အခန်း ၂၆၂၄
Vol. 263 Ch. 2624
အခန်း (၂၆၂၄) - ဒါပေမဲ့ ဒါက ငါ့ရဲ့ အမြင့်ဆုံးအဆင့် မဟုတ်ဘူး
ထိုရုပ်ပုံသဏ္ဌာန်မှာ ဖန့်ချန်နှင့် တစ်ထပ်တည်း တူညီနေသည်။
“ဖန့်ချန် ကျောင်းသား၊ မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် တစ်နာရီလောက် ခံနိုင်ရည်ရှိဖို့က ပြဿနာမရှိလောက်ပါဘူး။”
ဟု ဖန့်ရုကန်းက ဆိုသည်။
“ဒါကိုတော့ သေချာ မပြောနိုင်ဘူးလေ……”
ဟု နေမင်းခုနစ်ပါး ကျောင်းသားအချို့က စဉ်းစားဟန်ဖြင့် ပြောသည်။
“ဖန့်ချန် ကျောင်းသားရဲ့ နည်းလမ်းတွေက ထူးခြားပြီးသားပဲ။ ဒီစစ်ဆေးမှုရဲ့ အခက်အခဲက ငါတို့ ထင်ထားတာထက် အများကြီး ပိုသာလွန်နေမှာကို စိုးရိမ်မိတယ်။”
ကျောင်းသားအများအပြားမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး၏ မျက်ဝန်းထဲတွင် အရိပ်အယောင်များမှာ မတူညီကြပေ။
‘ဖန့်ချန်’ မှာမူ မျက်နှာထား တည်ငြိမ်စွာဖြင့် -
“လင်နယဲ့ အစောပိုင်းအဆင့် စစ်ဆေးမှု၊ အခု စတင်ပြီ။”
ဖန့်ချန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကျောင်းသားအားလုံး၏ အကြည့်အောက်တွင် စစ်ဆေးမှုဧရိယာအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားသည်။
သို့သော် နှစ်ဦးစလုံး လက်ဖျားချင်း ထိမိလိုက်သည်နှင့် ဖန့်ချန်မှာ တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။
“သောက်ကျိုးနည်း၊ ဒီစစ်ဆေးမှုက ရေစိမ်ထားတာလား (အလွယ်လုပ်ထားတာလား) ”
ဟု နေမင်းခုနစ်ပါးကျောင်းသားတစ်ဦးက မအော်မိအောင် မနည်းထိန်းထားရင်း မေးလိုက်သည်။
“စကားမပြောနဲ့ ”
ဟု ဘေးရှိ ချီထျန်းမျိုးနွယ်စုမှ နေမင်းခုနစ်ပါးကျောင်းသားအချို့က အမြန် သတိပေးလိုက်သည်။
သို့သော်လည်း ကျောင်းသားတစ်ဦးတစ်ယောက်မျှ သူတို့ဆီသို့ သတိထားမိတော့မည် မဟုတ်ပေ။ သူတို့အားလုံးမှာ မျက်စိရှေ့မှ တိုက်ပွဲကိုသာ အာရုံစိုက်နေကြသည်။
မူလက ဤတိုက်ပွဲမှာ အလွန်တရာ စိတ်လှုပ်ရှားစရာကောင်းပြီး ဖန့်ချန် ရှုံးနိမ့်သည်ကိုပင် မြင်တွေ့ရနိုင်သည်ဟု ထင်မှတ်ထားခဲ့ကြသည်။
ရလဒ်ကတော့……
သူတို့ မြင်လိုက်ရသည်မှာ ဖန့်ချန်က ပြိုင်ဘက်ကို အနိုင်အထက် ဖိနှိပ်ထားသော ပုံစံဖြင့် ‘ဖန့်ချန်’ ကို ရိုက်နှက်နေခြင်းပင် ဖြစ်သည်။
ဖန့်ချန်သည် သူ၏ စွမ်းအားအချို့ကိုပင် လျှော့ချထားသေးသည်ကို သူတို့ မြင်နိုင်သေးသည်။ ထိုစစ်ဆေးမှုနှင့် တိုက်ပွဲမှတစ်ဆင့် အချက်အလက်သစ်အချို့ကို ရယူရန် ရည်ရွယ်ချက်ဖြင့်သာ စစ်ဆေးမှုကို အမြန်ဆုံး အဆုံးသတ်မပစ်ဘဲ ဆွဲထားခြင်းဖြစ်ကြောင်း သိသာထင်ရှားလှသည်။
“ဖန့်ကျောင်းတော်အုပ်က စစ်ဆေးရေးမှူးကို အနိုင်ယူနိုင်တဲ့အထိ စွမ်းရည်ရှိနေတာလား ”
ထိုက်ဟောင်ရူမှာ အံ့အားသင့်စွာဖြင့် လေကို ပြင်းပြင်းရှူသွင်းလိုက်သည်။
ချင်းချူး၊ ဆွေ့ကျန်းယွဲ့၊ ဖန်ရုကန် စသည့် နေမင်းခုနစ်ပါးကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များကို မြင်တွေ့လိုက်ရသည်။ ဖန်ရုကန်မှာ ဤစစ်ဆေးရေးမှူး၏ စွမ်းရည်ကို ကိုယ်တိုင် နက်နက်နဲနဲ ခံစားဖူးသူဖြစ်သည်။
တစ်ဖက်လူ၏ စွမ်းအင်အဆင့်မှာ မိမိနှင့် တန်းတူ ဖြစ်သော်လည်း…… တစ်ဖက်လူ၏ နည်းလမ်းများမှာ အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
သူကိုယ်တိုင်မှာ တစ်နာရီတိတိ ခံနိုင်ရည်ရှိခဲ့သည်မှာပင် မလွယ်ကူလှပေ။ ယခု ဖန့်ချန်၏ ဖြစ်ရပ်မှာကား အဘယ်နည်း။
မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ကျောင်းသားအများအပြားမှာ နိဗ္ဗာန်တားမြစ်နယ်မြေတွင် တစ်စုံတစ်ခု မှားယွင်းနေ၍ ဖန့်ချန်၏ စစ်ဆေးမှုမှာ မူမမှန်ဘဲ အလွန်လွယ်ကူသွားရခြင်းလောဟု ခန့်မှန်းနေကြသည်။
“ဒီလိုကိုး။”
ဖန့်ချန်၏ မျက်ဝန်းထဲတွင် စူးရှသော အရောင်အဝါ တစ်ချက် လက်သွားသည်။
မျက်စိရှေ့မှ စစ်ဆေးရေးမှူး၏ စွမ်းရည်မှာ အမှန်ပင် သူနှင့် မယှဉ်နိုင်ပေ။ သို့သော် တစ်ဖက်လူ၏ စွမ်းရည် အလွန်အားနည်းနေ၍ မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် တစ်ဖက်လူ၏ စွမ်းရည်မှာ အလွန်ပင် မြင့်မားနေပြီး ဖြစ်သည်။ အနည်းဆုံးတော့ တိုက်ခိုက်နေစဉ်အတွင်း ဖန့်ချန်ကို အလေးအနက်ထားစေရန် စွမ်းဆောင်နိုင်ခဲ့သည်။
သာ၍ ဖန်ရုကန်၊ ချင်းချူးတို့လို နေမင်းခုနစ်ပါးကျောင်းသားများသာ ဤစစ်ဆေးရေးမှူးနှင့် တွေ့ဆုံခဲ့လျှင် သုံးလေးချက်လောက်နှင့်ပင် ရှုံးနိမ့်သွားမည်ဖြစ်ရာ တစ်နာရီ ခံနိုင်ရည်ရှိဖို့ဆိုသည်မှာ ဝေးစွ။
“ဒါပေမဲ့…… သူ့ရဲ့ စွမ်းအင်အနှစ်သာရက ငါ့ထက် အများကြီး အားနည်းနေတာတော့ အမှန်ပဲ။”
“ဒါဆို လင်နယဲ့ အစောပိုင်းအဆင့် စစ်ဆေးမှုမှာ အမြင့်ဆုံးကန့်သတ်ချက် ရှိတယ်ပေါ့ ဒါက သူ့ရဲ့ အမြင့်ဆုံးအဆင့် ဖြစ်နိုင်ပေမဲ့၊ ဒါက ငါ့ရဲ့ အမြင့်ဆုံးအဆင့်တော့ မဟုတ်ဘူး……”
ထိုအကြောင်းကို တွေးမိသည်နှင့် ဖန့်ချန်သည် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
စစ်ဆေးရေးမှူးမှာ ချက်ချင်းပင် ပေါက်ကွဲပျက်စီးသွားသည်။ သို့သော် ပေါက်ကွဲသွားသော စစ်ဆေးရေးမှူးမှာ ခဏအကြာတွင် ပြန်လည် စုစည်းသွားပြီး ဖန့်ချန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“လင်နယဲ့ အစောပိုင်းအဆင့် စစ်ဆေးမှုကို အောင်မြင်ပါသည်။ အမှတ်အသား - ထူးချွန်။”
စကားပြောပြီးသည်နှင့် သူသည် လှည့်ထွက်သွားပြီး မှောင်မည်းနေသော တောင်ကုန်းတံခါးပေါက်ဆီသို့ လျှောက်သွားတော့သည်။
“အမှတ်အသား…… ထူးချွန် ဟုတ်လား ”
ကျောင်းသားများမှာ ယခုမှသာ သတိပြန်ဝင်လာပြီး သူတို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုနှင့် အံ့ဩမှုများ ပြည့်နှက်နေသည်။
“ငါတို့နဲ့ သူ့ကြားထဲမှာ ကွာဟချက်က တကယ်ပဲ ဒီလောက်ထိ ကြီးမားနေတာလား ”
ဟု နေမင်းခုနစ်ပါးကျောင်းသားတစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။
ဖန်ရုကန်၏ အဆင့်မှာပင် နိမ့်လှသည် မဟုတ်၊ သူပင်လျှင် ဤလင်နယဲ့ အစောပိုင်းအဆင့် စစ်ဆေးမှုတွင် တစ်နာရီလောက် ခံနိုင်ရည်ရှိမှ အောင်မြင်သူအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။
“ငါ သိပြီ ဖန့်ချန်ရဲ့ စွမ်းရည်က လင်နယဲ့ အစောပိုင်းအဆင့် စစ်ဆေးမှုရဲ့ ကန့်သတ်ချက်ထက် ကျော်လွန်နေလို့ သူ့ရဲ့ စစ်ဆေးရေးမှူးက သူ့လောက် စွမ်းရည်မရှိတာပဲ ”
“ဟုတ်တယ်၊ ငါလည်း ခုနက တိုက်ကွက်ဆန်းဆန်းတွေ ဘာမှ မမြင်ရဘူး၊ ဒါက စွမ်းအားသက်သက်နဲ့ ဖိနှိပ်ထားတာပဲလေ ”
ခဏတာ ငေးမောနေပြီးနောက် နေမင်းခုနစ်ပါးကျောင်းသားအချို့မှာ ခုနက အခြေအနေကို ဖြည်းဖြည်းချင်း သဘောပေါက်လာကြသည်။
ယနေ့ ဤနေရာကို ရောက်လာသော ကျောင်းသားများမှာ ဉာဏ်ကောင်းသည်ဟု မဆိုရလျှင်တောင် မည်သူမျှ လူအ မဟုတ်ကြပေ။
“ဒီကောင်……”
ကျောင်းသားအုပ်စုမှာ စိတ်ထဲမှ ပြင်းပြင်းရှူသွင်းလိုက်ကြသည်။ ထိုအချက်ကို သဘောပေါက်လိုက်ခြင်းမှာ ခုနက ဘာမှနားမလည်ဘဲ ရှိနေတာထက်ပင် ပို၍ နာကျင်ခံစားရစေသည်။ ဖန့်ချန်၏ စွမ်းရည်မှာ နိဗ္ဗာန်တားမြစ်နယ်မြေ၏ ပထမအဆင့် စစ်ဆေးမှုကိုပင် ကျော်လွန်နိုင်လိမ့်မည်ဟု သူတို့ အိပ်မက်ထဲတွင်ပင် မထင်မှတ်ခဲ့ကြပေ။
ထိုအချိန်တွင် ကောင်းကင်မှ ရွှေရောင်အလင်းတန်း တစ်ခု ကျဆင်းလာသည်။
အကယ်၍ ခုနက ဖန်ရုကန် ရရှိခဲ့သော ရွှေရောင်အလင်းတန်းမှာ ဆံခြည်မျှင်ခန့်သာ ရှိသည်ဆိုလျှင်၊ ဖန့်ချန်ရရှိသော အလင်းတန်းမှာမူ လက်ညှိုးအရွယ်အစားခန့် ရှိသည်။
ရွှေရောင်အလင်းတန်းမှာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ဖန့်ချန်သည် ချက်ချင်းပင် ထူးခြားသော ခံစားချက်ကို ရရှိလိုက်သည်။ သူသည် နိဗ္ဗာန်တားမြစ်နယ်မြေတွင် ရှိကောင်းရှိနိုင်မည့် နတ်အတတ်ပညာကို နားလည်သဘောပေါက်ရန်အတွက် မိမိ၏ စွမ်းအင်အချို့ကို မပြည့်စေဘဲ ထိန်းထားခဲ့ခြင်းဖြစ်သည်။ ယခုမူ ရွှေရောင်အလင်းတန်း ဝင်ရောက်လာသည်နှင့် သူ၏ စွမ်းအင်အနှစ်သာရမှာ ချက်ချင်း ပြည့်ဝသွားပြီး ခန္ဓာကိုယ်မှ အရှိန်အဝါများမှာလည်း သိသာထင်ရှားစွာ တိုးတက်လာသည်။
“ဒီအရှိန်အဝါက နေမင်းခုနစ်ပါး တံဆိပ်နဲ့ အတော်လေး ဆင်တူတယ်။ တစ်ခုတည်းသော ကွာခြားချက်က…… ဒါက ငါ့ရဲ့ ကိုယ်ပိုင် အစိတ်အပိုင်းတစ်ခုလို ပေါင်းစပ်သွားတာပဲ။ ဂိုဏ်းဝင် တပည့်တွေ လျှောက်တဲ့လမ်းနဲ့ ကောင်းကင်ငါးပါး သူတော်စင်တွေ လျှောက်တဲ့လမ်းက တကယ်ကို မတူညီကြဘူး။ အရင်က လမ်းကြောင်းမှာ ကိုယ့်ကိုယ်ကိုယ် အဓိကထားပြီး၊ နောက်တစ်ခုမှာတော့ အတွင်းကမ္ဘာကို အဓိကထားတယ်……”
“အပြင်မှာတော့ နေမင်းခုနစ်ပါး တံဆိပ်ကလည်း ဂိုဏ်းဂဏခေတ်က အရာတွေ ဖြစ်ပြီး ဆန်းနယဲ့အဆင့် နဲ့ တိုက်ရိုက် ပတ်သက်နေတာ ဖြစ်ရမယ်။”
ထိုအကြောင်းကို တွေးမိပြီး ဖန့်ချန်သည် စိတ်အလိုလိုက်ကာ နတ်ဘုရားစွမ်းအင် တစ်ခုကို စမ်းသပ်ကြည့်လိုက်သည်။ စွမ်းရည်၏ အရှိန်အဝါမှာ ယခင်ကထက် ပိုမိုအားကောင်းနေသည်မှာ ထင်ရှားသည်။ ဒါက နေမင်းခုနစ်ပါး အမှတ်အသားမှ ပေးစွမ်းနိုင်သော စွမ်းအား တိုးမြှင့်ခြင်း ဖြစ်သည်။
ထိုအချိန်တွင် မှောင်မည်းနေသော တောင်ကုန်းတံခါးပေါက်ထဲမှ နောက်ထပ် ရုပ်ပုံသဏ္ဌာန် တစ်ခု ထွက်ပေါ်လာပြန်သည်။ ထိုရုပ်ပုံသဏ္ဌာန်မှာ ကျောင်းသားများနှင့် နီးကပ်လာသည်နှင့်အမျှ သူတို့၏ မျက်နှာပေါ်မှ အမူအရာများမှာ ပို၍ပင် ထူးဆန်းလာကြသည်။
“နောက်ထပ် ဖန့်ချန်ပဲ……” ဟု ဖန်ရုကန်က တိုးတိုးလေး ပြောသည်။
‘ဖန့်ချန်’ က တည်ငြိမ်စွာ ရပ်တန့်လိုက်ပြီး အေးစက်စက် အသံဖြင့် -
“လင်နယဲ့ အလယ်အဆင့် စစ်ဆေးမှု၊ အခု စတင်ပြီ။”
“အလယ်အဆင့် စစ်ဆေးမှု ”
ကျောင်းသားများ၏ မျက်ဝန်းထဲတွင် ပို၍ပင် လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။ သူတို့ မလာခင်ကပင် ဆန်းနယဲ့အဆင့် မှာ လင်နယဲ့၊ ရွှမ်နယဲ့၊ ကျဲနယဲ့ ဟူ၍ ခွဲခြားထားကြောင်း ကြားသိခဲ့ရသည်။ ယခု လင်နယဲ့ အလယ်အဆင့် စစ်ဆေးမှုမှာ အစောပိုင်းအဆင့်ထက် အများကြီး ပို၍ ခက်ခဲမည်မှာ အသေအချာပင်။
“ဒီစစ်ဆေးမှုကို အောင်မြင်သွားရင် နောက်တစ်ခုက အဆင့်မြင့် ဖြစ်မှာလား ပြီးရင် ရွှမ်နယဲ့ ဖြစ်မှာလား”
“စစ်ဆေးမှု အောင်တိုင်း ဒီလို ဆုလာဘ်မျိုးတွေ ရတာလား……”
ထိုအကြောင်းကို တွေးမိကြသည့်အခါ နေမင်းခုနစ်ပါးကျောင်းသားများရော၊ သာမန် အဓိကတပည့်များပါ ဖန့်ချန်အပေါ် အလွန် အားကျသွားကြသည်။ ထိုသို့သော အကျိုးကျေးဇူးမျိုးကို တစ်ခါရဖို့ပင် ခက်ခဲလှရာ၊ ထိုသူမှာ နှစ်ကြိမ်တောင် ဆက်တိုက် ရနိုင်ခြေ ရှိနေသည်။
“အကယ်၍ ငါသာ လင်နယဲ့ အလယ်အဆင့်ကို အောင်မြင်ခဲ့ရင် နောက်တစ်ခုက အဆင့်မြင့် စစ်ဆေးမှုလား ”
“အဆက်မပြတ် စစ်ဆေးနေမှာလား အောင်မြင်သွားရင် ငါ ဆန်းနယဲ့ ဘွဲ့ကို ရပြီလို့ ဆိုလိုတာလား ”
ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။
‘ဖန့်ချန်’ က အေးစက်စွာဖြင့် -
“ဆယ်စက္ကန့်အတွင်း စစ်ဆေးမှုကို စတင်ပါ။”
တစ်ဖက်လူမှာ မိမိ၏ မေးခွန်းကို ပြန်မဖြေသည့်အတွက် ဖန့်ချန်မှာ စစ်ဆေးမှုဧရိယာထဲသို့ ထပ်မံဝင်ရောက်သွားသည်။ ယခုတစ်ကြိမ်တွင် ပြိုင်ဘက်၏ စွမ်းရည်မှာ ပိုမို တိုးတက်လာသည်ကို သူ သတိထားမိသည်။ သို့သော် တိုးတက်မှုမှာ အကန့်အသတ် ရှိပြီး ယခင် စစ်ဆေးရေးမှူးထက် အနည်းငယ်သာ ပိုသာသည်။ ဖန့်ချန်နှင့် ယှဉ်လျှင်မူ အားနည်းချက် အနည်းငယ် ရှိနေသေးသည်။
လက်ဖက်ရည်တစ်ခွက် အချိန်လောက်ပင် မကြာလိုက်ဘဲ ဖန့်ချန်မှာ လက်ရှိ တိုက်ပွဲကို အဆုံးသတ်လိုက်ပြီး စစ်ဆေးရေးမှူးကို ထပ်မံ၍ ပေါက်ကွဲသွားစေပြန်သည်။
“လင်နယဲ့ အလယ်အဆင့် စစ်ဆေးမှုကို အောင်မြင်ပါသည်။ အမှတ်အသား - ထူးချွန်။”
ထို့နောက် ရွှေရောင်အလင်းတန်း တစ်ခုမှာ ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ ထပ်မံ ဝင်ရောက်သွားသည်။ ဤတစ်ကြိမ်၏ ရွှေရောင်အလင်းတန်းမှာ ခုနကထက် အဆပေါင်းများစွာ ပို၍ ကြီးမားလှသည်။
ဖန်ရုကန်၏ မျက်ဝန်းထဲတွင် အားကျမှုများ ပြည့်နှက်နေသည်။ ရွှေရောင်အလင်းတန်း၏ အကျိုးကျေးဇူးကို သူကိုယ်တိုင် အတွေ့အကြုံ ရှိခဲ့ဖူးသည်။ ဒါက နေမင်းခုနစ်ပါး အမှတ်အသား အစစ်အမှန်ဖြစ်ပြီး နေမင်းခုနစ်ပါးခန်းမ မှ ပေးအပ်သော အမှတ်အသားများနှင့် လုံးဝ မတူညီပေ။ ဤနေရာတွင် ရရှိသော နေမင်းခုနစ်ပါး အမှတ်အသားမှာ မိမိအတွက် အမှန်တကယ် ပိုင်ဆိုင်သော အရာဖြစ်သည်ဟု သူ ခံစားမိသည်။
မကြာမီပင် နောက်ထပ် ရုပ်ပုံသဏ္ဌာန် တစ်ခုမှာ မှောင်မည်းနေသော တောင်ကုန်းတံခါးပေါက်ထဲမှ ထွက်ပေါ်လာပြန်သည်။ မထူးခြားစွာပင်၊ ဤတစ်ကြိမ်မှာလည်း ဖန့်ချန်၏ စစ်ဆေးမှုပင် ဖြစ်သည်။
“ဒီတစ်ခါက လင်နယဲ့ အဆင့်မြင့် စစ်ဆေးမှုပဲ။ အကယ်၍ ဖန့်ချန်သာ ဒီစစ်ဆေးမှုကိုပါ အောင်မြင်သွားရင်…… နောက်တစ်ခုက ရွှမ်နယဲ့ ဖြစ်တော့မှာ။”
ဟု ကျောင်းသားတစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။
ထိုမျှလောက် များပြားသော စစ်ဆေးမှုများကို အောင်မြင်ခဲ့လျှင် မည်မျှ များပြားလှသော အကျိုးကျေးဇူးများ ရရှိနိုင်မည်နည်း။