အခန်း ၂၆၁၂
Vol. 262 Ch. 2612
အခန်း (၂၆၁၂) - ဖန့်ချန်ကို သွားတွေ့ခြင်း
ရွှေဟွေးကျောင်းတော်၊ ရှီးမျိုးနွယ်စုကျောင်းဆောင်။
ထိုက်ဟောင်ရှန်း ပြန်လည်ရောက်ရှိလာခြင်းက... ရှီးမျိုးနွယ်စုကျောင်းဆောင်အတွက် စိတ်ဓာတ်မြှင့်တင်ရေး ဆေးတစ်ခွက် တိုက်ကျွေးလိုက်သလို ဖြစ်သွားခဲ့ရသည်။
မူလက အနည်းငယ် ပျက်ပြား ညှိုးငယ်နေခဲ့သော ရှီးမျိုးနွယ်စုကျောင်းဆောင်၏ အခြေအနေမှာ... တစ်ဖန်ပြန်၍ အသက်ဝင် စည်ကားလာခဲ့ရတော့သည်။
“ကျောင်းအုပ်ကြီး... ကျွန်တော် စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပါပြီ၊ အခုဆိုရင် စစ်ဆေးရေးဌာနချုပ်ရဲ့ စစ်ဆေးရေးအရာရှိ ဖြစ်လာခဲ့ပါပြီ...”
ထိုက်ဟောင်ရှန်း က... ဆုန်ချန်တောက် ၏ ရှေ့မှောက်တွင် ရပ်တန့်လိုက်ရင်း၊ လက်သီးဆုပ် အရိုအသေပြုလိုက်သည်။
ဆုန်ချန်တောက် အပြင်... ထိုနေရာတွင် တာဝန်ခံ အစောင့်အရှောက် အချို့နှင့် ဆရာ၊ ဆရာမ ဆယ်ဂဏန်းခန့်လည်း ရှိနေခဲ့ကြပေသည်။
ထိုစကားကို ကြားလိုက်ရသည့် အခါတွင်မူ... အားလုံးက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ကြရပြီး၊ စိတ်အေးသက်သာရာ ရသွားခဲ့ကြတော့သည်။
“အရင်တုန်းက မင်းကို တရားစီရင်ရေးအကြီးကဲရာထူးကို တာဝန်ယူခိုင်းကတည်းက... မင်း ဒါကို လုပ်နိုင်မယ်ဆိုတာ ငါ သိပြီးသားပါ...”
ဆုန်ချန်တောက် က... သက်ပြင်းတစ်ချက် ချလိုက်မိရင်း ဆိုလိုက်သည်။
“ဒီလောက်အထိ များပြားလှတဲ့ နှစ်တွေအတွင်းမှာ... မင်း နောက်ဆုံးတော့ ဒီအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီပဲ၊ ဒါကလည်း မင်းရဲ့ ကြိုးစားမှုတွေ အောင်မြင်ခြင်းပဲပေါ့...”
စစ်ဆေးရေးအရာရှိရဲ့ အဆင့်ခုနစ် အရာရှိအဆင့်အတန်း ရှိလာခဲ့ပြီ ဖြစ်ပေသည်။
ထိုက်ဟောင်ရှန်း ၏ ပါရမီနှင့် အရည်အချင်းအရ ဆိုပါက... သေချာပေါက် ပိုမိုဝေးကွာသော နေရာဆီသို့ လျှောက်လှမ်းနိုင်လိမ့်မည် ဖြစ်ပြီး၊ အနာဂတ်က အလွန်တရာ တောက်ပလိမ့်မည် ဖြစ်ကြောင်း သူတို့ ယုံကြည်နေကြသည်။
“ဒါပေမဲ့... မင်း အခုအချိန်မှာ ငါ့ကို ကျောင်းအုပ်ကြီးလို့ မခေါ်တာ ပိုကောင်းလိမ့်မယ်...”
ဆုန်ချန်တောက် ၏ မျက်နှာတွင်... ကသိကအောက် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရသည်။
“အထက်က ခန့်အပ်မှု အပြောင်းအလဲ အမိန့်က... ကျမလာသေးဘူး၊ အခုအချိန်မှာ ကျောင်းအုပ်ကြီး ရာထူးကို... ဖန့်ချန်ကပဲ တာဝန်ယူထားတုန်းပဲ...”
“ဘာဖြစ်တာလဲ...”
ထိုက်ဟောင်ရှန်း က... တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်လိုက်သည်။
“ရှီးမျိုးနွယ်စုရဲ့ ယင်သူတော်စင်အမှုက... ပြီးဆုံးသွားခဲ့ပြီ မဟုတ်လား...
ဘာဖြစ်လို့... ကျောင်းအုပ်ကြီး ရာထူးကို၊ အခုထိ ကျောင်းအုပ်ကြီးဆီ ပြန်မပေးရသေးတာလဲ...
ပြီးတော့... လူသားမျိုးနွယ်စုရဲ့ အသက်စွမ်းအင် အဆင့်ပဲ ရှိတဲ့ ကောင်ကို၊ ဒီရာထူးကို တာဝန်ယူခိုင်းထားရတာလဲ...”
“ဒါက အထက်က လူကြီးမင်းတွေရဲ့ သဘောထားပဲ၊ အထက်က ဘယ်လို စီစဉ်လဲဆိုတာကို... ငါတို့တွေက ဝင်ရောက်စွက်ဖက်ဖို့ အရည်အချင်း မရှိဘူး... မင်းလည်း စိတ်မဆိုးပါနဲ့တော့၊ အနည်းဆုံးတော့ ဒီအကြောင်းအရာက မင်းအပေါ်ကို သက်ရောက်မှု မရှိခဲ့တာပဲ... တကယ့်ကို ကောင်းမွန်လှပါပြီ...”
ဆုန်ချန်တောက် က ပြုံး၍ ဆိုလိုက်သည်။
“ဒီအကြောင်းအရာကို... ကျုပ် ဆွေ့ဟုန်ကျူး ကို သွားပြီးတော့ မေးမြန်းလိုက်မယ်၊ သူက အဆင့်ခြောက် စစ်ဆေးရေးအရာရှိပဲ... ကျုပ်ကို သေချာပေါက် ရှင်းပြချက်တစ်ခု ပေးရလိမ့်မယ်...”
ထိုက်ဟောင်ရှန်း က... အေးစက်စွာဖြင့် ဆိုလိုက်သည်။
ကွက်တိပင် ထိုအချိန်၌... လူရိပ်တစ်ခုက နန်းတော်အတွင်းသို့ တိုးဝင်ရောက်ရှိလာခဲ့ပေသည်။
ဆုန်ချန်တောက် တို့လို သူတော်စင်အပေါင်းတို့က... ထိုလူရိပ်ကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ၊ တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြရင်း ဦးညွှတ်လိုက်ကြသော်လည်း... မျက်နှာအမူအရာများကမူ အနည်းငယ် ထူးဆန်းနေခဲ့ကြရသည်။
ဘာဖြစ်လို့လဲဆိုတော့... ရောက်ရှိလာခဲ့သူက၊ တကယ့်ကိုပင် ဆွေ့ဟုန်ကျူး ဖြစ်နေခဲ့သောကြောင့်ပင်။
“အကြီးကဲ ဆွေ့...”
ထိုက်ဟောင်ရှန်း က... ချက်ချင်းပင် ဦးညွှတ်လိုက်သည်။
“ခုနတုန်းက... မင်း ငါ့ကို တစ်ခုခု မေးမြန်းချင်နေတယ်လို့၊ ကြားလိုက်ရသလိုပဲနော်...”
ဆွေ့ဟုန်ကျူး က... ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
ထိုက်ဟောင်ရှန်း ၏ မျက်နှာအမူအရာက ခပ်ဖျော့ဖျော့ ပြောင်းလဲသွားခဲ့ရပြီး၊ ထို့နောက်တွင်မူ တိုးတိုးလေး မေးမြန်းလိုက်တော့သည်။
“အကြီးကဲ ဆွေ့... ကျုပ် မေးချင်တာက... စစ်ဆေးရေးဌာနချုပ်က ရှီးမျိုးနွယ်စုကျောင်းဆောင်အပေါ်ကို ဘယ်လို အမြင်မျိုး ရှိနေလဲဆိုတာပါပဲ...
တကယ်လို့ အခု ရှီးမျိုးနွယ်စုကျောင်းဆောင်ရဲ့ သူတော်စင်တွေမှာ အပြစ်ရှိတယ်၊ ယင်သူတော်စင် ဖြစ်နေတယ် ဆိုရင်တော့... ဥပဒေအတိုင်း အပြစ်ပေး အရေးယူပေါ့...
တကယ်လို့ သူတို့တွေက သန့်ရှင်းနေကြတယ် ဆိုရင်ကော... ဘာဖြစ်လို့ ပြင်ပမျိုးနွယ်စုက အသက်စွမ်းအင် ပဲ ရှိတဲ့ ကောင်ကို၊ ရှီးမျိုးနွယ်စုကျောင်းဆောင်ရဲ့ ကျောင်းအုပ်ကြီး ရာထူးကို တာဝန်ယူခိုင်းထားရတာလဲ...”
“ဒါက ယာယီတာဝန်ယူခိုင်းထားတာပဲ၊ အသေးစိတ် အကြောင်းအရာကိုတော့... အထက်က အကြောင်းကြားစာကို စောင့်ရလိမ့်မယ်...”
ဆွေ့ဟုန်ကျူး က... ခေတ္တမျှ စဉ်းစားလိုက်ရင်း ဆိုလိုက်သည်။
“မင်းလည်း ဒီအကြောင်းအရာအတွက် စိုးရိမ်ပူပန်မနေပါနဲ့၊ ဖန့်ချန်က ဘာပဲဖြစ်ဖြစ် ငါတို့ စစ်ဆေးရေးဌာနချုပ်ရဲ့ စစ်ဆေးရေးအရာရှိပဲ... သူက ရှီးမျိုးနွယ်စုကျောင်းဆောင်မှာ လျှောက်ပြီးတော့ ရှုပ်ပွအောင် လုပ်မှာ မဟုတ်ပါဘူး...”
“ဒါပေမဲ့... ယာယီတာဝန်ယူတာ ဆိုရင်တောင်မှ၊ အချိန်က လုံလောက်အောင် ကြာမြင့်နေခဲ့ပြီ မဟုတ်လား... ဒါ့အပြင် သူက အဆင့်ခုနစ် စစ်ဆေးရေးအရာရှိတစ်ယောက်ပဲလေ...
ယာယီတာဝန်ယူရမယ် ဆိုရင်တော့... ဒါဆိုရင် ကျုပ်ကို တာဝန်ယူခိုင်းလိုက်ရင်ကော ဘယ်လိုလဲ...”
ထိုက်ဟောင်ရှန်း က... တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။
“ကျုပ်လည်း အဆင့်ခုနစ် စစ်ဆေးရေးအရာရှိပါပဲ... တင်ပြချက်အရ ဆိုရင်လည်း သမာဓိတံဆိပ် သုံးခု တောင် ရရှိခဲ့တာလေ...”
“ဘယ်နှစ်ဆင့် တံဆိပ်လဲ...”
ဆွေ့ဟုန်ကျူး က... အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ အဆင့်တစ်...”
ထိုက်ဟောင်ရှန်း ၏ လေသံက... အနည်းငယ် တိုးညှင်းသွားခဲ့ရသည်။
“အော်...”
ဆွေ့ဟုန်ကျူး က... ခပ်ဖွဖွ ခေါင်းညိတ်လိုက်ရင်း
“ကြည့်ရသလောက်တော့ မင်းရဲ့ ပါရမီက မဆိုးလှပါဘူး၊ ဌာနသုံးခုက လူကြီးမင်းတွေကလည်း မင်းကို အတော်လေး သဘောကျပုံရတယ်...
ဒါပေမဲ့ ဖန့်ချန်က ရှီးမျိုးနွယ်စုကျောင်းဆောင်ရဲ့ ကျောင်းအုပ်ကြီး ရာထူးကို ယာယီတာဝန်ယူထားတာက... သူ့ရဲ့ အကြောင်းပြချက်နဲ့သူ ရှိနေလို့ပဲ...
မင်းလည်း သူ့ကို သွားပြီးတော့ မပြိုင်ဆိုင်ပါနဲ့တော့၊ ဒါက အထက်က လူကြီးမင်းတွေရဲ့ အစီအစဉ်ပဲ...”
“ဒါက ဘာအကြောင်းပြချက် ရှိလို့လဲ...”
ထိုက်ဟောင်ရှန်း ၏ မျက်ဝန်းထဲတွင်... ဒေါသအရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရသည်။
“တကယ်လို့ သူက စစ်ဆေးရေးဌာနချုပ်ရဲ့ စစ်ဆေးရေးအရာရှိ ဖြစ်နေတယ် ဆိုရင်လည်း ကျုပ်လည်း ဖြစ်တာပဲ၊ ဘာဖြစ်လို့ ကျုပ်ကို ယာယီတာဝန်ယူခွင့် မပေးနိုင်ရတာလဲ...
ဒါက စစ်ဆေးရေးဌာနချုပ်က... အခုလေးတင် ရာထူးတိုးတက်လာခဲ့တဲ့ ကျုပ်လို စစ်ဆေးရေးအရာရှိကို မယုံကြည်တာလား...”
“မယုံကြည်တာ မဟုတ်ပါဘူး၊ အဓိကကတော့ ဖန့်ချန်ရဲ့ အခုအချိန်မှာ ရာထူးအဆင့်အတန်းက မြင့်မားနေလို့ပဲ... သူက ယာယီတာဝန်ယူတာက မင်းထက်စာရင် ပိုပြီးတော့ သင့်တော်လိမ့်မယ်...”
ခရီဟုန်ကျူ က... ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
“ရာထူးအဆင့်အတန်း မြင့်မားတယ် ဟုတ်လား... သူက ကျုပ်နဲ့ တူတူပဲ၊ အဆင့်ခုနစ် စစ်ဆေးရေးအရာရှိ မဟုတ်ဘူးလား...”
ထိုက်ဟောင်ရှန်း က... မှင်သက်သွားခဲ့ရသည်။
ဆွေ့ဟုန်ကျူး က... ပြုံးလိုက်ရင်း -
“ဘယ်ကလာ ဟုတ်ရမှာလဲ... သူက ငါနဲ့ တူတူပဲ၊ အဆင့်ခြောက် စစ်ဆေးရေးအရာရှိ ဖြစ်သွားပြီလေ...
ငါနဲ့ ရာထူးတူတူပဲလို့ ပြောလို့ရတယ်၊ မင်းထက်စာရင်တော့ တစ်ဆင့် ပိုပြီးတော့ မြင့်မားတယ်... မင်း သူ့ကို မြင်ရင်၊ အကြီးကဲ လို့ ခေါ်ရလိမ့်မယ်...”
“……”
ထိုက်ဟောင်ရှန်း က... တိတ်ဆိတ်မှုအတွင်းသို့ နစ်မြုပ်သွားခဲ့ရတော့သည်။
စက္ကန့်အနည်းငယ် ကြာမြင့်ပြီးနောက်ကျမှသာ... သူက ကသိကအောက်ဖြင့် ရယ်မောလိုက်ရင်း -
“အကြီးကဲ ဆွေ့.. ဒီပြက်လုံးက၊ နည်းနည်းမှ မရယ်ရဘူးနော်...
ဖန့်ချန်က ကျုပ်နဲ့ တူတူပဲ၊ အခုလေးတင် စစ်ဆေးရေးအရာရှိ ဖြစ်လာခဲ့တာလေ... ဘယ်လိုလုပ်ပြီးတော့ မျက်စိတစ်မှိတ်အတွင်းမှာ၊ အဆင့်ခြောက် စစ်ဆေးရေးအရာရှိ ဖြစ်သွားနိုင်မှာလဲ...”
“ရှီးမျိုးနွယ်စုရဲ့ ယင်သူတော်စင်အမှုကြောင့်ပေါ့...”
ဆွေ့ဟုန်ကျူး က... သက်ပြင်းတစ်ချက် ချလိုက်မိရင်း ဆိုလိုက်သည်။
“ဒီအမှုကို... ဖန့်ချန်က ကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးခဲ့တာ၊ မင်းတို့ ရှီးမျိုးနွယ်စုကျောင်းဆောင်ကနေ ယင်သူတော်စင် တစ်ရာကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်...
ပြီးတော့ အချိန်ယူရတာကလည်း ကြောက်စရာကောင်းလောက်အောင် တိုတောင်းလှတယ်... တကယ်လို့ တခြားသော စစ်ဆေးရေးမှူး တစ်ယောက်ယောက်က ဒီအမှုကို လာပြီးတော့ ကိုင်တွယ်မယ် ဆိုရင်တောင်မှ၊ သူ့ထက်စာရင် အချိန်အများကြီး ပိုပြီးတော့ ပေးရလိမ့်မယ်...
မင်း ပြောကြည့်ပါဦး... ဒီလိုမျိုး ကောင်းမှုကုသိုလ် အကျိုးကျေးဇူးကြောင့်၊ ဗဟိုဌာနချုပ်က လူကြီးမင်းတွေက သူ့ကို အဆင့်ခြောက် ရာထူးအဆင့်အတန်း ချီးမြှင့်ပေးတာက... ဘာပြဿနာ ရှိလို့လဲ...”
ထိုက်ဟောင်ရှန်း က... စကားတစ်လုံးမျှ မဆိုတော့ချေ။
နန်းတော်အတွင်းရှိ အခြေအနေက... အနည်းငယ် တိတ်ဆိတ်ညှို့မှိုင်းသွားခဲ့ရတော့သည်။
စက္ကန့်အနည်းငယ် ကြာမြင့်ပြီးနောက်ကျမှသာ... ထိုက်ဟောင်ရှန်း က ရုတ်တရက် မိမိကိုယ်ကိုယ် လှောင်ပြောင်သည့်အလား ပြုံးလိုက်သည်။
“အဆင့်ခြောက်... ဒါနဲ့ပဲ အဆင့်ခြောက် ဖြစ်သွားပြီပေါ့၊ ဟဲဟဲ...”
သူက... မိမိ၏ ပြိုင်ဘက်က၊ ရှီးမျိုးနွယ်စုကျောင်းဆောင်ကို ခြေနင်းတုံးတစ်ခု အဖြစ် အသုံးပြုပြီး... ရှီးမျိုးနွယ်စုကျောင်းဆောင်ကို နင်းခြေကာ၊ ရှီးမျိုးနွယ်စုရဲ့ ယင်သူတော်စင်အမှုကို ဖန်တီးခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ... ထို့နောက်တွင်မူ အဆင့်ခုနစ်ကနေ အဆင့်ခြောက်သို့ အတင်းအဓမ္မ ရာထူးတိုးတက်သွားခဲ့ရသည်။
သူက... ရယ်လည်းရယ်ချင်မိသလို၊ ဒေါသလည်း ဖြစ်မိတော့သည်။
“ငါ ဒီနေ့ လာတာက... မင်းကို ဒီအကြောင်းအရာကို အကြောင်းကြားဖို့အတွက်ပဲ၊ နောက်တစ်ခေါက် ဖန့်ချန်ကို မြင်တဲ့အခါကျရင်... ယဉ်ကျေးမှုကို မပျက်ကွက်စေနဲ့...
ဒါ့အပြင်... စစ်ဆေးရေးဌာနချုပ်က မင်းကို ဒီနေရာရဲ့ တွဲဖက်ကျောင်းအုပ် ရာထူးကို ယာယီတာဝန်ယူခိုင်းဖို့ ဆုံးဖြတ်ထားတယ်၊ ဖန့်ချန်ရဲ့ လက်ထောက် အနေနဲ့ပေါ့...”
ဆွေ့ဟုန်ကျူး က... ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း -
“မင်း သေသေချာချာ လုပ်ပါဦး... ရှီးမျိုးနွယ်စုဘက်မှာ၊ ယင်သူတော်စင်တွေရဲ့ ကျန်ရှိနေတဲ့ အင်အားစုတွေ ရှိနေသေးလားဆိုတာကို စောင့်ကြည့်ရမယ်...”
ဆုန်ချန်တောက် တို့လို သူတော်စင်အပေါင်းတို့၏ မျက်နှာအမူအရာများက... အလွန်တရာ သဘာဝမကျဖြစ်သွားခဲ့ကြရသည်။
ရင်ထဲတွင်လည်း ဒေါသဖြစ်မိသလို၊ တစ်ပြိုင်နက်တည်းမှာပင် အရှက်ရမှုကိုလည်း ခံစားလိုက်ရသဖြင့်... တစ်ဖက်လူ၏ စကားများကို တုံ့ပြန်ရန်အတွက် စကားလုံးတစ်လုံးမျှပင် ထွက်မလာခဲ့ကြချေ။
ဆွေ့ဟုန်ကျူး က... ဒီအကြောင်းအရာကို အကြောင်းကြားပြီးနောက်တွင်မူ ထွက်ခွာသွားခဲ့တော့သည်။
သူမ ထွက်ခွာသွားပြီးနောက်တွင်မူ... နန်းတော်အတွင်း၌ တစ်ဖန်ပြန်၍ တိတ်ဆိတ်မှုကြီးက စိုးမိုးသွားခဲ့ရပြန်သည်။
ဆုန်ချန်တောက် က... သက်ပြင်းတစ်ချက် ချလိုက်မိရင်း၊ ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
“ထိုက်ဟောင်ရှန်း... အများကြီး တွေးမနေပါနဲ့တော့၊ မင်းက ရှီးမျိုးနွယ်စုရဲ့ မျိုးရိုးကြီးကနေ ဆင်းသက်လာခဲ့သူ ဖြစ်ရုံသာမက... အခုဆိုရင် စစ်ဆေးရေးဌာနချုပ်ရဲ့ အဆင့်ခုနစ် စစ်ဆေးရေးအရာရှိလည်း ဖြစ်နေပြီ...
ဒါကပဲ... ရေတွက်မရနိုင်တဲ့ သူတော်စင်တွေထက်၊ ရေတွက်မရနိုင်တဲ့ ရွယ်တူချင်းတွေထက် သာလွန်နေခဲ့ပါပြီ...
စစ်ဆေးရေးဌာနချုပ်က မင်းကို ဒီနေရာရဲ့ တွဲဖက်ကျောင်းအုပ် ရာထူးကို ယာယီတာဝန်ယူခိုင်းတာကလည်း... မင်းအတွက် စမ်းသပ်မှုတစ်ခုပဲပေါ့၊ ဒါကလည်း ငါတို့ ရှီးမျိုးနွယ်စုရဲ့ မျက်နှာကို ထောက်ထားပေးတာပဲ ဖြစ်လိမ့်မယ်...”
“ဟုတ်သားပဲ... စစ်ဆေးရေးဌာနချုပ်က ဘာဖြစ်လို့ ငါ့ကို ဒီနေရာရဲ့ တွဲဖက်ကျောင်းအုပ် ရာထူးကို ယာယီတာဝန်ယူခိုင်းတာလဲ...
ဒါက... ဟိုစီနီယာကြီးကြောင့်များလား...
ဟုတ်တယ်... သေချာပေါက် ဟိုစီနီယာကြီးကြောင့်ပဲ ဖြစ်ရမယ်...”
ထိုက်ဟောင်ရှန်း က... ချက်ချင်းပင် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာခဲ့ရတော့သည်။
“နောက်ထပ် အကြောင်းအရာတစ်ခုလည်း... မင်းကို ပြောပြရဦးမယ်...”
ဆုန်ချန်တောက် က... ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားခဲ့ရပြီးမှ -
“ထားလိုက်ပါတော့... မင်းလည်း စောစောစီးစီး သိရမှာပဲဆိုတော့၊ ငါပဲ ပြောပြလိုက်ပါ့မယ်...”
“ဘာအကြောင်းအရာလဲ...”
ထိုက်ဟောင်ရှန်း က... အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
ဆုန်ချန်တောက် က -
“ပြီးခဲ့တဲ့ အချိန်တုန်းက... စစ်ဆေးရေးဌာနချုပ်မှာ မျက်လုံးပညာရပ်တစ်ခု ထပ်မံတိုးပွားလာခဲ့တယ်လို့ ငါ ကြားခဲ့တယ်၊ နာမည်က ‘သတ်ဖြတ်ခြင်းခုနစ်ပါး သူတော်စင်မျက်လုံး’ တဲ့... နတ်ဘုရားမျက်လုံးပညာရပ် ကိုးပါး ထဲက တစ်ခုပေါ့...
ပြီးတော့ ဖန့်ချန်က... ဒီအကြောင်းအရာမှာ အထူးအခွင့်အရေး ရရှိထားပုံပဲ၊ သူတော်စင်တွေကို ဒီမျက်လုံးပညာရပ်ကို သွားရောက်ပြီးတော့ နားလည်သဘောပေါက်ဖို့အတွက် ထောက်ခံပေးနိုင်တဲ့ အရည်အချင်း ရှိတယ်...
ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မင်း သိုင်းပညာစာမေးပွဲကို ဖြေဆိုနေတဲ့ အချိန်တုန်းက... သူတို့တွေက တစ်ခေါက် သွားခဲ့ကြဖူးတယ်...
မီးပိုးမျိုးနွယ်စု ချုံကျီကျောင်းဆောင်က ကျောင်းသားတစ်ယောက်ကတော့... အတော်လေး ကံကောင်းသွားခဲ့ပြီး၊ ဒီမျက်လုံးပညာရပ်ကို နားလည်သဘောပေါက်သွားခဲ့တယ်...
အခုဆိုရင် သူက မီးပိုးကောင်မျိုးနွယ်စုရဲ့ ရွယ်တူချင်းတွေထဲမှာ... လုံးဝ ပြိုင်ဘက်မရှိသလောက် ဖြစ်နေပြီ...”
ထိုက်ဟောင်ရှန်း အဖို့... ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားသလိုမျိုး ခံစားလိုက်ရတော့သည်။
သတ်ဖြတ်ခြင်းခုနစ်ပါး သူတော်င်မျက်လုံး ဟုတ်လား။ နတ်ဘုရားမျက်လုံးပညာရပ် ကိုးပါးထဲက တစ်ခု ဟုတ်လား။ ဖန့်ချန်မှာ ထောက်ခံပေးနိုင်တဲ့ အရည်အချင်း ရာထူး ရှိနေတယ် ဟုတ်လား။
ဒါက... ဘာဖြစ်လို့လဲ။
ဆုန်ချန်တောက် က ဆက်၍ ဆိုလိုက်သည်
“ငါတို့ရဲ့ သဘောထားကတော့... မင်းနဲ့ ဖန့်ချန်က နှစ်ယောက်လုံး စစ်ဆေးရေးဌာနချုပ်ရဲ့ စစ်ဆေးရေးအရာရှိတွေပဲ...
အခုဆိုရင် သူက မင်းရဲ့ အထက်လူကြီး ဖြစ်နေခဲ့ပြီ ဖြစ်သလို၊ မင်းကလည်း ရှီးမျိုးနွယ်စုကျောင်းဆောင်ရဲ့ တွဲဖက်ကျောင်းအုပ် ဖြစ်နေခဲ့ပြီ... သူ့ရဲ့ လက်ထောက် အနေနဲ့ပေါ့...
ဒီလိုမျိုး ဆက်ဆံရေး ရှိနေမှတော့... ငါတို့ ရှီးမျိုးနွယ်စုကျောင်းသားတွေအတွက်လည်း၊ အချို့သော အခွင့်အရေးတွေကို တောင်းဆိုပေးလို့ ရမလားလို့ပါပဲ...”
“ကျောင်းအုပ်ကြီး... ဘာပြောလိုက်တာလဲ...”
ထိုက်ဟောင်ရှန်း က... မယုံကြည်နိုင်စွာဖြင့် ဆုန်ချန်တောက် ကို စိုက်ကြည့်လိုက်တော့သည်။
ဆုန်ချန်တောက် ၏ မျက်နှာတွင်... ကသိကအောက် အမူအရာတစ်ခု ထွက်ပေါ်လာခဲ့ရသည်။
“တကယ်လို့ မင်း မလိုချင်ဘူး ဆိုရင်လည်း အဆင်ပြေပါတယ်...”
ထိုက်ဟောင်ရှန်း က... ပြင်းပြင်းထန်ထန် အသက်တစ်ချက် ရှူသွင်းလိုက်မိရင်း၊ မျက်နှာအမူအရာက အေးစက်သွားခဲ့ရတော့သည်။
“ကျုပ် သိပါပြီ... ကျုပ် သွားပြီးတော့ ကြိုးစားကြည့်ပါ့မယ်၊ ရှီးမျိုးနွယ်စုအတွက်ပဲ... ဒီလောက်ရိုးရှင်းတဲ့ မျက်နှာအရှက်ရမှုက ဘာဆန်းလို့လဲ...”
စကားဆုံးသည်နှင့်... သူက သွားကို တင်းတင်းကြိတ်လိုက်ရင်း၊ နန်းတော်ပြင်ပဆီသို့ လျှောက်လှမ်းသွားခဲ့တော့သည်။
“ထိုက်ဟောင်ရှန်း... မင်း ဘာသွားလုပ်မလို့လဲ...”
“ဖန့်ချန်ကို သွားတွေ့မလို့...”
ထိုက်ဟောင်ရှန်း က... လှည့်ပင်မကြည့်ဘဲ ဆိုလိုက်သည်။
ဆုန်ချန်တောက် တို့လို သူတော်စင်အပေါင်းတို့က... တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင်း၊ ချက်ချင်းပင် အံ့ဩဝမ်းသာမှုကို ခံစားလိုက်ရကြတော့သည်။