← Chapters

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း ၃၀၆။ နတ်ဘုရားခန္ဓာကိုယ် ကြီးထွားလာခြင်းနှင့် အမြင့် ကျန်းလေးသိန်း

ကောင်းကင်ယံတိုက်ကြီးနှင့် အလွန်ဝေးကွာသော နေရာရှိ လျှို့ဝှက် နတ်ဘုရားနိုင်ငံတော် တစ်ခုအတွင်းတွင် နဂါးနတ်ဘုရားက ရိုသေစွာ ဒူးထောက် ခစားနေလေသည်။

သူ၏အရှေ့ရှိ နတ်ဘုရားပလ္လင်ပေါ်တွင် အမည်းရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသော လူလတ်ပိုင်း တစ်ဦးက တင်ပျဉ်ခွေ ထိုင်နေလေသည်။

"အောက်လောကမှာ လှည့်လည်နေတဲ့ အဆင့်နိမ့် မျိုးနွယ်ဝင်..."

အမည်းရောင်ဝတ်ရုံနှင့် လူလတ်ပိုင်း၏ အသံမှာ ခေါင်းလောင်းကြီး တစ်လုံး ထိုးခတ်လိုက်သကဲ့သို့ ကျယ်လောင်လှပြီး အဆုံးအစမရှိသော ဩဇာအာဏာများ ပါဝင်နေလေသည်။

"မင်း အရင်က တင်ပြခဲ့တဲ့ သတင်းက အမှန်ပဲလား ဆိုတာ ငါ မေးမယ်..."

"သခင်ကြီး... ကျွန်တော်မျိုး ပြောတဲ့အထဲမှာ လိမ်ညာတဲ့ စကား တစ်ခွန်း ပါခဲ့ရင် ငရဲဘုံကို ကျရောက်ပြီး တစ်သက်လုံး ပြန်လည် ဝင်စားခွင့် မရပါစေသားလို့ ကျိန်ဆိုဝံ့ပါတယ်..."

နဂါးနတ်ဘုရားက အလျင်အမြန် ကျိန်ဆိုလိုက်ပြီး "အဲဒီ မျှော်စင်ကြီးက အထပ် ၁၀၀ ရှိပြီး အချိန်ကာလကို ပြောင်းပြန်လှည့်နိုင်စွမ်း ရှိပါတယ်... ကောလာဟလတွေထဲက အချိန်ကာလ မျှော်စင်နဲ့ တစ်ပုံစံတည်း ပါပဲ" ဟု ပြန်လည် ဖြေကြားလိုက်သည်။

"အရမ်း ကောင်းတယ်"

အမည်းရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ "မင်းရဲ့ သတင်းကသာ အမှန်ဆိုရင် မင်းကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံပေးမယ်... ပြီးတော့ ဆုလာဘ် အနေနဲ့ ရုပ်ဝတ္ထုလောက အခု ၂၀ ကိုပါ ပေးသနားမယ်"

"ကျေးဇူးတင်ပါတယ် သခင်ကြီး... အာ... မဟုတ်ဘူး... ကျေးဇူးတင်ပါတယ် ဆရာ... ကျေးဇူးတင်ပါတယ် ဆရာ"

နဂါးနတ်ဘုရား အလွန် ဝမ်းသာသွားပြီး အဆက်မပြတ် ဦးညွှတ်လိုက်လေသည်။

"ဒါက လေဟာနယ် နေရာရွှေ့ပြောင်းရေး ပို့ဆောင်ရေး မှော်အစီအရင် တည်ဆောက်တဲ့ နည်းလမ်းပဲ"

အမည်းရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းက လေထဲသို့ လက်ညှိုးတစ်ချက် ထိုးလိုက်ရာ ရွှေရောင် အလင်းတန်း တစ်ခုက နဂါးနတ်ဘုရား၏ မျက်ခုံးကြားသို့ ဝင်ရောက်သွားလေသည်။

"ဒီနည်းလမ်းအတိုင်း လေဟာနယ် နေရာရွှေ့ပြောင်းရေး ပို့ဆောင်ရေး မှော်အစီအရင်ကို အတိုတောင်းဆုံး အချိန်အတွင်း တည်ဆောက်ပြီး ငါ ဆင်းလာမယ့် အချိန်ကို စောင့်ကြိုနေလိုက်"

"ဟုတ်ကဲ့ပါ ဆရာ" နဂါးနတ်ဘုရားက အဆက်မပြတ် ဖြေကြားလိုက်လေသည်။

"အင်း..."

အမည်းရောင်ဝတ်ရုံနှင့် လူလတ်ပိုင်း၏ ပုံရိပ်မှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

နဂါးနတ်ဘုရားက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး ပြန်လည် ဟာလာဟင်းလင်း ဖြစ်သွားသော နတ်ဘုရားပလ္လင်ကို ကြည့်ကာ ကောင်းကင်သို့ မော့၍ အသံကုန် ရယ်မောလိုက်လေသည်။

"အောက်တန်းကျတဲ့ သေနာကောင်... ဒီတစ်ခါ မင်း ဘယ်လို သေမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

နဂါးနတ်ဘုရား၏ မျက်လုံးများထဲတွင် ကျေနပ်မှုများ ပြည့်နှက်နေလေသည်။

"အချိန်ကာလ မျှော်စင်ကို ငါ မရနိုင်ရင် မင်းလည်း လုံးဝ ရမှာ မဟုတ်ဘူး... မင်း ငါ့ရှေ့မှာ သေသွားတာကို ငါ ကိုယ်တိုင် မျက်စိနဲ့တပ်အပ် ကြည့်နေမယ်..."

...

နဂါးနတ်ဘုရား၏ နတ်ဘုရားနိုင်ငံတော်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို မုန်လဲ့ လုံးဝ မသိရှိခဲ့ပေ။ ယခုအချိန်တွင် သူ၏ စိတ်အာရုံ အားလုံးက သူ့ရှေ့ရှိ တိုက်တန် သွေးအနှစ် ထံတွင်သာ အပြည့်အဝ အာရုံစိုက်နေလေသည်။

"သွေးအနှစ် တစ်စက်တည်းကနေ ဒီလောက် ကြောက်စရာကောင်းတဲ့ ဖိအားကို ထုတ်လွှတ်နေတယ် ဆိုတော့... ဒါက သေချာပေါက် တိုက်တန် ဘုရင်ရဲ့ သွေးအနှစ်ပဲ... ဒါမှမဟုတ်... အဲဒီထက်တောင် ပိုအစွမ်းထက်နိုင်သေးတယ်" မုန်လဲ့ တိုးတိုးလေး ရေရွတ်လိုက်သည်။

တိုက်တန် ဘုရင် ဆိုသည်မှာ အဘယ်နည်း။

တိုက်တန် နတ်ဘုရား မျိုးနွယ်စု ဆိုသည်မှာ ကျယ်ပြောလှသော လေဟာနယ်ကြီးတွင် ကြီးစိုးနေသော အစွမ်းထက်သည့် နတ်ဘုရား မျိုးနွယ်စု တစ်ခု ဖြစ်ပြီး မျိုးနွယ်စု အတွင်း၌ အစွမ်းထက်သူများ အမြောက်အမြား ရှိလေသည်။

အတိအကျ ပြောရလျှင် အဆင့် သုံးဆင့် ခွဲခြားထားလေသည်။ မြေကမ္ဘာ တိုက်တန်၊ ကောင်းကင် တိုက်တန် နှင့် တိုက်တန် ဘုရင် တို့ပင် ဖြစ်သည်။

မြေကမ္ဘာ တိုက်တန် သည် အဆင့်နိမ့် နတ်ဘုရားနှင့် ညီမျှသည်။

ကောင်းကင် တိုက်တန် သည် အလယ်အလတ် နတ်ဘုရားနှင့် ညီမျှသည်။

တိုက်တန် ဘုရင် သည် အဆင့်မြင့် နတ်ဘုရားနှင့် ညီမျှသည်။

အဆင့်နိမ့် နတ်ဘုရား အဆင့် အောက်တွင် ရှိသော တိုက်တန်များမှာမူ တိုက်တန် နတ်ဘုရား မျိုးနွယ်စု၏ သွေးမျိုးဆက်ကိုပင် မနှိုးဆွရသေးသဖြင့် တိုက်တန် နတ်ဘုရား မျိုးနွယ်စုဝင်ဟု သတ်မှတ်၍ မရနိုင်ပေ။

တိုက်တန် ဘုရင်၏ သွေးအနှစ် ဆိုသည်မှာ အဆင့်မြင့် နတ်ဘုရား တစ်ပါးနှင့် ညီမျှသော တိုက်တန် သွေးအနှစ်ပင် ဖြစ်လေသည်။

အဆင့်မြင့် နတ်ဘုရား ဆိုသည်မှာ အလယ်အလတ် နတ်ဘုရားနှင့် အဆင့် တစ်ဆင့်သာ ကွာခြားသည်ဟု ထင်ရသော်လည်း သူတို့ နှစ်ယောက်၏ စွမ်းအား ကွာဟချက်မှာ မိုးနှင့်မြေ ကဲ့သို့ ကွာခြားလှပေသည်။

အဆင့်မြင့် နတ်ဘုရား၏ သွေးအနှစ်မှာ သေချာပေါက် အလွန် တန်ဖိုးကြီးမားလှသော်လည်း သာမန် အဆင့်မြင့် နတ်ဘုရား တစ်ပါး၏ သွေးအနှစ်မှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားမျိုး လုံးဝ မရှိနိုင်ပေ။

မုန်လဲ့ ရဲရဲတင်းတင်း ခန့်မှန်းလိုက်သည်မှာ ဤသွေးအနှစ်၏ ပိုင်ရှင်မှာ သေချာပေါက် သာမန် တိုက်တန် ဘုရင် တစ်ပါး မဟုတ်နိုင်ကြောင်းပင်။

"ပြိုင်ဘက်ကင်း တိုက်တန် ဘုရင်ရဲ့ သွေးအနှစ် တောင် ဖြစ်နိုင်သေးတယ်" မုန်လဲ့က မနေနိုင်ဘဲ နှုတ်ခမ်းများကို သပ်လိုက်မိသည်။

ပြိုင်ဘက်ကင်း တိုက်တန် ဘုရင် ဆိုသည်မှာ တိုက်တန် ဘုရင်များထဲတွင် လုံးဝ ပြိုင်ဘက်ကင်းသော တည်ရှိမှု ဖြစ်ပြီး စုံလင်သည့် အဆင့်မြင့် နတ်ဘုရားနှင့် ညီမျှလေသည်။

တိုက်တန် နတ်ဘုရား မျိုးနွယ်စုတွင် သန်းနှင့်ချီသော တိုက်တန် ဘုရင်များ ရှိသော်လည်း ပြိုင်ဘက်ကင်း တိုက်တန် ဘုရင် ဆိုသည်မှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှပေသည်။

"ငါ့ဆီမှာ လက်တစ်ရာ တိုက်တန် သွေးမျိုးဆက် ရှိနေတယ်... ဒီတိုက်တန် သွေးအနှစ်ကို ပေါင်းစပ်လိုက်ရင် နတ်ဘုရား ခန္ဓာကိုယ်က သေချာပေါက် အများကြီး တိုးတက်လာမှာပဲ"

ထိုသို့ တွေးမိသည်နှင့် မုန်လဲ့က ပြတ်သားစွာ အမိန့်ပေးလိုက်လေသည်။ "စနစ်... တိုက်တန် သွေးအနှစ်ကို ပေါင်းစပ်မယ်"

ဝုန်း...

တိုက်တန် သွေးအနှစ်မှာ ချက်ချင်း ပြန့်နှံ့သွားပြီး ပါးလွှာသော သွေးဖုံးလွှမ်းမှုလေး တစ်ခု အဖြစ် ပြောင်းလဲသွားကာ မုန်လဲ့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီးနောက် မုန်လဲ့၏ ခန္ဓာကိုယ် အတွင်းသို့ စိမ့်ဝင်သွားလေသည်။

"ဝုန်း"

မုန်လဲ့၏ ခန္ဓာကိုယ် အတွင်းရှိ လက်တစ်ရာ တိုက်တန် သွေးမျိုးဆက်မှာ ချက်ချင်း ရူးသွပ်စွာ ဆူပွက်လာပြီး ဆဲလ်တစ်ခုစီတိုင်းက လက်တွေ ခြေတွေ ဆန့်ထုတ်ကာ တိုက်တန် သွေးအနှစ်ကို အလုအယက် မျိုချနေကြလေသည်။

လက်တစ်ရာ တိုက်တန် သွေးမျိုးဆက် နှိုးဆွခံလိုက်ရပြီး မုန်လဲ့မှာ လက်တစ်ရာ တိုက်တန် တစ်ကောင် အဖြစ် ပြောင်းလဲသွားကာ တစ်ကိုယ်လုံးရှိ သွေးကြောများမှာ အပြင်သို့ ဖောင်းကြွလာပြီး အရေပြားပေါ်တွင် တီကောင်များ ကပ်နေသကဲ့သို့ ဖြစ်နေလေသည်။

မုန်လဲ့ ခံစားသိရှိနိုင်သည်မှာ အဆက်မပြတ် ဝင်ရောက်လာသော သန့်စင်သည့် စွမ်းအင်များက ဆဲလ်များ၏ နက်ရှိုင်းသော နေရာများအထိ ဝင်ရောက်သွားပြီး ဆဲလ်တစ်ခုစီတိုင်းကို ပိုမို အားကောင်းလာစေကာ လက်တစ်ရာ တိုက်တန် သွေးမျိုးဆက်ကိုလည်း ပိုမို ခိုင်မာလာစေခြင်းပင်။

ဆဲလ်တစ်ခုစီက လျင်မြန်စွာ ကွဲထွက်ပြီး ပွားများလာကြသည်။

လက်တစ်ရာ တိုက်တန် သွေးမျိုးဆက်လေးများကလည်း လျင်မြန်စွာ ကြီးထွားလာကြလေသည်။

တစ်ချိန်တည်းမှာပင် မုန်လဲ့၏ နတ်ဘုရား ခန္ဓာကိုယ်မှာ လေထိုးထားသော ပူဖောင်းတစ်လုံးအလား တဖြည်းဖြည်း ကြီးထွားလာလေသည်။

ကျန်း ၅၀၀၊ ကျန်း ၁၀၀၀၊ ကျန်း ၅၀၀၀...

ကျန်း ၁၀၀၀၀၊ ကျန်း ၅၀၀၀၀၊ ကျန်း ၁၀၀၀၀၀...

"ဝုန်း"

အလွန် ကြမ်းတမ်းပြီး ကျယ်ပြောလှသော ဖိအားကြီး တစ်ခုက မုန်လဲ့ ရှိနေသော နန်းဆောင် အတွင်းမှ ပျံ့နှံ့လာပြီး နန်းတော် အတွင်းတွင် ဧရာမ ဟာရီကိန်း မုန်တိုင်းကြီး တစ်ခုကို ဖြစ်ပေါ်စေလေသည်။

နန်းဆောင်များ ပျက်စီးသွားပြီး နန်းတော် အတွင်းရှိ အိမ်စေများ၊ မိန်းမငယ်များမှာ လေထဲရှိ သစ်ရွက်လေးများအလား ချက်ချင်း လွင့်စင်သွားကြလေသည်။

အုပ်ချုပ်ရေး ကိစ္စများကို လုပ်ဆောင်နေသော ပူဟာမန် တို့ပင်လျှင် မြေပြင်ပေါ်သို့ ချက်ချင်း ဖိချခံလိုက်ရပြီး နန်းတော် အလယ်ဗဟိုရှိ ထိုတိုက်တန်ကြီးကို အလွန် ကြောက်လန့်တကြား ကြည့်နေကြလေသည်။

"ဘယ်လောက်တောင်... ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဖိအားကြီးလဲ"

"သခင်က ထပ်ပြီး အဆင့်တက်သွားပြန်တာလား"

"ဖြစ်... ဖြစ်နိုင်တယ်"

"ဘုရားရေ... သခင်က အလယ်အလတ် နတ်ဘုရား ဖြစ်နေပြီလေ... အခု အဆင့်မြင့် နတ်ဘုရား အဆင့်ကိုတောင် ရောက်တော့မှာလား"

ပူဟာမန်တို့ အားလုံး အလွန် အံ့အားသင့်နေကြလေသည်။

အရင်က မုန်လဲ့က အမှောင် မိစ္ဆာနဂါးကို သတ်ဖြတ်တုန်းက အလယ်အလတ် နတ်ဘုရား အဆင့်နဲ့ ညီမျှတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကို ပြသခဲ့ပြီးပြီ။

အခု... ထပ်ပြီး အဆင့်တက်ဦးမှာလား။ ဒီလို တိုးတက်တဲ့ အမြန်နှုန်းက ဘယ်လောက်တောင် မြန်ဆန်လွန်းနေတာလဲ။

ကျန်း ၂ သိန်း၊ ကျန်း ၃ သိန်း၊ ကျန်း ၄ သိန်း...

မုန်လဲ့၏ ခန္ဓာကိုယ် အရွယ်အစားက ကျန်း လေးသိန်း အထိ ရောက်ရှိလာသောအခါ ကြီးထွားလာသော အရှိန်မှာ တဖြည်းဖြည်း နှေးကွေးသွားလေသည်။

ယခုအချိန်တွင် သူသည် ကောင်းကင်နှင့် မြေကြီးကို ထောက်မထားသော တိုက်တန်ကြီး တစ်ကောင်အလား ကောင်းကင်နှင့် မြေကြီး ကြားတွင် မားမားမတ်မတ် ရပ်တည်နေပြီး မရေမတွက်နိုင်သော လူများကို အလွန် အံ့အားသင့်သွားစေလေသည်။

ကျန်း လေးသိန်း ဆိုတာ ဘယ်လောက် မြင့်သလဲ။

တစ်ကျန်း ကို သုံးမီတာ ရှိပြီး ကျန်း လေးသိန်း ဆိုလျှင် မီတာ ၁.၂ သန်း ရှိကာ ကီလိုမီတာ ၁၂၀၀ နှင့် ညီမျှလေသည်။

ဧဝရတ်တောင် က ဘယ်လောက် မြင့်သလဲ။

၈.၈ ကီလိုမီတာ ပဲ ရှိတာ။

မုန်လဲ့၏ ခြေဖဝါးကပင် ဧဝရတ်တောင် ထက် ပိုမြင့်နေသေးသည်။ ယခုအချိန်တွင် မုန်လဲ့က ဘယ်လောက်တောင် မြင့်မားနေမလဲ ဆိုတာကို ခန့်မှန်းကြည့်၍ ရနိုင်လေသည်။

ထို့ကြောင့် ကောင်းကင်နှင့် မြေကြီး ကြားတွင် မားမားမတ်မတ် ရပ်တည်နေသော မုန်လဲ့ကို နဂါးနတ်ဘုရား အင်ပါယာမှ လူများသာမက တိုက်တန် အင်ပါယာ၊ သားရဲနတ်ဘုရား အင်ပါယာ၊ အယ်လ်ဖ် အင်ပါယာမှ ပြည်သူများ အားလုံး မြင်တွေ့လိုက်ကြရလေသည်။

"မုန်လဲ့ နတ်ဘုရား"

"ကြီးမြတ်တဲ့ မုန်လဲ့ နတ်ဘုရားပဲ"

"မုန်လဲ့ နတ်ဘုရား ကိုဦးခိုက်ပါတယ်"

လူများ အားလုံးက မုန်လဲ့ ရှိရာ ဘက်သို့ လှည့်ကာ ဒူးထောက် ဆုတောင်းနေကြပြီး အလွန် ကြည်ညိုနေကြလေသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ"

မုန်လဲ့သည် သူက မည်မျှ ကြီးမားသော ဂယက်ကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်ကို သတိမထားမိပေ။ သူ၏ ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲထွက်လာတော့မည့် စွမ်းအားများကို ခံစားရင်း လေပူတစ်ချက်ကို ရှည်လျားစွာ မှုတ်ထုတ်လိုက်လေသည်။

"ဝုန်း"

မှုတ်ထုတ်လိုက်သော လေပူမှာ ဟိန်းဟောက်နေသော မုန်တိုင်းကြီး တစ်ခု အဖြစ် ပြောင်းလဲသွားပြီး ခမ်းနားထည်ဝါလှသော တောင်ကြီး တစ်တောင်ကို အတိအကျ ဝင်တိုက်မိသွားကာ တောင်ကြီးကို အလယ်မှနေ၍ ချက်ချင်း ပိုင်းဖြတ် ဖျက်ဆီးပစ်လိုက်လေသည်။

"ဒါက အဆင့်မြင့် နတ်ဘုရား အဆင့်ရဲ့ စွမ်းအားလား"

မုန်လဲ့ တိုးတိုးလေး ရေရွတ်လိုက်ပြီး သူကိုယ်တိုင်ပင် လန့်သွားလေသည်။

"မဟုတ်ဘူး... မလုံလောက်သေးဘူး... နည်းနည်း လိုနေသေးတယ်"

ဒိုဒိုလာ၏ အသံ ထွက်ပေါ်လာလေသည်။ "မင်း အဲဒီ တိုက်တန် သွေးအနှစ်ကို ဘယ်က ရလာလဲ ဆိုတာကိုတော့ ငါ မသိဘူး... ဒါပေမဲ့ တိုက်တန် သွေးအနှစ်ကို ပေါင်းစပ်ပြီးတဲ့ နောက်မှာ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အလယ်အလတ် နတ်ဘုရား အဆင့်ရဲ့ အထွတ်အထိပ်ကိုပဲ ရောက်သွားတာ... အဆင့်မြင့် နတ်ဘုရား အဆင့်ကို ရောက်ဖို့ နည်းနည်း လိုနေသေးတယ်"

"အဆင့်မြင့် နတ်ဘုရား အဆင့်ကို မရောက်သေးဘူးလား"

မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားပြီး "ဒါပေမဲ့ ငါ အခု အရမ်း အစွမ်းထက်နေပြီလို့ ခံစားရတယ်... လက်သီး တစ်ချက်တည်းနဲ့တင် အမှောင် မိစ္ဆာနဂါး၊ မှော်သားရဲ နတ်ဘုရားတို့ကို သေချာပေါက် ကြိတ်ချေပစ်နိုင်တယ်" ဟု ပြန်ပြောလိုက်သည်။

"မရောက်သေးဘူးလို့ ပြောရင် မရောက်သေးတာပေါ့... ငါ့ရဲ့ ဆုံးဖြတ်ချက်ကိုများ သံသယ ဝင်ရဲသေးတယ်ပေါ့"

ဒိုဒိုလာက မုန်လဲ့၏ အရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာပြီး သေးငယ်သော အတောင်ပံလေးများကို ဖြည်းညင်းစွာ ခတ်လိုက်လေသည်။

"ဝုန်း"

ပြင်းထန်လှသော လေပြင်းကြီး တစ်ခု တိုက်ခတ်လာပြီး မုန်လဲ့၏ ရင်ဘတ်ကို ချက်ချင်း ဝင်တိုက်သွားလေသည်။ ထိုအခိုက်အတန့်တွင် မုန်လဲ့သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီး တစ်ခုက သူ၏ ရင်ဘတ်ကို ထိမှန်သွားသည်ဟု ခံစားလိုက်ရပြီး မနေနိုင်ဘဲ ညည်းသံ တစ်ချက် ထွက်သွားကာ နောက်သို့ ယိမ်းယိုင်သွားပြီး ခြေလှမ်း ဆယ်လှမ်းကျော်ခန့် ဆုတ်လိုက်ရမှသာ ရပ်တန့်သွားနိုင်လေသည်။

"ဒိုဒိုလာ... မင်း ဘာလုပ်တာလဲ" မုန်လဲ့ အလွန် ဒေါသထွက်သွားလေသည်။

"ခုနက ငါ သာမန် အဆင့်မြင့် နတ်ဘုရား တစ်ပါးရဲ့ စွမ်းအားကိုပဲ သုံးလိုက်တာ... အဲဒါတောင် မင်း နောက်ဆုတ်သွားရတယ်လေ... မင်းနဲ့ အဆင့်မြင့် နတ်ဘုရား ကြားက ကွာဟချက်ကို နားလည်ပြီလား" ဒိုဒိုလာက အေးဆေးစွာ ပြောလိုက်သည်။

"ငါ တကယ်ပဲ အဆင့်မြင့် နတ်ဘုရား အဆင့်ကို မရောက်သေးဘူးလား"

မုန်လဲ့ ကြောင်အမ်းသွားလေသည်။ ငါ ဒီလောက်တောင် အစွမ်းထက်နေပြီကို။

"အဓိပ္ပာယ် မရှိတာတွေ... တိုက်တန် ဘုရင်တွေရဲ့ အရပ်က ပုံမှန်အားဖြင့် ကျန်း ၅ သိန်း ကနေ စတာလေ... မင်း အရပ်ကို မင်း ပြန်ကြည့်ဦး... ဘယ်လောက် မြင့်လို့လဲ... နည်းနည်း လိုသေးတယ်... နည်းနည်း လိုနေသေးတယ်... နားလည်လား”

All Chapters