အခန်း ၂၆၀၉
Vol. 261 Ch. 2609
အခန်း (၂၆၀၉) - ရိုက်နှက်ပြီး ဖမ်းဆီးစမ်း
ထိုက်ဟောင်ရှန်း ၏ ထိုစကားများက... ချက်ချင်းပင် ထိုက်ဟောင်ဟူရွှန် အပါအဝင် အခြားသော သူတော်စင်များ၏ စူးစမ်းလိုစိတ်ကို ဆွဲဆောင်သွားခဲ့ရတော့သည်။
ဤနေရာက မီးနတ်ဘုရားနယ်မြေ ဖြစ်နေပါစေဦးတော့၊ သို့မဟုတ် ရှန်းချန်နတ်ဘုရားနယ်မြေပဲ ဖြစ်နေပါစေဦးတော့...
ဘယ်လိုပဲပြောပြော ခေါင်ဖျားလှသည့် နယ်ပယ်ဒေသ ဆိုသည့် ဘွဲ့ဂုဏ်ပုဒ်ကိုတော့ လျှော့ချပစ်၍ မရနိုင်ချေ။
သူတို့ကဲ့သို့သော သူတော်စင်များအနေဖြင့်မူ... တစ်သက်လုံးတွင် ဤကဲ့သို့သော နေရာမျိုးသို့ ခြေချရန် အခွင့်အရေး ရှိလာလိမ့်မည် မဟုတ်ချေ။
ဒါပေမဲ့လည်း... ဒီနေရာက လူသားမျိုးနွယ်စုရဲ့ ဟော်ဆွေ့ ကောင်းကင်အရှင်သခင် နဲ့ ပတ်သက်မှု ရှိနေတယ် ဟုတ်လား။
ဤကဲ့သို့သော ဆင်းရဲခြောက်သွေ့လှသည့် နယ်မြေကလေးက... ဘာဖြစ်လို့ ကောင်းကင်အရှင်သခင် တစ်ယောက်နဲ့ သွားပြီးတော့ ပတ်သက်မှု ရှိနေရတာလဲ။
“ထိုက်ဟောင်ရှန်း... မင်း အဲဒီအကြောင်းကို အသေးစိတ်လေး ရှင်းပြစမ်းပါဦး။”
ထိုက်ဟောင်ဟူရွှန်က... စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ဖန့်ချန် ဆိုတဲ့ကောင် ထွက်ပေါ်လာခဲ့လို့သာ... ငါကလည်း လူသားမျိုးနွယ်စုရဲ့ ကိစ္စတွေကို နည်းနည်းလေး စိတ်ဝင်တစားနဲ့ အာရုံစိုက်မိသွားတာ။”
ထိုက်ဟောင်ရှန်း က ခေတ္တမျှ စဉ်းစားတွေးတောလိုက်ပြီးမှ ဆိုလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက... လူသားမျိုးနွယ်စုဆီကနေ မျိုးနွယ်စုဝင်အဖြစ်ကနေ ပယ်ဖျက်ခြင်း ခံလိုက်ရတဲ့ လူသားမျိုးနွယ်စု သစ္စာဖောက် အနွယ်အဆက်တစ်ခုက... ဒီနေရာမှာ အခြေချပြီးတော့ အသက်မွေးဝမ်းကျောင်း ပြုနေခဲ့ကြတာ။”
“လူသားမျိုးနွယ်စုဘက်ကတော့... အဲဒီသစ္စာဖောက် အနွယ်အဆက်ကို ‘ရှန်းဟုန်အနွယ်အဆက်’ လို့ ခေါ်ကြတယ်။”
“ဒီ ရှန်းဟုန်အနွယ်အဆက်က... မျိုးနွယ်စုဝင်အဖြစ်ကနေ ပယ်ဖျက်ခံလိုက်ရတာမို့၊ မူလအထွတ်အထိပ်အရိုး တောင်မှ ရှိမနေခဲ့ကြဘူး၊ ပိုပြီးတော့ ဆိုးတာက သူတော်စင်ကျမ်းစာရဲ့ ကျင့်စဉ်တွေကိုလည်း နားလည်သဘောပေါက်နိုင်စွမ်း ရှိမနေကြတာကြောင့်... အစပိုင်းတုန်းကတော့ ဒီနေရာက သူတော်စင်တွေရဲ့ သာမန်ကျွန်စစ်သည်တွေပဲ ဖြစ်ခဲ့ကြတာပေါ့။”
“ဒါပေမဲ့လည်း... နောက်ပိုင်းမှာ ကံကောင်းထောက်မစွာနဲ့ပဲ၊ သူတို့ထဲကနေ သူတော်စင်တစ်ယောက် ထွက်ပေါ်လာခဲ့လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ... အဲဒီကျမှပဲ သူတို့အနွယ်အဆက်က မူလအထွတ်အထိပ်အရိုးကို ရရှိခဲ့ပြီး၊ သူတော်စင်ကျမ်းစာရဲ့ ကျင့်စဉ်တွေကို နားလည်သဘောပေါက်နိုင်စွမ်း ရှိလာခဲ့ကြကာ... ဒီနတ်ဘုရားနယ်မြေမှာ ခြေကုပ်တစ်ခု ရရှိသွားခဲ့ကြတာ။”
“လူသားမျိုးနွယ်စုရဲ့ ဟော်ဆွေ့အနွယ်အဆက်ကတော့... ဒီ ရှန်းဟုန်အနွယ်အဆက်ရဲ့ အကြွင်းအကျန်တွေကို အမြဲတမ်း အမြစ်ပြတ်အောင် လိုက်လံနှိမ်နင်းလေ့ ရှိကြပြီး၊ သတင်းအစအန ရတာနဲ့တစ်ပြိုင်နက် လူလွှတ်ပြီးတော့ သတ်ဖြတ်ပစ်လေ့ ရှိကြတာပဲ။”
“အမှန်တော့... အဲဒီတုန်းက နတ်ဘုရားမျိုးနွယ်စုရဲ့ နတ်ဘုရားနယ်မြေအရှင်သခင်က၊ ဒီနေရာမှာ ရှန်းဟုန်အနွယ်အဆက်ရဲ့ အကြွင်းအကျန်တွေကို ရှိနေတဲ့ သတင်းကို လူသားမျိုးနွယ်စုဆီကို သတင်းပို့ရမှာ ဖြစ်တယ်။”
“ဒါပေမဲ့ အဲဒီနယ်မြေအရှင်သခင်က... ရပ်တည်ချက် မှားယွင်းသွားခဲ့တာ ဖြစ်နိုင်သလို၊ ဒီကိစ္စကို လျစ်လျူရှုထားခဲ့တာလည်း ဖြစ်နိုင်တယ်... ဒါမှမဟုတ်ရင်လည်း အဲဒီရှန်းဟုန်အနွယ်အဆက်ရဲ့ အကြွင်းအကျန်တွေကို သနားညှာတာမိလို့ ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းမပို့ဘဲ ဖုံးကွယ်ထားခဲ့တာလည်း ဖြစ်နိုင်တာပဲ။”
“နောက်ပိုင်းကျမှ... အဲဒီဟော်ဆွေ့ ဘိုးဘေးက ကောင်းကင်အရှင်သခင် ဖြစ်လာခဲ့ပြီး၊ ခုံသမာဓိရုံး ထဲကို ဝင်ရောက်သွားခဲ့တဲ့ အခါကျမှ... ဒီသတင်းက လုံးဝ ဖုံးကွယ်ထားလို့ မရတော့ဘဲ ပေါက်ကြားသွားခဲ့ရတာ။”
“အဲဒီအချိန်တုန်းက... ခုံသမာဓိရုံးဆီကနေ အမိန့်တစ်ခု တိုက်ရိုက်ကျလာခဲ့ပြီး၊ နတ်ဘုရားမျိုးနွယ်စုရဲ့ နတ်ဘုရားနယ်မြေအရှင်သခင် ရာထူးကို ဖြုတ်ပစ်လိုက်ရုံတင်မကဘဲ... နတ်ဘုရားမျိုးနွယ်စုရဲ့ သူတော်စင်တွေကိုပါ အကုန်လုံးကို လိုက်လံနှိမ်နင်း သတ်ဖြတ်ပစ်ခဲ့ကြတာ၊ အဆင့်နိမ့်သူတော်စင် အောက်က လူတွေပဲ အသက်ရှင်ခွင့် ရရှိခဲ့ကြတယ်။”
“အဲဒီအချိန်ကစပြီးတော့... ဒီနေရာက ကိုယ်ပိုင်အရှင်သခင်အသစ် တစ်ယောက်ကို လဲလှယ်လိုက်ရသလို၊ နတ်ဘုရားမျိုးနွယ်စု ဖြစ်စေ... ရှန်းဟုန်အနွယ်အဆက်ရဲ့ အကြွင်းအကျန်တွေ ဖြစ်စေ... ထွက်ပြေးတိမ်းရှောင်ရတဲ့သူက တိမ်းရှောင်ခဲ့ရပြီး၊ နှိမ်နင်းခြင်း ခံလိုက်ရတဲ့သူက ခံလိုက်ရကာ... အဆုံးသတ်ကတော့ တကယ့်ကို သနားစရာ ကောင်းတာပဲ။”
“ဒါကြောင့်မို့လို့... မျိုးနွယ်စုကသာ အားနည်းနေမယ်ဆိုရင်တော့၊ အခြားသူတွေရဲ့ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရမှာပဲ။”
ရှီးမျိုးနွယ်စု သူတော်စင်တစ်ဦးက... နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အေးစက်စွာ ဆိုလိုက်သည်။
“ဒီနတ်ဘုရားမျိုးနွယ်စုက... ကမ္ဘာကြီးသူတော်စင်အဆင့် ရှိတဲ့သူတော်စင်ပဲ ရှိတာကို၊ ဒီကိစ္စထဲကို ဝင်ရောက်ပြီးတော့ စွက်ဖက်ရဲသေးတယ်... အမိန့်တစ်ခု ကျလာတာနဲ့တင် မျိုးနွယ်စုရဲ့ ကံကြမ္မာတစ်ခုလုံး ပျက်စီးသွားခဲ့ရတာ မဆန်းပါဘူး၊ ကြည့်ရတာ အခုအချိန်အထိ တောင့်ခံထားနိုင်စွမ်း ရှိဦးမှာ မဟုတ်သေးဘူး။”
“အဲဒီနတ်ဘုရားမျိုးနွယ်စုက... ခုံသမာဓိရုံးရဲ့ အမိန့်ကြောင့် ပျက်စီးသွားခဲ့ရတယ်လို့ ပြောလို့ရပေမဲ့၊ ဒီရှန်းဟုန်အနွယ်အဆက်ရဲ့ အကြွင်းအကျန်တွေမှာလည်း သူတော်စင်တွေ ရှိနေခဲ့ပြီပဲ မဟုတ်လား... သူတို့ကကော ဘာဖြစ်လို့ ပျက်စီးသွားခဲ့ရတာလဲ။”
အခြားသော ရှီးမျိုးနွယ်စု သူတော်စင်တစ်ဦးက... စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ညီလေး... မင်း မေ့နေတာလား၊ ရှန်းဟုန်အနွယ်အဆက်က... မျိုးနွယ်စုဝင်အဖြစ်ကနေ ပယ်ဖျက်ခြင်း ခံထားရတယ်ဆိုပေမဲ့၊ အထက်က ကောင်းကင်အရှင်သခင်ရဲ့ မျက်ဝန်းထဲမှာတော့... သူတို့က လူသားမျိုးနွယ်စုဝင်တွေအဖြစ် တည်ရှိနေဦးမှာပဲ၊ ဒါက လူသားမျိုးနွယ်စုရဲ့ အတွင်းရေးကိစ္စ ဖြစ်တာမို့... ဟော်ဆွေ့ ဘိုးဘေးက ဖျက်ဆီးချင်ရင် ဖျက်ဆီးလို့ ရတယ်၊ ချင်းမင်ရဲ့ ဥပဒေတွေကို ချိုးဖောက်မိစရာ အကြောင်းမရှိဘူး။”
ထိုက်ဟောင်ရှန်း က... ခပ်ဖျော့ဖျော့ ပြုံးလျက် ဆိုလိုက်သည်။
သူတော်စင်အားလုံးက... ရုတ်တရက် သဘောပေါက်သွားခဲ့ရတော့သည်။
ထိုက်ဟောင်ဟူရွှန် က... ပတ်ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“ဒီအကြောင်းတွေကို... ဆက်ပြီးတော့ မပြောကြရအောင်တော့၊ အရေးကြီးတဲ့ အလုပ်က ပိုပြီးတော့ အရေးကြီးတယ်... ညီလေး... အဲဒီထုံဆုန်းချင်း ရဲ့ အသက်စွမ်းအင်က ဘယ်နေရာမှာလဲ။”
“အစ်ကိုကြီး... အလောတကြီး မဖြစ်ပါနဲ့ဦး၊ ဒီတစ်ကြိမ်မှာ ကျွန်တော် သတင်းရထားတာကတော့... ထုံဆုန်းချင်းရဲ့ အသက်စွမ်းအင်က ဒီနေရာမှာ ရှိနေတာ အသေအချာပဲ၊ ဘယ်နေရာမှာ ရှိနေလဲဆိုတာကိုတော့... ဒီနေရာရဲ့ နတ်ဘုရားနယ်မြေအရှင်သခင် လာပြီးတော့ သတင်းပို့တာကိုပဲ စောင့်ဆိုင်းလိုက်ကြရအောင်။”
ထိုက်ဟောင်ရှန်း က... တည်ငြိမ်အေးဆေးစွာဖြင့် ပြုံးလျက် ဆိုလိုက်သည်။
“မီးနတ်ဘုရားမျိုးနွယ်စုရဲ့ ကမ္ဘာကြီးသူတော်စင်အဆင့် လား။”
ထိုက်ဟောင်ဟူရွှန် က... ခေတ္တမျှ မှင်သက်သွားခဲ့ရပြီးမှ၊ ရုတ်တရက် မထိန်းချုပ်နိုင်ဘဲ ရယ်မောလိုက်မိတော့သည်။
“ငါ ပြောပါတယ်... မင်းက လမ်းခရီးတစ်လျှောက်လုံးမှာ ဘာဖြစ်လို့ ဒီလောက်အထိ ယုံကြည်မှု ရှိနေရတာလဲလို့၊ တစ်ဖက်လူရဲ့ အသက်စွမ်းအင် ထွက်ပြေးတိမ်းရှောင်သွားမှာကိုလည်း စိုးရိမ်နေပုံ မရဘူး... မူလကတည်းက ဒီနေရာမှာ ကိုယ်ပိုင်လူ ယုံကြည်စိတ်ချရတဲ့သူ ရှိနေတာကိုး။”
ရှီးမျိုးနွယ်စု သူတော်စင်အတော်များများကလည်း... တစ်ယောက်ပြီးတစ်ယောက် ထိုက်ဟောင်ရှန်း ၏ ကောင်းမွန်လှသော နည်းလမ်းများကို ချီးကျူးစကား ဆိုလိုက်ကြတော့သည်။
ထိုက်ဟောင်ရှန်း ကမူ... နှိမ့်ချသော အမူအရာဖြင့် ပြုံးလိုက်ရင်း -
“အဓိကကတော့... ရှီးမျိုးနွယ်စုကနေ ဆင်းသက်လာခဲ့တာမို့၊ ဘက်ပေါင်းစုံက လူတွေက မျက်နှာသာ နည်းနည်းလေး ပေးကြတာပါ... ပိုပြီးတော့ ဖြစ်နိုင်တာကတော့၊ ငါ့ရဲ့ အမေကို မျက်နှာသာ ပေးကြတာ ဖြစ်လိမ့်မယ်။ ဒီနေရာရဲ့ နတ်ဘုရားနယ်မြေအရှင်သခင်က... ထုံဆုန်းချင်းရဲ့ အသက်စွမ်းအင်ကို ထိန်းချုပ်ထားပြီးပြီမို့၊ ငါတို့ သွားပြီးတော့ နှိမ်နင်းဖို့ပဲ စောင့်ဆိုင်းနေတာ။”
ထိုက်ဟောင်ဟူရွှန် တို့ကမူ... ထိုသို့ မတွေးတောကြချေ။
ရှီးမျိုးနွယ်စုက... မျက်နှာပန်းလှသည် ဆိုသော်လည်း၊ ဤကဲ့သို့သော ဆင်းရဲခေါင်ဖျားလှသည့် နေရာမျိုးတွင်ပင် ကိုယ်ပိုင်ဆက်ဆံရေး ကွန်ရက်တစ်ခု ရှိနေနိုင်ခြင်းက... သူတို့၏ ရှေ့မှောက်က ရွှေဟွေးကျောင်းတော် ရှီးမျိုးနွယ်စုကျောင်းဆောင်ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည် ရှိလို့သာ ဖြစ်ရပေမည်။
သူတော်စင်အားလုံးက... အချိန်အကြာကြီး စောင့်ဆိုင်းလိုက်ရခြင်း မရှိဘဲ၊ ဟင်းလင်းပြင်ကြီးထဲကနေ အငွေ့အသက်တစ်ခု တိုက်ရိုက် စီးဆင်းလာခဲ့သည်ကို မြင်တွေ့လိုက်ရပြီး... ချက်ချင်းပင် ခန့်ညားထည်ဝါလှသော အတွင်းကမ္ဘာတံခါးကြီးတစ်ခုက သူတို့၏ ရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့ရတော့သည်။
၎င်းက... သာမန်သူတော်စင်များအတွက်ဆိုလျှင်၊ ဖိအားပေးမှု အလွန်တရာ ပြင်းထန်လှသည့် အငွေ့အသက်တစ်ခု ဖြစ်သော်လည်း... ထိုက်ဟောင်ဟူရွှန် တို့ကဲ့သို့သော သူတော်စင်များ၏ ရှေ့မှောက်တွင်မူ အဖတ်လုပ်ကြည့်ရန်ပင် မတန်လှချေ။
“ထိုက်ဟောင်ရှန်း ညီအစ်ကို... မဟုတ်လား။”
ထိုအတွင်းကမ္ဘာတံခါးကြီးက... ရုတ်တရက် ပွင့်ဟသွားခဲ့ရပြီး၊ အဘိုးအိုတစ်ဦးက ထိုအထဲကနေ လျှောက်လှမ်းထွက်ပေါ်လာခဲ့ကာ... ထိုက်ဟောင်ရှန်း တို့ကဲ့သို့သော သူတော်စင်များကို လက်အုပ်ချီ၍ ရိုရိုသေသေ နှုတ်ဆက်လိုက်သည်။
ထိုက်ဟောင်ရှန်း က... ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်
“ကျွန်တော်က... ထိုက်ဟောင်ရှန်း ပါပဲ၊ အရှင်က မီးနတ်ဘုရားမျိုးနွယ်စုရဲ့ ကောင်းကင်မီးနယ်မြေအရှင်သခင် လား။”
ကောင်းကင်မီးနယ်မြေအရှင်သခင် က... ထိုစကားကို ကြားလိုက်ရသည့်အခါတွင်၊ အလောတကြီးဖြင့် ဆိုလိုက်သည်။
“ထိုက်ဟောင်ရှန်း ညီအစ်ကို... ဒီလောက်အထိ ယဉ်ကျေးပျူငှာနေဖို့ မလိုပါဘူး၊ ငါ့ကို ‘ထျန်းဟော်’ လို့ပဲ ခေါ်လိုက်ရင် ရပါပြီ။”
ထိုက်ဟောင်ဟူရွှန် တို့က... ဤကောင်းကင်မီးနယ်မြေအရှင်သခင် တစ်ယောက် အိုမင်းရင့်ရော်နေသည့် ပုံစံမျိုးကို မြင်လိုက်ရသည့်အခါတွင်၊ သူတို့၏ မျက်ဝန်းထဲ၌ ခပ်ဖျော့ဖျော့ နှိမ်ချလိုစိတ် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့ရတော့သည်။
ထိုကဲ့သို့သော မျိုးနွယ်စုငယ်လေးက ဆင်းသက်လာသည့် သူတော်စင်များကမူ... ကိုယ်ပိုင်အခြေခံအုတ်မြစ် ဖြစ်စေ၊ ပါရမီ ဖြစ်စေ... သူတို့နှင့် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားချက် ရှိနေပေသည်။
ပိုပြီးတော့ ဆိုးတာက... သူတို့က တစ်ချက် ကြည့်လိုက်ရုံရုံနှင့်တင်၊ ကောင်းကင်မီးနယ်မြေအရှင်သခင်ရဲ့ ကမ္ဘာကြီးသူတော်စင်အဆင့်အတန်းက... လုံးဝ တည်ငြိမ်မှု ရှိမနေသည်ကို ရိပ်မိလိုက်ကြသည်။
ကြည့်ရတာတော့... ကျင့်စဉ်အဆင့်အတန်း တိုးမြှင့်တဲ့ အချိန်တုန်းက၊ အချို့သော မရိုးသားတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တာမို့... မနည်းရုန်းကန်ပြီးမှ ဤကဲ့သို့သော စွမ်းအားမျိုးကို ရရှိထားခဲ့ခြင်း ဖြစ်ရပေမည်။
“ဒီတစ်ကြိမ်မှာ... ကောင်းကင်မီးနယ်မြေအရှင်သခင် ကူညီပေးလို့သာ... အဲဒီထုံဆုန်းချင်းရဲ့ အသက်စွမ်းအင်ကို ထိန်းချုပ်နိုင်ခဲ့တာပါ၊ ငါသာ ဒီတစ်ကြိမ် သိုင်းပညာစာမေးပွဲကို အောင်မြင်သွားခဲ့မယ်ဆိုရင်တော့... ရင်ထဲမှာ ကောင်းကင်မီးနယ်မြေအရှင်သခင်ရဲ့ ကျေးဇူးတရားကို အမြဲတမ်း မှတ်မိနေမှာပါ။”
ထိုက်ဟောင်ရှန်း က... အပေါ်ယံ စကားနာများကို ပြုံးလျက် ဆိုလိုက်သည်။
ကောင်းကင်မီးနယ်မြေအရှင်သခင် ကလည်း... အလောတကြီးဖြင့် လိုက်လံအလိုကျ ပြုံးပြလိုက်မိသည်။
“ညီအစ်ကိုက... တကယ့်ကို ယဉ်ကျေးလွန်းပါတယ်၊ ငါကလည်း တိုက်တိုက်ဆိုင်ဆိုင် ကံကောင်းထောက်မစွာနဲ့ပဲ... အဲဒီထုံဆုန်းချင်းရဲ့ အသက်စွမ်းအင်က ဒီနေရာမှာ ပုန်းအောင်းနေတာကို ရှာဖွေတွေ့ရှိခဲ့တာပါ...
ပြီးတော့မှ မိတ်ဆွေကောင်းတစ်ယောက်က ကြားထဲကနေ ဆက်သွယ်ပေးလို့သာ... အားလုံးနဲ့ ဒီနေရာမှာ ဆုံတွေ့ခွင့် ရရှိခဲ့တာပါ။
အဲဒီလိုမျိုး မဟုတ်ဘူးဆိုရင်တော့... အားလုံးရဲ့ ရာထူးအဆင့်အတန်းနဲ့ဆိုရင်၊ ငါ့အနေနဲ့ ဘယ်လိုနည်းနဲ့မှ ဆုံတွေ့ခွင့် ရရှိမှာ မဟုတ်ပါဘူး။”
ထိုက်ဟောင်ဟူရွှန် တို့ကဲ့သို့သော သူတော်စင်များကလည်း... မထိန်းချုပ်နိုင်ဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်မိကြသည်၊ ဤအဘိုးကြီးက အခြေအနေကို တော်တော်လေး နားလည်တတ်ပေသည်။
နှစ်ဦးနှစ်ဖက်စလုံးက... အပေါ်ယံ စကားအနည်းငယ် ပြောဆိုပြီးသွားကြသည့်နောက်တွင်မူ... ကောင်းကင်မီးနယ်မြေအရှင်သခင်က သူတော်စင်အားလုံးကို ခေါ်ဆောင်သွားခဲ့ရင်း၊ ထုံဆုန်းချင်း၏ အသက်စွမ်းအင် ပုန်းအောင်းနေသည့် နေရာဆီသို့ လျှောက်လှမ်းလာခဲ့ကြတော့သည်။
……
……
ကံကြမ္မာ ပိတ်ကာမျက်နှာပြင်ကြီး အတွင်း၌မူ... ထိုက်ဟောင်ရှန်း တို့၏ လုပ်ဆောင်ချက် အားလုံးက၊ ဖန့်ချန်၏ မျက်ဝန်းထဲတွင် လုံးဝ ဖုံးကွယ်ထားနိုင်ခြင်း မရှိဘဲ ပေါ်လွင်နေခဲ့ပေသည်။
“ထုံဆုန်းချင်းရဲ့ အသက်စွမ်းအင်က... မီးနတ်ဘုရားနယ်မြေထဲမှာ ပုန်းအောင်းနေတာ ဟုတ်လား။”
ဖန့်ချန်က... လေသံတိုးတိုးဖြင့် မိမိဘာသာ ရေရွတ်လိုက်မိသည်။
“သူက ယင်သူတော်စင် တစ်ဦး ဖြစ်တယ်၊ အသက်စွမ်းအင်က မီးနတ်ဘုရားနယ်မြေထဲမှာ ပုန်းအောင်းနေခဲ့ပြီးတော့... တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီကောင်းကင်မီးနယ်မြေအရှင်သခင်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရကာ၊ ထိုက်ဟောင်ရှန်း သိုင်းပညာစာမေးပွဲကို အောင်မြင်အောင် ဖြေဆိုနိုင်ဖို့အတွက် ကောင်းမှုကုသိုလ်အဖြစ် ပေးအပ်ခြင်း ခံလိုက်ရတယ်ပေါ့...”
“ဒီဟော်ဆွေ့ ဘိုးဘေးကလည်း... တကယ့်ကို တွက်ချက်မှု တော်တော်လေး ကောင်းမွန်တာပဲ၊ ငါ့ရဲ့ ကျင့်စဉ်အဆင့်အတန်း တိုးမြှင့်မယ့် လမ်းကြောင်းကို ဖြတ်တောက်ဖို့အတွက် အခွင့်အရေး မရှိတော့တာနဲ့... ထိုက်ဟောင်ရှန်းကို အသုံးပြုပြီးတော့ စစ်ဆေးရေးဌာနချုပ်ထဲမှာ ငါ့ကို ထိန်းချုပ်ဖို့အတွက် ကြံစည်နေတာပေါ့ ဟုတ်လား။”
“ကြည့်ရတာတော့... လူသားမျိုးနွယ်စုအတွင်းမှာလည်း ယင်သူတော်စင်တွေက နည်းပါးတဲ့ ပုံစံမျိုး မဟုတ်ဘူး၊ နောင်တစ်ချိန်ကျရင် လူသားမျိုးနွယ်စု ယင်သူတော်စင် တစ်ရာအမှု ဆိုတာမျိုး ထွက်ပေါ်မလာဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ...”
ထိုသို့ တွေးတောလိုက်မိသည့် အခိုက်အတန့်တွင်မူ... ကံကြမ္မာ ပိတ်ကာမျက်နှာပြင်ကြီး အတွင်း၌၊ အပြောင်းအလဲအသစ်တစ်ခုက ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ထိုက်ဟောင်ရှန်း တို့သည်... ကောင်းကင်မီးနယ်မြေအရှင်သခင်၏ ဦးဆောင်မှုအောက်တွင်မူ၊ ခန့်ညားထည်ဝါလှသော နန်းတော်ကြီးတစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကြသည်။
ထိုနန်းတော်ကြီးအတွင်း၌မူ... ဝိုးတိုးဝါးတား ဖြစ်နေသော အရာတစ်ခုက၊ တဟုန်းဟုန်း တောက်လောင်နေခဲ့သည့် မီးလျှံများ၏ ပိတ်လှောင်ခြင်းကို ခံထားရသည်ကို မြင်တွေ့လိုက်ရပေသည်။
“ညီအစ်ကို... ဒါက မင်း ရှာဖွေနေတဲ့ အသက်စွမ်းအင် ဖြစ်ရမယ်။”
ကောင်းကင်မီးနယ်မြေအရှင်သခင် က... ခပ်ဖျော့ဖျော့ ပြုံးလျက် ဆိုလိုက်သည်။
“မင်းဘက်ကနေ... အမြန်ဆုံး ဖမ်းဆီးသိမ်းဆည်းလိုက်တာက ပိုကောင်းလိမ့်မယ်၊ ဒီအသက်စွမ်းအင်က တော်တော်လေး စွမ်းအားကြီးမားတာမို့... ငါ့ဘက်ကနေ အချိန်အကြာကြီး ဆွဲထားရင်၊ ဆက်ပြီးတော့ နှိမ်နင်းထားနိုင်ဖို့အတွက် မသေချာတော့ဘူး။”
ထိုက်ဟောင်ဟူရွှန် တို့၏ မျက်ဝန်းထဲတွင်... မထိန်းချုပ်နိုင်ဘဲ လှောင်ပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရတော့သည်။
သူတို့၏ ရှေ့မှောက်က နယ်မြေအရှင်သခင်က... တကယ့်ကို အားနည်းလွန်းလှပေသည်၊ သာမန်ကမ္ဘာကြီးသူတော်စင်အဆင့် ဖြစ်ပါသော်လည်း... သာမန်အသက်စွမ်းအင်တစ်ခုကိုပင် မနည်းရုန်းကန်ပြီးမှ နှိမ်နင်းထားနိုင်စွမ်း ရှိပေသည်။
တကယ်လို့သာ... သူက နယ်မြေအရှင်သခင် ဖြစ်မနေခဲ့ဘဲ၊ အဆင့်ရှစ် အရာရှိရာထူးကလေးတစ်ခု ရှိမနေခဲ့ဘူးဆိုရင်တော့... သူတို့နဲ့ ဒီနေရာမှာ မတ်တတ်ရပ်ပြီး စကားပြောဆိုခွင့် ရှိမည့် အရည်အချင်းမျိုးပင် ရှိလိမ့်မည် မဟုတ်ချေ။
“ကောင်းပါပြီ။”
ထိုက်ဟောင်ရှန်း ၏ မျက်ဝန်းထဲတွင်... တောက်ပလှသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ရပြီး၊ လက်ကို လှမ်း၍ လှုပ်ရှားလိုက်ရန် ပြင်လိုက်သည့် အခိုက်အတန့်တွင်မူ... သူ၏ ရှေ့မှောက်တွင် မီးခိုးရောင် မြူခိုးများက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်ကို တွေ့လိုက်ရပေသည်။
ချက်ချင်းပင်... အမှုထမ်း ဝတ်ရုံများကို ဝတ်ဆင်ထားကြသော အမှုထမ်းနှစ်ဦးက ထိုအထဲကနေ လျှောက်လှမ်းထွက်ပေါ်လာခဲ့ကြသည်။
ထိုအထဲက တစ်ဦးက... ထိုက်ဟောင်ရှန်း ကို စိုက်ကြည့်လိုက်ရင်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်မိသည်။
“မင်းက... ရှီးမျိုးနွယ်စုရဲ့ ထိုက်ဟောင်ရှန်း လား။”
သူတော်စင်အားလုံးက... ချက်ချင်းပင် မှင်သက်သွားခဲ့ရတော့သည်။
ထိုက်ဟောင်ရှန်း ကလည်း... မသိစိတ်အရ တုံ့ပြန်လိုက်မိသည်။
“ကျွန်တော်ပါပဲ... မင်းတို့တွေက ဘယ်သူလဲ...”
“ရိုက်နှက်ပြီးတော့... ဖမ်းဆီးခေါ်ဆောင်သွားစမ်း ”
လီဝူ နှင့် ချီယန်သူတော်စင်တို့က... လက်ကို ဝှေ့ယမ်းလိုက်ရင်း ချက်ချင်းပင် ရိုက်နှက်လိုက်ကြပြီး၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ထိုက်ဟောင်ရှန်း ၏ လည်ပင်းပေါ်သို့ သံခြေကျင်း လက်ထိပ်များကို တိုက်ရိုက် ခတ်ပစ်လိုက်ကာ... မီးခိုးရောင် မြူခိုးများအတွင်းသို့ အတင်းအဓမ္မ ဆွဲခေါ်သွားခဲ့ကြပြီး၊ လျှပ်တပြက်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ကြရတော့သည်။
တစ်ခုလုံးသော လုပ်ငန်းစဉ်တစ်ခုလုံးက... တိမ်တိုက်များ စီးဆင်းသွားသလိုမျိုး အလွန်တရာ ချောမွေ့လွန်းလှပြီး၊ ဘာမျှ ထောက်မနေခဲ့ချေ။
သို့သော်လည်း... ကောင်းကင်မီးနယ်မြေအရှင်သခင် တစ်ယောက်တည်းသာလျှင်၊ ထိုအထဲက အမှုထမ်းတစ်ဦး၏ မျက်နှာကို တစ်ချက်မျှ လှမ်း၍ ကြည့်လိုက်မိကာ... ဘာကြောင့်မှန်းမသိဘဲ၊ ရင်ထဲတွင် တော်တော်လေး ရင်းနှီးကျွမ်းဝင်နေခဲ့သလိုမျိုး ခံစားလိုက်ရတော့သည်။