အခန်း ၃၄၆
Vol. 35 Ch. 346
အခန်း ၃၄၆။ သေမင်းတမန်၏ ဟိန်းဟောက်သံနှင့် အပြိုင်အဆိုင် အညံ့ခံခြင်း
"ဝုန်း"
မုန်လဲ့၏ ဤစကားက တန်ချိန် ဘီလီယံချီသော နျူကလီးယားဗုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး မိစ္ဆာအားလုံး၏ ဦးနှောက်များ ဟာလာဟင်းလင်း ဖြစ်သွားကာ သူတို့၏ နားကိုပင် သူတို့ မယုံနိုင်အောင် ဖြစ်နေကြလေသည်။
သရဲတစ္ဆေတိုက်ကြီးကို နှစ်ပေါင်းမရေမတွက်နိုင်အောင် လွှမ်းမိုးအုပ်စိုးလာပြီး မားမားမတ်မတ် ရပ်တည်နေခဲ့သော သရဲတစ္ဆေမိစ္ဆာဘုရင်ကြီး သေသွားပြီ တဲ့လား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
"မဟုတ်ဘူး... ပေါက်ကလျှောက်ပြောမနေနဲ့... မိစ္ဆာဘုရင်ကြီးက သရဲတစ္ဆေတိုက်ကြီးရဲ့ ပြိုင်ဘက်ကင်း အစွမ်းထက်သူ သုံးယောက်ထဲက တစ်ယောက်လေ... သူ့ရဲ့စွမ်းအားက ဘယ်လောက်တောင် အစွမ်းထက်လဲ... ဘယ်လိုလုပ် သေနိုင်မှာလဲ..."
"ဟုတ်တယ်…ပေါက်ကရတွေပြောနေတာ..."
ကြည့်ရှုနေသော မိစ္ဆာများ လုံးဝ လက်မခံနိုင်ကြပေ။
"မင်း... မင်း တကယ်ပဲ သူ့ကို သတ်လိုက်တာလား..."
ခေါင်းသုံးလုံးဘုရင်မ၏ အသံမှာ အနည်းငယ် တုန်ရီနေလေသည်။
"ငါ သူ့ကို သတ်ယုံတင် မကဘူး... မင်းတို့ကိုပါ သတ်မှာ..."
မုန်လဲ့က တစ္ဆေတစ်ကောင်အလား ခေါင်းသုံးလုံးဘုရင်မ အရှေ့သို့ ရောက်ရှိလာပြီး သေမင်းတမန်၏မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုက ခေါင်းသုံးလုံးဘုရင်မ၏ မျက်ခုံးကြားသို့ ပြင်းထန်စွာ ကျရောက်သွားလေသည်။
"ရှောင်စမ်း..."
ဤအသက်လုရမည့် အချိန်လေးတွင် ကျဆင်းနေသောဧကရာဇ်က ရုတ်တရက် ထွက်ပေါ်လာပြီး မုန်လဲ့၏မျက်နှာကို ခြေထောက်ဖြင့် ကန်လိုက်ရာ မုန်လဲ့မှာ ချက်ချင်း လွင့်စင်သွားလေသည်။
ခေါင်းသုံးလုံးဘုရင်မက ငရဲတံခါးဝမှ ပြန်လှည့်လာရသကဲ့သို့ ခံစားလိုက်ရပြီး ခုနက နတ်ဘုရားဝိညာဉ်က သေမင်းတမန်၏မျက်လုံး၏ လွှမ်းခြုံမှုကို ခံလိုက်ရသဖြင့် မလှုပ်နိုင်မရှားနိုင် ဖြစ်သွားသည့် ခံစားချက်မှာ အလွန်ဆိုးရွားလွန်းလှပေသည်။
"မသေချင်ရင် သတိထား..."
ကျဆင်းနေသောဧကရာဇ်က အေးစက်စက် ပြောလိုက်လေသည်။
"နည်းနည်းလေး သတိလက်လွတ် ဖြစ်သွားတာနဲ့ ငါတို့လည်း အိုက်ဇိုင်းယားလိုပဲ အဆုံးသတ်သွားလိမ့်မယ်..."
"အဲလက်... ဒီတစ်ခါတော့ ကျေးဇူးပဲနော်..."
ခေါင်းသုံးလုံးဘုရင်မက ကျဆင်းနေသောဧကရာဇ်ကို ကျေးဇူးတင်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် မုန်လဲ့ကို ကြည့်ကာ သူမ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာပြီး ပြောလိုက်လေသည်။
"မင်း သေသင့်တယ်..."
"ဝူး..."
ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ခေါင်းသုံးလုံးဘုရင်မမှာ အရှည် ကျန်းရှစ်သိန်းရှိပြီး သွေးရောင်မီးတောက်များ လွှမ်းခြုံထားကာ ခေါင်းသုံးလုံး ပါရှိသော ခွေးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။
၎င်းမှာ ခေါင်းသုံးလုံးဘုရင်မ၏ မူလပုံစံ... ငရဲခေါင်းသုံးလုံးခွေး ပင် ဖြစ်လေသည်။
"ဝုန်း..."
တစ်ချိန်တည်းမှာပင် အလွန်ကြမ်းတမ်း၊ သွေးဆာပြီး ရက်စက်သော အရှိန်အဝါတစ်ခုက အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားသဖြင့် လာရောက်ကြည့်ရှုသော မိစ္ဆာများအားလုံး ကြောက်လန့်တကြားဖြစ်ကာ မြေကြီးပေါ်သို့ ဝပ်တွားသွားကြပြီး မတ်တပ်ပင် မရပ်နိုင်တော့ပေ။
"သေလိုက်စမ်း..."
ခေါင်းသုံးလုံးဘုရင်မက သွေးဆာနေသော ပါးစပ်ကြီး သုံးခုလုံးကို ဟကာ စွမ်းအင်လှိုင်းကြီး သုံးခုကို ပန်းထုတ်လိုက်လေသည်။
အနီရောင် မီးတောက်….အမည်းရောင် မီးခိုး…အစိမ်းရောင် အက်ဆစ်ရည်။
စွမ်းအင်လှိုင်းကြီး သုံးခုက လေဟာနယ်ကို ဖြတ်သန်းကာ အလွန်ကြမ်းတမ်းစွာဖြင့် မုန်လဲ့ဆီသို့ ဝင်ရောက်လာပြီး မုန်လဲ့ကို ပြာအဖြစ် လောင်ကျွမ်းစေရန်၊ အရိုးခြောက်အဖြစ် မီးခိုးမှိုင်းတိုက်ရန်၊ အရည်အဖြစ် စားပစ်ရန် ရည်ရွယ်ထားလေသည်။
သို့သော် အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာသော စွမ်းအင်လှိုင်းကြီး သုံးခုကို မုန်လဲ့က နေရာရွှေ့ပြောင်းခြင်းဖြင့် ရှောင်တိမ်းလိုက်ပြီး သူ၏အကြည့်များကို ကျဆင်းနေသောဧကရာဇ်ဆီသို့သာ ပို့လွှတ်ထားလေသည်။
"ငါ့ မျက်နှာကို ကန်ရဲတယ်ပေါ့... သိပ်ကောင်းတယ်... တကယ်ကို ကောင်းတယ်..."
မုန်လဲ့၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးနေပြီး သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေလေသည်။
ကျဆင်းနေသောဧကရာဇ်က မျက်နှာသေဖြင့် လက်ထဲတွင် အမည်းရောင် ဓားရှည်တစ်လက် ထွက်ပေါ်လာပြီး အမည်းရောင် အတောင်ပံ ရှစ်စုံကို ခတ်ကာ အမည်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး တိုက်ခိုက်လာလေသည်။
သူ၏အရှိန်မှာ အလွန်မြန်ဆန်လှပြီး ခေါင်းသုံးလုံးဘုရင်မနှင့် သရဲတစ္ဆေမိစ္ဆာဘုရင်ကြီးတို့ထက်ပင် ပိုမိုမြန်ဆန်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် မုန်လဲ့အရှေ့သို့ ရောက်ရှိလာပြီး ဓားဖြင့် ခုတ်ချလိုက်လေသည်။
"အပြစ်သားကို စီရင်ချက်ချခြင်း..."
အမည်းရောင် ဓားရှည်ကြီးက အလွန်ဆိုးရွားသော အရှိန်အဝါများကို ထုတ်လွှတ်နေပြီး ဓားသွား မရောက်လာမီမှာပင် ဆိုးရွားသော စိတ်ဆန္ဒများက မုန်လဲ့၏ ဦးနှောက်ထဲသို့ တည့်တည့် ဝင်ရောက်လာကာ မုန်လဲ့၏ နတ်ဘုရားဝိညာဉ်ကို အနှောင့်အယှက် ပေးနေလေသည်။
"ဓားကတော့ ကောင်းတဲ့ ဓားပါပဲ... ဒါပေမဲ့ နှမြောစရာကောင်းတာက..."
မုန်လဲ့က ရှောင်တိမ်းခြင်း မရှိဘဲ အမည်းရောင် ဓားရှည် ခုတ်ချလိုက်မည့် အချိန်လေးတွင် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားရာ ကျဆင်းနေသောဧကရာဇ် မျက်နှာပျက်သွားပြီး မစဉ်းစားတော့ဘဲ ချက်ချင်း ထွက်ပြေးရန် ပြင်လိုက်လေသည်။
"နောက်ကျသွားပြီ..."
အေးစက်စက် အသံက နားထဲတွင် ထွက်ပေါ်လာပြီး ပြင်းထန်သော နာကျင်မှုတစ်ခုက ဝမ်းဗိုက်မှ ထွက်ပေါ်လာရာ ကျဆင်းနေသောဧကရာဇ် ငုံ့ကြည့်လိုက်သောအခါ သွေးရောင်ဓားသွားတစ်ခုက သူ၏ဝမ်းဗိုက်ကို ဖောက်ထွင်းပြီး နှလုံးကိုပါ ထိုးဖောက်ထားသည်ကို တွေ့လိုက်ရလေသည်။
"ဒီဓားသွားက မင်း လက်ထဲမှာ ရှိနေတာလား..."
ကျဆင်းနေသောဧကရာဇ်၏ ရင်ထဲတွင် အလွန်အံ့အားသင့်သွားလေသည်။ သူက ခုနက သေမင်းတမန်၏မျက်လုံးကိုသာ အာရုံစိုက်နေခဲ့ပြီး ဤသွေးရောင်ဓားသွားက မုန်လဲ့လက်ထဲသို့ ရောက်သွားမည်ကိုတော့ လုံးဝ မထင်ထားခဲ့ပေ။
ပေါ့ဆသွားပြီ။
စောစောကတည်းက စဉ်းစားမိသင့်တာ။
"တူညီတဲ့ အဆင့်မှာ... ဘယ်သူမှ ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး..."
မုန်လဲ့က ကျဆင်းနေသောဧကရာဇ်၏ ကျောဘက်တွင် ရပ်ကာ အေးဆေးစွာ ပြောလိုက်လေသည်။
"နေရာရွှေ့ပြောင်းတာရယ်၊ သေမင်းတမန်ရဲ့မျက်လုံးရယ်၊ ပြီးတော့ ဒီသွေးရောင်ဓားသွားရယ်... မင်း ငါ့ကို ဘယ်လိုများ ယှဉ်နိုင်မှာလဲ..."
"ဒါ နေရာရွှေ့ပြောင်းတာလား..."
ကျဆင်းနေသောဧကရာဇ် တစ်ကိုယ်လုံး တုန်ရီသွားပြီး ပြောလိုက်သည်။
"မင်းမှာ ဒီလို ကြောက်စရာကောင်းတဲ့ စွမ်းရည် ရှိနေမယ်လို့ မထင်ထားခဲ့ဘူး... ဒါပေမဲ့..."
"ရွှမ်း..."
ကျဆင်းနေသောဧကရာဇ်မှာ ရုတ်တရက် အမည်းရောင် မီးခိုးအဖြစ် ပြောင်းလဲသွားပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွားကာ မီတာ ရာနှင့်ချီ အကွာတွင် ယခင်ပုံစံအတိုင်း ပြန်လည် ထွက်ပေါ်လာလေသည်။
"အမှောင် ဒြပ်စင်အဖြစ် ပြောင်းလဲတာလား..."
မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားပြီး "ဒိုဒိုလာ... ကျဆင်းနေတဲ့ ကောင်းကင်တမန် တွေလည်း ဒီလို မွေးရာပါ စွမ်းရည် ရှိတာလား..." ဟု သံသယဖြင့် မေးလိုက်လေသည်။
"အဆင့်နိမ့်တဲ့ ကျဆင်းနေတဲ့ ကောင်းကင်တမန် တွေမှာတော့ ဒီစွမ်းရည် မရှိဘူး... ဒါပေမဲ့ အတောင်ပံ ရှစ်ခု ပါတဲ့ အဆင့်ကို ရောက်သွားရင်တော့ ရှိလာတယ်လေ..." ဒိုဒိုလာက ရှင်းပြလိုက်သည်။
"ဒီလိုကိုး..."
မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
"ယူဖီမီးယား... အတူတူ တိုက်ကြ..."
ကျဆင်းနေသောဧကရာဇ်မှာ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့သော်လည်း ခုနက တိုက်ခိုက်မှုတွင် သေမင်းနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် အော်ဟစ်လိုက်လေသည်။
"ဆက်ပြီး ဖုံးကွယ်မထားနဲ့တော့... အားကုန်သုံးပြီး သူ့ကို သတ်..."
"ကောင်းပြီ..."
ဖုံးကွယ်ထားမယ် ဟုတ်လား။
သေချာပေါက် ဆက်ပြီး ဖုံးကွယ်မထားရဲတော့ပါဘူး။ မုန်လဲ့၏ အစွမ်းအထက်မှုက ခေါင်းသုံးလုံးဘုရင်မကို အလွန် အံ့အားသင့်သွားစေပြီး သူမသာ ဆက်ပြီး ဖုံးကွယ်ထားမည်ဆိုလျှင် သေချာပေါက် သေရမည်ဖြစ်ကြောင်း သိရှိသွားလေသည်။
"သေမင်းတမန်ရဲ့ ဟိန်းဟောက်သံ..."
ခေါင်းသုံးလုံးဘုရင်မက သွေးဆာနေသော ပါးစပ်ကြီးကို ဟကာ ကောင်းကင်သို့ မော့ပြီး ဟိန်းဟောက်လိုက်ရာ ကြမ်းတမ်းလှသော အသံလှိုင်းများက မုန်တိုင်းအလား လိမ့်ဆင်းလာပြီး မုန်လဲ့ဆီသို့ ဝင်ရောက်လာလေသည်။
ခွေး မျိုးနွယ်စုများ အနေဖြင့် ဟောင်သံက အလွန်ကျယ်လောင်လေ့ရှိပြီး ငရဲခေါင်းသုံးလုံးခွေး ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။ သူတို့၏ ရူးသွပ်စွာ ဟောင်သံများက မွေးရာပါ စွမ်းရည် တစ်ခုပင် ဖြစ်လာလေသည်။
"ဝုန်း..."
ကြမ်းတမ်းလှသော အသံလှိုင်းများက မုန်လဲ့ကို ချက်ချင်း လွှမ်းခြုံသွားပြီး မုန်လဲ့၏ နားများမှာ ချက်ချင်း ထိုင်းသွားကာ ဦးနှောက်ထဲတွင် ဆူညံသွားပြီး အသိစိတ်များမှာ ခဏတာ ဟာလာဟင်းလင်း ဖြစ်သွားလေသည်။
"ကောင်းတဲ့ အခွင့်အရေးပဲ..."
ကျဆင်းနေသောဧကရာဇ်က လက်ထဲရှိ အမည်းရောင် ဓားကို ဝှေ့ယမ်းကာ မုန်လဲ့၏ လည်ပင်းကို ဖြတ်ရန် ကြိုးစားလိုက်လေသည်။ ဤအမည်းရောင် ဓားကြီးမှာ သရဲတစ္ဆေမိစ္ဆာဘုရင်ကြီး၏ သွေးရောင်ဓားသွားကို မယှဉ်နိုင်သော်လည်း ပြီးပြည့်စုံသော မိစ္ဆာလက်နက် တစ်ခု ဖြစ်သဖြင့် အလွန် ထက်မြက်လှပေသည်။
တစ်ချက်တည်းနှင့် ထိမှန်သွားပါက မုန်လဲ့၏ လည်ပင်းကို ဖြတ်နိုင်ပြီး ခေါင်းကို ဖြတ်ကာ တစ်ချက်တည်းနှင့် သတ်ပစ်နိုင်မည်ဟု ကျဆင်းနေသောဧကရာဇ်က ယုံကြည်နေလေသည်။
"ခွပ်..."
အမည်းရောင် ဓားက မုန်လဲ့၏ လည်ပင်းကို ခုတ်မိသွားလေသည်။ ဤတစ်ကြိမ်တွင် မုန်လဲ့က လုံးဝ ရှောင်တိမ်းသွားခြင်း မရှိသဖြင့် ကျဆင်းနေသောဧကရာဇ် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ နောက်ဆုံးတော့ အောင်မြင်သွားပြီပဲ။
သို့သော် သူ ပျော်ရွှင်နေသည်မှာ သိပ်မကြာလိုက်ပေ။ မုန်လဲ့၏ လည်ပင်းမှာ အမည်းရောင် မီးခိုးများ အဖြစ် ပြောင်းလဲသွားပြီး ၎င်းတင်သာမက လည်ပင်း အောက်ရှိ ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံးမှာလည်း အမည်းရောင် မီးခိုးများ အဖြစ် ပြောင်းလဲသွားကာ လူသား ပုံစံ ခေါင်းကြီး တစ်လုံးသာ ကျန်ရှိတော့လေသည်။
"ဘယ်... ဘယ်လို..."
ကျဆင်းနေသောဧကရာဇ် တစ်ကိုယ်လုံး တုန်ရီသွားလေသည်။
"မင်း တစ်ယောက်တည်း အမှောင် ဒြပ်စင်အဖြစ် ပြောင်းလဲနိုင်တယ်လို့ ထင်နေတာလား..." မုန်လဲ့ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ဖြည်းညင်းစွာ ပြောလိုက်လေသည်။ "သေမင်းတမန်ရဲ့ မျက်လုံး..."
စကားဆုံးသည်နှင့် မုန်လဲ့၏ မျက်ခုံးကြားရှိ တတိယမျက်လုံးမှာ ဖြည်းညင်းစွာ ပွင့်လာရာ ကျဆင်းနေသောဧကရာဇ် ဤမြင်ကွင်းကို မြင်သောအခါ မစဉ်းစားတော့ဘဲ အမည်းရောင် မီးခိုးများ အဖြစ် ပြောင်းလဲကာ ထွက်ပြေးရန် ပြင်လိုက်လေသည်။
"ဟားဟား... ဒီအကွက်ပဲ လာပြန်ပြီလား..."
မုန်လဲ့က လှောင်ပြောင်လိုက်ပြီး လက်ညှိုး တစ်ချောင်း ထိုးလိုက်လေသည်။
"ရွှမ်း..."
ရွှေရောင် အအေးလှိုင်း တစ်ခုက လက်ချောင်းထိပ်မှ ပျံထွက်လာပြီး ကျဆင်းနေသောဧကရာဇ် ပြောင်းလဲသွားသော အမည်းရောင် မီးခိုးများကို ချက်ချင်း လွှမ်းခြုံသွားကာ သူ့ကို ရွှေရောင် ရေခဲတုံးကြီး တစ်တုံးအဖြစ် အေးခဲပစ်လိုက်လေသည်။
"သောက်ကျိုးနည်း..."
ရေခဲတုံးထဲရှိ ကျဆင်းနေသောဧကရာဇ်မှာ အလွန်ကြောက်လန့်သွားလေသည်။ မာကျောသော ရေခဲတုံးက သူ၏ လှုပ်ရှားမှုများကို အေးခဲစေရုံသာမက ဒြပ်စင်အဖြစ် ပြောင်းလဲခြင်းမှလည်း ပြန်မထွက်နိုင်အောင် လုပ်ထားလေသည်။
သူ... ပြန်ပြောင်းလို့ မရတော့ဘူး။
"ယူဖီမီးယား... ငါ့ကို ကယ်ပါဦး..."
ကျဆင်းနေသောဧကရာဇ်က စိုးရိမ်တကြီး အော်ဟစ်လိုက်ပြီး နတ်ဘုရားဝိညာဉ် လှိုင်းများ ထုတ်လွှတ်လိုက်လေသည်။
"ဝူး..."
ခေါင်းသုံးလုံးဘုရင်မလည်း ကျဆင်းနေသောဧကရာဇ်၏ အခက်အခဲကို မြင်သောအခါ အလျင်အမြန် ဟိန်းဟောက်လိုက်ပြီး ကြမ်းတမ်းလှသော အသံလှိုင်းများက ကျဆင်းနေသောဧကရာဇ်ကို အေးခဲထားသည့် ရေခဲတုံးကြီး ဆီသို့ ပြင်းထန်စွာ ဝင်ရောက်လာလေသည်။
"လုပ်ချင်သလို လုပ်... မင်း ခွဲနိုင်ရင် ဒီနေ့ ငါ မင်းကို အလွတ်ပေးမယ်..." မုန်လဲ့က မတားဆီးဘဲ ပြုံးကာ ကြည့်နေပြီး ခေါင်းသုံးလုံးဘုရင်မကို လွတ်လပ်စွာ တိုက်ခိုက်ခွင့် ပြုထားလေသည်။
"ဝုန်း..."
ကြမ်းတမ်းလှသော အသံလှိုင်းများက ရွှေရောင် ရေခဲတုံးပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်မိသွားသော်လည်း ဧရာမ လှိုင်းလုံးကြီးများက မာကျောသော ကျောက်ဆောင်ကြီးပေါ်သို့ ရိုက်ခတ်မိသကဲ့သို့ ရွှေရောင် ရေခဲတုံးကြီးကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်ပေ။
"ခွဲလို့ မရဘူးလား..."
ခေါင်းသုံးလုံးဘုရင်မ အလွန် အံ့အားသင့်သွားပြီး "ဒါက ဘာ ရေခဲ လဲ..." ဟု မေးလိုက်သည်။
"ဒါကို ငရဲ ရေခဲနက် လို့ ခေါ်တယ်... အေးခဲနေတဲ့ နတ်ဘုရား မျိုးနွယ်စုရဲ့ မွေးရာပါ စွမ်းရည် လေ..."
မုန်လဲ့က ညင်သာစွာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။
"သေချာတာပေါ့... ငါက နည်းနည်း ပိုက်ဆံ ထပ်သုံးပြီး အမြင့်ဆုံး မွေးရာပါ စွမ်းရည် ဖြစ်အောင် အဆင့်မြှင့်ထားတယ်လေ... ဒါကြောင့် မင်း ခွဲလို့ မရတာပေါ့..."
ခေါင်းသုံးလုံးဘုရင်မမှာ ဝေဝေဝါးဝါး ဖြစ်သွားသော်လည်း အကြမ်းဖျင်းတော့ နားလည်သွားလေသည်။ ပထမအချက်က ဒီရေခဲက အေးခဲနေတဲ့ နတ်ဘုရား မျိုးနွယ်စုရဲ့ ငရဲ ရေခဲနက် ဖြစ်တယ်၊ ဒုတိယအချက်က ငရဲ ရေခဲနက်က အမြင့်ဆုံး မွေးရာပါ စွမ်းရည် ဖြစ်သွားပြီ ဆိုတာပဲ။
ငရဲ ရေခဲနက်။
အမြင့်ဆုံး မွေးရာပါ စွမ်းရည်။
"မင်း က တကယ်တော့ ဘယ်လို သတ္တဝါ မျိုးလဲ..."
ခေါင်းသုံးလုံးဘုရင်မ ရူးသွပ်လုမတတ် ဖြစ်သွားလေသည်။
"မင်း မှ သတ္တဝါ... မင်း တစ်မိသားစုလုံး သတ္တဝါ တွေချည်းပဲ..."
မုန်လဲ့က တစ်လှမ်းချင်း လျှောက်သွားပြီး စိတ်လှုပ်ရှားနေသော ခေါင်းသုံးလုံးဘုရင်မ အရှေ့သို့ ရောက်ရှိသွားလေသည်။
လက်ညှိုး တစ်ချောင်း ထိုးလိုက်ရာ ငရဲ ရေခဲနက် ပျံထွက်လာပြီး ခေါင်းသုံးလုံးဘုရင်မ၏ ခန္ဓာကိုယ်နှင့် ဘယ်ညာ ခေါင်းနှစ်လုံးကို ချက်ချင်း အေးခဲပစ်လိုက်ပြီး အလယ်ခေါင်း တစ်လုံးကိုသာ အေးခဲခြင်း မရှိဘဲ ချန်ထားခဲ့လေသည်။
"သေစမ်း..."
ခေါင်းသုံးလုံးဘုရင်မက အစွမ်းကုန် ရုန်းကန်သော်လည်း ငရဲ ရေခဲနက်၏ ပိတ်လှောင်မှုမှ လုံးဝ မလွတ်မြောက်နိုင်သလို ငရဲ ရေခဲနက်ကိုလည်း မခွဲနိုင်ပေ။ ဤအရာက အလွန် မာကျောလွန်းပြီး သူမ၏ စွမ်းအားနှင့် လုံးဝ မခွဲနိုင်ပေ။
"ဘုရင်မကြီး... မင်း ဘယ်လို သေချင်လဲ..."
မုန်လဲ့က ခေါင်းသုံးလုံးဘုရင်မ၏ ခွေးခေါင်းကို ပွတ်သပ်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။
"မင်း... မင်း ဘာလုပ်ချင်တာလဲ..." ခေါင်းသုံးလုံးဘုရင်မ အလွန် ကြောက်လန့်သွားပြီး အသံများပင် တုန်ရီနေလေသည်။
"အစကတော့ မင်းကို သတ်ပစ်ချင်တာ... ဒါပေမဲ့ အမှောင် ကောင်းကင် ပွင့်ဖို့က နီးနေပြီ... တကယ်လို့ ငါသာ အဆုံးအစမရှိသော လောက ကို သွားလိုက်ရင် သရဲတစ္ဆေ တိုက်ကြီး မှာ ပြဿနာတွေ ဖြစ်လာလိမ့်မယ်..."
မုန်လဲ့၏ မျက်လုံးများ တောက်ပလာပြီး ပြောလိုက်သည်။
"ဒါကြောင့် ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်... နတ်ဘုရားဝိညာဉ် အရင်းအမြစ် ကို ပေးပြီး ငါ့ကို အညံ့ခံရင် မင်းကို အသက်ရှင်ခွင့် ပေးမယ်..."
အဆုံးအစမရှိသော လောက ကိုတော့ မုန်လဲ့ သေချာပေါက် သွားရမည် ဖြစ်လေသည်။ ပြဿနာမှာ မုန်လဲ့ ထွက်သွားပြီးနောက် သရဲတစ္ဆေ တိုက်ကြီး ဘယ်လိုလုပ်မလဲ။
ပြိုင်ဘက်ကင်း အစွမ်းထက်သူ သုံးယောက်လုံး သေသွားပြီ။ အလယ်အလတ် မဟာ မိစ္ဆာနတ်ဘုရား တွေ အများကြီး လည်း သေသွားပြီ။ ဒါပေမဲ့ သရဲတစ္ဆေ တိုက်ကြီး ရဲ့ ထောင့်စွန်းတွေမှာ ပုန်းအောင်းနေတဲ့ အလယ်အလတ် မဟာ မိစ္ဆာနတ်ဘုရား တွေ အများကြီး ရှိနေသေးတယ်လေ။
မုန်လဲ့ စိုးရိမ်တာက အဲဒီကောင် တွေပဲ။
တကယ်လို့ တစ်ကောင်ကောင်ကများ သူ အဆုံးအစမရှိသော လောက ကို သွားနေတုန်း သရဲတစ္ဆေ တိုက်ကြီး ရဲ့ လောကနှလုံးသား ကို တိတ်တဆိတ် ပေါင်းစပ်သွားရင်... အကုန်ပြီးပြီပဲ။
ဒါကြောင့်... သရဲတစ္ဆေ တိုက်ကြီး ကို စောင့်ရှောက်ဖို့ လူတစ်ယောက် လိုအပ်တယ်။
"အညံ့ခံရမယ်..."
ခေါင်းသုံးလုံးဘုရင်မ မျက်နှာ အလွန် ပျက်သွားလေသည်။ သူမက အမြင့်ဆုံးမှာ နေလာခဲ့တဲ့ ပြိုင်ဘက်ကင်း အစွမ်းထက်သူ သုံးယောက် ထဲက တစ်ယောက်လေ... နှစ်ပေါင်း မရေမတွက်နိုင်အောင် အမြင့်ဆုံးမှာ နေလာပြီးမှ သူမကို အညံ့ခံခိုင်းတယ် တဲ့လား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
"အညံ့မခံရင် သေလိုက်တော့..."
မုန်လဲ့က အေးစက်စက် ပြောလိုက်လေသည်။
"အညံ့ခံမယ်... ကျွန်တော် အညံ့ခံပါ့မယ်..."
ခေါင်းသုံးလုံးဘုရင်မ တုံ့ဆိုင်းနေစဉ် အေးခဲခံထားရသော ကျဆင်းနေသောဧကရာဇ်က အရင် စကားပြောလာလေသည်။ သူက နတ်ဘုရားဝိညာဉ် ဖြင့် ဆက်သွယ်ကာ အလွန် အလောတကြီး ပြောလိုက်လေသည်။
"သခင်... ကျွန်တော် အညံ့ခံပါ့မယ်... သခင့်အတွက် နွားလို မြင်းလို အလုပ်လုပ်ပေးပြီး သခင့်ရဲ့ အစေခံ ဖြစ်ပါရစေ..."
"ဟင်..."
မုန်လဲ့ မျက်ခုံးပင့်လိုက်ပြီး အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်သည်။
"ဒီလောကကြီးမှာ ဉာဏ်ကောင်းတဲ့ လူတွေ ရှိသေးတာပဲ... ခေါင်းသုံးလုံးဘုရင်မ... မင်း အခွင့်အရေး ကို လက်လွတ်လိုက်ရပြီ ထင်တယ်..."
"အဲလက်... ယုတ်မာတဲ့ သေနာကောင်..." ခေါင်းသုံးလုံးဘုရင်မက ဒေါသတကြီး ဆဲဆိုလိုက်ပြီးနောက် သူမ၏ မာနများကို ချထားကာ ပြောလိုက်လေသည်။ "သခင်... ကျွန်မ အညံ့ခံပါ့မယ်... သခင် လက်ခံပေးပါ..."
ထိုသို့ပြောရင်း သူမ၏ နတ်ဘုရားဝိညာဉ် အရင်းအမြစ် ကို ထုတ်လွှတ်ကာ မုန်လဲ့ အရှေ့သို့ ပို့ပေးလိုက်ပြီး လုံးဝ နာခံမည့် ပုံစံ မျိုး ပြသနေလေသည်။
"အိုက်ယား... ဒါ နည်းနည်းတော့ ခက်သွားပြီပဲ..."
မုန်လဲ့က ခေါင်းသုံးလုံးဘုရင်မ ကို တစ်လှည့်၊ ကျဆင်းနေသောဧကရာဇ် ကို တစ်လှည့် ကြည့်ကာ အလွန် ဝေခွဲမရ ဖြစ်နေလေသည်။ "နှစ်ယောက်လုံးက အညံ့ခံချင်နေကြတာ... ငါ ဘယ်သူ့ကို ရွေးရမလဲ..."
"ကျွန်တော့်ကို ရွေးပါ... သခင်... ကျွန်တော့်ကို ရွေးပါ..."
ကျဆင်းနေသောဧကရာဇ်က တောင်းပန်လိုက်လေသည်။ "ကျွန်တော်က ကျဆင်းနေတဲ့ ကောင်းကင်တမန် ပါ... စွမ်းအား ကြီးမားပြီး သခင့်အပေါ်မှာလည်း သစ္စာရှိမှာပါ... သခင် အနောက် ကို သွားခိုင်းရင် ကျွန်တော် အရှေ့ ကို လုံးဝ မသွားပါဘူး... သခင် ဓားတောင် တက်ခိုင်းရင် ကျွန်တော် မီးပင်လယ် ကို လုံးဝ မဆင်းပါဘူး... သခင့်ရဲ့ ဆန္ဒ က ကျွန်တော့်ရဲ့ လမ်းညွှန်မှု ပါပဲ..."
"အဲလက်... ယုတ်မာ၊ ဆိုးသွမ်းပြီး ကောက်ကျစ်တဲ့ ကျဆင်းနေတဲ့ ကောင်းကင်တမန်... မင်းတို့ ကျဆင်းနေတဲ့ ကောင်းကင်တမန် တွေက လိမ်ညာဖို့၊ ကတိဖျက်ဖို့ အတော်ဆုံး ဆိုတာ ဘယ်သူ မသိလို့လဲ..."
ခေါင်းသုံးလုံးဘုရင်မက ဒေါသတကြီး ဆဲဆိုလိုက်လေသည်။ "သစ္စာရှိမှု ဆိုရင်... ငါတို့ ခွေး မျိုးနွယ်စု က ဒုတိယ နေရာ မှာ နေရင် ဘယ်သူက ပထမ နေရာ မှာ နေရဲမှာလဲ... သခင်... ကျွန်မက ငရဲ ခေါင်းသုံးလုံးခွေး ပါ... သခင် တစ်ခါ အသိအမှတ်ပြုလိုက်တာနဲ့ တစ်သက်လုံး ဖောက်ပြန်မှာ မဟုတ်ပါဘူး..."
"ပြီးတော့ အဲလက် ဆိုတဲ့ ဒီသေနာကောင် က ခုနက သခင့်ရဲ့ မျက်နှာ ကိုတောင် ကန်လိုက်သေးတယ်... ဒါက တကယ်ကို ရိုင်းစိုင်းတာပဲ... သခင်... ကျွန်မကိုပဲ ရွေးလိုက်ပါ…”