← Chapters

အခန်း (၉၅၇-၉၅၈)

Vol. 69 Ch. 957-958

အခန်း (၉၅၇-၉၅၈)

Vol. 69 Ch. 957-958

အခန်း (၉၅၇) - အတင်းအကျပ် ဆုတ်ခွာစေခြင်း

လာလမ်းတစ်လျှောက်တွင် ကျောက်ဖန်းရှုတို့အဖွဲ့ အစောင့်အရှောက်များကြား ပိတ်မိနေသည်ကို ကျောက်ယန် မြင်လိုက်ရသည်။ သူတို့ အကူအညီတောင်းခံရသည့် အကြောင်းရင်းကိုလည်း ချက်ချင်းပင် နားလည်သွားသည်။

​တိုက်ခိုက်နေသည့် အစောင့်အရှောက်များက အလွန်ပင် ခြိမ်းခြောက်မှု ရှိနေပြီး နဂါးစွယ်ကလန်ကလည်း အခွင့်အရေးကို စောင့်ကြည့်နေကြသည်။

​သို့သော် နဂါးစွယ်ကလန်သားများက ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ရန် ဝန်လေးနေကြသည်။ ဝင်သွားပါက အစောင့်အရှောက်များ၏ ပစ်မှတ် ဖြစ်လာမည်ဖြစ်ပြီး ကျောက်မျိုးနွယ်စုတို့အပေါ် ဖိအား လျော့ကျသွားမည်ကို သူတို့ သိကြသည်။

​သို့သော်လည်း တကယ်ဆို ကျောက်ဖန်းရှုတို့အဖွဲ့က အစောင့်အရှောက်များနှင့် ပူးပေါင်း၍ နဂါးစွယ်ကလန်ကို ဖိအားပေးရမည့်သူများ မဟုတ်ပါလော။ အဘယ်ကြောင့် သူတို့ကိုယ်တိုင် ပိတ်မိနေရသနည်း။ နဂါးစွယ်ကလန်က ပဲ့တင်ထပ်သံ ရွှေနှင်းစက်များကို မရရှိခဲ့ဘဲ တစ်လျှောက်လုံး အလစ်အငိုက် စောင့်နေခဲ့တာလား။

​"အစ်ကိုကြီးယန်... သူတို့ကို ကယ်ကြမလား" ဟု ကျောက်ယန် ဘေးကသူတစ်ဦးက မေးလိုက်သည်။

​ကျောက်ယန်က သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်ကာ…

"နည်းနည်းလောက် စောင့်ဦး… အခြေအနေက ထူးဆန်းနေတယ်… အစောင့်အရှောက်တွေက ကျောက်ဖန်းရှုတို့အဖွဲ့ကို ဝိုင်းရံထားတယ်ဆိုတာ မဖြစ်နိုင်ဘူး"

​ထို့နောက် ချိုင့်ဝှမ်းတစ်ဖက်တွင် ရပ်နေသည့် လီလော့တို့အဖွဲ့ကို အေးစက်စွာ ကြည့်လိုက်သည်။

"ငါ တစ်ကြိမ်ပဲ အခွင့်အရေး ပေးမယ်.. ချိုင့်ဝှမ်းကနေ ထွက်သွားပြီး ရွှေနှင်းစက်တွေကို အပ်ပါ… ဒါဆိုရင် မင်းတို့ကို လွှတ်ပေးမယ်"

​လီလော့လည်း အံ့ဩသွားသည်။ ကျောက်ယန်တယောက် ရက်စက်သော အရှိန်အဝါဖြင့် ရောက်လာပြီးမှ ရုတ်တရက် အလျှော့ပေးလိုက်ခြင်းမှာ ထူးဆန်းသည်။

သူ တစ်စုံတစ်ခုကို သိသွားတာလား…

​"ကောင်းပြီလေ... တခြား ကလန်လေးခုကို လွှတ်ပေးရင် ငါတို့ ထွက်သွားမယ်"

လီလော့က စဉ်းစားပြီးနောက် အဖြေပြန်ပေးလိုက်သည်။

​ကျောက်ယန်က သူ့ကို စိုက်ကြည့်နေရင်း…

"ငါ မင်းကို မျက်နှာသာပေးတာကို ကောင်းကောင်းလက်မခံချင်ဘူးပဲ…ငါ မင်းကို မကိုင်တွယ်နိုင်ဘူးလို့ ထင်နေတာလား"

​"ဒါဆိုလည်း စမ်းကြည့်လေ"

လီလော့၏ အသံထွက်ပေါ်လာချိန်တွင် အန္တရာယ်ကို သူ ခံစားလိုက်ရသည်။

လီလော့၏နဖူးမှ နဂါးတံဆိပ် တောက်ပစွာ လင်းလက်လာခြင်းကြောင့်ပင်…..

​ထိုခဏ၌ပင် လီလော့၏ ရှေ့တွင် လေနှင့် ပေါင်းစပ်နေသည့် အစိမ်းရောင် ရက်ကန်းလွန်းတခု ပေါ်လာခဲ့သည်။ ၎င်း၏ ထိပ်ဖျားတွင် စူးရှပြတ်သားလှသော အလင်းရောင် ရှိနေပြီး ​သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။

​ထိုအရာက လီလော့၏ လည်ပင်းဆီသို့ လျင်မြန်စွာ ဦးတည်လာနေသည်။

​သို့သော် လီလော့၏ နောက်ကျောမှ ဓားတစ်လက် ထွက်ပေါ်လာပြီး ပြင်းထန်သော ပဲ့တင်ထပ်သံ စွမ်းအားများဖြင့် ထိုအစိမ်းရောင် ရက်ကန်းလွန်းကို တိုက်ရိုက် ရိုက်ခတ်လိုက်သည်။

​ဘုန်း!

​စွမ်းအင်များ နေရာအနှံ့ ပျံ့နှံ့သွားပြီး လီလော့ နှစ်လှမ်းခန့် နောက်ဆုတ်လိုက်ရသည်။ အစိမ်းရောင် ရက်ကန်းလွန်းလည်း ဓားနှင့် ထိမိပြီးနောက် လေထဲတွင် ပျောက်ကွယ်သွားပြီး ကျောက်ယန်၏ ဘေးတွင် ပြန်ပေါ်လာသည်။

​ကျောက်ယန်၏ လုပ်ကြံမှု ပျက်စီးသွားပြီး သူ့မျက်နှာပေါ်တွင် အံ့ဩမှုများ ပေါ်လာသည်။ သူ လီလော့၏ နောက်ကွယ်ကို ကြည့်လိုက်တော့ လှပသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။

ထိုမိန်းကလေးက ရှည်လျားသော ဓားကို ကိုင်ထားပြီး သူ့ကို ခပ်ပြုံးပြုံးလေးကြည့်နေသည်။

​"လူယုတ်မာ… စကားပြောနေရင်းနဲ့ အလစ်အငိုက် တိုက်ခိုက်တယ်.."

သူမက ကျောက်ယန်ကို ကြည့်ကာ လှောင်ပြုံးဖြင့် ကဲ့ရဲ့လိုက်သည်။

​"မင်းက ဘယ်သူလဲ…အစောင့်တပ်ဖွဲ့ ငါးခုမှာ မင်းလိုလူမျိုး မကြားဖူးဘူး"

ကျောက်ယန်၏ မျက်နှာထားက သိသိသာသာကို မည်းမှောင်နေသည်။ သူမ၏ စွမ်းအားက လီဝူယွမ်ထက် မလျော့ပေ။ သို့သော်လည်း လီဝူယွမ်က ယခင်မျိုးဆက်၏ ခေါင်းဆောင် ဖြစ်သည်။

ဤမိန်းကလေးက မည်သူနည်း။

​လီလင်းကျင်းက…

"ငါက အစောင့်တပ်ဖွဲ့ ငါးခုထဲတောင် မဝင်နိုင်တဲ့ အစွမ်းမရှိတဲ့ မိန်းကလေးတစ်ယောက်ပါ"

​ကျောက်ယန် ဒေါသပုန်ထနေလေပြီ။

သူ့မှာ ဒီလိုမိန်းကလေးတယောက်ရဲ့ တိုက်ကွက်ကို ခုခံနိုင် အစွမ်းမရှိဘူးလား…

​လီလော့က … "ကျေးဇူးတင်ပါတယ် ဝမ်းကွဲအစ်မ " ဟု ကျေးဇူးတင်စကားဆိုလိုက်သည်။

​ကျောက်ယန်၏ ရုတ်တရက် တိုက်ခိုက်မှုက သူ့ရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်နေသည်။

​"ဝမ်းကွဲမောင်လေးက သိပ်ယဉ်ကျေးကြတာပဲ "

လီလင်းကျင်းက ရယ်မောလိုက်ပြီး ကျောက်ယန်ဘက်သို့ ကြည့်လိုက်ကာ…

"ဒီလူက ပရိယာယ်ကြွယ်ဝတာမို့လို့ သတိထားပါ"

​လီလော့ကလည်း ခေါင်းညိတ်ကာ ကျောက်ယန်ကို ကြည့်လိုက်သည်။

"မင်းတို့ရဲ့ အပေါင်းအပါတွေကို ကယ်ဖို့ အရေးအကြီးဆုံးဘူးထင်တယ်…"

​ကျောက်ယန်က…

"သူတို့ ခဏလောက်တော့ တောင့်ခံနိုင်ပါသေးတယ်… မင်းတို့ကို အရင် ရှင်းလိုက်ရင်လည်း အတူတူပါပဲ… ငါတို့က အသာစီး ရထားတာမို့လို့ စောင့်ဆိုင်းနေရုံပဲလေ…ကျန်တဲ့ ကလန်တွေ လက်လျှော့ရင် ငါတို့ ပိုပြီးအသာစီးရလာမှာ… ပညာရှိရင် အခုပဲ ဆုတ်ခွာသွားတာ အကောင်းဆုံးပဲ"

​လီလော့က ခေါင်းခါလိုက်ပြီး…

"သူတို့ တောင့်ခံနိုင်တော့မယ် မထင်ဘူး"

​လီလော့က ထိုစကားကို ပြောပြီးသည်နှင့် လက်ကို ဝှေ့ယမ်းကာ ကျန်ရှိနေသော မီးတောက်များကို ပေါက်ကွဲစေလိုက်သည်။ သူသည် ကျောက်ယန်တို့ချိုင့်ဝှမ်းထဲသို့ ဆင်းလာချိန်တွင် ဤသို့ပြုလုပ်ရန် စီစဉ်ထားသော်လည်း ကျောက်ယန်က အပေါ်တွင်သာ ဂရုတစိုက် စောင့်ကြည့်နေသဖြင့် ကျောက်ဖန်းရှု တို့အတွက် ကြီးမားသော ပွဲတော်ကို ကြိုတင် ကျင်းပပေးလိုက်ခြင်း ဖြစ်သည်။

​ဘုန်း!

​ချိုင့်ဝှမ်းအတွင်းရှိ သဘာဝစွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာမှုကြောင့် လူတိုင်း အံ့ဩသွားကြသည်။ ပဲ့တင်ထပ်သံ ရွှေနှင်းစက်များ အမြောက်အမြား ပေါ်ထွက်လာသည်နှင့်အမျှ အစောင့်အရှောက်များလည်း လေဟာနယ်ထဲမှ ပေါ်လာပြီး ကျောက်ရှန်ကျန်းနှင့် ကျောက်ဖန်းရှုတို့အဖွဲ့ကို တိုက်ရိုက် တိုက်ခိုက်လေတော့သည်။ သူတို့အဖွဲ့မှာ အခြေအနေဆိုးဝါးနေပြီး အစောင့်အရှောက်များ အလွန်များပြားသဖြင့် ကျောက်ရှန်းကျန်းခင်မျာ နောက်ကျောကိုပင် မကာကွယ်နိုင်တော့ပေ။

​"လီလော့…."

ကျောက်ကျင်းယွီ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည်လည်း ဒဏ်ရာများစွာ ရရှိနေပြီ ဖြစ်သည်။

​လီလော့က သူ့ကို လှောင်ပြုံးဖြင့် ကြည့်လိုက်ပြီးနောက် စိတ်ပျက်နေသော ကျောက်ယန်ဘက်သို့ လှည့်ကာ…

"သူတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ် ထင်လဲ" ဟု မေးလိုက်သည်။

​ကျောက်ယန်က လီလော့ကို အေးစက်စက် စိုက်ကြည့်ရင်း…

"ဒါဆိုရင် ဒီနေရာမှာ ထောင်ချောက်ဆင်ပြီး သဘာဝစွမ်းအင်တွေကို အသက်သွင်းလိုက်တာ မင်းပဲပေါ့…ဒါကြောင့် သူတို့ ပိတ်မိပြီး အကူအညီတောင်းရတာကိုး"

​"ဟုတ်တယ်၊ မင်း မကယ်ရင် သူတို့ အကြီးအကျယ် ဒဏ်ရာရလိမ့်မယ်… မင်း တကယ် လုပ်ဆောင်မယ်ဆိုရင်လည်း ငါတို့ဘက်က တုံ့ပြန်မှာပဲ… ဒီအစောင့်အရှောက်တွေရဲ့ အကူအညီနဲ့ဆိုရင် မင်းတို့လည်း အလယ်မှာ ပိတ်မိသွားလိမ့်မယ်" ဟု လီလော့က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

ထိုအခါ ​ကျောက်ယန်၏ အကြည့်တို့မှာ သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။ လီလော့ကလည်း ၎င်းကို ရိပ်မိသဖြင့် နဂါးတံဆိပ်ကို အသက်သွင်းကာ ခုခံမှုကို မြှင့်တင်လိုက်သည်။

​"နောက်တစ်ခါ အလစ်အငိုက် လာတိုက်ဖို့ မတွေးနဲ့တော့.. ငါ့ ဝမ်းကွဲအစ်မက မင်းထက် မညံ့ဘူး…ငါ့အဖွဲ့ကလည်း မင်းရဲ့ နောက်လိုက်တွေထက် မညံ့ဘူး"

"ဆုံးဖြတ်ချက် ချရမယ့်သူက မင်းပဲ… တခြား ကလန်လေးခု ပြိုလဲသွားမလားဆိုတာကို မင်း စမ်းသပ်ကြည့်လို့ ရတယ်… ဒါပေမဲ့ ကျောက်ရှန်းကျန်းတို့ အဲဒီလောက်အထိ တောင့်ခံနိုင်ပါ့မလား"

​လီလော့၏ ထိုးနှက်ချက်ကြောင့် ကျောက်ယန်၏ ဒေါသများ ပို၍ ကြမ်းတမ်းလာသည်။ သူတို့အခြေအနေက အလွန်ပင် ဆိုးဝါးနေပြီ ဖြစ်သည်။ ကျောက်ရှန်းကျန်းနှင့် ကျောက်ဖန်းရှုတို့ အန္တရာယ်ကြီးမားနေပြီး သူ မဝင်ရောက်ပါက အသေအပျောက် ရှိနိုင်သည် သို့မဟုတ် အကြီးအကျယ် ဒဏ်ရာရနိုင်သည်။

ကျောက်ရှန်းကျန်းက မျိုးနွယ်စုအတွက် အရေးပါသော ခေါင်းဆောင် ဖြစ်သဖြင့် သူသာ ကျဆုံးသွားပါက ကျောက်ယန်အနေဖြင့် အဆိုးရွားဆုံး ပြစ်ဒဏ်ကို ခံရလိမ့်မည်။

​သို့သော် ဝင်ရောက်ကူညီပါက နဂါးစွယ်ကလန်ကလည်း တုံ့ပြန်လာမည်ဖြစ်ပြီး အခြေအနေ ပိုကောင်းလာမည် မဟုတ်ပေ။

လီလင်းကျင်း၏ စစ်မှန်သော စွမ်းအားကို မတွေ့ခဲ့ရပါက လီလော့ကို တိုက်ရိုက် သတ်ဖြတ်ရန် ကြိုးစားခဲ့လိမ့်မည် ဖြစ်သော်လည်း လီလင်းကျင်း၏ ကောင်းကင် ပုလဲရှစ်လုံးအဆင့် စွမ်းအားကို မြင်ပြီးနောက် ချီတုံချတုံ ဖြစ်သွားသည်။

​သူတို့မှာ ရှေ့ဆက်၍လည်း မရ၊ နောက်ဆုတ်၍လည်း မရ ဖြစ်နေသည်။ ကျောက်ဖန်းရှုတို့၏ အခြေအနေကို ကြည့်ပြီး သူတို့ မကြာမီ ပြိုလဲတော့မည်ကို ကျောက်ယန် သိနေသည်။

​"မင်း ဘာလိုချင်တာလဲ"

နောက်ဆုံးတော့ ကျောက်ယန်က အေးစက်စက် မေးလိုက်လေသည်။

​"ဆုတ်ခွာဖို့ အမိန့်ပေးလိုက်ပါ… အချက်ပေးချက် ပို့ပြီးတာနဲ့ နဂါးစွယ်ကလန်က နောက်ဆုတ်ပေးမယ်…မင်းတို့လူတွေကို ကယ်တင်နိုင်မယ်… ပြီးရင် မင်းတို့ ကြိုက်သလို လုပ်လို့ရတယ်" ဟု လီလော့က အေးဆေးစွာ ပြန်ဖြေလိုက်သည်။

​"မင်းတို့ဘက်က ကလန်လေးခုတောင် အသာစီး ရထားတာ မဟုတ်ဘူးလား…ငါတို့ကို ဘာကြောင့် ဆုတ်ခွာခိုင်းရတာလဲ"

​"ဒါဆိုရင် ဘယ်သူ အရင်သေမလဲဆိုတာ ကြည့်လိုက်ကြတာပေါ့… နဂါးစွယ်ကလန်ကတော့ အဆင်ပြေတယ်… အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီမို့ ဘယ်သူမှ အပြစ်တင်မှာ မဟုတ်ဘူး"

​ကျောက်ယန်၏ နားထင်ကြောများပင် ဒေါသဖြင့် တုန်ခါနေသည်။ သူသည် ကျားနှစ်ကောင် တိုက်ပွဲကို စောင့်ကြည့်ပြီး အမြတ်ထုတ်ရန် စီစဉ်ခဲ့သော်လည်း လီလော့က သူ့ အစီအစဉ်အားလုံးကို ရေခဲရေဖြင့် လောင်းချလိုက်သလို ဖြစ်သွားစေသည်။

ထိုစဉ် ​ကျောက်ဖန်းရှုတို့အဖွဲ့၏ နာကျင်စွာ အော်ဟစ်သံများ လေထဲတွင် ပျံ့လွင့်သွားသည်။ ကျောက်မျိုးနွယ်စုဝင် တစ်ဦး၏ လက်တဖက် ပြတ်ထွက်သွားပြီး သွေးများ ပန်းထွက်လာသည်။

ထိုအော်သံက ကျောက်ယန်၏ စိတ်ပိုင်းဖြတ်ချက်ကို နောက်ဆုံးတွင် ပြိုလဲသွားစေသည်။ သူသည် အသက်ကို ပြင်းပြင်းရှူကာ နောက်ထပ် မတွန့်ဆုတ်တော့ဘဲ သွေးအဆီနှစ်ကို သုံး၍ အချက်ပေးလိုက်လေသည်။

ထိုအခါ ကြီးမားသော သွေးနီရောင် သားရဲပုံရိပ်မှာ ကောင်းကင်သို့ ပျံတက်သွားပြီး အရပ်မျက်နှာ အသီးသီးသို့ ပြန့်နှံ့သွားတော့သည်။

အခန်း (၉၅၈) - မုန်းတီးမှုများ ပြည့်နှက်ခြင်း

​ကျောက်ယန်ဘက်က ဆုတ်ခွာရန် အချက်ပေးလိုက်ချိန်တွင် သစ်တောထဲရှိ အခြားအဖွဲ့များလည်း ၎င်းကို သတိပြုမိကြသည်။ သို့သော် သူတို့၏ ခေါင်းဆောင် ရူးသွားပြီလောဟုပင် တွေးထင်မိကြသည်။

​သူတို့တွေ အသာစီး ရထားပြီး နဂါးစွယ်ကလန် ငါးခုစလုံး ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်သဖြင့်

နောက်ထပ်အချိန်အနည်းငယ်လောက်သာ တောင့်ခံလိုက်ပါက နဂါးစွယ်ကလန်ငါးခုလုံး လုံးဝ ရှုံးနိမ့်သွားလိမ့်မည်။

​သို့သော် အောင်ပွဲခံခါနီးအချိန်တွင် ကျောက်ယန်က ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။

​ကျောက်မျိုးနွယ်စု၏ အကြီးအကဲများသာ ကျောက်ယန်၏ မိသားစုဝင်များ မဟုတ်ခဲ့ပါက ကျောက်ယန်ကို သစ္စာဖောက်ဟုပင် ထင်မှတ်ကြလိမ့်မည်။ အချက်ပေးသံက အရှေ့ဘက်မှ လာခြင်းဖြစ်ပြီး အကူအညီပေးရန် သွားရောက်ထားသည့် အဖွဲ့ရှိသော နေရာဖြစ်သည်။

​ကျောက်ယန်ကိုယ်တိုင်ရော အန္တရာယ် ကြုံနေရတာလား… အဲဒီနေရာမှာ မြို့စားအဆင့် ကျွမ်းကျင်သူ ရှိနေတာလား…

​အဓိက အကြောင်းရင်းတစ်ခုခု မရှိပါက ကျောက်ယန် ဤမျှ အသာစီးရနေချိန်တွင် ဆုတ်ခွာမည် မဟုတ်ပေ။ ကျောက်မျိုးနွယ်စုမှ အဖွဲ့ခေါင်းဆောင်များခင်မျာ အမိန့်ကို နာခံရမလား၊ ဆက်တိုက်ခိုက်ရမလား ဝေခွဲမရ ဖြစ်နေကြသည်။

အရှုံးပေးလိုက်ပါက တာဝန်ယူရမည်ကို ကြောက်သဖြင့် အမိန့်ကို နာခံရန်သာ ဆုံးဖြတ်လိုက်ကြသည်။

​မိနစ်အနည်းငယ် အကြာတွင် သူတို့အဖွဲ့ အမြန်ဆုံး ထွက်ခွာသွားကြသည်။ ဤထူးဆန်းသော အပြောင်းအလဲများက နဂါးစွယ်ကလန် ငါးခုအတွက်လည်း နားမလည်နိုင်စရာ ဖြစ်နေသည်။

​နဂါးအကြေးခွံကလန်ဘက်တွင်….

အစောင့်အရှောက် သုံးဦးကို လီကွမ်း တစ်ယောက်တည်း ရင်ဆိုင်နေရသည်။ ကျောက်မျိုးနွယ်စုတို့ ရောက်လာသဖြင့် သူ အလွန်ပင် ဒုက္ခရောက်နေခဲ့သည်။ အခွင့်အရေးကို စောင့်ကြည့်နေစဉ်မှာပင် ရန်သူများ ရုတ်တရက် ထွက်ပြေးသွားကြသည်။

​သူ အံ့ဩသွားသော်လည်း ထိုအခွင့်အရေးကို အသုံးချကာ အစောင့်အရှောက်များကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

​"မြို့စားအဆင့် ပညာရပ်… ရွှေရောင်အကြေးခွံလက်သီးချက်…"

ထိုအခါ ​သဘာဝစွမ်းအင်များ စုစည်းလာပြီး ရွှေရောင်နဂါးအကြေးခွံများဖြင့် ဖုံးအုပ်ထားသော ဧရာမ လက်သီးချက်ကြီးတစ်ခု ပေါ်လာသည်။ ၎င်းမှာ တောင်တန်းများကိုပင် ဖျက်ဆီးနိုင်လောက်အောင် ပြင်းထန်သဖြင့် ထိုလက်သီးချက်ကြောင့် အစောင့်အရှောက်တစ်ဦး အမှုန်အမွှားများအဖြစ် ပြိုကွဲသွားသည်။

​အခြားသူများလည်း အခြေအနေကို ထိန်းချုပ်နိုင်သွားပြီးနောက် စုဝေးလိုက်ကြသည်။

​"အရှေ့ဘက်မှာ ဘာတွေ ဖြစ်နေတာလဲ"

ကျောက်မျိုးနွယ်စုများက အသာစီးရနေပါလျှက်နှင့် ဖိအားပေးခံရသလို အလျင်အမြန်ဆုတ်ခွာသွားသောကြောင့် အားလုံး အထူးအဆန်းဖြစ်နေကြသည်။

​"အရှေ့ဘက်က လီလော့တို့ နဂါးစွယ်ကလန် သွားတဲ့ နေရာမဟုတ်လား… ကျောက်မျိုးနွယ်စုဝင် တယောက်ယောက်အဖမ်းခံလိုက်ရလို့ အကူအညီတောင်းလိုက်တာများလား" ဟု လုချင်းမိန်က တွေးတွေးဆဆ သုံးသပ်လိုက်သည်။

​လီကွမ်း ခဏတာ တွေဝေသွားပြီး…

"ကျောက်ယန်က အဲဒီဘက်ကို အကူအညီ သွားပေးတာလေ..သူ့ရဲ့ခွန်အားက လီဝူယွမ်နဲ့တောင် ယှဉ်နိုင်တယ်…လီလော့တို့ဘက်မှာ လီလင်းကျင်းရှိနေပေမယ့် လီလင်းကျင်း တယောက်တည်း ရင်ဆိုင်နိုင်မှာမဟုတ်ဘူး….သူတို့တွေ ဘယ်လိုလုပ် ကျောက်ယန်ကို ဖိအားပေးနိုင်တာလဲ…လီလော့တို့အဖွဲ့က တကယ့်ကို အံ့ဩစရာပဲ"

​ကျောက်ယန်၏ ဆုံးဖြတ်ချက်နောက်ကွယ်တွင် သူတို့ဘက်မှ ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းမှလွဲ၍ အခြား ဖြစ်နိုင်ခြေ မရှိနိုင်တော့ပေ။

​ကျန်ရှိနေသူများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သူမျှ ကျိုးကြောင်းဆီလျော်သော အဖြေကို မပေးနိုင်ကြပေ။

​"ထားလိုက်တော့… အစောင့်အရှောက်တွေကို ရှင်းလင်းပြီးပြီဆိုတော့ ရွှေနှင်းစက်တွေကို စုဆောင်းပြီး ကျန်တဲ့သူတွေနဲ့ ပြန်ပေါင်းကြမယ်" ဟု လီကွမ်းက အမိန့်ပေးလိုက်သည်။

​ကျန်ရှိသူများလည်း သဘောတူလိုက်ကြပြီး အမြန်ဆုံး လူစုခွဲလိုက်ကြသည်။

အလားတူ မြင်ကွင်းမျိုးကို သစ်တော၏ အခြားအရပ်မျက်နှာများတွင်လည်း တွေ့မြင်နေရသည်။

…….,...........

​တစ်ဖက်တွင်မူ….

တစ်ဖက်တွင်မူ နတ်ဆိုးမီးတောက်ခန်းမမှ လူများက စိတ်အရှုပ်ထွေးဆုံး ဖြစ်နေသည်။ တျန်မိုသည် နဂါးသွေးကလန်ကို ဖိအားပေးနေချိန်တွင် ကျောက်ယန် ရုတ်တရက် ဆုတ်ခွာသွားသဖြင့် အံ့အားသင့်သွားရသည်။

​သူသည်လည်း ကျောက်ယန်၏ အချက်ပေးမှုကို မြင်လိုက်ရချိန်တွင် အလွန်ပင် စိတ်ရှုပ်ထွေးသွားသည်။ ကျောက်မျိုးနွယ်စုမှ တပ်ဖွဲ့များ ခဏတာ ရပ်တန့်သွားပြီးနောက် ထွက်ခွာသွားသည်ကို မြင်လိုက်ရသဖြင့် စိတ်မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။

​"စောင့်ဦးလေ! ငါတို့ လုပ်လက်စ အလုပ်တွေ အလဟဿ ဖြစ်ကုန်တော့မယ်"

​ကျောက်မျိုးနွယ်စုမှ အဖွဲ့ဝင်တစ်ဦးက .

"အစ်ကိုကြီးယန်ရဲ့ အမိန့်ကို ငါတို့ နာခံရမယ်…ငါတို့လည်း စိတ်ပျက်နေတာပဲ…ဒါပေမယ့် တစ်ခုခု ဖြစ်ရင် ဘယ်သူ တာဝန်ယူမှာလဲ" ဟု ဆိုပြီး တျန်မိုကို ဂရုမစိုက်ဘဲ ထွက်ခွာသွားကြလေသည်။

​"အသုံးမကျတဲ့ကောင်တွေ! မင်းတို့ ဘဝမှာ ဘာမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး!"

တျန်မို ဒေါသကြောင့် တကိုယ်လုံး တုန်ယင်နေသည်။ သူသည် လီကောင်းကင်ဧကရာဇ်မျိုးနွယ်စုကို ရန်စမိသဖြင့် အန္တရာယ်ကြီးမားကြောင်း နားလည်သည်။ သို့သော်လည်း ကျောက်မျိုးနွယ်စု ဆုတ်ခွာသွားသဖြင့် နတ်ဆိုးမီးတောက် ခန်းမအနေဖြင့် တစ်ယောက်တည်း ဆက်လက် တားဆီးရန် မဖြစ်နိုင်တော့သဖြင့် သူလည်း အံကြိတ်ကာ နောက်မှ လိုက်ပါသွားရတော့သည်။

​နဂါးသွေးကလန်သားများလည်း ရန်သူများ ကြောက်လန့်တကြား ထွက်ပြေးသွားသည်ကို ကြည့်ပြီး နက်ရှိုင်းစွာ တွေးတောနေမိကြသည်။

​ထို့နောက် သူတို့၏ အကြည့်များမှာ အရှေ့ဘက်သို့ ရောက်ရှိသွားသည်။

​ဘာတွေ ဖြစ်ပျက်နေတာလဲ။

……………….

​"မင်းတို့ အခုထိ မထွက်သေးဘူးလား"

အရှေ့ဘက် ချိုင့်ဝှမ်းထိပ်တွင်…

ကျောက်ယန်က မှောင်မိုက်နေသော အကြည့်များဖြင့် နဂါးစွယ်ကလန်အဖွဲ့ကို စိုက်ကြည့်နေသည်။

သို့သော်လည်း အခြားရွေးချယ်စရာ မရှိတော့ပေ။ ကျောက်ရှန်းကျန်းနှင့် ကျောက်ဖန်းရှုတို့အဖွဲ့ အသက်အန္တရာယ် ရှိနေသဖြင့် အခြား ကလန်လေးခု အောင်ပွဲခံသည် ဖြစ်စေ၊ မခံသည် ဖြစ်စေ သူတို့ဘက်က ပိတ်မိနေပြီးသားပင်။

​အပြစ်တင်စရာ တစ်စုံတစ်ယောက် ရှိမည်ဆိုလျှင် ထိုသူမှာ အစောင့်အရှောက်များကို အမြောက်အမြား ဆင့်ခေါ်ခဲ့သော လီလော့ကိုသာ အပြစ်တင်ရလိမ့်မည်။

​လီလော့သည်လည်း ကျောက်ယန်၏ အကြည့်များကို ကြည့်ပြီး သူသည် ကျောက်ယန်၏ ပစ်မှတ်အမှတ် (၁) ဖြစ်သွားပြီကို သိနေသည်။

ယနေ့ ပေါ်ပေါက်လာသော ရန်ငြိုးများက သူ ထမ်းပိုးနိုင်သည်ထက် ပိုမို ကြီးမားနေသည်။ သို့သော်လည်း သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်ပေ။

​ထို့နောက် ဒဏ်ရာများနှင့် ကျောက်ကျင်းယွီကို လိုက်လံနှောင့်ယှက်နေသော အစောင့်အရှောက်များကို လက်ညှိုးထိုးကာ -

"မနေ့က ရွှေနဂါးဘဏ်မှာ ဝယ်ထားတဲ့ 'မရဏမိုးကြိုးမြားကို လိုချင်တယ်… ငါ့ကို ပေးခဲ့"

ထိုစကားကြောင့် ​ကျောက်ကျင်းယွီ ဒေါသကြောင့် တကိုယ်လုံး တုန်ယင်သွားသည်။

"အိမ်မက် မက်မနေနဲ့…"

​ဒီကောင်က သူ ဒုက္ခရောက်နေချိန်မှာတောင် လက်နက် တောင်းနေတာလား။

​"မင်း ငြင်းဆန်နေတာက အချိန်ကုန်စေတယ်.. မင်းရဲ့ သူငယ်ချင်းတွေ အခုထိ ဒဏ်ရာရနေတုန်းပဲ… ရတနာဆိုတာ ရုပ်ဝတ္ထုသက်သက်ပါပဲကွာ.. မင်း ငါ့ကို နဂါးစွယ် (၅) ခု ပေးခဲ့ဖူးတာ မေ့သွားပြီလား"

​လီဖူလင်တို့က လီလော့၏ ရှက်ရွံ့မှု မရှိသော အပြုအမူကို ကြည့်ပြီး အံ့ဩနေကြသည်။

​ကျောက်ယန်က …"ပေးလိုက်ပါ ကျောက်ကျင်းယွီ" ဟု အမိန့်ပေးလိုက်သည်။

ထိူအခါ ​ကျောက်ကျင်းယွီက အံကြိတ်၍ မြားကို ပစ်ပေးလိုက်သည်။ ကျောက်ယန်က ၎င်းကို လီလော့ဆီသို့ ပစ်ပေးလိုက်ပြီး…

​"ယူသွားလိုက်…မင်းရဲ့ အသက်ကိုတော့ သေချာ ထိန်းသိမ်းထား…ဒီ လိုဏ်ဂူထဲက မထွက်ခင်မှာပဲ ငါတို့ ကျောက်မျိုးနွယ်စုက မင်းကို သေချာပေါက် ရှင်းပစ်လိမ့်မယ်…သတိထားပါ"

ကျောက်ယန်၏ လေသံက အလွန်ပင် ရက်စက်လှသည်။

​လီလော့ မြားကို ယူလိုက်ပြီး ဘာမှ ပြန်မပြောဘဲ ထွက်ခွာသွားသည်။ နဂါးစွယ်ကလန်အဖွဲ့လည်း သူနှင့်အတူ ထွက်ခွာသွားကြသည်။

​ထိုအခါမှသာ ကျောက်ယန်တို့အဖွဲ့မှာ သူတို့၏ အဖွဲ့ဝင်များကို ကယ်တင်ရန် စတင် လှုပ်ရှားလေတော့သည်။

All Chapters