← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

အပိုင်း (၁၄၃) ဆရာတော်လေး ဖုန်းလင်ရဲ့ အလျှော့ပေးမှု

"ဒါဆိုလည်း မြန်မြန်သွားကြတာပေါ့" ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ စကားမပြောရသေးခင်မှာပဲ ရှန်ကျုံးဧကရာဇ်က သမီးနဲ့ သမက်ကိုယ်စား ကျင်းမော့ရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်တယ်။ ဆောင်းဦး ဂန္ဓမာပန်း သွားကြည့်ဖို့ဆိုတာ ထားလိုက်တော့၊ ကျင်းမော့က အခုချက်ချင်း ဒီနှစ်ယောက်ကို ပြည့်တန်ဆာရုံခေါ်သွားပြီး အက သွားကြည့်မယ်ဆိုရင်တောင် ရှန်ကျုံးဧကရာဇ်က သဘောတူမှာပဲလေ။ ဧကရာဇ်ကြီးက အခုတော့ သဘောပေါက်သွားပါပြီ။ သူတစ်ယောက်တည်း သေတာက ကိစ္စမရှိဘူး၊ ဖုန်းထျန်း တိုင်းပြည်ကြီး ပျက်စီးချင်မှ ပျက်စီးမှာ။ ဒါပေမဲ့ သူ့သမီးသာ ဒီကိစ္စတွေထဲ ဝင်ပါလိုက်ရင်တော့ ဖုန်းထျန်း တိုင်းပြည်ကြီး သေချာပေါက် ပျက်စီးမှာပဲ။

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို လှည့်ကြည့်လိုက်တယ်။

ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ခေါင်းညိတ်ပြလိုက်တယ်။ ချန်ချီနဲ့ ချန်မြဲ့တို့ နှစ်ယောက်ရဲ့ အမူအရာကို ကြည့်ရတာ ဆရာတော်လေးဖုန်းလင်အတွက် သူ့ယောက္ခမ ဧကရာဇ်ကို သတ်မဲ့ပုံ မပေါ်ဘူးလို့ ကုတတိယသခင်လေး ထင်နေတာကိုး။

ကုရှင်းလန်က ခေါင်းညိတ်လိုက်တာကို မြင်တော့ ယွီးရှောင်ရှောင်က "ကောင်းပြီလေ၊ ကျွန်မတို့ ဂန္ဓမာပန်း သွားကြည့်ပြီးရင် ထမင်းသွားစားကြမယ်" လို့ ပြောလိုက်တယ်။

ကျင်းမော့က ပြုံးပြီး "ကျင်းမော့က ဒီလို အခွင့်အရေးရတဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်" လို့ ပြောလိုက်တယ်။

ကျော်ယို့ကတော့ သိပ်မပျော်ဘူးလေ။ သူက အရင်ဆုံး ထမင်းကျွေးမယ်လို့ ပြောတာကို ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ကျင်းမော့ဆိုတဲ့ ငရှုပ်က ဖိတ်တဲ့သူ ဖြစ်သွားရတာလဲ။

ယွီးရှောင်ရှောင် အိပ်ခန်းထဲကနေ ထွက်ဖို့ ပြင်နေတုန်း ရှောင်ဝေကို သတိရသွားပြီး "ရှောင်ဝေက ဒဏ်ရာရထားတာဆိုတော့ သမားတော် ပြဖို့ လိုတယ်" လို့ ပြောလိုက်တယ်။

ရှောင်ဝေက သူ့မေးစေ့ပေါ်က သွေးကွက်တွေကို သူ့ဘာသာ သုတ်ပြီးသွားပြီ။ ယွီးရှောင်ရှောင်က သူ့ဒဏ်ရာကို စိတ်ပူပေးနေသေးတာကို ကြားတော့ အမြန်ဆုံး ဝင်ပြောလိုက်တယ်။ "မင်းသမီး... ကျွန်တော် ဘာမှမဖြစ်တော့ပါဘူး။ ခုနက နည်းနည်းလေး တုန်ခါသွားရုံပါ"

ရှန်ကျုံးဧကရာဇ်၊ မင်းဆရာ ချန်ကွမ်းနဲ့ ရှောင်ကျွမ်းတို့က ရှောင်ဝေရဲ့ စကားကို ကြားပြီးနောက် ကြောက်လန့်သွားကြတယ်။ ရှောင်ဝေက ရှန်ကျုံးဧကရာဇ် ကိုယ်စား ချန်မြဲ့ရဲ့ လက်ဝါးရိုက်ချက်ကို ဝင်ခံပေးခဲ့တာလေ။ အဲဒီရိုက်ချက်ကြောင့် ရှောင်ဝေက သွေးတွေ ဆူပွက်လာပြီး သွေးအန်တဲ့အထိ ဖြစ်သွားခဲ့တာ။ ရှောင်ဝေက အရိပ်ကိုယ်ရံတော်တွေထဲမှာ သိုင်းပညာ အတော်ဆုံးထဲက တစ်ယောက်ဖြစ်တာတောင် ချန်မြဲ့ရဲ့ လက်ဝါးရိုက်ချက်ကို ခံလိုက်ရတဲ့ အခါ ဒီလောက်အထိ ဖြစ်သွားခဲ့တယ်။ တကယ်လို့များ ရှန်ကျုံးဧကရာဇ်သာ အဲဒီရိုက်ချက်ကို ခံရရင် အပြင်းအထန် ဒဏ်ရာရသွားမှာ သေချာတယ်။

ယွီးရှောင်ရှောင်က ချန်ချီနဲ့ ချန်မြဲ့တို့ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီး အဲဒီ ကိုယ်တော်နှစ်ပါးရဲ့ ရုပ်ရည်ကို သေသေချာချာ မှတ်သားထားလိုက်တယ်။ ရှောင်ဝေရဲ့ အရိုက်ခံရမှုကို ဒီတိုင်း လွှတ်ထားလို့ မဖြစ်ဘူးလေ။

"ဧကရာဇ်မင်းမြတ် ပြောတာ မှန်ပါတယ်" ဆရာတော်လေးဖုန်းလင်က ခုတင်ပေါ်မှာ လှဲလျက်ကနေ စကားစပြောလာတယ်။

"ဒါက နားလည်မှု လွဲတာသက်သက်ပါ"

ဆရာတော်လေးဖုန်းလင်ရဲ့ ရုတ်တရက် အမူအရာ ပြောင်းလဲသွားမှုက အားလုံးကို အံ့သြသွားစေတယ်။

ယွီးရှောင်ရှောင် နောက်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်တဲ့အခါ ဆရာတော်လေးဖုန်းလင်ရဲ့ အေးဆေးတည်ငြိမ်တဲ့ မျက်နှာနဲ့ အကြည့်ချင်း ဆုံသွားတယ်။

ဆရာတော်လေးဖုန်းလင်ရဲ့ နှုတ်ခမ်းတွေက မည်းနေတုန်းပဲ။ သူ့ရဲ့ လည်ပင်းကလည်း နဂိုကတည်းက ရောင်ရမ်းနေတဲ့အပြင် ယွီးရှောင်ရှောင်ရဲ့ ခြေထောက်နဲ့ အနင်းခံလိုက်ရလို့ ပိုပြီးတောင် ရောင်ရမ်းနေသေးတယ်။ ဒါပေမဲ့ အခုချိန်မှာ တည်ငြိမ်သွားပြီဖြစ်တဲ့ ဆရာတော်လေးဖုန်းလင်က ယွီးရှောင်ရှောင်ကို ပြုံးပြနိုင်နေပြီ။ သူက "မင်းသမီး... ကြည့်ရတာ ကျွန်တော် ဖုန်းထျန်းမှာ နောက်ထပ် ရက်အနည်းငယ်လောက် ဆက်နေရဦးမယ် ထင်တယ်" လို့ ပြောလိုက်တယ်။

ဆရာတော်လေးဖုန်းလင်ရဲ့ အပြုံးက အရမ်းကို ကြည့်ကောင်းပေမဲ့ ယွီးရှောင်ရှောင်ကတော့ ကျောချမ်းသွားသလို ခံစားလိုက်ရတယ်။ 'ဒီလူက ဘာတွေ ထပ်ကြံနေပြန်တာလဲ'

ရှန်ကျုံးဧကရာဇ်ကတော့ ဆရာတော်လေးဖုန်းလင် ဒီလိုပြောလာတာကိုပဲ လိုချင်နေတာလေ။ ရှေ့ကို ခြေလှမ်းအနည်းငယ် တိုးသွားပြီး ယွီးရှောင်ရှောင်ကို ကုရှင်းလန်ဆီ တွန်းပို့ရင်း ဆရာတော်လေးဖုန်းလင်ကို ပြောလိုက်တယ်။

"ဒါဆိုလည်း ဆရာတော်လေးက စိတ်အေးအေးထားပြီး ဆေးကုသမှု ခံယူပါ။ လိုအပ်တဲ့ ဆေးဝါးတွေရှိရင် ငါကိုယ်တော့်ကို ပြောပါ။ ငါကိုယ်တော်က ဆရာတော်လေးဆီ ပို့ပေးဖို့ လူလွှတ်လိုက်ပါ့မယ်"

"မဟုတ်ဘူးလေ၊ သူက..." ယွီးရှောင်ရှောင်က ရှန်ကျုံးဧကရာဇ်ကို လှမ်းအော်လိုက်တယ်။ ဒီလူ့ဗိုက်ထဲမှာ အကြံဆိုးတွေ အပြည့်ပဲလေ။ အရင်ဘဝကလည်း ရက်စက်တဲ့ ဘုရင်မကို ဒုက္ခပေးခဲ့သေးတာ၊ ဒီဘဝမှာကော ဘယ်သူ့ကို ဒုက္ခပေးဖို့ ကြံနေလဲဆိုတာ ဘယ်သူသိမှာလဲ။

ရှန်ကျုံးဧကရာဇ်က ယွီးရှောင်ရှောင်ကို အံကြိတ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

"သူ့ကို အရင်ဆုံး ဒီလိုပဲ အချိန်ဆွဲထားလိုက်။ သမီး သွားလည်ချေ။ ဒီမှာ သမီးနဲ့ ဘာမှမဆိုင်တော့ဘူး။ စကားနားထောင်စမ်း"

"ရှောင်ဝေ... မင်း တကယ်ပဲ အဆင်ပြေရဲ့လား" ကုရှင်းလန်က ဒီအချိန်မှာ ရှောင်ဝေကို မေးလိုက်တယ်။

ရှောင်ဝေက ရှောင်ကျွမ်းကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး ညီအစ်ကိုနှစ်ယောက်က ကုရှင်းလန် ထိုင်နေတဲ့ ကုလားထိုင်ကို မလိုက်ကြတယ်။ ရှောင်ဝေက "သမက်တော် စိတ်ချပါ။ ကျွန်တော်သာ တကယ် ဒဏ်ရာရထားရင် သမက်တော်နဲ့ မင်းသမီးကို သေချာပေါက် ပြောမှာပါ" လို့ ပြန်ဖြေလိုက်တယ်။

ရှန်ကျုံးဧကရာဇ်က ယွီးရှောင်ရှောင်ကို အိပ်ခန်းတံခါးဝရောက်တဲ့အထိ တွန်းထုတ်သွားပြီး သူတို့နောက်က လိုက်လာတဲ့ ကုရှင်းလန်ကို ပြောလိုက်တယ်။

"လင်းလုံကို သေချာ ဂရုစိုက်ပါ။ ကိစ္စမရှိရင် နန်းတော်ထဲကို မလာကြနဲ့တော့"

ကုရှင်းလန်ကလည်း "အမိန့်တော်အတိုင်းပါ" လို့ပဲ ဖြေလိုက်ရတယ်။ သူ့ဇနီးက နန်းတော်ထဲ တကယ် ဝင်ချင်နေရင် သူက ဘယ်လိုလုပ် တားနိုင်မှာလဲ။

ကျော်ယို့က ဆရာတော်လေးဖုန်းလင်ကို လက်အုပ်ချီလိုက်ပြီး ဘာစကားမှ မပြောတော့ဘဲ နောက်လှည့်ပြီး ထွက်သွားတော့တယ်။

ကျင်းမော့က ဆရာတော်လေးဖုန်းလင်ရဲ့ ခုတင်ရှေ့ကို သွားပြီး ပြုံးကာ ပြောလိုက်တယ်။

"ဆရာတော်လေး အမြန်ဆုံး ကျန်းမာလာပါစေလို့ ဆုတောင်းပေးပါတယ်။ ကျင်းမော့က အရင်ဆုံး နှုတ်ဆက်ခွင့်ပြုပါ"

ဆရာတော်လေးဖုန်းလင်က ခွန်အားမရှိလို့ စကားပြောတဲ့ အသံကလည်း မကျယ်ပါဘူး။ သူက "ကျေးဇူးတင်ပါတယ်။ ခင်ဗျား လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး" လို့ ပြောလိုက်တယ်။

ကျင်းမော့က ဆိုတယ်။

"ဆရာတော်လေးက ဘာစကားတွေ ပြောနေတာလဲ။ ကျွန်တော့်ရဲ့ တတိယညီတော်နဲ့ ပဉ္စမညီတော်တို့က ယုံရှန်းကျောင်းတော်ရဲ့ သွန်သင်ဆုံးမမှုကို ခံယူခဲ့ရပေမဲ့ ကျွန်တော်ကလည်း ယုံရှန်းကျောင်းတော်ကို အမြဲတမ်း ကြည်ညိုလေးစားသူ တစ်ယောက်ပါ"

ဆရာတော်လေးဖုန်းလင်က ပြုံးပြီး ခေါင်းတစ်ချက် ညိတ်ပြလိုက်တယ်။ ဒီလို လှုပ်ရှားလိုက်တာကြောင့် လည်ပင်းက အပြင်းအထန် နာကျင်သွားပေမဲ့ ဆရာတော်လေးဖုန်းလင်ရဲ့ မျက်နှာပေါ်မှာတော့ နာကျင်တဲ့ အရိပ်အယောင် တစ်ချက်လေးတောင် မပေါ်ခဲ့ပါဘူး။

ကျင်းမော့က ဆရာတော်လေးဖုန်းလင်ကို လက်အုပ်ချီ နှုတ်ဆက်ပြီးနောက် နောက်လှည့်ပြီး ထွက်ခွာသွားတယ်။

တံခါးအပြင်ဘက်မှာတော့ ယွီးရှောင်ရှောင်က သူမကိုယ်တိုင် ကုရှင်းလန်အတွက် ထီးမိုးပေးနေရင်း ကျော်ယို့ ပြောပြနေတဲ့ ပိုင်ဟူတိုင်းပြည်ရဲ့ နေရာအနှံ့က နာမည်ကြီး အစားအစာတွေ အကြောင်းကို အလွန် စိတ်ဝင်တစားနဲ့ နားထောင်နေတယ်။

ကုရှင်းလန်က ကျော်ယို့ ပြောတာ အတော်လေး စုံသွားပြီလို့ ထင်တော့ ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။

"မင်းသမီး... နောင်တစ်ချိန်ကျရင် ကျွန်တော် မင်းသမီးကို ပိုင်ဟူကို ခေါ်သွားပြီး စစ်သေနာပတိချုပ်ကြီး ကျော်ယို့ ပြောတဲ့ အစားအစာတွေကို မြည်းစမ်းကြည့်ကြတာပေါ့"

"ကောင်းပြီလေ" ယွီးရှောင်ရှောင်က ချက်ချင်းပဲ ဝမ်းသာအားရနဲ့ "ဒါဆိုရင် တို့တွေ အဲဒီလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ သဘောတူလိုက်ကြရအောင်" လို့ ပြောလိုက်တယ်။

ကျော်ယို့ တစ်ယောက် ချက်ချင်းပဲ စိတ်တိုသွားတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ သဘောတူလိုက်ကြရအောင်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ သူက အကြာကြီး ရှင်းပြနေတာကို နောက်ဆုံးကျတော့ သူ့အတွက် ဘာမှ မပါဘူးပေါ့။

ကျင်းမော့က ထွက်လာပြီး ကျော်ယို့ကိုတောင် မကြည့်ဘဲ ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်ကိုသာ ကြည့်ပြီး ပြုံးကာ ပြောလိုက်တယ်။

"ဒါဆို ငါတို့ သွားကြရအောင်"

ဒီလိုနဲ့ အဲဒီလူတစ်စုက နောက်ကိုတောင် လှည့်မကြည့်တော့ဘဲ မိုးရေထဲမှာ ဆောင်းဦး ဂန္ဓမာပန်းတွေကို သွားကြည့်ဖို့ ထွက်သွားကြတော့တယ်။

ရှန်ကျုံးဧကရာဇ်က အိပ်ခန်းထဲမှာ ရပ်နေရင်း မင်းဆရာ ချန်ကွမ်းကို ဟူကော်ကျောင်းတော်မှာ ဆက်ထားခဲ့ဖို့ စိတ်မချနိုင်ဘူးလို့ တွေးလိုက်မိတယ်။ သူတို့ ထွက်သွားပြီးရင် ဒီဆရာတော်လေးက ဒေါသထွက်တာကို ဘယ်သူ့ဆီမှာမှ ပုံချစရာမရှိဘဲ သူ့ရဲ့ မင်းဆရာကို နှိပ်စက်နေရင် ဘယ်လိုလုပ်မလဲ။

"မင်းဆရာ... ငါကိုယ်တော် အခုတလော ကျမ်းစာအသစ် တစ်အုပ် ရထားတယ်" ရှန်ကျုံးဧကရာဇ်က မင်းဆရာ ချန်ကွမ်းကို ပြောလိုက်တယ်။ "မင်းဆရာ... ငါကိုယ်တော်နဲ့အတူ နန်းတော်ကို လိုက်ခဲ့ပြီး ဖတ်ကြည့်ပါဦးလား"

မင်းဆရာ ချန်ကွမ်းက ရှန်ကျုံးဧကရာဇ်ကို ခေါင်းငုံ့ပြီး "အမိန့်တော်အတိုင်းပါ" လို့ ဖြေကြားလိုက်တယ်။

ရှန်ကျုံးဧကရာဇ်က ဆရာတော်လေးဖုန်းလင်ကို ထပ်ပြောလိုက်တယ်။

"ဒါဆိုရင် ဆရာတော်လေး ကျန်းမာရေးကို ဂရုစိုက်ပါ။ ကိစ္စရှိရင် နန်းတော်ထဲက ငါကိုယ်တော့်ဆီကို လူလွှတ်ပြီး အကြောင်းကြားလိုက်ပါ"

ဆရာတော်လေးဖုန်းလင်က "ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" လို့ ပြောလိုက်တယ်။

ရှန်ကျုံးဧကရာဇ်က နောက်လှည့်ပြီး ထွက်သွားတယ်။ လက်ကို မြှောက်ပြီး နဖူးပေါ်က ချွေးစေးတွေကို တစ်ချက် သုတ်လိုက်တယ်။ ဒီဝမ်ဖုန်းလင်က ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး စိတ်ပြောင်းသွားလဲဆိုတာ သူ မသိပေမဲ့ ဒီကိစ္စကို ခေတ္တခဏတော့ ဖုံးအုပ်ထားနိုင်ခဲ့ပြီဆိုတော့ ဒါကလည်း မဆိုးပါဘူးလေ။

ဖုန်းထျန်းက လူတွေ အကုန်လုံး ထွက်သွားပြီးနောက်မှာ ချန်ချီက ဆရာတော်လေးဖုန်းလင်ကို မေးလိုက်တယ်။ "ဆရာတော်လေး... ဒီကိစ္စကို ဒီအတိုင်းပဲ လွှတ်ထားလိုက်တော့မလို့လား"

ဆရာတော်လေးဖုန်းလင်က အားနည်းစွာနဲ့ "ငါတို့က ဖုန်းထျန်းမှာ ရောက်နေတာလေ။ ဖုန်းထျန်းရဲ့ ဧကရာဇ်နဲ့ အမတ်တွေကို အကျပ်ရိုက်အောင် လုပ်လို့ ငါတို့အတွက် ဘာအကျိုးရှိမှာလဲ" လို့ ပြန်ဖြေတယ်။

ချန်မြဲ့က ပြောတယ်။ "ဖုန်းထျန်းက လူတွေက တကယ်ပဲ ဆရာတော်လေးကို သတ်ရဲတယ်လို့များ ထင်နေတာလား"

"မင်းတို့က လင်းလုံမင်းသမီးရဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူးလေ" ဆရာတော်လေးဖုန်းလင်က ပြောတယ်။

"ဘာလို့ စကားကြီး စကားကျယ်တွေ ပြောနေရတာလဲ"

"ဆရာတော်လေး" ချန်ချီနဲ့ ချန်မြဲ့တို့က ပြိုင်တူ အော်လိုက်ကြတယ်။

"ငါတို့က ဖုန်းထျန်းမှာ ရောက်နေပြီး ကျောင်းတော်နဲ့လည်း အဆက်အသွယ် ပြတ်နေတယ်"

ဆရာတော်လေးဖုန်းလင်ရဲ့ မျက်နှာက ဖြူဖျော့နေပေမဲ့ အေးစက်စက်နဲ့ ပြောတယ်။ "မင်းတို့က ယွီးလင်းလုံရဲ့ ပြိုင်ဘက်တွေလည်း မဟုတ်ဘူး။ ဒီကိစ္စကို နောက်မှပဲ ဆက်ဆွေးနွေးကြတာပေါ့။ ဖုန်းထျန်းရဲ့ ဧကရာဇ်နဲ့ အမတ်တွေကို ချောင်ပိတ်မိအောင် တွန်းပို့ပြီး ငါတို့နဲ့အတူ သေကွဲကွဲအောင် လုပ်တာက ကောင်းတယ်လို့ ထင်နေတာလား"

ချန်ချီနဲ့ ချန်မြဲ့တို့က စကားဆက်ပြောချင်သေးပေမဲ့ ဆရာတော်လေးဖုန်းလင် မျက်လုံးမှိတ်လိုက်ပြီး ဆက်မပြောချင်တော့တဲ့ ပုံစံပေါက်နေတာကို မြင်တော့ သူတို့နှစ်ယောက်လည်း ပါးစပ်ပိတ်သွားကြတယ်။

ကုရှင်းလန်က ဟူကော်ကျောင်းတော်ထဲက ထွက်လာပြီး ရထားလုံးပေါ် မတက်ခင်မှာ ကျော်ယို့ကို မေးလိုက်တယ်။

"စစ်သေနာပတိချုပ်ကြီးက ဆရာတော်ချန်မြဲ့ကို သိနေတာလား"

ကျော်ယို့က "သိတာပေါ့၊ ယုံရှန်းကျောင်းတော်မှာ တွေ့ဖူးတယ်" လို့ ဖြေတယ်။

"အဲဒီနေ့က ဆရာတော်လေး အနားမှာ ဒီနှစ်ယောက်ကို ကျွန်တော် မတွေ့ခဲ့ဘူး" ကုရှင်းလန်က ပြောတယ်။ "သူတို့က ဆရာတော်လေးကို အလုပ်အကျွေးပြုတဲ့ သိုင်းကိုယ်တော်တွေ မဟုတ်ဘူးမလား"

ကျော်ယို့က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ သူတို့က ကျောင်းထိုင်ဆရာတော်ကြီးရဲ့ ဘေးနားက လူတွေပဲ" လို့ ပြောလိုက်တယ်။

ဒါဆိုရင် ချန်ချီနဲ့ ချန်မြဲ့တို့က ဆရာတော်လေးဖုန်းလင် အပေါ်မှာ ဘာလို့ ဒီလောက်တောင် သဘောထား ပြောင်းလဲနေရတာလဲ ဆိုတာကို ရှင်းပြလို့ ရသွားပြီ။ ကုရှင်းလန်က ဘာမှ ဆက်မပြောတော့ဘဲ ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို သူ့ကို ရထားလုံးပေါ် တင်ပေးဖို့ မျက်ရိပ်ပြလိုက်တယ်။ သစ္စာရှိတဲ့ အစေခံတွေ မဟုတ်ဘူးဆိုရင် ဒီနှစ်ယောက်က ဆရာတော်လေးဖုန်းလင်ကို အစွမ်းကုန် ကာကွယ်ပေးလိမ့်မယ်လို့ မျှော်လင့်လို့ ရပါ့မလားလို့ ကုရှင်းလန် ရင်ထဲမှာ တွေးနေမိတယ်။

…

All Chapters