အခန်း (၉၆၃-၉၆၄)
Vol. 69 Ch. 963-964
အခန်း (၉၆၃) - ပူးပေါင်းဆောင်ရွက်ခြင်း
မှတ်တမ်းပြသမှု ပြီးဆုံးသွားသောအခါ အားလုံး တိတ်ဆိတ်သွားသည်။ သူတို့၏ တုံ့ပြန်မှုများကို ကြည့်ခြင်းအားဖြင့် လီလော့နည်းတူ ထိုသူများက မည်သူများဖြစ်မည်ကို သူတို့လည်း ရိပ်မိသွားကြကြောင်း သိသာသည်။
သူတို့အားလုံးက အင်အားစုအသီးသီးမှ ထူးချွန်သူများဖြစ်ကြသဖြင့် ပဲ့တင်သံ လိုဏ်ဂူ၏ မူလဇာစ်မြစ်ကို ကြားဖူးကြမည်မှာ သေချာသည်။
"ဒီလူတွေက ပဲ့တင်သံလိုဏ်ဂူ ပွင့်တိုင်း ပေါ်လာတတ်တာလား" ဟု လီလော့က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
ချင်ရီက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး ခေါင်းခါလိုက်သည်။
"ပဲ့တင်သံ လိုဏ်ဂူကို ရှာဖွေတွေ့ရှိတာ နှစ်ပေါင်း အနည်းငယ်ပဲ ရှိသေးတယ် ဒါကြောင့် အကြိမ်ရေ အနည်းငယ်ပဲ ပွင့်ဖူးသေးတယ်… ကံမကောင်းစွာနဲ့ပဲ လေဟာနယ် ပဲ့တင်သံဂိုဏ်းက တပည့်တွေ ပေါ်လာတာမျိုး တစ်ခါမှ မကြားဖူးဘူး… နောက်ပြီး သူတို့က တကယ့်လူသားတွေ ဟုတ်ချင်မှ ဟုတ်မှာ…သူတို့က စွမ်းအင်ပုံရိပ်တွေ ဖြစ်မယ်လို့ ကျွန်မ ထင်တယ်… ပဲ့တင်သံ လိုဏ်ဂူထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်စဉ်တွေ အများကြီးရှိပြီး ဒီဂိုဏ်းကလည်း အံ့ဩဖွယ်ရာ အရာတွေကို ဖန်တီးနိုင်စွမ်း ရှိတယ်လို့ နာမည်ကြီးတယ်… နှစ်ပေါင်းထောင်ချီ ကြာမြင့်နေပေမဲ့ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ စွမ်းအင်အရိပ်တွေကို သူတို့ ဖန်တီးနိုင်တာ မဆန်းပါဘူး"
ထိုအချိန်တွင် ချင်ပင်းက စကားစလိုက်သည်။
"တကယ်တော့ ပဲ့တင်သံလိုဏ်ဂူနဲ့ နဂါးခေါင်းဆောင် လီလော့ရြဲ မိဘတွေနဲ့ ဆက်စပ်မှု ရှိတယ်လေ"
"ဆက်စပ်မှုရှိတယ် …"
လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုအခါ ချင်ပင်းက လှောင်ပြုံးဖြင့်…
"ပဲ့တင်သံလိုဏ်ဂူက မင်းရဲ့မိဘတွေ လေဟာနယ် ပဲ့တင်သံဂိုဏ်းရဲ့ အပျက်အစီးတွေကို ဝင်ရောက်ရှာဖွေပြီး နှစ်နှစ်အကြာမှာမှ ပေါ်လာတာလေ"
ထိုစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူအုပ်ကြီး၏ အကြည့်များက လီလော့ထံသို့စုပြုံကျရောက်လာသည်။ ထိုဖြစ်ရပ်ကပင် လီတိုင်ရွှမ်၊ တန်တိုင်လန်နှင့် ချင်လျန်တို့ကြားက မကုန်ဆုံးနိုင်သည့် ရန်ငြိုးကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
လီလော့၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ ဤလူသည် ချင်ရီနှင့် သူ့ကို ရန်ဖြစ်စေရန် မီးထိုးပေးနေခြင်း ဖြစ်သည်။ ဤဂုဏ်ယူဖွယ် ကောင်းကင်လူငယ်များအားလုံးက အဆိပ်အတောက် ဖြစ်စေတတ်သူများသာ ဖြစ်ပုံရသည်။ ဤလူငယ်များက ရှပြည်ထောင်စုတွင် သူ တွေ့ခဲ့ဖူးသည့် ဒူဇီကလန် ခေါင်းဆောင်နှင့် ယှဉ်လျှင် အလွန်ပင် ရိုင်းစိုင်းကြသည်။
ချင်ရီ၏အကြည့်များ ခဏတာ လှုပ်ရှားသွားသော်လည်း သူမက စိတ်ခံစားမှု မပြဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။
"နဂါးခေါင်းဆောင် လီလော့.. ခုနက မြင်ခဲ့ရတာက ရွှေရောင်ခန်းမရဲ့ သာမန်စောင့်ရှောက်သူတွေပါ… တကယ် ခက်ခဲတာက ဒုတိယအလွှာက အစောင့်ရှောက်တွေ… အဲဒီအဖွဲ့မှာ ကောင်းကင်ပုလဲ ၇လုံးအဆင့်ရှိ ထူးချွန်တပည့် ၈ ယောက် ပါဝင်တယ်.. သူတို့ရဲ့ အကာအကွယ် စွမ်းအားတွေကြောင့် သူတို့ရဲ့ တိုက်ခိုက်မှုစွမ်းအားက ကောင်းကင်ပုလဲ ၈လုံးအဆင့် ရှိနေတယ်။ ဒါကြောင့်လည်း အခုထိ ဘယ်သူမှ မဖောက်ထွက်နိုင်သေးတာ"
"ကောင်းကင်ပုလဲ ၈လုံးအဆင့်ရှိတဲ့ တပည့် ၈ယောက်လား.."
လီလော့ အနည်းငယ် အံ့ဩသွားသည်။ သူကိုယ်တိုင်ပင် ထိုမျှ အစွမ်းထက်သည့် ရန်သူများကို ဖောက်ထွက်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ချင်ရီ သူ့ကို အတူတကွ ပူးပေါင်းရန် ကမ်းလှမ်းရသည့် အကြောင်းရင်းက လီလင်းကျင်းကြောင့် ဖြစ်ကြောင်း လီလော့ သဘောပေါက်လိုက်သည်။
လီလော့ ထိုသို့တွေးနေစဉ် ချင်ရီ၏ လှပသော အကြည့်များက တိတ်ဆိတ်နေသည့် လီလင်းကျင်းထံ ရောက်သွားသည်။
"အစ်မက မမလီလင်းကျင်းမလား.. အနောက်ပိုင်းဒေသ လီမျိုးနွယ်စုရဲ့ အဖိုးတန်ရတနာ… မျိုးဆက်တစ်ခုရဲ့ နဂါးခေါင်းဆောင် ဖြစ်လာနိုင်တဲ့ ပါရမီရှင်လေးပေါ့… မတော်တဆမှုတစ်ခုကြောင့် ပျောက်ကွယ်သွားတာ နှမြောစရာကောင်းလိုက်တာ… ဒါပေမဲ့ မမရဲ့ ခွန်အားက လီဝူယွမ်နဲ့ ယှဉ်နိုင်တာကိုတော့ မြင်နေရတယ်…"
လီလော့ အနည်းငယ် အံ့ဩသွားသည်။ ချင်ရီက သူ ထင်ထားသည်ထက် သတင်းစုဆောင်းရာတွင် ပိုမိုကျွမ်းကျင်သည်။ သူမက လီလင်းကျင်း၏ နောက်ခံကို သိရုံသာမက လီဝူယွမ်နှင့် တန်းတူဖြစ်ကြောင်းပါ သိရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လီလင်းကျင်းက အံ့ဩသွားသော်လည်း လီလော့ကို ပြုံးပြလိုက်သည်။
"နဂါးစွယ်ကလန်ရဲ့ လူငယ်သူရဲကောင်းလေးတောင် ရေနတ်သမီး ချင်ရီရဲ့ ဆွဲဆောင်မှုကို မခုခံနိုင်ဘူးပဲ"
ဤမျှ အသေးစိတ်ကျသည့် သတင်းအချက်အလက်မျိုးကို သူတို့ရရှိနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ မျိုးနွယ်စုအတွင်းမှ တစ်စုံတစ်ယောက်က ပေါက်ကြားပေးခြင်းကြောင့်သာ ဖြစ်သည်။ သို့သော် ဤသည်ကလည်း မထူးဆန်းလှပေ။ သူမ၏ ဆွဲဆောင်မှုရှိသော ရုပ်ရည်က နဂါးစွယ်ကလန်မှ လူငယ်တိုင်းကို သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေစေနိုင်ပြီး သူမ လိုချင်သည်များကို အလွယ်တကူ ရယူနိုင်သည်။
ချင်ရီက ထိုအကြောင်းကို ဝန်မခံဘဲ အနည်းငယ်သာ ပြုံးလိုက်ပြီး ..
"မမ လီလင်းကျင်း.. မမသာ အစ်ကို ချင်ယင်းနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် အဲဒီထူးချွန်တပည့် အများအပြားကို ကိုင်တွယ်နိုင်မှာပါ… ဒီမှာရှိတဲ့ သူအားလုံးရဲ့ အကူအညီနဲ့ဆိုရင် ကျွန်မတို့ အဲဒီ အစောင့်ရှောက်၈ယောက်ရဲ့ အကာကွယ်ကို ဖောက်ထွက်နိုင်လိမ့်မယ်"
ချင်ရီ၏နောက်မှ အနက်ရောင်ဝတ်စုံနှင့် လူငယ်က လီလင်းကျင်းကို ဓားသွားကဲ့သို့ အကြည့်များဖြင့် စိုက်ကြည့်ရင်း…
"အစ်မလီလင်းကျင်း ကျွန်တော့်အပေါ် ရန်လိုနေတဲ့ အရိပ်အယောင်ကို ကျွန်တော် ခံစားမိတယ်… အစ်မမှာ နည်းလမ်းတွေ ရှိမှာပါ" ဟု အေးစက်စက် ပြောလိုက်သည်။
ထိုအခါ အခြားအင်အားစုမှ ထူးချွန်သူများ၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။ သူတို့တွင်လည်း အစောင့်များ ပါလာသော်လည်း လီလင်းကျင်း၏ အဆင့်မျိုးနှင့် မယှဉ်နိုင်ကြောင်း သိရှိသွားကြသည်။ ထို့ပြင် ကောင်းကင်ပုလဲ၈လုံးအဆင့်ဆိုသည်က ဤမျိုးဆက်၏ ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်သည်။
လီလင်းကျင်းက အခြားလူငယ်များကို အေးစက်စွာ ပြုံး၍ကြည့်လိုက်ပြီး…
"နင်တို့တွေ လီလော့ကို ထပ်ပြီး စော်ကားမယ်ဆိုရင် နင်တို့ကို ဒီမှာတင် အဆုံးစီရင်လိုက်နိုင်တယ်ဆိုတာ မှတ်ထား"
ထိုသတိပေးသံကြောင့် အားလုံး တုန်လှုပ်သွားပြီး မသိလိုက်ဘဲ နောက်သို့ တစ်လှမ်းဆုတ်လိုက်ကြသည်။ သူတို့၏ အစောင့်များကလည်း သူမ၏ လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်နေကြသည်။ သူတို့ မှားယွင်းနေသည် ဟုတ်/မဟုတ် မသိသော်လည်း သူမ၏ စကားလုံးများတွင် လူသတ်ငွေ့အနည်းငယ် ပါဝင်နေသည်ကို ခံစားလိုက်ရသည်။
သို့သော် ဤလှပသော မိန်းကလေးက စနောက်နေခြင်းသာ ဖြစ်မည်…
လီလော့တယောက်သာ သူမ စနောက်ခြင်း မဟုတ်ကြောင်း သိနေသည်။ သူမ၏ လက်ချောင်းများက ပဲ့တင်သံ လိုဏ်ဂူထဲတွင် အသက်ပေါင်းများစွာကို နုတ်ယူခဲ့ပြီးဖြစ်သည်။ ဤဝမ်းကွဲအစ်မက အပြင်ပန်းတွင် ပြုံးရွှင်နေသော်လည်း အတွင်းစိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များသာ ပြည့်နှက်နေသည်။
လီလော့လည်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ သူမကို ပုံသွင်းခဲ့သည့် အတွေ့အကြုံများက အလွန် ပြင်းထန်လွန်းသည်။ သူမသည် တစ်ချိန်က အနောက်ပိုင်းဒေသ၏ ရတနာတပါး ဖြစ်ခဲ့သော်လည်း အချိန်များ ကြာမြင့်လာသည်နှင့်အမျှ သူမ၏ တောက်ပမှုက ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့သည်။ သူမ ကြုံတွေ့ခဲ့ရသည့် အဆင့်အတန်း ကျဆင်းမှုက သူမ၏ စိတ်သဘောထားကို ပြောင်းလဲစေခဲ့ပြီး၊ ထိုအပေါ်တွင် ဝိညာဉ်စား နတ်ဆိုး၏ တိုက်စားမှုကြောင့် သူမ၏ စိတ်ဝိညာဉ်ပင် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။
ကံကောင်းသည်မှာ လီလော့က သူမကို ထိုငရဲတွင်းမှ ကယ်တင်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမက လီလော့ကိုသာ ရိုးသားစွာ ဆက်ဆံသည်။
"ဘယ်တော့ စတင်မလဲ.."
လီလော့က စိတ်ထဲမှ အတွေးများကို ဖယ်ရှားကာ ချင်ရီကို မေးလိုက်သည်။ ချင်ရီ ပြောသည့်အတိုင်းသာ အကာကွယ် ခိုင်မာနေပါက လီလင်းကျင်း တစ်ယောက်တည်းနှင့် ဖောက်ထွက်နိုင်မည် မဟုတ်ပေ။
ချင်ရီက…
"အချိန်ဆွဲမနေတော့ဘူး…လူဆိုးတွေ အများကြီး လာနေကြပြီ.. အချိန်ကြာလေ အခြေအနေ ပြောင်းလဲလေပဲ"
လီလော့လည်း သဘောတူလိုက်သည်။
လူအုပ်ကြီး ချီတက်သွားသောအခါ သူတို့၏ ပုံစံက အလွန် သိသာထင်ရှားနေသည်။ လူအများ၏ အကြည့်များက ချင်ရီနှင့် လီလော့တို့ထံ ရောက်ရှိသွားသည်။ သူတို့နှစ်ဉီးက ရန်သူများဖြစ်ကြသော်လည်း ယခုအခါ ပူးပေါင်းဆောင်ရွက်နေကြသည်ကို မြင်ရသောအခါ လူတိုင်း အံ့ဩသွားကြသည်။
သူတို့နှစ်ဦးမှာကတော့ ထိုအတွေးများကို ဂရုမစိုက်ကြပေ။ အပြင်ပန်းတွင် ပူးပေါင်းနေသော်လည်း တစ်ဦးနှင့်တစ်ဦး ခြေလှမ်း (၁၀) လှမ်းခန့် အကွာအဝေးကို ထိန်းထားကြသည်။
အခြားသူများကလည်း မိမိတို့၏ အစောင့်များအနီးတွင်သာ နေကြသည်။ သူတို့ တစ်ဦးကိုတစ်ဦး လုံးဝ မယုံကြည်ကြသည်မှာ သေချာသည်။
ထိုအဖွဲ့ တောအုပ်အတွင်းသို့ ဝင်ရောက်သွားပြီး မြူခိုးများထဲ ပျောက်ကွယ်သွားသည့်အခါ အနီးအနားမှ လူဆိုးများလည်း သူတို့နောက်မှ လိုက်ပါသွားကြသည်။ သူတို့တွေက ရှုပ်ထွေးမှုများကြားမှ အမြတ်ထုတ်ကာ ရွှေရောင်ခန်းမထဲသို့ ဝင်ရောက်ရန် မျှော်လင့်နေကြသည်။
လူအုပ်ထဲတွင် အမူအရာကင်းမဲ့သည့် အမျိုးသားတစ်ဦးက အနက်ရောင်မျက်လုံးများဖြင့် လီလင်းကျင်းတို့ဘက်သို့ စိုက်ကြည့်နေသည်။
"ဟေ့..မင်း ဘာလို့ နှောင့်နှေးနေတာလဲ… လိုက်မလာချင်ရင် ထွက်သွား.." ဟု လူဆိုးတစ်ယောက်က ထိုအမျိုးသားကို အော်ဟစ်လိုက်သည်။
ထိုအမျိုးသားက လှုပ်ရှားမှု မရှိဘဲ သူ့ကို လုံးဝ လျစ်လျူရှုထားသဖြင့် အော်လိုက်သူ ဒေါသထွက်ပြီး ပဲ့တင်သံ စွမ်းအားများဖြင့် ထိုသူ့ကို လက်သီးဖြင့် ထိုးလိုက်ရာ ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ သို့သော် ထိုလက်သီးချက်က ဘာမျှ မထိခိုက်ဘဲ ထိုသူ၏ ကျောပြင်ပေါ်သို့သာ ကျရောက်သွားသည်။
သို့သော် ထိုလူဆိုးမှာ ရုတ်တရက် အသက်ရှူရပ်သွားပြီး သူ့လက်သီးကို ကြောက်လန့်တကြား ကြည့်လိုက်သည်။ ထိုစဉ် အနက်ရောင် ပိုးကောင်တစ်ကောင် သူ့ အရေပြားအတွင်းသို့ ဝင်ရောက်သွားပြီး လူသားလက်ပုံစံကဲ့သို့ ထူးဆန်းသော ခြေလက်များ ရှိနေသည်။ မည်သူမျှ မသိလိုက်ခင်မှာပင် ထိုပိုးကောင် ပျောက်ကွယ်သွားသည်။
ရုတ်တရက် ထိုလူဆိုး၏ မျက်လုံးများ အနက်ရောင်အဖြစ် ပြောင်းလဲသွားပြီး အတွင်း၌ ပိုးကောင်တစ်ကောင် လှုပ်ရှားနေသည်ကို မြင်နိုင်သည်။ ခဏအကြာတွင် ထိုလူဆိုးလည်း ထူးဆန်းသော အမျိုးသားနောက်သို့ တောင့်တောင့်ကြီး လိုက်ပါသွားပြီး မြူခိုးများထဲတွင် ပျောက်ကွယ်သွားလေသည်။
အခန်း (၉၆၄) - လီလော့၏ တွေ့ရှိချက်
တောင်တန်းတွင် မြူခိုးများ အလွန်ထူထပ်သဖြင့် အမြင်အာရုံ မကောင်းလှသလို အခြားသော အာရုံခံစားမှုများလည်း သဘာဝအတိုင်း ထုံထိုင်းသွားသည်။
လီလော့နှင့်ချင်ရီတို့အဖွဲ့က တစ်ဦးနှင့်တစ်ဦး အကွာအဝေး ထိန်းသိမ်းရင်း ရှေ့သို့ တိုးလာခဲ့ကြရင်း ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စူးစမ်းလျက် ရှိသည်။ ထိုဒေသသို့ စတင်ဝင်ရောက်စဉ်က ရွှေရောင်ခန်းမဘက်မှ ထွက်ပြေးလာကြသည့် လူဆိုးဂိုဏ်းသား အချို့နှင့် တွေ့ဆုံခဲ့ရသည်။ သူတို့၏ အခြေအနေက အလွန်ဆိုးရွားနေပြီး လေဟာနယ် ပဲ့တင်သံဂိုဏ်း၏ တပည့်များကြောင့် ထိခိုက်ဒဏ်ရာများ ရရှိထားကြသည်။
သို့သော် လီလော့တို့အဖွဲ့က သူတို့၏ အခြေအနေကို ဂရုမစိုက်ဘဲ ခရီးဆက်ခဲ့ရာ ထူထဲသော မြူခိုးများထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
မိနစ်ပေါင်းများစွာ ခရီးနှင်ပြီးနောက် ရှေ့ဆုံးမှ ဦးဆောင်နေသည့် ချင်ရီ ရုတ်တရက် ရပ်တန့်လိုက်ပြီးသူမ၏ မျက်နှာသွင်ပြင်မှာ လေးနက်သွားသည်။ အခြားသူများက သူမကြည့်သည့်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ မြူခိုးများထဲမှ ထွက်ပေါ်လာသည့် အရိပ်သဏ္ဌာန် အချို့ကို တွေ့လိုက်ရသည်။
လီလော့လည်း လှည့်ကြည့်လိုက်တော့ သူ့ရဲ့ မျက်နှာထားလည်း လေးနက်သွားသည်။ ထိုသူတို့သည် လေဟာနယ် ပဲ့တင်သံဂိုဏ်း၏ ဝတ်ရုံများကို ဝတ်ဆင်ထားသည်မှလွဲလျှင် သာမန်လူများနှင့် မထူးခြားပေ။ သို့သော် သူတို့၏ မျက်နှာတွင် စိတ်ခံစားမှု မရှိ၊ မျက်လုံးထဲတွင် အသက်ဝင်မှု ကင်းမဲ့နေသဖြင့် တကယ့်လူသားများ မဟုတ်ကြောင်း ထင်ရှားသည်။
ထိုဂိုဏ်းသားက မြူခိုးထဲမှ ထွက်ပေါ်လာသောအခါ စကားတစ်ခွန်းမျှ မပြောကြပေ။ တစ်ခဏချင်းမှာပင် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော ပဲ့တင်သံ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ပညာရပ်များကို အသက်သွင်းလိုက်သည်နှင့် ပဲ့တင်သံ ပညာရပ်များက လှိုင်းလုံးကြီးများကဲ့သို့ လီလော့တို့အဖွဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
လီလော့တို့အဖွဲ့လည်း မည်သို့မျှ တွေဝေမနေဘဲ မိမိတို့၏ ရတနာပစ္စည်းများကို ထုတ်ယူကာ ခုခံကာကွယ်ရန် ပြင်ဆင်လိုက်ကြသည်။ ချင်ယင်း၊ လီလင်းကျင်းနှင့် အခြားသော ကောင်းကင်ပုလဲအဆင့်ရှိ ကျွမ်းကျင်သူများက ရှေ့တန်းမှ ရပ်တည်ကာ အဓိက တိုက်ခိုက်မှုများကို ဟန့်တားလိုက်သည်။ လီလော့၊ ချင်ရီနှင့် စွမ်းအားနည်းသူများကတော့ ဘေးမှနေ၍ ကျန်ရှိနေသည့် တိုက်ခိုက်မှုများကို ချေဖျက်လိုက်ကြသည်။
ဤပုံစံအတိုင်းဆိုလျှင် သာမန်အခြေအနေတွင် ထိုဂိုဏ်းသားများကို ခုခံနိုင်မည်ဖြစ်သည်။ သို့သော် ခဏမျှ တိုက်ခိုက်ပြီးနောက် ချင်ယင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
"တစ်ခုခု မှားနေပြီ! သူတို့ရဲ့ ပဲ့တင်သံ ပညာရပ်တွေထဲမှာ ငါတို့ ခန္ဓာကိုယ်ထဲက ပဲ့တင်သံစွမ်းအင်ကို တိုက်စားနိုင်တဲ့ လျှို့ဝှက်စွမ်းအင်တစ်ခု ပါနေတယ်!" ဟု အော်ပြောလိုက်သည်။
အခြား ကျွမ်းကျင်သူတစ်ဦးကလည်း…
"ဟုတ်တယ်..ဒီစွမ်းအင်က ဘာလဲ… အလွန်ကို ရက်စက်တဲ့ စွမ်းအင်ပဲ…" ဟု ထောက်ခံနေသည်။
ချင်ရီပင် ခေါင်းညိတ်ရင်း…
"ကျွန်မရဲ့ ပဲ့တင်သံ စွမ်းအင်တောင် အနည်းငယ် တိုက်စားခံလိုက်ရတယ်… ဒါပေမဲ့ ခံစားရတာတော့ အားနည်းပါတယ်"
ထိုစကားကြောင့်ပတ် ဝန်းကျင်ရှိလူများ အံ့အားသင့်သွားကြသည်။ ချင်ရီ၏ အဆင့် (၉) အဆင့်နိမ့် ရေပဲ့တင်သံက အလွန်မြင့်မားကြောင်း သူတို့သိသည်။ ထိုမျှ မြင့်မားသော စွမ်းအင်ကိုတောင် တိုက်စားနိုင်သည်ဆိုလျှင် ထိုဂိုဏ်းသားများ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်က သိသာထင်ရှားနေသည်။
အခြားသူများ အံ့ဩနေစဉ် လီလော့၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ သူသည် အမူအရာ မပြောင်းဘဲ လက်ချောင်းများကို တင်းတင်းဆုပ်လိုက်သည့်အခါ ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်သံစွမ်းအား နှစ်ခု ပေါက်ကွဲထွက်လာပြီး အမြွှာပဲ့တင်သံစွမ်းအင်အဖြစ် ပေါင်းစပ်သွားသည်။ ထိုစွမ်းအင်တွင် ဝိညာဉ်အငွေ့အသက်များ ပါဝင်နေသည်။
ထိုစဉ် လေသာနယ်ဂိုဏ်းသားတစ်ဉီး၏ တိုက်ခိုက်မှုတစ်ခု ရောက်လာပြန်သဖြင့် လီလော့က လက်သီးဖြင့် အပြန်အလှန် ထိုးနှက်လိုက်သည်။ စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့သောအခါ လီလော့၏ အမြွှာစွမ်းအင်လည်း အနည်းငယ် တိုက်စားခံလိုက်ရသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။
ထိုဂိုဏ်းသားများ၏ တိုက်ခိုက်မှုထဲတွင် ပဲ့တင်သံစွမ်းအင်ကို အားနည်းစေသည့် လျှို့ဝှက်စွမ်းအားတစ်ခု ပါဝင်နေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုစွမ်းအားက လီလော့နှင့် အလွန်ရင်းနှီးနေသည့် အရာဖြစ်သည်။
၎င်းမှာ... ပဲ့တင်ထပ်သံတုပခြင်းမီးတောက် ပင်ဖြစ်သည်။
ထိုသူများ၏ တိုက်ခိုက်မှုများထဲတွင် ထိုမီးတောက်၏ အရိပ်အယောင်များ ပါဝင်နေသည်။
"ဒါဆိုရင် ပဲ့တင်သံမီးတောက်မှာ တခြားသူတွေရဲ့ ပဲ့တင်သံစွမ်းအင်ကို လောင်ကျွမ်းစေပြီး အားနည်းစေတဲ့ လုပ်ဆောင်ချက် ရှိတာပေါ့…"
ဤတွေ့ရှိချက်ကြောင့် လီလော့ အံ့ဩသွားသည်။ သူ ကျင့်ကြံထားသည့် မီးတောက်ကတော့ ဤသို့ မစွမ်းဆောင်နိုင်သေးပေ။ သို့သော် ရှေးဟောင်းဂိုဏ်းသားများ၏ မီးတောက်က မည်သို့လုပ်ဆောင်နိုင်သနည်း….
လီလော့ စိတ်လှုပ်ရှားသွားသည်။ ဤအရာက အလွန်လက်တွေ့ကျပြီး ထိရောက်လှသည်။ အကယ်၍ သူ့ရဲ့ မီးတောက်တွင်လည်း တိုက်စားနိုင်စွမ်း ရှိလာပါက တိုက်ခိုက်မှုစွမ်းရည် တစ်ဆထက်ပို၍ တိုးတက်လာမည်ဖြစ်သည်။
"နည်းလမ်းတစ်ခုခု လိုအပ်တာများလား… ဒါမှမဟုတ် ပိုပြည့်စုံတဲ့ ကျင့်စဉ် လိုအပ်တာလား…"
ထိုသို့ဖြစ်ရန် အလွန်ဖြစ်နိုင်ချေ ရှိသည်။ ဤရှေးဟောင်းဂိုဏ်းကြီး၏ အခြေခံက နက်ရှိုင်းလှပြီး ယခုခေတ် အင်အားစုများထက် များစွာသာလွန်သည်။ ထို့ကြောင့် သူတို့၏ လျှို့ဝှက်ချက်များကို လွယ်လွယ်ကူကူ သင်ယူနိုင်မည် မဟုတ်ပေ။
လီလော့ စဉ်းစားနေစဉ်မှာပင် ချင်ရီတို့တွေက လေဟာနယ်ဂိုဏ်းသားများကို အနိုင်ရလာသည်။ အကယ်၍ ထူးချွန်တပည့်များနှင့် မတွေ့ဆုံသေးသရွေ့ သူတို့တွေ ဆက်လက်ချီတက်နိုင်မည် ဖြစ်သည်။ လီလော့လည်း စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ထိုအတွေးကို ခေတ္တဖယ်ထားလိုက်သည်။
ရွှေရောင်ခန်းမထဲတွင် ပိုမိုသိရှိနိုင်လိမ့်မည်ဟု သူ မျှော်လင့်သည်။
ခရီးဆက်လာသောအခါ လေဟာနယ်ဂိုဏ်းသားများ ပိုမိုများပြားလာပြီး တိုက်ခိုက်မှုများလည်း ပိုမိုပြင်းထန်လာသည်။ လီလော့တို့အဖွဲ့ထဲတွင်လည်း ထိခိုက်ဒဏ်ရာရသူများ ရှိလာသည်။ တိုက်စားနိုင်သည့် စွမ်းအင်ကြောင့် သူတို့၏ စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံးနေသည်။
အင်အားချင်း မကွာခြားလွန်းပါက ပဲ့တင်သံစွမ်းအား တိုက်စားခံရသူတိုင်း အခက်တွေ့ရမည်မှာ သေချာသည်။ သို့သော် လီလော့၏ မျက်လုံးများကတော့ ပိုမိုတောက်ပလာသည်။
လေဟာနယ် ပဲ့တင်သံဂိုဏ်းအပေါ် စိတ်ဝင်စားမှု အဆမတန် တိုးပွားလာသည်။ မည်သို့ပင်ဖြစ်စေ ရွှေရောင်ခန်းမထဲသို့ ဝင်ရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
ဤသို့ဖြင့် တောင်တန်း၏ နက်ရှိုင်းရာ ဒေသသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုအချိန်တွင် ထူထပ်သော မြူခိုးများကြားမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။
ရုတ်တရက် မြူခိုးများ လွင့်စင်သွားပြီး သူတို့ရှေ့တွင် ကျောက်စင်မြင့် (၈) ခုကို မြင်လိုက်ရသည်။ စင်မြင့်တစ်ခုစီတွင် လူငယ်တစ်ဦးစီက ပဒုမ္မာ ကြာပွင့်ပုံစံ ထိုင်နေကြသည်။ သူတို့သည် အစောင့်ရှောက်ရုပ်တုများကဲ့သို့ တည်ငြိမ်နေပြီး အဖွဲ့အား အေးစက်သောအကြည့်များဖြင့် စောင့်ကြည့်နေကြသည်။
သူတို့၏ ဝတ်ရုံများက သာမန်ဂိုဏ်းသားများထက် ပိုမိုလှပပြီး သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါကလည်း အလွန်ပင် ကြီးမားသည်။
ထိုသူ (၈) ယောက်က ရွှေရောင်ခန်းမကို စောင့်ကြပ်နေသည့် ထူးချွန်တပည့်များ ဖြစ်ကြောင်း နားလည်လိုက်သည်။
ကောင်းကင်ပုလဲ ၈လုံးအဆင့် ကျွမ်းကျင်သူ ၈ယောက်….
ဖောက်ထွက်ရန်မှာ အလွန် ခက်ခဲလှသော တာဝန်တစ်ခု ဖြစ်လာတော့မည်။
လီလော့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အလောင်းများစွာ လဲကျနေသည်ကို တွေ့လိုက်ရသည်။ သွေးများကလည်း လတ်ဆတ်နေဆဲ ဖြစ်သဖြင့် မကြာမီကပင် ဖောက်ထွက်ရန် ကြိုးစားသူများ အသတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း သိသာသည်။
"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ… တိုက်ခိုက်တဲ့အခါ နင့်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး" ဟု လီလင်းကျင်းက လီလော့ကို ပြောလိုက်သည်။ သူမကိုယ်တိုင်လည်း သတိမလျော့နိုင်ပေ။
လီလော့ ခေါင်းညိတ်လိုက်သည်။ ထိုစဉ် နဖူးပေါ်က နဂါးသင်္ကေတ တောက်ပလာသည်။
အခြားတစ်ဖက်တွင် ထူးချွန်တပည့် (၈) ယောက်က စကားမပြောဘဲ လက်ဟန်များ စတင်ပြုလုပ်လိုက်သည်။
ဝုန်း!
ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော ပဲ့တင်သံ စွမ်းအင်များ ကောင်းကင်သို့ ပေါက်ကွဲထွက်လာသည်။ တောက်ပသော မီးတောက်များ ထွက်ပေါ်လာပြီး ဖီးနစ်ငှက်မျိုးနွယ်များ ထွက်ပေါ်လာကာ လူအုပ်ကြီးထံသို့ မီးမိုးများအဖြစ် ရွာချလိုက်လေသည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။