အခန်း ၂၇၅
Vol. 28 Ch. 275
အခန်း ၂၇၅။ အမှောင် မိစ္ဆာနဂါးနှင့် ငရဲမီးလျှံ ဖီးနစ်
"ဝုန်း... ဝုန်း... ဝုန်း..."
သမိုင်းတွင် အကြီးကျယ်ဆုံးသော နတ်ဘုရားများနှင့် မိစ္ဆာများ၏ စစ်ပွဲကြီးသည် ကာမောလ် ကုန်းပြင်မြင့် အထက် ကောင်းကင်ယံတွင် စတင်ဖြစ်ပွားလာလေပြီ။
နတ်ဘုရား ၁၀ ပါးနှင့် မိစ္ဆာ ၄၅ ကောင်တို့သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်စွာ တိုက်ခိုက်မိကြသည်။ (ပူဟာမန် မပါဝင်ပေ)
နတ်ဘုရား ၁၀ ပါးစလုံးမှာ နတ်ဘုရားအမြုတေကို ယခုလေးတင်မှ ပေါင်းစပ်ထားသော အဆင့်နိမ့် အဆင့် နတ်ဘုရားများ ဖြစ်ကြသည်။
မိစ္ဆာ ၄၅ ကောင်ကတော့ မိစ္ဆာဘုရင်ကြီး ၉ ကောင်နှင့် မိစ္ဆာဘုရင် ၃၆ ကောင်တို့ ဖြစ်ကြသည်။ စာရွက်ပေါ်ရှိ အင်အားကိုသာ ကြည့်မည်ဆိုလျှင် နတ်ဘုရားများဘက်မှ လုံးဝကို အားနည်းနေပြီး အနိုင်ရရန် အလွန် ခက်ခဲနေပေသည်။
တကယ့် လက်တွေ့တွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။
မိစ္ဆာဘုရင်ကြီး ၁ ကောင်နှင့် မိစ္ဆာဘုရင် ၃ ကောင် ပေါင်းကာ နတ်ဘုရား ၁ ပါးကို ဝိုင်းဝန်း တိုက်ခိုက်နေကြသည်။ နတ်ဘုရားများမှာလည်း နတ်ဘုရားအမြုတေကို အခုမှ ပေါင်းစပ်ထားသူများ ဖြစ်ရာ နတ်ဘုရား ၁၀ ပါးစလုံးသည် မိစ္ဆာဘုရင်များ၏ အပြင်းအထန် ဖိနှိပ်တိုက်ခိုက်ခြင်းကို ခံနေကြရသည်။
အခြေအနေမှာ အလွန် အန္တရာယ်များနေပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့် အနေအထား ဖြစ်နေသည်။
သို့သော် မုန်လဲ့ကမူ ဤအခြေအနေကို လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ။ အမှောင် မိစ္ဆာနဂါး စဲလ်လပ်စ်ကိုသာ ကြည့်ကာ ပြောလိုက်သည်။
"စဲလ်လပ်စ်... အခု မင်းနဲ့ငါပဲ ကျန်တော့တယ်"
"လူသား နတ်ဘုရား... မင်း တော်တော် ရဲတင်းနေပါလား"
စဲလ်လပ်စ်၏ ကိုယ်ပေါ်မှ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ "ငါ့ရဲ့ တပ်မတော်ကြီးကို သတ်ဖြတ်ခဲ့တာကို ခဏထားဦး... ဒီနေရာအထိ လိုက်လာပြီး သေတွင်းလာတူးရဲတယ်ပေါ့"
"သေတွင်းတူးတာ ဟုတ်မဟုတ် ခဏနေရင် သိရမှာပေါ့" မုန်လဲ့က ဖြည်းညင်းစွာ ပြုံးလိုက်သည်။
"စဲလ်လပ်စ်... မင်းက အကြောင်းပြချက်မရှိဘဲ ငါ့ရဲ့ နယ်မြေကို မိစ္ဆာတပ်မတော် လွှတ်ပြီး ကျူးကျော်ခဲ့တယ်... ငါ့ကို ရှင်းပြချက် တစ်ခုလောက် ပေးသင့်တယ် မထင်ဘူးလား"
"ငါ့ကို နိုင်အောင် တိုက်နိုင်ရင် ရှင်းပြချက် ရလိမ့်မယ်"
စဲလ်လပ်စ်က သွားကြိတ်ကာ ပြောလိုက်သည်။ "မနိုင်ရင်တော့ မင်းရော မင်းလက်အောက်က နတ်ဘုရားတွေရော ငါ့ဝမ်းဗိုက်ထဲ ရောက်ပြီး ငါ့ရဲ့ အစားအစာ ဖြစ်သွားရလိမ့်မယ်"
"ဒီလိုမှတော့လည်း တိုက်ကြတာပေါ့"
မုန်လဲ့က လည်ပင်းကို ချိုးလိုက်ရာ 'ဂျွတ်... ဂျွတ်' ဆိုသော အသံများ ထွက်ပေါ်လာသည်။ "မင်းက စီနီယာ တစ်ယောက်ဖြစ်နေတဲ့အတွက် မင်းကို အရင် တိုက်ခွင့်ပေးမယ်"
"မောက်မာတဲ့ နတ်ဘုရား... သေစမ်း"
စဲလ်လပ်စ် ဒေါသထွက်သွားပြီး လက်သီးတစ်ချက် ထိုးချလိုက်သည်။ လူသားပုံစံ ဖြစ်နေသော်လည်း ဤလက်သီးချက်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
အားနည်းသော လေဟာနယ်မှာ ချက်ချင်း ပေါက်ကွဲသွားပြီး လက်သီးမှာ နေရာရွှေ့ပြောင်းလိုက်သကဲ့သို့ မုန်လဲ့၏ အရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
မြန်သည်။
ယှဉ်စရာမရှိအောင် မြန်ဆန်လွန်းလှသည်။
ကြမ်းတမ်းသည်။
သာမန် ကြမ်းတမ်းမှုမျိုး မဟုတ်ပေ။
ကြမ်းတမ်းလှသော ခွန်အားများ ပေါက်ကွဲထွက်လာသည်။ ဤလက်သီးချက်ကိုသာ အထိခံလိုက်ရပါက အထွတ်အထိပ် အဆင့်နိမ့်အဆင့် နတ်ဘုရား ဆိုလျှင်တောင်မှ အသားတုံးအဖြစ် ပြောင်းလဲသွားမည်မှာ သေချာလှသည်။
မုန်လဲ့သည် ဤလက်သီးချက်၏ ကြောက်မက်ဖွယ်ကောင်းမှုကို အပြည့်အဝ ခံစားလိုက်ရသည်။ လက်သီး လာထိမည့် အခိုက်အတန့်လေးမှာပင် အမှောင်ဒြပ်စင်အဖြစ် အသွင်ပြောင်းလိုက်ပြီး လွင့်မျောနေသော အမှောင်ဒြပ်စင် အစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
"အမှောင်ဒြပ်စင် အသွင်ပြောင်းခြင်း"
စဲလ်လပ်စ်သည် မုန်လဲ့၏ စွမ်းရည်ကို ချက်ချင်း မှတ်မိသွားပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ "မိစ္ဆာ နယ်ပယ်"
"ဝုန်း"
ကြီးမားလှသော စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မုန်လဲ့ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို အေးခဲသွားစေသည်။ မုန်လဲ့သည် ခန္ဓာကိုယ်ကို လှုပ်ရှား၍ မရတော့သလို လူသားပုံစံသို့ပင် ပြန်လည် ပြောင်းလဲ၍ မရတော့ပေ။
"မောက်မာတဲ့ လူသား နတ်ဘုရား"
စဲလ်လပ်စ်က အေးစက်စက် ပြောလိုက်သည်။ "မင်းရဲ့ အဆင့်က အရမ်း နိမ့်လွန်းတယ်... တခြား နည်းလမ်းတွေ သုံးစရာတောင် မလိုဘူး... ငါ့ရဲ့ မိစ္ဆာ နယ်ပယ်လေး တစ်ခုတည်းနဲ့တင် မင်းကို အပြည့်အဝ ဖိနှိပ်ထားနိုင်တယ်"
"မိစ္ဆာ နယ်ပယ်"
မုန်လဲ့ စိတ်ထဲမှ တွေးလိုက်မိသည်။ နတ်ဘုရားများတွင် နတ်ဘုရား နယ်ပယ် ရှိသလို မိစ္ဆာနတ်ဘုရားများတွင်လည်း မိစ္ဆာ နယ်ပယ် ရှိကြသည်။ အခေါ်အဝေါ် ကွဲပြားသွားခြင်းသာ ဖြစ်သည်။
"အလယ်အလတ် နတ်ဘုရားအဆင့်ရှိတဲ့ မိစ္ဆာနတ်ဘုရား တစ်ပါးရဲ့ မိစ္ဆာ နယ်ပယ်က တကယ်ကို အားကောင်းလွန်းတယ်"
မုန်လဲ့ စိတ်ထဲမှ မှတ်ချက်ချလိုက်ပြီး နေရာရွှေ့ပြောင်းခြင်း စွမ်းရည်ကို ချက်ချင်း အသုံးပြုကာ မိစ္ဆာ နယ်ပယ်ထဲမှ တိတ်တဆိတ် ပျောက်ကွယ်သွားလေသည်။
"ပျောက်သွားပြီ"
စဲလ်လပ်စ် အနည်းငယ် အံ့ဩသွားပြီး မလှမ်းမကမ်းတွင် ပြန်လည်ပေါ်လာသော မုန်လဲ့ကို မယုံနိုင်စွာ ကြည့်လိုက်သည်။
"နတ်ဘုရားစွမ်းအား အတက်အကျလည်း မရှိဘူး... လေလှိုင်း အတက်အကျလည်း မရှိဘူး... ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် မင်း ခုနက သုံးလိုက်တာ လေဟာနယ် စွမ်းရည်မလား"
"မင်း ခန့်မှန်းတာ မှန်တယ်" မုန်လဲ့က ဖြည်းညင်းစွာ ပြုံးလိုက်သည်။ "တိတိကျကျ ပြောရရင် ဒါက နေရာရွှေ့ပြောင်းခြင်းပဲ"
"နေရာရွှေ့ပြောင်းခြင်း"
စဲလ်လပ်စ် မျက်လုံးများ မှေးကျဉ်းသွားပြီး သူ၏ ရင်ထဲတွင် လှိုင်းဂယက်များ ထနေလေသည်။ ငရဲမီးလျှံ ဖီးနစ်ရဲ့ သွေးမျိုးဆက် ရှိနေရုံတင်မကဘူး၊ သေမင်းတံစဉ်ကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါ့အပြင် အမှောင်ဒြပ်စင် အသွင်ပြောင်းခြင်းနဲ့ နေရာရွှေ့ပြောင်းခြင်းလို အစွမ်းထက်တဲ့ စွမ်းရည် နှစ်ခုကိုပါ ကျွမ်းကျင်ထားသေးတယ်။
ဒီ မုန်လဲ့ဆိုတာ ဘယ်လို တည်ရှိမှုမျိုးလဲ။ ဘာလို့ ဒီလောက် ကြောက်စရာကောင်းပြီး အစွမ်းထက်တဲ့ နည်းလမ်းတွေ အများကြီး ပိုင်ဆိုင်ထားရတာလဲ။
"စဲလ်လပ်စ်... မင်း အရမ်း အစွမ်းထက်တယ်... ဒါပေမဲ့ နှမြောစရာပဲ..."
မုန်လဲ့က စဲလ်လပ်စ်ကို ကြည့်ကာ "မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး... ငါ မင်းကို အသက်ရှင်ခွင့် တစ်ခု ပေးမယ်... ငါ့ကို အညံ့ခံလိုက်... ဒီအခွင့်အရေးကို မင်း အရယူနိုင်ဖို့ မျှော်လင့်တယ်" ဟု ပြောလိုက်သည်။
"မောက်မာလိုက်တာ"
စဲလ်လပ်စ်က နှာခေါင်းရှုံ့လိုက်သည်။ "မင်းက လျှို့ဝှက်ချက်တွေ အများကြီး ရှိတဲ့ နတ်ဘုရား တစ်ပါးပဲ... မင်းဆီက လျှို့ဝှက်ချက်တွေကို ငါ အရမ်း စိတ်ဝင်စားတယ်... မင်းရဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံးကို ပေးမယ်ဆိုရင် မင်းကို အသက်ရှင်ခွင့် ပေးမယ်"
"ဒီလိုဆိုမှတော့လည်း တိုက်ကြတာပေါ့"
မုန်လဲ့က ဖြည်းညင်းစွာ ပြုံးလိုက်သည်။ "အခု ငါ့ရဲ့ အစွမ်းအထက်ဆုံး လျှို့ဝှက်လက်နက်ကို ထုတ်သုံးပြမယ်"
စကားပြောနေစဉ်မှာပင် မုန်လဲ့၏ ခန္ဓာကိုယ်မှ ပျစ်ချွဲချွဲ အမည်းရောင် မီးတောက်များ ထွက်ပေါ်လာသည်။ လူတစ်ကိုယ်လုံး အလိုအလျောက် မီးလောင်နေသကဲ့သို့ ဖြစ်လာပြီး အမည်းရောင် မီးတောက်များက ပိုမို ပြင်းထန်လာသည်။
နောက်ဆုံးတွင် မုန်လဲ့သည် ပြင်းထန်စွာ လောင်ကျွမ်းနေသော အမည်းရောင် မီးလုံးကြီး တစ်ခုအဖြစ် လုံးဝ ပြောင်းလဲသွားလေသည်။ ထိုအမည်းရောင် မီးလုံးကြီး၏ အလယ်ဗဟိုတွင် အတောင်ပံဖြန့်ထားပါက မီတာ တစ်ရာကျော် ရှည်လျားသော ခမ်းနားထည်ဝါသည့် ထူးဆန်းသော သားရဲကြီး တစ်ကောင် လွင့်မျောနေသည်။
ကြက်ခေါင်း၊ ပျံလွှားငှက်မေးစေ့၊ မြွေလည်ပင်း၊ လိပ်ကျောကုန်း၊ ငါးအမြီး... မင်ရည်အလား မည်းနက်နေပြီး အမည်းရောင် မီးတောက်များ တောက်လောင်နေသည်။
"ဝုန်း"
စိတ်ဝိညာဉ်ကို တုန်လှုပ်စေနိုင်သော ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခု ထိုထူးဆန်းသော သားရဲကြီးထံမှ ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားကာ လူတိုင်း၏ စိတ်နှလုံးကို ရူးသွပ်စွာ ဖိနှိပ်လိုက်လေသည်။
မူလက ပြင်းထန်စွာ တိုက်ခိုက်နေကြသော နတ်ဘုရားများနှင့် မိစ္ဆာ ၅၀ ခန့်မှာ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြပြီး အမည်းရောင် မီးတောက်များကြားတွင် လွင့်မျောနေသော သားရဲကြီးကို မယုံနိုင်စွာ ငေးကြည့်နေကြသည်။
"ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ"
"ငရဲမီးလျှံ ဖီးနစ်... ဒါက ငရဲခန်းက လာတဲ့ နတ်ဘုရားသားရဲ... ငရဲမီးလျှံ ဖီးနစ်ပဲ"
"ဒါကြောင့် သခင်က ငရဲမီးလျှံကို ထိန်းချုပ်နိုင်တာကိုး... သူက တကယ်ပဲ ငရဲမီးလျှံ ဖီးနစ် ဖြစ်နေတာပဲ"
ဘာဘရူးစ် အပါအဝင် မိစ္ဆာဘုရင်များ အားလုံးမှာ ရင်တထိတ်ထိတ် ဖြစ်နေကြသည်။ ငရဲမီးလျှံ ဖီးနစ်၏ ကြောက်မက်ဖွယ်ကောင်းသော နောက်ခံကို ထားလိုက်ဦး။ မုန်လဲ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါ တစ်ခုတည်းကပင် သူတို့ကို တိုက်ခိုက်လိုစိတ် မရှိတော့အောင် လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။
တကယ့်ကို ကြောက်စရာကောင်းလွန်းလှသည်။
"ဒီအချိန်တိုလေး အတွင်းမှာပဲ သူက ဒီလောက်အထိ အစွမ်းထက်လာတာလား... ဒီကောင် ဘယ်လိုများ လေ့ကျင့်နေတာလဲ"
ပင့်ကူနတ်ဘုရားမ ရိုစ်၏ အကြည့်များ ရှုပ်ထွေးသွားပြီး မုန်လဲ့ကို ပထမဆုံး စတွေ့ခဲ့သည့် အချိန်ကို သတိရသွားမိသည်။
အဲဒီအချိန်တုန်းက မုန်လဲ့ဟာ နတ်ဘုရားတစ်ဝက် အဆင့်လေးပဲ ရှိသေးတာ။ ထူးဆန်းတဲ့ စွမ်းရည်တွေနဲ့ ငရဲမီးလျှံကိုသာ မသုံးနိုင်ဘူးဆိုရင် သူက ငါ့ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ အခု နှစ်အနည်းငယ်ပဲ ကြာသေးသည်။
မုန်လဲ့ရဲ့ အရှိန်အဝါက အဆင့်နိမ့် အဆင့် နတ်ဘုရား အဆင့်ထက် အများကြီး ကျော်လွန်သွားပြီး ပင့်ကူနတ်ဘုရားမတောင် မခန့်မှန်းနိုင်တဲ့ အဆင့်ကို ရောက်သွားခဲ့ပြီ။
ပင့်ကူနတ်ဘုရားမ အနေဖြင့် သူမ၏ အသက်ရှင်ခဲ့ရသော အချိန်များမှာ အလဟဿ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ငရဲမီးလျှံ ဖီးနစ်"
စဲလ်လပ်စ်သည်လည်း မုန်လဲ့ကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် မသိမသာ စိုးရိမ်မှုများ ဖြတ်ပြေးသွားသည်။ "မင်းက တကယ်ကို ငရဲမီးလျှံ ဖီးနစ် ဖြစ်နေတာပဲ... အရင်က ငါ မင်းကို အထင်သေးသွားမိတယ်"
"စဲလ်လပ်စ်... မင်းရဲ့ အစွမ်းကုန်ကို ထုတ်သုံးလိုက်ပါ" မုန်လဲ့က သူ၏ အတောင်ပံများကို ခတ်လိုက်သည်။ "မသုံးရင် မင်း ငါ့ကို နိုင်ဖို့ အခွင့်အရေး တစ်စက်လေးတောင် ရှိမှာ မဟုတ်ဘူး"
"သေချင်နေတာလား... ငါ ဖြည့်ဆည်းပေးမယ်"
စဲလ်လပ်စ် လုံးဝ မပေါ့ဆရဲတော့ပေ။ ယခုအချိန်တွင် မုန်လဲ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ မိစ္ဆာနတ်ဘုရား အဆင့်သို့ အပြည့်အဝ ရောက်ရှိနေပြီး သူနှင့် သိပ်မကွာခြားတော့ပေ။ ထို့အပြင် မုန်လဲ့သည် ငရဲမီးလျှံ ဖီးနစ်လည်း ဖြစ်နေသေးသည်။
သူ ဘယ်လိုလုပ် အထင်သေးရဲမည်နည်း။
"ဂါး..."
ကျယ်လောင်သော နဂါးဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီးနောက် အမှောင် မိစ္ဆာနဂါးသည် သူ၏ မူလခန္ဓာကိုယ် အစစ်အမှန်သို့ ချက်ချင်း ပြောင်းလဲသွားသည်။
အရှည် ပေတစ်သောင်းခန့် ရှိပြီး မင်ရည်အလား မည်းနက်နေသော မိစ္ဆာနဂါးကြီး တစ်ကောင် ထွက်ပေါ်လာသည်။
အရွယ်အစားက သိပ်မကြီးမားဘဲ စစ်မှန်သော နတ်ဘုရားအဆင့်ရှိ နဂါးများလောက်သာ ရှိသော်လည်း ထွက်ပေါ်လာသော အရှိန်အဝါမှာမူ စစ်မှန်သော နတ်ဘုရားအဆင့် နဂါးများထက် အဆပေါင်း သောင်းချီမက ပိုမို အစွမ်းထက်နေလေသည်။
"အရမ်း ကောင်းတယ်"
မုန်လဲ့က မော့ကြည့်ကာ ရယ်မောလိုက်ပြီး မည်းနက်နေသော အတောင်ပံများကို ခတ်လိုက်ရာ အမည်းရောင် လျှပ်စီးတန်းတစ်ခုအလား အမှောင် မိစ္ဆာနဂါးထံသို့ ပျံသန်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အနီးသို့ ရောက်ရှိသွားလေသည်။
"ငါနဲ့ အနီးကပ် တိုက်ခိုက်ချင်တာလား"
အမှောင် မိစ္ဆာနဂါးက ထိုသို့မြင်သောအခါ နှာခေါင်းပေါက်မှ လေဆင်နှာမောင်း နှစ်ခုကို မှုတ်ထုတ်လိုက်ပြီး တုတ်ခိုင်လှသော နဂါးအမြီးကို သံမဏိ ကြာပွတ်တစ်ခုအလား ပြောင်းလဲကာ မုန်လဲ့ကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
"ရွှမ်း…”