အခန်း ၂၁၇
Vol. 22 Ch. 217
အခန်း ၂၁၇။ အကြိမ်တစ်ထောင် ကောက်ယူခြင်း၊ နတ်ဘုရားသားရဲ၏ အလောင်း
"အပြစ်ကနေလွှတ်ပေးလိုက်မယ် ဟုတ်လား"
"ပျောက်ဆုံးနေတဲ့ တိုက်ကြီးမှာ သွားပြီး အခြေချခွင့် ပြုမယ် ဟုတ်လား"
"ဘန်း..."
မီးနဂါးဘုရင် ဖိလစ် သုံးဆယ့်နှစ် က အရှေ့ရှိ နဂါး စားပွဲခုံကို ရိုက်ခွဲလိုက်ပြီး သူ၏ မျက်လုံးများမှ မီးတောက်များ ထွက်ပေါ်လာမတတ် ဖြစ်နေလေသည်။
"ဒီ မုန်လဲ့ က တကယ်ကို အနိုင်ကျင့်လွန်းနေပြီ"
ကျောင်းအုပ်ကြီး ဖရက်ဒရစ် ခါးသက်သက် ပြုံးလိုက်လေသည်။
စစ်နဂါးကျောင်းအုပ်ကြီး အစရှိသော သူများလည်း ခါးသက်သက် ပြုံးလိုက်ကြလေသည်။
အနိုင်ကျင့်လွန်းနေတယ် ဟုတ်လား။
ဟုတ်ပါတယ်... မုန်လဲ့က တကယ်ကို အနိုင်ကျင့်လွန်းနေတာပါ။ ဒါပေမဲ့ သူ့ကို ဘာလုပ်လို့ ရမှာလဲ။
သူက နဂါးကျွန်းက နတ်ဘုရားတစ်ဝက် ဘိုးဘေး ၇ ပါးကိုတောင် သတ်ပစ်လိုက်ပြီး... အင်ပါယာ ဧကရာဇ် ကိုတောင် သတ်ပစ်လိုက်တာလေ။
မင်းက ဘာမို့လို့လဲ။
ကောင်းကင်ယံ တိုက်ကြီး က အင်အားကိုပဲ အဓိက ထားတာလေ... ခွန်အားကြီးတဲ့ သူကပဲ အာဏာ ရှိတာပဲ။
ဒါက ဘယ်တော့မှ မပြောင်းလဲတဲ့ အမှန်တရားပဲ။
ဒီနှစ်တွေထဲမှာ နဂါးတွေက လူသားတွေကို အနိုင်ကျင့်ခဲ့တာ... လူသားတွေထက် ပိုသန်မာလို့ မဟုတ်ဘူးလား။
"ကိစ္စတွေက ပြန်ပြင်လို့ မရတော့ဘူးလား"
ဒေါသထွက်ပြီးနောက် ဖိလစ် သုံးဆယ့်နှစ် မှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး... နန်းတော်ထဲရှိ အမတ်များနှင့် မြင့်မြတ်သောနယ်မြေ အဆင့်ရှိသူများကို ကြည့်ကာ... အလွန် မကျေမနပ် ဖြစ်နေလေသည်။
နန်းတော်ထဲရှိ အမတ်များ တိတ်ဆိတ်နေကြလေသည်။
မြင့်မြတ်သောနယ်မြေ အဆင့်ရှိသူများလည်း တိတ်ဆိတ်နေကြလေသည်။
"မင်းတို့တွေက နည်းလမ်းလေး ဘာလေး စဉ်းစားကြပါဦး"
ဖိလစ် သုံးဆယ့်နှစ် က ဒေါသတကြီး အော်ဟစ်လိုက်လေသည် "ငါက တကယ်ပဲ ထီးနန်းကို စွန့်လွှတ်ပြီး... အဲဒီ ငှက်တောင် ချေးမပါတဲ့ ပျောက်ဆုံးနေတဲ့ တိုက်ကြီးကို ပြောင်းသွားရတော့မှာလား"
အမတ်များမှာ ကြောက်လန့်တကြား ငြိမ်သက်နေကြလေသည်။
ကျောင်းအုပ်ကြီး ဖရက်ဒရစ် က ရှေ့ထွက်လာပြီး ခါးသက်သက် ပြုံးကာ ပြောလိုက်လေသည် "ဘုရင်ကြီး... အခြေအနေက ထင်ထားတာထက် ပိုဆိုးနေပါတယ်... အကြမ်းဖက်လို့တော့ လုံးဝ မရပါဘူး"
"ဒါပေမဲ့ မုန်လဲ့က အတိတ်ကို သတိရတတ်ပြီး သံယောဇဉ် ကြီးတဲ့ သူပါ... အဲ့ဒီဘက်ကနေ ချဉ်းကပ်ကြည့်လို့ ရပါတယ်"
"အတိတ်ကို သတိရတတ်တယ် ဟုတ်လား"
"သံယောဇဉ် ကြီးတယ် ဟုတ်လား"
...
နတ်ဘုရားတစ်ဝက် တစ်ပါး ဖြစ်သော ဆမ်မြူရယ်၏ အမြန်နှုန်းမှာ သာမန် မဟုတ်ပေ။ နာရီဝက် အတွင်းမှာပင် နဂါးနတ်ဘုရား အင်ပါယာ၏ မြို့တော်သို့ ပျံသန်းရောက်ရှိလာလေသည်။
ယခုအချိန်တွင် မြို့တော်၌ မငြိမ်သက်မှုများ စတင်ဖြစ်ပေါ်နေပြီး... မိန်းမစိုးများနှင့် နန်းတွင်းသူ အများအပြား နန်းတော်ထဲမှ ထွက်ပြေးနေကြကာ... တော်ဝင် မိသားစုဝင်များမှာလည်း ရန်သူကို ရင်ဆိုင်ရမည့်အလား ကြောက်လန့်နေကြလေသည်။ ဤသည်မှာ အကြောင်းရင်းကို မသိသော ပြည်သူများကိုပါ ထိတ်လန့်သွားစေလေသည်။
မုန်လဲ့တို့ သုံးယောက်က မြို့တော်၏ ကောင်းကင်ယံတွင် မတ်မတ်ရပ်ကာ ဤမြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့နေရလေသည်။
"ပူဟာမန်... မင်း ဘယ်လို ထင်လဲ"
မုန်လဲ့ မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
"ရှုပ်ထွေးတာ ကောင်းတာပေါ့... မရှုပ်ထွေးဘဲနဲ့ ဘယ်လိုလုပ် အုပ်ချုပ်မှု အသစ်ကို တည်ဆောက်နိုင်မှာလဲ... မရှုပ်ထွေးဘဲနဲ့ ယုံကြည်မှုကို ဘယ်လို ပြောင်းလဲနိုင်မှာလဲ"
ပူဟာမန်က ထူးဆန်းစွာ ပြုံးလိုက်လေသည် "သခင် ကျွန်တော့်ကို ယုံကြည်တယ် ဆိုရင်... ဒီကိစ္စကို ကျွန်တော့်ကို လွှဲထားလိုက်ပါ... တစ်လ အကြာမှာ... တည်ငြိမ်တဲ့ မြို့တော်ကို သခင့်ဆီ ပြန်အပ်ပါ့မယ်"
"ကောင်းပြီ... ဒီကိစ္စကို မင်းကို လွှဲထားလိုက်မယ်"
မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်လေသည် "ဆမ်မြူရယ်က မင်းရဲ့ ဒုတိယ အနေနဲ့ လုပ်ပေးလိမ့်မယ်... မင်းတို့ နှစ်ယောက် အတူတူ ဖြေရှင်းကြ"
"သခင်... ကျွန်တော်က သခင်နဲ့ အတူတူ နေပါရစေ"
ဆမ်မြူရယ် ကြားလိုက်သည်နှင့်... ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်လေသည်။ သူက ဤဆိုးယုတ်သော ရှေးခေတ် မိစ္ဆာကြီးနှင့် အနီးကပ် မနေချင်ပေ... အရမ်း အန္တရာယ် များလွန်းသည်။
"မင်းက နဂါးမျိုးနွယ် နတ်ဘုရားတစ်ဝက်ပဲ... ဒီလို အသေးအဖွဲ ကိစ္စတွေကို ဖြေရှင်းဖို့က အသင့်တော်ဆုံးပဲ"
မုန်လဲ့က လက်ကာပြလိုက်ပြီး... ငြင်းဆန်ခွင့် မပေးပေ။
"ဟုတ်ကဲ့ပါ... သခင်"
ဆမ်မြူရယ်မှာ ငိုချင်လျက် မျက်နှာဖြင့် သဘောတူလိုက်ရလေသည်။
"ဆမ်မြူရယ် အကြီးအကဲ... ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်တာ အရမ်း အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်"
ပူဟာမန်က ထူးဆန်းစွာ ပြုံးလိုက်လေရာ... ဆမ်မြူရယ် တစ်ကိုယ်လုံး ကြက်သီးထသွားပြီး... ချက်ချင်းပင် ထွက်ပြေးချင်စိတ် ပေါက်သွားလေသည်။
"သွားကြတော့"
သူတို့ နှစ်ယောက်ကို လွှတ်လိုက်ပြီးနောက် မုန်လဲ့က နန်းတော်ထဲတွင် နန်းဆောင် တစ်ခုကို ရှာကာ စိတ်ချလက်ချ တံခါးပိတ် ကျင့်ကြံနေလိုက်လေသည်။
နန်းတွင်းရေးကို ထိန်းချုပ်ရမည့် ကိစ္စများကို သူ နားမလည်သလို... စိတ်လည်း မဝင်စားပေ။ ဒါတွေကို ပညာရှင်တွေဆီ လွှဲထားလိုက်တာ အကောင်းဆုံးပဲ။
ပိုင်ရှင် လုပ်ရတာလည်း မဆိုးပါဘူး။
ဘာပဲဖြစ်ဖြစ်... အားလုံးက သူ့လက်ထဲမှာပဲ ရှိနေတာပဲလေ။
...
'နဂါးမျိုးနွယ် နတ်ဘုရားတစ်ဝက်တွေ သေကုန်ပြီ ဆိုတော့... ကောင်းကင်ယံ တိုက်ကြီးက သာမန် နဂါးတွေက သိပ်ပြီး ဒုက္ခပေးနိုင်မှာ မဟုတ်တော့ဘူး...'
'နောက်ထပ် ခြိမ်းခြောက်လာနိုင်တာက အပိုင်း နှစ်ပိုင်း ရှိတယ်... နဂါးနတ်ဘုရား နဲ့ အင်ပါယာ သုံးခု ပဲ...'
မုန်လဲ့က ဧကရာဇ် အိပ်သည့် နဂါးကုတင်ပေါ်တွင် မှီလျက်... လက်ရှိ အခြေအနေကို စဉ်းစားနေလေသည်။
'နတ်ဘုရားတွေ အတွက် ယုံကြည်မှုက ဘယ်လောက် အရေးကြီးလဲ ဆိုတာ ပြောစရာတောင် မလိုဘူး... နဂါးနတ်ဘုရား က လုံးဝ နဂါးနတ်ဘုရား အင်ပါယာ ဆိုတဲ့ ယုံကြည်မှု နယ်မြေကို လွယ်လွယ်နဲ့ စွန့်လွှတ်မှာ မဟုတ်ဘူး...'
'သူ ဘယ်လို လှုပ်ရှားမလဲ ဆိုတာကိုပဲ စောင့်ကြည့်ရမှာပဲ...'
'ပြီးတော့ အင်ပါယာ သုံးခု...'
'သူတို့က ငါ နဂါးနတ်ဘုရား အင်ပါယာကို လုံးဝ ထိန်းချုပ်နိုင်ဖို့ အတွက် အခွင့်အရေး ပေးမှာ မဟုတ်ဘူး...'
'ဒါကြောင့်... နောက်ထပ် လာမယ့် ရန်သူတွေက ပိုပြီး အားကောင်းလာလိမ့်မယ်... အခြေအနေကလည်း ပိုပြီး ဆိုးရွားလာလိမ့်မယ်...'
'ခွန်အား... ခွန်အားကို ဆက်ပြီး မြှင့်တင်ရဦးမယ်... ခွန်အား ရှိမှသာ ဘာကိုမှ မကြောက်ဘဲ နေနိုင်မှာ...'
မုန်လဲ့က ဂုဏ်သတ္တိ ပြကွက်ကို ကြည့်လိုက်လေသည်။
နိယာမ အရင်းအမြစ် ကျောက်သလင်း ၁၃.၅၇ သန်း ဆိုသည့် ကြွယ်ဝမှုမှာ ဤတစ်ကြိမ် နဂါးကျွန်း ခရီးစဉ်၏ အကြီးမားဆုံး ဆုလာဘ်ပင် ဖြစ်လေသည်။
'ငါ့ရဲ့ လက်ရှိ နတ်ဘုရား ခန္ဓာကိုယ် နဲ့ နတ်ဘုရား ဝိညာဉ် က ပိုက်ဆံနဲ့ မြှင့်တင်လို့ မရတော့ဘူး... နတ်ဘုရားစွမ်းအား နဲ့ ပေါင်းစပ် နိယာမ တွေကို မြှင့်တင်ဖို့ကလည်း အရမ်း ဈေးကြီးလွန်းတယ်...'
'အကန့်အသတ်မဲ့ ကောက်ယူခြင်း ကိုပဲ ဆက်လုပ်ရမှာပဲ...'
'အကြိမ် ၁၀၀ မရရင် အကြိမ် ၁၀၀၀ လုပ်မယ်... ကောင်းတဲ့ ပစ္စည်း မရဘူး ဆိုတာ မဖြစ်နိုင်ဘူး...'
'စနစ်... အကန့်အသတ်မဲ့ ကောက်ယူခြင်း အကြိမ် ၁၀၀ လုပ်ပေး...' မုန်လဲ့ အမိန့်ပေးလိုက်လေသည်။
"ဒင်... ကောက်ယူမှု အောင်မြင်ပါတယ်... နဂါးသွေး ဆေးရည် ၁၀ ပုလင်း ရရှိပါတယ်..."
"ဒင်... ကောက်ယူမှု အောင်မြင်ပါတယ်... မြေဓာတ် မှော်စာလိပ် တစ်ခု ရရှိပါတယ်..."
"ဒင်... ကောက်ယူမှု အောင်မြင်ပါတယ်..."
အကန့်အသတ်မဲ့ ကောက်ယူခြင်း အကြိမ် ၁၀၀ လျင်မြန်စွာ ပြီးဆုံးသွားသော်လည်း... စိတ်ကျေနပ်စရာ ကောင်းသည့် ပစ္စည်း တစ်ခုမှ မရခဲ့ပေ။
'စနစ်... နောက်ထပ် အကြိမ် ၁၀၀...'
"ဒင်... ကောက်ယူမှု အောင်မြင်ပါတယ်..."
'ငါ မရဘူးလို့ မယုံဘူး... နောက်ထပ်...'
"..."
'အမှိုက်တွေ... အမှိုက်တွေချည်းပဲ...'
'ဒီခွေးစနစ်က... ဒီထက် ပိုပြီး လိမ်လို့ မရတော့ဘူးလား...'
'တောက်... နောက်ထပ် အကြိမ် ၁၀၀၀ လုပ်ပေးစမ်း...'
မုန်လဲ့ ဒေါသထွက်သွားလေသည်။ နိယာမ အရင်းအမြစ် ကျောက်သလင်း ၁၀၀၀ ဆိုတာ မပြောပလောက်တဲ့ ပမာဏလေးပဲလေ။
စနစ်၏ အသိပေးသံများ ချက်ချင်း ထွက်ပေါ်လာလေသည်။
"ဒင်... ကောက်ယူမှု အောင်မြင်ပါတယ်... ပြားချပ်ချပ် ကျောက်ဆစ် လက်ရာ အိပ်မက်မှ နိုးထခြင်း တစ်ခု ရရှိပါတယ်..."
"ဒင်... ကောက်ယူမှု အောင်မြင်ပါတယ်... နတ်ဘုရားသတ် ကြွက် ပေ့ပေ့ ရဲ့ ကောက်ရိုးဦးထုပ် တစ်လုံး ရရှိပါတယ်..."
'တောက်... ငါ့ကို အလကား စိတ်လှုပ်ရှားအောင် လုပ်နေတာပဲ... ပေါက်ပြဲနေတဲ့ ကောက်ရိုးဦးထုပ်လေးကို...'
"..."
"ဒင်... ကောက်ယူမှု အောင်မြင်ပါတယ်... အသက်ပင် ရဲ့ ပျိုးပင် တစ်ပင် ရရှိပါတယ်..."
'အသက်ပင် ရဲ့ ပျိုးပင် ဟုတ်လား...'
မုန်လဲ့ စိတ်ထဲတွင် တွေးလိုက်ရာ... သူ၏ လက်ဖဝါးထဲတွင် တစ်မီတာခန့် မြင့်သော သစ်ပင်ပေါက်လေး တစ်ပင် ထွက်ပေါ်လာလေသည်။
အလွန် ကြည်လင် တောက်ပနေပြီး... စိမ်းလန်း စိုပြည်ကာ... ပြင်းထန်သော အသက်စွမ်းအင်များ ထွက်ပေါ်နေလေသည်။
'မဆိုးဘူး...'
မုန်လဲ့က အသက်ပင်၏ ပျိုးပင်လေးကို အချိန်ကာလ မျှော်စင်၏ ၉၅ ထပ်တွင် စိုက်ပျိုးလိုက်လေသည်။
ထို့အပြင်... သစ်ဓာတ် စွမ်းအင်များကို စုဆောင်းပေးမည့် မှော်အစီအရင် တစ်ခုကိုပါ တည်ဆောက်ပေးခဲ့လေသည်။
ထို့နောက်မှ သူ ထွက်လာခဲ့လေသည်။
"ဒင်... ကောက်ယူမှု အောင်မြင်ပါတယ်... နဂါးအရိုးမြက် ၃ ပင် ရရှိပါတယ်..."
"..."
"ဒင်... ကောက်ယူမှု အောင်မြင်ပါတယ်... ပေါင်းစပ် နိယာမ အပိုင်းအစ တစ်ခု ရရှိပါတယ်... ပေါင်းစပ်မလား..."
'ပေါင်းစပ် နိယာမ အပိုင်းအစ လား...'
'ထားလိုက်ပါတော့... ပေါင်းစပ်လိုက်မယ်...'
'ဒီတစ်ခါ လျှပ်စီး-ရေခဲ ပေါင်းစပ် နိယာမ ပဲ...'
"..."
"ဒင်... ကောက်ယူမှု အောင်မြင်ပါတယ်... နတ်ဘုရား အမြုတေ တစ်ခု ရရှိပါတယ်... ပေါင်းစပ်မလား..."
'နတ်ဘုရား အမြုတေ ထပ်ရပြန်ပြီလား...'
မုန်လဲ့ စိတ်လှုပ်ရှားသွားပြီး... ညာဘက် လက်ကို လှန်လိုက်ရာ... လက်ဖဝါးထဲတွင် နတ်ဘုရား အမြုတေ တစ်ခု ထွက်ပေါ်လာလေသည်။
ဤသည်မှာ တစ်ခုလုံး မည်းနက်နေပြီး... ပြင်းထန်သော အမှောင် နတ်ဘုရားစွမ်းအား လှုပ်ရှားမှုများ ထွက်ပေါ်နေသည့် အမှောင်ဓာတ် နတ်ဘုရား အမြုတေ ပင် ဖြစ်လေသည်။
'နတ်ဘုရားစွမ်းအား လှုပ်ရှားမှုက... ဟိုရေဓာတ် နတ်ဘုရား အမြုတေနဲ့ သိပ်မကွာဘူး... အဆင့်နိမ့် နတ်ဘုရား အမြုတေ ဖြစ်ရမယ်...'
'နှမြောစရာပဲ... ငါ ပေါင်းစပ်လို့ မရဘူး... ကြည့်နေရတာ တကယ် သွားရည်ကျစရာပဲ...'
"..."
"ဒင်... ကောက်ယူမှု အောင်မြင်ပါတယ်... ပေါင်းစပ် နိယာမ အပိုင်းအစ တစ်ခု ရရှိပါတယ်... ပေါင်းစပ်မလား..."
'ပေါင်းစပ်မယ်...'
'ဒီတစ်ခါ အလင်း-ရေ ပေါင်းစပ် နိယာမ...'
"..."
"ဒင်... ကောက်ယူမှု အောင်မြင်ပါတယ်... နတ်ဘုရား ဝိညာဉ် ကျောက်သလင်း တစ်ခု ရရှိပါတယ်..."
'နတ်ဘုရား ဝိညာဉ် ကျောက်သလင်း... အဲဒါ ဘာကြီးလဲ...'
ရွှေရောင် စိန်ပုံသဏ္ဌာန်... ကလေး လက်သီးခန့် အရွယ်အစားရှိ ကျောက်သလင်း တစ်ခုက မုန်လဲ့၏ လက်ထဲတွင် ထွက်ပေါ်လာလေသည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင်... မုန်လဲ့မှာ ခေါင်းမူးသွားပြီး... စိတ်ဝိညာဉ် တစ်ခုလုံး ဤကျောက်သလင်းထဲသို့ စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။
'ဒိုဒိုလာ... နတ်ဘုရား ဝိညာဉ် ကျောက်သလင်း ဆိုတာ ဘာလဲ...'
မုန်လဲ့က အိပ်မောကျနေသော ဒိုဒိုလာကို နှိုးလိုက်ရလေသည်။
"သူများ အိပ်နေတာကို နှောင့်ယှက်တာ... အရမ်း ရိုင်းပျပြီး... ကိုယ်ကျင့်တရား ကင်းမဲ့တဲ့ လုပ်ရပ်ပဲ..."
ဒိုဒိုလာက မုန်လဲ့၏ လုပ်ရပ်ကို အလွန် မကျေမနပ် ဖြစ်နေသော်လည်း... ရှင်းပြပေးလိုက်လေသည်။
"နတ်ဘုရား ဝိညာဉ် ကျောက်သလင်း ဆိုတာ နတ်ဘုရား အမြုတေထဲကနေ ထုတ်ယူပြီး ပြုပြင်ထားတဲ့ နတ်ဘုရား ဝိညာဉ် စွမ်းအင်တွေပဲ..."
"နတ်ဘုရား အမြုတေထဲကနေ ထုတ်ယူထားတာ ဟုတ်လား... ဒီပစ္စည်းက ဘာအတွက် သုံးတာလဲ..." မုန်လဲ့က ထပ်မေးလိုက်လေသည်။
"အထူး ပြုပြင်ထားတဲ့ အတွက်... နတ်ဘုရား ဝိညာဉ် ကျောက်သလင်းထဲမှာ ကျဆုံးသွားတဲ့ နတ်ဘုရားရဲ့ ဆန္ဒ... မှတ်ဉာဏ်... နတ်ဘုရား သဘာဝ... နိယာမ နားလည်မှု စတဲ့... မူလ ပိုင်ရှင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ လုံးဝ မပါဝင်တော့ဘူး..."
ဒိုဒိုလာက ပြောလေသည် "ဒါကြောင့်... နတ်ဘုရား ဝိညာဉ် ကျောက်သလင်းက အသန့်စင်ဆုံး နတ်ဘုရား ဝိညာဉ် စွမ်းအင်တွေ ဖြစ်ပြီး... နတ်ဘုရား ဝိညာဉ်ကို အားဖြည့်ပေးတဲ့ ရတနာ တစ်ခုပဲ..."
"နတ်ဘုရား ဝိညာဉ်ကို အားဖြည့်ပေးတယ် ဟုတ်လား..." မုန်လဲ့ မျက်လုံးများ အရောင်လက်သွားလေသည် "ဘေးထွက်ဆိုးကျိုး ရှိလား..."
"မရှိဘူး..."
"နားလည်ပြီ... မင်း ဆက်အိပ်တော့..."
"မင်း ရုတ်တရက်ကြီး ဒါကို ဘာလို့ မေးတာလဲ..."
"ဘာမှ မဟုတ်ပါဘူး... ဒီတိုင်း မေးကြည့်တာ..."
"မေးလည်း အလကားပဲ... ဘယ်လိုပဲဖြစ်ဖြစ် မင်းက နတ်ဘုရား ဝိညာဉ် ကျောက်သလင်းကို ရနိုင်မှာ မဟုတ်ပါဘူး... ဒီပစ္စည်းက အရမ်း ဈေးကြီးတယ်..."
"အဆင့်နိမ့် နတ်ဘုရား အမြုတေ တစ်ခုကနေ ပြုပြင်ထားတဲ့ နတ်ဘုရား ဝိညာဉ် ကျောက်သလင်း တစ်ခုတောင် နတ်ဘုရားစွမ်းအား ကျောက်သလင်း သောင်းနဲ့ချီ တန်တယ်..."
ဒိုဒိုလာက ရေရွတ်လိုက်ပြီး... ဆက်လက် အိပ်မောကျသွားလေတော့သည်။
'ရနိုင်မှာ မဟုတ်ဘူး ဟုတ်လား...'
မုန်လဲ့က လက်ထဲရှိ ရွှေရောင် စိန်ပုံသဏ္ဌာန် ကျောက်သလင်းကို ကြည့်ကာ... အလွန် ဝမ်းသာနေလေသည်။
'နတ်ဘုရား ဝိညာဉ်ကို အားဖြည့်ပေးတယ်... ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး...'
ဘာကို စောင့်နေရဦးမှာလဲ။
'ပေါင်းစပ်မယ်...'
"ဝုန်း..."
နတ်ဘုရား ဝိညာဉ် ကျောက်သလင်း ချက်ချင်း ပျောက်ကွယ်သွားလေသည်။
တစ်ချိန်တည်းမှာပင်... မုန်လဲ့၏ အသိစိတ်ထဲသို့ ပြင်းထန်သော အေးမြသည့် စွမ်းအင်များ ဝင်ရောက်လာပြီး... သူ၏ နတ်ဘုရား ဝိညာဉ်ကို ရူးသွပ်စွာ အားဖြည့်ပေးနေလေသည်။
"ဝုန်း..."
အချိန်တိုလေး အတွင်းမှာပင်... နတ်ဘုရား ဝိညာဉ်က အဆပေါင်းများစွာ တိုးတက်သွားလေသည်။
တစ်ခဏအတွင်း... တွေးခေါ်မှုများ ပိုမို လျင်မြန်လာပြီး... အသိစိတ်များ ပိုမို တက်ကြွလာကာ... နတ်ဘုရား အာရုံ လွှမ်းခြုံနိုင်သည့် အကွာအဝေး ပိုမို ကျယ်ပြန့်လာပြီး... လောက နိယာမများကိုလည်း ပိုမို ရှင်းလင်းစွာ သိမြင်လာရလေသည်။
'အရမ်း စွမ်းအားကြီးတဲ့ ခံစားချက်ပဲ...'
နတ်ဘုရား ဝိညာဉ် အဆက်မပြတ် တိုးတက်နေသည့် ခံစားချက်မှာ အလွန် ကောင်းမွန်လှရာ... ဖြစ်နိုင်လျှင် မုန်လဲ့သည် ဤအတိုင်း အမြဲတမ်း တိုးတက်နေချင်မိလေသည်။
သို့သော် ဝမ်းနည်းစရာမှာ... အရာအားလုံးတွင် အစနှင့် အဆုံး ရှိလေသည်။
အချိန်ခဏ ကြာပြီးနောက်... အရာအားလုံး ပျောက်ကွယ်သွားလေသည်။
မုန်လဲ့ မျက်လုံး ဖွင့်လိုက်ပြီး... ဂုဏ်သတ္တိ ပြကွက်ကို တစ်ချက် ကြည့်လိုက်ရာ... အလွန် ကျေနပ်သွားလေသည်။
ပိုင်ရှင် - မုန်လဲ့
မျိုးနွယ် - လူသား (နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက်)
ကြွယ်ဝမှု - နိယာမ အရင်းအမြစ် ကျောက်သလင်း ၁၃.၅၇ သန်း
ခန္ဓာကိုယ် - နတ်ဘုရားတစ်ဝက် ခန္ဓာကိုယ် (အဆင့်မြင့်)
ဝိညာဉ် - နတ်ဘုရားတစ်ဝက် ဝိညာဉ် (အဆင့်မြင့်)
နတ်ဘုရားစွမ်းအား - ဝ.၁
နိယာမ နားလည်မှု - သစ်-မြေ ပေါင်းစပ် နိယာမ (ဝ.၁%)၊ သတ္တု-အမှောင် ပေါင်းစပ် နိယာမ (ဝ.၁%)၊ လျှပ်စီး-ရေခဲ ပေါင်းစပ် နိယာမ (ဝ.၁%)၊ ရေ-အလင်း ပေါင်းစပ် နိယာမ (ဝ.၁%)
'နတ်ဘုရား ဝိညာဉ် က အဆင့်နိမ့် ကနေ အဆင့်မြင့် ကို ရောက်သွားတာ... သေးငယ်တဲ့ နတ်ဘုရား ဝိညာဉ် ကျောက်သလင်းလေး တစ်ခုတည်း နဲ့တင် ရသွားတာပဲ...'
မုန်လဲ့ မနေနိုင်ဘဲ ချီးကျူးလိုက်လေသည် 'ဒီပစ္စည်းက တကယ်ကို ကောင်းတဲ့ ပစ္စည်းပဲ... နောင်ကျရင် ပိုပြီး ကောက်ရရင် ကောင်းမှာပဲ...'
'ဒါနဲ့... ဒိုဒိုလာ ပြောဖူးတယ်... နိယာမ ပေါင်းစပ်မှုရဲ့ အခက်အခဲ က နတ်ဘုရား ဝိညာဉ် ရဲ့ ကြံ့ခိုင်မှု နဲ့ သက်ဆိုင်တယ် လို့...'
'ငါ့ရဲ့ နတ်ဘုရား ဝိညာဉ် က ဒီလောက်တောင် အားကောင်းလာပြီ ဆိုတော့... ပေါင်းစပ် နိယာမ ကို မြှင့်တင်ဖို့ ပိုက်ဆံ သုံးရတာ ပိုသက်သာသွားလောက်ပြီ…’