အခန်း ၃၄၃
Vol. 35 Ch. 343
အခန်း ၃၄၃။ နတ်ဘုရား မီးတောက် ၏ ဖိနှိပ်မှု နှင့် အမြင့်ဆုံး မွေးရာပါ စွမ်းရည်
အလယ်အလတ် မဟာ မိစ္ဆာနတ်ဘုရား တစ်ပါးစီတိုင်း သည် နိုင်ငံ တစ်ခု ၏ အမာခံ တိုင်လုံး များ ဖြစ်ကြပြီး တစ်ယောက် သေဆုံးသွားလျှင်ပင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်လေသည်။
မုန်လဲ့ က မိမိတို့ဘက်မှ အလယ်အလတ် မဟာ မိစ္ဆာနတ်ဘုရား များကို စိတ်ထင်တိုင်း သတ်ဖြတ်နေသည်ကို မြင်သောအခါ ခေါင်းသုံးလုံး ဘုရင်မ နှင့် ကျဆင်းနေသော ဧကရာဇ် တို့ လုံးဝ သည်းမခံနိုင်တော့ပေ။
သူတို့ က သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး ကို မုန်လဲ့ အား သတ်ဖြတ်ခြင်း ရပ်တန့်ရန် အမိန့်ပေးရန် ချက်ချင်း ခြိမ်းခြောက်လိုက်လေသည်။ သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး မှာ ဒေါသထွက်ပြီး မကျေမနပ် ဖြစ်နေသော်လည်း အမိန့်ပေးရန် လက်ခံလိုက်ရလေသည်။
သို့သော် သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး လုံးဝ မထင်ထားခဲ့သည်မှာ မုန်လဲ့ သည် သူ၏ အမိန့်ကို လုံးဝ မကြားသကဲ့သို့ ဂရုမစိုက်ဘဲ အခြား နှစ်နိုင်ငံ မှ အလယ်အလတ် မဟာ မိစ္ဆာနတ်ဘုရား များကို ဆက်လက် သတ်ဖြတ်နေပြီး အလွန် သွေးဆာနေလေသည်။
"သေနာကောင်"
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး ၏ မျက်နှာ မှာ အလွန် ကြည့်ရဆိုးသွားပြီး "ရေခဲမိစ္ဆာ နယ်စား... ငါ့ အမိန့် ကို မကြားဘူးလား... သတ်ဖြတ်တာ တွေ ကို အခု ချက်ချင်း ရပ်လိုက်စမ်း" ဟု အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။
မုန်လဲ့ က လုံးဝ ဂရုမစိုက်ဘဲ ဆက်လက် သတ်ဖြတ်နေလေသည်။
"ဝုန်း"
လက်သီး တစ်ချက်တည်း နှင့် ရေခဲမိစ္ဆာ တစ်ကောင် ကို သတ်ပစ်လိုက်သည်။
"ခွပ်"
လက်ညှိုး တစ်ချောင်းတည်း နှင့် လေမိစ္ဆာ တစ်ကောင် ကို သတ်ပစ်လိုက်သည်။
"ဘုန်း"
ကျဆင်းနေသော ကောင်းကင်တမန် တစ်ယောက် ၏ လည်ပင်း ကို ချိုးပစ်လိုက်သည်။
"ရွှမ်း"
ငရဲ ခေါင်းသုံးလုံးခွေး တစ်ကောင် ၏ ခေါင်းကို ဖြတ်ပစ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် အလယ်အလတ် မဟာ မိစ္ဆာနတ်ဘုရား ၄ ပါး မုန်လဲ့ ၏ လက်ထဲတွင် အသက်ပျောက်သွားပြီး နတ်ဘုရား သလင်းကျောက် ၂၄၀ သန်း အမြတ်ထွက်သွားလေသည်။
"အိုက်ဇိုင်းယား... မင်း လက်အောက် က နယ်စား က မင်း ဆိုတဲ့ မိစ္ဆာ ဘုရင်ကြီး ကို လုံးဝ အရေးမလုပ်ဘူးပဲ" ယူဖီမီးယား က လှောင်ပြောင်သော လေသံ ဖြင့် ပြောလိုက်သည်။
ကျဆင်းနေသော ဧကရာဇ် အဲလက် လည်း ဝင်ပြောလိုက်လေသည်။ "အိုက်ဇိုင်းယား... မင်း လူ ကို မင်း အမိန့်ပေးလို့ မရရင်... ငါ ကူပြီး ဆုံးမပေးလို့ ရတယ်နော်"
"သေနာကောင်"
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး အလွန် ဒေါသထွက်သွားလေသည်။ သူ၏ မိစ္ဆာ ဘုရင်ကြီး ဆိုသော ဂုဏ်သိက္ခာ က ကြီးမားစွာ စော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး သာမန် နယ်စား တစ်ပါး က သူ့ကို ဤမျှ ဂရုမစိုက်ခြင်း က သူ့ကို လုံးဝ အရေးမလုပ်ခြင်း ပင် ဖြစ်လေသည်။
"ရွှမ်း"
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး က နေရာရွှေ့ပြောင်းကာ တိုက်ပွဲ အတွင်းသို့ ချက်ချင်း ရောက်ရှိသွားပြီး လှိုင်းလုံးကြီးများအလား ကြီးမားလှသော မိစ္ဆာ အရှိန်အဝါ ကြီး က အရပ်ရှစ်မျက်နှာ သို့ ချက်ချင်း ပျံ့နှံ့သွားလေသည်။
"ဝုန်း..."
လေဟာနယ် က ချက်ချင်း ရပ်တန့်သွားပြီး အုပ်စုလိုက် တိုက်ပွဲ ဝင်နေသော အလယ်အလတ် မဟာ မိစ္ဆာနတ်ဘုရား ၃၀၀ ကျော် မှာ နေရာမှာတင် အေးခဲသွားသကဲ့သို့ ရပ်တန့်သွားကာ လွင့်စင်နေသော အရှိန်လှိုင်း များ နှင့် လေဟာနယ် မုန်တိုင်း များ ပင်လျှင် ရပ်တန့်သွားလေသည်။
အရာအားလုံး... ရပ်တန့်သွားသကဲ့သို့ ဖြစ်နေလေသည်။
"ဘာဖြစ်သွားတာလဲ"
တိုက်ပွဲ ကို ကြည့်နေသော မိစ္ဆာ များ အနည်းငယ် ကြောင်အမ်းသွားပြီး ဘာဖြစ်သွားမှန်း မသိတော့ပေ။
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး က မုန်လဲ့ အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားပြီး ကိုယ်ပေါ်မှ မိစ္ဆာ အရှိန်အဝါ တွေ ပေါက်ကွဲထွက်လာကာ မျက်လုံးများ အေးစက်စွာဖြင့် "ရေခဲမိစ္ဆာ နယ်စား... ငါ့ အမိန့် ကို ဘာလို့ မနာခံတာလဲ" ဟု မေးလိုက်သည်။
"အမိန့် နာခံရမယ် ဟုတ်လား... ဘာလို့ မင်း အမိန့် ကို နာခံရမှာလဲ"
မုန်လဲ့ က သူ့ကို ပိတ်လှောင်ထားသော မိစ္ဆာ စွမ်းအား များကို ဖျက်ဆီးပစ်လိုက်ပြီး မျက်လုံး အေးစက်နေသော သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး ကို ကြည့်ကာ "မင်း က ငါ့ကို မင်း ရဲ့ လက်အောက်ခံ လို့ တကယ်ပဲ ထင်နေတာလား" ဟု မေးလိုက်သည်။
"ရိုင်းစိုင်းလှချည်လား"
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး မျက်နှာ အေးစက်သွားပြီး "ရေခဲမိစ္ဆာ နယ်စား... မင်း ဘာပြောနေလဲ ဆိုတာ မင်း သိရဲ့လား" ဟု ပြောလိုက်သည်။
"ဟားဟား"
မုန်လဲ့ က ခေါင်းခါကာ ရယ်မောလိုက်ပြီး မျက်နှာဖုံး ကို ခွာချလိုက်ပြီ ဆိုတော့ ဆက်ပြီး ဟန်ဆောင်နေဖို့ မလိုတော့ဘူးလေ။
"သရဲတစ္ဆေ မိစ္ဆာ ဘုရင်... ငါ က တခြား လောက က လာတာ... ရေခဲမိစ္ဆာ နယ်စား အဖြစ် ခဏ ဟန်ဆောင်နေတာ က အမှောင် ကောင်းကင် ပွင့်မယ့် အချိန် ကို စောင့်နေလို့ပဲ"
"ဒီလိုကိုး... ဒါဆိုရင်လည်း မင်း သေလိုက်တော့"
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ် ဖြတ်ပြေးသွားပြီး မုန်လဲ့ ကို လက်ဝါး ဖြင့် ရိုက်ချလိုက်လေသည်။ သူ၏ အဆင့်မြင့် မဟာ မိစ္ဆာနတ်ဘုရား စွမ်းအား ဖြင့် မုန်လဲ့ ကို လက်ဝါး တစ်ချက်တည်း နှင့် သတ်ပစ်နိုင်မည် ဟု ယုံကြည်နေလေသည်။
"လာစမ်းပါ"
မုန်လဲ့ က လည်း လက်ဝါး ဖြင့် ပြန်လည် တိုက်ခိုက်လိုက်လေသည်။
"ဘုရားရေ... သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး နဲ့ အဲဒီ ကောင် ဘာလို့ တိုက်နေကြတာလဲ"
"ငါ မှတ်မိသလောက် တော့... အဲဒီ ရက်စက်တဲ့ ကောင် က သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး ခေါ်လာတာ မဟုတ်ဘူးလား... ဘာလို့ သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး က သူ့ကို ပြန်တိုက်နေတာလဲ"
"ဘာတွေ ဖြစ်ကုန်တာလဲ"
အကြောင်းစုံ မသိသော ကြည့်ရှုသူ မိစ္ဆာ များ မှာ ကြောင်အမ်းအမ်း ဖြစ်နေကြပြီး အုပ်စုလိုက် တိုက်ပွဲ ကြီး ဖြစ်နေတာ ကနေ ဘာလို့ ရုတ်တရက် ဒီလို ဖြစ်သွားရတာလဲ ဆိုပြီး စဉ်းစားမရ ဖြစ်နေကြလေသည်။
"ဝုန်း"
အကြောင်းစုံ မသိသော ကြည့်ရှုသူ များ ကြောင်အမ်းအမ်း ဖြစ်နေစဉ် မှာပင် မုန်လဲ့ နှင့် သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး တို့၏ လက်ဝါး နှစ်ဖက် ဝင်တိုက်မိသွားရာ ကမ္ဘာကြီး ပျက်စီးတော့မည့် အလား ကောင်းကင်နှင့် မြေကြီး ကို တုန်ခါသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ပြင်းထန်လှသော အရှိန်လှိုင်း များ က သူတို့ နှစ်ယောက် ကို ဗဟိုပြု၍ အရပ်ရှစ်မျက်နှာ သို့ ချက်ချင်း ပေါက်ကွဲထွက်သွားလေသည်။
မုန်လဲ့ နှင့် သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး တို့ ပြိုင်တူ နောက်သို့ လွင့်စင်သွားကြပြီး လူတိုင်း ၏ မျက်လုံးများ ကို ပြူးကျယ်သွားစေသည်မှာ... မုန်လဲ့ က မီတာ အနည်းငယ် သာ ဆုတ်သွားရသော်လည်း သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး ကတော့ ဆယ်မီတာ ကျော် အထိ ဆုတ်သွားရခြင်း ပင် ဖြစ်လေသည်။
တစ်ချက်တည်း နှင့် အခြေအနေ ရှင်းလင်းသွားပြီ ဖြစ်လေသည်။
"ဘာ"
"ဘယ်လို ဖြစ်နိုင်မှာလဲ"
"အိပ်မက်... ဒါ အိပ်မက် မက်နေတာပဲ ဖြစ်ရမယ်"
ခေါင်းသုံးလုံး ဘုရင်မ နှင့် ကျဆင်းနေသော ဧကရာဇ် တို့ အလွန် အံ့အားသင့်သွားကြပြီး မရေမတွက်နိုင်သော ကြည့်ရှုသူ မိစ္ဆာ များ လည်း လုံးဝ အံ့အားသင့်သွားကြလေသည်။ သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး ဆိုတာ ဘယ်သူလဲ။
သူ က သရဲတစ္ဆေ တိုက်ကြီး ရဲ့ ပြိုင်ဘက်ကင်း အစွမ်းထက်သူ သုံးယောက် ထဲက တစ်ယောက် ဖြစ်ပြီး သရဲတစ္ဆေ တိုက်ကြီး ရဲ့ ပိရမစ် အထွတ်အထိပ် တွင် နှစ်ပေါင်း မရေမတွက်နိုင်အောင် မားမားမတ်မတ် ရပ်တည်နေခဲ့သော အဆင့်မြင့် မဟာ မိစ္ဆာနတ်ဘုရား ကြီး တစ်ပါး လေ။
မုန်လဲ့ ကရော။
ဘယ် ချောင် ကနေ ထွက်လာမှန်း မသိတဲ့ ကောင်လေ။
ဒါပေမဲ့ ဒီလို နာမည် မရှိ သတင်း မရှိ တဲ့ သာမန် ကောင်လေး က သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး နဲ့ တန်းတူ တိုက်ခိုက်နိုင်ရုံ သာမက... ပိုတောင် အစွမ်းထက်နေသေးတယ် တဲ့လား။
"မင်း က ဒီလောက်တောင် အစွမ်းထက်နေတာကိုး"
ထုံကျင်နေသော ညာလက်ဝါး ကို ခံစားရင်း သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး ၏ ရင်ထဲတွင် လှိုင်းလုံးကြီးများအလား ဆူပွက်နေပြီး မုန်လဲ့ ကို ကြည့်သော မျက်လုံးများထဲတွင် အံ့အားသင့်မှု များနှင့် ဒေါသများ ပြည့်နှက်နေလေသည်။
"အိုက်ဇိုင်းယား... ဒီကောင် က တော်တော် အစွမ်းထက်တယ်... ကူညီပေးရမလား" ခေါင်းသုံးလုံး ဘုရင်မ နှင့် ကျဆင်းနေသော ဧကရာဇ် တို့ က သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး အနီးသို့ ရောက်လာပြီး လေးနက်စွာ မေးလိုက်ကြလေသည်။
"ဘယ်သူမှ ဝင်မပါနဲ့"
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး က အေးစက်စက် ငြင်းပယ်လိုက်ပြီး "ဒီကောင် က ငါ ခေါ်လာတာ... ငါ ကိုယ်တိုင် သူ့ကို သတ်ပြီး ငါ့ ရင်ထဲက ဒေါသ တွေကို ဖြေဖျောက်ရမယ်" ဟု ပြောလိုက်သည်။
"အင်း"
ခေါင်းသုံးလုံး ဘုရင်မ နှင့် ကျဆင်းနေသော ဧကရာဇ် တို့ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောကြတော့ပေ။
"ကောင်လေး... မင်း က ဒီလောက် စွမ်းအား ရှိမယ် လို့ မထင်ထားခဲ့ဘူး... အရင်က ငါ မင်းကို အထင်သေးမိသွားတယ်... ဒါပေမဲ့ ဒီလောက်နဲ့ပဲ ပြီးသွားပြီ... ငါ ကိုယ်တိုင် မင်းကို သတ်ပစ်မယ်"
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါ တွေ က လှိုင်းလုံးကြီးများအလား ပေါက်ကွဲထွက်လာပြီး ပေါက်ကွဲတော့မည့် မီးတောင် ကြီး တစ်ခု အလား အချိန်မရွေး ပေါက်ကွဲရန် အသင့် ဖြစ်နေလေသည်။
"ငါ့ကို သတ်မယ် ဟုတ်လား... ပွင့်ပွင့်လင်းလင်း ပြောရရင် ငါလည်း မင်းကို သတ်ချင်နေတာ"
မုန်လဲ့ က နှုတ်ခမ်းကို သပ်လိုက်ပြီး မျက်လုံးများ တောက်ပလာလေသည်။ အလယ်အလတ် မဟာ မိစ္ဆာနတ်ဘုရား တစ်ပါး က နတ်ဘုရား သလင်းကျောက် သန်း ၆၀ ဆိုရင် အဆင့်မြင့် မဟာ မိစ္ဆာနတ်ဘုရား တစ်ပါး ကတော့ အနည်းဆုံး သန်း ၉၀၀ ရမှာ သေချာလေသည်။
သန်း ၉၀၀ လေ။
ဘယ်လောက်တောင် များတဲ့ ပမာဏ ကြီး လဲ။
"သေလိုက်စမ်း"
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး က ဟိန်းဟောက်လိုက်ပြီး သူ့ ပတ်ဝန်းကျင် တွင် အမည်းရောင် လှံတံ အမြောက်အမြား ရုတ်တရက် ထွက်ပေါ်လာကာ ကောင်းကင် အပြည့် မြားမိုး တစ်ခု အဖြစ် ပြောင်းလဲပြီး မုန်လဲ့ ဆီသို့ ပစ်ခတ်သွားလေသည်။
"ငရဲမီးလျှံ"
ကြည့်ရှုနေသော မိစ္ဆာ များ က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး အလိုအလျောက် အဝေးသို့ ထွက်ပြေးသွားကြလေသည်။ ၎င်းမှာ နာမည်ကြီး လှသော ငရဲမီးလျှံ ပင် ဖြစ်ပြီး စွမ်းအား က အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
အထူးသဖြင့် သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး ၏ ငရဲမီးလျှံ မှာ ပြိုင်ဘက်ကင်းပြီး အကယ်၍ ဤမီးတောက် အနည်းငယ် ကိုသာ ထိတွေ့မိပါက အရှင်လတ်လတ် ပြာအဖြစ် လောင်ကျွမ်းသွားမည်မှာ သေချာလှပေသည်။
"အိုက်ဇိုင်းယား က ပြန်လည် မွေးဖွားတာ ၈ ခါ ရှိပြီ... သူ့ရဲ့ ငရဲမီးလျှံ လည်း ၈ ခါ အဆင့်တက်သွားပြီး အပူချိန် သန်း ၁၀ ဒီဂရီ စင်တီဂရိတ် တောင် ရှိတယ်... ငါတို့တောင် လုံးဝ အထိမခံရဲဘူး"
ကောင်းကင် အပြည့် ရှိနေသော အမည်းရောင် လှံတံ များကို ကြည့်ကာ ခေါင်းသုံးလုံး ဘုရင်မ နှင့် ကျဆင်းနေသော ဧကရာဇ် တို့ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး မျက်လုံးများထဲတွင် လေးနက်မှုများ ဖြတ်ပြေးသွားလေသည်။ အပူချိန် သန်း ၁၀ ရှိသော ငရဲမီးလျှံ ကို သူတို့ လည်း အထင်မသေးရဲပေ။
"ကောင်လေး... မင်း ဘယ်လို သေမလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ကောင်းကင် အပြည့် ရှိနေသော အမည်းရောင် လှံတံ များ က အရပ်ရှစ်မျက်နှာ မှ ဝင်ရောက်လာကာ မုန်လဲ့ ၏ ထွက်ပြေးနိုင်မည့် လမ်းကြောင်း အားလုံးကို ပိတ်လှောင်လိုက်လေသည်။
ထွက်ပြေးဖို့ လမ်း မရှိတော့ဘူး... ရှောင်ဖို့ လည်း မရတော့ဘူး။
"မုန်လဲ့... ဒါ မင်း အမြဲ သုံးနေကျ အကွက် မဟုတ်လား"
ဒိုဒိုလာ ၏ အသံ ထွက်ပေါ်လာပြီး နောက်ပြောင်သော လေသံ ဖြင့် "အခု ကိုယ့် အကွက် နဲ့ ကိုယ် ပြန်ခံရတော့... ရင်ထဲမှာ ဘယ်လို နေလဲ" ဟု မေးလိုက်သည်။
"မဟုတ်ဘူး... ဒီလို ခံစားချက် ကို ငါ အရမ်း သဘောကျတယ်"
မုန်လဲ့ က ရှောင်တိမ်းခြင်း မရှိဘဲ ကောင်းကင် အပြည့် ရှိနေသော အမည်းရောင် လှံတံ များကို အသာတကြည် ခံယူလိုက်လေသည်။ သူ၏ နတ်ဘုရား ခန္ဓာကိုယ် ၏ မာကျောမှု ဖြင့် ဤအမည်းရောင် လှံတံ များ က သူ၏ ခန္ဓာကိုယ် ကို လုံးဝ မထိခိုက်နိုင်ပေ။
သို့သော် ကိုယ်ပေါ်သို့ ထိတွေ့သည့် အခိုက်အတန့် တွင် အမည်းရောင် လှံတံ များ က မီးတောက်များ အဖြစ် ပြောင်းလဲသွားပြီး မုန်လဲ့ ကို ချက်ချင်း လွှမ်းခြုံသွားကာ တစ်ခဏအတွင်းမှာပင် မုန်လဲ့ ၏ ကိုယ်ပေါ်တွင် ကြီးမားလှသော မီးတောက်များ လောင်ကျွမ်းလာပြီး အမည်းရောင် မီးတောက် လူသား တစ်ယောက် အဖြစ် ချက်ချင်း ပြောင်းလဲသွားလေသည်။
"သူ သေသွားပြီ... အိုက်ဇိုင်းယား နဲ့ ယှဉ်နိုင်တဲ့ ခွန်အား ရှိရင်တောင်... ငရဲမီးလျှံ တွေ လွှမ်းခြုံခံလိုက်ရပြီ ဆိုတော့... ဘယ်လိုမှ ထပ်ပြီး အသက်ရှင် နိုင်တော့မှာ မဟုတ်ဘူး"
ခေါင်းသုံးလုံး ဘုရင်မ ယူဖီမီးယား က အေးစက်စက် ကြည့်နေပြီး မုန်လဲ့ ကို သေဒဏ် ပေးလိုက်ပြီ ဖြစ်လေသည်။
"ဒီလောက် ကြောက်စရာကောင်းတဲ့ ကောင် တစ်ကောင် ဘယ်ချောင် ကနေ ထွက်လာမှန်း မသိဘူး" ကျဆင်းနေသော ဧကရာဇ် အဲလက် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်နေလေသည်။
"ဘယ်က လာတာလဲ ဆိုတာ အရေးမကြီးပါဘူး... အရေးကြီးတာ က သူ မကြာခင် မီးလောင် သေတော့မယ် ဆိုတာပဲ... အဲဒါ လုံလောက်ပြီ"
ယူဖီမီးယား က ခေါင်းခါကာ ရယ်မောလိုက်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သရဲတစ္ဆေ တိုက်ကြီး က အမြဲတမ်း သူတို့ သုံးယောက် ၏ နေရာ ဖြစ်ခဲ့ပြီး ရုတ်တရက် သူတို့ နှင့် စွမ်းအား တူညီသော ကောင် တစ်ကောင် ထွက်လာသည် ကို မြင်သောအခါ သူမ အလွန် လန့်သွားခဲ့လေသည်။
သို့သော် ကံကောင်းစွာဖြင့် ဒီကောင် က မကြာခင် မီးလောင် သေတော့မှာ ဆိုတော့... အားလုံး က အရေးမကြီးတော့ပါဘူး။
သို့သော် မီးတောက်များ ဆက်လက် လောင်ကျွမ်းနေသည် နှင့်အမျှ ယူဖီမီးယား ၏ မျက်မှောင်များ တဖြည်းဖြည်း ကြုတ်လာလေသည်။ ငရဲမီးလျှံ များ အဆက်မပြတ် လောင်ကျွမ်းနေသော်လည်း မုန်လဲ့ မှာ ဘာမှ မဖြစ်သကဲ့သို့ ရှိနေလေသည်။
သူ က ကြီးမားလှသော မီးတောက်များ အလယ်တွင် ရပ်နေပြီး မီးတောက်များ အလယ်တွင် ရှိနေသော သံမဏိ တိုင်ကြီး တစ်တိုင်အလား မီးတောက်များ မည်မျှပင် လောင်ကျွမ်းစေကာမူ လုံးဝ အထိအခိုက် မရှိပေ။
"အိုက်ဇိုင်းယား... တစ်ခုခု မှားနေသလိုပဲ"
ယူဖီမီးယား မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး က ပြန်မဖြေဘဲ မုန်လဲ့ ကိုသာ သေချာ စိုက်ကြည့်နေပြီး သူ၏ ရင်ထဲတွင် လှိုင်းလုံးကြီးများအလား ဆူပွက်နေလေသည်။ မုန်လဲ့ က... ငရဲမီးလျှံ တွေကို မကြောက်ဘူးလား။
"မဟုတ်ဘူး... ဒါ မဖြစ်နိုင်ဘူး... ငရဲမီးလျှံ ဆိုတာ ဘာမဆို လောင်ကျွမ်းနိုင်တဲ့ ပျက်စီးခြင်း မရှိတဲ့ မီးတောက် လေ... ပြီးတော့ ငါ့ရဲ့ ငရဲမီးလျှံ က အပူချိန် သန်း ၁၀ အထိတောင် ရောက်နေပြီ"
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး က ခေါင်းကို အဆက်မပြတ် ခါရမ်းနေပြီး "သူ့ကို သေချာပေါက် လောင်ကျွမ်း သတ်နိုင်ရမယ်... ခဏ စောင့်... ထပ်စောင့်လိုက်ဦး..." ဟု ပြောလိုက်သည်။
စောင့်ရင်း စောင့်ရင်း နဲ့ တစ်မိနစ် ကုန်သွားတယ်….နှစ်မိနစ် ကုန်သွားတယ်…..သုံးမိနစ် ကုန်သွားသည်။
မျက်စိတစ်မှိတ်အတွင်း ငါးမိနစ် ကုန်သွားသော်လည်း မုန်လဲ့ မှာ မီးတောက်များ အလယ်တွင် မားမားမတ်မတ် ရပ်တည်နေဆဲ ဖြစ်ပြီး ငရဲမီးလျှံ ၏ လောင်ကျွမ်းမှု ကို လုံးဝ ဂရုမစိုက်ပေ။
"ဘာလို့ ဒီလို ဖြစ်ရတာလဲ"
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး အလွန် အံ့အားသင့်သွားလေသည်။
ယူဖီမီးယား နှင့် အဲလက် တို့ လည်း အလွန် အံ့အားသင့်သွားကြလေသည်။ ငရဲမီးလျှံ က မုန်လဲ့ ကို ဘာမှ မလုပ်နိုင်ဘူး တဲ့လား။
"မိစ္ဆာ ဘုရင်ကြီး... ဒါက မင်း ရဲ့ ငရဲမီးလျှံ လား... သိပ်လည်း မကောင်းပါဘူး"
မုန်လဲ့ က ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီး "မိစ္ဆာ ဘုရင်ကြီး ရဲ့ ငရဲမီးလျှံ က စွမ်းအား ကြီးပြီး ဘာမဆို လောင်ကျွမ်းနိုင်တယ် လို့ ထင်ထားတာ... ဒီနေ့ မြင်လိုက်ရတော့... ဒီလောက်ပါပဲ လား လို့" ဟု ပြောလိုက်သည်။
"ဘာလို့လဲ... မင်း က ဘာလို့ ငါ့ရဲ့ ငရဲမီးလျှံ ကို မကြောက်တာလဲ" သူ့ရဲ့ အကောင်းဆုံး တိုက်ခိုက်မှု က မုန်လဲ့ ကို ဘာမှ မလုပ်နိုင်သဖြင့် သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး အလွန် စိတ်ပျက်သွားပုံ ရလေသည်။
"ဘာလို့လဲ ဟုတ်လား"
မုန်လဲ့ က ခေါင်းခါကာ ရယ်မောလိုက်ပြီး လက်ညှိုး တစ်ချောင်း ကို ထောင်ပြလိုက်ရာ ရွှေရောင် မီးတောက် လေး တစ်ခု က လက်ချောင်း ထိပ်တွင် ခုန်ပေါက်နေလေသည်။ "ဘာလို့လဲ ဆိုတော့... ငါ့ဆီမှာ လည်း ငရဲမီးလျှံ ရှိတယ် လေ"
"ငရဲမီးလျှံ လား"
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး အနည်းငယ် ကြောင်အမ်းသွားပြီးနောက် လှောင်ပြောင်လိုက်လေသည်။ "ဒါက မင်းရဲ့ ငရဲမီးလျှံ လား... ရယ်စရာ ကောင်းလိုက်တာ... ငရဲမီးလျှံ က အမည်းရောင် ဆိုတာ ဘယ်သူ မသိလို့လဲ"
"မယုံဘူးလား... ဒါဆိုလည်း စမ်းကြည့်လိုက်လေ"
မုန်လဲ့ က လက်ချောင်းလေး ကို ခေါက်လိုက်ရာ လက်ချောင်း ထိပ်ရှိ ရွှေရောင် မီးတောက်လေး က အမည်းရောင် မီးတောက် ကြီး ထဲသို့ ဝင်ရောက်သွားပြီး မီးတောက် နှစ်ခု ထိတွေ့သည် နှင့် အချင်းချင်း ရူးသွပ်စွာ လောင်ကျွမ်းလာကြလေသည်။
အမည်းရောင် မီးတောက် က အရွယ်အစား ကြီးမားပြီး အရှိန်အဝါ ပြင်းထန်သော်လည်း ရွှေရောင် မီးတောက်လေး ကတော့ သေးငယ်သော အစိတ်အပိုင်း လေး တစ်ခု သာ ဖြစ်လေသည်။
ကြည့်ရသည်မှာ သူတို့ နှစ်ခု က လုံးဝ အဆင့် မတူညီသော်လည်း ထူးဆန်းသည်မှာ ရွှေရောင် မီးတောက်လေး က ပိုလောင်လေ ပိုကြီးလာလေ ဖြစ်ပြီး အရွယ်အစား မှာ လျင်မြန်စွာ ကြီးထွားလာလေသည်။
အမည်းရောင် မီးတောက် ကြီး ကတော့ အရွယ်အစား တဖြည်းဖြည်း သေးငယ်လာပြီး ရွှေရောင် မီးတောက်လေး ၏ ကြီးထွားလာမှုကို လုံးဝ မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးတွင် အမည်းရောင် မီးတောက် ကြီး မှာ ရွှေရောင် မီးတောက်လေး ၏ အပြည့်အဝ မျိုချခြင်းကို ခံလိုက်ရလေသည်။
မုန်လဲ့ ၏ ကိုယ်ပေါ်တွင် ရွှေရောင် မီးတောက် များသာ ကျန်ရှိတော့လေသည်။
"ဒါ... ဒါ... ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ"
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး ၏ မျက်လုံးများ ကို သူ လုံးဝ မယုံနိုင်အောင် ဖြစ်နေလေသည်။ ပြန်လည် မွေးဖွားခြင်း ၈ ခါ အဆင့်တက်ထားသော သူ၏ ငရဲမီးလျှံ က... လုံးဝ ဖိနှိပ်ခံလိုက်ရတယ် တဲ့လား။
"မင်း ရဲ့ ငရဲမီးလျှံ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... ငါ အခုလေးတင် မြှင့်တင်ထားတဲ့ ရွှေရောင် ငရဲမီးလျှံ ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ" မုန်လဲ့ က ရင်ထဲတွင် ဂုဏ်ယူနေလေသည်။
ရွှေရောင် မူလ နတ်ဘုရား ခန္ဓာကိုယ် အပြည့်အဝ ပြီးပြည့်စုံ သွားပြီးနောက် သူ၏ ငရဲမီးလျှံ မှာလည်း ရွှေရောင် ငရဲမီးလျှံ အဖြစ် ပြောင်းလဲသွားသော်လည်း စွမ်းအား ကတော့ အများကြီး မတိုးတက်လာဘဲ သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး ၏ ငရဲမီးလျှံ ထက် အနည်းငယ် အားနည်းနေသေးလေသည်။
ဒါပေမဲ့ ပြဿနာ မရှိပါဘူး။
ဆက်ပြီး မြှင့်တင်လိုက်ရုံပေါ့။
ထို့ကြောင့် မုန်လဲ့ က နတ်ဘုရား သလင်းကျောက် သန်း ၁၀၀ အသုံးပြုကာ ငရဲမီးလျှံ ကို ထပ်မံ မြှင့်တင်လိုက်သဖြင့် ငရဲမီးလျှံ မှာ အမြင့်ဆုံး မွေးရာပါ စွမ်းရည် အဖြစ် အောင်မြင်စွာ အဆင့်တက်သွားလေသည်။
အမြင့်ဆုံး မွေးရာပါ စွမ်းရည်။
အမြင့်ဆုံး ဆိုတာ ဘာလဲ။
အမြင့်ဆုံး ဆိုတာ အဆုံးစွန် ကို ကိုယ်စားပြုတယ်... အမြင့်ဆုံး မွေးရာပါ စွမ်းရည် ထက် ပိုအစွမ်းထက်တဲ့ မွေးရာပါ စွမ်းရည် ဆိုတာ မရှိတော့ဘူး... မုန်လဲ့ ရဲ့ ငရဲမီးလျှံ က အဆုံးစွန် အထိ ရောက်သွားပြီ ဆိုတဲ့ အဓိပ္ပာယ် ပဲ... မုန်လဲ့ က ပြန်လည် မွေးဖွားရင်တောင် ထပ်ပြီး အဆင့်တက်တော့မှာ မဟုတ်ဘူး။
ဒါ့အပြင်... မုန်လဲ့ ရဲ့ အခု လက်ရှိ ငရဲမီးလျှံ က ပြန်လည် မွေးဖွားခြင်း ၉ ခါ အဆင့်တက်ထားတဲ့ ငရဲမီးလျှံ နဲ့ အတူတူပဲ ဆိုတဲ့ အဓိပ္ပာယ် ပဲ... ဒါမှမဟုတ်... မုန်လဲ့ ရဲ့ ငရဲမီးလျှံ က နည်းနည်းလေး ပိုတောင် အစွမ်းထက်နေနိုင်သေးသည်။
"မင်း ရဲ့ မီးတောက် က တကယ်တော့ ဘာ မီးတောက် လဲ"
သရဲတစ္ဆေ မိစ္ဆာ ဘုရင်ကြီး က တီးတိုး ရေရွတ်နေလေသည်။
"အခုထိ မသိသေးဘူးလား... တကယ်ကို အရူး ပဲ"
မုန်လဲ့ က ခေါင်းခါလိုက်ပြီး ရွှေရောင် တောက်ပနေသော ဧရာမ ရွှေရောင် ဖီးနစ် ကြီး တစ်ကောင် အဖြစ် ပြောင်းလဲသွားလေသည်။
"ဒီအရှိန်အဝါ က…”