အခန်း ၂၆၁
Vol. 27 Ch. 261
အခန်း ၂၆၁။ ကောင်းကင်ယံတိုက်ကြီးကို သိမ်းပိုက်ခြင်း၊ ဒဏ္ဍာရီ တိုက်တန်
အမိန့်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြလေသည်။
တိုက်ကြီး တစ်ခုလုံးရှိ လူသားအားလုံးကို လွတ်မြောက်စေမည်ဆိုခြင်းမှာ အင်ပါယာကြီး သုံးခုနှင့် စစ်ကြေညာလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။
အင်ပါယာကြီး လေးခုသည် လူသား အရေအတွက် အများဆုံး နေရာများ ဖြစ်ကြောင်း လူတိုင်း သိကြသည်။ မုန်လဲ့က လူသား ကျွန်များကို လွတ်မြောက်စေမည်ဆိုခြင်းမှာ အင်ပါယာကြီး သုံးခု၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လိုက်ခြင်းပင် ဖြစ်သည်။
အင်ပါယာကြီး သုံးခုက သဘောတူပါမည်လော။
အဖြေမှာ ရှင်းလင်းလှပေသည်။
တိုက်တန် ဧကရာဇ်၊ သားရဲဧကရာဇ်နှင့် အယ်လ်ဖ် ဧကရီတို့၏ မျက်နှာများမှာ အလွန် ပျက်ယွင်းသွားကြလေသည်။ ယခင်က မုန်လဲ့ စိတ်အားထက်သန်စွာ ပြောဆိုနေချိန်တွင် သူတို့ ဒေါသထွက်ခဲ့သော်လည်း ဝင်ရောက် မစွက်ဖက်ခဲ့ကြပေ။ ကိုယ်နှင့်မဆိုင်သဖြင့် လျစ်လျူရှုထားခဲ့ကြခြင်း ဖြစ်သည်။
မုန်လဲ့ နဂါးနတ်ဘုရား အင်ပါယာတွင် မည်သို့ပင် လုပ်ဆောင်စေကာမူ သူတို့နှင့် ဘာမျှ မသက်ဆိုင်ပေ။ သို့သော် ယခုအခါတွင်မူ မုန်လဲ့က သူတို့ နိုင်ငံအတွင်းရှိ လူသား ကျွန်များကိုပါ လွတ်မြောက်စေမည်ဟု ကြွေးကြော်လာသည်။ ၎င်းမှာ သူတို့ နိုင်ငံ၏ အခြေခံ အုတ်မြစ်ကို ဖျက်ဆီးကာ အင်ပါယာများကို ပျက်စီးစေရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။
"အင်ပါယာကြီး သုံးခုက ကိုယ်စားလှယ်အဖွဲ့တွေ... ပြန်ရောက်ရင် ငါ့ရဲ့ ဆုံးဖြတ်ချက်ကို မင်းတို့ရဲ့ ဧကရာဇ်တွေဆီ သေချာ ပြန်ပြောပြလိုက်ကြ"
မုန်လဲ့က အင်ပါယာကြီး သုံးခုမှ ကိုယ်စားလှယ်အဖွဲ့များကို ကြည့်ကာ... "တစ်လအတွင်း ငါ ရလဒ်ကို မြင်ချင်တယ်" ဟု ပြောလိုက်သည်။
"ဧကရာဇ်မင်းမြတ်"
ခါးတွင် ဓားကို ချိတ်ဆွဲထားသော အလွန် လှပတင့်တယ်သည့် အယ်လ်ဖ် အမျိုးသမီးတစ်ဦးက ဝင်ပြောလိုက်သည်။ သူမသည် အယ်လ်ဖ် အင်ပါယာ၏ တပ်မှူး အဇ္ဇလာပင် ဖြစ်သည်။
သူမက မုန်လဲ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်ကာ…
"လူသား ကျွန်စနစ်ကို ဖျက်သိမ်းမယ် မဖျက်သိမ်းဘူး ဆိုတာက အယ်လ်ဖ် အင်ပါယာရဲ့ ပြည်တွင်းရေးပါ... အရှင်မင်းမြတ် ဝင်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး" ဟု ပြောလိုက်သည်။
"အယ်လ်ဖ် အင်ပါယာရဲ့ ပြည်တွင်းရေးကို ငါ လုံးဝ စိတ်မဝင်စားဘူး... ငါ စိတ်ဝင်စားတာ လူသား မျိုးနွယ်စု တစ်ခုတည်းပဲ"
မုန်လဲ့က အေးဆေးစွာ ပြောလိုက်သည်။ "ငါ့ရဲ့ မုန်လဲ့ အင်ပါယာက လူသားတွေနဲ့ တည်ထောင်ထားတာ ဖြစ်လို့ အခြေခံ အုတ်မြစ်က လူသား မျိုးနွယ်စုပဲ... လူသား မျိုးနွယ်စုနဲ့ ပတ်သက်သမျှ အရာအားလုံးက မုန်လဲ့ အင်ပါယာနဲ့ သက်ဆိုင်တယ်"
"ဧကရာဇ်မင်းမြတ်... ခွင့်လွှတ်ပါ"
အဇ္ဇလာက အေးစက်စက် ပြောလိုက်သည်။ "ကောင်းကင်ယံတိုက်ကြီးမှာ လူသားတွေ ဘယ်လောက်တောင် များနေလဲ... အရှင်မင်းမြတ်က မုန်လဲ့ အင်ပါယာက လူသားတွေကိုပဲ ကိုယ်စားပြုနိုင်မှာပါ... တခြား လူသား အားလုံးကို ကိုယ်စားမပြုနိုင်ပါဘူး"
မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားပြီး စကားပြန်မပြောနိုင်လောက်အောင် ဖြစ်သွားပုံရသည်။ ခဏအကြာမှ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး "မင်း ပြောတာ မှန်တယ်... ငါက ငါ့နိုင်ငံက လူသားတွေကိုပဲ ကိုယ်စားပြုနိုင်တယ်... တခြား နေရာက လူသားတွေကို ကိုယ်စားမပြုနိုင်ဘူး" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ အင်ပါယာကြီး သုံးခုမှ ကိုယ်စားလှယ်အဖွဲ့များမှာ တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။ သို့သော် မုန်လဲ့၏ နောက်ထပ် စကားတစ်ခွန်းက သူတို့ကို လေထဲသို့ ခုန်တက်သွားလုမတတ် ဖြစ်သွားစေလေသည်။
"တကယ်လို့... ငါက ကောင်းကင်ယံတိုက်ကြီး တစ်ခုလုံးကို ငါ့ရဲ့ မုန်လဲ့ အင်ပါယာ ပိုင်နက်ထဲ ထည့်လိုက်မယ်ဆိုရင်ရော... လူသား အားလုံးကို ကိုယ်စားပြုနိုင်သွားပြီ မဟုတ်ဘူးလား"
"ဧကရာဇ်မင်းမြတ် ဉာဏ်ပညာ ကြီးမားလှပါတယ်"
"ဧကရာဇ်မင်းမြတ် ပြောတာ မှန်ပါတယ်"
ဘာဘရူးစ်၊ ပူဟာမန် အစရှိသူများက အလျင်အမြန် မြှောက်ပင့်ပေးလိုက်ကြသည်။ သူတို့က ကောင်းကင်ယံတိုက်ကြီး တစ်ခုလုံးကို သိမ်းပိုက်ချင်နေကြသည်မှာ ကြာပြီဖြစ်သည်။
"ဧကရာဇ်မင်းမြတ် စကားကို ဆင်ခြင်ပြောပါ... နှုတ်ကြောင့် ဒုက္ခရောက်တတ်ပါတယ်"
အဇ္ဇလာ၏ မျက်နှာမှာ အလွန် ပျက်ယွင်းသွားပြီး အေးစက်စက် ပြောလိုက်သည်။ "ဧကရာဇ်မင်းမြတ်... အခု အရှင်မင်းမြတ်က မုန်လဲ့ အင်ပါယာရဲ့ ဧကရာဇ်ကို ကိုယ်စားပြုနေတာပါ"
"အရှင်မင်းမြတ် ပြောတဲ့ စကားတိုင်းက အင်ပါယာ တစ်ခုလုံးရဲ့ ဆန္ဒကို ကိုယ်စားပြုနေတာ ဖြစ်ပြီး ပုဂ္ဂိုလ်ရေး ဆန္ဒ မဟုတ်ပါဘူး... ဒါကြောင့် အရှင်မင်းမြတ် အနေနဲ့ စကားကို လျှောက်မပြောဖို့ မျှော်လင့်ပါတယ်"
"မဟုတ်ရင်... အရှင်မင်းမြတ် ခုနက ပြောသွားတဲ့ စကားကို အင်ပါယာကြီး သုံးခု အပါအဝင် တိုက်ကြီး တစ်ခုလုံးကို စစ်ကြေညာလိုက်တယ်လို့ ကျွန်မ မှတ်ယူလိုက်ပါမယ်"
"တိုက်ကြီး တစ်ခုလုံးကို စစ်ကြေညာတယ် ဟုတ်လား"
မုန်လဲ့ ရယ်မောလိုက်သည်။ "မင်းရဲ့ စကားက ငါ့ကို သတိရသွားစေတယ်... လူသား မျိုးနွယ်စုက ကောင်းကင်ယံတိုက်ကြီးရဲ့ မူလ သခင်တွေပဲ... လူသား မျိုးနွယ်စုက ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေကို ပြန်လုယူဖို့ တိုက်ကြီး တစ်ခုလုံးကို စစ်ကြေညာလိုက်တော့ရော ဘာဖြစ်လဲ"
"ဧကရာဇ်မင်းမြတ်"
အဇ္ဇလာ၏ မျက်နှာမှာ အေးစက်သွားလေသည်။
"ငါ့ရဲ့ ဒုတိယမြောက် အမိန့်... အယ်လ်ဖ် အင်ပါယာ၊ တိုက်တန် အင်ပါယာ၊ သားရဲနတ်ဘုရား အင်ပါယာ အားလုံးကို မုန်လဲ့ အင်ပါယာ အောက်မှာ ချက်ချင်း အညံ့ခံဖို့ အမိန့်ပေးတယ်"
မုန်လဲ့၏ အသံမှာ အေးစက်နေသည်။ "မဟုတ်ရင်... မုန်လဲ့ အင်ပါယာရဲ့ တပ်မတော်တွေ ရောက်လာတဲ့အခါ နိုင်ငံတွေ ပျက်စီးပြီး လူတွေ အကုန် သေရလိမ့်မယ်"
"အနိုင်ကျင့်လွန်းတယ်"
ထိုစကားကို ကြားသောအခါ တိုက်တန် ဧကရာဇ်၊ အယ်လ်ဖ် ဧကရီနှင့် သားရဲဧကရာဇ်တို့ အလွန်အမင်း ဒေါသထွက်သွားကြသည်။ မုန်လဲ့ ဤမျှလောက်အထိ ရိုင်းစိုင်းလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။
နိုင်ငံသစ် တည်ထောင်ခါစမှာပင် သူတို့ကို အညံ့ခံရန် အမိန့်ပေးခြင်းမှာ သူတို့ အင်ပါယာကြီး သုံးခုကို လုံးဝ အထင်အမြင် သေးနေခြင်းပင် ဖြစ်ပြီး တကယ်ကို အနိုင်ကျင့်လွန်းလှပေသည်။
"ဧကရာဇ်မင်းမြတ်"
အဇ္ဇလာက အေးစက်စက် ပြောလိုက်သည်။ "အရှင်မင်းမြတ် အရမ်း ရိုင်းစိုင်းနေပြီ..."
"ဟွန့်"
မုန်လဲ့က နှာခေါင်းရှုံ့လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခု အဇ္ဇလာ၏ ကိုယ်ပေါ်သို့ ကျရောက်သွားပြီး အဇ္ဇလာမှာ မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သွားကာ မြေပြင်ပေါ်သို့ ချက်ချင်း ပြားပြားဝပ်သွားလေတော့သည်။
"မင်းသာ အယ်လ်ဖ် အင်ပါယာရဲ့ ကိုယ်စားလှယ် မဟုတ်ရင် အခုဆို အလောင်း ဖြစ်နေပြီ"
မုန်လဲ့က အေးဆေးစွာ ပြောလိုက်သည်။ "ပြန်သွားပြီး အယ်လ်ဖ် ဧကရီကို ပြောလိုက်... အယ်လ်ဖ် မျိုးနွယ်စု အားလုံးကို ခေါ်ပြီး အယ်လ်ဖ် သစ်တောကနေ ထွက်သွား... နတ်ဘုရားမ ရေကန်ဘေးကို ပြန်သွားကြလို့"
"မဟုတ်ရင်... နဂါးမျိုးနွယ်စုလိုပဲ သမိုင်းထဲမှာ ပျောက်ကွယ်သွားအောင် ငါ လုပ်ပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး"
"လူယုတ်မာ"
အဇ္ဇလာမှာ အလွန် ရှက်ရွံ့ ဒေါသထွက်နေသော်လည်း မည်သို့ပင် ရုန်းကန်စေကာမူ လုံးဝ ပြန်လည် မခုခံနိုင်ဘဲ မြေပြင်ပေါ်တွင်သာ မှောက်လျက်သား ဖြစ်နေကာ အရှက်ခွဲခံနေရလေသည်။
"တိုက်တန် အင်ပါယာနဲ့ သားရဲနတ်ဘုရား အင်ပါယာလည်း ဒီအတိုင်းပဲ"
မုန်လဲ့က တိုက်တန် အင်ပါယာနှင့် သားရဲနတ်ဘုရား အင်ပါယာမှ ကိုယ်စားလှယ်အဖွဲ့များကို ကြည့်ကာ... "ပြောစရာ ရှိတာတွေ အကုန် ပြောပြီးပြီ... နားထောင်တာ မထောင်တာက မင်းတို့ အပိုင်းပဲ... နောက်တစ်လ နေရင် စစ်ပွဲ စတင်ပြီ"
အဇ္ဇလာကို စံပြ အနေဖြင့် တွေ့လိုက်ရသောအခါ နိုင်ငံနှစ်ခုမှ ကိုယ်စားလှယ်အဖွဲ့များမှာ ဒေါသထွက်နေပြီး အလွန်အမင်း မုန်းတီးနေကြသော်လည်း ငြိမ်သက်စွာ သီးခံနေရလေတော့သည်။
"သေနာကောင် ဟာရက်စ်... ဘာလို့ မရောက်လာသေးတာလဲ" တိုက်တန် ဧကရာဇ်မှာ သွားကြိတ်ကာ... "ဒီကောင် ဘာလုပ်နေတာလဲ" ဟု တွေးနေလေသည်။
ကောင်းကင်ဘုံက တိုက်တန် ဧကရာဇ်၏ ကျိန်ဆဲသံကို ကြားသွားသည့်အလား အဝေးမှ ကောင်းကင်ယံတွင် ကြောက်မက်ဖွယ်ကောင်းသော လေခွဲသံကြီး ရုတ်တရက် ထွက်ပေါ်လာလေသည်။
"ဘာဖြစ်တာလဲ"
လူတိုင်း လှည့်ကြည့်လိုက်ရာ အမည်းရောင် အစက်လေး တစ်စက်က လျှပ်စီးအလား အမြန်နှုန်းဖြင့် ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
"အဲဒါက..."
တိုက်တန် ဧကရာဇ် တစ်ကိုယ်လုံး တုန်ခါသွားလေသည်။
သားရဲဧကရာဇ်... အယ်လ်ဖ် ဧကရီနှင့် အခြား မြင့်မြတ်သော နယ်မြေအဆင့်... နတ်ဘုရားတစ်ဝက် စွမ်းအားရှင်များ အားလုံး တစ်ကိုယ်လုံး တုန်ခါသွားကြသည်။ "လာပြီ... နောက်ဆုံးတော့ လာပြီပေါ့... ငါတို့ကို အကြာကြီး စောင့်ခိုင်းထားတာပဲ"
"သခင်... ဟာရက်စ် ရောက်လာပြီ ထင်တယ်"
ဘာဘရူးစ်၊ ပူဟာမန်၊ နာဂျီယာတို့ အပါအဝင် အားလုံးက အလျင်အမြန် ရှေ့သို့ တက်လာကြပြီး မုန်လဲ့ကို အကာအကွယ် ပေးထားကာ လူတိုင်း၏ မျက်နှာများမှာ လေးနက်နေကြလေသည်။
"မစိုးရိမ်ကြပါနဲ့"
မုန်လဲ့က ဖြည်းညင်းစွာ ပြုံးလိုက်ပြီး အင်ပါယာကြီး သုံးခုမှ ကိုယ်စားလှယ်အဖွဲ့များကို တစ်ချက် ဝေ့ကြည့်ကာ လှောင်ပြောင်လိုက်သည်။ "ဒီကောင်တွေ... အထူးသဖြင့် တိုက်တန် အင်ပါယာက ဟာရက်စ်ကို ကယ်တင်ရှင်ကြီးလို မှတ်နေကြတာ... ဟာရက်စ်က ငါ့ကို သတ်ပြီး သူတို့ကို ဒုက္ခတွင်းထဲကနေ ကယ်တင်ပေးမယ်လို့ မျှော်လင့်နေကြတာပဲ"
"မျှော်လင့်ချက် ကြီးလေ၊ စိတ်ပျက်ရတာ ကြီးလေပဲ ဆိုတာကို သူတို့ မသိကြဘူး"
"ဟာရက်စ်ဆိုတဲ့ ဇာတ်ပို့လေး ပါလာတော့ ငါ အင်ပါယာကြီး သုံးခုကို သိမ်းပိုက်ပြီး ကောင်းကင်ယံတိုက်ကြီး တစ်ခုလုံးကို ပေါင်းစည်းဖို့က အများကြီး ပိုလွယ်သွားတာပေါ့"
"ဧကရာဇ်မင်းမြတ် ဉာဏ်ပညာ ကြီးမားလှပါတယ်"
နီးလာပြီ။
ပိုနီးလာပြီ။
နီးကပ်လာသည်နှင့်အမျှ လေခွဲသံကြီးမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းလာပြီး ပိုမို ကျယ်လောင်လာလေသည်။
လူတိုင်း တဖြည်းဖြည်း ရှင်းလင်းစွာ မြင်တွေ့လာရသည်။ လူပိန်သေးသေးလေး တစ်ယောက် ဧရာမ ဓားကြီး တစ်လက်ကို စီးကာ ပြေးဝင်လာခြင်း ဖြစ်သည်။
သူသည် အမည်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ပုကာ ပိန်လှီနေသည်။ သာမန် တိုက်တန်များကဲ့သို့ အရပ်ရှည်ပြီး တုတ်ခိုင်သော ခန္ဓာကိုယ်မျိုး လုံးဝ မရှိပေ။
သို့သော် မည်သူမျှ သူ့ကို အထင်မသေးရဲကြပေ။ သူသည် ဟာရက်စ် ဖြစ်သောကြောင့်သာမက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းကို ပိုင်ဆိုင်ထားခြင်းကပင် လူအများစုအတွက် လိုက်မမီနိုင်သော အရာတစ်ခု ဖြစ်နေသောကြောင့်တည်း။
"ရွှမ်း..."
နဂါးနတ်ဘုရား တောင်ထိပ်သို့ ရောက်သောအခါ ဟာရက်စ် ရုတ်တရက် ရပ်တန့်သွားလေသည်။
"သူက ဟာရက်စ်လား"
"အသက် ၅၇ နှစ်နဲ့ နတ်ဘုရားတစ်ဝက် အဆင့်ကို ရောက်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ် သုံးသောင်းကျော်က လေဟာနယ်ကို ဖောက်ထွင်းကာ ကောင်းကင်ယံတိုက်ကြီးကနေ ထွက်သွားခဲ့တဲ့ တိုက်တန် အင်ပါယာ သမိုင်းတစ်လျှောက် အတော်ဆုံး တိုက်တန် ဆိုတာလား"
"သမိုင်းဝင် ပုဂ္ဂိုလ်ကြီးပဲ"
"လွန်ခဲ့တဲ့ နှစ် သုံးသောင်းကျော်က ရှေးဟောင်း ပုဂ္ဂိုလ်ကြီး..."
လူတိုင်းက ကောင်းကင်ယံတွင် မားမတ်စွာ ရပ်တည်နေသော ဟာရက်စ်ကို ကြည့်ကာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် သိချင်စိတ်များ... မျှော်လင့်ချက်များ... စိတ်လှုပ်ရှားမှုများနှင့် စိုးရိမ်ပူပန်မှုများ အသီးသီး ရှိနေကြလေသည်။
လူတိုင်း၏ စိတ်အခြေအနေမှာ ရှုပ်ထွေးနေလေသည်။
ထိုအချိန်တွင် ဟာရက်စ်က မျက်လုံးများကို အနည်းငယ် ဖွင့်ကာ လူတိုင်းကို တစ်ချက် ဝေ့ကြည့်လိုက်ရာ လူတိုင်း၏ မျက်လုံးများတွင် အပ်ဖြင့် ထိုးခံရသကဲ့သို့ နာကျင်မှုများ ခံစားလိုက်ရပြီး အားလုံး နာကျင်စွာဖြင့် မျက်လုံး မှိတ်လိုက်ကြရလေသည်။
"ဟွန့်... အားနည်းတဲ့ သာမန်လူတွေ"
ဟာရက်စ်က လှောင်ပြောင်လိုက်ပြီး... "မုန်လဲ့ ကလေးလေး ဘယ်မှာလဲ" ဟု အေးဆေးစွာ မေးလိုက်သည်။
"သခင်... သတိထားပါ" ဘာဘရူးစ်က အလျင်အမြန် သတိပေးလိုက်သည်။ "ဒီကောင့်ရဲ့ အစွမ်းကို ကျွန်တော် လုံးဝ ခန့်မှန်းလို့ မရဘူး... သခင် သေချာ သတိထားပါ"
"ဟုတ်ပါတယ် သခင်... ဒီကောင်က ခုနက နဂါးနတ်ဘုရားနဲ့ လုံးဝ မတူဘူး... သခင် သေချာ သတိထားပါ" ပူဟာမန်ကလည်း လေးနက်စွာ ပြောလိုက်သည်။
"စိတ်ချပါ... ငါ့ဘာသာငါ သိပါတယ်"
မုန်လဲ့က လက်ကာပြလိုက်ပြီး လေထဲသို့ ဖြည်းညင်းစွာ ပျံတက်သွားကာ ဟာရက်စ် အရှေ့သို့ ရောက်ရှိသွားလေသည်။
"မင်းက မုန်လဲ့လား"
ဟာရက်စ်က လှည့်ကြည့်လိုက်ပြီး ဓားသွားအလား ထက်မြက်လှသော မျက်လုံးများဖြင့် မုန်လဲ့ကို ကြည့်လိုက်သည်။
"အစစ်အမှန်ပါပဲ"
မုန်လဲ့က အေးဆေးစွာ ပြောလိုက်သည်။
"နှစ်ပေါင်း သုံးသောင်းကျော် ကြာပြီးမှ ကောင်းကင်ယံတိုက်ကြီးမှာ မင်းလို လူမျိုး ထွက်ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး... တကယ်ကို အံ့ဩစရာပဲ"
ဟာရက်စ်၏ မျက်နှာပေါ်တွင် ချီးကျူးသည့် အရိပ်အယောင်များ ပေါ်လွင်နေလေသည်။ "ဒါပေမဲ့... မင်းက တိုက်တန် နတ်ဘုရားကို မစိန်ခေါ်သင့်ဘူး... သူ့ရဲ့ ဒေါသကို မင်း ခံနိုင်မှာ မဟုတ်ဘူး"
"ခေတ်အဆက်ဆက်မှာ ပါရမီရှင်တွေ ထွက်ပေါ်လာတတ်ပြီး အားလုံးက ကိုယ့်ခေတ်နဲ့ကိုယ် တောက်ပခဲ့ကြတာချည်းပဲ"
မုန်လဲ့က လက်ချောင်းကို တွန့်လိုက်ပြီး "အရင်တုန်းက ကောင်းကင်ယံတိုက်ကြီးကို အယ်လ်ဖ် နတ်ဘုရားမ အုပ်ချုပ်နေတုန်းက တိုက်တန် နတ်ဘုရားက အယ်လ်ဖ် နတ်ဘုရားမကို စိန်ခေါ်ခဲ့တာပဲ မဟုတ်ဘူးလား" ဟု ပြောလိုက်သည်။
"အဲဒီအချိန်တုန်းက အယ်လ်ဖ် နတ်ဘုရားမက အဆင့်မြင့်နတ်ဘုရား ဖြစ်နေပြီဆိုတာ သိထားရမယ်... တိုက်တန် နတ်ဘုရားက အဆင့်မြင့်နတ်ဘုရား ဖြစ်တဲ့ အယ်လ်ဖ် နတ်ဘုရားမကိုတောင် စိန်ခေါ်ရဲသေးတာပဲ... ငါက အလယ်အလတ် နတ်ဘုရား တစ်ပါးကို စိန်ခေါ်တာ ဘာဆန်းလို့လဲ... သူနဲ့ ယှဉ်ရင် ငါ အများကြီး လိုပါသေးတယ်"
"သိထားတာတွေကတော့ မနည်းဘူးပဲ... ဒါပေမဲ့ အများကြီး သိနေတာကလည်း အမြဲတမ်း ကောင်းတာတော့ မဟုတ်ဘူး... တစ်ခါတလေ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမိပြီး အသက်ပါ ဆုံးရှုံးသွားတတ်တယ်"
ဟာရက်စ်က အေးဆေးစွာ ပြောလိုက်သည်။ "စတင် တိုက်ခိုက်တော့... မင်းက လူငယ်လေး ဖြစ်နေတဲ့အတွက် မင်းကို အရင် တိုက်ခိုက်ခွင့် ပေးမယ်... မဟုတ်ရင် လူကြီးက ကလေးကို အနိုင်ကျင့်တယ်လို့ အပြောခံရမှာ စိုးလို့"
"ရိုင်းစိုင်းလိုက်တာ"
"ဒီကောင် အရမ်း မာနကြီးတာပဲ"
"ခဏနေ သခင်က သူ့ကို ရိုက်နှက်ပြီး တောင်းပန်ခိုင်းတဲ့အခါ... ဒီလို မာနကြီးရဲသေးလား ကြည့်ရသေးတာပေါ့... တောက်... စောက်ရမ်း မာနကြီးနေတာ ကြည့်ရတာကို စိတ်တိုတယ်"
ဘာဘရူးစ်၊ ပူဟာမန် အစရှိသူများက တိုးတိုးလေး ကျိန်ဆဲနေကြပြီး ဟာရက်စ်၏ လေသံနှင့် အမူအရာကို အလွန် မကျေမနပ် ဖြစ်နေကြသည်။ မုန်လဲ့က သူ့ထက် အများကြီး နိမ့်ကျနေသည်ဟု နှိမ်ပြောနေသကဲ့သို့ ဖြစ်နေသောကြောင့်တည်း။
အခြားသူများကမူ ဘာမှ မထူးဆန်းဟု ထင်ကြသည်။ ဟာရက်စ်သည် လွန်ခဲ့သည့် နှစ် သုံးသောင်းကျော်က ဂန္ထဝင် တိုက်တန် ဖြစ်ပြီး အသက် ၅၇ နှစ်အရွယ်တွင် နတ်ဘုရားတစ်ဝက် အဆင့်သို့ ရောက်ရှိခဲ့သော ပါရမီရှင်ကြီး ဖြစ်သည်။
နှစ် သုံးသောင်းကျော်အကြာတွင် ပြန်လည် ရောက်ရှိလာသောအခါ သူ၏ စွမ်းအားက မည်မျှအထိ ရောက်နေမည်နည်း။
နည်းနည်းလောက် မာနကြီးတာ ဘာဖြစ်လဲ။ သူ့နဲ့ ယှဉ်ရင် မုန်လဲ့က ကလေးလေး သက်သက်ပဲလေ။
"ဒီ ဟာရက်စ်က... ဘာလို့ ဒီလောက် စကားတွေ များနေတာလဲ... မြန်မြန် ဓားနဲ့ ခုတ်သတ်လိုက်ပါတော့လား" တိုက်တန် ဧကရာဇ်မှာ အနည်းငယ် စိတ်မရှည်တော့ပေ။
"ငါ့ကို အရင် တိုက်ခိုက်ခိုင်းတာလား"
မုန်လဲ့၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားပြီး "ငါ ပထမဆုံး နဂါးကျွန်းကို ရောက်တုန်းက... မာနကြီးတဲ့ နဂါးနတ်ဘုရားတစ်ဝက်တွေလည်း ဒီလိုပဲ ပြောခဲ့တာပဲ... နောက်ဆုံးတော့ သူတို့ထဲက တစ်ကောင်ပဲ ထွက်ပြေးလွတ်မြောက်သွားတယ်" ဟု ပြောလိုက်သည်။
"ဟုတ်လား"
ဟာရက်စ် မျက်ခုံးပင့်လိုက်သည်။
"ငါ ဒုတိယအကြိမ် တိုက်တန် တောင်ထိပ်ကို တက်ပြီး တိုက်တန် အင်ပါယာ ကျောင်းတော်က နတ်ဘုရားတစ်ဝက်တွေနဲ့ တိုက်ခိုက်တုန်းကလည်း... ကြီးမားတဲ့ တိုက်တန်ကြီးတွေက ဒီလိုပဲ ပြောခဲ့တာပဲ"
မုန်လဲ့က ပြုံး၍ ခေါင်းခါလိုက်သည်။ "အဲဒီအထဲမှာ မင်းထက်တောင် ပိုရှေးကျတဲ့သူတွေ ပါသေးတယ်... ဒါပေမဲ့ သူတို့ရဲ့ အဆုံးသတ်ကတော့ တကယ်ကို သနားစရာ ကောင်းခဲ့တယ်"
"မင်းက သူတို့ကို ငါနဲ့ လာယှဉ်နေတာလား"
ဟာရက်စ်က ပြုံး၍ ခေါင်းခါလိုက်သည်။ "နဂါး နတ်ဘုရားတစ်ဝက်ပဲဖြစ်ဖြစ်၊ ကျောင်းတော် နတ်ဘုရားတစ်ဝက်ပဲဖြစ်ဖြစ်... သူတို့က တကယ်တော့ မင်းလိုပဲ ကောင်းကင်ယံတိုက်ကြီး ဆိုတဲ့ ရေအိုင်လေးထဲမှာ နေနေတဲ့ ဖားသူငယ်တွေပါပဲ"
"မင်းတို့က ကောင်းကင်ယံတိုက်ကြီးမှာ ပိတ်မိနေပြီး ရေတွင်းထဲက ဖားလို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတာ... ဒီလောကထဲမှာပဲ ခုန်ပေါက်နေနိုင်ကြတာ... အပြင်ကမ္ဘာကြီး ဘယ်လောက် ကြီးကျယ်တယ်ဆိုတာ မင်းတို့ ဘယ်သိမှာလဲ"
"အို"
မုန်လဲ့ မျက်ခုံးပင့်လိုက်သည်။
"ကလေးလေး... အပြင်ကမ္ဘာကြီးက အရမ်း ကျယ်ပြန့်တယ်... ဒီလောကလေးမှာ အောင်မြင်မှု နည်းနည်းလေး ရတာနဲ့ လိုချင်သလို လုပ်လို့ရပြီလို့ မထင်နဲ့"
ဟာရက်စ်က အေးဆေးစွာ ပြောလိုက်သည်။ "နောက်ဆုံးအနေနဲ့ အခွင့်အရေး ပေးမယ်... မင်းကို အရင် တိုက်ခိုက်ခိုင်းမယ်... မဟုတ်ရင် မင်း တိုက်ခိုက်ဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်ဘူး"
"ဒါဆိုလည်း... မင်း ပြောတဲ့အတိုင်း ငါ အရင် တိုက်ခိုက်ရတာပေါ့"
"ရွှမ်း…”