← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅။ သေမင်းတမန် နတ်ဘုရားတစ်ဝက်

"ပြည်သူ့ထံ စည်းစိမ်ဥစ္စာ ဝှက်ထားခြင်း" ဆိုသည့် စကားပုံမှာ နဂါးကျွန်းအတွက်ဆိုလျှင် အကိုက်ညီဆုံးပင် ဖြစ်သည်။

သာမန်နဂါး တစ်ကောင်၏ ပိုင်ဆိုင်မှုက နတ်ဘုရားတစ်ဝက် တစ်ပါးလောက် မများနိုင်သော်လည်း နဂါးအကောင်ရေ တစ်ရာ တစ်ထောင် တစ်သောင်းဆိုလျှင်တော့ အဖြေက ရှင်းနေပါသည်။

ဆမ်မြူရယ်ဆိုသည့် နဂါးမျိုးနွယ် သစ္စာဖောက်၏ လမ်းပြမှုအောက်တွင် မုန်လဲ့က ဓားပြတစ်ယောက်ကဲ့သို့ ပြုမူလိုက်သည်။

"အကုန်သိမ်းဆည်းလိုက်မယ်... ရတနာတွေကို အကုန် လုယူမယ်... ပစ္စည်းတွေ အကုန် ယူမယ်..."

အကြီးအကျယ် ရှာဖွေပြီးနောက်မှာတော့ မုန်လဲ့၏ ပိုင်ဆိုင်မှုမှာ နိယာမ အရင်းအမြစ် ကျောက်သလင်း ၁၃.၅၇ သန်းအထိ ရောက်ရှိသွားသည်။

ဤကိန်းဂဏန်းမှာ တကယ်ကို ကြောက်စရာကောင်းလောက်အောင် များပြားလှသည်။ တခြားသော ရတနာများမှာမူ ရေတွက်၍ပင် မရနိုင်တော့ပေ။

ဒီတစ်ခေါက် နဂါးကျွန်း ခရီးစဉ်မှာ မုန်လဲ့က ချက်ချင်းဆိုသလို သူဌေးကြီး ဖြစ်သွားခြင်းပင် ဖြစ်သည်။ ထို့ကြောင့်လည်း မုန်လဲ့၏ စိတ်အခြေအနေက အတော်လေး ကောင်းမွန်နေလေသည်။

စိတ်အခြေအနေ ကောင်းမွန်နေသည့်အတွက် စကားပြောရသည်မှာလည်း ပိုမိုလွယ်ကူသွားသည်။

ထို့ကြောင့် ဆမ်မြူရယ်က နဂါးအချို့ကို အသက်ချမ်းသာပေးရန် တောင်းဆိုလာသောအခါ မုန်လဲ့က မည်သို့မျှ မတွန့်ဆုတ်ဘဲ ချက်ချင်းပင် သဘောတူလိုက်လေသည်။

မုန်လဲ့သည် အချိန်ကာလ မျှော်စင်ထဲတွင် နေရာအချို့ကို သီးသန့် ချန်ပေးထားပြီး ထိုနဂါးများကို အသက်ရှင်လျက် နေထိုင်စေသည်။

'အင်း... ဝက်တွေကို မွေးထားသလိုမျိုးပေါ့...'

နောက်ပိုင်းတွင် အင်ပါယာ ထူထောင်ပြီးပါက အချိန်ကာလ မျှော်စင်ကို မြို့တော်၌ ထားရှိရန်ပင် သူ စဉ်းစားထားသေးသည်။

ထို့နောက် ပါရမီရှင်တွေကို မျှော်စင်ထဲဝင်၍ လေ့ကျင့်စေမည်။ ဂုဏ်ယူဝင့်ကြွားနေတတ်သည့် ဤနဂါးကြီးတွေကိုလည်း သူများအနိုင်ကျင့်ခြင်း ခံရတဲ့ အရသာကို ခံစားကြည့်စေရမည်။

"သခင်... နောက်ထပ် ဘယ်ကို သွားရမလဲ..."

ဆမ်မြူရယ်က ဘာမှ မကျန်တော့သည့် နဂါးကျွန်းကို ကြည့်ပြီး ငိုရမလို ရယ်ရမလို ဖြစ်နေလေသည်။

သူသည် နဂါးမျိုးဆက်များ အသတ်ခံရသည်ကို မလိုလားသလို သူတို့ကို ဝက်များကဲ့သို့ မွေးထားခြင်းကိုလည်း လုံးဝ မလိုလားပေ။

"မင်း နဂါးသင်္ချိုင်း ဘယ်မှာလဲ ဆိုတာ သိလား..."

မုန်လဲ့က ရုတ်တရက် မေးလိုက်လေသည်။

"နဂါးသင်္ချိုင်း..."

ဆမ်မြူရယ် မျက်နှာပျက်သွားပြီး "သခင်... သခင် အဲဒီ နဂါးသင်္ချိုင်းကိုတောင် မလွှတ်ပေးတော့ဘူးလား..."

"နဂါးသင်္ချိုင်းက ကျွန်တော်တို့ နဂါးမျိုးနွယ်ရဲ့ တားမြစ်နယ်မြေပါ... အထဲမှာ ကွယ်လွန်သွားတဲ့ သူတွေကို မြှုပ်နှံထားတာပါ..."

"ဘာတွေ လျှောက်တွေးနေတာလဲ..."

မုန်လဲ့က မျက်လုံးလှန်လိုက်လေသည် "ငါက ကျောင်းအုပ်ကြီးကို သွားပြီး ဂါရဝပြုမလို့ပါ..."

"ကောင်းလိုက်တာ..."

ဆမ်မြူရယ် စိတ်အေးသွားပြီး မုန်လဲ့ကို ခေါ်ဆောင်သွားလေသည်။

နဂါးသင်္ချိုင်းကလည်း ကျွန်းတစ်ကျွန်းပေါ်မှာပဲ ရှိသည်။

ကျွန်းပေါ်မှာ ကျောက်တောင်ကြီးတွေ ထိုးထွက်နေပြီး ဂူဗိမာန်တွေ အများကြီး ရှိနေကာ အောက်မှာတော့ နဂါးတွေကို မြှုပ်နှံထားသည်။

မုန်လဲ့က စိတ်စွမ်းအားဖြန့်ပြီး တစ်ကျွန်းလုံးကို စစ်ဆေးလိုက်သည်။

ဒါပေမဲ့ အချိန်တော်တော်ကြာ ရှာပြီးနောက်မှာတောင် ကျောင်းအုပ်ကြီးရဲ့ သင်္ချိုင်းကို မတွေ့ရပေ။

မုန်လဲ့ မျက်မှောင်ကြုတ်သွားလေသည်။ အိုင်မိုလင်က ကျောင်းအုပ်ကြီးကို နဂါးသင်္ချိုင်းမှာ မြှုပ်နှံမယ် လို့ ပြောခဲ့သည် မဟုတ်ပါလော။

'ငါ သေချာ မေးကြည့်မှ ဖြစ်မယ်...'

မုန်လဲ့ အိုင်မိုလင်ကို ရှာတွေ့သွားပြီး ရလာတဲ့ အဖြေက သူ့ကို အံ့အားသင့်သွားစေသည်။

"ဘာပြောလိုက်တယ်... ကျောင်းအုပ်ကြီး မသေသေးဘူး..."

"အစ်ကိုကြီးရဲ့ ဝိညာဉ် ကျောက်စိမ်းပြားက မကွဲသေးဘူး... ဒီလောကမှာ သူ အသက်ရှင်နေဦးမယ် ထင်တယ်..."

အိုင်မိုလင်က သွေးရောင် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်ပြီး "ကျွန်မတို့ နဂါးမျိုးနွယ်တွေက မွေးလာပြီးရင် ဝိညာဉ် ကျောက်စိမ်းပြား တစ်ခုစီ လုပ်ကြရတယ်..."

"ကျောက်စိမ်းပြား ကောင်းနေရင်... လူက အသက်ရှင်တယ်... ကျောက်စိမ်းပြား ကွဲသွားရင်... လူက သေပြီ..."

"နှစ်ပေါင်း ၂ သောင်းကျော်တဲ့အထိ တစ်ခါမှ မကွဲခဲ့ဘူး... ဒါကြောင့် အစ်ကိုကြီးက မသေသေးဘူး လို့ ကျွန်မ အမြဲ ယုံကြည်နေခဲ့တာ..."

အိုင်မိုလင် မျက်ရည်ဝဲလာလေသည် "နောက်ဆုံးအကြိမ် ပျောက်ဆုံးနေတဲ့ တိုက်ကြီးကို သွားပြီး အသက်ပင်နဲ့ အတူ သေသွားခဲ့ပေမဲ့... သူ့ရဲ့ ဝိညာဉ် ကျောက်စိမ်းပြားကတော့ မကွဲသေးဘူး..."

"ငါ သိတယ်... အစ်ကိုကြီးက မသေသေးဘူး..."

"ကောင်းလိုက်တာ... ကျောင်းအုပ်ကြီး မသေသေးဘူး ဆိုတာကို သိလိုက်ရလို့ တကယ့်ကို ပျော်သွားတာပဲ..."

မုန်လဲ့က စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလိုက်လေသည် "သူ မသေသေးဘူး ဆိုရင်... သူ ဘယ်ရောက်နေတာလဲ... သူ အသက်ပင်နဲ့ အတူ သေသွားခဲ့တာ မဟုတ်ဘူးလား..."

"ကျွန်မ ထင်တာကတော့... ဖြစ်နိုင်ခြေ နှစ်ခု ရှိတယ်..."

အိုင်မိုလင်က တိုးတိုးလေး ပြောလိုက်လေသည် "အစ်ကိုကြီးမှာ တခြား ကိုယ်ပွားတွေ ရှိနေတာ ဖြစ်မယ်... ဒါမှမဟုတ်ရင်တော့... သူက နင် ကိုင်ထားတဲ့ နတ်ဘုရား လက်နက်ထဲမှာပဲ ချိတ်ပိတ်ခံထားရတာ ဖြစ်မယ်..."

"နတ်ဘုရားသတ်လှံ..."

မုန်လဲ့ အလျင်အမြန်ပင် နတ်ဘုရားသတ်လှံကို ထုတ်ယူပြီး စိတ်စွမ်းအားဖြင့် အထဲကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်လေသည်။

သို့သော် တစ်ပတ်လည် ကြည့်လိုက်သော်လည်း ဘာမှ မတွေ့ရှိခဲ့ပေ။

"မရှိဘူး..."

မုန်လဲ့ စိတ်ပျက်သွားလေသည်။

"ဒါဆိုရင်တော့ ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတော့တယ်..."

အိုင်မိုလင်က ပြောလေသည် "အစ်ကိုကြီးမှာ တခြား ကိုယ်ပွားတွေ ရှိနေတာပဲ..."

"ကိုယ်ပွား ရှိနေရင်... ဘာလို့ နှစ်ပေါင်း ၂ သောင်းကျော်တဲ့အထိ မင်းဆီကို ပြန်မလာတာလဲ..."

မုန်လဲ့ မျက်ခုံးတွန့်သွားလေသည် "ဒါ အဓိပ္ပာယ် မရှိဘူး..."

"ကျွန်မလည်း မသိဘူး..."

အိုင်မိုလင် ခါးသက်သက် ပြုံးလိုက်လေသည်။

"ကျောင်းအုပ်ကြီး..."

မုန်လဲ့ လက်သီးကို တင်းတင်း ဆုပ်လိုက်လေသည် "သူ ဘယ်ရောက်နေနေ... ငါ သူ့ကို ရှာတွေ့အောင် ရှာမယ်..."

"အစ်ကိုကြီးကို ရှာတွေ့ရင် ငါ့အတွက် သတင်းစကားလေး ပါးပေးပါ..."

အိုင်မိုလင်က မျက်ရည်စက်လက်ဖြင့် ပြောလိုက်လေသည်။

"အသေအချာပါပဲ..."

မုန်လဲ့ ပြင်းထန်စွာ ခေါင်းညိတ်လိုက်လေသည်။

ထိုအချိန်တွင် ညဉ့်ငှက် အော်သံကဲ့သို့ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

"မင်းတို့လို ရုပ်ဆိုးတဲ့ ပုတ်သင်ညှို ကောင်တွေ... ငါ အပြင်ထွက်သွားရင်... မင်းတို့ အားလုံးကို မသေနိုင်တဲ့ သတ္တဝါတွေ အဖြစ် ပြောင်းပစ်မယ်... နတ်ဘုရား မီးတောက်နဲ့ မင်းတို့ ဝိညာဉ်တွေကို ဖုတ်ပစ်မယ်..."

"ဟားဟားဟား... နေ့ရောညပါ ဖုတ်ပစ်မယ်... မင်းတို့ကို အသက်ရှင်လျက် အသေဆိုးနဲ့ သေအောင် လုပ်ပစ်မယ်..."

"ဒါ ဘာအသံလဲ..."

မုန်လဲ့ မျက်မှောင်ကြုတ်သွားလေသည်။

အသံက နဂါးသင်္ချိုင်း ရှိရာ ကျွန်းအောက်ရှိ ပင်လယ်ကြမ်းပြင်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အတိအကျ ပြောရရင် ဒါက အသံ မဟုတ်ဘဲ စိတ်စွမ်းအားလှိုင်းများ ဖြစ်လေသည်။

"သခင်... ဒါက ရှေးခေတ် မိစ္ဆာ ပူဟာမန်ရဲ့ အသံပါ..."

ဆမ်မြူရယ်က ရိုသေစွာ ပြန်ဖြေလေသည်။

"ပူဟာမန်..."

မုန်လဲ့၏ မျက်လုံးများ အရောင်လက်သွားလေသည် "ပြောပြစမ်း..."

"လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ သောင်းက... ကျွန်တော်တို့ နဂါးတွေက ကောင်းကင်ယံ တိုက်ကြီးကို အုပ်စိုးထားတာပါ... ကောင်းကင်ယံ တိုက်ကြီးရဲ့ တစ်ဦးတည်းသော အရှင်သခင်ပါ..."

ဆမ်မြူရယ်က တိုးတိုးလေး ပြောလိုက်လေသည်။

"အခု လက်ရှိ အင်ပါယာ သုံးခုက ပိုင်ဆိုင်ထားတဲ့ အစွန်အဖျား ကန္တာရတွေ... အဲလ်ဖ် သစ်တောတွေ... တိုက်တန် ကုန်းမြင့်တွေတောင်... ကျွန်တော်တို့ နဂါးမျိုးနွယ်ရဲ့ နောက်ဖေး ဥယျာဉ်တွေပါ..."

ဆမ်မြူရယ်၏ မျက်လုံးများထဲတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေလေသည် "အဲဒီအချိန်က ကောင်းကင်ယံ တိုက်ကြီး က... တကယ့်ကို နဂါး တိုက်ကြီးပါ... ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက..."

ဆမ်မြူရယ် ခါးသက်သက် ပြုံးလိုက်လေသည် "နဂါးနတ်ဘုရား ကောင်းကင်ယံ တိုက်ကြီးကို စွန့်ခွာသွားပြီးနောက်မှာ ကျွန်တော်တို့ နဂါးမျိုးနွယ်ရဲ့ အဓိက တိုက်ခိုက်ရေး အင်အားတွေ ကို ခေါ်ဆောင်သွားတဲ့ အခါမှာတော့... ကျွန်တော်တို့ နဂါးနတ်ဘုရား အင်ပါယာက အန္တရာယ် များလာပါတယ်..."

"သတ္တဝါမျိုးစုံက ပုန်းအောင်းရာကနေ ထွက်ပေါ်လာပြီး... မျိုးနွယ်စုတွေ ထွက်ပေါ်လာပါတယ်..."

"တစ်ညတည်းနဲ့တင် ကျွန်တော်တို့ နဂါးနတ်ဘုရား အင်ပါယာရဲ့ အုပ်ချုပ်မှုတွေ ပျက်စီးသွားပြီး... နယ်မြေ အများကြီး ဆုံးရှုံးသွားရုံတင်မကဘဲ... မျိုးနွယ်စုရဲ့ အထွတ်အထိပ် စွမ်းအားရှင်တွေလည်း အသေအပျောက် များခဲ့ပါတယ်..."

"ရှေးခေတ် မိစ္ဆာ ပူဟာမန် က အဲဒီအချိန်မှာ ထွက်ပေါ်လာတာပါ... သူက သေမင်းတမန် နတ်ဘုရားတစ်ဝက် တစ်ပါး ဖြစ်ပြီး... သူ့ရဲ့ ဖျက်ဆီးနိုင်စွမ်း က အင်ပါယာ သုံးခုထက်တောင် မညံ့ဖူးပါဘူး..."

"သေမင်းတမန် နတ်ဘုရားတစ်ဝက် ဟုတ်လား..."

မုန်လဲ့ မျက်လုံးများ တောက်ပလာလေသည်။

"ဟုတ်တယ်..."

ဆမ်မြူရယ် ခေါင်းညိတ်လိုက်လေသည် "ပူဟာမန် က တစ်ယောက်တည်း ရယ်... မှော်တောင်ဝှေး တစ်ချောင်း ရယ်... ဒါပေမဲ့ သူက ဆိုးယုတ်တဲ့ သေမင်းတမန် မှော်ပညာ ကို သုံးပြီး... အဝေးကြီးမှာ ရှိတဲ့ ငရဲကနေ မရေမတွက်နိုင်တဲ့ မသေနိုင်တဲ့ သတ္တဝါတွေကို ခေါ်ပြီး တိုက်ခိုက်နိုင်ပါတယ်..."

"သူတို့ သွားတဲ့ နေရာတိုင်းမှာ... အသက်ရှင်နေတဲ့ သက်ရှိတွေ အားလုံးကို သတ်ပစ်ပြီး... ပူဟာမန် က သူတို့ကို မသေနိုင်တဲ့ သတ္တဝါတွေ အဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်..."

"အချုပ်အားဖြင့်ဆိုရရင်... ပူဟာမန် က ကျွန်တော်တို့ နဂါးနတ်ဘုရား အင်ပါယာ ကို ပျက်စီးမှုတွေ အများကြီး ပေးခဲ့ပါတယ်... အင်ပါယာ က နတ်ဘုရားတစ်ဝက် အတော်များများ ကို စေလွှတ်လိုက်မှသာ... သူ့ကို ချိတ်ပိတ်နိုင်ခဲ့တာပါ..."

"ဒါဆို ရှေးခေတ် မိစ္ဆာ ပူဟာမန် ကို ဒီနားမှာ ချိတ်ပိတ်ထားတာပေါ့..."

မုန်လဲ့ စိတ်ဝင်စားမှု အပြည့်ဖြင့် မေးလိုက်လေသည်။

"ဟုတ်ပါတယ် သခင်..."

"သွားမယ်... အောက်ကို ဆင်းကြည့်မယ်"

"သခင်... ဒါ... ဒါ မကောင်းလောက်ဘူး..."

ဆမ်မြူရယ် အလျင်အမြန် တားဆီးလိုက်လေသည် "ပူဟာမန် က အရမ်း ယုတ်မာတယ်..."

"ယုတ်မာတယ် ဟုတ်လား... ငါ့ထက် ယုတ်မာသလား"

မုန်လဲ့ သူ့ကို တစ်ချက် ကြည့်လိုက်လေသည်။

ဆမ်မြူရယ် ချက်ချင်းပင် စကားမပြောနိုင်တော့ပေ။

'ယုတ်မာတယ် ဟုတ်လား...'

'မင်းနဲ့ ယှဉ်ရင်... ပူဟာမန် က မွေးကင်းစ ကလေးလေး တစ်ယောက်လိုပဲ...'

"ဆင်းမယ်..."

မုန်လဲ့ နဂါးသင်္ချိုင်း အောက်ဘက်သို့ ပျံသန်းသွားလေသည်။ ဆမ်မြူရယ်မှာ မတတ်နိုင်ဘဲ အရှေ့မှ ဦးဆောင်သွားလေသည်။

မကြာမီပင် ပင်လယ်ကြမ်းပြင်ရှိ တောက်ပသော ဂူတစ်ခုကို တွေ့လိုက်ရလေသည်။ ဂူထဲမှ နို့ရက်ရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး အလွန် ပြင်းထန်သော အလင်းဓာတ် စွမ်းအင်များ တုန်ခါနေလေသည်။

"သွားကြည့်ရအောင်..."

မုန်လဲ့ ချက်ချင်းရွေ့လျားခြင်းဖြင့် ဂူအဝသို့ ရောက်သွားလေသည်။ ဂူထဲတွင် နေ့လယ်ဘက်အလား တောက်ပနေပြီး နံရံများတွင် နို့ရက်ရောင် အလင်းဓာတ် ကျောက်သလင်းများ စိုက်ထည့်ထားလေသည်။

ဂူအလယ်တွင် ယဇ်ပလ္လင် တစ်ခု ရှိလေသည်။

ယဇ်ပလ္လင်ပေါ်တွင် တိုင် ၁၀ ခု ထောင်ထားပြီး တိုင်တိုင်းမှာ အလင်းဓာတ် ကျောက်သလင်းများဖြင့် တည်ဆောက်ထားလေသည်။ တိုင်များတွင် သံကြိုး ၁၀ ခု ချိတ်ဆက်ထားပြီး သံကြိုး၏ အခြား တစ်ဖက်မှာ လူတစ်ယောက်၏ ကိုယ်ပေါ်တွင် ချိတ်ဆက်ထားလေသည်။

ထိုလူမှာ ဆံပင်များ ရှုပ်ပွနေပြီး အရိုးနှင့် အရေသာ ကျန်တော့လေသည်။ အသားမာမှလွဲ၍ အပို အသားစ တစ်ခုမျှ မရှိဘဲ အရိုးစု တစ်ခုကဲ့သို့ ဖြစ်နေလေသည်။

သံကြိုး ၁၀ ခုက သူ့ လက်မောင်း... နံရိုး... ချက်... ခြေထောက်... ပခုံးရိုး တို့ကို ဖောက်ထွက်သွားပြီး သူ့ကို ယဇ်ပလ္လင် အလယ်တွင် အသက်ရှင်လျက် တံစို့ရိုက်ထားသကဲ့သို့ ဖြစ်နေလေသည်။

ထိုင်လို့လည်း မရ။

အိပ်လို့လည်း မရ။

ရပ်နေရုံသာ တတ်နိုင်လေသည်။

တကယ့်ကို အသက်ရှင်လျက် သေရခြင်းထက် ပိုဆိုးလှပေသည်။

သို့သော် ဒါက ဘာမှ မဟုတ်သေးပေ။ တကယ့်ကို အသေအချာ သေစေနိုင်သည့်အရာမှာ သူ၏ နဖူးပြင်ကို ဖောက်ထွက်သွားသည့် သံကြိုး တစ်ခု ဖြစ်လေသည်။

ဤသံကြိုးက သူ့၏ နတ်ဘုရား ဝိညာဉ်ကို ချိတ်ပိတ်ထားပြီး နတ်ဘုရားစွမ်းအားကို မသုံးနိုင်အောင် လုပ်ထားကာ သူသည် အသုံးမဝင်သူ တစ်ယောက် ဖြစ်သွားလေသည်။

"ဟားဟားဟား... တစ်ယောက်ယောက် ရောက်လာတာပဲ..."

"ရှားလိုက်တာ... တကယ့်ကို ရှားလိုက်တာ..."

မုန်လဲ့ ရောက်လာသည်ကို သိလိုက်ရသကဲ့သို့ အရိုးစုက ဖြည်းညင်းစွာ ခေါင်းမော့လိုက်လေသည်။ မြေပြင်ပေါ်သို့ တွဲကျနေသော ဆံပင်များကြားမှ ဝံပုလွေ မျက်လုံးများနှင့် တူသည့် အစိမ်းရောင် မျက်လုံး နှစ်လုံးကို မြင်တွေ့လိုက်ရပြီး အလွန် ထိတ်လန့်စရာ ကောင်းလှသည်။

"သေမင်းတမန် နတ်ဘုရားတစ်ဝက်... ပူဟာမန် ဟုတ်လား..."

မုန်လဲ့က ယဇ်ပလ္လင်ပေါ်ရှိ အရိုးစုကို စေ့စေ့ကြည့်လိုက်လေသည်။

"ငါ မင်းကို မသိပေမဲ့... အနံ့ဆိုးတဲ့ နဂါးကောင်တွေ မပါဘူးပဲ... မင်းက ဘယ်သူလဲ... ဒီနေရာကို ဘယ်လို ရောက်လာတာလဲ..."

အရိုးစုက အစိမ်းရောင် မျက်လုံးများဖြင့် စိုက်ကြည့်ကာ အသံမှာ အက်ကွဲကွဲ ဖြစ်ပြီး ညဉ့်ငှက် အော်သံကဲ့သို့ ဖြစ်နေလေသည်။

"မင်း အဆင်သင့် ဖြစ်ရင်... ငါက မင်းရဲ့ ကယ်တင်ရှင် ဖြစ်နိုင်တယ်"

မုန်လဲ့က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။

"ငါ့ကို ကယ်မယ် ဟုတ်လား... မင်းက ဘယ်သူမို့လို့လဲ..."

အရိုးစုမှာ အံ့ဩသွားပြီးနောက် အော်ဟစ် ရယ်မောလိုက်လေသည် "မင်းနောက်မှာ ပါလာတဲ့ နဂါးကောင်သာ ဒီစကား ပြောရင် ငါ ယုံချင်ယုံမယ်... မင်းက..."

"ပူဟာမန်... မင်းက အကျဉ်းသား ဖြစ်နေရက်နဲ့တောင် ဒီလောက်တောင် မောက်မာနေတာလား... ငါ့သခင်ရှေ့မှာ စကားပြောတဲ့အခါ လေသံကို ဆင်ခြင်..."

ဆမ်မြူရယ်က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"သခင်..."

အရိုးစုက ဆမ်မြူရယ်ကို ကြည့်လိုက်ပြီးနောက် မုန်လဲ့ကို ပြန်ကြည့်ကာ အံ့ဩနေသည့် အကြည့်များဖြင့် ကြည့်လိုက်လေသည်။

"ဒီ နဂါးကောင်က... မင်းရဲ့ ကျွန် ဖြစ်နေတာလား..."

"တခြား နတ်ဘုရားတစ်ဝက်တွေကို သတ်လိုက်တော့... သူက အလိုလို အညံ့ခံလာတာပဲ..."

မုန်လဲ့က ပြုံးလိုက်လေသည် "ငါ့ကို ဖြေစမ်း... မင်း အပြင်ထွက်ချင်လား..."

"မင်းက တခြား နတ်ဘုရားတစ်ဝက်တွေကို သတ်လိုက်တယ် ဟုတ်လား..."

ပူဟာမန် အံ့ဩသွားပြီး ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်လေသည် "မ... မဖြစ်နိုင်ဘူး... ဒီကျိန်စာသင့်နေတဲ့ အနံ့ဆိုး နဂါးတွေက ယုတ်မာပြီး တဖြည်းဖြည်း အားနည်းလာတယ် ဆိုပေမဲ့... မင်းက သူတို့ကို သတ်ချင်တယ် ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး..."

"သူ့ကို အမှန်အတိုင်း ပြောပြလိုက်..."

မုန်လဲ့က ဆမ်မြူရယ်ကို ကြည့်လိုက်လေသည်။

ဆမ်မြူရယ် ခါးသက်သက် ပြုံးလိုက်ပြီး မုန်လဲ့၏ နဂါးသတ်ပွဲ အကြောင်းကို အစအဆုံး ရှင်းပြလိုက်လေသည်။

"..."

ပူဟာမန် လုံးဝ ဆွံ့အသွားလေသည်။

"နောက်ဆုံး တစ်ခေါက် ထပ်မေးမယ်... မင်း အပြင်ထွက်ချင်လား..."

မုန်လဲ့ အနည်းငယ် စိတ်မရှည်တော့ပေ။

"မင်း ငါ့ကို တကယ် လွှတ်ပေးမလို့လား..."

ပူဟာမန်က မုန်လဲ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်လေသည်။

"ဒါပေါ့..."

"ငါ ဘာပြန်ပေးရမှာလဲ..."

"မင်းရဲ့ သစ္စာခံမှု…”

All Chapters