အခန်း ၂၆၀၁
Vol. 261 Ch. 2601
အခန်း (၂၆၀၁) - ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေ
သူတော်စင်အားလုံး၏ မျက်ဝန်းအစုံက မှင်တက်အံ့ဩခြင်းများဖြင့် ပြည့်နှက်နေခဲ့ကြရသည်။
ယခုအချိန်၌ ချုံဝူကျီး၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသော အငွေ့အသက်သည်... မူလကထက် လုံးဝ ခြားနားပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ထက်တွင် ရစ်ပတ်နှောင်ဖွဲ့နေသည့် စူးရှထက်မြက်လှသော သတ်ဖြတ်ခြင်း အငွေ့အသက်ကို... ခုနစ်ပါးသတ်ဖြတ်ခြင်း အဆုံးစီရင်ရာမြေထဲသို့ ဝင်ရောက်ဖူးသည့် သူတော်စင်တိုင်း ကောင်းကောင်းကြီး ရင်းနှီးကြပေသည်။
ဤသတ်ဖြတ်ခြင်း စွမ်းအားသည်... ခုနစ်ပါးသတ်ဖြတ်ခြင်း အဆုံးစီရင်ရာမြေထဲက သတ်ဖြတ်ခြင်း စွမ်းအားနှင့် တစ်ထေရာတည်း တူညီလွန်းလှပေသည်။
တစ်ခုတည်းသော ကွဲပြားချက်ကတော့... ခုနစ်ပါးသတ်ဖြတ်ခြင်း အဆုံးစီရင်ရာမြေထဲက သတ်ဖြတ်ခြင်း စွမ်းအားက အလွန်တရာ သောင်းကျန်းရုန်းကန်နေပြီး အရှင်သခင်မဲ့ ဖြစ်နေကာ၊ သူတို့ကို မြင်သည်နှင့် တိုက်ခိုက်လာခြင်း ဖြစ်ပေသည်။
သို့သော်လည်း ချုံဝူကျီး၏ ခန္ဓာကိုယ်ပေါ်က သတ်ဖြတ်ခြင်း စွမ်းအားကတော့... နှိမ်နင်းခြင်း ခံထားရပြီးသား အလားပင် ငြိမ်သက်နေခဲ့ပြီ။
ယခုအချိန်တွင် ချုံဝူကျီး၏ မျက်နှာတစ်ခုလုံး အတိုင်းထက်အလွန် ဝမ်းမြောက်ကြည်နူးခြင်းများဖြင့် ပြည့်နှက်နေခဲ့ပြီး၊ ထိုမျက်ဝန်းအစုံထဲတွင်လည်း တောက်ပစူးရှလှသော နတ်ဘုရားအလင်းတန်းတစ်ခု ဖြတ်သန်းစီးဆင်းနေခဲ့ပေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်က သတ်ဖြတ်ခြင်း အငွေ့အသက်များသည်... ထိုမျက်လုံးအစုံဆီကနေ ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။
၎င်းကတော့... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး ဖြစ်ပေလိမ့်မည်။
သူတော်စင်အားလုံး စိတ်ထဲကနေ ပြင်းထန်စွာ တုန်လှုပ်ခြောက်ခြားသွားခဲ့ရပြီး... ဒီကောင်က တကယ့်ကိုပဲ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောပေါက်သွားခဲ့တာလား။
ဖန့်ချန်၏ စိတ်ထဲတွင်လည်း အလွန်တရာ အံ့ဩမိသွားခဲ့ရပေသည်။
ဝမ်ချုံစန်းတို့ လူစုလည်း ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောပေါက်နိုင်ခြင်း မရှိခဲ့ချေ။
ဖန့်ကျစ်ရွှယ်လည်း ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောပေါက်နိုင်ခြင်း မရှိခဲ့ချေ။
ဆွေ့ဟုန်ကျူး၊ နျဲ့ချင့် အစရှိသူအားလုံးလည်း ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောပေါက်နိုင်ခြင်း မရှိခဲ့ကြချေ။
ဒါပေမဲ့ အကျိုးရလဒ်အနေနဲ့ ချုံဝူကျီးက နားလည်သဘောပေါက်သွားခဲ့တာလား။
“ဒီကောင်ကတော့... ကံကြီးမားကြီး မိုးကြိုးပစ်သလို တည့်တည့်တိုးသွားတာပဲ ဖြစ်ရမယ် ”
ဟိုင်ရှင်းရှင်း မောင်နှမသုံးယောက်ကတော့ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြရသည်။
“မိတ်ဆွေတို့အားလုံး... ငါ့ရဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို လာပြီးတော့ ကြည့်ရှုကြပါဦးဗျာ။”
ချုံဝူကျီးက စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။
သူတော်စင်အားလုံးက မသိစိတ်အလျောက် ရှေ့သို့ ခြေလှမ်းတစ်လှမ်း တိုးဝင်လိုက်ကြသော်လည်း၊ အကျိုးဆက်အနေဖြင့် ထိုစူးရှထက်မြက်လှသော သတ်ဖြတ်ခြင်း အငွေ့အသက်၏ ဖိအားပေးမှုကို ခံလိုက်ရပြီး... နောက်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ကြရတော့သည်။
ချုံဝူကျီးက ထိုအခြေအနေကို မြင်သည့်အခါ၊ ချက်ချင်းပင် သတ်ဖြတ်ခြင်း အငွေ့အသက်ကို ပြန်လည်ရုပ်သိမ်းလိုက်မှသာ... သူနှင့် ကျင့်စဉ်အဆင့်အတန်း တူညီကြသော သူတော်စင်များသည် စိတ်ထဲတွင် အနည်းငယ် သက်သောင့်သက်သာ ခံစားလိုက်ရတော့သည်။
“ဖန့်ချန်မိတ်ဆွေ... ဒီတစ်ကြိမ်မှာတော့ မင်းကို တကယ်ပဲ ကျေးဇူးအများကြီး တင်ပါတယ်၊ တကယ်လို့ မင်းသာ မရှိခဲ့ရင်... ငါ့မှာ အခုလိုမျိုး နတ်ဘုရားမျက်လုံးကျင့်စဉ်အတတ်ကို နားလည်သဘောပေါက်နိုင်မယ့် အခွင့်အရေး ဘယ်မှာ ရှိနိုင်ပါ့မလဲ။”
ချုံဝူကျီးက အသိတရား ပြန်ဝင်လာသည့်အခါ၊ ချက်ချင်းပင် ဖန့်ချန်ကို လက်အုပ်ချီ၍ အလေးအမြတ်ပြုကာ ဦးညွှတ်လိုက်တော့သည်။
အောက်ကျိုချုံက လောလောလောလောဖြင့် ဝင်ရောက်မေးမြန်းလိုက်သည်။
“ကောင်လေး... မင်းက ဘယ်လိုမျိုး ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောပေါက်ခဲ့တာလဲ၊ မြန်မြန် ပြောပြစမ်းပါဦး။”
ဖန့်ချန်ကလည်း ဝင်ရောက်ဆိုလိုက်သည်
“ဝူကျီး.. မင်း ဘယ်လိုမျိုး ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောပေါက်ခဲ့လဲဆိုတာကို မြန်မြန်လေး ရှင်းပြပေးပါဦး။”
“ဒါကတော့... ပြောရရင် ဇာတ်လမ်းက နည်းနည်းရှည်တယ်ဗျ။”
ချုံဝူကျီးက သက်ပြင်းချကာ ရေရွတ်လိုက်သည်
“ငါ အထဲကို ဝင်သွားပြီးတဲ့နောက်... ခုနစ်နှစ်လောက် အချိန်ကုန်ဆုံးခဲ့ပြီးမှ ဒုတိယမြောက် အလွှာဆီကို ရောက်သွားခဲ့တာ၊ အဲဒီအချိန်တုန်းက သတ်ဖြတ်ခြင်း အငွေ့အသက်က ပိုပြီးတော့ စူးရှထက်မြက်လာခဲ့တယ်၊ ဒါက သေချာပေါက် ဒုတိယမြောက် အလွှာ ဖြစ်ရမယ်။”
“အဲဒီနောက်မှာတော့ ငါလည်း တောင့်မခံနိုင်တော့ဘူးလို့ ခံစားလိုက်ရတာနဲ့... အသက်နဲ့ရင်းပြီး ရှေ့ကို ဇွတ်အတင်း ခြေလှမ်းတစ်လှမ်း ထပ်ပြီးတော့ တိုးဝင်လိုက်တယ်၊ ငါက ခုနစ်ပါးသတ်ဖြတ်ခြင်း အဆုံးစီရင်ရာမြေနဲ့ လောင်းကြေးထပ်ပြီးတော့ အသက်ကို ပုံအောလိုက်တာ။”
“နောက်ဆုံးတော့ ငါ့ရဲ့ လောင်းကြေး နိုင်သွားခဲ့တယ်”
“ငါက တတိယမြောက် အလွှာထဲကို ရောက်သွားခဲ့ပုံရတယ် ”
“အဲဒီမှာလည်း ငါ ထပ်ပြီးတော့ တောင့်မခံနိုင်ပြန်တာနဲ့... ရှေ့ကို နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်ပြီးတော့ တိုးဝင်လိုက်ပြန်ရော ”
“အဲဒီနောက်မှာတော့ စတုတ္ထမြောက် အလွှာဆီကို ရောက်သွားခဲ့ပုံပဲ...”
“ဒီလိုမျိုးနဲ့ပဲ... ငါ ပိုပြီးတော့ ရှေ့တိုးလို့မရတော့တဲ့ အခြေအနေမျိုး ရောက်တဲ့အခါ၊ ပတ်ပတ်လည်က သတ်ဖြတ်ခြင်း အငွေ့အသက်တွေက... မရေမတွက်နိုင်တဲ့ စစ်သည်တော်တွေ သောင်းနဲ့ချီပြီး ချီတက်လာသလိုမျိုး၊ ငါ့ရဲ့ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်တောက်တော့မယ့်အတိုင်း ဖြစ်နေခဲ့တာ၊ ဒါပေမဲ့ ငါ ချုံဝူကျီးက ဘယ်တုန်းကများ ကြောက်ရွံ့ဖူးလို့လဲ။”
“ငါက အသက်ကို ဖက်နဲ့ထုတ်ပြီး ရှေ့ကို ထပ်ပြီးတော့ တိုးဝင်လိုက်ပြန်တယ်။”
“အဲဒီနောက်မှာတော့... ငါ့ရဲ့ မျက်လုံးတွေက တစ်မျိုးကြီး ဖြစ်လာသလို ခံစားလိုက်ရပြီး၊ ပတ်ပတ်လည်က သတ်ဖြတ်ခြင်း အငွေ့အသက်တွေကလည်း ငါ့အပေါ်ကို နူးညံ့သိမ်မွေ့လာသလိုမျိုး ဖြစ်သွားခဲ့ကာ... အရင်လိုမျိုး စူးရှမနေတော့ဘူး။”
“ငါလည်း စိတ်ထဲကနေ တွေးလိုက်မိတယ်၊ ဒါက နတ်ဘုရားစွမ်းအင်ကျင့်စဉ်ကို နားလည်သဘောပေါက်သွားတာပဲ ဖြစ်ရမယ် ဆိုပြီးတော့ပေါ့ အဲဒါနဲ့ ချက်ချင်းပဲ နောက်ကို ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်တာ... အခုလိုမျိုး ပြန်ထွက်လာခဲ့တာပဲ။”
ချုံဝူကျီးက တစ်အောင့်တည်းနှင့် အကုန်လုံးကို ပြောဆိုပြီးနောက်၊ အနည်းငယ် ဂုဏ်ယူဝင့်ကြွားနေသည့် အမူအရာဖြင့် -
“မိတ်ဆွေတို့အားလုံး... ငါ့ရဲ့ ဒီအတွေ့အကြုံက မင်းတို့အတွက် တစ်နည်းတစ်ဖုံ စံနမူနာယူစရာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။”
“သတ္တိလည်း ရှိသလို၊ ဉာဏ်ပညာလည်း ရှိတယ်။”
ကွမ်းကျင့်ရှို့က အသာအယာ ခေါင်းညိတ်လိုက်ပြီးနောက်၊ အထဲကို မဝင်ရသေးသည့် ဖန့်ချန်ကို လှည့်၍ သတိပေးလိုက်သည်။
“ဖန့်ချန်... မင်းကတော့ သူရဲ့ အတွေ့အကြုံကို လုံးဝ စံနမူနာမယူမိဖို့ အရေးကြီးတယ်နော်။”
ဖန့်ချန်က လေးနက်တည်ကြည်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“နားလည်ပါတယ်”
သူတော်စင်အားလုံးကလည်း သဘောပေါက်နားလည်သွားကြပေသည်။ ချုံဝူကျီးက ယခုတစ်ကြိမ်တွင်... အမှန်တကယ်ပင် မိမိ၏ အသက်ကို လောင်းကြေးထပ်ပြီးမှသာ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး၏ ကျင့်စဉ်အမှတ်အသားကို လဲလှယ်ရယူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
တကယ်ပဲ ဤအတွေ့အကြုံက အသုံးဝင်သလားလို့ မေးလာခဲ့လျှင်... အနည်းငယ်တော့ အသုံးဝင်သည်ဟု ပြောရပေလိမ့်မည်။
သို့သော်လည်း ကျန်ရှိသော မီးပိုးမျိုးနွယ်မှ ကျောင်းသားအချို့ကတော့ ပြန်ထွက်မလာနိုင်ကြတော့ချေ၊ ၎င်းကတော့ သေချာပေါက် အထဲ၌ အသက်ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်ပေသည်။
သူတို့အားလုံးလည်း သတ္တိရှိရှိ ဉာဏ်ပညာသုံးပြီး... ချုံဝူကျီးကဲ့သို့သော နည်းလမ်းမျိုးကို အသုံးပြုခဲ့ကြမည်ဖြစ်ကြောင်း စဉ်းစားကြည့်ရုံဖြင့် သိနိုင်ပေသည်။
“ဒါနဲ့... ငါ့ရဲ့ ကျောင်းသားအချို့ကော ဘယ်ရောက်သွားကြလဲ။”
ချုံဝူကျီးက ပတ်ပတ်လည်ကို လှည့်လည်ကြည့်ရှုလိုက်သည်။
“စဉ်းစားကြည့်ရသလောက်တော့... သေဆုံးသွားခဲ့ကြပြီ ထင်ပါတယ်။”
အောက်ကျိုချုံက လေးနက်စွာ ဆိုလိုက်သည်။
ချုံဝူကျီးက ခေတ္တမျှ မှင်တက်သွားခဲ့ရပြီးနောက်၊ ချက်ချင်းပင် ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။
“ဒါဆိုရင်တော့ သူတို့တွေ အခုတစ်ဘဝမှာ လောင်းကြေး ရှုံးသွားခဲ့တာပေါ့၊ နောက်တစ်ဘဝကျမှ ပြန်လာရင်လည်း... ဘာမှမဖြစ်ပါဘူး။”
“မင်း အထဲမှာ စုစုပေါင်း ဘယ်လောက်ကြာအောင် နေခဲ့ရလဲ။”
ဖန့်ချန်က မေးမြန်းလိုက်သည်။
ချုံဝူကျီးက ခေတ္တမျှ စဉ်းစားလိုက်ပြီး -
“မမှတ်မိတော့ဘူး အစပိုင်းက နှစ်အနည်းငယ်ကိုပဲ မှတ်မိတာ၊ နောက်ပိုင်း နှစ်တွေမှာတော့ ငါက အလွန်ဒေါသထွက်နေခဲ့ရတာမို့... ဒီအကြောင်းတွေကို စိတ်ထဲမထည့်မိတော့ဘူး။ အဲဒီသတ်ဖြတ်ခြင်း အငွေ့အသက်တွေက တကယ့်ကို စိတ်ပျက်စရာ ကောင်းလွန်းတယ်၊ အချိန်ပြည့် ငါ့ရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်ဖို့ပဲ ကြိုးစားနေကြတာ။”
အဲဒီနောက် သူက မိမိ၏ ခန္ဓာကိုယ်ကို ပုတ်ခတ်လိုက်ရင်း ရယ်မော၍ ဆိုလိုက်သည်။
“အခုတော့လည်း... စိတ်မပျက်စရာ မကောင်းတော့ပါဘူး။”
ယခုအချိန်တွင်... ဖန့်ချန်တစ်ယောက်တည်းသာ ခုနစ်ပါးသတ်ဖြတ်ခြင်း အဆုံးစီရင်ရာမြေထဲသို့ မဝင်ရသေးဘဲ ကျန်ရှိတော့သည်။
ထိုနေရာ၌ ရှိနေသော သူတော်စင်အားလုံးက ဖန့်ချန်ကို တစ်ယောက်ပြီးတစ်ယောက် လှမ်း၍ ကြည့်လိုက်ကြပြီး၊ မျက်ဝန်းထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့ကြပေသည်။
ယနေ့တွင် ကျင့်စဉ်အဆင့်အတန်းကို ထည့်မတွက်ဘူးဆိုလျှင်... ပါရမီနှင့် ပတ်သက်လာပါက သေချာပေါက် ဤပုဂ္ဂိုလ်က အတိုးတက်ဆုံးနှင့် အားအကောင်းဆုံး ဖြစ်ပေသည်။
သူတို့အားလုံးလည်း ဤပုဂ္ဂိုလ်အနေဖြင့် ခုနစ်ပါးသတ်ဖြတ်ခြင်း အဆုံးစီရင်ရာမြေထဲတွင်... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောပေါက်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည်ကို မြင်တွေ့လိုကြပေသည်။
‘မှန်လေး... ဘာများ ပြောစရာ ရှိသေးလဲ။’
ဖန့်ချန်က စိတ်ထဲကနေ မေးမြန်းလိုက်သည်။
‘ညီအစ်ကို... လမ်းတစ်လျှောက်လုံး ဘေးကင်းပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။’
မှန်လေး က ဆိုလိုက်သည်။
ဖန့်ချန်က ဘာမှထပ်မပြောတော့ဘဲ၊ လူအုပ်ကြီး၏ မျက်စိရှေ့မှောက်၌... ခုနစ်ပါးသတ်ဖြတ်ခြင်း အဆုံးစီရင်ရာမြေထဲသို့ လှမ်းဝင်သွားခဲ့တော့သည်။
...
...
မျက်စိတစ်မှိတ်အတွင်းမှာတင်... ဖန့်ချန်၏ ပတ်ပတ်လည်က ပတ်ဝန်းကျင် အခြေအနေအားလုံး လုံးဝ ပြောင်းလဲသွားခဲ့ရသည်။
သူသည် အမှောင်ထုအတိ ဖုံးလွှမ်းနေသော ကောင်းကင်နှင့် မြေပြင်ကြီးတစ်ခုထဲသို့ ရောက်ရှိလာခဲ့သကဲ့သို့ ဖြစ်နေခဲ့ပေသည်။
ပတ်ပတ်လည်က အရာအားလုံးကို လုံးဝ မမြင်တွေ့ရချေ။
မိမိ၏ နောက်ကွယ်မှ သူတော်စင်များလည်း... ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရပြီ။
ထိုအမှောင်ထုကြီးထဲတွင်... မရေမတွက်နိုင်သော မျက်ဝန်းပေါင်းများစွာက မိမိကို တိတ်တဆိတ် ချောင်းမြောင်းကြည့်ရှုနေသကဲ့သို့ ဖြစ်နေခဲ့ရသည်။ ဤမျက်ဝန်းများထဲတွင် မလိုမုန်းထားမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး... အဆိပ်ပြင်းလှသော မြွေဟောက်ကြီးများကဲ့သို့ပင် ဖြစ်နေခဲ့ရသည်။
နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာတင်... တဟုန်ထိုး တက်လှမ်းလာသော သတ်ဖြတ်ခြင်း အငွေ့အသက်များသည် ကောင်းကင်ယံအထိ မြင့်မားလှသော လှိုင်းလုံးကြီးများအလား... ဖန့်ချန်ဆီသို့ ဦးတည်ကာ သောင်းကျန်းစွာ လွှမ်းမိုးတိုက်ခိုက်လာခဲ့ကြတော့သည်။
အတိမ်အနက် စွမ်းအားက အားကောင်းလှသော ဖန့်ချန်တောင်မှ... စိတ်ထဲကနေ အနည်းငယ် ကြောက်မက်ဖွယ်ကောင်းလှသည်ဟု ခံစားလိုက်ရပေသည်။
သို့သော်လည်း သူက နောက်သို့ ဆုတ်မသွားခဲ့ဘဲ... ထိုသတ်ဖြတ်ခြင်း အငွေ့အသက်ကို ကြံ့ကြံ့ခံရင်းဖြင့် ရှေ့သို့သာ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားခဲ့တော့သည်။
‘အတွင်းကမ္ဘာမြေကို ဖွင့်လို့မရဘူးပဲ။’
‘အထဲက အတွင်းကမ္ဘာမြေရဲ့ စွမ်းအားတွေကိုလည်း... ယူလို့မရနိုင်ဘူး။’
ထိုလမ်းစဉ်တစ်လျှောက်တွင် ဖန့်ချန်သည် အတွင်းကမ္ဘာမြေနှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း၊ ထိုဆက်သွယ်မှုကတော့... ခုနစ်ပါးသတ်ဖြတ်ခြင်း အဆုံးစီရင်ရာမြေ၏ စွမ်းအားကြောင့် ပြတ်တောက်သွားခဲ့ရပြီ ဖြစ်သည်။
မကြာသေးခင်က နျဲ့ချင့်တို့ လူစုလည်း သူတို့၏ အတွေ့အကြုံများကို မျှဝေခဲ့ကြဖူးပေသည်။
ဤနေရာထဲတွင် အတွင်းကမ္ဘာမြေကို ဖွင့်လှစ်၍ မရနိုင်ချေ။
ဒါကြောင့်မို့ မိမိ၏ ကိုယ်ပိုင်အတွင်းကမ္ဘာစွမ်းအားကိုသာ အသုံးပြုပြီး... ထိုသတ်ဖြတ်ခြင်း အငွေ့အသက်ကို ခုခံကာကွယ်ရမည်သာ ဖြစ်သည်။
တကယ်လို့သာ အတွင်းကမ္ဘာစွမ်းအားအားလုံး ကုန်ဆုံးသွားခဲ့ပြီး အသက်မသေချင်ဘူးဆိုလျှင်တော့... နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်ကာ ယခုနေရာကနေ ထွက်ခွာသွားရုံသာ ရှိပေသည်။
‘ဒါမှမဟုတ်ရင်လည်း... ဝူကျီးအစ်ကိုကြီးလိုမျိုးပဲ၊ လမ်းတစ်လျှောက်လုံး ဇွတ်အတင်း တိုးဝင်သွားရမှာလား။’
‘ငါ့မှာ အစားထိုးအသက် သုံးထောင် ရှိတာပဲ... တစ်ခုလောက် သုံးလိုက်ရုံနဲ့တော့ ဖြုန်းတီးရာမကျလောက်ပါဘူးမလား။’
ယခုကဲ့သို့ တွေးတောရင်းဖြင့် ဖန့်ချန်သည် ရှေ့သို့ အတော်အတန် လျှောက်လှမ်းသွားခဲ့ပြီးပြီ ဖြစ်သည်။
သတ်ဖြတ်ခြင်း အငွေ့အသက်က ပို၍ ပို၍ ပြင်းထန်လာခဲ့ပြီး၊ အစပိုင်းက မိမိ၏ ကျင့်စဉ်အတိမ်အနက်နှင့် တူညီနေခဲ့ရာကနေ... ယခုအချိန်တွင်မူ ဤသတ်ဖြတ်ခြင်း အငွေ့အသက်က မိမိ၏ ကျင့်စဉ်အတိမ်အနက်ထက် သာလွန်သွားခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ထိုကဲ့သို့သော လှိုင်းလုံးကြီးများအလား ပြင်းထန်လှသည့် သတ်ဖြတ်ခြင်း စွမ်းအားများထဲတွင် လျှောက်လှမ်းရသည်မှာ... သာမန်လူသားတစ်ဦး လေမုန်တိုင်းနှင့် နှင်းတောထဲတွင် ရှေ့သို့ ချီတက်နေရသကဲ့သို့ပင် ဖြစ်နေခဲ့ရသည်။
ခြေလှမ်းတစ်လှမ်းချင်းစီက... အလွန်တရာ ခက်ခဲလွန်းလှပေသည်။
လအနည်းငယ် ကုန်ဆုံးသွားခဲ့ပြီးနောက်။
ဖန့်ချန်သည် နောက်ဆုံးတွင် ဒုတိယမြောက် အလွှာ၏ နယ်မြေဆီသို့ ရောက်ရှိလာခဲ့တော့သည်။
ပတ်ပတ်လည်က သတ်ဖြတ်ခြင်း အငွေ့အသက်က... ပို၍ ပို၍ သောင်းကျန်းလာခဲ့သည်။
တစ်နှစ် ကုန်ဆုံးသွားခဲ့ပြီးနောက်။
ဖန့်ချန်သည် တတိယမြောက် အလွှာ၏ နယ်မြေဆီသို့ ရောက်ရှိလာခဲ့ပြန်သည်။
သတ်ဖြတ်ခြင်း အငွေ့အသက်က ပထမမြောက် အလွှာထက်ကို... အဆပေါင်းများစွာ ပိုမို အားကောင်းလှပေသည်။
သူ၏ ခြေလှမ်းများသည် ပို၍ ပို၍ နှေးကွေးသွားခဲ့ရသော်လည်း၊ အမြဲတမ်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေနိုင်ခဲ့ခြင်းကပင်... အားသာချက် ဖြစ်ပေသည်။
သုံးနှစ် ကုန်ဆုံးသွားခဲ့ပြီးနောက်။
သူသည် စတုတ္ထမြောက် အလွှာ၏ နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင်မူ သူသည် စိတ်ထဲကနေ အနည်းငယ် တောင့်မခံနိုင်တော့ဘူးဟု ခံစားလိုက်ရတော့သည်။
ခုနစ်ပါးသတ်ဖြတ်ခြင်း အဆုံးစီရင်ရာမြေ၏ သတ်ဖြတ်ခြင်း အငွေ့အသက်သည်... ခုနစ်ပါးသတ်ဖြတ်ခြင်းအသီးကို စားသုံးပြီးသွားသည့်နောက်တွင် အထဲကို ဝင်ရောက်လာသည့် ပုဂ္ဂိုလ်၏ ကျင့်စဉ်အပေါ် အခြေခံပြီး အားကောင်းခြင်း၊ အားနည်းခြင်းကို သတ်မှတ်ခြင်း ဖြစ်ပေသည်။
စတုတ္ထမြောက် အလွှာ၏ သတ်ဖြတ်ခြင်း အငွေ့အသက်ကမူ... ဖန့်ချန်၏ ကျင့်စဉ်ထက် အဆပေါင်းများစွာ သာလွန်နေခဲ့ပြီဖြစ်ရာ၊ သူ့ကို အဆက်မပြတ် တရစပ် တိုက်ခိုက်နေခဲ့ကြတော့သည်။
သူသည် ထိုအလွှာထဲတွင်... အချိန်အတော်အတန် ကြာအောင် ကုန်ဆုံးခဲ့ရပေသည်။
သို့သော်လည်း ချုံဝူကျီးတို့ ပြောခဲ့သည့် လုံးဝ တောင့်မခံနိုင်တော့သည့် ခံစားချက်မျိုးနှင့်တော့ မကြုံတွေ့ရသေးချေ။
အကြိမ်တိုင်းတွင် အတွင်းကမ္ဘာစွမ်းအားများ ကုန်ဆုံးသွားခဲ့လျှင်... အောက်ခြေအထိ ရောက်ရှိသွားပြီးနောက် အလိုအလျောက် ပြန်လည် နိုးထလာလေ့ရှိပေသည်။
ထိုသို့ တစ်ကြိမ် ပြန်လည်နိုးထလာတိုင်းတွင်လည်း... ကျင့်စဉ်အဆင့်အတန်းက မူလကထက် အနည်းငယ် တိုးတက်လာခဲ့ရပြန်သည်။
ဒါကြောင့်မို့ ဤနေရာထဲသို့ ရောက်ရှိလာခဲ့သည့် နှစ်များအတွင်း... သူ၏ ကျင့်စဉ်အဆင့်အတန်းက ပြန်လည်၍ တိုးတက်လာခဲ့ရသေးသည်။
‘တကယ်လို့သာ ဤနေရာထဲမှာ အမြဲတမ်း နေထိုင်သွားမယ်ဆိုရင်... ကျင့်စဉ်တိုးတက်မှုနှုန်းက တကယ့်ကို မြန်ဆန်လှပေလိမ့်မယ်။’
‘ဒါပေမဲ့လည်း... ခုနစ်ပါးသတ်ဖြတ်ခြင်းအသီးရဲ့ အာနိသင်က သေချာပေါက် အချိန်အကြာကြီး ခံမှာ မဟုတ်ဘူး၊ အခုဆိုရင် အနည်းငယ် လျော့ပါးလာခဲ့ပြီ၊ ဒီအာနိသင်က နှစ်ပေါင်း ရာဂဏန်းလောက်ပဲ ခံတာမျိုး ဖြစ်မလား။’
‘တကယ်လို့ ခုနစ်ပါးသတ်ဖြတ်ခြင်းအသီးရဲ့ အာနိသင်သာ ပျောက်ကွယ်သွားခဲ့ရင်... ဒီနေရာက သတ်ဖြတ်ခြင်း အငွေ့အသက်တွေက မူလအတိုင်း ပြန်ဖြစ်သွားမှာဖြစ်ပြီး၊ အဲဒီအချိန်ကျရင်တော့ အစားထိုးအသက်ကို သုံးပြီးတော့ သေပေးရမယ့် အချိန်ရောက်လာလိမ့်မယ်။’
ယခုကဲ့သို့ တွေးတောရင်းဖြင့် ဖန့်ချန်သည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့တော့သည်။
ဘယ်လောက်အထိ ဝေးဝေး လျှောက်ခဲ့မိလဲဆိုသည်ကို မသိရချေ၊ ဆယ်နှစ်ခန့် အချိန် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်နိုင်ပေသည်။
မှောင်မိုက်အတိ ဖြစ်နေသော ကောင်းကင်နှင့် မြေပြင်ကြီးသည်... ရုတ်တရက်ဆိုသလို လင်းပွင့်သွားခဲ့ရသည်။
ဖန့်ချန်၏ မျက်စိရှေ့မှောက်တွင်... ခန့်ညားထည်ဝါလှသော တံခါးဝကြီးတစ်ခု ပေါ်ထွက်လာခဲ့ပေသည်။
အထက်တွင် ရေးသားထားသည်ကတော့ - ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မြေ။
တစ်ချိန်တည်းမှာပင်... နားစည်ဝဆီသို့ တိုးတိုးတိုးတိုးဖြင့် စကားပြောဆိုသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့တော့သည်။
ဖန့်ချန်က ပတ်ပတ်လည်ကို လှည့်လည်ကြည့်ရှုလိုက်ရာ၊ မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိဘဲ... သူ၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော လူငယ်အမျိုးသား၊ အမျိုးသမီး ရာဂဏန်းခန့် ရပ်တန့်နေကြသည်ကို မြင်တွေ့လိုက်ရတော့သည်။