အခန်း ၃၁၆
Vol. 32 Ch. 316
အခန်း ၃၁၆။ အစွမ်းထက်သူများ၏ တိုက်ပွဲနှင့် ချောက်နက် အရိုးနဂါး
"အဆင့်မြင့် နတ်ဘုရား ဆိုတာ လုံးဝ အသစ်ဖြစ်တဲ့ အဆင့် တစ်ခုပဲ... နိယာမ နှစ်ခုကို ပေါင်းစပ်ထားရင်လည်း အဆင့်မြင့် နတ်ဘုရားပဲ... နိယာမ ငါးခုကို ပေါင်းစပ်ထားရင်လည်း အဆင့်မြင့် နတ်ဘုရားပဲ... ဒါပေမဲ့ အဲဒီ ကြားက ကွာဟချက်ကတော့ အများကြီးပဲ"
အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းက တိုက်ခိုက်နေရင်း အေးဆေးစွာ ပြောလိုက်သည်။ "မင်းလို အခုမှ အဆင့်တက်ခါစ ကောင်လေး က ငါ့ကို ဆန့်ကျင်ချင်နေတာ... သေချင်နေတာပဲ"
အဆက်မပြတ် တိုက်ခိုက်ပြီးနောက် အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းမှာ နောက်ဆုံးတွင် ရပ်တန့်သွားလေသည်။ "ကောင်လေး... နောက်ဆုံး အခွင့်အရေး ပေးမယ်... အချိန်ကာလ မျှော်စင်ကို ပေးပြီး ငါ့ကို အညံ့ခံရင် ငါက မင်းကို အသက်ရှင်ခွင့် ပေးမယ်"
မုန်လဲ့က အဝေးသို့ ဆုတ်သွားပြီး အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းကို ကြည့်ကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်လေသည်။
"ငါ ပြောမယ့် စကားက နည်းနည်းတော့ နာသွားနိုင်တယ်... ဒါပေမဲ့ ငါ ပြောရမယ်... ခုနက မင်းရဲ့ နှိပ်နယ်ပေးမှုက အရမ်း နေလို့ကောင်းတယ်... ငါ အရမ်း ကျေနပ်တယ်"
အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်း၏ မျက်နှာ အေးစက်သွားပြီး မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်း တစ်ခု ဖြတ်ပြေးသွားလေသည်။ "ကောင်လေး... မင်း သေချင်နေတာပဲ"
"သေချင်နေတာလား"
မုန်လဲ့ ပြုံးလိုက်ပြီး ခြေတစ်လှမ်း လှမ်းလိုက်ရာ အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်း၏ ကျောဘက်သို့ ချက်ချင်း ရောက်ရှိသွားပြီး လက်ကို မြှောက်ကာ ပြင်းထန်သော လက်သီး တစ်ချက် ထိုးချလိုက်လေသည်။
"ဝုန်း..."
ကြမ်းတမ်းလှသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းမှာ သွေးများ ပန်းထွက်လာကာ ရှေ့သို့ လွင့်စင်သွားပြီး မှောက်ရက်လဲလုမတတ် ဖြစ်သွားလေသည်။
"အဟွတ်... အဟွတ်..."
အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းက ယိမ်းယိုင်နေသော ခန္ဓာကိုယ်ကို ထိန်းလိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာ မုန်လဲ့ကို မယုံနိုင်စွာ ကြည့်လိုက်လေသည်။ "မင်း... မင်း..."
"လူကြီးမင်း... ဒါကမှ တကယ့် တိုက်ခိုက်မှု အစစ်ပဲ"
မုန်လဲ့က လက်သီးကို လေမှုတ်လိုက်ပြီး "ခုနက မင်းရဲ့ တိုက်ခိုက်မှုတွေက... အလွန်ဆုံး ယားယံတာ သက်သာအောင် ကုတ်ပေးတာလောက်ပဲ ရှိတာ" ဟု ပြောလိုက်သည်။
"သေနာကောင်"
အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်း၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်လာလေသည်။ "အဆင့်နိမ့်ကျတဲ့ ပိုးကောင်... မင်း ငါ့ကို ဒေါသထွက်အောင် လုပ်လိုက်ပြီ... မင်းကို ငါ အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်"
"ရွှမ်း..."
အေးစက်စက် စကားများက လေဟာနယ်တွင် ပဲ့တင်ထပ်နေဆဲ ရှိသေးသော်လည်း အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းမှာ မုန်လဲ့ဆီသို့ ပြင်းထန်သော လက်သီး တစ်ချက် ထိုးချလိုက်လေသည်။
စွမ်းအားမှာ အလွန် ကြီးမားလှပြီး အရှိန်မှာလည်း အလွန် မြန်ဆန်လှကာ မုန်လဲ့ကို လက်သီး တစ်ချက်တည်းဖြင့် ဖောက်ခွဲပစ်ရန် ရည်ရွယ်ထားကြောင်း သိသာလှသည်။
"လာစမ်းပါ"
ဤတစ်ကြိမ်တွင် မုန်လဲ့က မရှောင်တော့ဘဲ လက်သီးကို ဝှေ့ယမ်းကာ ပြန်လည် တိုက်ခိုက်လိုက်လေသည်။
"ခွပ်..."
လက်သီး နှစ်ဖက် ဝင်တိုက်မိသွားရာ မိုးကြိုးပစ်သံကြီးအလား ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကြမ်းတမ်းလှသော အရှိန်လှိုင်းကြီး တစ်ခု ပေါက်ကွဲထွက်လာကာ သူတို့ နှစ်ယောက် ပတ်ဝန်းကျင်ရှိ ကောင်းကင်ယံမှာ အမည်းရောင် အပေါက်ကြီး တစ်ခု အဖြစ် ချက်ချင်း ပြောင်းလဲသွားလေသည်။
ထို့အပြင် အရှိန်လှိုင်းများက အဆက်မပြတ် ပြန့်နှံ့နေသဖြင့် အမည်းရောင် အပေါက်ကြီးမှာလည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ပြင်ပသို့ ကျယ်ပြန့်လာပြီး အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ကျန်း တစ်သိန်း ပတ်လည်အထိ ကျယ်ပြန့်သွားလေသည်။
"ဝုန်း... ဝုန်း... ဝုန်း..."
အမည်းရောင် အပေါက်ကြီး အတွင်းတွင် လေဟာနယ် မုန်တိုင်းများ တိုက်ခတ်နေပြီး အဆင့်နိမ့် အဆင့် နတ်ဘုရား တစ်ပါး ဝင်ရောက်သွားပါက ထိုကြမ်းတမ်းလှသော လေဟာနယ် မုန်တိုင်းများ၏ သတ်ဖြတ်ခြင်းကို ခံရကာ အသားစင်း အဖြစ် ပြောင်းလဲသွားမည်မှာ သေချာလှသည်။
ကောင်းကင်ယံတိုက်ကြီး၏ အထက် ကောင်းကင်ယံမှာ ငရဲ တစ်ခု အဖြစ် လုံးဝ ပြောင်းလဲသွားလေပြီ။
သို့သော် ယခုအချိန်တွင် ကောင်းကင်ယံမှ အမည်းရောင် အပေါက်ကြီးကို မည်သူကမျှ အာရုံမစိုက်နိုင်ကြတော့ဘဲ လူများ အားလုံး၏ အကြည့်များမှာ မုန်လဲ့နှင့် အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းတို့ အပေါ်သို့သာ ရောက်ရှိနေပြီး ဤတိုက်ပွဲ၏ ရလဒ်ကို စောင့်မျှော်နေကြလေသည်။
သူတို့ နှစ်ယောက်လုံး နောက်သို့ လွင့်စင်သွားကြသော်လည်း မုန်လဲ့က မီတာ ၁၀ သာ နောက်ဆုတ်သွားရပြီး အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းမှာမူ မီတာ ၁၀၀ နီးပါး နောက်ဆုတ်သွားရလေသည်။
မီတာ ၁၀။
မီတာ ၁၀၀ နီးပါး။
ဘယ်သူ သာလဲ ဆိုတာ ရှင်းလင်းနေသည်။
အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းမှာ အနည်းငယ် ရူးသွပ်သွားလေသည်။ "မင်းက အခုမှ အဆင့်တက်ခါစလေ... ဘာလို့ မင်းရဲ့ နတ်ဘုရား ခန္ဓာကိုယ်က ဒီလောက်တောင် အစွမ်းထက်နေရတာလဲ... ဒါ လုံးဝ သဘာဝ မကျဘူး"
အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းမှာ တကယ်ပင် မယုံနိုင်အောင် ဖြစ်နေလေသည်။ သူ၏ ဤကိုယ်ပွားမှာ မိစ္ဆာ နတ်ဘုရား ကိုယ်ပွား တစ်ခု ဖြစ်လေသည်။
မိစ္ဆာ နတ်ဘုရားများသည် နိယာမများကို မလေ့ကျင့်ဘဲ မိစ္ဆာ ခန္ဓာကိုယ်ကိုသာ အထူးပြု လေ့ကျင့်ကြသဖြင့် မိစ္ဆာ ခန္ဓာကိုယ်မှာ သာမန် အဆင့်မြင့် နတ်ဘုရားများထက် အများကြီး ပိုမို အစွမ်းထက်လှပေသည်။
မုန်လဲ့က နတ်ဘုရား တစ်ပါး ဖြစ်ပြီး အခုမှ အဆင့်တက်ခါစ ဆိုပေမယ့်... သူ့ရဲ့ နတ်ဘုရား ခန္ဓာကိုယ်က ငါ့ထက် ပိုအစွမ်းထက်နေတယ် ဟုတ်လား။
နောက်ပြောင်နေတာလား။
"မင်းက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေခဲ့တာပဲ... တကယ်တော့ မင်းက အမိုက်မဲဆုံးနဲ့ အသိဉာဏ် အနည်းဆုံး လူ ဆိုတာ မင်း မသိဘူးလေ"
မုန်လဲ့က လည်ပင်းကို လှည့်လိုက်ရာ 'ဂျွတ်... ဂျွတ်...' ဆိုသော အရိုးမြည်သံများ ထွက်ပေါ်လာလေသည်။ "ဒီနေ့ ငါ့ရဲ့ အဆင့်မြင့် နတ်ဘုရား အဆင့် နတ်ဘုရား ခန္ဓာကိုယ် ရဲ့ ကြောက်စရာ ကောင်းတာကို မင်းကို ပြမယ်"
အဆင့်မြင့် မြှင့်တင်ခြင်း ဆိုတာက မုန်လဲ့ရဲ့ နတ်ဘုရား ခန္ဓာကိုယ်ကို သက်သက် မြှင့်တင်ပေးလိုက်တာလား။
မဟုတ်ဘူး။
သေချာပေါက် မဟုတ်ဘူး။
မုန်လဲ့ရဲ့ စွမ်းရည် ဖော်ပြချက် ကို ကြည့်လိုက်ပါ။
အသုံးပြုသူ - မုန်လဲ့
မျိုးနွယ်စု - လူသား မူလ သွေးမျိုးဆက် - ရှေးဟောင်း လူသား သွေးမျိုးဆက် (၂၆%) ပေါင်းစပ် သွေးမျိုးဆက် - နတ်ဘုရားသတ်ကြွက် သွေးမျိုးဆက် (လူငယ်)၊ ငရဲမီးလျှံ ဖီးနစ် သွေးမျိုးဆက် (လူငယ်)၊ လက်တစ်ရာ တိုက်တန် သွေးမျိုးဆက် (လူငယ်)၊ သက်တမ်းရင့် အသက်သစ်ပင် သွေးမျိုးဆက် (၂၃%)
ကြွယ်ဝမှု - နတ်ဘုရား သလင်းကျောက် ၉,၁၀၀,၀၀၀
ရုပ်ပိုင်းဆိုင်ရာ - ရွှေရောင် မူလ နတ်ဘုရား ခန္ဓာကိုယ် (၁%)
စွမ်းရည် ဖော်ပြချက် ကို ကြည့်လိုက်မည် ဆိုပါက မုန်လဲ့၏ သွေးမျိုးဆက် ၃ မျိုးမှာ အတိုင်းအတာ တစ်ခုအထိ ကြီးထွားလာကြောင်း တွေ့မြင်နိုင်လေသည်။
ရှေးဟောင်း လူသား သွေးမျိုးဆက် ၏ နှိုးဆွမှုက ၁၆% မှ ၂၀% အထိ တိုးတက်လာပြီး ၁၀% တိုးလာလေသည်။
နတ်ဘုရားသတ်ကြွက် သွေးမျိုးဆက် က ကလေးဘဝ မှ လူငယ် အဆင့်သို့ ကြီးထွားလာလေသည်။
သက်တမ်းရင့် အသက်သစ်ပင် သွေးမျိုးဆက် ၏ ပေါင်းစပ်မှုက ၁၃% မှ ၂၃% အထိ တိုးတက်လာပြီး ၁၀% တိုးလာလေသည်။
ချဲ့ကား ပြောရမည် ဆိုလျှင် ဤအဆင့်မြင့် မြှင့်တင်ခြင်းက မုန်လဲ့၏ နတ်ဘုရား ခန္ဓာကိုယ်ကို မြှင့်တင်ပေးရုံသာမက ဤသွေးမျိုးဆက် ၃ မျိုးကိုလည်း အလိုက်သင့် တိုးတက်စေခဲ့ခြင်း ဖြစ်လေသည်။
ဤအရာများတွင် ပါဝင်နေသော အဓိပ္ပာယ်မှာ အလွန် ကြီးမားလှပေသည်။
နတ်ဘုရားသတ်ကြွက် သွေးမျိုးဆက် က သိပ်မထူးခြားဘူး ဆိုရင်တောင်... ရှေးဟောင်း လူသား သွေးမျိုးဆက် နဲ့ သက်တမ်းရင့် အသက်သစ်ပင် သွေးမျိုးဆက် က ရှေးဟောင်း နတ်ဘုရား သွေးမျိုးဆက် တွေလေ။
၁၀% တောင် တိုးလာတာနော်။
"သေနာကောင်"
လွယ်လွယ်လေး သတ်ပစ်လို့ ရတဲ့ အမှိုက် တစ်ကောင် ကနေ ကိုယ့်ထက် ပိုအစွမ်းထက်တဲ့ သူ တစ်ယောက် အဖြစ် ပြောင်းလဲသွားတာကို မြင်ရတော့ အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းက ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ။
"သေလိုက်စမ်း"
အမည်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်း ရူးသွပ်သွားပြီး ရုတ်တရက် အသွင်ပြောင်းလိုက်ရာ ခန္ဓာကိုယ် အရှည် ကျန်း ခြောက်သိန်း ရှိပြီး တစ်ကိုယ်လုံး ရွှေရောင် အရိုးများဖြင့် ဖွဲ့စည်းထားသော ဧရာမ နဂါးကြီး တစ်ကောင် အဖြစ် ပြောင်းလဲသွားလေသည်။
အရိုးများဖြင့် ဖွဲ့စည်းထားသော ခေါင်း…အရိုးများဖြင့် ဖွဲ့စည်းထားသော အတောင်ပံ….. အရိုးများဖြင့် ဖွဲ့စည်းထားသော နဂါး ခန္ဓာကိုယ်။
အရာအားလုံးက အရိုးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။
ထို့အပြင် ၎င်း၏ အရိုး တစ်ချောင်းစီတိုင်းက ရွှေရောင် ဖြစ်နေပြီး အရိုး တစ်ချောင်းစီ၏ မျက်နှာပြင်တွင် နိယာမ အက္ခရာများ ထွင်းထုထားကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ လုံးဝ မရှိဘဲ မပုပ်သိုး မပျက်စီးနိုင်သော နတ်ဘုရား အရှိန်အဝါများ ပြည့်နှက်နေလေသည်။
၎င်း၏ ခေါင်းပေါ်တွင်တော့ ရွှေရောင် နတ်ဘုရား မီးတောက် တစ်ခုက ပြင်းထန်စွာ လောင်ကျွမ်းနေပြီး ပြင်းထန်လှသော နတ်ဘုရားဝိညာဉ် အရှိန်အဝါများကို ထုတ်လွှတ်နေကာ ၎င်း၏ ဧရာမ နဂါး ခန္ဓာကိုယ်ကြီးနှင့် ပေါင်းစပ်လိုက်သောအခါ အနိုင်မယူနိုင်သော ခံစားချက်ကို ပေးစွမ်းနေလေသည်။
"အရိုးနဂါး"
မုန်လဲ့က စကားလုံး နှစ်လုံးကို ဖြည်းညင်းစွာ ပြောလိုက်သည်။
"မဟုတ်ဘူး... ဒါ သာမန် အရိုးနဂါး မဟုတ်ဘူး... ချောက်နက် အရိုးနဂါး ပဲ"
ဒိုဒိုလာ၏ အသံ ထွက်ပေါ်လာလေသည်။ "မုန်လဲ့... ချောက်နက် အရိုးနဂါး က တော်တော်လေး အစွမ်းထက်တယ်... သူ့ရဲ့ အရိုးတွေက မာကျောရုံသာမက အလွန် ထက်မြက်ပြီး အဆင့်မြင့် နတ်ဘုရား လက်နက် တွေနဲ့တောင် ယှဉ်လို့ ရတယ်... မင်း သတိထားနော်"
"ချောက်နက် အရိုးနဂါး လား"
မုန်လဲ့က တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး "နားလည်ပြီ" ဟု ပြန်ပြောလိုက်သည်။
"ပိုးကောင်လေး... သေလိုက်စမ်း"
ချောက်နက် အရိုးနဂါး က ဟိန်းဟောက်လိုက်ပြီး အရိုး အဆစ် တစ်ထောင်ကျော်ဖြင့် ဖွဲ့စည်းထားသော အမြီးကြီးကို သံမဏိ ကြိမ်လုံး တစ်ခုအလား ပြောင်းလဲကာ ပြင်းထန်စွာ ရိုက်ချလိုက်ရာ လေဟာနယ်ကို ချက်ချင်း ခွဲဖြတ်သွားပြီး မုန်လဲ့ အရှေ့သို့ ချက်ချင်း ရောက်ရှိလာလေသည်။
"ဖြန်း..."
မုန်လဲ့ နေရာမှ ပျောက်ကွယ်သွားပြီး အရိုး ကြိမ်လုံးက မုန်လဲ့၏ အရိပ်ကိုသာ ထိမှန်သွားလေသည်။ ထို့နောက် မုန်လဲ့က ချောက်နက် အရိုးနဂါး ၏ ခေါင်းပေါ်သို့ ရောက်ရှိသွားပြီး ချောက်နက် အရိုးနဂါး ၏ ခေါင်းရိုးကို ပြင်းထန်စွာ နင်းချလိုက်လေသည်။
"ဘုန်း..."
ချောက်နက် အရိုးနဂါး မှာ ယိမ်းယိုင်သွားလေသည်။
မုန်လဲ့က အခွင့်အရေးကို လက်လွတ်မခံဘဲ ချောက်နက် အရိုးနဂါး ၏ ကျောဘက်သို့ ချက်ချင်း ရောက်ရှိသွားပြီး အမြီးကို ဖမ်းဆွဲကာ အားကုန်သုံး၍ လွှင့်ပစ်လိုက်လေသည်။
"ထပ်လာခဲ့"
မုန်လဲ့က စွမ်းအားများကို ညာလက်သီးတွင် စုစည်းလိုက်ပြီး ချောက်နက် အရိုးနဂါး ၏ ခေါင်းရိုးကို ထိုးချလိုက်ရာ 'ခွပ်' ဆိုသော အသံနှင့်အတူ အရိုးနဂါး ၏ ခေါင်းရိုးတွင် အက်ကွဲကြောင်း အချို့ ဖြစ်ပေါ်လာလေသည်။
"အဲဒီလောက်လည်း မမာပါဘူး"
မုန်လဲ့က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ထပ်မံ ပျောက်ကွယ်သွားပြန်လေသည်။
"ဘုန်း... ဘုန်း... ဘုန်း..."
ထပ်တူညီသော မြင်ကွင်းတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်သော်လည်း ဇာတ်လိုက်များကတော့ အရင်ကနှင့် လုံးဝ မတူတော့ပေ။
မုန်လဲ့က တစ္ဆေ တစ်ကောင်အလား ပျောက်ချည် ပေါ်ချည် ဖြစ်နေပြီး တစ်ခါတစ်ရံ ဒီနေရာတွင် ပေါ်လာကာ တစ်ခါတစ်ရံ ဟိုနေရာတွင် ပေါ်လာပြီး ချောက်နက် အရိုးနဂါး ကို အပြည့်အဝ ဖိနှိပ်ထားကာ ချောက်နက် အရိုးနဂါး မှာ လေ့ကျင့်ရေး သဲအိတ် တစ်ခု အဖြစ် ပြောင်းလဲသွားလေသည်။
"အား... အား... အား..."
ချောက်နက် အရိုးနဂါး မှာ ဒေါသတကြီး ဟိန်းဟောက်နေလေသည်။ မုန်လဲ့၏ လက်သီးများက အရင်က သူ မုန်လဲ့ကို တိုက်ခိုက်တုန်းကထက် အများကြီး ပိုမို ပြင်းထန်နေပြီး လက်သီး တစ်ချက်တိုင်းက သူ၏ အရိုးများကို အက်ကွဲသွားစေကာ အဆက်မပြတ် ထုရိုက်ခံရပြီးနောက် ချောက်နက် အရိုးနဂါး မှာ တစ်ကိုယ်လုံး အရိုးများ ကျိုးကြေတော့မည့်အလား ခံစားနေရလေသည်။
မုန်လဲ့က တိုက်ခိုက်မှုကို ရပ်လိုက်ပြီး "ချောက်နက် အရိုးနဂါး ဆိုတာလည်း ဒီလောက်ပါပဲ" ဟု အေးဆေးစွာ ပြောလိုက်သည်။
"သေစမ်း"
ချောက်နက် အရိုးနဂါး က အဆက်မပြတ် ဟိန်းဟောက်နေပြီး ကိုယ်ပေါ်ရှိ နံရိုး နှစ်တန်းက ရုတ်တရက် ကျွတ်ထွက်လာကာ မြားတံများ အဖြစ် ပြောင်းလဲသွားပြီး မုန်လဲ့ဆီသို့ အုံနှင့်ကျင်းနှင့် ပစ်ခတ်လာလေသည်။
"ရပ်"
မုန်လဲ့က စကားလုံး တစ်လုံးကို ဖြည်းညင်းစွာ ပြောလိုက်သည်။
"ရွှမ်း..."
ပစ်ခတ်လာသော နံရိုးများမှာ လေထဲတွင် ချက်ချင်း ရပ်တန့်သွားလေသည်။
"ဒါက... နတ်ဘုရား နယ်ပယ် လား... မဟုတ်ဘူး... ဒါ လောကစွမ်းအား ပဲ" ချောက်နက် အရိုးနဂါး က ရုတ်တရက် အော်ဟစ်လိုက်သည်။ "မင်းက လောကအရှင်သခင် ပဲ"
"မှန်တယ်”