← Chapters

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း ၂၄၈။ မုန်လဲ့ နတ်ဘုရား... ယုံကြည်မှု ဖြန့်ဝေခြင်း

နှစ်သောင်းချီကြာမြင့်စွာ ရွှေရောင်ကျွန်းစုသည် ရွှေရောင် နဂါး-ခြင်္သေ့ မိသားစု၏ သံမဏိလက်သီး အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ ယခုအခါ ထိုအာဏာရှင်များ၏ ဖိနှိပ်မှု မရှိတော့သည့်အခါ မည်သို့သော ရလဒ်မျိုး ထွက်ပေါ်လာမည်ကို တွေးကြည့်၍ ရနိုင်ပေသည်။

စွမ်းအားရှိသော... အင်အားရှိသော... ချမ်းသာကြွယ်ဝသော ရည်မှန်းချက်ကြီးသူများ အားလုံး အသီးသီး ထကြွပုန်ကန်လာကြလေသည်။ ယခင်က ပုန်းအောင်းနေခဲ့ရသည့် မြင့်မြတ်သော နယ်မြေအဆင့် စွမ်းအားရှင်များ ကောင်းကင်ယံသို့ ထွက်ပေါ်လာကြသည်။

စွမ်းအားကြီးမားသော မိသားစုကြီးများကလည်း သူတို့၏ အစွယ်များကို ထုတ်ပြလာကြပြီး ချမ်းသာသော ကုန်သည်ကြီးများမှာလည်း ရမ်းကားလာကြတော့သည်။

တစ်ခဏအတွင်းမှာပင် ရွှေရောင်ကျွန်းစုတစ်ခုလုံး မိစ္ဆာများ သောင်းကျန်းသကဲ့သို့ ဖြစ်သွားပြီး ကျွန်းသူကျွန်းသားများ၏ ဘဝမှာ ရွှေရောင် နဂါး-ခြင်္သေ့ မိသားစု အုပ်ချုပ်စဉ်ကထက်ပင် ပို၍ ဆိုးရွားသွားခဲ့သည်။

ငိုကြွေးသံများက ကောင်းကင်သို့ ရိုက်ခတ်နေပြီး ဒုက္ခဆင်းရဲများကလည်း အဆက်မပြတ် ဖြစ်ပေါ်နေသည်။ မည်မျှအထိ ခါးသီးနေသနည်းဆိုသည်ကို ဖော်ပြရန်ပင် ခက်ခဲလှပေသည်။

လေယန်ကျွန်း။

လေယန်ကျွန်းသည် လေယန်ကျောက်ဟုခေါ်သော သတ္တုတစ်မျိုး ထွက်ရှိခြင်းကြောင့် နာမည်ရလာခြင်း ဖြစ်သည်။ ထိုလေယန်ကျောက်မှာ လက်နက်များ ဖန်တီးရာတွင် အဓိကအသုံးပြုရသည့် သတ္တုပင် ဖြစ်လေသည်။

ကျွန်းပေါ်ရှိ လေယန်ကျောက်များကို တူးဖော်ရန်အတွက် ရွှေရောင် နဂါး-ခြင်္သေ့ မိသားစုက သူတို့၏ လက်အောက်ခံ မိသားစုတစ်ခု ဖြစ်သော လေယန်မိသားစုကို ဤကျွန်းအား အုပ်ချုပ်ရန် ပေးအပ်ခဲ့သည်။

လေယန်ကျွန်းကို အခြေခံပြီး သတ္တုများ တူးဖော်ကာ လက်နက်များ ဖန်တီးရောင်းချရင်းဖြင့် လေယန်မိသားစုသည် အချိန်ကြာလာသည်နှင့်အမျှ စွမ်းအားများ စုဆောင်းမိလာပြီး ရွှေရောင်ကျွန်းစု တစ်ခုလုံးတွင် ထိပ်တန်း မိသားစုကြီး တစ်ခု ဖြစ်လာခဲ့လေသည်။

လေယန်မိသားစု၏ အစည်းအဝေး ခန်းမ။

ယနေ့ အစည်းအဝေး ခန်းမထဲတွင် လူများ ပြည့်ကျပ်နေလေသည်။ လေယန်မိသားစု၏ အထက်ပိုင်း ခေါင်းဆောင်များ... ထိပ်တန်း အဖွဲ့ဝင်များနှင့် ကျွန်းအသီးသီးမှ အုပ်ချုပ်သူများ အားလုံး စုဝေးပြီး အရေးကြီးသော ကိစ္စရပ်တစ်ခုကို တိုင်ပင်နေကြသည်။

"ဘိုးဘေးကြီးကို သတင်းပို့ပါတယ်... ဒီရက်ပိုင်းအတွင်း ကျွန်တော်တို့ ဂါဂါကျွန်း... ဆင်ကျွန်း... ချန်ယုကျွန်း အပါအဝင် ကျွန်းငယ်လေးတွေ စုစုပေါင်း ၂၃ ကျွန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်... ပြီးတော့ အဆင့် ၄ နဲ့ အထက် စွမ်းအားရှင် ၇၉၂၃၇ ယောက်နဲ့ မှော်ဆရာ ၃၄၈ ယောက်ကိုလည်း စုဆောင်းနိုင်ခဲ့ပါတယ်"

"အခု လေယန်မိသားစုရဲ့ ပိုင်နက်နဲ့ အင်အားက အရင်ကထက် ပိုကြီးမားလာပါပြီ... တစ်ခုတည်းသော ပြဿနာက စားနပ်ရိက္ခာပါပဲ... ရိက္ခာက နောက်ထပ် ၁၀ ရက်စာပဲ ကျန်တော့တယ်"

"၁၀ ရက်"

အစည်းအဝေး ခန်းမ၏ ထိပ်ဆုံးတွင် ထိုင်နေသော လေယန်မိသားစု၏ ဘိုးဘေးကြီး လေယန်ကျန့်က မျက်မှောင်ကြုတ်သွားပြီး "စားနပ်ရိက္ခာက ငါတို့မိသားစု ကြီးထွားဖို့အတွက် အရေးအကြီးဆုံးပဲ... လုံးဝ ပြတ်လပ်သွားလို့ မဖြစ်ဘူး" ဟု မိန့်ဆိုလိုက်သည်။

"ဘိုးဘေးကြီး ပြောတာ မှန်ပါတယ်... အခု အခြေအနေက အရမ်းကောင်းနေတယ်... တစ်နေ့ကို ကျွန်း ၅ ကျွန်းနဲ့ လူဦးရေ သန်းချီ... စွမ်းအားရှင် ထောင်ချီကို သိမ်းသွင်းနိုင်နေတာ... ဒီအတိုင်း ရပ်တန့်သွားလို့ လုံးဝ မဖြစ်ဘူး"

"မှန်တယ်... ရပ်တန့်လိုက်တာနဲ့ ဒီကျွန်းတွေက တခြား အင်အားစုတွေ လက်ထဲ ရောက်သွားလိမ့်မယ်... နောက်မှ ပြန်လုဖို့ဆိုတာ အရမ်း ခက်ခဲသွားပြီ"

"ကျွန်တော်တို့ လေယန်မိသားစုက လူအင်အား... လက်နက်အင်အား... စွမ်းအားရှင်အင်အား အားလုံး ရှိတယ်... ဒါက ထောင်နှစ်ချီမှ တစ်ခါကြုံရခဲတဲ့ ရွှေရောင် အခွင့်အရေးပဲ... ရိက္ခာပြဿနာလေးနဲ့တော့ အခွင့်အရေးကောင်းကို လက်လွတ်ခံလို့ မဖြစ်ဘူး"

လေယန်မိသားစု၏ အထက်ပိုင်း ခေါင်းဆောင်များ အကုန်လုံးက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြရာ လေယန်ကျန့်ကလည်း ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

"ရွှေရောင်ကျွန်းစုမှာ ခေါင်းဆောင် မရှိတော့ဘူး... ဒါက ငါတို့ လေယန်မိသားစု ကြီးထွားဖို့ အခွင့်အရေးကောင်းပဲ... ဒီအခွင့်အရေးကို လုံးဝ လက်လွတ်ခံလို့ မဖြစ်ဘူး"

"ဘိုးဘေးကြီး ပြောတာ အလွန်မှန်ကန်လှပါတယ်"

အားလုံးက ခေါင်းညိတ် သဘောတူလိုက်ကြသည်။ သူတို့ လေယန်မိသားစု၏ အင်အားက ထိပ်တန်းတွင် ရှိနေပြီး ရွှေရောင် နဂါး-ခြင်္သေ့ မိသားစု နေရာကို အစားထိုးရန် အရည်အချင်း ရှိပေသည်။

"ဒါဆိုရင် ရိက္ခာပြဿနာကို ဖြေရှင်းရမယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ နယ်မြေချဲ့ထွင်မှုကို ရပ်တန့်လို့ မရဘူး"

လေယန်ကျန့်၏ မျက်လုံးများမှ အလင်းတန်းများ ထွက်ပေါ်လာပြီး "အရှေ့တောင်ဘက်က လျန်ပေ့မိသားစုမှာ လူနည်းပြီး ရိက္ခာ အများကြီး ရှိတယ်... အဲဒီကို သွားပြီး ရိက္ခာ ယူရမယ်" ဟု ဆက်ပြောလိုက်သည်။

"ငါ အမိန့်ပေးမယ်... မိသားစုထဲက စွမ်းအားရှင်တွေကို စုစည်း... သင်္ဘောတွေ ပြင်ဆင်... နောက် ၃ ရက်နေရင် လျန်ပေ့ကျွန်းကို သွားတိုက်မယ်... သူတို့ မိသားစုကို ရှင်းပစ်ပြီး ရိက္ခာတွေ ယူမယ်" ဟု လေယန်ကျန့်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

"ဘိုးဘေးကြီးရဲ့ ဆုံးဖြတ်ချက်က မှန်ကန်လှပါတယ်"

"ဘိုးဘေးကြီးရဲ့ အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်"

"ဘိုးဘေးကြီး ဆုံးဖြတ်တဲ့အတိုင်းပါပဲ"

လေယန်မိသားစု၏ အထက်ပိုင်း ခေါင်းဆောင်များ အားလုံး စိတ်လှုပ်ရှားစွာဖြင့် သဘောတူလိုက်ကြလေသည်။

သို့သော် ထိုအချိန်၌ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရုတ်တရက် ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး တောင်ကြီးတစ်တောင် ဖိချလိုက်သကဲ့သို့ လေယန်မိသားစု အထက်ပိုင်း ခေါင်းဆောင်များ အားလုံး၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာလေတော့သည်။

“ဝုန်း…”

မြင့်မြတ်သော နယ်မြေအဆင့်ရှိသည့် ဘိုးဘေးကြီး လေယန်ကျန့် အပါအဝင် အားလုံးက ဘာမျှ လုပ်ခွင့်မရလိုက်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ ခြေထောက်များ တုန်ရီနေပြီး သေမလောက် ကြောက်လန့်သွားကြလေသည်။

"နတ်... နတ်ဘုရား အရှိန်အဝါ... ဒါ နတ်ဘုရား အရှိန်အဝါပဲ"

လေယန်ကျန့်သည် ရွှေရောင် နဂါး-ခြင်္သေ့ မိသားစု၏ ဘိုးဘေးကြီး ဆာခရီကို အကြိမ်ကြိမ် တွေ့ဖူးပြီး နတ်ဘုရား အရှိန်အဝါကို ခံစားဖူးခဲ့သည်။ သို့သော် ယခုခံစားရသော အရှိန်အဝါက ဆာခရီထက် အဆပေါင်းများစွာ ပို၍ ကြောက်စရာကောင်းလှသည်။

"ဆာခရီ မသေသေးတာလား"

လေယန်ကျန့် အရမ်း ကြောက်လန့်သွားပြီး သေမတတ် ဖြစ်သွားရသည်။ တကယ်၍ ဆာခရီသာ မသေသေးပါက ယခုသူတို့ လုပ်နေသည်များမှာ ပုန်ကန်မှုနှင့် အတူတူပင် ဖြစ်သည်။

ရွှေရောင် နဂါး-ခြင်္သေ့ မိသားစု၏ ရက်စက်သော လုပ်ရပ်များအရဆိုလျှင် သူတို့ကို အပိုင်းပိုင်း ခုတ်ထစ်ပြီး မိသားစုတစ်ခုလုံးကို သတ်ပစ်မည်မှာ သေချာလှသည်။

"ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ... ဆာခရီ သေသွားပြီ မဟုတ်ဘူးလား"

လေယန်ကျန့်မှာ ထိတ်လန့်ကြောက်ရွံ့နေလေသည်။

"အောက်မှာ ရှိတဲ့လူတွေ နားထောင်စမ်း"

ထိုအချိန်တွင် ကြီးမားလှသော အသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

"နောက် ၃ ရက်အတွင်း မင်းတို့ မိသားစုထဲက အစွမ်းအထက်ဆုံး လူတစ်ယောက်ကို ရွှေရောင် နဂါး-ခြင်္သေ့ ကျွန်းကို လွှတ်လိုက်... အရေးကြီးတဲ့ ကိစ္စ တိုင်ပင်ဖို့ ရှိတယ်... မလာဘူးဆိုရင်တော့ မိသားစုတစ်ခုလုံးကို သတ်ပစ်မယ်... ခွေးတစ်ကောင် ကြက်တစ်ကောင်တောင် အရှင်မထားဘူး"

အသံအဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါလည်း ပျောက်ကွယ်သွားလေသည်။ ထိုအခါမှသာ လေယန်ကျန့်နှင့် လေယန်မိသားစု အထက်ပိုင်း ခေါင်းဆောင်များမှာ တုန်တုန်ရီရီဖြင့် ထလာကြသည်။ သူတို့ မျက်နှာပေါ်တွင် ကြောက်လန့်မှုများ အပြည့်ဖြစ်နေလေသည်။

"ဘိုး... ဘိုးဘေးကြီး... ခုနက ဟာက နတ်ဘုရားတစ်ဝက်လား... ဆာခရီ တကယ် မသေသေးတာလား"

လေယန်မိသားစု အထက်ပိုင်း ခေါင်းဆောင် တစ်ယောက်က တုန်တုန်ရီရီဖြင့် မေးလိုက်လေသည်။

"မဟုတ်ဘူး... အဲဒီ အရှိန်အဝါက ဆာခရီထက် အဆပေါင်းများစွာ ပိုကြောက်စရာ ကောင်းတယ်... ဆာခရီ ဖြစ်ဖို့ မလွယ်ဘူး" လေယန်ကျန့်က ခေါင်းခါလိုက်သည်။

"ဆာခရီ မဟုတ်ဘူးဆိုရင်... ဆာခရီကို သတ်ပြီး ရွှေရောင် နဂါး-ခြင်္သေ့ မိသားစုကို ဖျက်ဆီးပစ်တဲ့ နတ်ဘုရားတစ်ဝက် များလား"

"ဖြစ်နိုင်တယ်... ဒါမှမဟုတ်လည်း ရွှေရောင်ကျွန်းစုကို ဖြတ်သွားတဲ့ တခြား နတ်ဘုရားတစ်ဝက် တစ်ပါးပါးလည်း ဖြစ်နိုင်တာပဲ"

"ဘုရားရေ... ဘယ်ကနေ နတ်ဘုရားတစ်ဝက် တစ်ပါး ထပ်ပေါ်လာရတာလဲ... ကျွန်တော်တို့ လေယန်မိသားစုရဲ့ အစီအစဉ်တွေက ဘယ်လိုလုပ်မလဲ"

အားလုံးက တစ်ယောက်တစ်ပေါက် ပြောနေကြပေမဲ့ ဘိုးဘေးကြီး လေယန်ကျန့်ကမူ ဘာမျှ ဝင်မပြောချေ။ ထို့ကြောင့် အားလုံးက သူ့ကို ဝိုင်းကြည့်လိုက်ရာ သူ၏ မျက်နှာမှာ အလွန် ပျက်ယွင်းနေသည်ကို တွေ့လိုက်ရလေသည်။

"ဘိုးဘေးကြီး... ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမလဲ" လေယန်ကျန့်က မျက်မှောင်ကြုတ်လိုက်သည်။

"ခုနက အဲဒီ နတ်ဘုရားတစ်ဝက် ပြောသွားတာ မကြားလိုက်ဘူးလား... နောက် ၃ ရက်အတွင်း မိသားစုထဲက အစွမ်းအထက်ဆုံး လူကို ရွှေရောင် နဂါး-ခြင်္သေ့ ကျွန်းကို လွှတ်လိုက်ဆိုတာလေ... ငါတို့ လေယန်မိသားစုမှာ အစွမ်းအထက်ဆုံး လူက ဘယ်သူလဲ"

"ဒါက မေးနေစရာ လိုသေးလို့လား... သေချာပေါက် ဘိုးဘေးကြီးပေါ့... ဒါ... ဒါ ဘယ်လိုလုပ်မလဲ"

"မင်းတို့က ငါ့ကို မေးနေတော့ ငါက ဘယ်သူ့ကို သွားမေးရမလဲ"

လေယန်ကျန့်က ခါးသက်သက် ပြုံးလိုက်သည်။ "ငါတို့ လေယန်မိသားစုကို အဖျက်ဆီးမခံချင်ဘူးဆိုရင်တော့ သွားကို သွားရမှာပဲ... ဒါပေမဲ့ ပြဿနာက သွားပြီးရင် ဘာတွေ ကြုံရမလဲဆိုတာပဲ"

အထက်ပိုင်း ခေါင်းဆောင်များ အားလုံး တိတ်ဆိတ်သွားကြလေသည်။

"အကောင်းဆုံး ရလဒ်ကတော့... အဲဒီ နတ်ဘုရားတစ်ဝက်က ရွှေရောင် နဂါး-ခြင်္သေ့ မိသားစုနဲ့ ဘာမှ မပတ်သက်ဘဲ ရွှေရောင်ကျွန်းစုရဲ့ ယုံကြည်မှုကို လိုချင်လို့ ရောက်လာတာ ဖြစ်နိုင်တယ်... တကယ်လို့ အဲဒီလိုဆိုရင်တော့ ရွှေရောင်ကျွန်းစုမှာ နောက်ထပ် ရွှေရောင် နဂါး-ခြင်္သေ့ မိသားစု တစ်ခု ထပ်ပေါ်လာပြီပေါ့... ငါတို့ လေယန်မိသားစုရဲ့ ကြိုးစားအားထုတ်မှုတွေ အကုန်လုံး သဲထဲရေသွန် ဖြစ်သွားပြီ"

"ဒါဆို အဆိုးဆုံး ရလဒ်ကရော"

"အဲဒီ နတ်ဘုရားတစ်ဝက်က ဆာခရီပဲဆိုရင်တော့... ဘာဖြစ်မလဲဆိုတာ ငါ ပြောနေစရာ မလိုတော့ပါဘူး"

လေယန်မိသားစုတွင် ဖြစ်ခဲ့သော ကိစ္စမျိုးများက ရွှေရောင်ကျွန်းစုရှိ အခြား ကျွန်းများတွင်လည်း အလားတူ ဖြစ်ပျက်ခဲ့လေသည်။

ညတွင်းချင်းမှာပင် ရည်မှန်းချက်ကြီးသူများ အားလုံး ငြိမ်ကျသွားကြသည်။

တိုက်ခိုက်ရေး... မလုပ်တော့ပေ။

နယ်မြေချဲ့ထွင်ရေး... မလုပ်တော့ပေ။

ဆူပူအုံကြွမှု... မရှိတော့ပေ။

စွမ်းအားရှင်များ... အင်အားစုများနှင့် မိသားစုများ အားလုံးသည် ယုန်လေးများအလား ငြိမ်သက်သွားကြပြီး သူတို့၏ အခြေစိုက်စခန်းများတွင်သာ ပုန်းအောင်းနေကြလေသည်။

ထို့နောက်တွင်မူ ထိုအင်အားစုများ၏ အစွမ်းအထက်ဆုံး ခေါင်းဆောင်များသည် ရွှေရောင် နဂါး-ခြင်္သေ့ ကျွန်းသို့ အမြန်ဆုံး သွားရောက်ကြလေသည်။

၃ ရက်ပင် မပြည့်မီမှာပင် သူတို့အားလုံး ရွှေရောင် နဂါး-ခြင်္သေ့ မိသားစု နေရာ၌ စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။ တစ်ယောက်မျှ မလျော့သလို မိသားစု တစ်ခုမျှလည်း မကျန်ခဲ့ပေ။

နတ်ဘုရားတစ်ဝက် တစ်ပါး၏ အမိန့်ကို မည်သူကမျှ မလွန်ဆန်ရဲကြသလို စိန်ခေါ်ရဲသူလည်း မရှိချေ။ သို့သော် သူတို့ကို ပို၍ ကြောက်လန့်သွားစေသည်မှာ ရွှေရောင် နဂါး-ခြင်္သေ့ မိသားစုထံ ရောက်သွားသောအခါ တွေ့လိုက်ရသည့် နတ်ဘုရားတစ်ဝက်မှာ တစ်ပါးတည်း မဟုတ်ဘဲ ၄ ပါးတောင် ဖြစ်နေခြင်းပင်တည်း။

နတ်ဘုရားတစ်ဝက် ၄ ပါးက ရွှေရောင် နဂါး-ခြင်္သေ့ မိသားစု ကောင်းကင်ယံတွင် ရပ်နေကြပြီး သူတို့၏ ကြီးမားသော နတ်ဘုရား အရှိန်အဝါများကို ထုတ်လွှတ်ကာ အောက်ရှိလူများ၏ စိတ်နှလုံးများကို ဖိနှိပ်နေကြလေသည်။ သူတို့အားလုံး သေမတတ် ကြောက်လန့်သွားကြသည်။

ရည်မှန်းချက်...

ရည်ရွယ်ချက်...

နေရာလုမည့် စိတ်ကူးများ...

ဘာမျှ မရှိတော့ပေ။ အကုန် ပျောက်ကွယ်သွားလေပြီ။

ကျန်ခဲ့သည်မှာ အဆုံးအစမရှိသော ကြောက်လန့်မှုနှင့် စိုးရိမ်ပူပန်မှုများသာ ဖြစ်လေသည်။

"ဒီနေ့ မင်းတို့ကို ဒီကို ခေါ်လာတာ အကြောင်းရင်း သုံးခု ရှိတယ်"

ဘာဘရူးစ်က ရောက်လာသူများ အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး မိုးခြိမ်းသံအလား ကျယ်လောင်သော အသံဖြင့် ပြောလိုက်ရာ အားလုံး၏ နားထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

"ပထမအချက်... ဆာခရီကို ဘယ်သူ သတ်သွားလဲ... ရွှေရောင် နဂါး-ခြင်္သေ့ မိသားစုကို ဘယ်သူ ဖျက်ဆီးသွားလဲ... မင်းတို့ကို ဒုက္ခတွင်းထဲကနေ ဘယ်သူ ကယ်တင်ပေးလိုက်လဲ ဆိုတာကို ပြောပြဖို့ပဲ"

"အဲဒါက ငါတို့ရဲ့ ကြီးမြတ်တဲ့ သခင်... အမြင့်မြတ်ဆုံး ဖြစ်တဲ့ မုန်လဲ့ နတ်ဘုရားပဲ"

“ဝုန်း…”

ဘာဘရူးစ်က လက်ကို ဝှေ့ယမ်းလိုက်ရာ ပေတစ်သောင်း မြင့်သော မုန်လဲ့၏ ရုပ်တုကြီး ရုတ်တရက် ထွက်ပေါ်လာပြီး ရင်ပြင်ပေါ်တွင် မတ်တပ်ရပ်သွားကာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာလေသည်။

ရုတ်တရက် ပေါ်လာသော ရုပ်တုကြီးကို ကြည့်ပြီး အားလုံးက ခဏမျှ ကြောင်အမ်းသွားကြသော်လည်း ချက်ချင်းပင် ဒူးထောက်လိုက်ကြပြီး ကျေးဇူးတင်စကားများကို ရေပွက်ပွက်ဆူသကဲ့သို့ အဆက်မပြတ် ပြောဆိုနေကြတော့သည်။

"မုန်လဲ့ နတ်ဘုရားရဲ့ ကယ်တင်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

"ကြီးမြတ်တဲ့ မုန်လဲ့ နတ်ဘုရား... ကျွန်တော်တို့ကို ဒုက္ခတွင်းထဲကနေ ကယ်တင်ပေးပြီး လူပြန်ဖြစ်အောင် လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်... ဆိုးယုတ်တဲ့ ရွှေရောင် နဂါး-ခြင်္သေ့ မိသားစုရဲ့ ဖိနှိပ်မှုကနေ လွတ်မြောက်ခွင့် ပေးလို့ ကျေးဇူးတင်ပါတယ်"

"အမြင့်မြတ်ဆုံး မုန်လဲ့ နတ်ဘုရား... အရှင်က ကျွန်တော်တို့ရဲ့ အထီးကျန်မှုတွေကို ဖယ်ရှားပေးပြီး မျှော်လင့်ချက်တွေကို အလင်းရောင် ပေးခဲ့တဲ့ မီးအိမ်ပါပဲ... အရှင်က ကျွန်တော်တို့ရဲ့ ပူပန်မှုတွေကို ဖယ်ရှားပေးပြီး အေးချမ်းမှုတွေကို သိမ်းဆည်းပေးတဲ့ လက်ဖက်ရည်ပါပဲ... အရှင်က ကျွန်တော်တို့ကို အမြဲတမ်း စိုပြည်လန်းဆန်းနေစေမယ့် ရေပါပဲ... အရှင်က ကျွန်တော်တို့ရဲ့ ခါးသီးမှုတွေကို ဖယ်ရှားပေးပြီး ချိုမြိန်မှုတွေကို ယူဆောင်လာပေးမယ့် သကြားပါပဲ"

"ဒုတိယအချက်... မင်းတို့ရဲ့ အခုတလော လုပ်ရပ်တွေကြောင့် မုန်လဲ့ နတ်ဘုရားက အရမ်း ဒေါသထွက်နေတယ်"

ဘာဘရူးစ်က ဒေါသကို မထိန်းနိုင်ဘဲ ပြောလိုက်လေသည်။

"ကြီးမြတ်တဲ့ မုန်လဲ့ နတ်ဘုရားက သနားကြင်နာတတ်တယ်...

ချစ်ခင်တတ်တယ်... နှိမ့်ချတတ်တယ်... အားနည်းသူတွေကို သနားပြီး ဆိုးယုတ်မှုတွေကို မုန်းတီးတဲ့ တည်ရှိမှုတစ်ခုပဲ"

"သူက ဆာခရီကို သတ်ပြီး ရွှေရောင် နဂါး-ခြင်္သေ့ မိသားစုကို ဖျက်ဆီးပစ်တာက မင်းတို့ကို ဒုက္ခတွင်းထဲကနေ ကယ်တင်ဖို့အတွက်ပဲ... အရမ်း သနားကြင်နာတတ်တဲ့ နတ်ဘုရားပဲ"

"ဒါပေမဲ့ မင်းတို့ကျတော့ရော... ပြည်သူတွေရဲ့ အသက်ကို ဂရုမစိုက်ဘဲ ရမ်းကား သတ်ဖြတ်နေကြတယ်... ပြဿနာတွေ ဖန်တီးပြီး ရွှေရောင်ကျွန်းစုကို မငြိမ်မသက် ဖြစ်အောင် လုပ်နေကြတယ်"

ဘာဘရူးစ်က မျက်လုံးပြူးလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား အရှိန်အဝါများကို ထုတ်လွှတ်လိုက်လေသည်။ "မင်းတို့ အပြစ် ရှိတယ်ဆိုတာ သိရဲ့လား"

"သိပါတယ်... ကျွန်တော်တို့ အပြစ် ရှိပါတယ်"

"နတ်ဘုရား... ခွင့်လွှတ်ပေးပါ... ကျွန်တော်တို့ မှားမှန်း သိပါပြီ... သေချာပေါက် ပြင်ပါ့မယ်"

ထိုလူများ အားလုံး ကြောက်လန့်တကြားဖြင့် ဒူးထောက်ကာ တောင်းပန်နေကြသည်။ သူတို့ ရင်ထဲတွင် သေမလောက် ကြောက်လန့်နေကြပြီ ဖြစ်သည်။

"အမှားကို သိပြီး ပြင်မယ်ဆိုရင် ကောင်းတာပေါ့... မင်းတို့က ပထမဆုံးအကြိမ် လုပ်တာမို့လို့ သူက ခွင့်လွှတ်ပေးနိုင်တယ်... ဒါပေမဲ့ အဓိကကတော့ မင်းတို့ရဲ့ နောက်ပိုင်း လုပ်ရပ်တွေအပေါ်မှာပဲ မူတည်တယ်"

ဘာဘရူးစ်က အော်ဟစ်လိုက်လေသည်။ "နောက်ပိုင်း ဘယ်လို လုပ်ရမလဲဆိုတာ မုန်လဲ့ နတ်ဘုရားက သီးသန့် ပြောပြနေဖို့ လိုသေးလား"

"မလိုပါဘူး... မလိုပါဘူး"

"ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ သိပါတယ်"

"ဒါဆိုရင်လည်း ကောင်းပြီ"

ဘာဘရူးစ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။ "တတိယအချက်... ဒါက မုန်လဲ့ နတ်ဘုရားရဲ့ အမိန့် မဟုတ်ဘူး... ငါတို့ လေးယောက်ရဲ့ သဘောထားပဲ... မင်းတို့ သဘောကျရင် လုပ်လို့ရတယ်"

"အရှင်တို့... အမိန့်ပေးပါ"

"မုန်လဲ့ နတ်ဘုရားက မင်းတို့ ရွှေရောင်ကျွန်းစု အတွက် ဒီလောက်တောင် အများကြီး လုပ်ပေးခဲ့တာဆိုတော့... မင်းတို့က မုန်လဲ့ နတ်ဘုရားရဲ့ ကျေးဇူးကို တုံ့ပြန်ဖို့ တစ်ခုခုတော့ လုပ်သင့်တယ် မဟုတ်လား" ဘာဘရူးစ်က အေးဆေးစွာ ပြောလိုက်လေသည်။

"တုံ့ပြန်ဖို့..."

"နားလည်ပါပြီ... ကျွန်တော်တို့ နားလည်ပါပြီ... အားလုံး နားလည်ပါပြီ"

"နားလည်တယ်ဆိုရင်လည်း ထွက်သွားကြတော့"

"နောက် တစ်လနေရင် ငါတို့ လေးယောက် ရွှေရောင်ကျွန်းစုကို ထပ်ပြီး စစ်ဆေးရေး ဆင်းလာမယ်... တကယ်လို့ မင်းတို့ရဲ့ လုပ်ရပ်တွေက ငါတို့ကို မကျေနပ်စေဘူးဆိုရင်တော့ အနည်းဆုံး သေဒဏ်ပေးမယ်... အဆိုးဆုံးကတော့ မိသားစုတစ်ခုလုံးကို သတ်ပစ်မယ်... အဲဒါကို သေချာ မှတ်ထားကြ"

"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ"

လူများ အားလုံး အလျင်အမြန် ထွက်သွားကြလေသည်။ သူတို့ ထွက်သွားသည်ကို ကြည့်ပြီး ဘာဘရူးစ်က နှာခေါင်းရှုံ့လိုက်လေသည်။ "ဒီကောင်တွေ... ခြောက်မထားရင် ငြိမ်နေမှာ မဟုတ်ဘူး"

"နောက်ပိုင်း သူတို့ ဘယ်လိုလုပ်မလဲ ဆိုတာ ကြည့်ရမှာပေါ့"

"သေချာတာပေါ့"

"ငါတို့လည်း အားနေလို့ မဖြစ်ဘူး... သဘာဝဘေးအန္တရာယ် နည်းနည်းလောက် ဖန်တီးပြီး သခင့်ရဲ့ နာမည်နဲ့ ကယ်တင်ပေးရမယ်... အဲဒီလို နှစ်ဖက်ညှပ် လုပ်မှ ယုံကြည်မှုကို တည်ဆောက်လို့ ရမှာ"

"အဲဒီအတိုင်း လုပ်ကြတာပေါ့”

All Chapters