← Chapters

အခန်း ၃၂၃

Vol. 33 Ch. 323

အခန်း ၃၂၃

Vol. 33 Ch. 323

အခန်း ၃၂၃။ မိစ္ဆာ ချောက်ကမ်းပါး နှင့် သိုးအုပ်ထဲ ဝင်လာသော ကျား

"တစ်ယောက်ယောက် က အစီအရင် ကို ဖွင့်လိုက်တယ် ဟုတ်လား"

ကျောင်းအုပ်ကြီး မျက်မှောင်ကြုတ်သွားလေသည်။

"ဟုတ်ပါတယ်... ကြီးမြတ်တဲ့ ခရိုအာ နတ်ဘုရား... ပိတ်လှောင်ထားတဲ့ မှော်အစီအရင် က သိသိသာသာ ဖျက်ဆီးခံထားရတဲ့ လက္ခဏာ တွေ တွေ့ရပါတယ်... တစ်ယောက်ယောက် က သီးသန့် ဖွင့်လိုက်တာ သေချာပါတယ်"

အနီရောင် ဝတ်ရုံနှင့် ဘုန်းတော်ကြီးက ရိုသေစွာ ပြောလိုက်သည်။

"ဘယ်သူလဲ ဆိုတာ စုံစမ်းလို့ ရပြီလား"

ကျောင်းအုပ်ကြီးက အေးစက်စက် အသံဖြင့် မေးလိုက်သည်။ အလင်းရောင် တိုက်ကြီး ဆိုသည်မှာ သူ၏ နယ်မြေ ဖြစ်ပြီး အလင်းရောင် တိုက်ကြီး တွင် လာရောက် ရှုပ်ယှက်ခတ်သော မည်သူမဆို သူ့ကို ဆန့်ကျင်နေခြင်းပင် ဖြစ်လေသည်။

"ခရိုအာ နတ်ဘုရား... အစီအရင် ကို ဖျက်ဆီးသွားတဲ့ တရားခံ ကို အခုထိ မရှာတွေ့သေးပါဘူး"

အနီရောင် ဝတ်ရုံနှင့် ဘုန်းတော်ကြီးက ကြောက်လန့်တကြား ဖြေကြားလိုက်ပြီး "ဒါပေမဲ့ ကျွန်တော်တို့ ခန့်မှန်းတာကတော့ အရင်က ထွက်ပြေးသွားတဲ့ စစ်မှန်သော နတ်ဘုရား ၇ ပါး ဖြစ်ဖို့ အများဆုံးပါပဲ... သူတို့က သံသယ အဖြစ်ရဆုံးပါ" ဟု ဆက်ပြောလိုက်သည်။

"အဲဒီ ၇ ကောင်လား"

ကျောင်းအုပ်ကြီး မျက်လုံးများ ကျဉ်းသွားပြီး မုန်လဲ့ကို ကြည့်ကာ "မုန်လဲ့... သူတို့ ဘယ်မှာလဲ ဆိုတာ မင်း ရှာပေးနိုင်မလား" ဟု မေးလိုက်သည်။

" ကြည့်လိုက်မယ်"

မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး နတ်ဘုရားဝိညာဉ် စွမ်းအားများကို ဖြန့်ကြက်လိုက်ရာ အလင်းရောင် တိုက်ကြီး တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပြီး ပုံရိပ်များ တစ်ခုပြီး တစ်ခု မုန်လဲ့၏ ဦးနှောက်ထဲတွင် ဖြတ်ပြေးသွားလေသည်။

ခဏအကြာတွင် မုန်လဲ့က "အလင်းရောင် တိုက်ကြီး မှာ စစ်မှန်သော နတ်ဘုရား ၃ ပါး ပဲ ရှိတော့တယ်... ကျန်တဲ့ ၄ ပါး က ဘယ်ရောက်သွားမှန်း မသိဘူး... တိုက်ကြီး တစ်ခုလုံးမှာလည်း သူတို့ရဲ့ အရိပ်အယောင် ကို မတွေ့ရဘူး ဆိုတော့... ထွက်သွားပြီ ထင်တယ်" ဟု ပြောလိုက်သည်။

"ဒါဆို အဲဒီ ၄ ယောက် တကယ်ပဲ ဖြစ်နေမလား"

ကျောင်းအုပ်ကြီး မျက်နှာ အလွန် ပျက်သွားလေသည်။

"သူတို့ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ တကယ်တော့ သိပ်အရေးမကြီးပါဘူး"

မုန်လဲ့က ပြုံးကာ ပြောလိုက်သည်။ "အခု အရေးတကြီး လုပ်ရမှာက လေဟာနယ် အက်ကွဲကြောင်း ကို ပိတ်ဖို့ပဲ... ဒါမှမဟုတ် အဲဒီ အက်ကွဲကြောင်း ရဲ့ တစ်ဖက်က မိစ္ဆာ တွေကို အကုန် သတ်ပစ်ဖို့ပဲ... ကျန်တာတွေက သိပ်အရေးမကြီးဘူး"

လေဟာနယ် အက်ကွဲကြောင်း တစ်ဖက်က မိစ္ဆာ တွေကို အကုန် သတ်ပစ်ရမယ် ဟုတ်လား။

ဘာသာရေး အဖွဲ့ မှ အဆင့်မြင့် အရာရှိများ အားလုံး ဤစကားကို ကြားသောအခါ တစ်ကိုယ်လုံး တုန်ရီသွားကြလေသည်။ လေဟာနယ် အက်ကွဲကြောင်း တစ်ဖက်က မိစ္ဆာ လောက က ဘယ်လို မိစ္ဆာ လောက မျိုးလဲ ဆိုတာ ဘယ်သူမှ မသိကြဘူးလေ။

ဒါပေမဲ့ အက်ကွဲကြောင်း ထဲကနေ ထွက်လာတဲ့ မိစ္ဆာ တွေကို ကြည့်ပြီး ခန့်မှန်းရမယ် ဆိုရင်တော့... အဲဒီ မိစ္ဆာ လောက က အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာ ကမ္ဘာကြီး တစ်ခု ဖြစ်မှာ သေချာလှလေသည်။

ဘာလို့လဲ ဆိုတော့... ထွက်လာတဲ့ မိစ္ဆာ တိုင်းက အနည်းဆုံးတော့ မိစ္ဆာ နယ်စား အဆင့် ရှိတယ်လေ။

မိစ္ဆာ နယ်စား ဆိုတာ ကောင်းကင်ယံတိုက်ကြီး ရဲ့ နတ်ဘုရားတစ်ဝက် အဆင့်နဲ့ ညီမျှတာကိုး... အခြေခံ သက်ရှိ က နတ်ဘုရားတစ်ဝက် အဆင့် ရှိတဲ့ ကမ္ဘာ တစ်ခု က ဘယ်လောက်တောင် အစွမ်းထက်နေမလဲ။

လုံးဝ စိတ်ကူးလို့ မရနိုင်ဘူး။

အဲဒါကြောင့်... လေဟာနယ် အက်ကွဲကြောင်း တစ်ဖက်က ကမ္ဘာ က အလွန် အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ကမ္ဘာ တစ်ခု ဖြစ်မှာ သေချာတယ်... အဲဒီ ကမ္ဘာ တစ်ခုလုံးက မိစ္ဆာ တွေကို အကုန် သတ်ပစ်ရမယ် ဟုတ်လား။

တွေးတောင် မတွေးရဲဘူး။

ကျောင်းအုပ်ကြီး ကတော့ သဘောတူကြောင်း အပြည့်အဝ ပြသလိုက်ပြီး "မင်း ပြောတာ မှန်တယ်... အခု အရေးတကြီး လုပ်ရမှာက အဲဒီ လေဟာနယ် အက်ကွဲကြောင်း ကို ပြန်ပိတ်ဖို့ပဲ" ဟု ပြောလိုက်သည်။

"ဒါဆို သွားကြတာပေါ့"

မုန်လဲ့က ထိုနေရာတွင် ရှိနေသော သူများ အားလုံးကို ခေါ်ကာ နေရာမှ ပျောက်ကွယ်သွားပြီး ပြန်လည် ပေါ်လာသည့် အချိန်တွင် အဆုံးကို မမြင်ရအောင် နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီး တစ်ခု အရှေ့သို့ ရောက်ရှိနေကြလေသည်။

"ဒီနေရာက... မိစ္ဆာ ချောက်ကမ်းပါး လား"

အဆုံးကို မမြင်ရလောက်အောင် နက်ရှိုင်းပြီး မှောင်မိုက်နေသော ချောက်ကမ်းပါးကြီးကို မြင်သောအခါ ဘာသာရေး အဖွဲ့ မှ အဆင့်မြင့် အရာရှိများ အားလုံး အလွန် အံ့အားသင့်သွားကြပြီး မုန်လဲ့ကို ကြည့်သော သူတို့၏ မျက်လုံးများထဲတွင် ကြည်ညိုမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။

ခုနက သူတို့ ခရိုအာ မြင့်မြတ်သော တောင်တော် မှာ ရှိနေတာလေ။

အခု ရုတ်တရက် မိစ္ဆာ ချောက်ကမ်းပါး ကို ရောက်လာတယ် တဲ့လား။

ဒီနေရာ နှစ်ခုက တစ်ခုက အလင်းရောင် တိုက်ကြီး ရဲ့ အလယ်ဗဟိုမှာ ရှိပြီး နောက်တစ်ခုက အလင်းရောင် တိုက်ကြီး ရဲ့ အနောက်ဘက်မှာ ရှိတာလေ... ကြားထဲမှာ ကီလိုမီတာ သန်းချီ ဝေးတာ မဟုတ်ဘူးလား။

တစ်ခါ နေရာရွှေ့ပြောင်းတာနဲ့တင် သူတို့ကို ကီလိုမီတာ သန်းချီ အဝေးကို ခေါ်လာနိုင်တယ် တဲ့လား... ဒါက ဘယ်လို စွမ်းအားမျိုးလဲ။

"အဲဒီ လေဟာနယ် အက်ကွဲကြောင်း က ဒီနေရာမှာ ရှိတာလား"

ကျောင်းအုပ်ကြီးက မှောင်မိုက်နေသော မိစ္ဆာ ချောက်ကမ်းပါး ကို ငုံ့ကြည့်ရင်း အသံနှိမ့်ကာ မေးလိုက်သည်။ တကယ်တော့ မေးနေစရာပင် မလိုပေ။ သူသည် ချောက်ကမ်းပါး အောက်ခြေမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် မိစ္ဆာ အရှိန်အဝါ များကို ခံစားသိရှိနေပြီး ဖြစ်လေသည်။

"ခရိုအာ နတ်ဘုရား... ဒီနေရာက မိစ္ဆာ ချောက်ကမ်းပါး ပါ... အဲဒီ လေဟာနယ် အက်ကွဲကြောင်း က ချောက်ကမ်းပါး ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ရှိပြီး မိစ္ဆာ တွေက အဲဒီကနေ ထွက်လာတာပါ"

အနီရောင် ဝတ်ရုံနှင့် ဘုန်းတော်ကြီး က ရိုသေစွာ ပြောလိုက်သည်။ "မိစ္ဆာ တွေ အများကြီး ထွက်မလာအောင် ကာကွယ်ဖို့ ကျွန်တော်တို့က မိစ္ဆာ ချောက်ကမ်းပါး ပတ်လည်မှာ လူအင်အား အများကြီး ချထားပါတယ်... အဲဒီမှာ ရှိနေတဲ့ လူတွေပါပဲ"

ကျောင်းအုပ်ကြီး လှမ်းကြည့်လိုက်ရာ ချောက်ကမ်းပါး ပတ်လည်တွင် အလင်းရောင် သူရဲကောင်း အများအပြားကို တကယ်ပင် တွေ့လိုက်ရပြီး ထိုအထဲတွင် နတ်ဘုရားတစ်ဝက် နှင့် မြင့်မြတ်သော နယ်မြေ အဆင့်ရှိသူ အများအပြားလည်း ပါဝင်ကာ သူတို့က ချောက်ကမ်းပါး ပတ်လည်တွင် စခန်းချနေကြလေသည်။

"ကြီးမြတ်တဲ့ ခရိုအာ နတ်ဘုရား ကို ဂါရဝပြုပါတယ်"

ထိုနေရာတွင် စခန်းချနေသော အနီရောင် ဝတ်ရုံနှင့် ဘုန်းတော်ကြီး တစ်ပါးက ပျံသန်းလာပြီး အရိုအသေပေးလိုက်လေသည်။

"အက်စမွန်... လေဟာနယ် အက်ကွဲကြောင်း အခြေအနေ ဘယ်လို ရှိလဲ... မိစ္ဆာ ဘယ်နှစ်ကောင် ထွက်လာပြီလဲ" ကျောင်းအုပ်ကြီးက မေးလိုက်သည်။

"ခရိုအာ နတ်ဘုရား... မနေ့ည အထိ ဆိုရင် မိစ္ဆာ နယ်စား ၃ ကောင် ထွက်လာပြီးပါပြီ... ဒါပေမဲ့ ကျွန်တော်တို့ အကုန်လုံးကို သတ်ပစ်လိုက်ပါပြီ" အက်စမွန် အမည်ရှိ အနီရောင် ဝတ်ရုံနှင့် ဘုန်းတော်ကြီးက အလျင်အမြန် ဖြေကြားလိုက်သည်။

"မိစ္ဆာ နယ်စား ၃ ကောင်"

ကျောင်းအုပ်ကြီး မျက်နှာ လေးနက်သွားလေသည်။ "ကြည့်ရတာ တစ်ဖက်က မိစ္ဆာ လောက က..."

"ရွှမ်း... ရွှမ်း... ရွှမ်း..."

ထိုအချိန်တွင် နက်ရှိုင်းလှသော မိစ္ဆာ ချောက်ကမ်းပါး အတွင်းမှ လေကို ခွဲဖြတ်လာသော အလွန် ကျယ်လောင်သည့် အသံများ ထွက်ပေါ်လာလေသည်။

တစ်ချိန်တည်းမှာပင် လှိုင်းလုံးကြီးများအလား ပြင်းထန်လှသော မိစ္ဆာ အရှိန်အဝါ တစ်ခုက ချောက်ကမ်းပါး အောက်ခြေမှ ပေါက်ကွဲထွက်လာလေသည်။

နတ်ဘုရားများ အတွက် မိစ္ဆာ အရှိန်အဝါ ဆိုသည်မှာ မိလ္လာကျင်း ထဲမှ အနံ့အသက်ဆိုးများနှင့် တူပြီး မွေးရာပါ ရွံရှာမှုနှင့် လက်မခံနိုင်မှုများ ဖြစ်ပေါ်စေရာ ယခု ရုတ်တရက် ပေါက်ကွဲထွက်လာသော မိစ္ဆာ အရှိန်အဝါကို ခံစားမိသောအခါ လူတိုင်းက မျက်မှောင်ကြုတ်သွားကြလေသည်။

"မိစ္ဆာ တွေ ထွက်လာပြီ"

အက်စမွန် က တိုးတိုးလေး အော်ဟစ်လိုက်ရာ အမည်းရောင် အလင်းတန်း ရာနှင့်ချီက ချောက်ကမ်းပါး အတွင်းမှ ပန်းထွက်လာပြီး မိစ္ဆာ ချောက်ကမ်းပါး ၏ အထက် ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ကြရလေသည်။

"ဝုန်း"

ကြီးမားလှသော မိစ္ဆာ အရှိန်အဝါကြီးက လူတိုင်း၏ ရင်ထဲသို့ ချက်ချင်း ဖိနှိပ်လာရာ မိစ္ဆာ ချောက်ကမ်းပါး တွင် စခန်းချနေသော အလင်းရောင် သူရဲကောင်း များမှာ မည်သည့် ခုခံနိုင်စွမ်းမျှ မရှိဘဲ 'ဗုန်း... ဗုန်း' ဟူသော အသံများနှင့်အတူ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကြလေသည်။

အက်စမွန်၊ အေမိုလင်း ကဲ့သို့သော နတ်ဘုရားတစ်ဝက် အဆင့်ရှိသူများ ပင်လျှင် မျက်နှာ အလွန် ပျက်သွားပြီး ခေါင်းပေါ်ရှိ အရာများကို အလွန် ကြောက်လန့်တကြား ကြည့်နေကြလေသည်။

"မဟာ မိစ္ဆာဘုရင်"

"သေချာပေါက် မဟာ မိစ္ဆာဘုရင် ပါတယ်"

"မဟာ မိစ္ဆာဘုရင် ဟုတ်လား"

မုန်လဲ့က ခေါင်းခါလိုက်သည်။ မဟာ မိစ္ဆာဘုရင် တင် ဘယ်ကမလဲ... မိစ္ဆာ နတ်ဘုရား အဆင့်ရှိတဲ့ မိစ္ဆာ တောင် ပါသေးတယ်... အဲဒီအထဲက တစ်ကောင် ဆိုရင် မိစ္ဆာ နတ်ဘုရား အဆင့်ရဲ့ အထွတ်အထိပ် ကိုတောင် ရောက်နေသေးတယ်။

မိစ္ဆာ နတ်ဘုရား ဆိုတာ... အလယ်အလတ် နတ်ဘုရား နဲ့ ညီမျှတာလေ။

ယခုအချိန်တွင် ဤမိစ္ဆာ ရာနှင့်ချီမှာ လေထဲတွင် လွင့်မျောနေပြီး အောက်ရှိ လူများကို အထက်စီးမှ ငုံ့ကြည့်နေကြလေသည်။

မီးတောက်များဖြင့် ဖုံးလွှမ်းနေသော မီးမိစ္ဆာ၊ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်များကို ထုတ်လွှတ်နေသည့် ရေခဲမိစ္ဆာ၊ အရပ် ကျန်း တစ်ရာ ရှိသော ဧရာမ မိစ္ဆာ၊ ထို့အပြင် သွေးမိစ္ဆာ၊ လေမိစ္ဆာ၊ ပျင်းရိမိစ္ဆာ၊ ဦးချိုရှည် မိစ္ဆာ ကဲ့သို့သော အခြား မိစ္ဆာ မျိုးစုံလည်း ပါဝင်လေသည်။

အမျိုးအစားများ အလွန် စုံလင်လှသော်လည်း မိစ္ဆာ တစ်ကောင်စီတိုင်း၏ အရှိန်အဝါမှာ အလွန် အစွမ်းထက်လှပြီး အားအနည်းဆုံးက မိစ္ဆာ နယ်စား အဆင့် ရှိကာ အများစုမှာ မိစ္ဆာဘုရင်၊ မဟာ မိစ္ဆာဘုရင် များ ဖြစ်ကြပြီး စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

"ဒီနေရာက လေဟာနယ် အက်ကွဲကြောင်း ရဲ့ တစ်ဖက် ကမ္ဘာ ပဲလား"

အမည်းရောင် သံချပ်ကာ ဝတ်ဆင်ထားပြီး ဝဝဖိုင့်ဖိုင့် နှင့် နားရွက်ကြီးကြီး ရှိသော လူငယ် တစ်ယောက်က ပတ်ဝန်းကျင်ကို ကြည့်ကာ မျက်လုံးထဲတွင် စိတ်ပျက်မှုများ ဖြတ်ပြေးသွားပြီး "အဆင့်နိမ့် ဒေသခံ လောက လေး တစ်ခု ပဲ ဖြစ်နေတာကိုး... အလကား မျှော်လင့်မိတာပဲ" ဟု ပြောလိုက်သည်။

"မိစ္ဆာ နတ်ဘုရား... ဒီအဆင့်နိမ့် ဒေသခံ လောက ကို ရှင်းလင်းပစ်ဖို့ ကျွန်တော့်ကို တာဝန် ပေးပါ" ၎င်း၏ ဘေးရှိ မီးမိစ္ဆာ တစ်ကောင်က နှုတ်ခမ်းထောင့်မှ သွားရည်များကို သုတ်ကာ ခါးညွတ်ပြီး တောင်းဆိုလိုက်လေသည်။

"ဒီလို အရေးကြီးတဲ့ တာဝန်ကို မင်း တစ်ယောက်တည်း ကို ဘယ်လိုလုပ် ပေးလို့ ရမှာလဲ... မိစ္ဆာ နတ်ဘုရား... ကျွန်တော့်ကို တာဝန် ပေးပါ"

"မိစ္ဆာ နတ်ဘုရား..."

အခြား မိစ္ဆာများလည်း အလုအယက် တောင်းဆိုနေကြပြီး တစ်လှမ်း နောက်ကျသွားပါက အခွင့်အရေး ကောင်းများ သူတစ်ပါး လက်ထဲ ပါသွားမည်ကို စိုးရိမ်နေကြလေသည်။

"ဘာတွေ ဆူညံနေတာလဲ... အသုံးမကျတဲ့ ကောင်တွေ"

ဝဝဖိုင့်ဖိုင့် လူငယ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး "အရင် စည်းကမ်း အတိုင်းပဲ... မိစ္ဆာဘုရင် အဆင့် အထက် က သက်ရှိ တွေကို ငါ ယူမယ်... မင်းတို့ ဘယ်သူမှ လာမလုနဲ့... ကျန်တာ တွေကိုတော့ မင်းတို့ သဘောပဲ" ဟု ပြောလိုက်သည်။

"မိစ္ဆာ နတ်ဘုရား ရဲ့ အမိန့် အတိုင်း ပါပဲ"

"ဒီကောင်တွေကို အရင် ရှင်းပစ်လိုက်"

"ဟားဟားဟား... အရသာ ရှိလှတဲ့ သွေး နဲ့ ဝိညာဉ် တွေ... တကယ် သွားရည်ကျစရာ ကောင်းတာပဲ... ငါ လာပြီ..."

မိစ္ဆာ တစ်အုပ်လုံးက ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး မုန်လဲ့တို့ဆီသို့ တည့်တည့် ပြေးဝင်လာကြလေသည်။

တစ်ကောင်စီတိုင်းက သွားရည်များ တမြားမြား ကျနေပြီး မျက်လုံးများက အစိမ်းရောင် တောက်ပနေကာ နှစ်ပေါင်းများစွာ ဆာလောင်နေသော ငတ်မွတ်နေသည့် ဝံပုလွေများအလား ဖြစ်နေလေသည်။

"သူ... သူတို့ လာနေပြီ"

"ခုခံ... မြန်မြန် ခုခံကြ"

အရှေ့မှ ပြေးဝင်လာသော မိစ္ဆာ ရာနှင့်ချီကို ကြည့်ကာ လူများ အားလုံး အလွန် ကြောက်လန့်တကြား ဖြစ်သွားကြပြီး အလျင်အမြန် ခုခံရန် ပြင်ဆင်လိုက်ကြသော်လည်း မိစ္ဆာများ၏ အရှိန်က အလွန် မြန်ဆန်လွန်းလှပေသည်။

အလင်းရောင် သူရဲကောင်း များ၊ နတ်ဘုရားတစ်ဝက် အဆင့်ရှိသူများ နေရာမယူနိုင်မီမှာပင် သူတို့က လူအုပ်ထဲသို့ ရောက်ရှိလာပြီး သိုးအုပ်ထဲ ဝင်လာသော ကျားများအလား အစုလိုက် အပြုံလိုက် သတ်ဖြတ်ရန် ပြင်ဆင်နေကြလေသည်။

"ဟွန့်”

All Chapters