← Chapters

အခန်း ၃၁၅

Vol. 32 Ch. 315

အခန်း ၃၁၅

Vol. 32 Ch. 315

အခန်း ၃၁၅။ အဆုံးအစမရှိသော နောင်တနှင့် အဆင့်မြင့် နတ်ဘုရား အဆင့်သို့ ကျော်ဖြတ်ခြင်း

"အရမ်း အစွမ်းထက်တာပဲ"

"ဒီကောင် ဘယ်ကနေ ထွက်လာတာလဲ... ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ"

"အခု ဘယ်လို လုပ်ကြမလဲ"

ပူဟာမန်၊ ဆာနီရယ်၊ ဂေရန် နှင့် အခြား သူများမှာ ကောင်းကင်ယံရှိ တိုက်ပွဲကို ကြည့်ကာ လူတိုင်း၏ ရင်ထဲတွင် လေးလံနေပြီး မျှော်လင့်ချက်မဲ့မှုများပင် ဖြစ်ပေါ်လာလေသည်။

အရှိန်က လျှပ်စီးအလား မြန်ဆန်ရုံသာမက တုံ့ပြန်မှုကလည်း ပြိုင်ဘက်ကင်းလှပြီး သခင့်ရဲ့ အစွမ်းအထက်ဆုံး ဖြစ်တဲ့ ငရဲမီးလျှံ တောင် သူ့ကို ဘာမှ မလုပ်နိုင်ဘူး ဆိုတော့... ဘယ်လို ဆက်ပြီး တိုက်ခိုက်လို့ ရတော့မလဲ။

"အဆင့်မြင့် နတ်ဘုရား... သူက သေချာပေါက် အဆင့်မြင့် နတ်ဘုရားပဲ... အဆင့်မြင့် နတ်ဘုရား တစ်ပါးပဲ သခင့်ကို လက်ခုပ်ထဲက ရေလို ကစားနိုင်တာ"

"အဆင့်မြင့် နတ်ဘုရား"

လူများ အားလုံး တစ်ကိုယ်လုံး တုန်ရီသွားကြလေသည်။

အဆင့်မြင့် နတ်ဘုရား ဆိုသည်မှာ နတ်ဘုရားများ အားလုံး၏ အထွတ်အထိပ်တွင် မားမားမတ်မတ် ရပ်တည်နေသော တည်ရှိမှု ဖြစ်ပြီး ကျယ်ပြောလှသော လေဟာနယ် ကမ္ဘာကြီး တစ်ခုလုံးတွင်ပင် အလွန် အစွမ်းထက်လှပေရာ ကောင်းကင်ယံတိုက်ကြီး လိုမျိုး အဆင့်နိမ့် လောကလေး အတွက် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

အဆင့်မြင့် နတ်ဘုရား တစ်ပါး ကောင်းကင်ယံတိုက်ကြီးကို ရောက်လာတာက အထူးတပ်ဖွဲ့ဝင် တစ်ယောက်က မူကြိုကျောင်းကို ရောက်လာတာနဲ့ အတူတူပဲ... ကျား တစ်ကောင်က သိုးအုပ်ထဲ ဝင်သွားသလိုပဲ... တကယ့်ကို ကပ်ဘေးကြီး တစ်ခုပဲ။

"လူကြီးမင်းတို့... ကျွန်တော်တို့ ဒီအတိုင်း ထိုင်စောင့်နေလို့ မရဘူး"

ပူဟာမန် ၏ အသံမှာ လေးလံနေလေသည်။ "သခင် တစ်ခုခု ဖြစ်သွားရင်... ကျွန်တော်တို့ ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

လူများ အားလုံး ရင်ထဲ ထိတ်လန့်သွားပြီးနောက် ကောင်းကင်သို့ ပျံတက်ကာ မုန်လဲ့ကို ကူညီရန် ပြင်လိုက်ကြစဉ်မှာပင် မျှော်လင့်မထားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာလေသည်။

"ဝုန်း..."

ဟိုက်ဒရိုဂျင် ဗုံး တစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ပြိုင်ဘက်ကင်း ကြမ်းတမ်းလှသော အရှိန်အဝါကြီး တစ်ခုက မုန်လဲ့၏ ကိုယ်ပေါ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အရပ်ရှစ်မျက်နှာသို့ လွှမ်းခြုံသွားလေသည်။

"ဒါက..."

လူများ အားလုံးက မုန်လဲ့ကို အလွန် အံ့အားသင့်စွာ ကြည့်လိုက်ကြလေသည်။

"ဝုန်း... ဝုန်း... ဝုန်း..."

မုန်လဲ့၏ ခန္ဓာကိုယ်မှ အရှိန်အဝါများမှာ ရူးသွပ်စွာ တိုးတက်လာပြီး အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် အလွန် ကြောက်မက်ဖွယ်ကောင်းသော အဆင့် တစ်ခုသို့ ရောက်ရှိသွားလေသည်။

ခမ်းနားထည်ဝါလှသော နတ်ဘုရား အရှိန်အဝါကြီးက မုန်လဲ့၏ ကိုယ်ပေါ်မှ လှိုင်းလုံးကြီးများအလား ပျံ့နှံ့လာပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသော လှိုင်းလုံးကြီးများ အဖြစ် ပြောင်းလဲကာ အရပ်ရှစ်မျက်နှာသို့ ရူးသွပ်စွာ ဖိနှိပ်သွားလေသည်။

"သ... သခင် က... ထပ်ပြီး အဆင့်တက်သွားပြန်ပြီလား"

"ဟုတ်... ဟုတ်လောက်တယ်"

"သခင် အဆင့်တက်တာ ဘယ်လောက်တောင် ကြာသေးလို့လဲ"

ပူဟာမန် နှင့် အခြား သူများ၏ မျက်နှာများမှာ အလွန် ကြည့်ကောင်းနေလေသည်။ အံ့အားသင့်မှု၊ ဝမ်းသာမှု၊ တုန်လှုပ်မှု၊ စိတ်လှုပ်ရှားမှု၊ မယုံနိုင်မှု... စသည့် ရှုပ်ထွေးလှသော ခံစားချက် အမျိုးမျိုးက သူတို့၏ ရင်ထဲတွင် ပေါ်ပေါက်လာလေသည်။

"သူက တိုက်ပွဲ ကြားထဲမှာ အဆင့်တက်သွားတာလား"

သားရဲနတ်ဘုရားနှင့် တိုက်တန် ဧရာမ နတ်ဘုရားတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ နှစ်ယောက်လုံး၏ မျက်လုံးများထဲတွင် အလွန် အံ့အားသင့်မှုများကို တွေ့မြင်လိုက်ကြရလေသည်။

မုန်လဲ့က သူတို့ထက် အရင် အဆင့်မြင့် နတ်ဘုရား အဆင့်ကို ရောက်သွားနိုင်တယ်လို့ အရင်က ခန့်မှန်းထားခဲ့ပေမယ့်... အခု ချက်ချင်း အဆင့်တက်သွားမယ်လို့တော့ သူတို့ လုံးဝ ထင်မထားခဲ့ဘူးလေ။

ဒါက ဘယ်လို ချီးကျူးစကား မျိုးလဲ။

"မိစ္ဆာ... ဒီကောင်က တကယ့် မိစ္ဆာပဲ"

တိုက်တန် ဧရာမ နတ်ဘုရားက "သူ နတ်ဘုရား ဖြစ်လာတာ ဘယ်လောက် ကြာသေးလို့ အခု အဆင့်မြင့် နတ်ဘုရား အဆင့်ကို ရောက်သွားတာလဲ" ဟု ပြောလိုက်သည်။

"သူက မိစ္ဆာ မဟုတ်ဘူး... သူ့ဆီမှာ ရှိတဲ့ ကြီးမားတဲ့ လျှို့ဝှက်ချက် ကမှ မိစ္ဆာ အစစ်ပဲ"

သားရဲနတ်ဘုရားက နောင်တရလွန်းသဖြင့် အူတွေတောင် ပြတ်ထွက်မတတ် ဖြစ်နေလေသည်။ "သူ့ဆီက လျှို့ဝှက်ချက်ကိုသာ ငါ အစောကြီးကတည်းက သိခဲ့ရင်... အခု အဆင့်မြင့် နတ်ဘုရား ဖြစ်လာမှာက ငါတို့ ဖြစ်ရမှာ... သူ မဟုတ်ဘူး"

တိုက်တန် ဧရာမ နတ်ဘုရား၏ မျက်နှာပေါ်တွင်လည်း နောင်တရမှုနှင့် မကျေနပ်မှုများ ပေါ်လာလေသည်။ ဟုတ်တယ်လေ... သူတို့သာ မုန်လဲ့ ဆီက လျှို့ဝှက်ချက်ကို စောစောလေး သိခဲ့ပြီး မုန်လဲ့ အားနည်းနေတုန်း သူ့ကို သတ်ပစ်နိုင်ခဲ့ရင် အခုလို ဘယ်ဖြစ်လာပါ့မလဲ။

"ကြီးမြတ်တဲ့ တိုက်တန် ပင်မနတ်ဘုရား... ကျွန်တော် ဘာကို လက်လွှတ်လိုက်မိတာလဲ"

...

"အ... အဆင့်မြင့် နတ်ဘုရား"

"သူက အဆင့်မြင့် နတ်ဘုရား အဆင့်ကို ရောက်သွားတာလား"

နဂါးနတ်ဘုရားလည်း အလွန် အံ့အားသင့်နေလေသည်။ ကောင်းကင်ယံတိုက်ကြီးကို မလာခင်က မုန်လဲ့ကို ဘယ်လို သတ်မလဲ ဆိုတဲ့ ပုံစံ အမျိုးမျိုးကို သူ စိတ်ကူးယဉ်ခဲ့ဖူးသည်။

ဒါပေမဲ့ အခု သူ့ရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းကိုတော့ သူ ဘယ်လိုမှ မစဉ်းစားမိခဲ့ဘူး... မုန်လဲ့က တိုက်ပွဲ ကြားထဲမှာ အဆင့်တက်သွားတယ် တဲ့လား။

ဘုရားရေ။

အဆင့်မြင့် နတ်ဘုရား ဆိုတာ... သူ အိပ်မက် တောင် မမက်ရဲတဲ့ အမြင့်ဆုံး အဆင့်ကြီးလေ။

ဒါပေမဲ့ အခု... သူ အထင်သေးခဲ့တဲ့၊ အဆင့်တန်းနိမ့်ကျတဲ့၊ အားနည်းတဲ့ လူသား တစ်ယောက်က သူ့ရှေ့မှာတင် အဆင့်မြင့် နတ်ဘုရား အဆင့်ကို ရောက်သွားပြီ တဲ့လား။

ဒါက ဘယ်လောက်တောင် လှောင်ပြောင်မှု ကြီးလဲ။

ဘယ်လောက်တောင် ရူးချင်စရာ ကောင်းလဲ။

"အချိန်ကာလ မျှော်စင်... သူ အချိန်ကာလ မျှော်စင် ထဲက ရတနာတွေကို သုံးလိုက်လို့ ဒီလောက် အချိန်တိုလေး အတွင်းမှာ အဆင့်မြင့် နတ်ဘုရား အဆင့်ကို ရောက်သွားတာ သေချာတယ်"

နဂါးနတ်ဘုရားမှာ နောင်တရမှုနှင့် မနာလိုမှုများဖြင့် လုံးဝ လွှမ်းခြုံခံလိုက်ရလေသည်။ သူသည် သားရဲနတ်ဘုရား၊ တိုက်တန် ဧရာမ နတ်ဘုရားတို့နှင့် မတူပေ။ သူက အချိန်ကာလ မျှော်စင်ကို နှစ်ပေါင်း သောင်းနှင့်ချီအောင် ပိုင်ဆိုင်ခဲ့ဖူးသည်။

နှစ်ပေါင်း သောင်းနှင့်ချီ။

ဘယ်လောက်တောင် ရှည်လျားတဲ့ အချိန်ကာလလဲ။

သူက အချိန်ကာလ မျှော်စင်ရဲ့ အသိအမှတ်ပြုမှုကို ရယူပြီး အချိန်ကာလ နတ်ဘုရားရဲ့ အရာအားလုံးကို ဆက်ခံဖို့ အခွင့်အရေး အပြည့်အဝ ရှိခဲ့တာလေ။

အဲဒီလိုသာ ဆိုရင်... အခု ဒီမှာ မောက်မာနေမယ့် သူက သူပဲ ဖြစ်ရမှာ... မုန်လဲ့ မဟုတ်ဘူး။

ဒါပေမဲ့...

သူက အချိန်ကာလ မျှော်စင်ရဲ့ အသိအမှတ်ပြုမှုကို မရခဲ့ဘူးလေ... ဒီပြိုင်ဘက်ကင်း ရတနာကြီး မုန်လဲ့ လက်ထဲ ရောက်သွားတာကို၊ မုန်လဲ့ က သူ့ထက် အရင် အဆင့်မြင့် နတ်ဘုရား အဆင့်ကို ရောက်သွားတာကို သူ မျက်စိနဲ့ တပ်အပ် ကြည့်နေခဲ့ရတယ်။

ဒီနောင်တ…ဒီမကျေနပ်မှု..ဒီဒေါသ..

သားရဲနတ်ဘုရား၊ တိုက်တန် ဧရာမ နတ်ဘုရားတို့နဲ့ ဘယ်လိုလုပ် ယှဉ်လို့ ရမှာလဲ။

ဒါပေမဲ့ နှမြောစရာ ကောင်းတာက... ဒီလောကမှာ နောင်တရလို့ သောက်စရာ ဆေး မရှိဘူး... တကယ်လို့ ဆိုတာလည်း မရှိဘူး... အခု ဘာပြောပြော နောက်ကျသွားပြီ။

...

"တိုက်ပွဲ ကြားထဲမှာ အဆင့်တက်သွားတယ် ဟုတ်လား"

အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းလည်း အလွန် အံ့အားသင့်သွားလေသည်။

နတ်ဘုရား ဖြစ်လာဖို့ ဆိုတာ အဆင့်တိုင်းက အလွန် ခက်ခဲပြီး စစ်မှန်သော နတ်ဘုရား မှ အဆင့်နိမ့် အဆင့် နတ်ဘုရား၊ အဆင့်နိမ့် အဆင့် နတ်ဘုရား မှ အလယ်အလတ် နတ်ဘုရား၊ အလယ်အလတ် နတ်ဘုရား မှ အဆင့်မြင့် နတ်ဘုရား။

အဆင့်တိုင်းက အချိန် အကြာကြီး ယူရပြီး အဆင့်တိုင်းက အများကြီး စုဆောင်းဖို့ လိုအပ်လေသည်။ အဆင့်တက်ချင်တိုင်း တက်လို့ ရတာ မှ မဟုတ်တာ။

တိုက်ပွဲ ကြားထဲမှာ အဆင့်တက်တယ် ဟုတ်လား။

ဒဏ္ဍာရီ ပုံပြင် တွေထဲမှာပဲ ရှိတာပါ။

ဒါပေမဲ့ အခု... အဆင့်နိမ့် လောက က အဆင့်တန်းနိမ့်ကျတဲ့ ဒေသခံ လူသား တစ်ယောက်က သူ့ မျက်စိရှေ့မှာတင် တိုက်ပွဲ ကြားထဲမှာ အဆင့်တက်ပြီး အဆင့်မြင့် နတ်ဘုရား အဆင့်ကို ရောက်သွားပြီ တဲ့လား။

ဒါက ကလေး ပုံပြင် လိုပဲ လုံးဝ မဖြစ်နိုင်တာကြီးလေ။

"အချိန်ကာလ မျှော်စင်... အချိန်ကာလ မျှော်စင် ကြောင့် သေချာတယ်" အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်း၏ မျက်လုံးများ တောက်ပလာလေသည်။

စနစ်၏ အဆင့်မြင့် မြှင့်တင်ခြင်းမှာ အချိန် သိပ်မကြာဘဲ ပြီးဆုံးသွားလေသည်။ မုန်လဲ့သည် လုံးဝ ကွဲပြားခြားနားသော နတ်ဘုရား ခန္ဓာကိုယ်ကို ခံစားရင်း ရင်ထဲတွင် ချက်ချင်း သဘောပေါက်သွားလေသည်။

"ငါ ဒီလောက် အသက်စွမ်းအင် အများကြီးကို စုပ်ယူခဲ့တာတောင် နတ်ဘုရား ခန္ဓာကိုယ် က ဘာလို့ အဆင့် မတက်ခဲ့တာလဲ ဆိုတာ အခုမှ သိတော့တယ်"

"ငါ့ရဲ့ နတ်ဘုရား ခန္ဓာကိုယ်က အဆင့်မြင့် နတ်ဘုရား အဆင့်ကို အလွန် နီးစပ်နေတာတောင် အဆင့်မြင့် မြှင့်တင်ခြင်းကို သုံးဖို့ ဘာလို့ နတ်ဘုရား သလင်းကျောက် ၃ သန်းတောင် လိုတာလဲ ဆိုတာ အခုမှ သိတော့တယ်"

"အမြဲတမ်း အောင်မြင်နေတဲ့ ငရဲမီးလျှံ က သူ့ကို ဘာလို့ ဘာမှ မလုပ်နိုင်ခဲ့တာလဲ ဆိုတာ အခုမှ သိတော့တယ်"

"အကုန်လုံးက အလယ်အလတ် နတ်ဘုရား နဲ့ အဆင့်မြင့် နတ်ဘုရား ကြားက ကွာဟချက်... အရမ်း ကြီးမားလွန်းလို့ပဲ"

မုန်လဲ့က သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။ အလယ်အလတ် နတ်ဘုရား ဆိုတာ နောက်ဆုံးမှာတော့ အလယ်အလတ် နတ်ဘုရား ပါပဲ... အလယ်အလတ် နတ်ဘုရား အဆင့်ရဲ့ အထွတ်အထိပ် ရောက်နေရင်တောင် အဆင့်မြင့် နတ်ဘုရား မဟုတ်ဘူးလေ။

"စွမ်းအား၊ အရှိန်၊ ခံနိုင်ရည်၊ လျင်မြန်မှု၊ ကာကွယ်မှု... အကုန်လုံးက တကယ်ကို ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတာ... လုံးဝ နှိုင်းယှဉ်လို့ မရဘူး"

စကားတစ်ခွန်းတည်းနဲ့ ပြောရရင် ကွာဟချက်က အရမ်း ကြီးမားလွန်းပါတယ်။

မုန်လဲ့က အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။ "ခုနက မင်းကြောင့် ငါ နတ်ဘုရား သလင်းကျောက် ၃ သန်း ဆုံးရှုံးသွားတယ်... အဲဒီ ပိုက်ဆံကို မင်းဆီကနေ ပြန်ယူမယ်"

"မင်း အဆင့်တက်သွားတယ် ပေါ့"

အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်း၏ မျက်နှာ အေးစက်သွားပြီး "ဒါပေမဲ့ ဒီလိုလေးနဲ့ ငါ့ကို ယှဉ်နိုင်မယ်လို့ မင်း ထင်နေတာလား... အဆင့်မြင့် နတ်ဘုရား တွေမှာလည်း အဆင့်တွေ ရှိသေးတယ် ဆိုတာ ငါ မင်းကို ပြမယ်" ဟု ပြောလိုက်သည်။

"ရွှမ်း"

အေးစက်စက် အသံက လေဟာနယ်တွင် ပဲ့တင်ထပ်နေဆဲ ရှိသေးသော်လည်း အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းမှာ ကောင်းကင်ယံတွင် ပျောက်ကွယ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မုန်လဲ့ အရှေ့သို့ ရောက်ရှိလာလေသည်။

အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းက ပေါ့ပေါ့ပါးပါး ရိုက်ချလိုက်ရာ မုန်လဲ့၏ ရင်ဘတ်ကို ထိမှန်သွားပြီး မုန်လဲ့မှာ အမြောက်ဆံ တစ်ခုအလား နောက်သို့ လွင့်စင်သွားလေသည်။

"ရွှမ်း"

အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းက တစ်ချက် ထိမှန်သွားသော်လည်း မုန်လဲ့ကို အလွတ်ပေးမည့် အရိပ်အယောင် မရှိဘဲ မုန်လဲ့၏ ကျောဘက်တွင် ရုတ်တရက် ပေါ်လာကာ လက်သီးဖြင့် မုန်လဲ့၏ ကျောပြင်ကို တည့်တည့် ထိုးချလိုက်လေသည်။

"ဗုန်း"

မုန်လဲ့ ထပ်ပြီး လွင့်စင်သွားပြန်လေသည်။

"ရွှမ်း... ရွှမ်း... ရွှမ်း..."

ထို့နောက် အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းက အဆက်မပြတ် တိုက်ခိုက်နေပြီး တစ္ဆေ တစ်ကောင်အလား ပျောက်ချည် ပေါ်ချည် ဖြစ်နေကာ တစ်ခါတစ်ရံ ဒီနေရာတွင် ပေါ်လာပြီး တစ်ခါတစ်ရံ ဟိုနေရာတွင် ပေါ်လာလေသည်။

မုန်လဲ့မှာ လေ့ကျင့်ရေး သဲအိတ် တစ်ခုအလား ဖြစ်သွားပြီး အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်း၏ ဖိနှိပ် ထုရိုက်မှုကို ခံနေရကာ ပြန်လည် ခုခံနိုင်စွမ်း လုံးဝ မရှိသေးပေ။

All Chapters