← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃။ စစ်မှန်တဲ့ နတ်ဘုရား လေးပါး၊ အမြင့်ဆုံး နိယာမ ငါးမျိုး

ကောင်းကင်ယံ တိုက်ကြီး တွင် စစ်မှန်တဲ့ နတ်ဘုရား လေးပါး ရှိပြီး... ၎င်းတို့မှာ အင်ပါယာ လေးခု က ယုံကြည် ကိုးကွယ်သည့် နတ်ဘုရား လေးပါး ဖြစ်သည်။

နဂါးနတ်ဘုရား၊ တိုက်တန် နတ်ဘုရား၊ သားရဲနတ်ဘုရား နှင့် နတ်သမီး ဘုရင်မ တို့ ဖြစ်ကြသည်။

စစ်မှန်တဲ့ နတ်ဘုရား လေးပါး ထဲတွင် မုန်လဲ့က နဂါးနတ်ဘုရား အကြောင်းကို အနည်းငယ် သိရှိပြီး... သူက အလယ်အလတ် နတ်ဘုရား အဆင့် ရှိကြောင်း သိထားသော်လည်း ကျန်သည့် သုံးပါး အကြောင်းကိုတော့ လုံးဝ မသိပေ။

"ဒိုဒိုလာ... ငါ့ကို ဒီ စစ်မှန်တဲ့ နတ်ဘုရား လေးပါး အကြောင်း နည်းနည်းလောက် ရှင်းပြပါဦး... အထူးသဖြင့် တိုက်တန် နတ်ဘုရား၊ သားရဲနတ်ဘုရား နဲ့ နတ်သမီး ဘုရင်မ အကြောင်းပေါ့..." မုန်လဲ့က ဒိုဒိုလာ ကို အကူအညီ တောင်းလိုက်လေသည်။

ဒိုဒိုလာ က မုန်လဲ့၏ မေးခွန်းကို သဘောကျသွားပြီး ပြုံးကာ ရှင်းပြလေသည် "မင်းတို့ ကောင်းကင်ယံ တိုက်ကြီး က ဒီ စစ်မှန်တဲ့ နတ်ဘုရား လေးပါး ထဲမှာ အညံ့ဆုံး က နဂါးနတ်ဘုရား ပဲ..."

"နဂါးနတ်ဘုရား မှာ နတ်ဘုရား ကိုယ်ပွား ၂ ခု ပဲ ရှိပြီး... အလယ်အလတ် နတ်ဘုရား အဆင့် ကို ခက်ခက်ခဲခဲ ရောက်နေတာ... ပြီးတော့ သူက ကောင်းကင်ယံ တိုက်ကြီး ဆိုတဲ့ ယုံကြည်မှု နယ်မြေ တစ်ခုတည်း ပဲ ရှိပြီး... နောက်ခံ ဘာမှ မရှိဘူး..."

ဒိုဒိုလာ က အထင်အမြင်သေးစွာ ပြောလိုက်လေသည် "သူက စစ်မှန်တဲ့ နတ်ဘုရား လေးပါး ထဲမှာ စွမ်းအား အနည်းဆုံး... နယ်မြေ အနည်းဆုံး... သြဇာ အနည်းဆုံး စစ်မှန်တဲ့ နတ်ဘုရား ပဲ... အမှိုက် တစ်ကောင် ပါပဲ..."

"နဂါးနတ်ဘုရား က ဒီလောက်တောင် ညံ့တာလား..."

မုန်လဲ့ အနည်းငယ် ကြောင်သွားလေသည်။ ပင့်ကူ နတ်ဘုရားမ ပြောပြတဲ့ နဂါးနတ်ဘုရား က အရမ်း ကြောက်စရာ ကောင်းတယ်လေ... ဒါပေမဲ့ ဒိုဒိုလာ ရဲ့ မျက်စိထဲမှာတော့ နဂါးနတ်ဘုရား က ဘာမှ မဟုတ်တဲ့ အမှိုက် တစ်ကောင် ဖြစ်နေပါလား...

လူတွေနဲ့ လူတွေ ကြားက ကွာဟချက် က ဘာလို့ ဒီလောက်တောင် ကြီးမားနေရတာလဲ။

"မင်း ဘယ်လို ထင်နေလို့လဲ..."

ဒိုဒိုလာ က မုန်လဲ့ကို မျက်စောင်းထိုးလိုက်လေသည်။

"တိုက်တန် နတ်ဘုရား ကရော..." မုန်လဲ့ ထပ်မေးလိုက်လေသည်။

"အရင်ဆုံး သားရဲနတ်ဘုရား အကြောင်း ပြောကြရအောင်... သူက စစ်မှန်တဲ့ နတ်ဘုရား လေးပါး ထဲမှာ ဒုတိယ အညံ့ဆုံး ပဲ... သူလည်း အလယ်အလတ် နတ်ဘုရား ပါပဲ..."

ဒိုဒိုလာ က ပြောလေသည် "ဒါပေမဲ့ သားရဲနတ်ဘုရား က နဂါးနတ်ဘုရား ထက် စစ်မှန်တဲ့ နတ်ဘုရား ဖြစ်လာတာ အများကြီး ပိုကြာတယ်... ပြီးတော့ လောက ၇ ခု ၈ ခု လောက်ကို ယုံကြည်မှု နယ်မြေ အဖြစ် ထိန်းချုပ်ထားတယ်..."

"အချိန်တွေ အကြာကြီး ယုံကြည်မှု စွမ်းအား တွေ စုပ်ယူပြီးတဲ့ နောက်မှာ... သားရဲနတ်ဘုရား က နတ်ဘုရား ကိုယ်ပွား ၅ ခု အထိ ရှိလာပြီး... အလယ်အလတ် နတ်ဘုရား တွေ ထဲမှာ အထွတ်အထိပ် လို့ ပြောလို့ ရတယ်..."

"ဆိုလိုတာက... နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ သားရဲနတ်ဘုရား က နိယာမ နှစ်ခု ကို ပေါင်းစပ်ပြီး အဆင့်မြင့် နတ်ဘုရား ဖြစ်လာနိုင်တာပေါ့..." မုန်လဲ့ အနည်းငယ် အံ့အားသင့်သွားလေသည်။

"ဟုတ်တယ်..."

ဒိုဒိုလာ ခေါင်းညိတ်လိုက်လေသည် "ဒီ နောက်ဆုံး အဆင့် က အရမ်း ခက်ခဲပြီး... သားရဲနတ်ဘုရား ကို နှစ်ပေါင်း သန်းချီအောင် ချုပ်နှောင်ထားနိုင်ပေမဲ့... သူက အဆင့်မြင့် နတ်ဘုရား ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ အမှန်ပဲ..."

"ပြီးတော့..."

ဒိုဒိုလာ ဆက်ပြောလေသည် "သားရဲနတ်ဘုရား က သားရဲ စစ်မှန်တဲ့ နတ်ဘုရား မဟာမိတ် အဖွဲ့ ထဲ ဝင်ထားတယ်... ဒီ မဟာမိတ် အဖွဲ့ ထဲက စစ်မှန်တဲ့ နတ်ဘုရား တွေက သိပ်အဆင့်မမြင့်ပေမဲ့... ဘာပဲဖြစ်ဖြစ် အင်အားစု တစ်ခု လို့တော့ ပြောလို့ ရတာပေါ့..."

"သားရဲ စစ်မှန်တဲ့ နတ်ဘုရား မဟာမိတ် အဖွဲ့ က သူ့ရဲ့ နောက်ခံ အနေနဲ့ ရှိနေတော့... သားရဲနတ်ဘုရား ရဲ့ နောက်ခံ က နဂါးနတ်ဘုရား ထက် အများကြီး ပိုခိုင်မာတယ်... မင်း သားရဲနတ်ဘုရား ကို သွားပြီး ပြဿနာ ရှာမယ် ဆိုရင် သေချာ စဉ်းစားဖို့ လိုတယ်..."

"သားရဲ စစ်မှန်တဲ့ နတ်ဘုရား မဟာမိတ် အဖွဲ့" မုန်လဲ့ တိုးတိုးလေး ရေရွတ်လိုက်လေသည် "စစ်မှန်တဲ့ နတ်ဘုရား တွေလည်း အုပ်စုဖွဲ့ဖို့ လိုတာလား..."

"လိုအပ်တာပေါ့... လိုအပ်တယ်... သေချာပေါက် ကို လိုအပ်တယ်..."

ဒိုဒိုလာ က အသေအချာ ပြောလိုက်လေသည် "အဆုံးအစမရှိတဲ့ စကြဝဠာ ကြီး က မင်းထင်ထားတာထက် အများကြီး ပိုပြီး အန္တရာယ် များတယ်... နောက်ခံ တစ်ခု ရှိဖို့ ဆိုတာ အရမ်းကို အရေးကြီးတဲ့ ကိစ္စပဲ... မင်း ကောင်းကင်ယံ တိုက်ကြီး ကနေ ထွက်ပြီး အဆုံးအစမရှိတဲ့ စကြဝဠာ ကြီး ထဲ ရောက်သွားတဲ့ အခါကျရင် မင်း နားလည်လာပါလိမ့်မယ်..."

မုန်လဲ့ က နှာခေါင်းရှုံ့လိုက်ပြီး "ဆက်ပြော..." ဟု ပြောလိုက်လေသည်။

"တတိယ တစ်ပါး ဖြစ်တဲ့ တိုက်တန် နတ်ဘုရား က... နတ်ဘုရား ကိုယ်ပွား တစ်ခုပဲ ရှိပေမဲ့... သူက တိုက်တန် နတ်ဘုရား မျိုးနွယ်စု ရဲ့ သွေးမျိုးဆက် ကို နိုးထထားပြီး... အထွတ်အထိပ် အလယ်အလတ် နတ်ဘုရား တွေကိုတောင် ယှဉ်နိုင်တယ်..."

ဒိုဒိုလာ က ပြောလေသည် "တကယ်တော့ တိုက်တန် နတ်ဘုရား မျိုးနွယ်စု အများစု က ဒီလိုပါပဲ... သူတို့က နိယာမ ကို မလေ့ကျင့်ဘဲ ခန္ဓာကိုယ် ကိုပဲ လေ့ကျင့်ကြတယ်... ဒါပေမဲ့ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအား က အရမ်း ကြောက်စရာ ကောင်းတယ်..."

မုန်လဲ့ နားလည်သွားပြီး... "မင်း အရင်က ပြောဖူးတဲ့ တိုက်တန် နတ်ဘုရား က သာမန် လောက ၁၀၀ ကျော် ကို ယုံကြည်မှု နယ်မြေ အဖြစ် ပိုင်ဆိုင်တယ် ဆိုတာ ဘယ်လို ဖြစ်တာလဲ..." ဟု မေးလိုက်လေသည်။

"လွန်ခဲ့တဲ့ နှစ် နှစ်သောင်း တုန်းက... တိုက်တန် နတ်ဘုရား က လျှပ်စီး နတ်ပြည် က သီအိုဒိုရီ တိုက်တန် နတ်ဘုရား မျိုးနွယ်စု ရဲ့ အသိအမှတ်ပြုခြင်း ကို ခံရပြီး... အဓိက လေ့ကျင့်ပေးမယ့် သူ အဖြစ် သတ်မှတ်ခံရတယ်..."

ဒိုဒိုလာ က ရှင်းပြလေသည် "ဒီ သာမန် လောက ၁၀၀ ကျော် က သီအိုဒိုရီ တိုက်တန် နတ်ဘုရား မျိုးနွယ်စု က တိုက်တန် နတ်ဘုရား ကို လေ့ကျင့်ပေးဖို့ ပေးထားတဲ့ အရင်းအမြစ် တွေပဲ..."

"တိုက်တန် နတ်ဘုရား က ဒီလောက တွေကို ထိန်းချုပ်နိုင်ဖို့ အတွက်... ဆုလာဘ် တွေ အများကြီး ပေးပြီး နတ်ဘုရားသားတော် တွေကို ရွေးချယ်ကာ... အဲဒီ လောက တွေဆီ လွှတ်ပေးတာပဲ..."

"သီအိုဒိုရီ တိုက်တန် နတ်ဘုရား မျိုးနွယ်စု"

မုန်လဲ့ မျက်နှာတွင် သံသယများ ပေါ်လာလေသည်။

"တိုက်တန် နတ်ဘုရား မျိုးနွယ်စု က အရမ်း စွမ်းအားကြီးတဲ့ မျိုးနွယ်စု တစ်ခုပဲ... သူတို့ရဲ့ ခြေရာ က အဆုံးအစမရှိတဲ့ စကြဝဠာ ကြီး အနှံ့ မှာ ရှိပြီး... လောက အများအပြား မှာ အခွဲ တွေ... သွေးမျိုးဆက် တွေ ရှိတယ်..."

ဒိုဒိုလာ က ပြောလေသည် "လျှပ်စီး နတ်ပြည် က သီအိုဒိုရီ တိုက်တန် နတ်ဘုရား မျိုးနွယ်စု က တိုက်တန် နတ်ဘုရား မျိုးနွယ်စု ရဲ့ အရမ်း စွမ်းအားကြီးတဲ့ အခွဲ တစ်ခုပဲ... လျှပ်စီး နတ်ပြည် မှာ ထိပ်တန်း မိသားစု ကြီး တစ်ခု ဖြစ်ပြီး... သာမန် လောက တွေ အများကြီး ကို ထိန်းချုပ်ထားတယ်..."

"တစ်ခါတည်း နဲ့ လောက ၁၀၀ ကျော် ပေးနိုင်တယ် ဆိုတော့... သီအိုဒိုရီ တိုက်တန် နတ်ဘုရား မျိုးနွယ်စု က တကယ်ကို ချမ်းသာတာပဲ..."

မုန်လဲ့ စိတ်ထဲတွင် အနည်းငယ် မနာလို ဖြစ်သွားလေသည် "ဒါနဲ့ ယှဉ်လိုက်ရင်... နဂါးနတ်ဘုရား က တကယ်ကို သနားစရာ ကောင်းတာပဲ..."

ဒိုဒိုလာ က ရယ်မောလိုက်လေသည် "သစ်ပင်ကြီး အောက်မှာ အရိပ်ခိုလို့ ကောင်းတယ် ဆိုတာ... ဘယ်လောက မှာ ဖြစ်ဖြစ်... ဒါက ထာဝရ မပြောင်းလဲတဲ့ အမှန်တရား ပဲ..."

"ဟုတ်တာပေါ့... ဘယ်နေရာမှာ ဖြစ်ဖြစ် နောက်ခံ ကို ကြည့်ရတာပဲလေ..." မုန်လဲ့ ခေါင်းခါလိုက်လေသည် "နတ်သမီး ဘုရင်မ ကရော..."

"နတ်သမီး ဘုရင်မ က စစ်မှန်တဲ့ နတ်ဘုရား လေးပါး ထဲမှာ အစောဆုံး စစ်မှန်တဲ့ နတ်ဘုရား ဖြစ်လာသူပဲ... ပြီးတော့ ရှေးအကျဆုံး... စွမ်းအား အကြီးဆုံး နဲ့ နောက်ခံ အခိုင်မာဆုံး သူပဲ..."

နတ်သမီး ဘုရင်မ အကြောင်း ပြောသောအခါ ဒိုဒိုလာ က ပိုမို တည်ကြည်သွားလေသည် "သူမ စစ်မှန်တဲ့ နတ်ဘုရား ဖြစ်လာတဲ့ အချိန် က လွန်ခဲ့တဲ့ နှစ် ၅ သိန်း အထိ ပြန်သွားလို့ ရတယ်... ပြီးတော့ သူမရဲ့ ယုံကြည်သူ က အရမ်း များတယ်... နတ်သမီး တွေ ရှိတဲ့ လောက တိုင်းမှာ သူမရဲ့ ယုံကြည်မှု ရှိတယ်..."

"စွမ်းအား ကရော..."

မုန်လဲ့ ထပ်မေးလိုက်လေသည်။

"လွန်ခဲ့တဲ့ နှစ် ၂ သိန်း တုန်းက... နတ်သမီး ဘုရင်မက အဆင့်မြင့် နတ်ဘုရား ဖြစ်နေပြီ... အချိန်တွေ အကြာကြီး ဖြတ်သန်းပြီးတဲ့ နောက်မှာ... အနည်းဆုံးတော့ နိယာမ နှစ်ခု သုံးခု လောက် ပေါင်းစပ်ပြီးလောက်ပြီ..."

ဒိုဒိုလာ သက်ပြင်းချလိုက်လေသည် "ဘာဖြစ်လို့လဲ ဆိုတော့ သူမမှာ သစ်သား မူလ နတ်ဘုရား ခန္ဓာကိုယ် ရှိလို့ လေ့ကျင့်တာ က အရမ်း မြန်တယ်... ပြီးတော့ သူမ နောက်ကွယ်မှာ သဘာဝ နတ်သမီး အဖွဲ့အစည်း ကလည်း ထောက်ပံ့ပေးထားသေးတယ်..."

"သစ်သား မူလ နတ်ဘုရား ခန္ဓာကိုယ် …သဘာဝ နတ်သမီး အဖွဲ့အစည်း"

မုန်လဲ့ အနည်းငယ် နားမလည် ဖြစ်သွားလေသည်။

"သစ်သား မူလ နတ်ဘုရား ခန္ဓာကိုယ် က မူလ နတ်ဘုရား ခန္ဓာကိုယ် တွေထဲက တစ်ခုပဲ..."

ဒိုဒိုလာ ရှင်းပြလေသည် "မူလ နတ်ဘုရား ခန္ဓာကိုယ် တွေက အစွမ်းအထက်ဆုံး နတ်ဘုရား ခန္ဓာကိုယ် တွေထဲမှာ ပါတယ်... ဘာဖြစ်လို့လဲ ဆိုတော့ နိယာမ မူလ နဲ့ နီးစပ်လို့ လေ့ကျင့်တာ မြန်ရုံတင် မကဘူး... အရမ်းလည်း စွမ်းအားကြီးတယ်... ပြီးတော့ မယုံနိုင်စရာ ကောင်းတဲ့ မွေးရာပါ စွမ်းရည် တွေလည်း ပါလာသေးတယ်..."

"မူလ နတ်ဘုရား ခန္ဓာကိုယ်"

မုန်လဲ့ တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"မူလ နတ်ဘုရား ခန္ဓာကိုယ် တွေ အများကြီး ရှိတယ်... အခြေခံ နိယာမ ၁၀ မျိုး က မူလ နတ်ဘုရား ခန္ဓာကိုယ် ၁၀ မျိုး နဲ့ သက်ဆိုင်တယ်... နတ်သမီး ဘုရင်မ ရဲ့ ခန္ဓာကိုယ် က သစ်သား မူလ နတ်ဘုရား ခန္ဓာကိုယ် ပဲ..."

ဒိုဒိုလာ က ပြောလေသည် "သဘာဝ နတ်သမီး အဖွဲ့အစည်း ဆိုတာ ကတော့... အဆုံးအစမရှိတဲ့ စကြဝဠာ ကြီး ထဲက အစွမ်းအထက်ဆုံး အဖွဲ့အစည်း တွေထဲက တစ်ခုပဲ... ပင်မ နတ်ဘုရား အချို့… အဆင့်မြင့် နတ်ဘုရား သောင်းချီ... အလယ်အလတ် နတ်ဘုရား မရေမတွက်နိုင်အောင် ပါဝင်တယ်..."

"နတ်သမီး ဘုရင်မ က သစ်သား မူလ နတ်ဘုရား ခန္ဓာကိုယ် ရှိလို့ သဘာဝ နတ်သမီး အဖွဲ့အစည်း က အဓိက လေ့ကျင့်ပေးတဲ့ သူ ဖြစ်နေတာ... သူမ က ပြီးပြည့်စုံတဲ့ နတ်ဘုရား ဖြစ်လာဖို့ မျှော်လင့်ချက် အနည်းငယ် ရှိတယ်..."

"နတ်သမီး ဘုရင်မ ရဲ့ နောက်ခံ က တိုက်တန် နတ်ဘုရား ထက်တောင် ကြီးနေသေးတာလား..." မုန်လဲ့ အနည်းငယ် အံ့အားသင့်သွားလေသည်။

..."

ဒိုဒိုလာ အနည်းငယ် ခေါင်းညိတ်လိုက်လေသည် "နတ်သမီး ဘုရင်မ ရဲ့ နောက်ကွယ်က သဘာဝ နတ်သမီး အဖွဲ့အစည်း အကြောင်း မပြောရင်တောင်... သူမရဲ့ ကိုယ်ပိုင် စွမ်းအား နဲ့တင် ကြောက်စရာ ကောင်းလှပြီ... မင်းကို ပုရွက်ဆိတ် တစ်ကောင်လို အလွယ်လေး ညှစ်သတ်နိုင်တယ်..."

"ဒါကတော့ မှန်ပါတယ်..."

မုန်လဲ့ က မငြင်းဆိုပေ။

"ဒါပေမဲ့... မင်းလည်း မညံ့ပါဘူး..."

ဒိုဒိုလာ က မုန်လဲ့ စိတ်ဓာတ်ကျသွားမည် စိုး၍ ပြုံးကာ နှစ်သိမ့်လိုက်လေသည် "မင်းမှာ နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက် ရှိတယ်... ပြီးတော့ အခြေခံ နိယာမ ၁၀ မျိုးလုံး ကိုလည်း နားလည်ထားတယ်... ငါ့ရဲ့ အစီအစဉ် အတိုင်း လေ့ကျင့်သွားမယ် ဆိုရင်... နောင်တစ်ချိန်မှာ နတ်သမီး ဘုရင်မ ထက် ပိုပြီး အောင်မြင်လာမှာ သေချာတယ်..."

"မင်းရဲ့ အစီအစဉ်"

မုန်လဲ့ ကြောင်သွားလေသည် "ဘယ်လို အစီအစဉ် လဲ..."

"အရင်ဆုံး နဂါးနတ်ဘုရား အင်ပါယာ ရဲ့ ယုံကြည်မှု တွေကို ရယူပြီး... နတ်ဘုရား ဝိညာဉ် ကို အထွတ်အထိပ် နတ်ဘုရားတစ်ဝက် အထိ လေ့ကျင့်... ပြီးတော့ နတ်ဘုရား ဝိညာဉ် ကို ခွဲထုတ်ပြီး... နတ်ဘုရား မီးတောက် ကို လင်းထိန်စေကာ... စစ်မှန်တဲ့ နတ်ဘုရား ဖြစ်လာအောင် လုပ်တာလေ..."

ဒိုဒိုလာ က မုန်လဲ့ကို မျက်စောင်းထိုးလိုက်လေသည် "နဂါးနတ်ဘုရား အင်ပါယာ ရဲ့ ယုံကြည်မှု တွေကို ရယူဖို့ ဆိုတာ... ကြီးမြတ်တဲ့ အချိန်ကာလ နတ်ဘုရား က မင်းကို ပေးထားတဲ့ ပထမဆုံး စမ်းသပ်မှု လေ... ကောင်လေး... မင်း မေ့သွားပြီလား..."

ဒိုဒိုလာ အနည်းငယ် မကျေမနပ် ဖြစ်သွားလေသည် "ယုံကြည်မှု ကိစ္စ က လုံးဝ ပေါ့ဆလို့ မရဘူး... နဂါးနတ်ဘုရား အင်ပါယာ ရဲ့ ယုံကြည်မှု တွေကို မင်း သေချာပေါက် ရယူရမယ်... ၃ နှစ် အချိန် က သိပ်မကြာဘူး မဟုတ်လား..."

"မေ့တော့ မမေ့သေးပါဘူး... ဒါပေမဲ့..."

မုန်လဲ့ ခေါင်းခါလိုက်လေသည် "ဒိုဒိုလာ... ငါက နတ်ဘုရား ဝိညာဉ် ကို မဖြစ်မနေ ခွဲထုတ်ရမှာလား... အရင်ဆုံး နိယာမ တွေကို ပေါင်းစပ်ပြီးမှ... နတ်ဘုရား မီးတောက် ကို လင်းထိန်စေပြီး နတ်ဘုရား ဖြစ်လို့ မရဘူးလား..."

"စဉ်းစားတောင် မစဉ်းစားနဲ့... အဲဒါ လုံးဝ မဖြစ်နိုင်ဘူး..."

ဒိုဒိုလာ က အော်ဟစ်လိုက်လေသည် "နိယာမ ပေါင်းစပ်တာ ကို မင်းက ဘာထင်နေလဲ... ကလေး ကစားစရာ လား..."

"အဲဒီလောက်သာ လွယ်ရင်... ဘာလို့ နဂါးနတ်ဘုရား က မပေါင်းစပ်တာလဲ... ဘာလို့ သားရဲနတ်ဘုရား က မပေါင်းစပ်တာလဲ... အဆုံးအစမရှိတဲ့ စကြဝဠာ ကြီး ထဲက စစ်မှန်တဲ့ နတ်ဘုရား တွေ အများကြီး က ဘာလို့ မပေါင်းစပ်ကြတာလဲ..."

အဲဒါက သူတို့မှာ စနစ် မရှိလို့ပေါ့….

မုန်လဲ့ စိတ်ထဲတွင် ကျိတ်ဆဲလိုက်ပြီး ပခုံးတွန့်ကာ ပြောလိုက်လေသည် "တကယ်လို့ ငါက နိယာမ တွေကို ပေါင်းစပ်ထားပြီးပြီ... ပြီးတော့ တစ်ခုတည်း မကဘူး လို့ ပြောရင်... မင်း ယုံမလား..."

"ငါ မင်းကို ယုံရအောင် ငါ အရူး မှ မဟုတ်တာ"

ဒိုဒိုလာ က ချက်ချင်း ငြင်းဆန်လိုက်လေသည် "ငါသာ မင်းစကား ကို ယုံရင်... ငါ့ ဦးနှောက် က ပျက်နေလို့ပဲ... တစ်ခုတည်း မကဘူး ဟုတ်လား... မင်း ၃ နှစ် သမီး လေးကို သွားလိမ်လိုက်..."

"ဘာလို့ မယုံရတာလဲ..."

မုန်လဲ့က လက်ကို အနည်းငယ် မြှောက်လိုက်ရာ... လက်ချောင်းထိပ် မှ တောက်ပသော အပြာရောင် မျဉ်းကြောင်း တစ်ခု ထွက်ပေါ်လာပြီး... တောက်ပသော အပြာရောင် လှောင်အိမ် တစ်ခု အဖြစ် ပြောင်းလဲသွားကာ... ပြင်းထန်သော နိယာမ စွမ်းအား တွေ ထွက်ပေါ်လာလေသည်။

"ဒါ... ဒါက ဘာလဲ..."

ဒိုဒိုလာ အနည်းငယ် ကြောင်သွားပြီးနောက်... မယုံနိုင်စွာဖြင့် "ဒါ... ဒါက ပေါင်း... ပေါင်းစပ် နိယာမ ပဲ... ရေ နဲ့ အလင်း ပေါင်းစပ် နိယာမ" ဟု အော်ဟစ်လိုက်လေသည်။

"ဟုတ်တယ်... အဲဒါ ရေ နဲ့ အလင်း ပေါင်းစပ် နိယာမ ပဲ..."

မုန်လဲ့က တောက်ပသော အပြာရောင် လှောင်အိမ် ကို ရုပ်သိမ်းလိုက်ပြီး... ပန်းရောင် လှောင်အိမ် တစ်ခု ကို ဖန်တီးလိုက်ရာ... ဒိုဒိုလာ ထပ်မံ အံ့အားသင့်သွားရပြန်လေသည် "ဒါက လျှပ်စီး... လျှပ်စီး နဲ့ ရေခဲ ပေါင်းစပ် နိယာမ"

"မှန်တယ်..."

မုန်လဲ့ ထပ်မံ ခေါင်းညိတ်လိုက်ပြီးနောက်... ဒီတစ်ခါတော့ တောက်ပသော အညိုရောင် မျဉ်းကြောင်း တစ်ခု ထွက်ပေါ်လာလေသည်။

"သတ္တု-အမှောင်-မီး"

ဒိုဒိုလာ လုံးဝ တောင့်တင်းသွားလေသည် "နိယာမ သုံးခု ပေါင်းစပ်ခြင်း"

မုန်လဲ့ လက်ကို ထပ်မံ လှုပ်ရှားလိုက်လေသည်။

"မြေ-သစ်-လျှပ်စီး"

ဒိုဒိုလာ ရူးသွပ်သွားမတတ် ဖြစ်သွားလေသည် "ဘုရားရောဒါ... ဒါ... ဘယ်လို ဖြစ်သွားတာလဲ... ဘယ်လို လုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ... မင်း ဒါကို ဘယ်လို လုပ်လိုက်တာလဲ..."

ဘယ်လို လုပ်လိုက်တာလဲ လို့ အကြိမ်ကြိမ် မေးနေတာကို ကြည့်ရင် ဒိုဒိုလာ ဘယ်လောက်တောင် အံ့အားသင့်နေလဲ ဆိုတာ သိနိုင်ပါတယ်။

"လောကမှာ မဖြစ်နိုင်တာ ဘာမှ မရှိပါဘူး..."

မုန်လဲ့ ဖြည်းညင်းစွာ ခေါင်းခါလိုက်လေသည် "အခုအချိန်အထိ... ငါက မြေ-သစ် နိယာမ... သတ္တု-အမှောင် နိယာမ... ရေ-အလင်း နိယာမ... လျှပ်စီး-ရေခဲ နိယာမ တွေကို လုံးဝ ပေါင်းစပ်ထားပြီးပြီ... ပြီးတော့ မြေ-သစ်-လျှပ်စီး နဲ့ သတ္တု-အမှောင်-မီး နိယာမ သုံးမျိုးစပ် တွေကိုလည်း အနည်းငယ် ပေါင်းစပ်ထားတယ်..."

ပိုက်ဆံ နှမြောလို့သာ... မဟုတ်ရင် မြေ-သစ်-လျှပ်စီး နဲ့ သတ္တု-အမှောင်-မီး ကို အပြည့်အဝ ပေါင်းစပ်ဖို့ လုံးဝ ပြဿနာ မရှိဘူး လို့ မုန်လဲ့ စိတ်ထဲမှာ တိတ်တဆိတ် ပြောလိုက်လေသည်။

"မြေ-သစ်-လျှပ်စီး... သတ္တု-အမှောင်-မီး..."

ဒိုဒိုလာ က မုန်လဲ့ကို သတ္တဝါဆန်း တစ်ကောင်လို ကြည့်နေပြီး... အချိန်အတော်ကြာမှ သတိပြန်ဝင်လာကာ "ဒါ မဟုတ်သေးဘူး... မင်းက ဘယ်လိုလုပ် အသက် နိယာမ နဲ့ ပျက်စီးခြင်း နိယာမ လမ်းကြောင်း တွေ ဘက် ရောက်သွားတာလဲ... မရဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး..." ဟု အော်ဟစ်လိုက်လေသည်။

"အသက် နိယာမနဲ့ ပျက်စီးခြင်း နိယာမကဘာကြီးလဲ"

မုန်လဲ့ လုံးဝ နားမလည် ဖြစ်သွားလေသည်။

"အခုချိန်မှာ... ငါ မင်းကို ဘာမှ ဖုံးကွယ်မထားတော့ဘူး... မင်းက တကယ်ကို စိတ်မချရတဲ့ ကောင်လေး ပဲ... တစ်နေ့နေ့ လမ်းမှား ရောက်သွားရင် ငါ ငိုလို့တောင် ရမှာ မဟုတ်ဘူး..."

ဒိုဒိုလာ အသက်ပြင်းပြင်း ရှူလိုက်ပြီး "သေချာ နားထောင်... အခု ပြောမယ့် စကား တွေက မင်းအတွက် အရမ်း အရေးကြီးတယ်... သေချာ မှတ်ထား..."

မုန်လဲ့ အသေအချာ ခေါင်းညိတ်လိုက်လေသည်။

"မင်း သိတဲ့အတိုင်းပဲ... လောကကြီးမှာ အခြေခံ နိယာမ ၁၀ မျိုး ရှိတယ်... ပြီးတော့ ဒီ အခြေခံ နိယာမ ၁၀ မျိုး ရဲ့ အထက်မှာ အမြင့်ဆုံး နိယာမ တွေ အများကြီး ရှိသေးတယ်..."

မုန်လဲ့ 'အင်း' ဟု ဖြေလိုက်လေသည်။

"အမြင့်ဆုံး နိယာမ က အတိအကျ ဘယ်နှစ်မျိုး ရှိလဲ ဆိုတာ ငါ့ကို မမေးနဲ့... ငါလည်း မသိဘူး... အမြင့်ဆုံး နိယာမ ကို လေ့ကျင့်ဖို့ အဆင့် က အရမ်း မြင့်ပြီး... နားလည်ဖို့ အရမ်း ခက်ခဲတယ်..."

ဒိုဒိုလာ က ရှင်းပြလေသည် "အခုအချိန်အထိ... အမြင့်ဆုံး နိယာမ တွေ အားလုံးကို ဘယ်သူမှ အပြည့်အဝ နားလည်အောင် မလုပ်နိုင်သေးဘူး... ဒါကြောင့် လောကကြီးမှာ အမြင့်ဆုံး နိယာမ ဘယ်နှစ်မျိုး ရှိလဲ ဆိုတာ ဘယ်သူမှ မသိကြတာ..."

မုန်လဲ့ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် ချက်ချင်း နားလည်သွားလေသည်။ ဒီသဘောတရား က နားလည်ရ အရမ်း လွယ်ကူပါတယ်။

ဥပမာ... ကမ္ဘာပေါ်မှာ တိုက်ကြီး ၇ တိုက် ရှိတယ် ဆိုတာ အားလုံး သိကြပေမဲ့... အမေရိက၊ သြစတြေးလျ နဲ့ အန္တာတိက ကို မတွေ့ခင် တုန်းက ကမ္ဘာပေါ်မှာ တိုက်ကြီး ၇ တိုက် ရှိတယ် ဆိုတာ ဘယ်သူ သိမှာလဲ။

အမြင့်ဆုံး နိယာမ လည်း အတူတူပါပဲ။

တစ်ခု သိရင် တစ်ခု တွေ့တာပဲ...

နှစ်ခု သိရင် နှစ်ခု တွေ့တာပဲ...

မသိသေးတာ တွေကို ဘယ်သူ သိမှာလဲ။

"အခုအချိန်အထိ... တွေ့ရှိထားတဲ့ အမြင့်ဆုံး နိယာမ က ၅ မျိုး ရှိတယ်... အဲဒါတွေက ပျက်စီးခြင်း နိယာမ၊ အသက် နိယာမ၊ လေဟာနယ် နိယာမ၊ သေခြင်း နိယာမ၊ အချိန် နိယာမ တွေပဲ..."

ဒိုဒိုလာ က ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည် "အဲဒီထဲက အချိန် နိယာမ ကို ကြီးမြတ်တဲ့ အချိန်ကာလ နတ်ဘုရား က ပထမဆုံး တွေ့ရှိခဲ့တာ... သူကိုယ်တိုင် အချိန် နိယာမ ရဲ့ အပေါ်ယံလောက်ပဲ နားလည်ခဲ့ပေမဲ့ပေါ့..."

"ပျက်စီးခြင်း နိယာမ"

"အသက် နိယာမ"

"သေခြင်း နိယာမ"

"လေဟာနယ် နိယာမ"

"အချိန် နိယာမ"

"ဒါတွေက တွေ့ရှိထားတဲ့ အမြင့်ဆုံး နိယာမ ၅ မျိုး လား..." မုန်လဲ့ တိုးတိုးလေး ရေရွတ်လိုက်လေသည် "အမြင့်ဆုံး နိယာမ ကို ဘယ်လို နားလည်အောင် လုပ်ရမလဲ..."

"အရမ်း လွယ်ပါတယ်... နိယာမ ၅ မျိုး ပေါင်းစပ်လိုက်တာနဲ့..."

ဒိုဒိုလာ က ပြတ်ပြတ်သားသား ပြောလိုက်လေသည် "နိယာမ ၅ မျိုး ကို တစ်ခုတည်း အဖြစ် ပေါင်းစပ်လိုက်ရင်... အသစ် ဖြစ်တဲ့ အမြင့်ဆုံး နိယာမ ကို ဖန်တီးနိုင်ဖို့ အခွင့်အရေး ရှိတယ်... သေချာတာပေါ့... အခွင့်အရေး ရှိရုံပဲနော်..."

"ဘာဖြစ်လို့လဲ ဆိုတော့... အခြေခံ နိယာမ ၁၀ မျိုး ထဲကနေ ၅ မျိုး ရွေးပြီး ပေါင်းစပ်မယ် ဆိုရင်... ပေါင်းစပ်နည်း စုစုပေါင်း ၂၅၂ မျိုး ရှိတယ်... ဒါပေမဲ့ တကယ်တမ်း အမြင့်ဆုံး နိယာမ ဖြစ်လာနိုင်တာက လက်ရှိ အချိန်မှာ ၅ မျိုးပဲ ရှိသေးတယ်..."

ဒိုဒိုလာ က ရှင်းပြလေသည် "ပြီးတော့ ဒီ ၅ မျိုး သော ပေါင်းစပ်နည်း တွေကပဲ လက်ရှိ တွေ့ရှိထားတဲ့ အမြင့်ဆုံး နိယာမ ၅ မျိုး ရဲ့ လေ့ကျင့်ရေး နည်းလမ်း တွေ ဖြစ်နေတာ..."

"ကျန်တဲ့ ၂၄၇ မျိုး သော ပေါင်းစပ်နည်း တွေက... ဘယ်သူမှ မစမ်းသပ်ဖူးသေးတာ လည်း ဖြစ်နိုင်သလို... အမြင့်ဆုံး နိယာမ မဖြစ်လာနိုင်တာ လည်း ဖြစ်နိုင်တယ်..."

"အဲဒီထဲက ပျက်စီးခြင်း နိယာမ၊ အသက် နိယာမ၊ သေခြင်း နိယာမ၊ လေဟာနယ် နိယာမ တွေရဲ့ လေ့ကျင့်ရေး နည်းလမ်း တွေက ကျယ်ကျယ်ပြန့်ပြန့် သိကြပြီး... အဆုံးအစမရှိတဲ့ စကြဝဠာ ကြီး ထဲမှာ ဒီ အမြင့်ဆုံး နိယာမ လေးမျိုး ကို တတ်ကျွမ်းတဲ့ ပြီးပြည့်စုံတဲ့ နတ်ဘုရား တွေ အများကြီး ရှိတယ်..."

"ဒါပေမဲ့ အချိန် နိယာမ ကိုတော့ အခုချိန်ထိ ဘယ်သူမှ မတတ်ကျွမ်းသေးဘူး... ဘာလို့လဲ ဆိုတော့ အချိန်ကာလ နတ်ဘုရား သေဆုံးသွားပြီး ကတည်းက အချိန် နိယာမ ရဲ့ ပေါင်းစပ်နည်း ကို ငါ တစ်ယောက်တည်းပဲ သိတော့လို့လေ…”

All Chapters