← Chapters

အခန်း ၃၀၄

Vol. 31 Ch. 304

အခန်း ၃၀၄

Vol. 31 Ch. 304

အခန်း ၃၀၄။ ကြောက်မက်ဖွယ် စုပ်ယူခြင်းနှင့် ထူးကဲသော နောက်ခံသမိုင်းကြောင်း

မှော်သားရဲနတ်ဘုရားသည် နှစ်ပေါင်းထောင်ချီတိုင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သော်လည်း ပိုင်ဆိုင်နိုင်ခြင်း မရှိခဲ့သော ရွှေရောင်သစ်ပင်ငယ်လေးကို သူက ပထမဆုံးအကြိမ် ကြိုးစားရုံဖြင့် အောင်မြင်စွာ ပိုင်ဆိုင်နိုင်ခဲ့သည်ကို မုန်လဲ့ နားမလည်နိုင်အောင် ဖြစ်နေမိသည်။

မုန်လဲ့ကိုယ်တိုင်လည်း ရေရေရာရာ မပြောပြတတ်ပေ။ သို့သော် ထိုအချက်က အရေးကြီးသလော။ သေချာပေါက် အရေးမကြီးပေ။

အရေးအကြီးဆုံးမှာ အောင်မြင်စွာ ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်ပြီး သူနှင့် ရွှေရောင်သစ်ပင်ငယ်လေးကြားတွင် ဆက်သွယ်မှုတစ်ခု ဖြစ်တည်လာခြင်းပင် ဖြစ်သည်။

အောင်မြင်စွာ ပိုင်ဆိုင်လိုက်နိုင်သည့် ထိုအခိုက်အတန့်မှာပင် မုန်လဲ့၏ အသိစိတ်ပင်လယ်ထဲတွင် ကိန်းအောင်းနေသော ရွှေရောင်သစ်ကိုင်းနှင့် ရွှေရောင်သစ်ရွက်လေးတို့သည် အသိစိတ်ပင်လယ်ထဲမှ ပြိုင်တူ ပျံသန်းထွက်ခွာလာကြပြီး ရွှေရောင်သစ်ပင်ငယ်လေး နှင့် သွားရောက်ပေါင်းစပ်သွားကြသည်။

ရွှေရောင်သစ်ပင်ငယ်လေးထံမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ရွှေရောင်သစ်ကိုင်း၊ ရွှေရောင်သစ်ရွက်လေးတို့နှင့် အပြည့်အဝ ပေါင်းစပ်သွားကာ တစ်သားတည်း ဖြစ်တည်သွားတော့သည်။

"ဒီသစ်ပင်လေးက တကယ်ကို ဘယ်ကနေများ ရောက်လာတာလဲ..."

မုန်လဲ့သည် ရင်တွင်းမှ စိတ်လှုပ်ရှားမှုကို အတင်းဖိနှိပ်ထားလိုက်ပြီး နတ်ဘုရားအာရုံကို အသုံးပြု၍ ရွှေရောင်သစ်ပင်ငယ်လေး၏ အတွင်းပိုင်းသို့ ဝင်ရောက်စစ်ဆေးကြည့်လိုက်သည်။

ပိုင်ရှင်အဖြစ် အသိအမှတ်ပြုပြီးပြီဖြစ်ရာ တစ်စုံတစ်ခုကိုတော့ မြင်တွေ့ရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း အချိန်အတော်ကြာအောင် စစ်ဆေးကြည့်ပြီးသည့်တိုင် ထူးခြားချက် တစ်စုံတစ်ရာကိုမျှ မတွေ့ရပေ။

ဤရွှေရောင်သစ်ပင်ငယ်လေးသည် သာမန် ရွှေရောင်သစ်ပင်လေးတစ်ပင်သာ ဖြစ်ပြီး ရွှေစင်ဖြင့် ပုံသွင်းထားသကဲ့သို့ တစ်ကိုယ်လုံး ရွှေရောင်တောက်ပနေသည်မှလွဲ၍ အခြား ထူးခြားချက် မရှိချေ။ သာမန် ဖွဲ့စည်းပုံသာ ရှိသည်။

သာမန် ပျော့ပျောင်းမှုသာ ရှိပြီး သာမန် ထက်မြက်မှုသာ ရှိကာ အရာအားလုံးက သာမန်သာ ဖြစ်နေသည်။

၎င်း၏ အသက်စွမ်းအင်မှာလည်း အလွန်ပင် သာမန်ဆန်လှပြီး မုန်လဲ့၏ ခန္ဓာကိုယ်ပေါ်မှ သစ်နွယ်ပင်လေးတစ်ပင်ကိုပင် မယှဉ်နိုင်ပေ။

"ဒီသစ်ပင်လေးက တကယ်ပဲ သာမန်လေးလား..."

မုန်လဲ့သည် နက်ရှိုင်းသော အတွေးကမ္ဘာထဲသို့ နစ်မျောသွားလေသည်။

"မှော်သားရဲနတ်ဘုရားက သစ်ကိုင်းလေးတစ်ကိုင်းကို သုံးပြီး ငါ့ရဲ့နတ်ဘုရားခန္ဓာကိုယ်ကို ဖောက်ထွင်းနိုင်ခဲ့တာ... ဘယ်လောက်တောင် ထက်မြက်လိုက်သလဲ... သူက တကယ်ပဲ သာမန်ပဲ ဟုတ်ရဲ့လား..."

နှမြောစရာကောင်းသည်မှာ ဟိုကြည့်ဒီကြည့်ဖြင့် အချိန်အတော်ကြာ စစ်ဆေးကြည့်သော်လည်း ရွှေရောင်သစ်ပင်ငယ်လေး၏ လျှို့ဝှက်ချက်ကို ရှာမတွေ့ခဲ့ပေ။

"ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် ဒါက ရတနာတစ်ခုပဲ... သေချာသိမ်းထားလိုက်ရင် ရပြီ..."

မုန်လဲ့သည် သစ်ပင်ငယ်လေးနှင့် ရှိနေသော အဆက်အသွယ်မှတစ်ဆင့် သစ်ပင်ငယ်လေးကို လှုပ်ရှားစေရန် ကြိုးစားကြည့်လိုက်ရာ သစ်ပင်ငယ်လေးမှာ မြေပြင်ပေါ်မှ ဖြည်းညင်းစွာ ကျွတ်ထွက်လာပြီး လေထဲသို့ ပျံတက်လာလေသည်။

ရွှေရောင်သစ်ပင်ငယ်လေး၏ အမြစ်များမှာလည်း ရွှေရောင်ပင်ဖြစ်ပြီး တစ်ပင်လုံး ရွှေရောင်တောက်ပနေကာ ရွှေဖြင့်ပြုလုပ်ထားသော အနုပညာလက်ရာတစ်ခုအလား အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။

"သိမ်းလိုက်..."

မုန်လဲ့က စိတ်ဆန္ဒအရ ရွှေရောင်သစ်ပင်ငယ်လေးကို အချိန်ကာလမျှော်စင်ထဲသို့ သိမ်းဆည်းလိုက်သည်။

"ဒိုဒိုလာ... သူ့ကို ဘယ်မှာ စိုက်ရင် ကောင်းမလဲ..."

"အဆင်ပြေမယ့် တစ်နေရာရာမှာသာ စိုက်လိုက်ပါ..."

"အင်း..."

မုန်လဲ့သည် အချိန်ကာလမျှော်စင်၏ အထပ် ၉၅ သို့ ရောက်ရှိသွားလေသည်။ ထိုအထပ်တွင် သစ်သားဒြပ်စင် မှော်စွမ်းအင်များ အလွန်ပင် ပြည့်နှက်နေပြီး အပင်များ ရှင်သန်ကြီးထွားရန်အတွက် အသင့်တော်ဆုံး ဖြစ်လေသည်။

အရင်က သူသည် ဤနေရာတွင် အသက်သစ်ပင်၏ ပျိုးပင်လေးကို စိုက်ပျိုးထားခဲ့သည်။ အချိန်အတော်ကြာ မတွေ့ရသည့်တိုင် အသက်သစ်ပင်၏ ပျိုးပင်လေးမှာ အလွန်ပင် ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

အရင်က တစ်မီတာခန့်သာ ရှိသော အပင်ပေါက်လေးသည် ယခုအခါ မီတာနှစ်ဆယ်ကျော် မြင့်မားသော သစ်ပင်ကြီးအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကာ ကြီးမားကျယ်ပြန့်သော သစ်ရွက်အုပ်ကြီးက မီတာတစ်ရာပတ်လည်ကို လွှမ်းခြုံထားပြီး အံ့ဩဖွယ်ကောင်းသော အသက်စွမ်းအင်များကို ထုတ်လွှတ်နေလေသည်။

မုန်လဲ့သည် အသက်သစ်ပင်၏ ကြီးထွားမှုနှုန်းကို အလွန်ပင် သဘောကျနေမိသည်။ ဤနှုန်းအတိုင်းသာဆိုလျှင် နောက်ထပ် ဆယ်စုနှစ်အနည်းငယ် အကြာတွင် အသက်သစ်ပင်မှ အယ်လ်ဖ်လေးများကို မွေးဖွားပေးနိုင်တော့မည် ဖြစ်သည်။

"မင်း ဒီနေရာကို သဘောကျမှာပါ..."

မုန်လဲ့သည် အသက်သစ်ပင်နှင့် ကီလိုမီတာ ရာဂဏန်းခန့် ကွာဝေးသော မြက်ခင်းပြင်တစ်ခုကို ရှာတွေ့သွားပြီး ထိုနေရာတွင် ရွှေရောင်သစ်ပင်ငယ်လေးကို စိုက်ပျိုးလိုက်လေသည်။

ထို့နောက် မုန်လဲ့သည် သစ်သားဒြပ်စင် သလင်းကျောက် အမြောက်အမြားကို ထုတ်ယူကာ သစ်ပင်လေး၏ ပတ်လည်တွင် စွမ်းအင်စုစည်းမှု မှော်အစီအရင်တစ်ခုကို ဖန်တီးလိုက်ပြီး ပတ်ဝန်းကျင်ရှိ သစ်သားဒြပ်စင်များကို စုစည်းပေးလိုက်သည်။

သို့သော် မုန်လဲ့က မှော်အစီအရင်ကို ဖန်တီးပြီးသည်နှင့် တစ်ပြိုင်နက် မုန်လဲ့ လုံးဝ ထင်မှတ်မထားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေတော့သည်။ ရွှေရောင်သစ်ပင်ငယ်လေးကို ဗဟိုပြု၍ ပတ်ဝန်းကျင်ရှိ အပင်များအားလုံးမှာ ထူးဆန်းစွာ ညှိုးနွမ်းခြောက်သွေ့လာကြလေသည်။

တစ်မီတာ၊ ဆယ်မီတာ၊ မီတာတစ်ရာ။

မီတာတစ်ထောင်၊ မီတာတစ်သောင်း၊ မီတာတစ်သိန်း။

အသက်ရှူကြိမ် အနည်းငယ်မျှအတွင်း ကီလိုမီတာ ရာနှင့်ချီသော ဧရိယာအတွင်းရှိ မြက်ရိုင်းများအားလုံး ညှိုးနွမ်းသွားခဲ့ပြီး မြက်ခင်းပြင်ကြီး တစ်ခုလုံးမှာ အဝါရောင်သန်းကာ သက်ရှိကင်းမဲ့သော မြေကွက်လပ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

မြက်ပင်လေးများအားလုံးမှာ ဆောင်းတွင်းလယ်က မြက်ခြောက်များအလား ညှိုးရော်ခြောက်သွေ့သွားကြသည်။ အသက်ငွေ့ကင်းမဲ့ကာ အလွယ်တကူ မီးလောင်လွယ်မည့် အနေအထားမျိုး ဖြစ်နေလေသည်။

မုန်လဲ့ကို ပို၍ပင် မျက်လုံးပြူးသွားစေသည့်အချက်မှာ အပင်များ ညှိုးနွမ်းခြောက်သွေ့သွားသည့် ဖြစ်စဉ်က ရပ်တန့်မသွားခြင်းပင် ဖြစ်သည်။

ခြောက်သွေ့နေသော မြက်ခင်းပြင်ကြီးက အပြင်ဘက်သို့ ဆက်လက် ကျယ်ပြန့်နေဆဲ ဖြစ်သည်။ ကီလိုမီတာ တစ်ရာ၊ ကီလိုမီတာ နှစ်ရာ။ နောက်ဆုံးတွင်တော့ မြက်ခင်းပြင်ကြီး တစ်ခုလုံး လုံးဝ ခြောက်သွေ့သွားတော့သည်။

မြက်ခင်းပြင်၏ ဘေးပတ်လည်ရှိ သစ်တောများမှာလည်း ကံဆိုးမိုးမှောင် ကျလာလေသည်။ သစ်ပင် တစ်ပင်ပြီးတစ်ပင်။ မိုးထိမတတ် မြင့်မားသော သစ်ပင်ကြီး တစ်ပင်ပြီးတစ်ပင်။

နှစ်ထောင်ချီ သက်တမ်းရှိသော သစ်ပင်အိုကြီး တစ်ပင်ပြီးတစ်ပင်။ အားလုံးမှာ တစ်ဆက်တည်း ခြောက်သွေ့လာကြလေသည်။

ဤနည်းဖြင့် သစ်တောကြီး တစ်ခုလုံးမှာ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်နှုန်းဖြင့် ညှိုးနွမ်းခြောက်သွေ့လာလေတော့သည်။

မုန်လဲ့ ကိုယ်တိုင် စိုက်ပျိုးထားခဲ့သော အသက်သစ်ပင်လေးပင်လျှင် ကံဆိုးမှုမှ မလွတ်ကင်းနိုင်ခဲ့ဘဲ သေဆုံးနေသော သစ်ပင်ခြောက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

"ဒီရွှေရောင်သစ်ပင်လေးက တကယ်ကို ဘယ်လို မိစ္ဆာကောင်ကြီးလဲ... ပတ်ဝန်းကျင်က အပင်တွေရဲ့ အသက်စွမ်းအင်တွေကို စုပ်ယူနိုင်တယ်ပေါ့..."

မုန်လဲ့၏ ဘေးနားတွင် ဒိုဒိုလာ ထွက်ပေါ်လာပြီး လျင်မြန်စွာ ခြောက်သွေ့သွားသော အထပ် ၉၅ ကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေပြီး အံ့ဩလွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။

"မင်းက ငါ့ကိုမေးတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ..."

မုန်လဲ့မှာ ခါးသက်သက် ပြုံးလိုက်မိသည်။

"ဒီအရှိန်အတိုင်းသာ ဆက်သွားရင် အထပ် ၉၅ က အပင်တွေ၊ သစ်ပင်တွေ အကုန်လုံး ခြောက်သွေ့သွားလိမ့်မယ်... ဒီလောကတစ်ဝက်လည်း သက်ရှိကင်းမဲ့တဲ့ နေရာတစ်ခု အဖြစ် လုံးဝကို ပြောင်းလဲသွားတော့မှာပဲ..."

ဒိုဒိုလာက လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

"အရမ်းကို အနိုင်ကျင့်လွန်းတယ်... တကယ်ကို အနိုင်ကျင့်လွန်းတာပဲ... ဒါက ငါ မြင်ဖူးသမျှထဲမှာ အနိုင်ကျင့်အဆန်ဆုံး အပင်ပဲ... သူ့ကို ယှဉ်နိုင်တာ တစ်ခုမှ မရှိဘူး..."

နောက်ဆုံး ရလဒ်မှာ ဒိုဒိုလာ၏ ခန့်မှန်းချက်မှ သွေဖယ်မသွားခဲ့ချေ။ ဆယ်မိနစ်ခန့် အကြာတွင် လောကတစ်ဝက် အတွင်းရှိ အပင်များအားလုံး လုံးဝ ညှိုးနွမ်းခြောက်သွေ့သွားကြလေသည်။

လွင်ပြင်များ၊ သစ်တောများနှင့် ချုံပုတ်များ။ သာမန်အပင်များ၊ အသက်သစ်ပင်များနှင့် အပင်အမျိုးအစား မှော်သားရဲများ။ အားလုံး၏ အသက်စွမ်းအင်များမှာ လုံးဝ စုပ်ယူခံလိုက်ရလေသည်။

သက်ဝင်လှုပ်ရှားကာ စိမ်းလန်းစိုပြည်နေခဲ့သော အထပ် ၉၅ လောကတစ်ဝက်သည် သေမင်းတမန် နယ်မြေတစ်ခုအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီး ရွှေရောင်သစ်ပင်ငယ်လေး တစ်ပင်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့တော့သည်။

ထိုမျှလောက် များပြားလှသော အပင်သက်ရှိများ၏ အသက်စွမ်းအင်များကို စုပ်ယူထားသည့်တိုင် ၎င်းမှာ မည်သည့် ပြောင်းလဲမှုမျှ မရှိခဲ့ချေ။ အရပ်ပိုရှည်မလာခဲ့ပေ။ အဖူးသစ်လေးများလည်း ထွက်မလာခဲ့ပေ။

အသက်စွမ်းအင်များလည်း ပိုမို ပြင်းထန်လာခြင်း မရှိချေ။ အရင်ကနှင့် မည်သည့် ကွာခြားချက်မျှ မရှိပေ။

"ဒါက တကယ်ကို ဘယ်လို မိစ္ဆာကောင်ကြီးလဲ..."

ရှေးစကားတွင် ထမင်းစားလျှင် အိမ်သာတက်ရမည်၊ ရေသောက်လျှင် ဆီးသွားရမည်ဟု ဆိုကြသည်။ သာမန် မြက်ပင်လေးတစ်ပင်ပင်လျှင် ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီးနောက် အောက်ဆီဂျင်ကို ပြန်လည် ထုတ်လွှတ်ပေးနိုင်သေးသည်။

သို့သော် ဤရွှေရောင်သစ်ပင်ငယ်လေးမှာမူ အနည်းငယ်မျှပင် ပြောင်းလဲမှု မရှိသည်ကို မည်သူက ယုံကြည်နိုင်မည်နည်း။

"သူ့ရဲ့ အစာစားနိုင်စွမ်းက အရမ်းများလွန်းလို့ ဒီလောက် အသက်စွမ်းအင်လေးက သူ့ကို ဗိုက်မဝစေတာများလား..."

မုန်လဲ့၏ ခေါင်းထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာသဖြင့် နတ်ဘုရားတစ်ပါး၏ အလောင်းတစ်ခုကို ထုတ်ယူကာ ရွှေရောင်သစ်ပင်ငယ်လေး အရှေ့သို့ ပစ်ချပေးလိုက်လေသည်။

ထိုနတ်ဘုရားအလောင်းတွင် ပါဝင်နေသော အသက်စွမ်းအင်များမှာ သံသယဝင်စရာ မလိုလောက်အောင်ပင် ပြင်းထန်လှသည်။

လောကတစ်ဝက်လုံးရှိ အပင်များအားလုံး ပေါင်းလိုက်လျှင်ပင် ၎င်း၏ အသက်စွမ်းအင်လောက် ပြင်းထန်မည် မဟုတ်ချေ။

ရွှေရောင်သစ်ပင်ငယ်လေးသည် မုန်လဲ့၏ မျှော်လင့်ချက်ကို အချည်းနှီး မဖြစ်စေခဲ့ပေ။ မည်သို့ ပြုလုပ်လိုက်သည်တော့ မသိသော်လည်း နတ်ဘုရားအလောင်းထဲရှိ အသက်စွမ်းအင်များမှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် စီးထွက်သွားလေသည်။

မူလက ပြည့်ဖြိုးနေသော နတ်ဘုရားအလောင်းမှာ မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပိန်ချုံးသွားပြီး နှစ်မိနစ်ခန့် အကြာတွင် ထိုနတ်ဘုရားအလောင်းမှာ ခြောက်သွေ့နေသော အရိုးစုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဤနတ်ဘုရားအလောင်းကို စုပ်ယူပြီးနောက် ရွှေရောင်သစ်ပင်ငယ်လေးတွင် နောက်ဆုံး၌ အနည်းငယ်မျှသော ပြောင်းလဲမှုလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

၎င်း၏ သစ်ကိုင်းလေးတစ်ခုပေါ်တွင် သေးငယ်သော အဖူးသစ်လေးတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။ ထိုအဖူးလေးမှာ ကြည်လင်တောက်ပနေပြီး အလွန်ပင် နုနယ်လှပနေလေသည်။

ထိုအဖူးသစ်လေးကို မြင်သောအခါ မုန်လဲ့နှင့် ဒိုဒိုလာတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဘာပြောရမှန်းပင် မသိအောင် ဖြစ်သွားကြသည်။

လောကတစ်ဝက်လုံးရှိ အပင်များအားလုံးကို စုပ်ယူခဲ့ပြီး နတ်ဘုရားအလောင်း တစ်လောင်းကိုပါ စုပ်ယူခဲ့သည့်တိုင် အဖူးလေး တစ်ဖူးသာ ထွက်လာခဲ့သည်တဲ့လော။ ဤအပင်လောက် ကြီးထွားမှု နှေးကွေးသော အပင်မျိုး ရှိပါဦးမည်လော။

"သူက ဘယ်လို နောက်ခံသမိုင်းကြောင်းမျိုး ရှိလဲဆိုတာတော့ မသိပေမယ့်... သူရဲ့ နောက်ခံသမိုင်းက သေချာပေါက် အရမ်းကို အံ့ဩစရာကောင်းမှာပဲ... မူလနတ်ဘုရားသစ်ပင် ငါးပင်ထက်တောင် ပိုပြီး ထူးဆန်းနိုင်သေးတယ်..."

ဒိုဒိုလာ၏ မျက်လုံးများ တောက်ပနေလေသည်။

"ဒီလောက် ကြောက်စရာကောင်းတဲ့ အစာစားနိုင်စွမ်းကို ကြည့်ရုံနဲ့တင် သက်တမ်းရင့် အသက်သစ်ပင်ထက် အများကြီး ပိုသာနေပြီလေ..."

"ဟုတ်တာပေါ့..."

မုန်လဲ့သည် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ သတ္တဝါများ ပို၍ အစွမ်းထက်လေလေ အစာစားနိုင်စွမ်း ပို၍ကြီးမားလေလေ ဖြစ်သည်။

သာမန်လူများနှင့် နတ်ဘုရားများကဲ့သို့ပင် ဖြစ်သည်။ သာမန်လူတစ်ယောက်သည် နွားတစ်ကောင်ကို စားလိုက်ပါက အစာအိမ်ကွဲ၍ သေဆုံးသွားနိုင်သော်လည်း နတ်ဘုရားတစ်ပါးက နွားတစ်ကောင်ကို စားလိုက်လျှင် မည်သည့်အရာမျှ ဖြစ်ပေါ်လာမည် မဟုတ်ပေ။

နတ်ဘုရားများ၏ အစာခြေနိုင်စွမ်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့သည် စားနေရင်းနှင့် တစ်ပြိုင်နက် အစာခြေဖျက်နိုင်ကြသည်။

နွားတစ်ကောင်ကို စားပြီးသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် အစာခြေဖျက်ပြီးသား ဖြစ်သွားလေသည်။ နတ်ဘုရားများသာ ဆန္ဒရှိပါက နွားတစ်သောင်းကိုပင် အလွယ်တကူ စားသောက်နိုင်စွမ်း ရှိလေသည်။

"သေချာလေး ပျိုးထောင်ပါ... ဒီရွှေရောင်သစ်ပင်လေးက မင်းကို သေချာပေါက် အံ့ဩစရာတွေ ယူဆောင်လာပေးမှာပါ…”

All Chapters