အခန်း ၂၉၂
Vol. 30 Ch. 292
အခန်း ၂၉၂။ ပုပ်ရဟန်းမင်းကြီးကို ဖိနှိပ်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ပူဇော်ခြင်း
"ပုပ်ရဟန်းမင်းကြီး"
"ပုပ်ရဟန်းမင်းကြီး နောက်ဆုံးတော့ တိုက်ခိုက်တော့မယ်"
"ပုပ်ရဟန်းမင်းကြီးက အဆင့်နိမ့် အဆင့် နတ်ဘုရားလေ... အလင်းရောင် တိုက်ကြီးရဲ့ အစွမ်းအထက်ဆုံး သူပဲ... သူကိုယ်တိုင် တိုက်ခိုက်မှတော့ ဒီမိစ္ဆာ သေချာပေါက် သေပြီ"
"ပုပ်ရဟန်းမင်းကြီး... ဒီမိစ္ဆာကို သေချာပေါက် သတ်ပစ်ပါ"
ပုပ်ရဟန်းမင်းကြီး ဟေးယက်စ် တိုက်ခိုက်လိုက်သည်နှင့် အလင်းရောင် နတ်ဘုရားကျောင်းမှ လူများ အားလုံး စိတ်လှုပ်ရှားသွားကြသည်။ ကောင်းကင်ယံရှိ ပုပ်ရဟန်းမင်းကြီးကို မျှော်လင့်ချက် မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။
"ဆရာ... ဆရာ သေချာပေါက် နိုင်မှာပါ... သေချာတယ်" အလင်းရောင် သူတော်စင်မလေးကလည်း မျှော်လင့်ချက် အပြည့်ဖြင့် တွေးနေမိသည်။
ဒီအခြေအနေအထိ ရောက်လာပြီဆိုတော့ အလင်းရောင် နတ်ဘုရားကျောင်းရဲ့ နောက်ဆုံး လက်နက်တွေကို အကုန် ထုတ်သုံးလိုက်ရပြီလေ။
ပုပ်ရဟန်းမင်းကြီးကတောင် မုန်လဲ့ကို မနိုင်ဘူးဆိုရင် အလင်းရောင် နတ်ဘုရားကျောင်းအတွက် ရလဒ်က တစ်ခုတည်းပဲ ရှိတော့တယ်။ လုံးဝ ပျက်စီးသွားတာပဲ။
ဒါကြောင့် အခုအချိန်မှာ အားလုံးရဲ့ မျှော်လင့်ချက်တွေက ဆရာ့အပေါ်မှာပဲ မူတည်နေတော့သည်။
တစ်ချိန်တည်းမှာပင် ခုနက ထွက်ပြေးသွားသော စစ်မှန်သော နတ်ဘုရား ၇ ပါးကလည်း အဝေးသို့ လုံးဝ ထွက်မသွားသေးဘဲ သူတို့ လုံခြုံပြီဟု ထင်ရသော နေရာမှနေ၍ ဒီဘက်ကို လှမ်းကြည့်နေကြလေသည်။
ဒီနေ့ တိုက်ပွဲက ဘယ်လို အဆုံးသတ်သွားမလဲ ဆိုတာကို သူတို့ အားလုံး သိချင်နေကြတယ်။ ဘယ်သူ နိုင်မလဲ။
"ဝုန်း"
ရွှေရောင် နတ်ဘုရား အလင်းတန်းများ ကောင်းကင်မှ ကျဆင်းလာပြီး မုန်လဲ့ကို ချက်ချင်း ဖုံးလွှမ်းသွားကာ ကြောက်မက်ဖွယ်ကောင်းသော အရည်ပျော်စေသည့် စွမ်းအားက မုန်လဲ့၏ ခန္ဓာကိုယ်ကို ရူးသွပ်စွာ အရည်ပျော်စေရန် ကြိုးစားနေလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မုန်လဲ့၏ အဝတ်အစားများ အားလုံး အရည်ပျော်သွားပြီး ကြွက်သားများ အပြည့်အဝ ရှိနေသော သွယ်လျသည့် ခန္ဓာကိုယ်နှင့် ရွှေရောင် တုတ်တံ ကိုပါ မြင်တွေ့လိုက်ရလေသည်။
"မင်းက အဆင့်နိမ့် အဆင့် နတ်ဘုရား တစ်ပါးဆိုရင် ငါ့ရဲ့ တိုက်ခိုက်မှုအောက်မှာ သေချာပေါက် သေရမှာပဲ"
ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်က မုန်လဲ့ကို စိုက်ကြည့်နေပြီး သူ၏ တိုက်ခိုက်မှုအပေါ် အလွန် ယုံကြည်မှု ရှိနေလေသည်။
သူက အဆင့်နိမ့် အထွတ်အထိပ် အဆင့် နတ်ဘုရား တစ်ပါးလေ။ နတ်ဘုရား မိန့်တော်မူသည် ဆိုတဲ့ ဒီလျှို့ဝှက် နည်းလမ်းကလည်း ကောင်းကင်ဘုံကနေ ရလာတာ... သာမန် အလင်းရောင် နတ်ဘုရား စွမ်းအားတွေထက် အဆ ၁၀ လောက် ပိုပြီး အစွမ်းထက်တယ်။
ဒီလို တိုက်ခိုက်မှုမျိုးကို အဆင့်နိမ့် အဆင့် နတ်ဘုရား တစ်ပါးက ဘယ်လိုလုပ် ခုခံနိုင်မှာလဲ။
ဒါပေမဲ့ ၁ စက္ကန့် ကြာသွားတယ်... ၃ စက္ကန့် ကြာသွားတယ်... ၁၀ စက္ကန့် ကြာသွားတယ်... စက္ကန့် ၃၀ လောက် ကြာသွားတယ်...
မုန်လဲ့က ဘာမှ မဖြစ်သေးဘူး။ အဝတ်အစားတွေ အရည်ပျော်သွားတာက လွဲရင် ခန္ဓာကိုယ်က နည်းနည်းလေးတောင် အရည်ပျော်မယ့် အရိပ်အယောင် မရှိဘူး။ ကိုယ်ပေါ်က အမွေးလေးတွေတောင် မတ်မတ်လေး ရပ်နေသေးတယ်။
"ပုပ်ရဟန်းမင်းကြီး... ဒါက ခင်ဗျားရဲ့ တိုက်ခိုက်မှုလား"
အရေးကြီးတဲ့ နေရာတွေကို ဖုံးကွယ်ဖို့အတွက် ငရဲမီးလျှံတွေကို ထုတ်လွှတ်လိုက်ပြီးနောက် မုန်လဲ့က ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်ကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။ "ဒီစွမ်းအားက အရမ်း အားနည်းလွန်းတယ်... ငါ့ကို ယားအောင်တောင် မလုပ်နိုင်ဘူး"
"ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ"
ပုပ်ရဟန်းမင်းကြီး ဟေးယက်စ် အလွန် အံ့အားသင့်သွားပြီး "ငါ့ရဲ့ နတ်ဘုရား စွမ်းအား တိုက်ခိုက်မှုက အဆင့်နိမ့် အထွတ်အထိပ် အဆင့် နတ်ဘုရားကိုတောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်တယ်... မင်းက ဘာမှ မဖြစ်ဘူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး" ဟု ပြောလိုက်သည်။
"ပုပ်ရဟန်းမင်းကြီး... ခင်ဗျား ကိစ္စတစ်ခုကို နားလည်မှု လွဲနေပြီ ထင်တယ်"
မုန်လဲ့က ခေါင်းခါလိုက်ပြီး "ငါက အဆင့်နိမ့် အဆင့် နတ်ဘုရား တစ်ပါးလို့ တစ်ခါမှ မပြောခဲ့ဖူးဘူးနော်" ဟု ပြောလိုက်သည်။
"အဆင့်နိမ့် အဆင့် နတ်ဘုရား မဟုတ်ဘူး... ဒါဆိုရင်..."
ပုပ်ရဟန်းမင်းကြီး ဟေးယက်စ် မျက်နှာ အလွန် ပျက်သွားလေသည်။ ထိုအခိုက်အတန့်မှာပင် မုန်လဲ့က သူ၏ အရှေ့သို့ နေရာရွှေ့ပြောင်းလာသကဲ့သို့ ရောက်ရှိလာပြီး ပုပ်ရဟန်းမင်းကြီး၏ ရင်ဘတ်ကို လက်ဝါးဖြင့် ဖြည်းညင်းစွာ ရိုက်လိုက်လေသည်။
"ဝေါ့"
ပုပ်ရဟန်းမင်းကြီး ဟေးယက်စ် သွေးများ ပန်းထွက်လာပြီး ခန္ဓာကိုယ်မှာ နောက်သို့ တည့်တည့် လွင့်စင်သွားကာ အဖြူရောင် အလင်းရောင် အကာအကွယ်ကို ပြင်းထန်စွာ ဝင်တိုက်မိလေသည်။
"ဆရာ"
"ပုပ်ရဟန်းမင်းကြီး"
အလင်းရောင် နတ်ဘုရားကျောင်းမှ လူများ အားလုံး မျက်နှာများ ပျက်သွားပြီး ဤမြင်ကွင်းကို မယုံနိုင်အောင် ကြည့်နေကြလေသည်။
တစ်ကွက်တည်း။
တစ်ကွက်တည်းနဲ့ ပုပ်ရဟန်းမင်းကြီးကို အနိုင်ယူလိုက်တာလား။
ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ။
"အလယ်အလတ် နတ်ဘုရား... သူက သေချာပေါက် အလယ်အလတ် နတ်ဘုရားပဲ"
အလင်းရောင် သူတော်စင်မလေး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး တိုးတိုးလေး ရေရွတ်နေလေသည်။
"အမြင့်မြတ်ဆုံး အရှင်သခင်... သူက အလယ်အလတ် နတ်ဘုရား ဖြစ်နေတယ်... သူက ဘာလို့ အလယ်အလတ် နတ်ဘုရား ဖြစ်နေရတာလဲ"
အလယ်အလတ် နတ်ဘုရား။
ကောင်းကင်ယံတိုက်ကြီး လောကမှာတော့ လုံးဝ ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုပဲ။ အလင်းရောင် နတ်ဘုရားကျောင်း တစ်ခုလုံးရဲ့ အင်အားကို ပေါင်းရင်တောင် အလယ်အလတ် နတ်ဘုရား တစ်ပါးကို မယှဉ်နိုင်ဘူးလေ... ကွာဟချက်က အရမ်း ကြီးလွန်းတယ်။
"ငါ မှားသွားပြီ... ငါ မှားသွားတာ"
ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်က တုန်တုန်ရီရီဖြင့် လေထဲသို့ ပြန်လည် ပျံတက်လာပြီး နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာ "ဧည့်သည်တော်ကြီးက အလယ်အလတ် နတ်ဘုရား တစ်ပါးမှန်း မသိခဲ့လို့ ကျွန်တော် မျက်စိကန်းခဲ့တာပါ" ဟု ပြောလိုက်သည်။
"အခု သိသွားလည်း မနောက်ကျသေးပါဘူး"
မုန်လဲ့က လက်ချောင်းလေး တောက်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။ "ပုပ်ရဟန်းမင်းကြီး... ခင်ဗျားရဲ့ စွမ်းအားနဲ့ ရဲရင့်မှုကို ငါ တကယ် သဘောကျတယ်... ခင်ဗျားကို အသက်ရှင်ခွင့် တစ်ခု ပေးမယ်... ငါ့ကို အညံ့ခံပြီး ငါ့ရဲ့ မုန်လဲ့ နတ်ဘုရားကျောင်းရဲ့ ပုပ်ရဟန်းမင်းကြီး လုပ်ပါလား"
"ဧည့်သည်တော်ကြီးကို စိတ်ပျက်အောင် လုပ်ရတော့မှာပဲ"
ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်က သွေးများ ထပ်မံ ထွက်လာပြီး "အရှင်သခင်ရဲ့ ကျွန်တစ်ယောက် အနေနဲ့ ကျွန်တော်က တစ်သက်လုံး ကြီးမြတ်တဲ့ အရှင်သခင်ကိုပဲ ယုံကြည်ကိုးကွယ်မှာပါ... ဘယ်တော့မှ တခြားသူကို မပြောင်းလဲနိုင်ပါဘူး" ဟု ပြောလိုက်သည်။
"ဒါဆိုရင်တော့ တကယ်ကို နှမြောစရာပဲ"
မုန်လဲ့ အနည်းငယ် စိတ်မကောင်း ဖြစ်သွားပြီး "ဒီလိုဆိုမှတော့... တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။
မုန်လဲ့က လက်ညှိုးကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ လက်ထိပ်မှ ငရဲမီးလျှံများ ထွက်ပေါ်လာပြီး အမည်းရောင် လှံရှည် တစ်လက်အဖြစ် ချက်ချင်း ပြောင်းလဲသွားကာ ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်ဆီသို့ ချိန်ရွယ်လိုက်လေသည်။
"ငရဲမီးလျှံ"
ပုပ်ရဟန်းမင်းကြီး ဟေးယက်စ် မျက်လုံးများ ပြူးကျယ်သွားပြီး ကြီးမားလှသော အန္တရာယ်ကို ခံစားလိုက်ရသဖြင့် လက်ထဲရှိ ပုပ်ရဟန်းမင်းကြီး တုတ်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။ "နတ်ဘုရားက အလင်းရောင် ရှိစေလို့ မိန့်တော်မူတယ်"
ရွှမ်း...
ကြီးမားလှသော ရွှေရောင် နတ်ဘုရား အလင်းတန်းများက ပုပ်ရဟန်းမင်းကြီး တုတ်ထဲမှ ထွက်ပေါ်လာပြီး ရွှေရောင် နံရံကြီး တစ်ခုအဖြစ် ပြောင်းလဲကာ မုန်လဲ့၏ တိုက်ခိုက်မှုကို ခုခံရန် ပြင်ဆင်လိုက်လေသည်။
"ဒီနည်းလမ်းပဲလား... ပုပ်ရဟန်းမင်းကြီး... ခင်ဗျားမှာ တခြား နည်းလမ်း မရှိတော့ဘူး ထင်တယ်"
မုန်လဲ့က လက်ဝှေ့ယမ်းလိုက်ရာ ငရဲမီးလျှံများဖြင့် ဖွဲ့စည်းထားသော အမည်းရောင် လှံရှည်မှာ ချက်ချင်း ပြေးဝင်သွားပြီး ရွှေရောင် နံရံကြီး အရှေ့သို့ ချက်ချင်း ရောက်ရှိသွားလေသည်။
"ဂျွတ်တ်..."
မည်သည့် အနှောင့်အယှက်မှ မရှိသလောက်ပင် ရွှေရောင် နံရံကြီးကို ဖောက်ထွင်းသွားပြီးနောက် ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်၏ ရင်ဘတ်ကို ဖောက်ထွင်းကာ နောက်ကျောမှ ပြန်ထွက်လာလေသည်။
"ဖူးဖဖထဖထထဖရျ"
ပုပ်ရဟန်းမင်းကြီး ဟေးယက်စ် သွေးများ ပန်းထွက်လာပြီး ရင်ဘတ်မှ အမည်းရောင် အပေါက်ကြီးကို ငေးကြည့်နေကာ သူ၏ တိုက်ခိုက်လိုစိတ်နှင့် ဆုံးဖြတ်ချက်များ အားလုံး ဤအခိုက်အတန့်တွင် မျှော်လင့်ချက် ကင်းမဲ့မှုနှင့် အားကိုးရာမဲ့မှုများ အဖြစ် ပြောင်းလဲသွားလေသည်။
"ကွာဟချက်က အရမ်း ကြီးလွန်းတယ်... နှစ်ဖက် ကွာဟချက်က အရမ်း ကြီးလွန်းတယ်"
ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်က ခါးသက်သက် ပြုံးလိုက်ပြီး "ဒီအခြေအနေအထိ ရောက်လာပြီ ဆိုမှတော့ တခြား နည်းလမ်း မရှိတော့ဘူး... အဲဒီ နည်းလမ်းကိုပဲ သုံးရတော့မှာပဲ" ဟု ပြောလိုက်သည်။
ထို့နောက် သူက မုန်လဲ့ကို ကြည့်လိုက်ပြီး အလင်းရောင် အကာအကွယ် အတွင်းရှိ အလင်းရောင် နတ်ဘုရားကျောင်းနှင့် လူများကို ကြည့်ကာ
"အလင်းရောင် နတ်ဘုရားကျောင်းက ဘယ်တော့မှ ပျက်စီးမှာ မဟုတ်ဘူး... အရှင်သခင်ရဲ့ အလင်းရောင်က လောကကြီးကို ထာဝရ လွှမ်းခြုံနေမှာပဲ" ဟု အသံပြဲကြီးဖြင့် ပြောလိုက်သည်။
"ပူဇော်ခြင်း"
သူ၏ တစ်ကိုယ်လုံးမှ တောက်ပလှသော အလင်းရောင် မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာပြီး မူလက မွန်မြတ်သန့်စင်လှသော အလင်းရောင် မီးတောက်များက ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်၏ ခန္ဓာကိုယ်ကို ရူးသွပ်စွာ လောင်ကျွမ်းနေလေသည်။
ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်၏ အသက်စွမ်းအင်များက ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် လျော့ကျသွားပြီး အောက်ခြေပေါက်နေသော ရေပုံးတစ်ပုံးအလား ရေများ လျင်မြန်စွာ ကုန်ဆုံးသွားသကဲ့သို့ ဖြစ်နေလေသည်။
"ဒါက... ပူဇော်ခြင်းလား"
ဤမြင်ကွင်းကို မြင်သောအခါ ကျောင်းအုပ်ကြီး မျက်နှာ အလွန် ပျက်သွားပြီး "မုန်လဲ့... သူ့ကို မြန်မြန် တားလိုက်... သူက ကိုယ့်ကိုယ်ကိုယ် ပူဇော်နေတာ... သူ ကောင်းကင်တမန်ကို ခေါ်နေတာ... ကောင်းကင်တမန် ရောက်လာရင်တော့ ဒုက္ခပဲ" ဟု အော်ဟစ်လိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် ပူဇော်တာလား... ကောင်းကင်တမန် ခေါ်တာလား"
မုန်လဲ့ မျက်ခုံးပင့်လိုက်သော်လည်း သိပ်ပြီး အံ့ဩခြင်း မရှိပေ။
အလင်းရောင် နတ်ဘုရားကျောင်းက ကောင်းကင်ဘုံက ကောင်းကင်တမန်တွေကို ခေါ်နိုင်တယ်ဆိုတာ ကျောင်းအုပ်ကြီးက အစောကြီးကတည်းက ပြောပြထားပြီးသားလေ။ ဒါပေမဲ့ ဒီနည်းလမ်းက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ နည်းလမ်းနဲ့ အတူတူပဲ။
ခေါ်ချင်ရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပူဇော်ရမယ်။
ကိုယ့်ကိုယ်ကိုယ် ပူဇော်တယ်ဆိုတာ ပူဇော်တဲ့သူရဲ့ အသက်စွမ်းအင်တွေနဲ့ နတ်ဘုရားဝိညာဉ် အများစုကို လောင်ကျွမ်းပစ်ရတာ... သက်သာရင် စွမ်းအားတွေ အများကြီး ကျဆင်းသွားမယ်... ပြင်းထန်ရင် ချက်ချင်း သေသွားမယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပူဇော်တယ်ဆိုတာ အတူတူ သေရအောင် လုပ်တဲ့ နည်းလမ်း တစ်ခုလို့ ပြောလို့ ရတယ်။ ခုနက စစ်မှန်တဲ့ နတ်ဘုရား ၇ ပါးက ထွက်ပြေးဖို့ ရွေးချယ်ပြီး ကိုယ့်ကိုယ်ကိုယ် မပူဇော်ခဲ့ကြတာကလည်း ပူဇော်ရတဲ့ တန်ဖိုးက အရမ်း ကြီးမားလွန်းလို့ပဲ။
"ပူဇော်တဲ့သူရဲ့ စွမ်းအား ပိုကြီးလေလေ ခေါ်လာတဲ့ ကောင်းကင်တမန်က ပိုပြီး အစွမ်းထက်လေလေပဲ"
ကျောင်းအုပ်ကြီးက တိုးတိုးလေး အော်ဟစ်လိုက်သည်။ "ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်က အဆင့်နိမ့် အဆင့် နတ်ဘုရား တစ်ပါးလေ... သူက ကိုယ့်ရဲ့ နတ်ဘုရား ခန္ဓာကိုယ်နဲ့ နတ်ဘုရားဝိညာဉ်ကို လောင်ကျွမ်းပြီး ခေါ်လာတဲ့ ကောင်းကင်တမန်က သေချာပေါက် အရမ်း ကြောက်စရာ ကောင်းမှာပဲ"
မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီး "ကျောင်းအုပ်ကြီး... ကျွန်တော်က စစ်မှန်တဲ့ ကောင်းကင်တမန်ကို တစ်ခါမှ မမြင်ဖူးသေးဘူး... ဒီအခွင့်အရေးကို အသုံးချပြီး သေချာ ကြည့်ကြည့်ချင်သေးတယ်" ဟု ပြုံးကာ ပြောလိုက်သည်။
"ကြည့်ချင်သေးတယ် ဟုတ်လား"
ကျောင်းအုပ်ကြီး အလွန် ဒေါသထွက်သွားပြီး "ဒါက လူသေလောက်တဲ့ ကိစ္စကြီးလေ... မင်းက ကြည့်ချင်သေးတယ် ဟုတ်လား... ခေါ်လာတဲ့ ကောင်းကင်တမန်က မင်းထက် ပိုအစွမ်းထက်နေရင် ဘယ်လို လုပ်မလဲ" ဟု ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... ဒီလောကမှာ ကျွန်တော့်ထက် ပိုအစွမ်းထက်တဲ့သူ ရှိလာဖို့ မဖြစ်နိုင်ပါဘူး... ခင်ဗျား စိတ်ချလက်ချ နေပါ"
"ဝုန်း"
အဆက်မပြတ် ပူဇော်ပြီးနောက် ပုပ်ရဟန်းမင်းကြီး၏ နတ်ဘုရား ခန္ဓာကိုယ်မှာ မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် သေးငယ်သွားပြီး မူလက အစွမ်းထက်လှသော နတ်ဘုရားဝိညာဉ်မှာလည်း တဖြည်းဖြည်း အားနည်းလာလေသည်။
နောက်ဆုံးတွင် ပူဇော်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားချိန်၌ ပုပ်ရဟန်းမင်းကြီး ဟေးယက်စ်မှာ အရိုးပေါ် အရေတင် အဘိုးအို တစ်ဦးအဖြစ် လုံးဝ ပြောင်းလဲသွားပြီး သူ၏ ခေါင်းပေါ်တွင် ရွှေရောင် လေဟာနယ် တံခါး တစ်ခု ပေါ်လာလေသည်။
"ဘယ်သူ ငါ့ကို ခေါ်နေတာလဲ”