အခန်း ၂၆၀၇
Vol. 261 Ch. 2607
အခန်း (၂၆၀၇) - ဒီကောင်လေးကတော့ ဘာမှ ဖြစ်ထွန်းလာမှာ မဟုတ်ဘူး
ဖန့်ချန်၏ မေးမြန်းမှုကို ရင်ဆိုင်လိုက်ရသည့်အခါ... မှန်လေးက ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက်၊ လေသံခပ်တိုးတိုးဖြင့် ဆိုလိုက်သည်။
“အရင်တုန်းက ပေးထားတဲ့ အတွင်းကမ္ဘာကျောက်တုံး တွေကိုတော့... အားလုံးနီးပါး နှုတ်ပယ်လိုက်ရပြီ၊ ဘာပဲပြောပြော ဒီကိစ္စက ပတ်သက်နေတဲ့ ကံကြမ္မာအကျိုးပေး တွေကလည်း အများကြီး ရှိနေတာကိုး... ညီကိုကတော့ စိတ်ထဲထားမှာ မဟုတ်ဘူးမလား။”
“အဲဒါဆိုရင်တော့... စိတ်ထဲမထားပါဘူး။”
ဖန့်ချန်၏ မျက်ဝန်းထဲတွင်... ပြုံးရွှင်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရသည်။
အတွင်းကမ္ဘာကျောက်တုံး သောင်းဂဏန်းအနည်းငယ်ကို မဆိုထားနှင့်ဦး... သိန်းဂဏန်း၊ သန်းဂဏန်းအထိ ရှိနေပါစေဦးတော့၊ တကယ်လို့ မှန်လေးက လိုချင်တယ်ဆိုရင်... သူကလည်း ပေးမှာပင် ဖြစ်သည်။
မှန်လေးက... စိတ်သက်သာရာရသွားခဲ့ပုံရပြီး၊ လေသံကပင် အနည်းငယ် ပေါ့ပါးသွက်လက်သွားခဲ့ရသည်။
“ဒီခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကတော့... နည်းနည်းလေး စည်းကမ်းကြီးတယ်၊ အခုအချိန်မှာ သူက လူသားလောက အငွေ့အသက်ရဲ့ ထိန်းချုပ်ခြင်းကို ခံထားရတယ်ဆိုပေမဲ့... တကယ်လို့ သေချာလေး ဂရုမစိုက်ဘဲ အသုံးပြုမိမယ်ဆိုရင်တော့၊ သူက နိုးထလာဖို့ အလွန်လွယ်ကူတယ်... အဲဒီလိုဆိုရင်တော့ ပြဿနာက အကြီးအကျယ် တက်ပြီ ”
“မင်းက... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နားလည်သဘောပေါက်သွားခဲ့ပြီဆိုတော့၊ ရင်ထဲမှာလည်း ကိုယ်ပိုင်နားလည်သဘောပေါက်မှုနဲ့ ထင်မြင်ချက်အချို့ ရှိနေလောက်ပြီ မဟုတ်လား။”
“ဒီနတ်ဘုရားစွမ်းအင်ကျင့်စဉ်က... သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို စိတ်ကြိုက်ထိန်းချုပ်မွှေနှောက်နိုင်တာကြောင့်မို့ ကျော်ကြားတာပဲ။”
“မင်းရဲ့ ရန်သူက မင်းအပေါ်မှာ ထားရှိတဲ့ သတ်ဖြတ်ချင်စိတ်က ပိုပြီးတော့ ပြင်းထန်လေလေ... ဒီနတ်ဘုရားစွမ်းအင်ကျင့်စဉ်ရဲ့ ဒဏ်ကို ခံလိုက်ရတဲ့အခါ၊ ပြန်လည်ပြီးတော့ တန်ပြန်သက်ရောက်မှု ခံရတာက ပိုပြီးတော့ ဆိုးရွားလေလေပဲ။”
“ဒါပေမဲ့လည်း... တကယ်လို့ ရန်သူက အလွန်စွမ်းအားကြီးမားလွန်းနေမယ်ဆိုရင်တော့... ဒီနတ်ဘုရားစွမ်းအင်ကျင့်စဉ်ကို လွယ်လွယ်ကူကူနဲ့ ထုတ်ဖော်အသုံးပြုလို့ မရဘူး။”
“အောင်မြင်သွားခဲ့ရင်တော့... ဘာမှမဖြစ်ပေမဲ့၊ တကယ်လို့သာ ကျရှုံးသွားခဲ့မယ်ဆိုရင်... ဒီသတ်ဖြတ်ခြင်း အငွေ့အသက်တွေက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြီးတော့ တန်ပြန်ဒဏ်ခတ်မှာ အသေအချာပဲ။”
“ဒီအချက်ကတော့... အခြားသော လူတွေ နားလည်သဘောပေါက်ထားတဲ့ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကလည်း ဒီလိုပုံစံမျိုးပါပဲ၊ ဒါပေမဲ့ သူတို့ကတော့ ဒီအတိုင်း တန်ပြန်ဒဏ်ခတ်ခံရရုံသက်သက်ပဲ...မင်းကတော့ သူတို့နဲ့ မတူဘူး၊ ဒီခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက အဲဒီလိုမျိုး ကြီးမားလှတဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို အခြေခံပြီးတော့ နိုးထလာနိုင်တာမို့... မင်းကို အကြီးအကျယ် နှိပ်စက်ဒုက္ခပေးမှာကတော့ အမှန်ပဲ။”
ဖန့်ချန်က... စဉ်းစားတွေးတောလိုက်မိသည်၊ သို့သော်လည်း သူက မှန်လေးတွင် ပြောစရာ စကားများ ကျန်ရှိနေသေးသည်ကို ရိပ်မိတာကြောင့်... ကြားဖြတ်မနှောင့်ယှက်တော့ဘဲ၊ ဆက်လက်၍ ငြိမ်သက်စွာ နားထောင်နေခဲ့သည်။
“ငါ ဒီကာလအတွင်းမှာ... ခန့်မှန်းတွက်ချက်ပြီးတော့ လေ့လာထားတဲ့အချက်တွေအရဆိုရင်... အခြေခံအားဖြင့်တော့ ကန့်သတ်ချက် နယ်ပယ်တစ်ခုကို ရရှိထားခဲ့ပြီ။”
“မင်းရဲ့ လက်ရှိကျင့်စဉ်အဆင့်အတန်းနဲ့ဆိုရင်... ကမ္ဘာကြီးသူတော်စင်အဆင့် ရှိတဲ့သူတွေကို ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး ထုတ်ပြီး မရင်ဆိုင်သရွေ့တော့... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို နိုးထလာအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။”
“ဒါပေမဲ့လည်း တန်ပြန်ဒဏ်ခတ်မှုကတော့... ဆက်ပြီးတော့ တည်ရှိနေဦးမှာပဲ၊ ဒီတန်ပြန်ဒဏ်ခတ်မှုရဲ့ အားပြင်းမှုက... တစ်ဖက်လူရဲ့ ကျင့်စဉ်အဆင့်အတန်းနဲ့ မင်းအပေါ်မှာ ထားရှိတဲ့ သတ်ဖြတ်ချင်စိတ်အပေါ်မှာ မူတည်နေတယ်။”
“ပုံမှန်အားဖြင့် ပြောရမယ်ဆိုရင်တော့... အသက်စွမ်းအင်အဆင့် သူတော်စင်တွေအတွက်ဆိုရင် စိုးရိမ်နေစရာ မလိုပါဘူး၊ တန်ပြန်ဒဏ်ခတ်မှုမျိုး ရှိမနေဘူး... ကမ္ဘာတည်ဆောက်ခြင်းသူတော်စင်အဆင့် တွေနဲ့ တွေ့ရင်တော့... သေသေချာချာလေး အချိန်ယူပြီး စဉ်းစားတွေးတောဖို့ လိုအပ်လိမ့်မယ်။”
“ဆိုလိုတာက... တကယ်လို့ ငါက ကမ္ဘာတည်ဆောက်ခြင်းသူတော်စင်အဆင့် ရှိတဲ့သူကို ရင်ဆိုင်တဲ့အခါ၊ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ထုတ်သုံးရင်... ကိုယ့်ရဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကြောင့် ပြန်ပြီးတော့ တန်ပြန်ဒဏ်ခတ်ခံရနိုင်ချေ ရှိတာပေါ့ ဟုတ်လား။”
ဖန့်ချန်က... ကြားဖြတ်၍ မေးမြန်းလိုက်သည်။
မှန်လေးက တွေးတောလျက် ဆိုလိုက်သည်
“အမှန်ပဲ... ဒီလိုမျိုး ဖြစ်နိုင်ချေ ရှိနေပါတယ်၊ ဒါပေမဲ့ တစ်ဖက်လူရဲ့ သတ်ဖြတ်ချင်စိတ်က အလွန်အမင်း ပြင်းထန်မနေဘူးဆိုရင်တော့... ရရှိလာမယ့် တန်ပြန်ဒဏ်ခတ်မှု အနည်းငယ်ကိုတော့၊ မင်းရဲ့ ကျင့်စဉ်အဆင့်အတန်းနဲ့ဆိုရင် တောင့်ခံထားနိုင်ပါသေးတယ်။”
“ဒါပေမဲ့ တန်ပြန်ဒဏ်ခတ်မှုက တန်ပြန်ဒဏ်ခတ်မှုပဲ... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးရဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်က ဆက်ပြီး ရှိနေဦးမှာမို့၊ တကယ်လို့ တစ်ဖက်လူရဲ့ သတ်ဖြတ်ချင်စိတ်က အလွန်အမင်း ပြင်းထန်နေမယ်ဆိုရင်တော့... ကမ္ဘာတည်ဆောက်ခြင်းသူတော်စင်အဆင့် ရှိတဲ့သူ ဖြစ်နေပါစေဦးတော့၊ ကိုယ့်ရဲ့ ကိုယ်ပိုင်သတ်ဖြတ်ခြင်း အငွေ့အသက်တွေကြောင့်ပဲ ပြန်ပြီးတော့ အသတ်ခံရနိုင်ချေ ရှိတယ်။”
“ဒါပေမဲ့လည်း... ဒီလိုမျိုး အခြေအနေအထိ ရောက်သွားပြီဆိုရင်တော့၊ အဲဒီတန်ပြန်ဒဏ်ခတ်မှုရဲ့ စွမ်းအားကလည်း...မင်းကို အသက်ဆုံးရှုံးသွားစေဖို့အတွက် လုံလောက်နေပြီ။”
ဖန့်ချန်က... ရုတ်တရက် သဘောပေါက်သွားခဲ့ရသည်။
“ဒါက... သေခြင်းရှင်ခြင်း ချိန်ခွင်လျှာအတတ် နဲ့ နည်းနည်းလေး ဆင်တူနေတာပဲ၊ ရန်သူကိုလည်း ထိခိုက်စေသလို မိမိကိုယ်ကိုယ်လည်း ထိခိုက်စေတာပေါ့ ”
ယေဘုယျအားဖြင့်... ဤကဲ့သို့သော နတ်ဘုရားစွမ်းအင်ကျင့်စဉ်မျိုးက၊ သာမန်နတ်ဘုရားစွမ်းအင်ကျင့်စဉ်များထက် အဆပေါင်းများစွာ ပိုမိုစွမ်းအားကြီးမားတတ်ကြပြီး... ခုခံရန် ခက်ခဲလှသည့် စည်းမျဉ်းအချို့လည်း တည်ရှိနေတတ်စမြဲပင်။
ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး၏ စွမ်းအားကြီးမားမှုကတော့... ငြင်းခုံနေစရာ မလိုအောင် အသေအချာပင် ဖြစ်ရပေမည်။
သို့သော်လည်း... နောက်ပိုင်းတွင် ၎င်းကို မည်သို့မည်ပုံ အသုံးပြုရမည်ဆိုသည့် ကိစ္စကတော့၊ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရှိရန် လိုအပ်ပေလိမ့်မည်။
ရန်သူကိုလည်း... ထိခိုက်ဒဏ်ရာရစေနိုင်ရမည်ဖြစ်သလို၊ မိမိကိုယ်ကိုယ်လည်း... အန္တရာယ်ဖြစ်စေမည့် အခြေအနေမျိုး မကြုံတွေ့ရအောင် လုပ်ဆောင်ရမည် ဖြစ်ပေသည်။
“ပြီးတော့... အတိုင်းအတာတစ်ခုအထိ ရောက်လာခဲ့ရင်လည်း၊ တစ်ဖက်လူနဲ့ အတူတူ သေပွဲဝင်ဖို့ ရွေးချယ်လိုက်ရင်လည်း မဖြစ်နိုင်စရာ မရှိပါဘူး... အလွန်ဆုံးရှိလှရင်တော့၊ အသက်စွမ်းအင်တစ်ခုကိုပဲ အလောင်းအစား လုပ်လိုက်ရုံပေါ့။”
ထိုသို့ တွေးတောလိုက်မိသည့်အခါ... ဖန့်ချန်၏ ရင်ထဲတွင် ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခု ရှိသွားခဲ့ပြီ ဖြစ်သည်။
ဝမ်အိုကြီးတို့ကမူ... အနှစ်သာရကို စုပ်ယူရုံမျှသာ ရှိသေးသည့် သူတော်စင်အဆင့် များသာ ဖြစ်ကြပြီး၊ အသက်စွမ်းအင် ကိုပင် မရရှိကြသေးချေ။
ဒါကြောင့်မို့လို့... သူက သူတို့ကို သတိပေးရမည် ဖြစ်ပြီး၊ ဒီနတ်ဘုရားစွမ်းအင်ကျင့်စဉ်ကို အသုံးပြုသည့်အခါတွင် တတ်နိုင်သမျှ ဂရုစိုက်ပြီးမှ အသုံးပြုရန် ပြောပြရမည် ဖြစ်ရပေမည်။
“ဒါ့အပြင်... ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက၊ သတ်ဖြတ်ခြင်း အငွေ့အသက်တွေအပေါ်မှာ အလွန်တရာကို အာရုံခံနိုင်စွမ်း မြင့်မားလှတယ်၊ နောင်ကျရင် တစ်စုံတစ်ယောက်က မင်းအပေါ်မှာ သတ်ဖြတ်ချင်စိတ် ရှိလာမယ်ဆိုရင်... သူက အပြင်ဘက်ကို တစ်စက်ကလေးမျှ ထုတ်မပြဘဲ၊ စိတ်ကူးထဲမှာပဲ ရှိနေရင်တောင်မှ... မင်းဘက်ကနေ ရိပ်မိနိုင်စွမ်း ရှိပြီးတော့၊ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ထားနိုင်လိမ့်မယ်။”
မှန်လေးက ဆိုလိုက်သည်
“သတိထားရမယ့် အချက်တွေနဲ့ တားမြစ်ချက်တွေကိုတော့... ငါအကုန်လုံးနီးပါး ပြောပြပြီးပြီဆိုတော့၊ မင်းကော အကုန်လုံး မှတ်မိရဲ့လား။”
“အားလုံးကို... အသေအချာ မှတ်မိပါတယ်၊ ဒီနတ်ဘုရားစွမ်းအင်ကျင့်စဉ်ကို... ငါ ဂရုတစိုက်နဲ့ အသုံးပြုပါ့မယ်၊ ကမ္ဘာကြီးသူတော်စင်အဆင့် ရှိတဲ့သူတွေကိုတော့ သွားပြီးတော့ တိုက်ခိုက်မှာ မဟုတ်ပါဘူး။”
ဖန့်ချန်က... ခေါင်းကို ညိတ်လိုက်သည်။
ဂုယဲ့ ၏ မှတ်ဉာဏ်များမှတစ်ဆင့်... သူက ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးက မည်မျှအထိ မိစ္ဆာဆန်ပြီး ထူးဆန်းလှသည်ကို သိရှိထားခဲ့ပြီး ဖြစ်သည်။
ယခုအချိန်တွင်... မိမိ၏ လူသားလောက အငွေ့အသက်များဖြင့် နှိမ်နင်းခြင်း ခံထားရသည်ဆိုသော်လည်း၊ တကယ်လို့သာ သူက နိုးထလာခဲ့မယ်ဆိုရင်... ဖန့်ချန်အနေဖြင့် မိမိ၏ အသက်စွမ်းအင်က ထိုခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို ရင်ဆိုင်သည့်အခါတွင်၊ အသုံးဝင်မှု ရှိမရှိဆိုသည်ကိုပင် အသေအချာ မရေရာလှချေ။
“နောက်ပိုင်းအချိန်တွေကိုတော့... ဆက်လက်ပြီးတော့ ကျင့်ကြံရုံပေါ့။”
ဖန့်ချန်၏ အခြေခံအုတ်မြစ်က... မူလကတည်းကပင် အလွန်တရာ ထုထည်ကြီးမားလှသည် ဖြစ်ပေသည်၊ ရှန်းရှို့ယွမ် တို့၊ ရင်တန့် တို့လိုမျိုး... ရည်ရွယ်ချက်ရှိရှိဖြင့် ကျင့်စဉ်အဆင့်အတန်းကို နှစ်ပေါင်းထောင်ချီ၊ သောင်းချီအောင် ဖိနှိပ်ထားခဲ့ခြင်းမျိုး မဟုတ်ပါသော်လည်း...
ချီကွမ်းယိ တို့လိုမျိုး လူတွေနှင့်လည်း... လုံးဝ နှိုင်းယှဉ်၍ ရနိုင်ခြင်း မရှိချေ၊ ကျင့်စဉ်အဆင့်အတန်း အငယ်စား အနည်းငယ်ကိုဖြစ်စေ၊ အဆင့်အတန်း အကြီးစား တစ်ခုနှစ်ခုကိုဖြစ်စေ တစ်ဟုန်ထိုး တိုးမြှင့်နိုင်စွမ်းမျိုး မရှိပါချေ။
သို့သော်လည်း... သူက ဤသို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာခဲ့သည့် လမ်းကြောင်းတစ်လျှောက်တွင်လည်း၊ တစ်ခါတစ်ရံ၌ ကျင့်စဉ်အဆင့်အတန်းကို ဖိနှိပ်ထားခဲ့ဖူးသည့် အခြေအနေမျိုး ရှိခဲ့ပေသည်။
သူ၏ ကျင့်စဉ်အဆင့်အတန်းက... တည်ငြိမ်အေးဆေးစွာဖြင့် တိုးတက်နေခဲ့ခြင်းဖြစ်ပြီး၊ မည်သည့် ကျင့်စဉ်ပိတ်ဆို့မှုမျိုးနှင့်မျှ ကြုံတွေ့ခဲ့ရခြင်း မရှိချေ။
ဒါက... ပါရမီ အနိမ့်အမြင့်၏ ကွာခြားချက်ပင် ဖြစ်ရပေမည်။
သို့သော်လည်း... ဆယ်စုနှစ်တစ်ခုကျော်မျှသော အချိန်တိုလေးအတွင်းမှာပင်၊ အတွင်းကမ္ဘာကျောက်တုံးအချို့နှင့် စင်ကြယ်သော ဗောဓိသီး တို့၏ အကူအညီများအောက်တွင်မူ... အသက်စွမ်းအင် အစောပိုင်းအဆင့် သူတော်စင်အဆင့်အတန်းက ပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“သမာဓိတံဆိပ် တိုးတက်လာမှုကြောင့် ရရှိလာတဲ့ အခြေခံအုတ်မြစ်က... ငါ့ကို နတ်ဘုရားစွမ်းအင်ကျင့်စဉ် အမှတ်သားတစ်ခု ထပ်ပြီးတော့ ထွင်းထုနိုင်အောင် ကူညီပေးနိုင်တယ်။”
“ဒီနတ်ဘုရားစွမ်းအင်ကျင့်စဉ် အမှတ်အသားကို... အောင်အောင်မြင်မြင်နဲ့ ထွင်းထုနိုင်ပြီးတာနဲ့တစ်ပြိုင်နက်... သူတော်စင်အဆင့်အတန်းရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ဖို့အတွက် နောက်တစ်ကြိမ် ထပ်ပြီးတော့ ကြိုးစားလို့ ရပြီ။”
ဖန့်ချန်က... မျက်ဝန်းများကို ဖွင့်လိုက်ရင်း၊ အထွတ်ထိပ်တာအိုမြစ် ၏ ရှေ့မှောက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။
ပြီးခဲ့သည့်အကြိမ်က... သူတော်စင်အဆင့်ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့မှုနှင့်အတူ၊ ဒီတစ်ကြိမ်တွင် သမာဓိတံဆိပ်က သူ့ကို တိုးတက်လာစေခဲ့သည့် အကျိုးကျေးဇူးများကြောင့်...
အထွတ်ထိပ်တာအိုမြစ်၏ အရည်အသွေးက... အထွတ်ထိပ်တာအို အဆင့်မင့်အဆင့် သို့ တည်ငြိမ်စွာဖြင့် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
“အထွတ်ထိပ်တာအို အဆင့်မြင့် ရှိတဲ့ အတွင်းကမ္ဘာကနေ... ကောင်းကင်အရှင် အဆင့်နိမ့် ကို တိုးမြှင့်ဖို့အတွက်ဆိုရင်... သူတော်စင်အဆင့် ကန့်သတ်ချက်ကို ဘယ်နှစ်ကြိမ်လောက်တောင် ချိုးဖျက်ဖို့ လိုအပ်မလဲ မသိဘူး။”
ဖန့်ချန်၏ ရင်ထဲတွင်... အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခဲ့မိသည်။
မြစ်ရေ၏ အနက်ရှိုင်းဆုံးနေရာတွင်မူ... ကူးခတ်လှုပ်ရှားနေခဲ့သော ကျူးလုံ ကို မရေမရာလှစွာ မြင်တွေ့နိုင်သလို၊ သူ၏ အောက်ဘက်တွင် နှိမ်နင်းခြင်း ခံထားရသည့် အုပ်စုလိုက်၊ အုပ်စုလိုက် ရှိနေကြသော မရေမတွက်နိုင်သည့် ခန္ဓာကိုယ်ပုံရိပ်များကိုလည်း မြင်တွေ့နိုင်ပေသည်။
“အားနေတာလည်း အားနေတာပဲမလား။”
ဖန့်ချန်က... စိတ်အာရုံကို တစ်ချက် လှုပ်ရှားလိုက်ရာ၊ ချက်ချင်းပင် စားပွဲခုံကြီး၏ နောက်ကွယ်တွင် ရုတ်တရက် ပေါ်လာခဲ့ပြီး... မင်းစိုးရာဇာ ဝတ်ရုံကြီးကို ဝတ်ဆင်လိုက်တော့သည်။
လီဝူ နှင့် ချီယန်သူတော်စင်တို့ကလည်း... အမှုထမ်း ဝတ်ရုံများကို လဲလှယ်ဝတ်ဆင်လိုက်ကြသည်။
ထိုနှစ်ယောက်၏ မျက်ဝန်းများက တောက်ပသွားခဲ့ရသည်... အပြင်ဘက်ကို ထွက်ပြီးတော့ လေညင်းခံလို့ ရတော့မှာပဲ။
“သွားပြီးတော့... ချင်ဝူဆန့် ကို ဖမ်းဆီး ခဲ့ကြစမ်း။”
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။
လီဝူ နှင့် ချီယန်သူတော်စင်တို့က... အမိန့်ကို နာခံလိုက်ရသော်လည်း၊ ထိုမြူခိုးများက အစအဆုံး ထွက်ပေါ်လာခြင်း မရှိဘဲ... အပြင်ဘက်သို့ လျှောက်လှမ်း၍ မရနိုင်သည်ကို တွေ့လိုက်ရပေသည်။
ထိုနှစ်ယောက်စလုံးက... မျက်နှာတစ်ခုလုံး အံ့ဩမှင်သက်သွားခဲ့ရတော့သည်။
“ဖမ်းဆီးဆင့်ခေါ်တဲ့စွမ်းအားက... အာနိသင် ပျက်ပြယ်သွားတာလား။”
ဖန့်ချန်က... စိတ်အာရုံကို တစ်ချက် လှုပ်ရှားလိုက်ရင်း၊ ကံကြမ္မာ ပိတ်ကာမျက်နှာပြင်ကြီး ဆီသို့ လှမ်းကြည့်လိုက်သည်။
ကြည့်လိုက်သည့်အခါ... မျက်နှာပြင်ကြီး၏ အထက်တွင်၊ ချင်ဝူဆန့် တစ်ယောက် ကျင့်ကြံနေခဲ့သည့် ခန္ဓာကိုယ်ပုံရိပ်တစ်ခုက ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်ကို တွေ့လိုက်ရပေသည်။
သူက ယခုအချိန်အထိ... ပိတ်လှောင်ခံထားရဆဲ ဖြစ်သော်လည်း၊ ဘာကြောင့်မှန်းမသိဘဲ... ချင်ဝူဆန့်၏ ခန္ဓာကိုယ်ပေါ်က အငွေ့အသက်များက၊ ကမ္ဘာကြီးသူတော်စင်အဆင့်ထက် အဝေးကြီးကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
“ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် ကို ရောက်သွားတာလား။”
ဖန့်ချန်က... မျက်နှာတစ်ခုလုံး အံ့ဩသွားခဲ့ရသည်။
“အရှင်သခင်... ကြည့်ရတာ ဟော်ဆွေ့ ဘက်ကလည်း၊ တစ်စုံတစ်ခုကို ရိပ်မိသွားပုံရတယ်။”
လီဝူက တွေးတောလျက် ဆိုလိုက်သည်
“ချင်ဝူဆန့် က အရင်တုန်းကလည်း... ကျင့်စဉ်အဆင့်အတန်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်ထားခဲ့တာ ဖြစ်နိုင်ချေ များပါတယ်။”
ဖန့်ချန်က... ရုတ်တရက် သဘောပေါက်သွားခဲ့ရသည်၊ဒါကြောင့်မို့လို့လည်း ချင်ဖိုကျား က ချင်ဝူဆန့်နှင့် ကြည့်ရတာ ဆက်ဆံရေး တော်တော်လေး ကောင်းမွန်နေခဲ့ခြင်း ဖြစ်ပေသည်၊ ထိုနှစ်ယောက်စလုံးက ခေတ်ပြိုင်တစ်ခုတည်းက ဖြစ်နိုင်သော်လည်း... ချင်ဖိုကျားက အထွတ်ထိပ်တာအိုအဆင့် သို့ တိုးမြှင့်သွားခဲ့ပြီး၊ ချင်ဝူဆန့်ကမူ အရင်တုန်းက ကမ္ဘာကြီးသူတော်စင်အဆင့်မှာပဲ ကျန်ရှိနေခဲ့ခြင်း ဖြစ်ရပေမည်။
သူတော်စင်များအတွက်မူ... ကျင့်စဉ်အဆင့်အတန်းက စစ်မှန်စွာ အရေးကြီးလှသော်လည်း၊ ကောင်းကင်ငါးပါးအတွင်း၌... ကျင့်စဉ်အဆင့်အတန်းအပြင်၊ အနာဂတ်အလားအလာကို လွှမ်းမိုးနိုင်စရာ ရှိသည့် အမျိုးမျိုးသော အကြောင်းရင်းများစွာလည်း တည်ရှိနေတတ်ပေသေးသည်။
ဥပမာအားဖြင့်... နေမင်းခုနစ်ပါး ကျောင်းသား ဆိုသည့် ဂုဏ်ပုဒ်မျိုး ဖြစ်သလို၊ စစ်ဆေးရေးဌာနချုပ်၏ အဆင့်မြင့်စစ်ဆေးရေးမှူး ဆိုသည့် ရာထူးအဆင့်အတန်းမျိုး ဖြစ်ပေသည်။
ရှန်းရှို့ယွမ် တို့လိုမျိုး လူတွေက... ကျင့်စဉ်အဆင့်အတန်း တိုးမြှင့်ဖို့အတွက် အချိန်အကြာကြီး နှောင့်နှေးနေခဲ့ကြခြင်းက၊ အခြားကြောင့် မဟုတ်ဘဲ... မိမိ၏ ကျင့်စဉ်အဆင့်အတန်းက မမြင့်မားသေးခင်မှာပင်၊ မိမိ၏ အဆင့်အတန်းနှင့် ရာထူးနေရာကို ပိုပြီးတော့ မြင့်မားအောင် လုပ်ဆောင်ချင်နေခဲ့ကြခြင်း ဖြစ်ပေသည်၊ အဲဒီလိုဆိုမှသာ ကျင့်စဉ်အဆင့်အတန်း တိုးမြှင့်ပြီးတဲ့ အခါကျမှ... အနာဂတ်အတွက် ပိုမိုများပြားလှတဲ့ အကျိုးကျေးဇူးတွေကို သယ်ဆောင်လာနိုင်မှာ ဖြစ်ရပေမည်။
ချင်ဝူဆန့်ကမူ အရင်တုန်းက... သူတို့နှင့် တူညီသော အတွေးမျိုး ရှိခဲ့ပုံရပေသည်။
“သူက... နယ်မြေကိုးခု ရဲ့ ကိစ္စကို သေချာမဆောင်ရွက်နိုင်ခဲ့လို့၊ ရွှေဟွေး ကျောင်းတော်ဆီကို ပြစ်ဒဏ်ပေးပြီး စေလွှတ်ခြင်း ခံလိုက်ရတယ်၊ ပြီးတော့မှ ဟင်းလင်းပြင်တပ်မှူး သွားလုပ်ပြန်တော့လည်း... အမှားကြီးတစ်ခု ကျူးလွန်မိတာကြောင့်၊ နှစ်ပေါင်း ရှစ်ထောင်အထိထောင်ဒဏ် ချမှတ်ခြင်း ခံလိုက်ရတယ်။”
“အဲဒီလိုမျိုး ဖြစ်ရပ်တွေ ဆက်တိုက် ကြုံတွေ့ခဲ့ရတာက... သူ့့့ရဲ့ စိတ်ဓာတ်ကို အတော်အတန် ပျက်စီးသွားစေခဲ့တာလည်း ဖြစ်နိုင်တာပဲ။”
“ဒါကြောင့်မို့လို့လည်း... ကျင့်စဉ်အဆင့်အတန်းကို တိုးမြှင့်ဖို့ ရွေးချယ်လိုက်တာ ဖြစ်ရမယ်၊ ကြည့်ရတာတော့ သာမန်ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် တစ်ယောက် ဖြစ်လာဖို့... အဲဒီကနေတစ်ဆင့် အစွမ်းကုန်ကျင့်ကြံခြင်းအဆင့်အထိ ရောက်အောင် သွားဖို့အတွက် ပြင်ဆင်ထားပုံရတယ်။”
ဖန့်ချန်က ပြုံးလိုက်ရင်း -
“ထားလိုက်ပါတော့... ဒီတစ်ကြိမ်တော့ သူ့ကို သွားပြီးတော့ မဖမ်းဆီးတော့ပါဘူး၊ ဒီကောင်လေးကတော့ ဘာမှ ဖြစ်ထွန်းလာမှာ မဟုတ်ဘူး ”
လီဝူ နှင့် ချီယန်သူတော်စင်တို့ကလည်း... ထိုစကားကို အလွန်သဘောတူညီကြပေသည်။
“ဒါဆိုရင်တော့... ထိုက်ဟောင်ရှန်း ကိုပဲ ဖမ်းဆီးဆင့်ခေါ်လိုက်ကြစို့၊ သူ အခု ဘာတွေ လုပ်နေလဲဆိုတာကို ကြည့်ရအောင်... စစ်ပွဲစာမေးပွဲ ကိုအောင်မြင်သွားပြီလားဆိုတာ သိချင်သေးတယ်။”
ဖန့်ချန်က... စဉ်းစားတွေးတောလျက် ဆိုလိုက်သည်။