← Chapters

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း ၁၄၆

Vol. 15 Ch. 146

အပိုင်း (၁၄၆) ကိုယ့်မိသားစုအတွက်

ကုရှင်းနော့ကို မြင်လိုက်ရတော့ ကျင်းမော့တင်မကဘဲ အမြဲတမ်း ယွီးရှောင်ရှောင်ကိုပဲ စိတ်ဝင်စားနေတဲ့ ကျော်ယို့တောင်မှ သူ့ကိုယ်သူ နည်းနည်း ပြန်ထိန်းလိုက်တယ်။ ကုမိသားစုရဲ့ အစ်ကိုကြီး ကုရှင်းနော့ဆိုတာက ကုမိသားစုမှာ ကုချန်းကို အကြံပေးနေတဲ့သူ၊ ကုမိသားစုရဲ့ အနာဂတ် ခေါင်းဆောင် ဖြစ်တာကြောင့် စိတ်နေသဘောထားနဲ့ ဉာဏ်ပညာပိုင်းမှာ ကုရှင်းလန်နဲ့ လုံးဝကို ယှဉ်လို့မရဘူးလေ။

ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ကုရှင်းနော့ရဲ့ ရှေ့မှာ သူတို့ကိုယ်သူတို့ သတိမထားမိအောင် သိသိသာသာ နေတတ်ကြတယ်။

ယွီးရှောင်ရှောင် တစ်ယောက်တည်းကသာ ဘာခံစားချက်မှ မရှိဘဲ ကုရှင်းနော့ကို "အစ်ကိုကြီးလည်း ထမင်းလာစားတာလား" လို့ မေးလိုက်တယ်။

ကျင်းမော့က ရုတ်တရက် ခံစားလိုက်ရတာက ဒီနေ့ သူကျွေးမဲ့ စားပွဲမှာ စားဖိုမှူးကသာ အစွမ်းကုန် မချက်ရင် သူက လင်းလုံမင်းသမီးကို အရမ်းအားနာရလိမ့်မယ်လို့ တွေးလိုက်မိတယ်။ ဘာလို့လဲဆိုတော့ မင်းသမီးက အစအဆုံး ဒီကိစ္စတစ်ခုတည်းကိုပဲ စိတ်ဝင်စားနေတာကိုး။

ကုရှင်းနော့က ယွီးရှောင်ရှောင်ကို ပြုံးပြီး "မင်းသမီးက ဗိုက်ဆာနေပြီလား" လို့ မေးလိုက်တယ်။

"အင်း" ယွီးရှောင်ရှောင်က ဝမ်းနည်းတဲ့ အမူအရာနဲ့ ပြောတယ်။

"ကျွန်မ မနက်စာတောင် မစားရသေးဘူး၊ ရှောင်ကုလည်း မစားရသေးဘူး" လို့ ပြောပြီးတာနဲ့ မင်းသမီးလေးက ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို တစ်ချက် ကြည့်လိုက်တယ်။ တချို့အချိန်တွေမှာ အဖော်ဆိုတာက အားကိုးလို့ မရဘူးလေ။ ဒီနှစ်ယောက်က သူတို့ဘာသာ ဗိုက်ဝအောင် စားခဲ့ပြီး သူမ ဗိုက်ဆာနေတာကိုတော့ နည်းနည်းလေးတောင် သတိမရကြဘူး။

ကုရှင်းနော့ရဲ့ မျက်ခွံတွေ တဆတ်ဆတ် ခုန်သွားတယ်။ ဒီလိုကိစ္စမျိုး ဖြစ်နေတာကို အခုချိန်အထိ ဘာမှ မစားရသေးဘူးတဲ့လား။ ပုံမှန်လူဆိုရင် ဒီလိုအချိန်မှာ ထမင်းစားချင်စိတ်တောင် ရှိမှာ မဟုတ်ဘူးလေ။

'အာ... နေပါဦး' ကုအစ်ကိုကြီးက သူ့ရဲ့ မင်းသမီး ညီမလေးကို ကြည့်ရင်း တွေးလိုက်တယ်။ 'ငါ အခုလေးတင် မင်းသမီးက ပုံမှန်လူ မဟုတ်ဘူးလို့ ပြောခဲ့သလား'

ယွီးရှောင်ရှောင်က ကျင်းမော့ကို ကြည့်ပြီး မေးလိုက်တယ်။

"ငါတို့ တကယ် ဘယ်အချိန်ကျမှ ထမင်းစားရမှာလဲ" ဒီလို ဆက်စောင့်နေရမယ်ဆိုရင် သူမနဲ့ သူမရဲ့ ရှောင်ကု အပြင်ထွက်စားတာကမှ ပိုကောင်းဦးမယ်လေ။ "ရှင် ကျွန်မတို့ကို ပြဖို့ မိန်းမပုံတွေ ကျန်နေသေးလို့လား" ယွီးရှောင်ရှောင်က ကျင်းမော့ကို ထပ်မေးလိုက်တယ်။

ကျင်းမော့က ဒီလူတွေကို ပန်းချီကားလာပြတာက သူ့ရဲ့ အမှားပဲလို့ ဝန်ခံလိုက်ရပြီး ယွီးရှောင်ရှောင်ကို "မင်းသမီး ကျွန်တော့်နောက်က လိုက်ခဲ့ပါ" လို့ ပြောလိုက်တယ်။

လူတစ်စုက အနောက်ဘက်ခြံကို သွားကြတယ်။ စင်္ကြံလမ်းပေါ်မှာ လျှောက်နေရင်းနဲ့ တံတိုင်းအချို့ကို ကျော်ဖြတ်လာတဲ့ အခါ လေထုထဲမှာ သင်းပျံ့နေတဲ့ ဂန္ဓမာပန်းရနံ့ကို လူတိုင်း ရလိုက်တယ်။ တကယ်တမ်း ပန်းချီပြခန်းရဲ့ အနောက်ဘက်ခြံထဲကို ရောက်သွားတဲ့ အခါမှာတော့ ခြံတစ်ခုလုံး ပြည့်နေတဲ့ ဆောင်းဦး ဂန္ဓမာပန်းတွေက မိုးရေထဲမှာ တချို့က ပွင့်နေပြီး တချို့က ဖူးနေကြတယ်။ ပန်းပွင့်တွေရဲ့ အရောင်က မိုးရေနဲ့ ဆေးကြောခံရပြီးနောက် ပိုပြီးတော့ တောက်ပ လှပနေတယ်။

ကုရှင်းနော့က ကျင်းမော့ရဲ့ ဘေးမှာ လျှောက်နေရင်း ရှေ့က ရှုခင်းကို ကြည့်ကာ သက်ပြင်းချပြီး ကျင်းမော့ကို ပြောလိုက်တယ်။

"ဆောင်းဦးမိုးက အေးစက်နေပေမဲ့ ဆောင်းဦး ဂန္ဓမာပန်းတွေကတော့ အသက်ဝင်နေတယ်။ ဒါက ဆောင်းဦးမိုးထဲမှာ ဂန္ဓမာပန်း ကြည့်ရတဲ့ အရသာပဲ မဟုတ်လား"

ကျင်းမော့က မျက်ရည်ကျမတတ်တောင် ဖြစ်သွားတယ်။ အရင်က သူဖိတ်ခဲ့တဲ့ သုံးယောက်က တစ်ယောက်က စားဖို့ပဲ စဉ်းစားတယ်၊ တစ်ယောက်က သူ့မိန်းမအကြောင်းပဲ တွေးတယ်၊ နောက်တစ်ယောက်ကကျတော့ သူများမိန်းမကို ဖြားယောင်းဖို့ပဲ တွေးနေတာလေ။ အခုမှပဲ သူ့ကို နားလည်ပေးမဲ့ လူတစ်ယောက်ကို တွေ့ရတော့တယ်။

ယွီးရှောင်ရှောင်က အနောက်ကနေ ကုရှင်းလန်၊ ရှောင်ကျွမ်း၊ ရှောင်ဝေတို့ကို တိုးတိုးလေး ပြောလိုက်တယ်။ "အစ်ကိုကြီးက အရမ်းကို အထင်ကြီးစရာ ကောင်းတဲ့ပုံပဲနော်"

လူငယ် သုံးယောက်စလုံး ယွီးရှောင်ရှောင်ကို ကြည့်လိုက်ကြတယ်။ သူတို့လည်း ကုအစ်ကိုကြီး ပြောတာကို ကြားတာပဲလေ။ အဲဒီစကားက ဘာများ ဒီလောက်တောင် အထင်ကြီးစရာ ကောင်းနေလို့လဲ။

ယွီးရှောင်ရှောင်က ကုအစ်ကိုကြီးကို ထပ်ပြီး ချီးကျူးလိုက်ပြန်တယ်။

"အစ်ကိုကြီး စကားပြောတာက ပညာတတ်ကြီးကျနေတာပဲ"

ရှောင်ကျွမ်းနဲ့ ရှောင်ဝေက ကုရှင်းလန်ကို ထပ်ကြည့်လိုက်ကြပြန်တယ်။ အကြောင်းရင်း အတိအကျကို မပြောပြတတ်ပေမဲ့ သူတို့ရဲ့ သမက်တော်က တကယ်ကို သနားစရာ ကောင်းတယ်လို့ သူတို့ ခံစားရတယ်။

ကုရှင်းလန်လည်း ရင်ထဲမှာ မွန်းကျပ်သွားတယ်။ ဆောင်းဦးမိုးက အေးစက်တယ်ဆိုတဲ့ စကားကို ကုတတိယသခင်လေးလည်း ပြောတတ်တာပဲလေ။ အဲဒါက ဘာတွေများ ပညာတတ်ကြီး ကျနေလို့လဲ။

ဒီအချိန်မှာ ကျော်ယို့က နောက်ကို လှည့်ပြီး ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။ "မင်းသမီး... ဒီနေ့ ဘာစားချင်လဲ"

ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။

"ရပါတယ်... ကျွန်မက အစားမရွေးပါဘူး။ စားစရာက ဘယ်မှာလဲ” ဒီခြံဝင်းထဲက တံတားလေးတွေ၊ ရေစီးသံလေးတွေ၊ ဆောင်းဦးမိုးနဲ့ ဂန္ဓမာပန်းတွေက မင်းသမီးလေးရဲ့ မျက်စိထဲမှာတော့ ဗိုက်ဝအောင် စားမဲ့ ဂျုံပေါက်စီလေး တစ်လုံးလောက်တောင် မချစ်စရာ မကောင်းပါဘူး။

"တကယ်တော့ ငါတို့ ပန်းကန်လုံးကြီး စားသောက်ဆိုင်ကိုပဲ သွားသင့်တာ" ရှေ့ကနေ သွားနေတဲ့ ကျင်းမော့က ယွီးရှောင်ရှောင်ရဲ့ အမေးကို ကြားတော့ တိုးတိုးလေး ရေရွတ်လိုက်တယ်။

ကုရှင်းနော့က ဒီစကားကို ကြားပေမဲ့ မကြားသလိုပဲ ဟန်ဆောင်နေလိုက်တယ်။

ရေကန်ရဲ့ အလယ်မှာ ဆောက်ထားတဲ့ ရှစ်ထောင့်မျှော်နန်းကို ရောက်တဲ့အခါ ယွီးရှောင်ရှောင်က ထမင်းလာချဖို့ကို အာရုံစိုက်ပြီး စောင့်နေတော့တယ်။

ကုရှင်းနော့နဲ့ ကုရှင်းလန်၊ ပြီးတော့ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ရေကန်ဘေးက စင်္ကြံလမ်းမှာ ခဏ ကျန်ခဲ့ကြတယ်။

ကျင်းမော့နဲ့ ကျော်ယို့တို့က ဒီညီအစ်ကို နှစ်ယောက် ပြောစရာ စကားရှိမယ်ဆိုတာ သိတာကြောင့် မနှောင့်ယှက်ကြဘူး။

"ပြောလေ" ကုရှင်းနော့က ကုရှင်းလန် ကိုယ်ပေါ်က ခြုံထည်ကို အပေါ် နည်းနည်း ဆွဲတင်ပေးရင်း တိုးတိုးလေး မေးလိုက်တယ်။

"ငါ့ကို ဒီလောက် အမြန်လာဖို့ လူလွှတ်ခိုင်းတာက ဟူကော်ကျောင်းတော်မှာ တစ်ခုခု ပြောင်းလဲသွားလို့လား" လို့ ပြောရင်းနဲ့ ကုအစ်ကိုကြီးက ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို တစ်ချက် ကြည့်လိုက်တယ်။

ရှောင်ကျွမ်းက တွေဝေနေတုန်းမှာပဲ ရှောင်ဝေက ကုအစ်ကိုကြီးရဲ့ အဓိပ္ပာယ်ကို နားလည်သွားပြီး ရှောင်ကျွမ်းကို ဆွဲကာ ဘေးကို ဖယ်သွားပေးလိုက်တယ်။

ကုရှင်းလန်က ချန်ချီနဲ့ ချန်မြဲ့တို့ အကြောင်းကို သူ့အစ်ကိုကြီးကို ပြန်ပြောပြလိုက်တယ်။

ကုရှင်းနော့က အစကတော့ မတ်တတ်ရပ်နေတာကနေ နားထောင်ရင်းနဲ့ ကုရှင်းလန်ရဲ့ ဘေးက စင်္ကြံလက်ရန်းပေါ်မှာ ထိုင်လိုက်တယ်။

ကုရှင်းလန်က မေးတယ်။ "အစ်ကိုကြီး... သူတို့နဲ့ ဆရာတော်လေးဖုန်းလင်က တူညီတဲ့ ရည်ရွယ်ချက် မရှိကြဘူးလား"

ကုရှင်းနော့က ပြုံးပြီး ပြောလိုက်တယ်။

"မင်းက ဆရာတော်လေး ပြန်သွားရင် ယုံရှန်းကျောင်းတော်က မင်းသမီးကို ဒုက္ခပေးမှာ ကြောက်လို့ ဒီဆရာတော်လေးဖုန်းလင်ကို ယုံရှန်းကျောင်းတော်ကို အပြီးအပိုင် မပြန်နိုင်အောင် နည်းလမ်းရှာချင်နေတာလား"

ကုရှင်းလန် အသက်ရှူကြပ်သွားတယ်။ သူ့အစ်ကိုကြီးနဲ့ စကားပြောတိုင်း သူ့မှာ ပုန်းစရာ နေရာမရှိသလို ခံစားရတယ်။

"ကျွန်တော် သိပါတယ်" ကုရှင်းလန်က ခေါင်းငုံ့ပြီး သူ့အစ်ကိုကြီးကို တိုးတိုးလေး ပြောပြတယ်။

"ကျွန်တော်က သွေးခွဲချင်နေတာ။ ဒီလို လုပ်ရပ်က အောက်တန်းကျပြီး လူကြီးလူကောင်း တစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်ဘူး။ ငါတို့ ကုမိသားစုရဲ့ လုပ်ရပ်မျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်က..."

ကုရှင်းလန်က အံကြိတ်လိုက်ပြီး ခေါင်းမော့ကာ ကုရှင်းနော့ကို ကြည့်ပြီး ပြောလိုက်တယ်။

"ဆရာတော်လေးဖုန်းလင်သာ ယုံရှန်းကျောင်းတော်ကို ပြန်ရောက်သွားရင် သူက ရှောင်ရှောင်ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး"

"ရှောင်ရှောင်" ကုရှင်းနော့ရဲ့ မျက်နှာပေါ်က အပြုံးက ပိုသိသာလာပြီး မေးလိုက်တယ်။ "မင်းက မင်းသမီးကို ရှောင်ရှောင် လို့ ခေါ်တာလား"

ကုရှင်းလန်က စိုးရိမ်စိတ်နဲ့ ရှောင်ရှောင် ဆိုတဲ့ နာမည်ကို ထွက်သွားတာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် နောင်တရနေပြီး ကုအစ်ကိုကြီးကို အလောတကြီး ပြောလိုက်တယ်။

"အစ်ကိုကြီး... အခုက ဒါကို ပြောမဲ့ အချိန်မဟုတ်ဘူးလေ"

ကုရှင်းနော့က ရှစ်ထောင့်မျှော်နန်းထဲမှာ ကျော်ယို့နဲ့ ဘာတွေ ပြောနေမှန်း မသိတဲ့ ယွီးရှောင်ရှောင်ကို လှည့်ကြည့်ပြီး ကုရှင်းလန်ကို ပြောလိုက်တယ်။

"ရှင်းလန်... ကိုယ့်မိသားစုအတွက် ဆိုရင် တရားမျှတမှုကို မဖျက်ဆီးသရွေ့ မင်းရဲ့ လုပ်ရပ်က အောက်တန်းကျတယ်လို့ ငါ မမြင်ပါဘူး။ ဖုန်းလင်က မင်းဆရာကို အရင်သတ်ချင်ခဲ့တာလေ။ သူသာ အဲဒီလို သတ်ချင်စိတ် မရှိခဲ့ရင် မင်းသမီးက ဘယ်လိုလုပ်ပြီး တိုက်ဆိုင်မှုနဲ့ သူ့ကို အဆိပ်မိအောင် လုပ်နိုင်မှာလဲ။ သူလုပ်တာက ဘာခေါ်လဲ မင်းသိလား"

ကုရှင်းလန်က ခေါင်းခါလိုက်တယ်။ သူက ကိုယ့်ဇနီးအတွက်ပဲ စဉ်းစားနေရလို့ စိတ်ရှုပ်ထွေးနေပြီလေ။ သူ့ရဲ့ ဇနီးလေးကို ယုံရှန်းကျောင်းတော် မရှိတဲ့ ကမ္ဘာ့အစွန်အဖျား တစ်နေရာကို ခေါ်သွားချင်နေတာ။ တခြားကိစ္စတွေကို စဉ်းစားဖို့ အချိန်မှ မရှိတာ။

ကုရှင်းနော့က ပြောတယ်။

"သူ့လုပ်ရပ်က သူများ ဒုက္ခပေးမလို့ ကိုယ်ကိုယ်တိုင် ဒုက္ခရောက်တာလို့ ခေါ်တယ်"

ကုရှင်းလန်က "အဲဒီစကားလုံးကို ကျွန်တော် သိပါတယ်။ အစ်ကိုကြီး... ဒါဆို ဒီကိစ္စက"

"ချန်ချီနဲ့ ချန်မြဲ့တို့ကို ယုံရှန်းကျောင်းတော်မှာတုန်းက ငါ တွေ့ဖူးတယ်" ကုရှင်းနော့က တိုးတိုးလေး ပြောပြတယ်။

"သူတို့က ကျူးယိရဲ့ မင်းဆရာ ဝူဟွမ်ကို အရင်က ကာကွယ်ပေးခဲ့ဖူးတယ်။ ဝူဟွမ် ကျူးယိကို သွားပြီးမှ သူတို့က မော့ဝမ်ရဲ့ အနားကို ပြန်ရောက်လာတာ"

ကုရှင်းလန်က မေးတယ်။ "ဒါဆို ဘာဖြစ်လို့လဲ"

"ဖုန်းလင် ဒုက္ခရောက်တုန်းက သူတို့ နှစ်ယောက်က အချိန်မီ ဝင်မကူညီဘူးလေ"

ကုရှင်းနော့က ပြောတယ်။ "ဒါက ဖြစ်နိုင်ခြေ နှစ်ခု ရှိတယ်။ တစ်ခုက သူတို့က ပေ့ယွမ်တို့ ရှိနေရင် ဖုန်းလင်ကို ကာကွယ်ဖို့ လုံလောက်တယ်လို့ ယုံကြည်လို့ ဝင်မကူညီတာ။ နောက်တစ်ခုက မင်း ထင်ထားသလိုပဲ သူတို့က ဖုန်းလင်ကို ကာကွယ်ချင်စိတ် မရှိလို့ပဲ"

ကုရှင်းလန်က သူ့အစ်ကိုကြီးရဲ့ စကားကြောင့် ခေါင်းမူးသွားတယ်။ ဒါဆို ဘယ်ဟာက ဖြစ်နိုင်ခြေ အများဆုံးလဲ။

"ဖုန်းလင်ဆိုတဲ့ လူက အပြင်ပန်းမှာ သဘောကောင်းပေမဲ့ တကယ်တော့ မာနကြီးတယ်။ သူက ချန်ချီ၊ ချန်မြဲ့တို့နဲ့ သင့်မြတ်အောင် နေနိုင်မှာ မဟုတ်ဘူး" ကုရှင်းနော့ရဲ့ မျက်လုံးထဲမှာ တွက်ချက်မှုတွေ ရှိနေပြီး တိုးတိုးလေး ပြောလိုက်တယ်။

"ဒီကိစ္စကို ငါတို့ တကယ်ပဲ စမ်းကြည့်သင့်တယ်"

…

All Chapters