အခန်း ၂၃၈
Vol. 24 Ch. 238
အခန်း ၂၃၈။ ငါ့ကို ဝိုင်းတိုက်ကြမလို့လား... လက်တစ်ရာတိုက်တန်
တိုက်တန်နတ်ဘုရားကျောင်းတော်ထဲမှ ထွက်ပေါ်လာသည့် ကြီးကျယ်ခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအရှိန်အဝါတို့သည် ပတ်ဝန်းကျင်တစ်ခုလုံးကို လှုပ်ခါသွားစေသည်။
ကြည့်ရှုသူများမှာ ထိတ်လန့်သွားကြပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် ပင်မနတ်ဘုရားကျောင်းတော်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
လျှပ်စီးတိုက်တန်ဘုရင်၊ ဘာဘရူးစ်၊ နာဂျီယာနှင့် ဆယ်စီယာတို့လည်း ထိုဘက်သို့ ကြည့်လိုက်သည့်အခါ ကောင်းကင်ယံတွင် မတ်တပ်ရပ်နေသည့် ကြီးကျယ်ခမ်းနားသော ပုံရိပ် ၁၇ ခုကို မြင်လိုက်ရသည်။
တချို့က ရွှေရောင်လျှပ်စီးများ ပတ်ထားပြီး တချို့က အပြာရောင်ရေနဂါးများကို နင်းထားကြသည်။ တချို့ကတော့ ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေကာ တချို့ကတော့ ရွှေရောင်သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။
သူတို့အားလုံးသည် တောက်ပသော နေမင်းကြီးကဲ့သို့ ထူးခြားပြီး ပြိုင်ဘက်ကင်းသည့် စွမ်းအားများကို ထုတ်လွှတ်နေကြသည်။
"ကြီးမြတ်တဲ့ တိုက်တန်နတ်ဘုရား ကူညီပါ... နတ်ဘုရားတစ်ဝက် ၁၇ ပါးတောင် ရှိနေတာပဲ... ငါ အိပ်မက်မက်နေတာလား" ဟု လျှပ်စီးတိုက်တန်ဘုရင်က တုန်တုန်ရီရီဖြင့် အော်ဟစ်အံ့ဩလိုက်သည်။
သူသည် ခုနက ကြောက်လန့်ပြီး သေမတတ် ဖြစ်နေခဲ့သော်လည်း အခုတော့ မိမိတိုင်းပြည်၏ နတ်ဘုရားတစ်ဝက်များ တစ်ခါတည်းနှင့် ၁၇ ပါးတောင် ထွက်လာသည်ကို မြင်လိုက်ရသဖြင့် အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ ဤမျှ ကြောက်စရာကောင်းသော စွမ်းအားမျိုးကို သူ မမျှော်လင့်ထားခဲ့ပေ။
"နဂါးကျွန်းက နတ်ဘုရားတစ်ဝက်တွေ ဒီမှာရှိနေရင်တောင် ဘိုးဘေးတွေရဲ့ လက်ချက်နဲ့ အမှုန့်ဖြစ်သွားမှာ သေချာတယ်" ဟု လျှပ်စီးတိုက်တန်ဘုရင်က ဝမ်းသာအားရ တွေးလိုက်ပြီး မုန်လဲ့ကို မသိမသာ ခိုးကြည့်ကာ စိတ်ထဲတွင် ကျေနပ်နေလေသည်။ "မိစ္ဆာကောင်... မင်း ဘယ်လိုသေမလဲဆိုတာ ငါ စောင့်ကြည့်နေမယ်"
"မိစ္ဆာကောင်... မင်း သေဖို့ ပြင်ထားလိုက်တော့" ဟု ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားပြီး ယဇ်ပုရောဟိတ်ကြီးနှင့် ရုပ်ချင်းဆင်တူသော တိုက်တန်တစ်ယောက်က မုန်လဲ့ကို မျက်လုံးထဲမှ မီးပွားများ ထွက်မတတ် စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။ သူသည် အသတ်ခံလိုက်ရသော ထိုအဘိုးအို၏ နောက်ထပ် နတ်ဘုရားကိုယ်ပွား တစ်ခုပင် ဖြစ်လေသည်။
"မင်းမှာ နတ်ဘုရားကိုယ်ပွားတွေ ကျန်နေသေးတာပဲ" ဟု မုန်လဲ့က အံ့ဩသလိုမျိုး ပြောလိုက်သော်လည်း တကယ်တော့ သူ စိတ်ထဲတွင် ဘာမှမဖြစ်ပေ။
သူ ခုနက ယဇ်ပုရောဟိတ်ကြီးကို သတ်လိုက်တုန်းက စနစ်ဆီက ဘာအကြောင်းကြားစာမှ မရခဲ့တာကြောင့် ဤအဘိုးကြီးမှာ ကိုယ်ပွားတွေ ကျန်နေသေးတယ်ဆိုတာ သူ ကြိုသိနေပြီးသား ဖြစ်သည်။
"သတ္တိ အရမ်းကောင်းနေတာပဲ... တိုက်တန်အင်ပါယာမှာ လာပြီး ရမ်းကားရဲတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ" ဟု ရွှေရောင်လျှပ်စီးများ ပတ်ထားသည့် လျှပ်စီးတိုက်တန်တစ်ယောက်က မိုးခြိမ်းသံအလား ဟိန်းဟောက်လိုက်သည်။
"ဟာဇူးစ်" ဟု ထိုတိုက်တန်ကို မြင်လိုက်ရချိန်တွင် ဘာဘရူးစ်၏ မျက်လုံးများ ချက်ချင်း နီရဲလာပြီး အဖေကိုသတ်သည့် ရန်သူကို တွေ့လိုက်ရသကဲ့သို့ ချက်ချင်း တိုးဝင်သွားတော့သည်။
"ဘာဘရူးစ်... မင်း မသေသေးဘူးပေါ့" ဟု လျှပ်စီးတိုက်တန် ဟာဇူးစ်က ဓားလို ထက်မြက်သည့် အကြည့်ဖြင့် ကြည့်ကာ "ဒါပေမဲ့ ကောင်းပါတယ်... ဒီနေ့ ငါ မင်းကို တစ်ခါထပ်သတ်ပေးမယ်" လို့ ပြောလိုက်သည်။
သူက ဆက်လက်၍ "ငါ မင်းရဲ့ ခေါင်းနဲ့ ခြေလက်တွေကို ဖြတ်ပစ်မယ်... မင်းရဲ့ မျက်လုံးတွေ... လျှာတွေကို တူးထုတ်ပစ်မယ်... ပြီးရင် လူ့လောကမှာ အညစ်ပတ်ဆုံး... အစုတ်ပုပ်ဆုံး အိမ်သာထဲကို ပစ်ချပစ်မယ်" လို့ သူက ကြိမ်းဝါးလိုက်သည်။
"မင်း ရေဆိုးမြောင်းထဲကနေ ထွက်လာမိတာကို နောင်တရစေရမယ်... ငါ့အရှေ့ကို ရောက်လာမိတာကို နောင်တရစေရမယ်... အစောကတည်းက သေမသွားခဲ့တာကို နောင်တရစေရမယ်"
"ငါ့ကို သတ်မယ်ဟုတ်လား... မင်းလောက်နဲ့လား" ဟု ဘာဘရူးစ်က လှောင်ရယ် ရယ်လိုက်ပြီး "အရင်တုန်းက မင်း အာဏာရှိနေလို့သာပေါ့... မင်းက ငါ့ရဲ့ ပြိုင်ဘက် ဖြစ်ပါ့မလား... ဒီနေ့တော့ ငါ အရာအားလုံးအတွက် လက်စားချေမယ်" လို့ ပြန်ပြောလိုက်သည်။
"တိတ်တိတ်နေစမ်း... မင်းလို သူပုန်ကောင်" ဟု ဟာဇူးစ်က ဒေါသတကြီး အော်ဟစ်ကာ ဘာဘရူးစ်ဆီသို့ တိုးဝင်သွားပြီး ဘာဘရူးစ်ကလည်း မကြောက်မရွံ့ဘဲ ပြန်လည် တိုက်ခိုက်လိုက်ရာ နှစ်ယောက်သား ပြင်းထန်စွာ တိုက်ခိုက်မိကြတော့သည်။
ကျန်ရှိနေသော နတ်ဘုရားတစ်ဝက် ၁၆ ပါးကလည်း မုန်လဲ့ထံသို့ ပြေးဝင်လာပြီး သူ့ကို ဝိုင်းရံထားလိုက်ကြသည်။
"သခင်" ဟု နာဂျီယာနှင့် ဆယ်စီယာတို့က မြင်လျှင် ကူညီရန် ပြင်ဆင်လိုက်ပေမဲ့ မုန်လဲ့က လက်ကာပြပြီး တားလိုက်သည်။ "သူတို့ကို ကိုင်တွယ်ဖို့ မင်းတို့ ကူညီပေးစရာ မလိုပါဘူး" ဟု မုန်လဲ့က ဆိုလိုက်သည်။
"ဒါပေမဲ့ သခင်..." ဟု သူတို့နှစ်ယောက်က စိုးရိမ်တကြီး ပြောလိုက်ကြသည်။ ဤသူတို့က နတ်ဘုရားတစ်ဝက် ၁၆ ပါး ဖြစ်ပြီး သာမန် မြင့်မြတ်သောနယ်မြေ အဆင့်များ မဟုတ်သဖြင့် တစ်ယောက်တည်း ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်ဟု သူတို့ တွေးနေကြသည်။
"အသုံးမဝင်တဲ့ လူအိုကြီး ၁၆ ယောက်လောက်ပါပဲ" ဟု မုန်လဲ့က အေးအေးဆေးဆေး ပြုံးလိုက်ပြီး "မင်းတို့ ဘေးမှာပဲ ငြိမ်ငြိမ်နေပြီး... ငါ့ရဲ့ စွမ်းဆောင်ချက်ကို သေချာ ကြည့်နေကြပါ" လို့ ပြောလိုက်သည်။
"မောက်မာလှချည်လား... ဘာမှမသိတဲ့ကောင်... အောက်ခြေလွတ်နေတာပဲ" ဟု မုန်လဲ့၏ စကားကြောင့် တိုက်တန် ၁၆ ပါးလုံး ဒေါသ အလွန်ထွက်သွားကြသည်။ သူတို့သည် တိုက်တန်အင်ပါယာ၏ နတ်ဘုရားတစ်ဝက်များ ဖြစ်ကြရာ မည်သည့်အခါကမျှ ဤသို့ အထင်သေးမခံခဲ့ရဖူးပေ။
"စကားများမနေနဲ့တော့... အကုန်လုံး တစ်ပြိုင်တည်း တိုက်ကြ" ဟု ယဇ်ပုရောဟိတ်ကြီးက ဟိန်းဟောက်လိုက်ပြီး "ဒီကောင်က အရမ်းမြန်တယ်... အားလုံး သတိထားကြ... နတ်ဘုရားနယ်ပယ်ကို ဖွင့်ပြီးတော့ တစ်ခါတည်း ကြိုးစားပြီး ချုပ်ကိုင်လိုက်ကြစို့" လို့ အမိန့်ပေးလိုက်သည်။
"ယဇ်ပုရောဟိတ်ကြီးက အရမ်းစိုးရိမ်လွန်းနေတာပဲ" ဟု မြေကြီးတိုက်တန်တစ်ယောက်က အေးဆေးစွာ ပြောလိုက်သည် "ငါတို့ နတ်ဘုရားတစ်ဝက် ၁၆ ပါး ပေါင်းတိုက်ရင် စစ်မှန်တဲ့ နတ်ဘုရား လာရင်တောင် ပြန်လမ်းမရှိ ဖြစ်သွားရမယ်... သူတစ်ယောက်တည်းကို ဘာလို့ ကြောက်နေရမှာလဲ"
"ဟုတ်တယ်... အဲဒီအတိုင်းပဲ" ဟု ကျန်သည့် တိုက်တန်များက ထောက်ခံကြသည်။
"သူ့ကို လုံးဝ အထင်မသေးနဲ့" ဟု ယဇ်ပုရောဟိတ်ကြီးက အော်ဟစ်လိုက်သည် "သူက လက်သီးနှစ်ချက်တည်းနဲ့ ငါ့ရဲ့ လျှပ်စီးကိုယ်ပွားကို သတ်ပစ်ခဲ့တာ... မင်းတို့ ပေါ့ဆရင်တော့ အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်"
ထိုစကားကို ကြားသောအခါ တိုက်တန် ၁၅ ပါးလုံး စိတ်ထဲတွင် ထိတ်လန့်သွားကြသည်။ ထိုလျှပ်စီးကိုယ်ပွားက အသန်မာဆုံး မဟုတ်သော်လည်း ထိပ်တန်း ငါးယောက်ထဲတွင် ပါဝင်လေသည်။ ထိုကိုယ်ပွားက အလွယ်တကူ အသတ်ခံရသည်ဆိုတော့ ဤရန်သူ၏ စွမ်းအားက အမှန်ပင် သေးငယ်သည် မဟုတ်ပေ။
"တိုက်ကြစို့" ဟု အော်ဟစ်လိုက်ပြီး နတ်ဘုရားနယ်ပယ်များကို ဖွင့်လိုက်ကြသည်။ ထိုအခါ နတ်ဘုရားနယ်ပယ် ၁၆ ခု တစ်ပြိုင်တည်း ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံးကို ပိတ်ဆို့လိုက်ကာ ပြင်းထန်သော ဖိအားများက မုန်လဲ့ကို ဝိုင်းဝန်း ဖိနှိပ်လိုက်တော့သည်။
"နယ်ပယ်တွေ ပေါင်းစပ်ထားတာပဲ... တကယ်ကို ထူးခြားတယ်" ဟု မုန်လဲ့က နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး "ဒါပေမဲ့ လူအများကြီးနဲ့ တစ်ယောက်တည်းကို ဝိုင်းတိုက်တာ... နည်းနည်းတော့ အနိုင်ကျင့်လွန်းရာ မရောက်ဘူးလား" ဟု မေးလိုက်သည်။
"မိစ္ဆာကောင်... ဒီကိုလာပြီး ရမ်းကားရဲတဲ့ မင်းက သေသင့်တယ်" ဟု ယဇ်ပုရောဟိတ်ကြီးက သတ်ဖြတ်ချင်စိတ်များဖြင့် "ဒီနေ့ မင်း သေရမယ်... ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး" လို့ ပြောလိုက်သည်။
"ကောင်းပြီလေ... ဒါဆိုရင်လည်း ငါ ဖုံးကွယ်မနေတော့ပါဘူး" ဟု မုန်လဲ့က ရယ်မောကာ ပြောလိုက်သည်။
ထိုခဏ၌ မုန်လဲ့၏ ရင်ဘတ်မှ စည်တော်ကြီး တစ်ခုကို တီးခတ်လိုက်သကဲ့သို့ ပြင်းထန်သော နှလုံးခုန်သံများ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ သွေးကြောများက ပိုမို တုတ်ခိုင်လာပြီး ကြွက်သားများကလည်း ဖောင်းကားလာကာ လေမှုတ်ထားသည့် ပူဖောင်းကြီးတစ်ခုကဲ့သို့ လျင်မြန်စွာ ကြီးထွားလာတော့သည်။
သူ့အရပ်မှာ မီတာအနည်းငယ်မှသည် ဆယ်မီတာ... မီတာတစ်ရာ... မီတာငါးရာအထိ ချက်ချင်းပင် ကြီးမားသွားပြီး အရပ် ငါးရာကျော် မြင့်မားသော ဧရာမ ဘီလူးကြီးတစ်ကောင် ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် သူ၏ လက်မောင်းနှစ်ဖက်မှတစ်ဆင့် အသားတုံးကြီးများ ထွက်ပေါ်လာပြီး ၎င်းတို့သည် လျင်မြန်စွာ ကြီးထွားကာ ကြွက်သားများ ထင်းနေသည့် လက်မောင်းအသစ်များ ဖြစ်လာတော့သည်။ ခဏလေးအတွင်းမှာပင် မုန်လဲ့၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ လက်မောင်းပေါင်း များစွာဖြင့် ပြည့်နှက်သွားပြီး ဖြံဖြံကြွကြွ ဖြစ်နေတော့သည်။
"ကြီးမြတ်တဲ့ တိုက်တန်နတ်ဘုရား ... ဒါ ဘာသတ္တဝါကြီးလဲ" ဟု တိုက်တန် ၁၆ ပါးလုံး အံ့ဩသွားကြသည်။
ကြည့်ရှုသူများလည်း မှင်သက်ကုန်ကြသည်။ တိုက်ပွဲဖြစ်ပွားနေသည့် ဘာဘရူးစ်နှင့် ဟာဇူးစ်တောင် တိုက်ခိုက်မှုကို ရပ်တန့်ကာ မုန်လဲ့ကို အံ့ဩတကြီး ကြည့်နေကြသည်။
"သခင် ဘာဖြစ်သွားတာလဲ..." ဟု နာဂျီယာနှင့် ဆယ်စီယာတို့က ပါးစပ်လေးများကို လက်ဖြင့်ပိတ်ကာ အံ့ဩလွန်း၍ စကားပင် မပြောနိုင် ဖြစ်နေကြသည်။
"ဒီကောင်က တိုက်တန်လား... ဒါပေမဲ့ ဘာလို့ လက်မောင်းတွေ ဒီလောက်များနေရတာလဲ" ဟု တိုက်တန်တစ်ယောက်က ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။
"မသိဘူး... လုံးဝ မမြင်ဖူးဘူး" ဟု အခြားသူများက ခေါင်းခါကြသည်။
ယဇ်ပုရောဟိတ်ကြီးကမူ မုန်လဲ့ကို စူးစိုက်ကြည့်ပြီး "ဒါက တိုက်တန်တွေထဲမှာ တားမြစ်ထားတဲ့ သွေးမျိုးဆက်... လက်တစ်ရာတိုက်တန် ပဲ" လို့ ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။
"လက်တစ်ရာတိုက်တန် ဟုတ်လား" ဟု ကျန်သည့် တိုက်တန်များ အလွန် ထိတ်လန့်သွားကြသည်။
"အရမ်း ခွန်အားကြီးတဲ့ ခံစားချက်မျိုးပဲ" ဟု မုန်လဲ့က လေဟာနယ်ထဲတွင် ရပ်ကာ ကိုယ်တွင်းမှ ထွက်ပေါ်လာသည့် စွမ်းအားများကို ခံစားရင်း ရေရွတ်လိုက်သည်။ လက်ရှိတွင် သူက အရပ် ငါးရာကျော် မြင့်မားပြီး တိုက်တန် ၁၆ ပါးနှင့် ယှဉ်လျှင် ဘာမျှ မလျော့နည်းသည့်အပြင် လက်မောင်းပေါင်း တစ်ရာတောင် ရှိနေခြင်းကြောင့် ပို၍ ကြောက်စရာကောင်းပြီး ရက်စက်သည့် ပုံစံ ဖြစ်နေသည်။
"အားလုံးပဲ... အခုတော့ စစ်စစ်ပေါက်ပေါက် တိုက်ကြရအောင်" ဟု မုန်လဲ့က တိုက်တန် ၁၆ ပါးကို ကြည့်ကာ ပြောလိုက်သည်။
သူက လက်သီးပေါင်း တစ်ရာကို တစ်ပြိုင်တည်း ဆုပ်ကိုင်ကာ အားကုန် ထိုးနှက်လိုက်သည်။ ထိုခွန်အားမှာ မည်မျှကြီးမားသည်ဆိုသော် ပိတ်ဆို့ထားသည့် နတ်ဘုရားနယ်ပယ်များအားလုံး ချက်ချင်းပင် ကြေမွ ပျက်စီးသွားခဲ့ရသည်။ မုန်လဲ့က ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် တိုက်တန် ၁၆ ပါး၏ အရှေ့သို့ ရောက်ရှိသွားသည်။ "ငါ တိုက်တော့မယ်နော်"
စကားပြောပြီးသည်နှင့် သူသည် ရွှေရောင်သံချပ်ကာနှင့် တိုက်တန်၏ အရှေ့တွင် ချက်ချင်း ပေါ်လာပြီး ဘာမှမပြောဘဲ လက်သီးများဖြင့် ဝိုင်းဝန်း ထိုးနှက်လိုက်တော့သည်။ လက်သီးပေါင်း တစ်ရာက အမြောက်ကျည်ဆံများအလား ကိုယ်ပေါ်သို့ တစ်ရဟော ကျရောက်သွားသည်။
အရိုးများ ကျိုးကြေသွားသည့် အသံများနှင့်အတူ သူသည် သွေးများစွာ အန်ထုတ်ကာ လွင့်စင်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျကာ လုံးဝ မလှုပ်နိုင်တော့ပေ။ လူတိုင်း လှမ်းကြည့်လိုက်သည့်အခါ ထိုခန္ဓာကိုယ်မှာ အသားတုံးကြီးတစ်ခုလို ဖြစ်သွားပြီး အရိုးများနှင့် အင်္ဂါအစိတ်အပိုင်းများ အားလုံး ကြေမွ ပျက်စီးသွားသည်ကို မြင်လိုက်ရသဖြင့် အလွန် ထိတ်လန့်သွားကြလေသည်။
ကြည့်ရှုသူများအားလုံး ကျောထဲတွင် စိမ့်အောင် ကြောက်လန့်သွားကြသည်။ စွမ်းအားကြီးလှသော ထိုနတ်ဘုရားတစ်ဝက်တောင် ဤသို့ ဖြစ်သွားသည်ဆိုလျှင် မုန်လဲ့၏ ခွန်အားက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။
"သခင်က... ဒီလောက်တောင် စွမ်းတာလား" ဟု ဘာဘရူးစ်က တံတွေး မျိုချလိုက်မိပြီး "တကယ်လို့ အရင်က သူ ငါတို့နဲ့ တိုက်တုန်းက ဒီစွမ်းရည်ကို သုံးခဲ့ရင် ငါလည်း..." ဟု တွေးကာ ကြက်သီးများပင် ထသွားရသည်။
"ဒီခံစားချက်က... မဆိုးပါဘူး" ဟု မုန်လဲ့က မြေပြင်ပေါ်က အလောင်းကို တစ်ချက်ကြည့်ပြီး ကျန်နေသည့် တိုက်တန် ၁၅ ပါးကို ကြည့်ကာ "လာစမ်းပါ အားလုံးပဲ... မင်းတို့အားလုံး ငါ့ကို ဝိုင်းတိုက်ကြမှာ မဟုတ်ဘူးလား" ဟု စိန်ခေါ်လိုက်သည်။
ဝိုင်းတိုက်မယ် ဟုတ်လား... ဘယ်သူက ဘယ်သူ့ကို ဝိုင်းတိုက်နေတာလဲ။ တိုက်တန်များမှာ စိတ်ထဲတွင် အလွန် ခံရခက်နေသော်လည်း ယခုအချိန်တွင် ပြန်လှည့်ရန် လမ်းမရှိတော့သဖြင့် တိုက်ခိုက်ရန်သာ ပြင်လိုက်ကြတော့သည်။
"သေစမ်း... တိုက်ကြစို့" ဟု တိုက်တန် ၁၅ ပါးလုံး အော်ဟစ်ကာ ဧရာမ ဘီလူးကြီး ၁၅ ကောင်အလား မုန်လဲ့ဆီသို့ တစ်ပြိုင်တည်း တိုးဝင် တိုက်ခိုက်လိုက်ကြသည်။
"လာစမ်းပါ" ဟု မုန်လဲ့က ရယ်မောကာ လက်မောင်းများကို ထိန်းချုပ်ပြီး ပြန်လည် ထိုးနှက်လိုက်ရာ ဧရာမ ဘီလူးကြီးများ၏ ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပွားပါတော့သည်။ ထိုတိုက်ပွဲကြောင့် ကောင်းကင်ကြီးမှာ မှန်ကွဲများကဲ့သို့ တစ်စစီ ဖြစ်သွားခဲ့ရသည်။ တိုက်ခိုက်မှု တစ်ခုချင်းစီက ပြင်းထန်လှပြီး လေဟာနယ် တစ်ခုလုံး ပျက်စီးသွားခဲ့ရသည်။
"ဟားဟားဟား... အရမ်းကောင်းတယ်... ပိုပြီးတော့ ပြင်းပြင်းထန်ထန် တိုက်စမ်းပါ... မင်းတို့က ခွန်အားကြီးတဲ့ တိုက်တန်တွေ မဟုတ်ဘူးလား... ဘာလို့ ဒီလောက်ပဲ ခွန်အား ရှိရတာလဲ" ဟု မုန်လဲ့က တိုက်ပွဲအတွင်း အားရပါးရ အော်ဟစ်လိုက်သည်။
သူသည် တိုက်တန် ၁၅ ပါး၏ ဝိုင်းဝန်း တိုက်ခိုက်မှုကို ခံနေရသော်လည်း လုံးဝ အသာစီး ရနေသည်။ အကြိမ်ကြိမ် ထိခိုက်မိကြသော်လည်း မုန်လဲ့မှာ ဒဏ်ရာ တစ်ချက်မျှ မရရှိပေ။ ပြန်ကြည့်ရလျှင် တိုက်တန် ၁၅ ပါးမှာမူ ချွေးသံတရွှဲရွှဲဖြင့် ပင်ပန်းနွမ်းနယ်ကြပြီး ခန္ဓာကိုယ်တွင်လည်း သွေးသား ဒဏ်ရာများစွာ ရရှိထားကြပြီ ဖြစ်သည်။
တိုက်ပွဲ ကြာလာသည်နှင့်အမျှ တိုက်တန်တို့၏ ခွန်အားများ လျော့ကျလာပြီး မုန်လဲ့၏ တိုက်ခိုက်မှုအောက်တွင် လုံးဝ အခြေအနေမဲ့ ဖြစ်နေကြရသည်။
တိုက်တန်တို့မှာ သူ၏ ရိုက်ချက်များကို မခံနိုင်တော့ဘဲ နောက်ဆုံးတွင် သူတို့၏ ခွန်အားများ ကုန်ခန်းသွားကာ "ဒီကောင်က လူဟုတ်ရဲ့လား... ဒါ တကယ့် မိစ္ဆာပဲ" ဟု စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်ကြတော့သည်။