အခန်း ၂၁၆
Vol. 22 Ch. 216
အခန်း ၂၁၆။ အင်ပါယာကို ထိန်းချုပ်ခြင်း၊ နဂါးကျွန်းသစ်
ပူဟာမန် အညံ့ခံသွားလေသည်။
မည်သို့မျှပင် မတွေဝေဘဲ သူ့၏ နတ်ဘုရား ဝိညာဉ် အရင်းအမြစ်ကို ပေးအပ်လိုက်ခြင်းမှာ ထင်ထားသည်ထက်ပင် ပို၍ လွယ်ကူနေသည်။
မုန်လဲ့က ဤသေမင်းတမန် နတ်ဘုရားတစ်ဝက်ကို ခြိမ်းခြောက် သွေးဆောင်ပြီးမှသာ သိမ်းသွင်းနိုင်မည်ဟု ထင်ထားခဲ့သည်။
သူက ဆိုးယုတ်သော ရှေးခေတ် မိစ္ဆာကြီးနှင့် သေမင်းတမန် နတ်ဘုရားတစ်ဝက် ဖြစ်ရာ မည်သို့ လွယ်လွယ် အညံ့ခံမည်နည်း။
"ခွပ်..."
"ခွပ်..."
နတ်ဘုရားသတ်လှံက အကြိမ်ကြိမ် ထိုးစိုက်လိုက်ရာ ပူဟာမန်၏ ကိုယ်ပေါ်ရှိ သံကြိုး ၁၀ ခုမှာ လွယ်ကူစွာ ပြတ်တောက်သွားလေသည်။
ပူဟာမန် လွတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် ရယ်မောလိုက်လေသည်။
"ဟားဟားဟား... ငါ ထွက်လာရပြီဟေ့..."
သို့သော် သူ့၏ ရယ်သံတွင် မည်သည့် အရှိန်အဝါမျှ မရှိဘဲ ငရဲတွင်းနက်မှ နတ်ဆိုးတစ်ကောင်၏ ငိုကြွေးသံကဲ့သို့ အလွန် ထိတ်လန့်စရာ ကောင်းနေလေသည်။
"သွားကြစို့..."
မုန်လဲ့က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ပြီးနောက် ဂူအပြင်ဘက်သို့ လှည့်ထွက်သွားလေသည်။
ဆမ်မြူရယ်က အလျင်အမြန် လိုက်သွားပြီး ပူဟာမန်နှင့် ခပ်ခွာခွာ နေလိုက်လေသည်။
ဤဆိုးယုတ်သော ရှေးခေတ် မိစ္ဆာကြီးနှင့် အတူရှိနေရသည်မှာ မလုံခြုံသလို ဆမ်မြူရယ် ခံစားနေရသည်။
"ဟုတ်ကဲ့ပါ အရှင်သခင်... ဟားဟား..."
ပူဟာမန်က ထူးဆန်းစွာ ရယ်မောလိုက်ပြီး မုန်လဲ့တို့ နှစ်ယောက် နောက်သို့ လိုက်ကာ ဂူအပြင်သို့ ထွက်လာခဲ့လေသည်။
ထိုအချိန်တွင် အဆင့် ၈ မှော်သားရဲ သွေးဆာနေသော ငါးမန်းကြီး တစ်ကောင်က အနီးသို့ ရောက်လာလေသည်။
ပူဟာမန်က မြင်လိုက်သည်နှင့် တစ်ပြိုင်နက် လေထဲသို့ လက်လှမ်းလိုက်လေသည်။
"ဘန်း..."
အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသော ဧရာမ လက်သည်းကြီး တစ်ခုက လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး ထိုငါးမန်းကြီးကို ဖမ်းဆုပ်လိုက်လေသည်။
ထို့နောက် ပူဟာမန်က ပါးစပ်ကြီးကို ဟကာ ပြင်းပြင်းထန်ထန် စုပ်ယူလိုက်လေသည်။
အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသော အသက်စွမ်းအင်များက ငါးမန်းကြီး၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာပြီး ပူဟာမန်၏ ပါးစပ်ထဲသို့ ဝင်သွားလေသည်။
ထိုငါးမန်းကြီးမှာမူ မျက်စိရှေ့တွင်ပင် တဖြည်းဖြည်း ခြောက်သွေ့သွားပြီး စက္ကန့်အနည်းငယ် အကြာတွင် အရေခွံ တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထို့နောက် ပူဟာမန်ကို ကြည့်လိုက်ရာ ခြောက်ကပ်နေသော အရေပြားများမှာ အနည်းငယ် ဖောင်းကားလာပြီး သွေးရောင် အနည်းငယ် သန်းလာလေသည်။
"ဟားဟားဟား... လတ်ဆတ်တဲ့ သွေးအရသာက တကယ်ကို လွမ်းစရာ ကောင်းတာပဲ..."
ပူဟာမန်က နှုတ်ခမ်းကို သပ်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်သို့ မော့ကာ အော်ဟစ် ရယ်မောလိုက်လေသည်။
"သခင်... ဒီမိစ္ဆာက အရမ်း ဆိုးယုတ်လွန်းတယ်..."
ဆမ်မြူရယ် တစ်ကိုယ်လုံး တုန်ခါသွားပြီး ကြောက်ရွံ့စွာဖြင့် တုန်တုန်ရီရီ ပြောလိုက်လေသည်။
"အဲဒါ သေမင်းတမန် မှော်ပညာလား..."
မုန်လဲ့က မည်သို့မျှ မထင်ဘဲ သေမင်းတမန် မှော်ပညာကိုပင် အလွန် စိတ်ဝင်စားသွားလေသည်။
"ဟားဟား... သခင် သေမင်းတမန် မှော်ပညာကို သင်ချင်ရင် ကျွန်တော် သင်ပေးလို့ ရပါတယ်..."
ပူဟာမန်က ထူးဆန်းစွာ ရယ်မောရင်း ပြောလိုက်လေသည်။
"အချိန်ရရင် လေ့လာကြည့်ရအောင်..."
မုန်လဲ့က ဖြည်းညင်းစွာ ပြုံးလိုက်လေသည်။
"သေမင်းတမန် မှော်ပညာကို စိတ်ဝင်စားတဲ့သူ တစ်ယောက်နဲ့ တွေ့ရတာ... ပြီးတော့ သူက ငါ့ရဲ့ သခင် ဖြစ်နေတာ... တကယ်ကို ရှားပါးတာပဲ..."
ပူဟာမန်က ထူးဆန်းစွာ ရယ်မောလိုက်ပြီးနောက် သူ၏ ရူးသွပ်သော စုပ်ယူခြင်း ပွဲတော်ကို စတင်လိုက်လေတော့သည်။
လမ်းတစ်လျှောက်တွင် တွေ့သမျှသော ပင်လယ် မှော်သားရဲများ အားလုံး သူ၏ မိစ္ဆာလက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
သူကိုယ်တိုင်လည်း လျင်မြန်စွာ ပြည့်ဖြိုးလာပြီး ပင်လယ်အောက်မှ ထွက်လာချိန်တွင်တော့ လူတစ်ယောက် ပြောင်းသွားသကဲ့သို့ ဖြစ်နေလေပြီ။
ခန္ဓာကိုယ်မှာ ပြည့်ဖြိုး ကျန်းမာလာပြီး အရေပြားများက ကြည်လင် တောက်ပနေကာ ဆံပင်များကလည်း မည်းနက် တောက်ပနေလေသည်။
ဒါက ပင်လယ်အောက်က အရိုးစုနဲ့ ဘယ်လိုလုပ် တူတော့မှာလဲ။ လူကြီးလူကောင်း ဆန်တဲ့ သက်လတ်ပိုင်း လူကုံထံ တစ်ယောက်နဲ့တောင် တူနေသေးသည်။
ပင်လယ်အောက်ကနေ အတူတူ ထွက်လာတာသာ မဟုတ်ရင် မုန်လဲ့နဲ့ ဆမ်မြူရယ်တောင် မှတ်မိမှာ မဟုတ်ပေ။
'ဒီကောင်က ပူဟာမန်လား...'
"ဒီလို ကြည့်ရတာ ပိုအဆင်ပြေတယ်..."
မုန်လဲ့က ပြုံးကာ ချီးကျူးလိုက်လေသည်။
ပူဟာမန်က ယဉ်ကျေးသိမ်မွေ့သော မှူးမတ် တစ်ဦးကဲ့သို့ အရိုအသေ ပေးလိုက်လေသည်။
"သခင် မသိသေးတာပါ... တကယ်တော့ သေမင်းတမန် မှော်ပညာကို မကျင့်ခင်က ကျွန်တော်က လူသား ဘုရင် တစ်ပါးပါ..."
"ဒါပေမဲ့ နိုင်ငံတော် ပျက်စီးသွားပြီးနောက်မှာ... နဂါးတွေကို ကလဲ့စားချေဖို့ အတွက်... သေမင်းတမန် မှော်ပညာကို ပြောင်းကျင့်ပြီး လူလိုလို တစ္ဆေလိုလို မိစ္ဆာကြီး ဖြစ်သွားရတာပါ..."
ထိုသို့ ပြောပြီးနောက် ပူဟာမန်က ဆမ်မြူရယ်ကို မကောင်းဆိုးဝါး အကြည့်ဖြင့် ကြည့်လိုက်လေရာ ဆမ်မြူရယ် တစ်ကိုယ်လုံး ကျောချမ်းသွားပြီး ကြောက်လန့်သွားလေသည်။
"မင်းမှာ ဒီလို အတိတ်တွေ ရှိခဲ့မယ်လို့ လုံးဝ မထင်ထားမိဘူး... တကယ်ကို ထင်မှတ်မထားတာပဲ..."
မုန်လဲ့က ရယ်မောလိုက်လေသည်။
"အတော်ပဲ... ငါက အခုလေးတင် နဂါးမျိုးနွယ်ကို ဖျက်ဆီးခဲ့ပြီး နဂါးနတ်ဘုရား အင်ပါယာကို သိမ်းပိုက်တော့မလို့... မင်းမှာ ဒီဘက်က အတွေ့အကြုံတွေ ရှိနေတော့ ငါ့ကို ကူညီနိုင်မှာပေါ့..."
"ဟားဟား... သခင် အလိုကျ ဆောင်ရွက်ပေးပါ့မယ်..."
ပူဟာမန် အလွန် စိတ်လှုပ်ရှားသွားလေသည်။
"သခင် စိတ်ချပါ... ကျွန်တော်က နှစ်ပေါင်း ၄၀ ကျော် ဘုရင် လုပ်ခဲ့ဖူးတော့ အုပ်ချုပ်ရေး အတွေ့အကြုံတွေ အများကြီး ရှိပါတယ်... အကြံဉာဏ် ကောင်းတွေ ပေးနိုင်မှာပါ..."
"မျှော်လင့်ပါတယ်..."
မုန်လဲ့ စိတ်သက်သာရာ ရစွာ ခေါင်းညိတ်လိုက်လေသည်။
အရင်က နဂါးနတ်ဘုရား အင်ပါယာ ကိစ္စအတွက် သူ ခေါင်းခဲနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် နဂါးမျိုးနွယ်များ မရှိတော့သလို အင်ပါယာ၏ အမတ်များလည်း အသတ်ခံလိုက်ရပြီ ဖြစ်ရာ အနည်းငယ် မှားယွင်းသွားပါက နဂါးနတ်ဘုရား အင်ပါယာ ကြီး တစ်ခုလုံး ပြိုလဲသွားနိုင်လေသည်။
ထိုအခါ မငြိမ်သက်မှုများ ဖြစ်ပေါ်လာမည်မှာ သေချာပြီး အဆုံးတွင် ဒုက္ခရောက်ရမည်မှာ ပြည်သူများသာ ဖြစ်လေသည်။
ဤသည်မှာ မုန်လဲ့ လုံးဝ မမြင်ချင်သော အရာပင် ဖြစ်သည်။
ထို့ကြောင့် မငြိမ်သက်မှုများ မဖြစ်ပေါ်စေဘဲ နဂါးနတ်ဘုရား အင်ပါယာကို မည်သို့ ငြိမ်းချမ်းစွာ ထိန်းချုပ်ရမည်မှာ မုန်လဲ့ သေချာပေါက် စဉ်းစားရမည့် ကိစ္စ ဖြစ်လေသည်။
ဖြစ်နိုင်ပါက ယုံကြည်မှုများကိုပါ ဖြန့်ဝေပြီး အင်ပါယာ၏ ပြည်သူများကို သူ့အား ကိုးကွယ်လာအောင် လုပ်ဆောင်နိုင်ပါက ပို၍ ကောင်းမွန်ပေလိမ့်မည်။
သို့သော် ဒါက အလွန် ခက်ခဲမည်ကို မုန်လဲ့ သိထားလေသည်။
အင်ပါယာကို ထိန်းချုပ်ခြင်းက သိပ်မခက်ခဲသော်လည်း ယုံကြည်မှု ရရှိရန်မှာမူ အလွန် ခက်ခဲလှပေသည်။
နဂါးနတ်ဘုရား အင်ပါယာ တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၄ သောင်းကျော် ရှိပြီ ဖြစ်ရာ နဂါးနတ်ဘုရား၏ ယုံကြည်မှုက အမြစ်တွယ်နေပြီ ဖြစ်သည်။
ပြည်သူများကို နဂါးနတ်ဘုရား ယုံကြည်မှုမှ စွန့်လွှတ်စေပြီး သူ့ကို ကိုးကွယ်လာအောင် လုပ်ဆောင်ရန်မှာ လွယ်ကူသော ကိစ္စ လုံးဝ မဟုတ်ပေ။
ယခင်က မုန်လဲ့သည် ဤပြဿနာကို စဉ်းစားခဲ့ပြီး နည်းလမ်းအချို့ကို တွေးမိခဲ့သော်လည်း လုံးဝ စိတ်ချရမည်ဟု မထင်ခဲ့ပေ။
အခု ပူဟာမန်ကို သိမ်းသွင်းလိုက်တော့ ဒီအဘိုးကြီးနဲ့ တိုင်ပင်လို့ ရသွားပြီ။ သူက ဘုရင် လုပ်ဖူးသလို မိစ္ဆာနတ်ဘုရားလည်း လုပ်ဖူးတော့ အကူအညီ တစ်ခုခုတော့ ပေးနိုင်မှာ သေချာသည်။
"သခင်... နောက်ထပ် ဘယ်ကို သွားကြမလဲ..."
ပူဟာမန်က မုန်လဲ့၏ ယုံကြည်မှုကို အလွယ်တကူ ရရှိသွားပြီး အရေးပါသော တာဝန်များ ပေးအပ်တော့မည့် အခြေအနေကို မြင်လိုက်ရသဖြင့် ဆမ်မြူရယ် အနည်းငယ် စိုးရိမ်သွားလေသည်။
မိမိက အရင် အညံ့ခံခဲ့သည် ဖြစ်ပါလျက် ဘာကြောင့် ဤမိစ္ဆာ၏ အောက်သို့ ရောက်သွားရသနည်း။
"မြို့တော်ကို သွားမယ်..."
မုန်လဲ့က စဉ်းစားပြီးနောက် ဖြေလိုက်လေသည်။
"ဟုတ်ကဲ့ပါ သခင်..."
ဆမ်မြူရယ်က ပြန်ဖြေလိုက်ပြီးနောက် တောင်ပံခတ်ကာ နဂါးကျွန်း၏ အထွက်ပေါက်ဆီသို့ ပျံသန်းသွားလေသည်။
နဂါးကျွန်းမှ ထွက်လာပြီးနောက် ပူဟာမန်က အပြင်လောကကို ငုံ့ကြည့်ကာ အလွန် စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်များပင် ကျလာလေသည်။
သူက မုန်လဲ့၏ ခြေရင်းတွင် ဒူးထောက်ချလိုက်လေသည်။
"အနှစ် ၅ သောင်း ချိတ်ပိတ်ခံရပြီးနောက်... နောက်ဆုံးတော့ အလင်းရောင်ကို ပြန်တွေ့ရပြီ... ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့ သခင်..."
"အသက်ကယ်တင်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်..."
'မင်းရဲ့ တုံ့ပြန်မှုက အရမ်း နှေးလွန်းတယ်... ခုနက ဂူထဲက ထုတ်ပေးတုန်းက ဘာလို့ ကျေးဇူးမတင်တာလဲ...'
မုန်လဲ့က စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း နှုတ်မှမူ ပြုံးကာ ပြောလိုက်လေသည်။
"လွတ်မြောက်လာတဲ့ အတွက် ဂုဏ်ယူပါတယ် ပူဟာမန်..."
"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် သခင်..."
ပူဟာမန်က ဝမ်းသာမျက်ရည်များ ကျလာပြီး လေထု၏ အနံ့ကို ပြင်းပြင်းရှူရှိုက်ကာ အလွန် ကြည်နူးနေလေသည်။
"ဒါက ကောင်းကင်ယံ တိုက်ကြီးရဲ့ အငွေ့အသက်ပဲ... တကယ်ကို လှပလွန်းတယ်... တကယ်ကို လွမ်းစရာ ကောင်းလိုက်တာ..."
"သွားကြစို့..."
မုန်လဲ့က ဆမ်မြူရယ်၏ ကျောကို ပုတ်လိုက်လေသည်။
"ဟုတ်ကဲ့ပါ သခင်..."
ဆမ်မြူရယ်က မြို့တော်ဆီသို့ ပျံသန်းသွားလေသည်။
"ပူဟာမန်... ငါ နဂါးနတ်ဘုရား အင်ပါယာကို ထိန်းချုပ်ချင်တယ်... မင်းမှာ အကြံဉာဏ် ရှိလား..."
"သခင်... ကျွန်တော်က ချိတ်ပိတ်ခံထားရတာ အရမ်း ကြာပြီ ဆိုတော့ နဂါးနတ်ဘုရား အင်ပါယာရဲ့ လက်ရှိ အခြေအနေကို သိပ်မသိတော့ပါဘူး... သခင် အရင်ဆုံး အကျဉ်းချုပ် ရှင်းပြပေးပါလား..."
"ကောင်းပြီ..."
"..."
"လွန်ခဲ့တဲ့ အနှစ် ၅ သောင်းကနဲ့ ဘာမှ မပြောင်းလဲသေးဘူးပဲ..."
ပူဟာမန်က သက်ပြင်းချလိုက်လေသည်။
"သခင်... နဂါးနတ်ဘုရား အင်ပါယာကို ထိန်းချုပ်ဖို့ အတွက် အဆင့် ၄ ဆင့် လုပ်ဆောင်ရပါမယ်..."
"အဆင့် ၄ ဆင့် ဟုတ်လား... ပြောပြစမ်း..."
မုန်လဲ့က စိတ်ဝင်စားစွာဖြင့် မေးလိုက်လေသည်။
"ပထမအဆင့်... အင်ပါယာရဲ့ အုပ်ချုပ်ရေးကို ထိန်းချုပ်ရပါမယ်..."
"အခုဆိုရင် နဂါးမျိုးနွယ်ရဲ့ အထွတ်အထိပ် စွမ်းအားရှင်တွေကို သခင်က သတ်ပစ်လိုက်ပြီ ဆိုတော့ ကျန်တဲ့ နဂါးတွေက ကြောက်စရာ မရှိတော့ပါဘူး..."
"အခု အရေးတကြီး လုပ်ရမှာက အုပ်ချုပ်ရေးကို ထိန်းချုပ်ပြီး နဂါးနတ်ဘုရား အင်ပါယာ ဆိုတဲ့ ဧရာမ သင်္ဘောကြီးရဲ့ မောင်းနှင်ခွင့်ကို ရယူကာ မငြိမ်သက်မှုတွေ မဖြစ်အောင် တားဆီးရပါမယ်..."
"အဓိပ္ပာယ် ရှိတယ်... ဆက်ပြော..."
မုန်လဲ့ ခေါင်းညိတ်လိုက်လေသည်။
"အုပ်ချုပ်ရေးကို ထိန်းချုပ်ဖို့ ဆိုတာ လူမရှိရင် မဖြစ်ဘူးလေ..."
ပူဟာမန်က ထူးဆန်းစွာ ပြုံးလိုက်လေသည်။
"သခင် ခုနက ပြောတဲ့ အမတ်တွေ အားလုံးကို သတ်ပစ်လိုက်တယ် ဆိုတာကို ကျွန်တော် မယုံဘူး... ကျွန်တော် ထင်တာ မမှားဘူးဆိုရင် သခင်က ဝန်ကြီးတွေ အရာရှိကြီးတွေကိုပဲ သတ်ခဲ့တာ မဟုတ်လား..."
"အဲလို ထင်ရတာပဲ..."
မုန်လဲ့ မျက်မှောင်ကြုတ်သွားလေသည်။
"သေချာပေါက်ပါပဲ..."
ပူဟာမန်က ရယ်မောလိုက်လေသည်။
"လွှတ်တော်ထဲကို ဝင်ခွင့်ရှိတဲ့ အရာရှိတွေ ဆိုတာ အများအားဖြင့် ဌာန အသီးသီးက အကြီးအကဲတွေ ဒါမှမဟုတ် ဒုတိယ အကြီးအကဲတွေချည်းပဲလေ..."
"အဆင့်နိမ့်တဲ့ အရာရှိတွေက လွှတ်တော်ထဲကို ဝင်ခွင့်မှ မရှိတာ... ဒါကြောင့် ကျွန်တော် ရဲရဲဝံ့ဝံ့ ခန့်မှန်းရရင် သခင်က အရာရှိကြီးတွေ ဝန်ကြီးတွေကိုပဲ သတ်ခဲ့တာပါ..."
"အလုပ်ကြမ်း လုပ်ရတဲ့ အောက်ခြေ အရာရှိတွေ စာရေးတွေကတော့ အသက်ရှင်နေကြဦးမှာပါ... ပြီးတော့ သူတို့တွေကပဲ ကျွန်တော်တို့ နဂါးနတ်ဘုရား အင်ပါယာကို ထိန်းချုပ်ဖို့ အဓိက သော့ချက်တွေပါ..."
"ဆက်ပြောပါဦး..."
"သူတို့ကို ထိန်းချုပ်လိုက်နိုင်ရင် နဂါးနတ်ဘုရား အင်ပါယာရဲ့ အုပ်ချုပ်ရေးကို ထိန်းချုပ်လိုက်နိုင်တာနဲ့ အတူတူပါပဲ..."
"ပြီးတော့ သူတို့ကို ထိန်းချုပ်ဖို့ အတွက် ကျွန်တော့်ရဲ့ သေမင်းတမန် မှော်ပညာက အသင့်တော်ဆုံးပါပဲ..."
ပူဟာမန်က ထူးဆန်းစွာ ပြုံးလိုက်ပြီး သွေးဆာနေသည့် အမူအရာကို ပြသလိုက်လေသည်။
သူ၏ ပုံစံကို မြင်သောအခါ မုန်လဲ့က သူ ဘာလုပ်မည်ကို ချက်ချင်း သိလိုက်လေသည်။
"အညံ့ခံချင်တဲ့ လူသားတွေကိုတော့ ညင်သာစွာ ဆက်ဆံတာ ပိုကောင်းမယ်... ခေါင်းမာတဲ့ သူတွေနဲ့ နဂါးလူသား မှူးမတ်တွေကိုတော့ မင်းသဘောပဲ..."
"သခင် စိတ်ချပါ... ကျွန်တော် သေချာ လုပ်ဆောင်ပါ့မယ်..."
ပူဟာမန်က ရင်ဘတ်ကို ပုတ်ကာ ထပ်မံ ကတိပေးလိုက်လေသည်။
"ဒုတိယအဆင့်နဲ့ တတိယအဆင့် ကို ဆက်ပြောပါဦး..."
"ဒုတိယအဆင့်... လူသား အထက်တန်းလွှာတွေကို နေရာပေးပြီး နဂါး မှူးမတ်တွေကို ဖယ်ရှားရပါမယ်..."
ပူဟာမန်က ဆက်ပြောလေသည်။
"အုပ်ချုပ်ရေးကို ထိန်းချုပ်လိုက်ပြီ ဆိုရင် အင်ပါယာရဲ့ အာဏာကို ကိုင်တွယ်ထားနိုင်ပြီလို့ ဆိုလိုတာပါ..."
"အဲဒီအချိန်ကျရင် သခင်က နိုင်ငံတော်ရဲ့ ဥပဒေတွေကို ပြင်ဆင်ပြီး နဂါး မှူးမတ်တွေကို ရာထူးကနေ ဖယ်ရှားနိုင်ပါပြီ..."
"မကျေနပ်တဲ့သူ ရှိရင် အားလုံးကို သတ်ပစ်မယ်..."
"ပုန်ကန်တဲ့သူ ရှိရင်လည်း သတ်ပစ်မယ်..."
"ခေါင်းတွေ ပြတ်ကျကုန်တဲ့အထိ သတ်ပစ်မယ်..."
"သွေးချောင်းစီးသွားတဲ့အထိ သတ်ပစ်မယ်..."
"ဘယ်သူက သခင်ကို ဆန့်ကျင်ရဲသေးလဲ ကြည့်ရသေးတာပေါ့..."
"နဂါးမျိုးနွယ်မှာ နတ်ဘုရားတစ်ဝက် မရှိတော့ရင် သာမန် နဂါးတွေက ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်..."
"..."
"တတိယအဆင့်... ပတ်ဝန်းကျင်က လက်အောက်ခံ နိုင်ငံတွေကို နှိမ်နင်းရပါမယ်..."
"..."
မုန်လဲ့နှင့် ပူဟာမန်တို့ နှစ်ယောက်တည်း နဂါးနတ်ဘုရား အင်ပါယာကို မည်သို့ ထိန်းချုပ်ရမည်ကို တိုင်ပင်နေကြသည်ကို ကြားသောအခါ ဆမ်မြူရယ်၏ ရင်ထဲတွင် အလွန် ဝမ်းနည်းသွားလေသည်။
အကယ်၍ ပူဟာမန် ပြောသည့်အတိုင်းသာ တကယ် လုပ်ဆောင်ခဲ့လျှင် နဂါးနတ်ဘုရား အင်ပါယာကြီး တစ်ခုလုံး လုံးဝ အုပ်ချုပ်သူ ပြောင်းလဲသွားမည် ဖြစ်သည်။
နဂါးနတ်ဘုရား အင်ပါယာတွင် နဂါးများအတွက် နေရာ ရှိတော့မည် မဟုတ်ပေ။
နဂါးနတ်ဘုရား အင်ပါယာသည် လုံးဝ လူသားများ၏ အင်ပါယာ ဖြစ်သွားမည် ဖြစ်သည်။
လူသားများ၏ ပေါက်ဖွားနှုန်းဖြင့် ဆိုလျှင် နောက်ထပ် ဆယ်စုနှစ် ရာစုနှစ် အနည်းငယ် အကြာတွင် မည်သူက နဂါးမျိုးနွယ်ကို မှတ်မိတော့မည်နည်း။
'နဂါးမျိုးနွယ်က တကယ်ပဲ ပျောက်ကွယ်သွားတော့မှာလား...'
ဆမ်မြူရယ်က ကြောက်လန့်စွာ တွေးတောနေမိလေသည်။
ထိုအချိန်တွင် မှော်ဆက်သွယ်ရေး ကိရိယာ ရုတ်တရက် မြည်လာပြီး ကျောင်းအုပ်ကြီး ဖရက်ဒရစ် ဆီမှ ဆက်သွယ်လာခြင်း ဖြစ်လေသည်။
မုန်လဲ့ အနည်းငယ် တွေဝေသွားပြီးနောက် လက်ခံလိုက်လေသည်။
"မုန်လဲ့..."
ကျောင်းအုပ်ကြီး ဖရက်ဒရစ်၏ မျက်နှာမှာ ရှုပ်ထွေးနေလေသည်။
"ကျောင်းအုပ်ကြီး..."
မုန်လဲ့က အရင်ကလိုပင် ပြုံးကာ ပြန်လည် နှုတ်ဆက်လိုက်လေသည်။
"မုန်လဲ့... မင်း အခု ဘယ်မှာလဲ..."
ကျောင်းအုပ်ကြီး ဖရက်ဒရစ်က တိုးတိုးလေး မေးလိုက်လေသည်။
"နဂါးကျွန်းကနေ အခုလေးတင် ထွက်လာတာပါ... မြို့တော်ကို ပြန်လာမလို့..."
မုန်လဲ့က ရိုးသားစွာ ဖြေလိုက်လေသည်။
"ဒါဆို မင်းက..."
ကျောင်းအုပ်ကြီး ဖရက်ဒရစ် မျက်နှာ ချက်ချင်း ပျက်ယွင်းသွားပြီး အသံများပင် တုန်ရီနေလေသည်။
"နဂါးမျိုးနွယ်ရဲ့ နတ်ဘုရားတစ်ဝက် ၉ ပါးထဲမှာ အိုင်မိုလင် စီနီယာ နဲ့ ထွက်ပြေးသွားတဲ့ မုန်တိုင်း နဂါးကလွဲရင် ကျန်တဲ့ ၈ ပါး အားလုံး သေဆုံးသွားပါပြီ... သာမန် နဂါးတွေလည်း အားလုံး သေကုန်ပါပြီ..."
မုန်လဲ့က ကျောင်းအုပ်ကြီး ဖရက်ဒရစ်ကို ရိုသေလေးစားသဖြင့် ဤကိစ္စကို မလိမ်ချင်ပေ။ ထို့အပြင် လိမ်ရန်လည်း မလိုအပ်ပေ။ မကြာမီ ဤသတင်းမှာ ပြန့်နှံ့သွားမည်မှာ သေချာလေသည်။
"ပြီးပြီ... နဂါးမျိုးနွယ်တော့ လုံးဝ ပြီးသွားပြီ..."
ကျောင်းအုပ်ကြီး ဖရက်ဒရစ်မှာ ဝိညာဉ် လွင့်သွားသကဲ့သို့ ယိမ်းယိုင်သွားလေသည်။
"ငါ ရလဒ် အမျိုးမျိုးကို တွေးထားခဲ့ပေမဲ့ ဒီလို အဆုံးသတ်မျိုး ဖြစ်သွားမယ်လို့ လုံးဝ မထင်ထားခဲ့ဘူး..."
"နဂါးမျိုးနွယ်ရဲ့ နတ်ဘုရားတစ်ဝက် ၉ ပါးထဲက ၇ ပါးကို မင်း သတ်လိုက်နိုင်တယ်... နတ်ဘုရားတစ်ဝက် မရှိတော့တဲ့ နဂါးမျိုးနွယ်က ပျက်စီးဖို့ သေချာသွားပြီ... နဂါးမျိုးနွယ်က အင်ပါယာ တစ်ခုလုံးကို ထိန်းချုပ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး..."
ဖရက်ဒရစ်က ခါးသက်သက် ပြုံးလိုက်လေသည်။
"ထားလိုက်ပါတော့... ထားလိုက်ပါတော့... ဒီလောက်တောင် ဖြစ်နေပြီပဲ... ဘာပြောလို့ ရတော့မှာလဲ..."
"မုန်လဲ့... မင်း ဆက်ပြီး ဘာလုပ်မလို့လဲ... တိုင်းပြည် အသီးသီးက တော်ဝင် မိသားစုတွေကို ဘယ်လို ဆက်ဆံမလို့လဲ..."
'ဒါက မီးနဂါးဘုရင် ဖိလစ် သုံးဆယ့်နှစ် က ကျောင်းအုပ်ကြီးကို မေးခိုင်းလိုက်တာ ဖြစ်ရမယ်...'
မုန်လဲ့ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ဖြည်းညင်းစွာ ပြောလိုက်လေသည်။
"ကျောင်းအုပ်ကြီး... ကျောင်းအုပ်ကြီး မျက်နှာနဲ့ ကျွန်တော် အပြစ်လွှတ်ပေးလိုက်မယ်... ပြီးတော့ တိုင်းပြည် အသီးသီးက တော်ဝင် မိသားစုတွေကို ပျောက်ဆုံးနေတဲ့ တိုက်ကြီးမှာ သွားရောက် အခြေချ နေထိုင်ခွင့် ပြုမယ်..."
"တကယ်လို့ သူတို့ ဆန္ဒရှိရင် ပျောက်ဆုံးနေတဲ့ တိုက်ကြီးကို သူတို့ရဲ့ နေထိုင်ရာ အဖြစ် သတ်မှတ်ပေးမယ်..."
"အဲဒီကို နဂါးကျွန်းသစ် လို့ ခေါ်လိုက်မယ်…”