အခန်း ၂၂၃
Vol. 23 Ch. 223
အခန်း ၂၂၃။ တိုက်တန် အညံ့ခံခြင်း၊ ပင့်ကူ နတ်ဘုရားမ
လေပြေလေးက ညင်သာစွာ တိုက်ခတ်နေပြီး လူသားများ၏ ပါးစပ်ကို အမျိုးသမီး တစ်ဦး၏ လက်ချောင်းလေးများဖြင့် ပွတ်သပ်ပေးနေသည့်အလား... နူးညံ့ပြီး လွတ်လပ်ကာ သက်သောင့်သက်သာ ရှိလှပေသည်။
သို့သော် အကျင့်ပျက် တိုက်တန် ဘာဘရူးစ် မှာမူ သက်သောင့်သက်သာ မရှိနိုင်ခဲ့ပေ။ သူက ခေါင်းမရှိသော အလောင်း နှစ်လောင်းကို ကြည့်ကာ ရင်ထဲတွင် ကြောက်ရွံ့မှုများသာ ကျန်ရှိတော့လေသည်။
ခြင်္သေ့-မြွေ-ဆိတ် သတ္တဝါ ဘုရင်မ...
ရွှေရောင် နဂါးခြင်္သေ့...
ဒီလိုပဲ သေသွားရရှာပြီ။
အမှောင် နတ်သမီး ဘုရင်မ လည်း ထွက်ပြေးသွားပြီ။
နှစ်ဦးသေ၍ တစ်ဦးထွက်ပြေးခြင်း...
အခုဆိုရင် သူတစ်ယောက်တည်းပဲ ကျန်တော့သည်။
ဘယ်လိုလုပ်ရမလဲ...
ပြေးမလို့လား...
ပြေးလို့ မလွတ်ပါဘူး...
တိုက်မလို့လား...
တိုက်လို့ မနိုင်ပါဘူး...
သေမလို့လား...
မသေချင်ပါဘူး...
ဒါဆို အညံ့ခံရမှာလား...
မလုပ်ဘူး...
ငါက မြင့်မြတ်တဲ့ အကျင့်ပျက် တိုက်တန်ပဲ...
သေရင်သေမယ်... အပိုင်းပိုင်း အခုတ်ခံရရင် ခံရမယ်... ဒီနေရာကနေ ခုန်ချရင် ခုန်ချမယ်... ငါ လုံးဝ အညံ့ခံမှာ မဟုတ်ဘူး...
"ဘာဘရူးစ်..."
မုန်လဲ့က လှည့်ကြည့်လိုက်လေသည်။
"ကျွန်တော် အညံ့ခံပါတယ်..."
အကျင့်ပျက် တိုက်တန်က အလျင်အမြန်ပင် ဒူးတစ်ဖက်ထောက်ကာ မြင့်မြတ်သော ခေါင်းကို ငုံ့လိုက်ပြီး... သူ၏ နတ်ဘုရား ဝိညာဉ် အရင်းအမြစ်ကို ကိုယ်တိုင် ပေးအပ်လိုက်လေသည်။ တကယ့်ကို သန့်ရှင်းသပ်ရပ်လှပေသည်။
မုန်လဲ့ အနည်းငယ် ကြောင်သွားပြီးမှ... "ဘာဘရူးစ်... မင်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုကို လုပ်ခဲ့တာပဲ..." ဟု ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့ သခင်..."
အကျင့်ပျက် တိုက်တန်က ထရပ်လိုက်ပြီး မုန်လဲ့ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
သူ သိထားသည်က ဒီနေ့ကစပြီး သူ၏ အသက်က မုန်လဲ့၏ လက်ထဲသို့ လုံးဝ ရောက်ရှိသွားပြီ ဖြစ်ကြောင်းပင်။
မုန်လဲ့ အသက်ရှင်စေချင်ရင် အသက်ရှင်မယ်...
မုန်လဲ့ သေစေချင်ရင် သေမယ်...
အခြေအနေကို ပြောင်းလဲနိုင်မယ့် အခွင့်အရေး လုံးဝ မရှိတော့ပေ။
"လူကောင်ကြီး... မင်းက ငါ့ကို အရမ်း စိတ်ပျက်စေတာပဲ..."
ပူဟာမန်က အလွန် မကျေမနပ် ဖြစ်နေလေသည် "မြင့်မြတ်တဲ့ အကျင့်ပျက် တိုက်တန် ဖြစ်နေရက်နဲ့... ဘာလို့ အညံ့ခံလိုက်တာလဲ... မင်းက အဆုံးထိ တိုက်ခိုက်ပြီး သေရဲရမှာ မဟုတ်ဘူးလား..."
"ဆိုးယုတ်တဲ့ သေမင်းတမန် နတ်ဘုရားတစ်ဝက်... ဘာဘရူးစ် နဲ့ ဝေးဝေးနေစမ်း..." အကျင့်ပျက် တိုက်တန်က ပူဟာမန်ကို မုန်းတီးစွာ စိုက်ကြည့်လိုက်လေသည် "မဟုတ်ရင်... ငါ လက်သီးနဲ့ မင်းရဲ့ ခေါင်းကို ရိုက်ခွဲပစ်မယ်..."
"ဟီးဟီး... နောက်တာပါ..."
ပူဟာမန်က အကျင့်ပျက် တိုက်တန်၏ ကြီးမားလှသော လက်သီးကြီးကို ကြည့်ကာ ထူးဆန်းစွာ ရယ်မောလိုက်လေသည် "အညံ့ခံလိုက်ပြီ ဆိုမှတော့ သူငယ်ချင်းတွေ ဖြစ်သွားပြီပေါ့..."
"ဘာဘရူးစ်... ကြိုဆိုပါတယ်..."
"ဟွန့်... ဒီလိုမှပေါ့..."
အကျင့်ပျက် တိုက်တန်က နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာမှာ အနည်းငယ် ပြေလျော့သွားလေသည်။
မုန်လဲ့ ဖြည်းညင်းစွာ ပြုံးလိုက်လေသည် "ဘာဘရူးစ်... ရွှေရောင် နဂါးခြင်္သေ့ မျိုးနွယ်စု ဘယ်မှာ ရှိလဲ ဆိုတာ မင်း သိလား..."
"သခင်... ရွှေရောင် နဂါးခြင်္သေ့ မျိုးနွယ်စု က ရွှေရောင် ကျွန်းစု တွေမှာ ရှိတာပါ... အဲဒီမှာ ကျွန်းကြီး ကျွန်းငယ် ၅၀၀၀ ကျော် ရှိပြီး... အားလုံးက ရွှေရောင် နဂါးခြင်္သေ့ မျိုးနွယ်စု ရဲ့ နယ်မြေတွေချည်းပါပဲ..." ဘာဘရူးစ်က ရိုသေစွာ ပြန်ဖြေလေသည်။
"ရွှေရောင် ကျွန်းစု ဟုတ်လား..." မုန်လဲ့ ခေါင်းညိတ်လိုက်လေသည် "မင်း လမ်းသိတယ် မဟုတ်လား..."
"ရွှေရောင် ကျွန်းစု က အဆုံးအစမရှိတဲ့ ပင်လယ်ပြင်ကြီးရဲ့ အရှေ့ဘက် ပင်လယ်ပိုင်းမှာ ရှိတာပါ... အပြာရောင် နဂါး တိုင်းပြည် ကနေ အရှေ့ဘက်ကို ကီလိုမီတာ ၃ သောင်းခန့် ပျံသန်းသွားရင် ရွှေရောင် ကျွန်းစု ဆီ ရောက်နိုင်ပါတယ်..."
ဘာဘရူးစ်က ရိုသေလေးစားစွာ ပြောလိုက်လေသည် "လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ တုန်းက... ကျွန်တော် ရွှေရောင် ကျွန်းစု ဆီ သွားရောက် လည်ပတ်ခဲ့ဖူးပြီး... အဲဒီအချိန်တုန်းက ဆတ်ခ်လေး နဲ့ သိခဲ့တာပါ..."
"လမ်းသိတယ် ဆိုရင်တော့... ကောင်းတာပေါ့..."
မုန်လဲ့ ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည် "ခဏနေရင်... မင်း ငါနဲ့အတူ မြေအောက်ကမ္ဘာကို တစ်ခေါက် အရင်သွားမယ်... ပြီးမှ နေဝင်ချိန် တောင်တန်း ဆီ သွားမယ်... နောက်ဆုံးမှ ရွှေရောင် ကျွန်းစု ဆီ သွားကြတာပေါ့..."
"သခင်... ဒါက... အဆင်မပြေလောက်ဘူး ထင်တယ်..."
ဘာဘရူးစ် အနည်းငယ် တွေဝေနေလေသည်။
"ဘာဖြစ်လို့လဲ..."
မုန်လဲ့ အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။
"မြေအောက်ကမ္ဘာ က အလွန် ရှုပ်ထွေးပြီး... ဆိုးယုတ်တဲ့ မိစ္ဆာနတ်ဘုရားတွေ အများကြီး ရှိနေတာပါ... ဒီမိစ္ဆာနတ်ဘုရားတွေက အရမ်း ရက်စက်ပြီး တခြားသူတွေကို လုံးဝ လက်မခံကြဘူး... ကျွန်တော်တို့ မြေအောက်ကမ္ဘာထဲ ဝင်သွားရင် သူတို့ရဲ့ တိုက်ခိုက်မှုကို လွယ်လွယ်ကူကူ ခံရနိုင်တယ်..."
ဘာဘရူးစ်က ရှင်းပြလိုက်လေသည် "ဥပမာ အမှောင် နတ်သမီး မျိုးနွယ်တွေ ကိုးကွယ်တဲ့ ပင့်ကူ နတ်ဘုရားမ ဆိုရင်... အလွန် ဆိုးယုတ် ရက်စက်တဲ့ မိစ္ဆာနတ်ဘုရား တစ်ပါးပဲ..."
"သခင်က နာဂါရော့စ် ကို ဒုက္ခသွားပေးမယ် ဆိုရင်... ပင့်ကူ နတ်ဘုရားမ က လုံးဝ ငြိမ်နေမှာ မဟုတ်ဘူး..."
"ပင့်ကူ နတ်ဘုရားမလား " မုန်လဲ့ မျက်ခုံးပင့်လိုက်လေသည် "သူမက စစ်မှန်တဲ့ နတ်ဘုရားလား... ဒါမှမဟုတ် နတ်ဘုရားတစ်ဝက် လား..."
"ပင့်ကူ နတ်ဘုရားမ က စစ်မှန်တဲ့ နတ်ဘုရား အဆင့်ကို မရောက်သေးပေမဲ့... အလွန် ရှေးကျတဲ့ နတ်ဘုရားတစ်ဝက် တစ်ပါးပါ... စစ်မှန်တဲ့ နတ်ဘုရား ၄ ပါးလိုပဲ ရှေးကျတယ်..."
ဘာဘရူးစ်က ရှင်းပြလိုက်လေသည် "ပုံပြင်တွေအရ... နဂါးနတ်ဘုရား... သားရဲနတ်ဘုရား... နတ်သမီး ဘုရင်မ... တိုက်တန် နတ်ဘုရား စတဲ့ စစ်မှန်တဲ့ နတ်ဘုရား ၄ ပါး ပူးပေါင်းပြီး မြေအောက်ကမ္ဘာကို နှင်ထုတ်ခြင်း မခံခဲ့ရရင်... ပင့်ကူ နတ်ဘုရားမ က စစ်မှန်တဲ့ နတ်ဘုရား ဖြစ်နေတာ ကြာပြီလို့ ဆိုကြတယ်..."
"ဒါပေမဲ့လည်း... ပင့်ကူ နတ်ဘုရားမ က အနက်ရှိုင်းဆုံး စွမ်းအားရှိတဲ့ နတ်ဘုရားတစ်ဝက် ဖြစ်နေတုန်းပဲ... သခင် သွားပြီး မနှောင့်ယှက်တာ အကောင်းဆုံးပါပဲ..."
"ပင့်ကူ နတ်ဘုရားမ..."
မုန်လဲ့ မျက်လုံးများကို အနည်းငယ် မှိတ်လိုက်လေသည် "မင်း ပြောတာ ကြားတော့... ငါ အနည်းငယ် သံသယ ဖြစ်မိတယ်... အမှောင် နတ်သမီး ဘုရင်မ ဒီကို လာတာ... ပင့်ကူ နတ်ဘုရားမ ရဲ့ စေခိုင်းမှုကြောင့်လား လို့..."
"ဒါက ဖြစ်နိုင်ခြေ အရမ်း များပါတယ်..."
ဘာဘရူးစ် ခေါင်းညိတ်လိုက်လေသည် "ရှေးအကျဆုံး နတ်ဘုရားတစ်ဝက် ဖြစ်တဲ့ အလျောက်... ပင့်ကူ နတ်ဘုရားမ က စစ်မှန်တဲ့ နတ်ဘုရား အဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ... ပြောရရင်တော့... သူမက တခြား နတ်ဘုရားတစ်ဝက်တွေထက် ယုံကြည်မှုကို ပိုပြီး လိုအပ်နေတာပဲ..."
"အခု နဂါးမျိုးနွယ် နတ်ဘုရားတစ်ဝက်တွေ အားလုံး သေကုန်ပြီ ဆိုတော့... နဂါးနတ်ဘုရား အင်ပါယာ ဆိုတဲ့ ကြီးမားလှတဲ့ ယုံကြည်မှု နယ်မြေကြီးက လစ်လပ်သွားပြီလေ... ပင့်ကူ နတ်ဘုရားမ က ဘယ်လိုလုပ် လွှတ်ထားမှာလဲ..."
"ဒါဆိုရင်... ငါက ပင့်ကူ နတ်ဘုရားမ ကို သွားပြီး ဒုက္ခမပေးရင်တောင်... သူမက ငါ့ဆီ လာမှာပဲပေါ့..."
မုန်လဲ့ ရယ်မောလိုက်လေသည် "ဒါဆိုရင်လည်း... ကိုယ်တိုင် သွားပြီး သူမကို သတ်ပစ်လိုက်တာ ပိုကောင်းတာပေါ့... နောက်ပိုင်း ငါ့ကို လာပြီး ဒုက္ခမပေးနိုင်တော့အောင်လို့..."
"ဒါပေမဲ့..."
ဘာဘရူးစ် အနည်းငယ် တွေဝေနေသေးသည်။
"ဒါပေမဲ့ ဘာမှ မရှိဘူး... နဂါးနတ်ဘုရား အင်ပါယာ က ငါ့ပိုင်ဆိုင်မှု... ဘယ်သူမှ လာပြီး လုယူလို့ မရဘူး..."
မုန်လဲ့ လက်ယမ်းပြလိုက်လေသည် "ဒီလို အိုမင်းနေတဲ့ အမှိုက်ကြီး အကြောင်း ပြောမနေနဲ့တော့... သူမက မြေအောက်ကမ္ဘာမှာ အေးအေးဆေးဆေးပဲ အသက်ဆက်နေသင့်တာ... ငါ့ကို လာပြီး စိန်ခေါ်လို့ မရဘူး..."
ဘာဘရူးစ် ထိုစကားကို ကြားပြီးနောက် အဆက်မပြတ် ခါးသက်သက် ပြုံးလိုက်ရပြီး ဘာပြောရမှန်းပင် မသိတော့ပေ။ ဤသခင်က ပင့်ကူ နတ်ဘုရားမ ကိုတောင် မျက်စိထဲ မထည့်တာကိုး။
"သခင်... သခင်တို့ ဘယ်အချိန် ထွက်ခွာမှာလဲ..." ပူဟာမန်က ရိုသေစွာ မေးလိုက်လေသည်။
"ဒီနေ့ပဲ သွားမယ်..."
မုန်လဲ့ စဉ်းစားပြီးနောက် ဖြေလိုက်လေသည်။
"ဒါဆိုရင်တော့... သခင် အောင်မြင်မှု ရပါစေလို့ ကြိုတင် ဆုတောင်းပေးလိုက်ပါတယ်..." ပူဟာမန်က ပြုံးကာ ပြောလိုက်လေသည်။
"မင်း ဆန္ဒအတိုင်း ဖြစ်ပါစေ..."
"သခင်..."
ထိုအချိန်တွင် ဆမ်မြူရယ်က ဖိလစ် သုံးဆယ့်နှစ် ကို ဆွဲကာ ပျံသန်းရောက်ရှိလာလေသည်။
"မုန်... မုန်လဲ့... အရှင်မင်းကြီး..."
ဖိလစ် သုံးဆယ့်နှစ် က မုန်လဲ့ကို ကြည့်ကာ အတင်း အပြုံးတစ်ခု လုပ်လိုက်ရလေသည်။
"ဘုရင်ကြီး..."
"ဒါ ဘုရင်ကြီးပဲ..."
ဖရက်ဒရစ်... ဒက်ခ်နိုဝေး... ဟာဒက်စ် နှင့် အခြားသူများ အားလုံး လှည့်ကြည့်လိုက်ကြရာ မျက်နှာများတွင် စိုးရိမ်မှုနှင့် သံသယများ ပြည့်နှက်နေလေသည်။
"ဘုရင်ကြီး... ကျွန်တော်တို့ ပြန်ဆုံကြပြန်ပြီ..."
မုန်လဲ့က မီးနဂါးဘုရင်ကို ကြည့်လိုက်ရာ ရင်ထဲတွင် အလွန် ရှုပ်ထွေးနေလေသည်။ ပထမဆုံး အကြိမ် ဘုရင်ကြီးကို တွေ့စဉ်က... သူက မြင့်မားလှသော နေရာတွင် ရှိနေပြီး မြင့်မြတ်သောနယ်မြေ အဆင့်ရှိသူ ရာနှင့်ချီ ခြံရံထားကာ အလွန် ဂုဏ်ယူဝင့်ကြွားနေခဲ့သော်လည်း... ကိုယ်တိုင်ကမူ သေးငယ်လှသော အဆင့် ၉ မှော်ဆရာကြီး တစ်ယောက်သာ ဖြစ်ခဲ့သည်။
အခု ရက်ပိုင်းလေး အတွင်းမှာတင်... ဖိလစ် သုံးဆယ့်နှစ် မှာ အရေးမပါသော လူသားလေး တစ်ယောက် ဖြစ်သွားရရှာပြီ။
လောကကြီးက ပြောင်းလဲလွယ်လှပြီး အကြောင်းကျိုး ဆက်စပ်မှုတွေက ခန့်မှန်းရ ခက်ခဲလှပေသည်။
"မုန်လဲ့ အရှင်မင်းကြီးကို တွေ့ရတာ... ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ..." ဖိလစ် သုံးဆယ့်နှစ် အနည်းငယ် ကြောက်လန့်နေမိသည်။
"ဘုရင်ကြီး... ကျွန်တော် ခင်ဗျားကို နဂါးကျွန်းသစ် ဆီ သွားခိုင်းတာကို... ဘာလို့ မသွားတာလဲ..."
မုန်လဲ့ မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည် "မသွားရုံတင် မကဘူး... ငါ့ရဲ့ သူငယ်ချင်းတွေ ဆရာတွေကို ဖိတ်ခေါ်လာတာ... ဘာလုပ်ချင်လို့လဲ... အသနားခံခိုင်းတာလား... ဒါမှမဟုတ် ငါ့ကို ခြိမ်းခြောက်တာလား..."
"မ... မဟုတ်ပါဘူး... အဲလို မဟုတ်ပါဘူး..."
ဖိလစ် သုံးဆယ့်နှစ် ၏ နဖူးမှ ချွေးစက်များ ကျလာလေသည် " အရှင်မင်းကြီး... ကျွန်တော် အခုပဲ နဂါးကျွန်းသစ် ဆီ သွားပါ့မယ်... အခုချက်ချင်း သွားပါ့မယ်..."
"ဝမ်းနည်းစရာပဲ... ငါ ခင်ဗျားကို အခွင့်အရေး ပေးခဲ့ပြီးပြီပဲ... ဒါပေမဲ့ ခင်ဗျားက တန်ဖိုးမထားဘူး ဆိုတော့..."
မုန်လဲ့ လက်ယမ်းပြလိုက်ပြီး အေးဆေးစွာ ပြောလိုက်လေသည် "ဘာဘရူးစ်... လမ်းတစ်လျှောက်လုံး လာခဲ့ရတာ မင်း မနက်စာ မစားရသေးဘူး မဟုတ်လား... ငါ သူ့ကို မင်းကို ပေးလိုက်မယ်..."
"ကျေးဇူးတင်ပါတယ် သခင်..."
ဘာဘရူးစ် အလွန် ဝမ်းသာသွားပြီး... နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ကာ မျက်နှာတွင် ရက်စက်သော အမူအရာ ပေါ်လာလေသည်။
တိုက်တန် မျိုးနွယ် ဖြစ်သည့် အလျောက်... သူ စားသမျှ အစားအစာတွေ အများကြီး ရှိသော်လည်း နဂါးအသားက သေချာပေါက် အကောင်းဆုံး ဟင်းလျာ တစ်ခု ဖြစ်လေသည်။
ဒါပေမဲ့ သူက နတ်ဘုရားတစ်ဝက် ဖြစ်နေရင်တောင်မှ နဂါးမျိုးနွယ်ကို ပြစ်မှားမိမှာ စိုးရိမ်သဖြင့် နဂါးအသားကို မစားရဲခဲ့ပေ။
ဒါကြောင့် သူ နဂါးအသား မစားရတာ ကြာပြီ ဖြစ်ရာ... အခု အသားစားရတော့မည် ဖြစ်သဖြင့် ဘာဘရူးစ် ဘယ်လိုလုပ် ဝမ်းမသာဘဲ နေမည်နည်း။
"အရှင်မင်းကြီး... ခင်ဗျား ဒီလို လုပ်လို့ မရပါဘူး..."
ဖိလစ် သုံးဆယ့်နှစ် မှာ အသက်လုကာ ကြောက်လန့်တကြား အော်ဟစ်လိုက်သော်လည်း မုန်လဲ့က သူ့ကို လုံးဝ မကြည့်သဖြင့် ဆမ်မြူရယ်ကိုသာ အသနားခံရတော့သည် "ဘိုးဘေး... ကျွန်တော့်ကို ကယ်ပါဦး... သင်က နတ်ဘုရားတစ်ဝက် ပဲလေ... ဘိုးဘေး အသနားခံပေးရင်... ကျွန်တော့်ကို ကယ်နိုင်မှာပါ..."
အသနားခံပေးရမယ်
ဆမ်မြူရယ်က ခါးသက်သက် ပြုံးလိုက်မိလေသည် 'ငါက ဒီတိုင်း စီးတော်ယာဉ် တစ်ကောင်ပဲလေ... ငါ့မှာ ဘာ မျက်နှာ ရှိလို့လဲ...'
'မင်းအတွက် ငါ အသနားခံပေးရမယ် ဟုတ်လား...'
'မင်း သေတာပဲ ပိုကောင်းပါတယ်...'
"ငါ သူ့ကို မမြင်ချင်တော့ဘူး..."
မုန်လဲ့ လက်ယမ်းပြလိုက်လေသည်။
"ဟုတ်ကဲ့ပါ သခင်..."
ဘာဘရူးစ်က ရက်စက်စွာ ပြုံးလိုက်ပြီး လက်တစ်ချက်ဖြင့် ဖိလစ် သုံးဆယ့်နှစ် ၏ ခေါင်းကို ရိုက်ခွဲပစ်လိုက်ပြီး... သူ၏ အလောင်းကို အာကာသ လက်စွပ် ထဲသို့ ထည့်လိုက်လေသည်။
အရင် သိမ်းထားပြီးမှ... နောက်ပိုင်း ဖြည်းဖြည်းချင်း စားတာပေါ့။
"ဟူး..."
ဖရက်ဒရစ် ဖြည်းညင်းစွာ မျက်လုံးများကို မှိတ်လိုက်ပြီး ဆက်မကြည့်ရဲတော့ပေ။ အစအဆုံး သူ မည်သို့မျှ အသနားခံ မပေးခဲ့ပေ။
ဖရက်ဒရစ် သေချာ သိထားသည်က မုန်လဲ့ နဂါးမျိုးနွယ်ကို သတ်ဖြတ်ချင်စိတ်က အဆုံးစွန်ထိ ရှိနေသဖြင့် အသနားခံပေးလည်း အသုံးမဝင်ကြောင်းပင်။
"ဘုရင်ကြီး... ဒီလိုပဲ သေသွားတာလား..."
ဒက်ခ်နိုဝေး... ဝတုတ်လေး... ဟာဒက်စ် နှင့် အခြားသူများ အားလုံး အသက်ရှူမှားသွားကြပြီး ကျောချမ်းသွားရလေသည်။
အရင်ကတည်းက မီးနဂါးဘုရင်က သူတို့၏ စိတ်ထဲတွင် အလွန် မြင့်မားလှသော နေရာတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ ခုနလေးတင်...
သူတို့ အရှေ့မှာတင်...
မြင့်မားလှသော ဘုရင်ကြီးက တိုက်ရိုက် အသတ်ခံလိုက်ရခြင်း ဖြစ်ရာ... ဒါက အရင်က အိပ်မက်ထဲမှာတောင် မတွေးရဲခဲ့တဲ့ ကိစ္စပဲလေ။
ဒါပေမဲ့ ဒါက တကယ်ပဲ ဖြစ်ပျက်သွားခဲ့သည်။
"ဒါက အခု လက်ရှိ မုန်လဲ့ ပဲ..."
"ဒါက အခု လက်ရှိ အစ်ကိုကြီး ပဲ..."
ပထမဆုံး အကြိမ်...
ဝတုတ်လေး... ဟာဒက်စ်... ဂျိုအန်နာ နှင့် အခြားသူများ အားလုံး မုန်လဲ့၏ စွမ်းအားကို အစစ်အမှန် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
ဘုရင်ကြီး ဆိုတာ... တိုင်းပြည်ရဲ့ အရှင်သခင် ဆိုတာ မုန်လဲ့ရဲ့ မျက်စိထဲမှာ ဘာမှ မဟုတ်ဘူး... လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ ဖျက်ဆီးလို့ ရတာပဲလေ။
"ပူဟာမန်... ဆမ်မြူရယ်..."
လူတိုင်း စိတ်ကူးယဉ်နေကြစဉ်မှာပင် မုန်လဲ့က စကားပြောလိုက်လေသည် "ငါ ထွက်သွားပြီးရင်... မင်းတို့ နှစ်ယောက် အင်ပါယာ ကိစ္စတွေကို သေချာ ဖြေရှင်းကြ... ငါ ပြန်လာတဲ့ အခါမှာ မင်းတို့ဆီက သတင်းကောင်း ကြားရဖို့ မျှော်လင့်တယ်..."
"သခင် စိတ်ချပါ... သခင့်ရဲ့ ယုံကြည်မှုကို လုံးဝ မပျက်စီးစေရပါဘူး..." ပူဟာမန်နှင့် ဆမ်မြူရယ်တို့ ရိုသေစွာ ပြန်ဖြေလိုက်ကြလေသည်။
"ပြီးတော့ ငါ့ရဲ့ သူငယ်ချင်းတွေကိုလည်း... မင်းတို့ သေချာ စောင့်ရှောက်ပေးကြပါ... လုံးဝ အားနာစရာ မလိုစေနဲ့..." မုန်လဲ့က ဖရက်ဒရစ် နှင့် ဟာဒက်စ် တို့ကို ညွှန်ပြကာ အထူး မှာကြားလိုက်လေသည်။
"ဟုတ်ကဲ့ပါ သခင်..."
...
"သခင်... မြေအောက်ကမ္ဘာ က လမ်းကြောင်းတွေ အလွန် ရှုပ်ထွေးပြီး ဝင်္ကပါ လိုပဲ... တကယ်လို့ လမ်းပြမရှိရင် လမ်းပျောက်ဖို့ အရမ်း လွယ်ကူတယ်... ကျွန်တော်တို့ နတ်ဘုရားတစ်ဝက် တွေတောင်မှ အလွန် ဒုက္ခရောက်နိုင်တယ်..."
"လမ်းပြ ဟုတ်လား... ဒါက လွယ်ပါတယ်..."
သူတို့ နှစ်ယောက်၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှသဖြင့်... နှစ်နာရီ ခန့်ဖြင့် နဂါးနတ်ဘုရား အင်ပါယာကို ဖြတ်သန်းကာ မှော်သားရဲ တောအုပ် ဆီသို့ ရောက်ရှိလာကြလေသည်။
"ရွှေလေး... ငါ့စကား ကြားရလား..."
မုန်လဲ့က စိတ်ဝိညာဉ် စာချုပ်မှတစ်ဆင့် ရွှေလေး ကို ဆက်သွယ်လိုက်လေသည်။
"အစ်ကိုကြီး..." ရွှေလေး အလွန် ဝမ်းသာသွားလေသည်။
"ငါပဲ... ငါ မြေအောက်ကမ္ဘာကို လာမလို့..."
"တကယ်လား... အရမ်း ကောင်းတာပဲ..." ရွှေလေး အလွန် ပျော်ရွှင်နေလေသည် "အစ်ကိုကြီး ဘယ်မှာလဲ... ကျွန်တော် အခုပဲ အစ်ကိုကြီးကို လာရှာလိုက်မယ်..."
"မှော်သားရဲ တောအုပ် မှာ..."
"စောင့်နေ... ကျွန်တော် အခုချက်ချင်း လာခဲ့မယ်..."
ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပြီးနောက် မုန်လဲ့က ရယ်မောလိုက်လေသည် "ငါ့ရဲ့ သူငယ်ချင်းက မကြာခင် လာလိမ့်မယ်... သူ လမ်းပြရင်တော့ လမ်းပျောက်ဖို့ စိုးရိမ်စရာ မလိုတော့ဘူး..."
"သူငယ်ချင်းလား" ဘာဘရူးစ် စိတ်ထဲတွင် နားမလည် ဖြစ်နေလေသည်။
"လာ... အရင်ဆုံး တစ်ခုခု စားကြတာပေါ့..."
မုန်လဲ့က သုံးချောင်းထောက် ဝက်ကြီး၏ အလောင်းကို ထုတ်ယူကာ စတင် ကင်လိုက်လေသည်။ အားနေတာနဲ့ အတူတူ... နတ်ဘုရား ဝက်သားကို ပိုစားပြီး... အာဟာရ ဖြည့်တင်းတာပေါ့။
ဘာဘရူးစ်လည်း နတ်ဘုရား သားရဲ၏ အလောင်းကို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်ရာ... အတော်လေး ထိတ်လန့်သွားရလေသည်။
သို့သော် ဝက်သားကင်မှ မွှေးကြိုင်သော အနံ့များ ထွက်ပေါ်လာချိန်တွင်... ထိုထိတ်လန့်မှုများ အားလုံးမှာ လိုချင်တပ်မက်မှုများ အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
"စားကြစို့..."
"သခင်... ကျွန်တော် စားလို့ ရလား..."
"ဘာလို့ မရရမှာလဲ..."
"ကျေးဇူးတင်ပါတယ် သခင်..."
ဘာဘရူးစ်က ဝံပုလွေလို ကျားလို စားသောက်လေရာ... မိမိ၏ လျှာကိုပင် မျိုချမိမတတ် ဖြစ်နေလေသည်။
မုန်လဲ့လည်း စားသောက်ရင်း... "ဘာဘရူးစ်... မင်း အရင်က တိုက်တန် ဘုရင်ကတော် ကို အဓမ္မ ကျင့်ခဲ့တယ် လို့ ကြားတယ်... ဟုတ်လား..." ဟု မေးလိုက်လေသည်။
"သခင်... ဒါက မဟုတ်မမှန် စွပ်စွဲချက်ပါ..."
ဘာဘရူးစ်က ငြင်းဆန်လိုက်လေသည် "ယာစလီ က ကျွန်တော့်ရဲ့ ငယ်ချစ်ဦးပါ... ဟာဇုစ် ကသာ တတိယလူ ဖြစ်တာပါ..."
"အို..." မုန်လဲ့ ကြောင်သွားပြီးမှ... "သေချာ ပြောပြစမ်း..." ဟု ပြောလိုက်လေသည်။
"ယုတ်မာတဲ့ ဟာဇုစ် က ယာစလီ ရဲ့ အလှကို လောဘတက်ပြီး... သူမကို အတင်း လက်ထပ်ယူခဲ့တာပါ... ကျွန်တော်တို့ကို အတင်း ခွဲပစ်ခဲ့တာ..."
"ကျွန်တော် ဘာမှ မတတ်နိုင်ဘဲ... ယာစလီ နဲ့ တိတ်တဆိတ်ပဲ တွေ့ခဲ့ရတယ်... ဒါပေမဲ့ အဆုံးမှာတော့ ဟာဇုစ် သိသွားပြီး ယာစလီ ကို အသေသတ်ဖို့ အမိန့်ပေးခဲ့တယ်..."
"ကျွန်တော် ဒေါသထွက်လွန်းလို့... ပုန်ကန်ဖို့ ဆုံးဖြတ်ခဲ့တာပါ..."
"ဒါပေမဲ့ အင်အား နည်းနည်းလေးပဲ ရှိတာဆိုတော့... စစ်ရှုံးပြီး အဖမ်းခံရတယ်... ခြေလက်တွေ ခေါင်းတွေ အခုတ်ခံရပြီး အလောင်းကို တောထဲ ပစ်ချခြင်း ခံခဲ့ရတာ..."
"အဲဒီအချိန်တုန်းက ကျွန်တော် အရမ်း စိတ်ပျက်ခဲ့ရတယ်... ဒါပေမဲ့ ကလဲ့စားချေချင်တဲ့ စိတ်က ကျွန်တော့်ကို အဆုံးစွန်ထိ ရောက်သွားစေခဲ့တာပါ..."
"ကျိန်စာသင့်နေတဲ့ အကျင့်ပျက် ကမ္ဘာကြီး... ငရဲပြည် ကို ကျွန်တော် အာရုံခံမိခဲ့တယ်..."
"ငရဲပြည်ရဲ့ အမှောင် စွမ်းအားတွေကို စုပ်ယူပြီးနောက်... ကျွန်တော် အသက်ပြန်ရှင်လာပြီး အကျင့်ပျက် တိုက်တန် ဖြစ်လာခဲ့တာပါ..."
"မင်း ယာစလီ ကို အရမ်း ချစ်တာပဲ မဟုတ်လား..."
"သေချာပေါက်ပေါ့... သူမက ကျွန်တော့် ဘဝရဲ့ တစ်ဦးတည်းသော အချစ်စစ်ပဲ..."
"သူမ အသတ်ခံလိုက်ရတဲ့ အချိန်ကစပြီး... ကျွန်တော့်ရဲ့ နှလုံးသားကလည်း သေသွားခဲ့ပါပြီ... သူမအတွက် ကလဲ့စားချေဖို့ ဆိုတာ ကျွန်တော် အသက်ရှင်နေရတဲ့ စွမ်းအားပဲ..."
"ကျွန်တော် သစ္စာဆိုပါတယ်... ဟာဇုစ် ရဲ့ ခေါင်းကို ကိုယ်တိုင် ဖြတ်ပြီး... သူမအတွက် ကလဲ့စားချေပေးရမယ် လို့..."
"ဟာဇုစ် က အသက်ရှင်သေးလား..."
"ရှင်သေးတယ်... သူလည်း နတ်ဘုရားတစ်ဝက် ဖြစ်နေပြီ..."
"အဲဒီလို ကိုး…”