အခန်း ၃၁၃
Vol. 32 Ch. 313
အခန်း ၃၁၃။ အလွန် ကြမ်းကြုတ်ရက်စက်ခြင်းနှင့် မဟာမိတ် ဖွဲ့ခြင်း
"လက်တစ်ရာ တိုက်တန်"
"သူက လက်တစ်ရာ တိုက်တန် ဖြစ်နေတာလား"
မုန်လဲ့၏ ပုံစံကို မြင်သောအခါ အမှောင် မိစ္ဆာနဂါး ၄၅ ကောင်သာမက တိုက်ပွဲကို စောင့်ကြည့်နေသော အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းပါ အလွန် အံ့အားသင့်သွားပြီး မျက်လုံးများထဲတွင် အံ့ဩမှုများကို ဖုံးကွယ်မထားနိုင်ပေ။
လက်တစ်ရာ တိုက်တန် ဆိုသည်မှာ တိုက်တန် နတ်ဘုရား မျိုးနွယ်စုတွင် ထူးခြားသော မျိုးကွဲ တစ်မျိုး ဖြစ်ပြီး အလွန် အစွမ်းထက်ကာ တိုက်ခိုက်ရေး စွမ်းအားမှာလည်း အလွန် ကြောက်မက်ဖွယ် ကောင်းသဖြင့် မည်သူမျှ အထင်မသေးရဲပေ။
"တစ်ကောင်ချင်းစီ လာခဲ့... ဘယ်သူမှ ထွက်ပြေးဖို့ မစဉ်းစားနဲ့"
မုန်လဲ့သည် လက်တစ်ရာ တိုက်တန် အဖြစ် ပြောင်းလဲသွားပြီးနောက် စိတ်ပိုင်းဆိုင်ရာတွင်လည်း လက်တစ်ရာ တိုက်တန် သွေးမျိုးဆက်၏ လွှမ်းမိုးမှုကို ခံလိုက်ရကာ မျက်လုံးများ နီရဲလာပြီး အလွန် ကြမ်းကြုတ်ရက်စက်လာလေသည်။
"အားလုံး အတူတူ တိုက်... လက်တစ်ရာ တိုက်တန် ဖြစ်လည်း ဘာဖြစ်လဲ... သူက ကောင်းကင် တိုက်တန် အဆင့်ပဲ ရှိတာလေ"
အမှောင် မိစ္ဆာနဂါး ၄၅ ကောင်မှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် မုန်လဲ့ဆီသို့ အုံနှင့်ကျင်းနှင့် ပြေးဝင်လာကြလေသည်။
သခင်က ပြုစုပျိုးထောင်ထားသော သတ်ဖြတ်ရေး စက်ရုပ်များ ဖြစ်ကြသဖြင့် သူတို့၏ ယုံကြည်ချက်တွင် ကြောက်ရွံ့ခြင်းနှင့် နောက်ဆုတ်ခြင်း ဆိုသည်မှာ လုံးဝ မရှိပေ။
သခင်က ရပ်ခိုင်းသည်အထိ သူတို့ ဘယ်တော့မှ ရပ်တန့်မည် မဟုတ်ဘဲ ရန်သူကို အပိုင်းပိုင်း ဆွဲဖြဲပစ်သည်အထိ တိုက်ခိုက်ကြမည် ဖြစ်လေသည်။
"သတ်..."
မုန်လဲ့က ရှောင်တိမ်းခြင်း လုံးဝ မရှိဘဲ လက် ၁၀၀ လုံးကို ပြိုင်တူ ဆန့်ထုတ်ကာ အမှောင် မိစ္ဆာနဂါး ၄၅ ကောင်ကို ရင်ဆိုင်လိုက်လေသည်။
"ဝုန်း"
နှစ်ဖက်လုံး ပြင်းထန်စွာ ဝင်တိုက်မိကြလေသည်။
အရှိန်အဝါကို ကြည့်မည် ဆိုပါက အမှောင် မိစ္ဆာနဂါး ၄၅ ကောင်က ပိုမို အစွမ်းထက်နေကြောင်း သိသာလှသည်။
သူတို့ အားလုံးက မိစ္ဆာနတ်ဘုရားများ ဖြစ်ကြပြီး ခန္ဓာကိုယ် အရှည် ကျန်း တစ်သိန်း ရှိကာ အရေအတွက် လည်း အများကြီး သာလွန်နေလေသည်။
သူတို့က မုန်လဲ့ကို ဝိုင်းတိုက်နေသည်မှာ အပြင်ပန်းတွင် ကြည့်မည်ဆိုပါက လူကြီး တစ်အုပ်က ကျောင်းသားလေး တစ်ယောက်ကို ဝိုင်းရိုက်နေသကဲ့သို့ ဖြစ်နေပြီး နှစ်ဖက် စွမ်းအား ကွာဟချက်မှာ အလွန် ကြီးမားလှပေသည်။
သို့သော် နှမြောစရာ ကောင်းသည်မှာ နှစ်ဖက် ဝင်တိုက်မိသွားသောအခါ တိုက်ပွဲ အခြေအနေမှာ လုံးဝ တစ်မျိုး ဖြစ်သွားလေသည်။
မုန်လဲ့က ၁ ယောက်တည်းနှင့် ၄၅ ကောင်ကို ရင်ဆိုင်နေရသော်လည်း အမှောင် မိစ္ဆာနဂါး ၄၅ ကောင်ကို လုံးဝ ဖိနှိပ်ထားနိုင်ပြီး ထုရိုက်ကာ၊ ဖမ်းဆုပ်ကာ ဖြင့် တိုက်ခိုက်နေလေသည်။
လက်သီး တစ်ချက်တည်းဖြင့် အမှောင် မိစ္ဆာနဂါး ၏ ခေါင်းကို ဖောက်ခွဲပစ်သည်။
လက်တစ်ဖက်တည်းဖြင့် အမှောင် မိစ္ဆာနဂါး ၏ လည်ပင်းကို လိမ်ချိုးပစ်သည်။
လက်တစ်ဖက်တည်းဖြင့် အမှောင် မိစ္ဆာနဂါး ကို ထက်ပိုင်း ပြတ်အောင် ဆွဲဖြဲပစ်သည်။
ဘာကို ဖိနှိပ်တာလဲ ဆိုတာ သိလား ….ဒါက ဖိနှိပ်တာပဲ။
ဘာကို သတ်ဖြတ်တာလဲ ဆိုတာ သိလား ဒါက သတ်ဖြတ်တာပဲ။
ဘာကို ဝိုင်းတိုက်တာလဲ ဆိုတာ သိလား…ဒါက ဝိုင်းတိုက်တာပဲ။
မုန်လဲ့ တစ်ယောက်တည်းက အမှောင် မိစ္ဆာနဂါး ၄၅ ကောင်ကို ဖိနှိပ်နေတာပဲ။
မုန်လဲ့ တစ်ယောက်တည်းက အမှောင် မိစ္ဆာနဂါး ၄၅ ကောင်ကို သတ်ဖြတ်နေတာပဲ။
မုန်လဲ့ တစ်ယောက်တည်းက အမှောင် မိစ္ဆာနဂါး ၄၅ ကောင်ကို ဝိုင်းတိုက်နေတာပဲ။
"အား..."
"အား..."
"အား..."
တစ်ခဏအတွင်းမှာပင် အမှောင် မိစ္ဆာနဂါး များမှာ ရေနွေးအိုးထဲ ကျသွားသော ဖက်ထုပ်များအလား အဆက်မပြတ် အော်ဟစ်ကာ ကောင်းကင်ယံမှ မြေပြင်သို့ ပြုတ်ကျလာကြလေသည်။
ကံဆိုးသော အကောင်များမှာ ခေါင်း ကွဲအက်ကာ ချက်ချင်း သေဆုံးသွားကြပြီး ကံကောင်းသော အကောင်များမှာ အတောင်ပံများ ပြတ်ထွက်သွားကာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြလေသည်။
တစ်ခဏအတွင်းမှာပင် နဂါး သွေးများ ပန်းထွက်လာပြီး လေဟာနယ် တစ်ခုလုံး သွေးစွန်းသွားကာ မုန်လဲ့ တစ်ယောက်တည်းသာ ကောင်းကင်ယံတွင် မားမားမတ်မတ် ရပ်တည်နေပြီး တစ်ကိုယ်လုံး သွေးများ ရွှဲနေကာ ငရဲမှ တက်လာသော သေမင်းတမန် တစ်ပါးအလား ဖြစ်နေလေသည်။
"သိမ်းလိုက်"
ရွှမ်း... ရွှမ်း... ရွှမ်း...
မုန်လဲ့က လက်ဝှေ့ယမ်းလိုက်ရာ သေဆုံးသွားသော အမှောင် မိစ္ဆာနဂါး များ အားလုံး ကောင်းကင်ယံတွင် ချက်ချင်း ပျောက်ကွယ်သွားပြီး အမည်းရောင် ဖုံးလွှမ်းနေသော ကောင်းကင်ကြီးမှာလည်း နေရောင်ခြည်များ ပြန်လည် ရရှိလာလေသည်။
မုန်လဲ့ သိမ်းဆည်းပြီးသွားသောအခါ ဒဏ်ရာ အနည်းဆုံး ရရှိထားသော အမှောင် မိစ္ဆာနဂါး ၁၀ ကောင်ခန့်သာ အဝေးသို့ ထွက်ပြေး လွတ်မြောက်သွားပြီး ကျန်ရှိနေသော အကောင်များ အားလုံးမှာ မုန်လဲ့၏ သိမ်းဆည်းခြင်းကို ခံလိုက်ရလေသည်။
"မိစ္ဆာ... သူက မိစ္ဆာပဲ"
ထို အမှောင် မိစ္ဆာနဂါး ၁၀ ကောင်မှာ အလွန် ကြောက်လန့်နေကြပြီး ကြောက်ရွံ့မှုများက သူတို့ကို လုံးဝ လွှမ်းခြုံထားကာ တိုက်ခိုက်လိုစိတ် အနည်းငယ်မျှပင် မရှိတော့ပေ။
"ပြေးမယ်... ပြေးလို့ လွတ်မယ် ထင်နေတာလား"
မုန်လဲ့က နှုတ်ခမ်းထောင့်မှ သွေးများကို လျှာဖြင့် သပ်လိုက်ပြီး နေရာရွှေ့ပြောင်းကာ အမှောင် မိစ္ဆာနဂါး တစ်ကောင်၏ အရှေ့သို့ ရောက်ရှိသွားပြီး သစ်နွယ်ပင် ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာကာ ထိုအမှောင် မိစ္ဆာနဂါး ၏ ခန္ဓာကိုယ် အတွင်းသို့ ချက်ချင်း ဖောက်ထွင်း ဝင်ရောက်သွားပြီး စုပ်ယူနေလေသည်။
"မဟုတ်ဘူး..."
ထိုအမှောင် မိစ္ဆာနဂါးမှာ အလွန် လန့်သွားပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း ဤသစ်နွယ်ပင်များ၏ စုပ်ယူမှုမှ လုံးဝ မလွတ်မြောက်နိုင်ခဲ့ပေ။
နဂါး ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပိန်ချုံးလာပြီး နောက်ဆုံးတွင် အရိုးစု တစ်ခု အဖြစ် ပြောင်းလဲသွားမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။
"ဟူး..."
ပိုမို ပြင်းထန်လာသော အသက်စွမ်းအင်များကို ခံစားရင်း မုန်လဲ့က လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး နောက်ထပ် အမှောင် မိစ္ဆာနဂါး တစ်ကောင်ကို ကြည့်ကာ "မလုံလောက်သေးဘူး... ထပ်လာခဲ့" ဟု ပြောလိုက်သည်။
"မလာနဲ့... မလာနဲ့"
မုန်လဲ့၏ အကြည့်ကို ခံစားမိသောအခါ ထိုအမှောင် မိစ္ဆာနဂါးမှာ အလွန် လန့်သွားပြီး အဆက်မပြတ် နောက်ဆုတ်နေလေသည်။ သို့သော် ဤလောက အတွင်းတွင် ရှိနေသဖြင့် သူ ဘယ်လို လုပ် ထွက်ပြေး လွတ်မြောက်နိုင်မည်နည်း။
မုန်လဲ့က နေရာရွှေ့ပြောင်းကာ ရောက်ရှိသွားပြီး ထပ်မံ စုပ်ယူလိုက်ရာ စက္ကန့် ၃၀ ခန့် အကြာတွင် နောက်ထပ် အရိုးစု တစ်ခု ထပ်မံ တိုးလာလေသည်။
ရွှမ်း... ရွှမ်း... ရွှမ်း...
ထိုသို့ဖြင့် မုန်လဲ့သည် ရူးသွပ်စွာ စုပ်ယူနေခဲ့ရာ အမှောင် မိစ္ဆာနဂါး များ တစ်ကောင်ပြီး တစ်ကောင် အရိုးစုများ အဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အားလုံး အရိုးစုများ အဖြစ် ပြောင်းလဲသွားလေသည်။
"ဟူး... နေလို့ကောင်းလိုက်တာ"
မုန်လဲ့က သက်ပြင်းချလိုက်ပြီး ခန္ဓာကိုယ် နေရာတိုင်းသို့ ပျံ့နှံ့သွားသော နွေးထွေးသည့် ခံစားချက်နှင့် ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ်လာသော အဆုံးအစမရှိသည့် စွမ်းအားများကို အပြည့်အဝ ခံစားနေလေသည်။
သို့သော် နှမြောစရာ ကောင်းသည်မှာ နတ်ဘုရား ခန္ဓာကိုယ်က အဆင့်တက်မည့် အရိပ်အယောင် လုံးဝ မရှိဘဲ ဤမျှ များပြားလှသော အမှောင် မိစ္ဆာနဂါး များကို စုပ်ယူလိုက်သော်လည်း နောက်ဆုံး အဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ပေ။
မုန်လဲ့က မလောပါဘူး... အချိန်ကာလ မျှော်စင်ထဲမှာ အမှောင် မိစ္ဆာနဂါး အလောင်း အခု ၃၀ ကျော် ရှိသေးတယ်လေ... အဲဒါတွေ အကုန်လုံးကို စုပ်ယူပြီးရင် အရေအတွက် ကနေ အရည်အသွေး ပြောင်းလဲသွားနိုင်မယ်လို့ သူ ယုံကြည်လေသည်။
ယခုအချိန်တွင် မှောင်မိုက်နေသော ကောင်းကင်ကြီးမှာ ပြန်လည် လင်းလင်းလာပြီး လူများ အားလုံးက ကောင်းကင်ယံတွင် မားမားမတ်မတ် ရပ်တည်နေသော ခမ်းနားထည်ဝါသည့် ပုံရိပ်ကြီးကို ကြည့်ကာ ခံစားချက်များကတော့ လုံးဝ ကွဲပြားခြားနားနေလေသည်။
"နိုင်ပြီ"
"မုန်လဲ့ နတ်ဘုရား နိုင်သွားပြီ"
"အမြင့်မြတ်ဆုံး ဖြစ်တဲ့ မုန်လဲ့ နတ်ဘုရား... ကိုယ်တော်ကို ချီးမွမ်းပါတယ်... ကိုယ်တော်က ယုတ်မာတဲ့ ဧရာမ နဂါးတွေကို အနိုင်ယူလိုက်ပြီ"
မြို့တော် အတွင်းရှိ ပြည်သူများ အားလုံး ဝမ်းသာအားရ အော်ဟစ်နေကြပြီး မုန်လဲ့၏ နာမည်ကို အသံကုန် အော်ဟစ်ကာ မုန်လဲ့ အပေါ် ယုံကြည်မှုများက အရင်ကထက် ပိုမို ပြင်းထန်လာလေသည်။
အရင်က မုန်လဲ့ကို မယုံကြည်ခဲ့သူများပင် ဤအချိန်တွင် မုန်လဲ့ကို စတင် ယုံကြည်လာကြလေသည်။
အခြား တစ်ဖက်တွင်တော့ ဆာနီရယ်၊ ဆာလပ်စ်၊ ပင့်ကူ နတ်ဘုရားမ နှင့် အခြား သူများ အားလုံး သက်ပြင်းချလိုက်ကြပြီး မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာကာ "သခင်က တကယ်ပဲ အစွမ်းအထက်ဆုံးပဲ" ဟု ပြောလိုက်ကြသည်။
"ဒီလောကမှာ... သခင်က လုံးဝ ပြိုင်ဘက်ကင်းတယ်... ဘယ်သူမှ သခင်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"
"အရမ်း အစွမ်းထက်တယ်... တကယ်ကို အရမ်း အစွမ်းထက်တယ်... တစ်ယောက်တည်းနဲ့ အမှောင် မိစ္ဆာနဂါး ၄၈ ကောင်ကို ရင်ဆိုင်ပြီး အကုန်လုံးကို သတ်ပစ်နိုင်တယ် ဆိုတော့... ဘယ်လောက်တောင် အစွမ်းထက်သလဲ ဆိုတာ ပြောစရာတောင် မလိုတော့ဘူး"
"ဒီလောက် ကြီးမြတ်တဲ့ သခင့် နောက်ကို လိုက်ခွင့် ရတာ ငါတို့ ဘဝရဲ့ အကြီးမားဆုံး ဂုဏ်ယူစရာပဲ"
"ဟုတ်တာပေါ့... ဂုဏ်ယူစရာပဲ..."
မာနကြီးလှသော ပင့်ကူ နတ်ဘုရားမ ပင်လျှင် ဤအချိန်တွင် လုံးဝ အညံ့ခံသွားပြီး မကျေနပ်မှုများ သို့မဟုတ် အခြားသော အတွေးများ လုံးဝ မရှိတော့ဘဲ မုန်လဲ့ အပေါ်တွင် လေးစားမှုနှင့် ကြည်ညိုမှုများသာ ပြည့်နှက်နေလေသည်။
အဝေးရှိ လေဟာနယ် တွင်တော့ သားရဲနတ်ဘုရား နှင့် တိုက်တန် ဧရာမ နတ်ဘုရား တို့မှာ တိတ်ဆိတ်နေကြပြီး ခုနက အံ့ဩမှုများထဲမှ လုံးဝ ရုန်းမထွက်နိုင်သေးပေ။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သားရဲနတ်ဘုရားက အရင်ဆုံး စကားစပြောလိုက်သည်။ "ခရိုနိုစ်... မင်းသာဆိုရင်... ဒီမိစ္ဆာနတ်ဘုရား တွေကို ဒီလောက် အချိန်တိုလေး အတွင်းမှာ သတ်နိုင်မလား"
တိုက်တန် ဧရာမ နတ်ဘုရားက ပါးစပ်ကို ဟလိုက်ပြီး အချိန်အတော်ကြာမှ မကျေမနပ်ဖြင့် ပြောလိုက်သည်။ "ဝန်မခံချင်ပေမယ့်လည်း... ငါ တကယ်ပဲ အဲဒီလို မလုပ်နိုင်ဘူး"
သားရဲနတ်ဘုရားက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ တိုက်တန် ဧရာမ နတ်ဘုရားသည် အထွတ်အထိပ် အလယ်အလတ် နတ်ဘုရား တစ်ပါး ဖြစ်ပြီး ခွန်အား ကြီးမားကာ တိုက်ခိုက်ရေး စွမ်းအားမှာလည်း ကြောက်မက်ဖွယ် ကောင်းလှသော်လည်း လက်နှစ်ဖက်ဖြင့် လက်လေးဖက်ကို ယှဉ်နိုင်မည် မဟုတ်ပေ။
အမှောင် မိစ္ဆာနဂါး ၅၀ ၏ ဝိုင်းရံ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် တိုက်တန် ဧရာမ နတ်ဘုရားသည် သူတို့ကို အနိုင်ယူနိုင်စွမ်း ရှိသော်လည်း ဤမျှ အချိန်တိုလေး အတွင်းတွင် အကုန်လုံးကို သတ်ဖြတ်နိုင်မည် မဟုတ်ပေ။
"သူ ဘယ်လိုများ လေ့ကျင့်နေတာလဲ မသိဘူး"
တိုက်တန် ဧရာမ နတ်ဘုရားက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး မိမိ အထင်သေးခဲ့သော ပုရွက်ဆိတ် တစ်ကောင်က မိမိထက် ကျော်လွန်သွားသည်ကို မျက်စိဖြင့် တပ်အပ် မြင်တွေ့ရသည်မှာ အလွန် ခံစားရ ခက်လှပေသည်။
"ခရိုနိုစ်... အခု အခြေအနေ အရဆိုရင် ငါတို့ မဟာမိတ် ဖွဲ့ဖို့ လိုအပ်နေပြီ" သားရဲနတ်ဘုရားက သက်ပြင်းချလိုက်ပြီး ရုတ်တရက် ဤစကားကို ပြောလိုက်လေသည်။
"မဟာမိတ် ဖွဲ့မယ်" တိုက်တန် ဧရာမ နတ်ဘုရား အနည်းငယ် ကြောင်အမ်းသွားပြီး "ဟေရမ်... မင်း ဘာပြောချင်တာလဲ" ဟု မေးလိုက်သည်။
"ခရိုနိုစ်... ငါတို့ရဲ့ ယုံကြည်မှု နယ်မြေ တွေက ကောင်းကင်ယံတိုက်ကြီး နဲ့ သိပ်မဝေးဘူး ဆိုတာ မင်း မေ့သွားပြီလား... သူ့ရဲ့ အကျင့်စရိုက် အရဆိုရင်... ငါတို့ကို အလွတ်ပေးမယ်လို့ မင်း ထင်လား" သားရဲနတ်ဘုရားက ဖြည်းညင်းစွာ ပြောလိုက်သည်။
"သူ ရဲရင် စမ်းကြည့်လေ"
တိုက်တန် ဧရာမ နတ်ဘုရားက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး "ငါ့ကို လာထိရဲရင်... ငါ သူ့ကို ဘယ်တော့မှ အလွတ်မပေးဘူး" ဟု ပြောလိုက်သည်။
"ခရိုနိုစ်... အခုက စိတ်လိုက်မာပါ လုပ်ရမယ့် အချိန် မဟုတ်ဘူး"
သားရဲနတ်ဘုရားက ခေါင်းခါလိုက်ပြီး "ငါ တခြား သူတွေကို အထင်မကြီးချင်ပေမယ့်... သူက မင်းနဲ့ ငါ့ထက် အရင် အဆင့်မြင့် နတ်ဘုရား အဆင့်ကို သေချာပေါက် ရောက်သွားလိမ့်မယ်လို့ ငါ ခံစားနေရတယ်... အဲဒီအချိန်ကျရင်... မင်းနဲ့ ငါက အန္တရာယ် ရှိသွားပြီ" ဟု ပြောလိုက်သည်။
တိုက်တန် ဧရာမ နတ်ဘုရား မျက်နှာ အလွန် ပျက်သွားလေသည်။
မုန်လဲ့... အဆင့်မြင့် နတ်ဘုရား ဖြစ်သွားမယ် ဟုတ်လား။