အခန်း ၂၇၂
Vol. 28 Ch. 272
အခန်း ၂၇၂။ မိစ္ဆာဘုရင်အား သတ်ဖြတ်ခြင်းနှင့် မိစ္ဆာနဂါး တိုက်ကြီး
ကြွယ်ဝမှု - နိယာမ မူလသလင်းကျောက် သန်း ၈၈၀...
"နိယာမ မူလသလင်းကျောက် သန်း ၈၈၀ ပဲ"...
"အရင်ကထက် သန်း ၃၀၀ တိုးလာတာ... မိစ္ဆာသန်းပေါင်း ၃၀၀၀ လောက် ငါ့လက်ထဲမှာ သေသွားပြီ... မဆိုးပါဘူး... ဆက်လုပ်ရဦးမယ်"...
မုန်လဲ့ တိုက်ခိုက်နေရင်းနဲ့ မိစ္ဆာတပ်မတော်ကြီးထဲမှာ နေရာလွတ်တွေ ပေါ်လာပြီး အချိန်တိုင်း မိစ္ဆာ အများအပြား သေဆုံးနေရသည် သို့သော် အဆုံးအစမရှိ များပြားလှသော မိစ္ဆာ တပ်မတော်ကြီးနှင့် ယှဉ်လျှင်မူ ဤသည်မှာ အနည်းငယ်မျှသာ ရှိသေးသည်
"နှေးလွန်းတယ်"...
မုန်လဲ့က သူ၏ အမြန်နှုန်းကို မကျေနပ်ပေ... သူ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ တစ်ယောက်မှ ဆယ်ယောက်... ဆယ်ယောက်မှ ရာယောက်... ရာယောက်မှ သောင်းယောက်အထိ တိုးပွားသွားသည်။
တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံတစ်ခုလုံး မုန်လဲ့၏ နတ်ဘုရားစွမ်းအား ကိုယ်ပွားများဖြင့် ပြည့်နှက်သွားတော့သည်။ ကိုယ်ပွား တစ်သောင်းအတွက် နတ်ဘုရားစွမ်းအား တစ်သောင်း ကုန်ကျသော်လည်း ကြွယ်ဝလှသော မုန်လဲ့အတွက်မူ ဘာမျှ မဟုတ်ပေ။
"ငရဲမီးလျှံ"
မုန်လဲ့၏ ကိုယ်ပွား တစ်သောင်းမှ မီးတောက်များ ပန်းထွက်သွားကာ မိစ္ဆာ တစ်သောင်း၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။
မီးတောက်များက လေနှင့်ထိတွေ့သည်နှင့် ကြီးမားလာပြီး မီးလောင်ရာမှ တစ်ဆင့် ကူးစက်သွားရာ တစ်ခဏအတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
"ဒီမီးက ဘာမီးလဲ... ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းရတာလဲ"
"မသိဘူး"
"တကယ့်ကို ကြားဖူးနားဝ မရှိတဲ့ မီးပဲ"
ငရဲမီးလျှံနှင့် ထိတွေ့သမျှ မိစ္ဆာအားလုံးမှာ ပြာအဖြစ် ပြောင်းလဲသွားကြလေသည်။ သားရဲနတ်ဘုရား အင်ပါယာမှ လူများမှာ ကြည့်ရှုရင်း ကြောက်လန့်နေကြသည်။
"ဒင်... ဒင်... ဒင်..."
စနစ်၏ အသိပေးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကြွယ်ဝမှု တန်ဖိုးမှာလည်း ရူးသွပ်စွာ တိုးပွားလာကာ သန်းပေါင်းများစွာအထိ တိုးတက်လာသည်။
"ဒီအတိုင်းပဲ... ပြာအဖြစ် ပြောင်းလဲသွားကြ"...
"သေစမ်း... ဒါ ငရဲမီးလျှံပဲ"
"ငရဲမီးလျှံ ဆိုတာ ငရဲပြည်က ငရဲမီးလျှံ ဖီးနစ် မျိုးနွယ်စုရဲ့ မငြိမ်းသတ်နိုင်တဲ့ မီးတောက် မဟုတ်ဘူးလား... သူက ရုပ်ဝတ္ထုလောကက သာမန်လူ တစ်ယောက်လေ... ဘယ်လိုလုပ် ငရဲမီးလျှံ ရှိနေရတာလဲ"
မိစ္ဆာ တပ်မတော်၏ နောက်ဆုံးပိုင်းတွင် အမှောင် ဒိုင်နိုဆောဘုရင်နှင့် အမှောင် မိကျောင်းလိပ်ဘုရင်တို့ ပုန်းအောင်းနေကြသည်။
သူတို့သည် အမှောင် မိစ္ဆာနဂါး၏ လက်အောက်ငယ်သားများ ဖြစ်ကြပြီး တိုက်ကြီးကို သိမ်းပိုက်ရန် စေလွှတ်ခြင်း ခံထားရသူများ ဖြစ်သည်။
"ဒီလူသား နတ်ဘုရားက ဘာလို့ ငရဲမီးလျှံကို သုံးနိုင်တာလဲ... သူက ငရဲမီးလျှံ ဖီးနစ် မျိုးနွယ်စုရဲ့ သွေးမျိုးဆက်လား"
"အဲဒီလိုပဲ ဖြစ်ရမယ်"
"အခု ဘာလုပ်ကြမလဲ"
"မိစ္ဆာနဂါးက ငါတို့ကို ဒီလောကကို သိမ်းပိုက်ဖို့ အမိန့်ပေးထားတာ... သူ့ကို မသတ်ရင် ငါတို့ အမိန့်ဖီဆန်ရာ ရောက်မယ်"
တိုင်ပင်ပြီးနောက် အမှောင် ဒိုင်နိုဆောဘုရင်နှင့် အမှောင် မိကျောင်းလိပ်ဘုရင်တို့သည် မုန်လဲ့ဆီသို့ ပြေးဝင်လာကြသည်။
"သေ"
အမှောင် ဒိုင်နိုဆောဘုရင်က အမြီးဖြင့် ရိုက်ချလိုက်သော်လည်း မုန်လဲ့က နေရာရွှေ့ပြောင်းကာ အလွယ်တကူ ရှောင်တိမ်းသွားသည်။
အမှောင် မိကျောင်းလိပ်ဘုရင်က ဆူးချွန်များ ပစ်လွှတ်သော်လည်း မုန်လဲ့မှာ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။
မုန်လဲ့သည် အမှောင် မိကျောင်းလိပ်ဘုရင်၏ ကျောပေါ်သို့ ရောက်ရှိသွားပြီး သေမင်းတံစဉ်ဖြင့် ခုတ်ချလိုက်ရာ အကာအကွယ်ကို ဖောက်ထွင်းသွားသည်။
"သေနာကောင်"
အမှောင် မိကျောင်းလိပ်ဘုရင်က တူကြီးတစ်လက်အဖြစ် ပြောင်းလဲကာ မုန်လဲ့ကို ထုနှက်လိုက်သည်။ အမှောင် ဒိုင်နိုဆောဘုရင်ကလည်း အသံလှိုင်းဖြင့် တိုက်ခိုက်သည်။
အသံလှိုင်းကြောင့် မုန်လဲ့၏ ခေါင်းအနည်းငယ် တုန်ခါသွားသော်လည်း သူက ချက်ချင်းပင် အမှောင် ဒိုင်နိုဆောဘုရင်၏ နောက်သို့ ရောက်ရှိသွားကာ သေမင်းတံစဉ်ဖြင့် ခုတ်ချလိုက်သည်။
"သေ"
အမည်းရောင် သွေးများ ပန်းထွက်သွားပြီး အမှောင် ဒိုင်နိုဆောဘုရင်၏ ခေါင်းမှာ လွင့်စင်သွားလေသည်။ အမှောင် ဒိုင်နိုဆောဘုရင်၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး သူ တကယ်သေတော့မည်ကို မယုံနိုင်ဖြစ်နေသည်။
အမှောင် မိကျောင်းလိပ်ဘုရင်က မုန်လဲ့၏ လက်ထဲတွင် ရှိသော သေမင်းတံစဉ်ကို ကြည့်ကာ "သေမင်းတံစဉ်ပဲ... ဒီကောင်ဆီမှာ ဘယ်လိုလုပ် သေမင်းတံစဉ် ရှိနေရတာလဲ" ဟု တိုးတိုးလေး အော်ဟစ်လိုက်သည်။
"နောက်တစ်ယောက်က မင်းပဲ... မင်းရဲ့ ခေါင်းကို သေမင်းဆီ ပို့ပေးမယ်" မုန်လဲ့က ပြောလိုက်သည်။
အမှောင် မိကျောင်းလိပ်ဘုရင်မှာ ထွက်ပြေးရန် ကြိုးစားသော်လည်း မုန်လဲ့က လမ်းပိတ်ဆို့လိုက်ပြီး အမည်းရောင် လှံရှည် ၂၀ လက်စလုံး သူ့ကိုယ်ပေါ်သို့ တည့်တည့် ကျရောက်သွားလေသည်။ ထို့နောက် ပေါက်ကွဲသွားပြီး ငရဲမီးလျှံများဖြင့် လောင်ကျွမ်းသွားသည်။
“အသက်... အသက်ချမ်းသာပေးပါ... အရှင်မင်းမြတ် ကျေးဇူးပြုပြီး ချမ်းသာပေးပါ"...
"အသက်ရှင်ချင်ရင် ရိုးရိုးရှင်းရှင်းပဲ... မင်းရဲ့ နတ်ဘုရားဝိညာဉ် အရင်းအမြစ်ကို ပေး... ငါ့ကို အညံ့ခံလိုက်" မုန်လဲ့က ပြောလိုက်သည်။
"အညံ့... အညံ့ခံပါတယ် ကျွန်တော် အညံ့ခံပါတယ်"...
အမှောင် မိကျောင်းလိပ်ဘုရင်မှာ သူ၏ နတ်ဘုရားဝိညာဉ် အရင်းအမြစ်ကို ပေးအပ်လိုက်ပြီး မုန်လဲ့၏ အာဏာစက်အောက်တွင် အညံ့ခံလိုက်လေတော့သည်။
"ကောင်းလိုက်တာ... မင်း နာမည် ဘယ်လိုခေါ်လဲ"
"ကျွန်တော် နာမည်က အန်တူအန်းပါ"...
အန်တူအန်း၏ ပြောပြချက်အရ မုန်လဲ့သည် ဤမိစ္ဆာ တပ်မတော်ကြီး ပေါ်လာရခြင်း အကြောင်းအရင်း... ဘယ်နေရာက လာသလဲ... ဘယ်သူ့ရဲ့ စေခိုင်းချက်လဲ ဆိုသည်ကို နားလည်သွားလေသည်။
တကယ်တမ်းတွင် ဤ မိစ္ဆာ တပ်မတော်ကြီးသည် မိစ္ဆာနဂါး တိုက်ကြီး' ဟုခေါ်သော မိစ္ဆာ ရုပ်ဝတ္ထုလောကမှ လာခြင်း ဖြစ်သည်။ မိစ္ဆာနဂါး တိုက်ကြီးမှာ အဆင့်နိမ့် ရုပ်ဝတ္ထုလောက တစ်ခုသာ ဖြစ်ပြီး မိစ္ဆာများသာ နေထိုင်ကြသည်။
၎င်းကို အုပ်ချုပ်သည့် အလယ်အလတ် နတ်ဘုရား အဆင့်ရှိ အမှောင် မိစ္ဆာနဂါး စဲလ်လပ်စ်·ဖရော့စ် က ကောင်းကင်ယံတိုက်ကြီးကို သိမ်းပိုက်လို၍ ကျူးကျော်လာခြင်း ဖြစ်ကြောင်း မုန်လဲ့ နားလည်သွားလေသည်။