖြစ်လေသည်။

"အားလုံး သေချာနားထောင်စမ်း"

ဘရစ်ဂက်စ်သည် နဂါးဝတ်လုံကို ဝတ်ဆင်ကာ သရဖူကို ဆောင်းထားပြီး ခန့်ညားထည်ဝါသော အရှိန်အဝါဖြင့် နန်းတော်အထက် ကောင်းကင်ယံတွင် မတ်တတ်ရပ်ကာ အောက်ဘက်တွင် ဒူးထောက်နေသော လူသန်းပေါင်းများစွာကို ငုံ့ကြည့်လိုက်လေသည်။ ဒူးထောက်နေသူများထဲတွင် မင်းသား၊ မင်းသမီးများ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များ၊ နန်းတွင်းအစေခံများနှင့် တော်ဝင် သက်တော်စောင့်များ ပါဝင်နေသည်။

"ဒီနေ့ကစပြီး ကိုယ်တော်ဟာ နဂါးနတ်ဘုရား အင်ပါယာရဲ့ နဂါးဧကရာဇ်သစ်ပဲ... ကိုယ်တော့်စကားက အမိန့်တော်ပဲ"

"ဘယ်သူမဆို မနာခံရင် ချက်ချင်း ခေါင်းဖြတ်သတ်မယ်"

ကြီးမြတ်ခမ်းနားလှသော စကားသံကြီးက နန်းတော်အတွင်းအပြင် ပဲ့တင်ထပ်သွားရာ လူတိုင်း ကြောက်လန့်တကြား တုန်ရီသွားကြသော်လည်း မည်သူမျှ မဆန့်ကျင်ဝံ့ကြချေ။

"အခု ကိုယ်တော်ရဲ့ ပထမဆုံး အမိန့်တော်ကို ထုတ်ပြန်မယ်"

ဘရစ်ဂက်စ်မှာ အလွန် ဂုဏ်ယူဝင့်ကြွားနေလေသည်။ သူသည် နတ်ဘုရားတစ်ဝက်၏ သားတော်ဖြစ်ပြီး မွေးကတည်းက နတ်ဘုရားတစ်ဝက် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မည်မျှမြင့်မြတ်သနည်း။ မည်မျှ ခမ်းနားသနည်း။ သို့သော် နန်းပလ္လင်နှင့်မူ အလှမ်းဝေးခဲ့ရသည်။ မည်မျှ ဝမ်းနည်းစရာ ကောင်းသနည်း။ မည်မျှ ခါးသီးစရာ ကောင်းသနည်း။ ယနေ့မှသာ သူ၏ ဆန္ဒများ ပြည့်ဝသွားလေပြီ။

"ဒီ ခွေးသေကောင် မိန်းမစိုးတွေကို အကုန် နှင်ထုတ်လိုက်... ပြီးရင် အစေခံ မိန်းကလေးတွေနဲ့ အကုန် အစားထိုး"

"မိဖုရားတွေ... ကိုယ်လုပ်တော်တွေကို ချန်ထားခဲ့"

"ပြီးတော့ မင်းသား မင်းသမီးတွေ..."

"မင်းသားတွေကို နှင်ထုတ်ပြီး မင်းသမီးတွေကို ချန်ထားခဲ့"

ဘရစ်ဂက်စ်က သူ၏ ပထမဆုံး အမိန့်တော်ကို ထုတ်ပြန်လိုက်လေသည်။ ထိုမျှ အဓိပ္ပာယ်မဲ့လွန်းသော အမိန့်ကို ကြားရသောအခါ လူတိုင်း၏ ရင်ထဲတွင် ဒေါသများ၊ နာကျင်မှုများ ပြည့်နှက်သွားသော်လည်း မည်သူမျှ ဘာမှ မလုပ်နိုင်ကြချေ။

နဂါးကျွန်းမှ ရောက်လာသော ဧကရာဇ်သစ်သည် နတ်ဘုရားတစ်ဝက် အဆင့်ရှိသူ ဖြစ်ရုံသာမက မြင့်မြတ်သောနယ်မြေ စွမ်းအားရှင် ၅၀၀ ကိုပါ ခေါ်ဆောင်လာခဲ့သည်။ အလွန် ကြောက်မက်ဖွယ်ကောင်းသော အင်အားပင် ဖြစ်သည်။

ဘယ်သူကများ ဆန့်ကျင်ရဲမည်နည်း။ ဘယ်သူကများ အာခံရဲမည်နည်း။

"ကိုယ်တော်ရဲ့ အမိန့်တော်ကို အားလုံး ကြားကြရဲ့လား"

ဘရစ်ဂက်စ်က မိုးခြိမ်းသံအလား ကျယ်လောင်စွာ မေးလိုက်လေသည်။

"ကြားပါပြီ ဧကရာဇ်မင်းမြတ်"

လူတိုင်းက အလျင်အမြန် ပြန်လည်ဖြေကြားလိုက်ကြသည်။

"အရမ်းကောင်းတယ်... ဒါဆို ချက်ချင်း အကောင်အထည်ဖော်ကြတော့"

ဘရစ်ဂက်စ်က လက်ယပ်ခေါ်လိုက်သည်။

"ကျန်တဲ့သူတွေ သွားကြတော့... မိဖုရားခေါင်ကြီးပဲ ကျန်ခဲ့... ပြီးတော့ မီးဖိုချောင်ကို ဟင်းနည်းနည်းချက်ခိုင်းလိုက်ဦး... ကိုယ်တော် ဗိုက်ဆာနေပြီ"

"အမိန့်တော်အတိုင်းပါ ဧကရာဇ်မင်းမြတ်"

လူတိုင်း သက်ပြင်းချကာ ထွက်သွားကြပြီး အလွန် လှပကျော့ရှင်းသော အမျိုးသမီး တစ်ဦးသာ ဒူးထောက်ကျန်ရစ်ခဲ့လေသည်။ သူမသည် အင်ပါယာ၏ မိဖုရားခေါင်ကြီး ဖြစ်ပြီး ဤနန်းတော်၏ ယခင် အရှင်သခင်မ ဖြစ်လေသည်။

ဘရစ်ဂက်စ်က မိဖုရားခေါင်ကြီးကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းကို သပ်လိုက်ပြီး အနောက်မှ မြင့်မြတ်သောနယ်မြေ ၅၀၀ ကို အမိန့်ပေးလိုက်လေသည်။

"ဆင်းသွားကြတော့"

"အမိန့်တော်အတိုင်းပါ ဧကရာဇ်မင်းမြတ်"

...

"ဒီကောင်က ဘယ်သူလဲ"

တိမ်တိုက်ပေါ်တွင် ရပ်နေသော မုန်လဲ့မှာ အလွန် ဒေါသထွက်နေလေသည်။

"ငါက သေမတတ် ကြိုးစားခဲ့ရတာ... ဘာမှ မရတဲ့အပြင် နန်းပလ္လင်ကိုပါ တခြားလူက လုယူသွားတယ်"

"တရားမျှတမှု မရှိဘူးလား... ဥပဒေ မရှိဘူးလား"

မုန်လဲ့ ကျယ်လောင်စွာ ဆဲဆိုလိုက်လေသည်။

"ဘယ်သူလဲ"

ရုတ်တရက် အေးစက်စက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး လူရိပ်အချို့ ချက်ချင်း ရောက်ရှိလာကာ မုန်လဲ့ကို ဝိုင်းရံလိုက်ကြသည်။

"ရှာတွေ့သွားပြီလား"

မုန်လဲ့ အနည်းငယ် အံ့အားသင့်သွားသည်။

"မင်းက ဘယ်သူလဲ... ဘာလို့ ဒီလိုနေရာမှာ ခိုးကြောင်ခိုးဝှက် ပုန်းနေတာလဲ"

အရပ် နှစ်မီတာခန့်ရှိပြီး ကြွက်သားများ အပြည့်ရှိသော ရွှေရောင် နဂါးလူသား တစ်ဦးက ဒေါသတကြီး မေးလိုက်လေသည်။

"ခိုးကြောင်ခိုးဝှက် ဟုတ်လား... မင်း မျက်လုံးကန်းနေတာလား... ငါက ဒီမှာ အထင်အရှား ရှိနေတာကို"

မုန်လဲ့က မကျေမနပ် ပြန်ပြောလိုက်သည်။

"သတ္တိကောင်းလှချည်လား"

ရွှေရောင် နဂါးလူသားက နှာခေါင်းရှုံ့လိုက်သည်။

"ဖမ်းလိုက်စမ်း... ဧကရာဇ်မင်းမြတ်ဆီ ခေါ်သွား"

"အမိန့်တော်အတိုင်းပါ ကလီးမန့်"

နဂါးလူသားအချို့က မုန်လဲ့ထံ ပြေးဝင်လာကြသည်။ မုန်လဲ့ကလည်း မခုခံဘဲ သူတို့ကို အဖမ်းခံလိုက်ပြီး ဘရစ်ဂက်စ် အရှေ့သို့ ရောက်သွားလေသည်။

"သူက ဘယ်သူလဲ"

ဘရစ်ဂက်စ်က မုန်လဲ့ကို တစ်ချက်ကြည့်ကာ မေးလိုက်ပြီး မိဖုရားခေါင်ကြီးကိုသာ ဆက်လက်၍ လောဘတကြီး ကြည့်နေလေသည်။

"လမ်းဖြတ်သွားတဲ့ မြင့်မြတ်သောနယ်မြေ စွမ်းအားရှင် တစ်ယောက် ဖြစ်ပါလိမ့်မယ်"

ရွှေရောင် နဂါးလူသား ကလီးမန့်က ရိုသေစွာ ဖြေကြားလိုက်သည်။

"သတ်လိုက်တော့"

ဘရစ်ဂက်စ်က လက်ကာပြလိုက်ပြီး မုန်လဲ့ကို လုံးဝ စိတ်မဝင်စားပေ။

"အမိန့်တော်အတိုင်းပါ ဧကရာဇ်မင်းမြတ်"

ကလီးမန့်က ဖြေကြားပြီးနောက် အမိန့်ပေးလိုက်သည်။

"ခပ်ဝေးဝေးကို ခေါ်သွားပြီး သတ်လိုက်"

"ဟုတ်ကဲ့"

"လွှတ်... ငါ့ကို လွှတ်... ဧကရာဇ်မင်းမြတ်... ကျွန်တော့်ကို မသတ်ပါနဲ့... မသတ်ပါနဲ့"

မုန်လဲ့က ဝက်တစ်ကောင် အဖမ်းခံရသကဲ့သို့ အော်ဟစ်ရုန်းကန်နေလေသည်။

"ကျွန်တော်က အရှင်မင်းမြတ်ရဲ့ ကျေးဇူးရှင်ကြီးပါ"

"ကျွန်တော်သာ မရှိရင် အရှင်မင်းမြတ် ဧကရာဇ် ဖြစ်လာဖို့ အခွင့်အရေး ရှိပါ့မလား"

"ကျွန်တော်သာ မရှိရင် အရှင်မင်းမြတ် နဂါးကျွန်းမှာ မှော်သားရဲ လုပ်နေရဦးမှာပဲ"

"အရှင်မင်းမြတ် ကျေးဇူးရှင်ကို ကျေးဇူးကန်းပြီး မသတ်သင့်ဘူးနော်..."

"ဟင်..."

ဘရစ်ဂက်စ် မျက်မှောင်ကြုတ်သွားပြီး ဓားသွားကဲ့သို့ စူးရှသော အကြည့်ဖြင့် မုန်လဲ့ကို ကြည့်လိုက်သည်။

"မင်း ဘာပြောလိုက်တယ်... ကိုယ်တော် ဧကရာဇ် ဖြစ်လာတာ မင်းနဲ့ ဘာဆိုင်လို့လဲ"

"သေချာပေါက် ဆိုင်တာပေါ့"

မုန်လဲ့က အလျင်အမြန် ရှင်းပြလိုက်သည်။

"ကျွန်တော်သာ ဧကရာဇ်ဟောင်းကို မသတ်ခဲ့ရင်... အရှင်မင်းမြတ် ဧကရာဇ်သစ် ဖြစ်လာပါ့မလား"

"အရှင်မင်းမြတ်... ရေသောက်ရင် ရေတွင်းတူးတဲ့သူကို မမေ့သင့်ဘူး... ကျေးဇူးကန်းလို့ မရဘူးနော်"

"အဲဒီလိုလုပ်ရင် ဝဋ်လည်လိမ့်မယ်... နဂါးနတ်ဘုရားကလည်း ခွင့်လွှတ်မှာ မဟုတ်ဘူး..."

"မင်းက ဧကရာဇ်ဟောင်းကို သတ်ခဲ့တာလား"

ဘရစ်ဂက်စ် တစ်ကိုယ်လုံး တုန်ခါသွားလေသည်။ မိဖုရားခေါင်ကြီးလည်း တုန်လှုပ်သွားပြီး မြင့်မြတ်သောနယ်မြေ ၅၀၀ ၏ မျက်နှာများလည်း ချက်ချင်း ပြောင်းလဲသွားလေသည်။

"မင်း တကယ် ဘယ်သူလဲ"

ဘရစ်ဂက်စ်က မုန်လဲ့ကို စူးစိုက်ကြည့်ကာ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာလေသည်။

"ငါ ဘယ်သူလဲ ဟုတ်လား... မင်း ငါ့ကိုတောင် မသိဘူးလား... နဂါးတွေက တကယ်ပဲ ကျေးဇူးကန်းတဲ့ ကောင်တွေပဲ"

မုန်လဲ့က ယခင်ကလို နှိမ့်ချနေသည့်ပုံစံမှ ချက်ချင်းပြောင်းကာ ဘရစ်ဂက်စ်ကို လက်ညှိုးထိုးပြီး ဆဲဆိုလိုက်လေသည်။

"ငါက မင်း ဧကရာဇ် ဖြစ်လာအောင် ဧကရာဇ်ဟောင်းကို သတ်ပေးခဲ့တာ... မင်းအပေါ် ကျေးဇူး ကြီးမားလှတယ်"

"မင်းကတော့ ကျေးဇူးရှင်ကို ကျေးဇူးမတင်တဲ့အပြင် သတ်ဖို့တောင် ကြိုးစားနေသေးတယ်"

"ဒီလောက်တောင် ရက်စက်ယုတ်မာတာ... လောကမှာ အယုတ်မာဆုံး လူ... အဲလေ အယုတ်မာဆုံး နဂါးပဲ"

မုန်လဲ့ ဒေါသပေါက်ကွဲသွားလေသည်။

"မင်းက ဒီလောက်တောင် ယုတ်မာနေမှတော့ ငါ ဒေါသထွက်တာကို အပြစ်မတင်နဲ့တော့"

"နင်က မုန်လဲ့ပဲ"

ဒူးထောက်နေသော မိဖုရားခေါင်ကြီးက မုန်လဲ့ကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"မုန်လဲ့"

"မင်းက မုန်လဲ့လား"

ဘရစ်ဂက်စ် မျက်နှာပျက်သွားသည်။

"မင်းက အင်ပါယာ ဧကရာဇ်ကို သတ်ပြီး မှူးမတ်တွေနဲ့ မြင့်မြတ်သောနယ်မြေ ထောင်ချီကို သတ်ခဲ့တဲ့ လူသတ်သမား မုန်လဲ့လား"

"ခွေးကောင်... ကျေးဇူးရှင်ရဲ့ နာမည်ကို မဆင်မခြင် ခေါ်ရဲတယ်ဆိုတော့ တကယ်ပဲ ရူးသွပ်နေပြီပဲ"

မုန်လဲ့က လက်နောက်ပစ်ကာ ပြောလိုက်လေသည်။

"ဒီနေ့ ငါ ပြည်သူတွေအတွက် မင်းလို နဂါးယုတ်ကို သတ်ပစ်မယ်"

"မင်းက ခမည်းတော်ရဲ့ လက်ချက်နဲ့ သေသွားပြီ မဟုတ်ဘူးလား... ဘာလို့ ဒီကို ရောက်နေတာလဲ"

ဘရစ်ဂက်စ် အလွန် အံ့အားသင့်နေလေသည်။

"ခမည်းတော်... မင်းပြောတာ ဂိုဘလင် လိပ်အိုကြီးကို ပြောတာလား"

မုန်လဲ့က အေးဆေးစွာ ပြန်ပြောလိုက်သည်။

"သူဆိုရင်တော့ စိတ်မကောင်းပါဘူး... သူ့ကို ငါ သတ်လိုက်ပြီ"

"ဘာ"

ဘရစ်ဂက်စ် မျက်နှာ အကြီးအကျယ် ပျက်သွားပြီး မြင့်မြတ်သောနယ်မြေ ၅၀၀ လည်း မုန်လဲ့ကို ကြောက်လန့်တကြား ကြည့်နေကြလေသည်။ ဘိုးဘေး ဂိုဘလင်သည် နတ်ဘုရားတစ်ဝက် တစ်ပါး ဖြစ်ပြီး ရွှေနဂါး မျိုးဆက်တွင် အစွမ်းအထက်ဆုံးနှင့် အဆင့်အတန်း အမြင့်မားဆုံး နတ်ဘုရားတစ်ဝက်ကြီး ဖြစ်သည်။ သူ၏ စွမ်းအားက မည်မျှ ကြီးမားသနည်း။

အခုတော့ အသတ်ခံလိုက်ရပြီတဲ့လား။

လူတိုင်း ကျောချမ်းသွားကြလေသည်။

"ကျေးဇူးကန်းတဲ့ ခွေးကောင်... မင်းအဖေနောက်ကို လိုက်သွားတော့"

မုန်လဲ့က နှာခေါင်းရှုံ့ကာ လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

“ဝုန်း..”.

ဘရစ်ဂက်စ်က ချက်ချင်း ရှောင်တိမ်းလိုက်ပြီးနောက် မီတာ ၉၀၀ ခန့် ရှည်လျားသော ရွှေနဂါးကြီးအဖြစ် ပြောင်းလဲသွားလေသည်။

"ပြေး... ချက်ချင်း ပြေး"

ဘရစ်ဂက်စ်က တောင်ပံခတ်ကာ အလျင်အမြန် ထွက်ပြေးလေတော့သည်။ ဖခင်အတွက် ကလဲ့စားချေရန် စိတ်ကူးပင် မရှိဘဲ ခြေထောက် နှစ်ချောင်းတည်း ပါလာသည်ကိုပင် နောင်တရနေမိသည်။

ကလဲ့စားချေရမည် ဟုတ်လား။

ဘုရားရေ။

ဖခင် ဂိုဘလင်ပင်လျှင် မုန်လဲ့လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည် မဟုတ်ပါလော။ ဒုတိယ မျိုးဆက်ဖြစ်သော သူက ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။ မြန်မြန် ထွက်ပြေးမှသာ အသက်ရှင်နိုင်မည် မဟုတ်ပါလော။

"ထွက်ပြေးမလို့လား"

မုန်လဲ့က ရယ်မောလိုက်ပြီး တစ်လှမ်း လှမ်းလိုက်လေသည်။

နောက်တစ်စက္ကန့်တွင် ဘရစ်ဂက်စ်၏ ခေါင်းပေါ်သို့ ရောက်ရှိသွားပြီး ခေါင်းကို ခြေထောက်ဖြင့် နင်းထားလိုက်လေသည်။

"ခွေးကောင်... လည်ပင်းဆေးပြီး အသေမခံဘဲ ဘယ်ကို ပြေးမလို့လဲ"

“ကျွီ…”

ဘရစ်ဂက်စ် ရုတ်တရက် ရပ်တန့်သွားပြီး တုန်ရီစွာဖြင့် တောင်းပန်လိုက်လေသည်။

"သ... သခင်... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ... အရှင့်ကို သတ်ချင်တာက ဂိုဘလင်ပါ... ကျွန်တော်နဲ့ ဘာမှ မဆိုင်ပါဘူး"

"ဂိုဘလင် ဟုတ်လား... ကိုယ့်အဖေ နာမည်ကို တိုက်ရိုက်ခေါ်တာ တကယ်ပဲ ကောင်းရဲ့လား"

မုန်လဲ့ မျက်မှောင်ကြုတ်သွားလေသည်။

"ဂိုဘလင် ဆိုတဲ့ လူယုတ်မာက အရှင့်ကို လုပ်ကြံရဲတာ ရူးသွပ်လွန်းပါတယ်... ခွင့်လွှတ်လို့ မရတဲ့ အပြစ်ပါ... သေသင့်ပါတယ်"

ဘရစ်ဂက်စ်က တစ်ကိုယ်လုံး တုန်ရီနေရင်း ပြောလိုက်လေသည်။

"ဒီလို အဖေမျိုး ရှိတာကို ကျွန်တော် ရှက်ပါတယ်... သူ့ကို အဖေအဖြစ်ကနေ စွန့်လွှတ်ပြီး အဆက်အသွယ် ဖြတ်ချင်နေတာ ကြာပါပြီ... အရှင်မင်းမြတ် ယုံကြည်တော်မူပါ"

"..."

မုန်လဲ့ လုံးဝ ဆွံ့အသွားလေသည်။

"လောကမှာ မင်းလို အရှက်မရှိတဲ့ကောင် ရှိသေးတာပဲ... မင်းနဲ့ တစ်ဖွဲ့တည်း ဖြစ်ရမှာကို ငါ ရှက်တယ်... မင်း သေလိုက်ပါတော့"

နတ်ဘုရားသတ် လှံက ရုတ်တရက် ထွက်ပေါ်လာပြီး ဘရစ်ဂက်စ်၏ ခေါင်းကို ဖောက်ထွင်းသွားလေသည်။

“အသိပေးချက်…ရွှေနဂါး တစ်ကောင်ကို သတ်ဖြတ်ပြီး နိယာမ အရင်းအမြစ် ကျောက်သလင်း ၈၉၁ ခု ရရှိပါသည်”

စနစ်၏ အသိပေးသံ ထွက်ပေါ်လာလေသည်။

"ဒီကောင်မှာ နတ်ဘုရား ကိုယ်ပွား မရှိဘူးလား"

မုန်လဲ့ အနည်းငယ် အံ့အားသင့်သွားလေသည်။

ဘရစ်ဂက်စ်၏ ခန္ဓာကိုယ်နှင့် အရှိန်အဝါအရ သူသည် နတ်ဘုရားတစ်ဝက် ဖြစ်ကြောင်း မုန်လဲ့ သိထားသည်။ ထို့ကြောင့် တစ်ချက်တည်းနှင့် အပြီးအပိုင် သတ်နိုင်မည်ဟု မထင်ထားခဲ့ပေ။ အခုတော့ သေသွားပြီတဲ့လား။ တကယ်ကို မမျှော်လင့်ထားသော ကိစ္စပင်။

ဘရစ်ဂက်စ်သည် ဂိုဘလင် နတ်ဘုရားတစ်ဝက် အဆင့်သို့ ရောက်ပြီးမှ မွေးဖွားလာသော သားဖြစ်ကြောင်းကိုမူ သူ မသိခဲ့ပေ။ ဘရစ်ဂက်စ်သည် မွေးကတည်းက နတ်ဘုရားတစ်ဝက် ခန္ဓာကိုယ် ပါလာသော်လည်း နိယာမများကို နားလည်နိုင်စွမ်းမှာမူ အလွန် ညံ့ဖျင်းလှလေသည်။

နှစ်ပေါင်း နှစ်သောင်းကျော် ကာလအတွင်းတွင် ဘရစ်ဂက်စ်သည် ရွှေနဂါးတို့၏ မွေးရာပါ နိယာမဖြစ်သော သတ္တုဓာတ် နိယာမ တစ်ခုတည်းကိုသာ နားလည်နိုင်ခဲ့သည်။ နိယာမများကို နားလည်နိုင်စွမ်း မရှိသဖြင့် ဝိညာဉ်ခွဲထုတ်ရန် မလိုအပ်ခဲ့ဘဲ နတ်ဘုရား ကိုယ်ပွားလည်း မရှိခဲ့ပေ။ ကိုယ်ပွားမရှိသဖြင့် တစ်ချက်တည်းနှင့် သေဆုံးသွားရခြင်း ဖြစ်လေသည်။

"မမျှော်လင့်ထားတဲ့ အမြတ်ပဲ"

မုန်လဲ့က ဘရစ်ဂက်စ်၏ အလောင်းကို အချိန်ကာလ မျှော်စင်ထဲသို့ သိမ်းလိုက်လေသည်။ သူသည် ယခုအခါ ဆယ်ကျော်သက် နတ်ဘုရားသတ်ကြွက် တစ်ကောင်သာ ဖြစ်ပြီး အားဖြည့်ရန် လိုအပ်နေသည်။ နတ်ဘုရားတစ်ဝက် ရွှေနဂါးအသားမှာ အလွန်ကောင်းမွန်သော သရေစာ တစ်ခုပင် ဖြစ်လေသည်။

"သူ... သူ လာနေပြီ"

"မြန်မြန်"

"ထွက်ပြေး"

"ခွဲပြေးကြ"

မုန်လဲ့က ဘရစ်ဂက်စ်ကို သတ်ဖြတ်လိုက်သည်ကို အစအဆုံး မြင်တွေ့လိုက်ရသော မြင့်မြတ်သောနယ်မြေ ၅၀၀ မှာ အလွန် ကြောက်လန့်သွားကြပြီး အသက်လု ထွက်ပြေးကြလေတော့သည်။

"နတ်ဘုရား မှော်ပညာ... အဆုံးစွန်သော ရွှေစင်ဖန်တီးခြင်း"

“ရွှစ်... ရွှစ်... ရွှစ်…”

ကောင်းကင်မှ ရွှေရောင် အလင်းတန်း ၅၀၀ တိတိ ကျဆင်းလာပြီး မြင့်မြတ်သောနယ်မြေ ၅၀၀ ၏ ကိုယ်ပေါ်သို့ အတိအကျ ကျရောက်သွားလေသည်။

“ဝုန်း…”

နတ်ဘုရားစွမ်းအား ပေါက်ကွဲထွက်လာပြီး အသက်ရှင်နေသော မြင့်မြတ်သောနယ်မြေ ၅၀၀ မှာ မျက်စိတစ်မှိတ်အတွင်း ရုပ်တု ၅၀၀ အဖြစ် ပြောင်းလဲသွားကာ မလှုပ်ရှားနိုင်တော့ချေ။

"နိယာမ အရင်းအမြစ် ကျောက်သလင်း ၂၈၀၀ ထပ်ရပြန်ပြီ... မဆိုးဘူး... မဆိုးဘူး"

မုန်လဲ့က ယခုလေးတင် ရရှိလိုက်သော အမြတ်အစွန်းအတွက် အလွန် ကျေနပ်သွားပြီး မိဖုရားခေါင်ကြီး အနီးသို့ ချက်ချင်း ရောက်သွားလေသည်။

"မင်း... မင်း ဘာလုပ်မလို့လဲ"

မိဖုရားခေါင်ကြီးမှာ ကြောက်လန့်လွန်း၍ မျက်နှာ ဖြူရော်နေပြီး မုန်လဲ့ကို မြင်သောအခါ သေးပင် ထွက်ကျမတတ် ဖြစ်သွားလေသည်။

"မေးခွန်း နှစ်ခု ဖြေ"

မုန်လဲ့က လက်ချောင်း နှစ်ချောင်း ထောင်ပြလိုက်သည်။

"ပထမ... အင်ပါယာရဲ့ ဘဏ္ဍာတိုက်က ဘယ်မှာလဲ"

"ဒုတိယ... နဂါးကျွန်းက ဘယ်မှာလဲ"

"မ... မပြောနိုင်ဘူး"

မိဖုရားခေါင်ကြီးက အင်ပါယာ မိဖုရားခေါင်ကြီး၏ ဂုဏ်သိက္ခာကို မနည်း ထိန်းထားပြီး ဖြေလိုက်လေသည်။

"အင်ပါယာ ဘဏ္ဍာတိုက်ဆိုတာ အရေးကြီးတဲ့ နေရာ..."

“ရွှစ်…”

ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး မိဖုရားခေါင်ကြီး ခေါင်းပေါ်ရှိ သရဖူ ပြတ်ကျသွားလေရာ မိဖုရားခေါင်ကြီးမှာ မြေကြီးပေါ်သို့ လဲကျသွားလေတော့သည်။

“ရွှဲ…”

ဝါကျင့်ကျင့် အရည်များ စီးကျလာလေတော့သည်။

All Chapters