အခန်း ၃၄၈
Vol. 35 Ch. 348
အခန်း ၃၄၈။ ကောင်းကင် တိုက်တန် နှင့် မင်းလိုကောင်မျိုး တစ်ရာလောက်ကို အေးဆေး နိုင်တယ်
"ကောင်လေး... ငါ့ဆီကို လာခဲ့စမ်း..."
အဲရစ် က သူ၏ ဧရာမ လက်ကြီး ကို ဆန့်တန်းကာ ကြက်ပေါက်လေး တစ်ကောင်ကို ဖမ်းဆွဲသကဲ့သို့ မုန်လဲ့ဆီသို့ လှမ်းဆွဲလိုက်လေသည်။ သူ က မီးတောက်များ လွှမ်းခြုံထားပြီး ကောင်းကင်ဘုံ ကိုးခု မှ မီးနတ်ဘုရား ဆင်းသက်လာသကဲ့သို့ နတ်ဘုရား အရှိန်အဝါ ကြီးမားလှပေသည်။
ဤသို့ ဖမ်းဆွဲလိုက်မှု ကြောင့် မြေကြီးပေါ်ရှိ တောရိုင်းနွား ဧရာမ သားရဲ တစ်ရာကျော် မှာ ကြောက်လန့်တကြား ဖြင့် အဝေးသို့ ရူးသွပ်စွာ ထွက်ပြေးသွားကြပြီး မြေကြီး တုန်ခါကာ ဖုန်လုံးကြီးများ ထလာလေသည်။
"ငါ့ကို အထင်သေးပြန်ပြီပေါ့..."
မုန်လဲ့ က ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီး ကိုယ်ဟန်ကို အနည်းငယ် လှုပ်ရှားကာ အဲရစ် ၏ ဧရာမ လက်ကြီး ကို ရှောင်တိမ်းလိုက်လေသည်။
"မိတ်ဆွေ... စကား တစ်ခွန်းမှ မပြောရသေးဘဲ ချက်ချင်း တိုက်ခိုက်တာက ဘာသဘောလဲ..."
"ရှောင်သွားနိုင်တယ်..."
မီးတိုက်တန် အဲရစ် အနည်းငယ် အံ့အားသင့်သွားပြီးနောက် မျက်နှာပေါ်တွင် ဒေါသများ ပေါ်လာကာ အော်ဟစ်လိုက်လေသည်။
"အဆင့်နိမ့်ကျတဲ့ ဒေသခံ... သေလိုက်စမ်း..."
သူ၏ ပတ်ဝန်းကျင်တွင် မီးနဂါး ရှစ်ကောင် ရုတ်တရက် ထွက်ပေါ်လာပြီး မုန်လဲ့ဆီသို့ ကြမ်းတမ်းစွာ ပြေးဝင်လာကာ မုန်လဲ့ကို ပိတ်လှောင်ထားမည့် မီးလှောင်အိမ် တစ်ခု အဖြစ် ပြောင်းလဲသွားလေသည်။
"ဒီကို လာစမ်း..."
အဲရစ် က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး လက်ဝှေ့ယမ်းကာ မီးလှောင်အိမ် နှင့်အတူ မုန်လဲ့ကိုပါ ဆွဲယူလိုက်လေသည်။
"ငြိမ်ငြိမ်နေစမ်း... မဟုတ်ရင် မင်း ဒုက္ခ ရောက်သွားမယ်..."
"မင်းတို့ က တကယ်တော့ ဘယ်သူတွေလဲ... ဘာလို့ ငါ့ကို ဖမ်းရတာလဲ..." မုန်လဲ့ မျက်မှောင် အနည်းငယ် ကြုတ်သွားလေသည်။
အဲရစ် က မုန်လဲ့ ကို လုံးဝ ဂရုမစိုက်ဘဲ မီးလှောင်အိမ် ကို ဆွဲကာ အခြား တိုက်တန် များ ဆီသို့ ပျံသန်းသွားလေသည်။
တိုက်တန် များ က မုန်လဲ့ ကို ကြည့်ကာ သူတို့၏ မျက်နှာပေါ်တွင် အေးစက်စက် အထင်သေးမှုများနှင့် မာနကြီးမှုများ အပြည့် ရှိနေပြီး အောက်တန်းကျပြီး တန်ဖိုးမရှိသော ပုရွက်ဆိတ် တစ်ကောင် ကို ကြည့်သကဲ့သို့ ကြည့်နေကြလေသည်။
"ငါ မေးတာကို မင်း ဖြေရမယ်..."
ဂရက်ဂ် က အေးစက်စက် ပြောလိုက်သည်။
"တကယ်လို့ မင်း လိမ်မယ် ဆိုရင်... ငါ မင်းကို သေတာထက် ပိုဆိုးအောင် လုပ်ပစ်မယ်... ပထမ မေးခွန်း က... ဒီနေရာ က ဘယ်နေရာ လဲ..."
"မသိဘူး..."
မုန်လဲ့ က ဖြေလိုက်သည်။
"မင်း မသိဘူး ဟုတ်လား..."
ဂရက်ဂ် မျက်မှောင်ကြုတ်သွားပြီး အေးစက်စက် ဖြင့် "မင်း က ဒီလောက ရဲ့ ဒေသခံ မဟုတ်ဘူးလား... ဘယ်လိုလုပ် ဒီနေရာ က ဘယ်နေရာ လဲ ဆိုတာကို မသိရမှာလဲ..." ဟု ပြောလိုက်သည်။
"ဘယ်သူက ငါ့ကို ဒီလောက ရဲ့ ဒေသခံ လို့ ပြောလို့လဲ..."
မုန်လဲ့ က မျက်စောင်းထိုးလိုက်ပြီး "ကဲ... မင်း မေးပြီးပြီ ဆိုတော့... ငါ့ အလှည့် ရောက်ပြီ... သေချာ နားထောင်... တကယ်လို့ မင်း လိမ်တယ် ဆိုရင်... ငါ မင်းတို့ကို ချက်ချင်း သတ်ပစ်မယ်..." ဟု ပြောလိုက်သည်။
"..."
တိုက်တန် များ အားလုံး ကြောင်အမ်းသွားကြပြီး မုန်လဲ့ ကို အံ့ဩတကြီး ကြည့်နေကြလေသည်။ ဒေသခံ တစ်ယောက် က သူတို့ကို ဒီလို စကား မျိုး ပြောရဲမယ် လို့ သူတို့ လုံးဝ မထင်ထားခဲ့ဘူးလေ... ဒါက တကယ်ကို ကောင်းကင် သို့ တက်ချင်နေတာပဲ။
မုန်လဲ့ က ဒီ တိုက်တန် တွေရဲ့ အတွေး တွေကို ဂရုမစိုက်ဘဲ ဆက်မေးလိုက်လေသည်။
"ပြောပါ... မင်းတို့ ဘယ်က လာတာလဲ..."
"ပိုးကောင်လေး... မင်း သေချင်နေတာပဲ..."
ဂရက်ဂ် မျက်နှာ အေးစက်သွားပြီး လှိုင်းလုံးကြီးများအလား ကြီးမားလှသော ဖိအား ကြီး က မုန်လဲ့ ဆီသို့ တိုက်ရိုက် ဝင်ရောက်လာလေသည်။
ဤဖိအား က အလွန် အစွမ်းထက်ပြီး သာမန် မဟာ မိစ္ဆာနတ်ဘုရား များ ပင်လျှင် ခံနိုင်ရည် မရှိနိုင်သော်လည်း မုန်လဲ့ ကတော့ လေညင်းလေး တိုက်ခတ်သွားသကဲ့သို့ လုံးဝ ဂရုမစိုက်ပေ။
"အဆင့်မြင့် ကောင်းကင် တိုက်တန် တစ်ယောက် ကများ... ငါ့ ရှေ့မှာ လာပြီး မောက်မာနေရဲသေးတယ်... ဘယ်သူက မင်းကို ဒီသတ္တိ တွေ ပေးလိုက်တာလဲ..."
မုန်လဲ့ က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ပိုမို ကြမ်းတမ်းသော အရှိန်အဝါ ကြီး က ဂရက်ဂ် ဆီသို့ ဖိနှိပ်သွားလေသည်။
"ဝုန်း..."
ဂရက်ဂ် တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်လုံးများထဲတွင် အလင်းတန်းများ တောက်ပလာကာ ပြောလိုက်သည်။
"မင်း လည်း အဆင့်မြင့် ကောင်းကင် တိုက်တန် ပဲ..."
"ဘာ..."
"သူ က အဆင့်မြင့် ကောင်းကင် တိုက်တန် လား..."
ရေကန် ထဲသို့ ကျောက်ခဲ တစ်လုံး ပစ်ချလိုက်သကဲ့သို့ပင်... ဂရက်ဂ် ၏ စကား က ဟိုက်ဒရိုဂျင်ဗုံး တစ်လုံး အလား တိုက်တန် များ အားလုံး ၏ ဦးနှောက်ထဲတွင် ပေါက်ကွဲထွက်သွားပြီး သူတို့ ၏ ဦးနှောက်များ ဟာလာဟင်းလင်း ဖြစ်သွားကာ အလွန် ကြောက်လန့်သွားကြလေသည်။
တစ်ခဏအတွင်းမှာပင် သူတို့ မျက်လုံးများထဲရှိ အထင်သေးမှုများ၊ အေးစက်စက် နိုင်မှုများနှင့် မာနကြီးမှုများ ပျောက်ကွယ်သွားပြီး မယုံနိုင်မှုများနှင့် နက်ရှိုင်းသော ကြောက်ရွံ့မှုများ က အစားထိုး ဝင်ရောက်လာလေသည်။
အစွမ်းထက်သူများ တိမ်တိုက်အလား များပြားလှသော လျှပ်စီး နတ်ဘုရား လောက တွင်ပင် အဆင့်မြင့် ကောင်းကင် တိုက်တန် များ သည် ပြိုင်ဘက်ကင်းသော အစွမ်းထက်သူ များ ဖြစ်ကြရာ သူတို့ လေးစား ကြောက်ရွံ့ ရမည်မှာ သေချာလှပေသည်။
"ငါ အထင်လွဲသွားတာပဲ..." ဂရက်ဂ် မျက်နှာ အေးစက်သွားပြီး မုန်လဲ့ ကို အချိန် အတော်ကြာ စိုက်ကြည့်နေပြီးနောက် "ငါတို့ သွားမယ်..." ဟု ပြောလိုက်သည်။
ဂရက်ဂ် ကိုယ်တိုင် လည်း အဆင့်မြင့် ကောင်းကင် တိုက်တန် တစ်ယောက် ဖြစ်သော်လည်း သူ က မုန်လဲ့ ကို အနိုင်ယူနိုင်မည် ဟု မယုံကြည်ပေ။
မုန်လဲ့ နဲ့ တိုက်ခိုက်ပြီး နောက်ဆုံးမှာ ဘာမှ မရဘဲ နေမယ့် အစား... အခု ချက်ချင်း ထွက်သွားပြီး အဆုံးအစမရှိသော လောက ကို အမြန်ဆုံး စူးစမ်းလေ့လာတာ က ပိုကောင်းလိမ့်မယ်။
ဒါကြောင့်... ချက်ချင်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။
"သွားမယ် ဟုတ်လား... ငါ မင်းတို့ကို သွားခွင့် ပြုလိုက်လို့လား..."
မုန်လဲ့ က အေးဆေးစွာ ပြောလိုက်သည်။
"မိတ်ဆွေ... မင်း ဘာလုပ်ချင်တာလဲ..."
ဂရက်ဂ် က မုန်လဲ့ ကို အေးစက်စက် ကြည့်လိုက်လေသည်။
"သွားချင်ရင် ရတယ်... ငါ့ မေးခွန်း တစ်ခု ကို အရင် ဖြေ..." မုန်လဲ့ က အေးဆေးစွာ ဖြင့် "ဖြေပြီးရင် မင်းတို့ သွားလို့ ရပြီ..." ဟု ပြောလိုက်သည်။
"မိတ်ဆွေ... ငါတို့ က မင်းကို ကြောက်တယ် လို့ ထင်နေတာလား..." ဂရက်ဂ် အသံ က တောင့်တင်းသွားပြီး "ပြဿနာ မရှာဖို့ ငါ သတိပေးလိုက်မယ်... မဟုတ်ရင် မင်း ခံနိုင်မှာ မဟုတ်တဲ့ အကျိုးဆက် တွေ ဖြစ်လာလိမ့်မယ်..." ဟု ပြောလိုက်သည်။
"ဟားဟား..."
မုန်လဲ့ က လှောင်ပြောင်လိုက်ပြီး ဂရက်ဂ် အရှေ့သို့ ရုတ်တရက် ရောက်ရှိသွားကာ လက်သီး တစ်ချက် ပြင်းထန်စွာ ထိုးချလိုက်လေသည်။
"ဝုန်း..."
ဂရက်ဂ် က အချိန်မီ မတုံ့ပြန်နိုင်မီ မှာပင် မုန်လဲ့ ၏ လက်သီး က သူ၏ ရင်ဘတ် ကို ထိမှန်သွားပြီး 'ခွပ်' ဆိုသော အသံ နှင့်အတူ ဂရက်ဂ် ၏ ရင်ဘတ် ကြီး မှာ ချက်ချင်း ချိုင့်ဝင်သွားကာ ရင်အုပ်ရိုး ဘယ်နှစ်ချောင်း ကျိုးသွားမှန်းပင် မသိတော့ပေ။
"ဖူး..."
ဂရက်ဂ် က သွေးများ ပန်းထုတ်လိုက်ပြီး မျက်နှာပေါ်တွင် အံ့ဩမှု များနှင့် ဒေါသများ ပြည့်နှက်သွားလေသည်။
မုန်လဲ့ တွင် ဤမျှ အစွမ်းထက်သော စွမ်းအား ရှိနေသည်ကို အံ့ဩသွားခြင်း ဖြစ်ပြီး မုန်လဲ့ က သူ့ကို တိုက်ခိုက်ရဲသည်ကို ဒေါသထွက်သွားခြင်း ဖြစ်လေသည်။ သူ က လျှပ်စီး နတ်ဘုရား လောက ရှိ သီအိုဒိုရ် တိုက်တန် နတ်ဘုရား မျိုးနွယ်စု ၏ အကြီးအကဲ တစ်ယောက် လေ... ဘယ်လောက်တောင် မြင့်မြတ်တဲ့ အဆင့်အတန်း ကို ပိုင်ဆိုင်ထားလဲ။
"အကြီးအကဲ ဂရက်ဂ်..."
"အကြီးအကဲ... အဆင်ပြေရဲ့လား..."
အခြား တိုက်တန် များ အလွန် အံ့အားသင့်သွားကြလေသည်။
"အဆင့်မြင့် မဟာ မိစ္ဆာနတ်ဘုရား တွေ အချင်းချင်း လည်း... ကွာဟချက် ရှိတာပဲ လေ..." မုန်လဲ့ က လက်သီး ကို မှုတ်လိုက်ပြီး ပြောလိုက်သည်။
"မင်း လို အဆင့်မြင့် မဟာ မိစ္ဆာနတ်ဘုရား မျိုး ကို... ငါ တစ်ရာလောက် အေးဆေး နိုင်တယ်..."
"သေစမ်း..."
ဂရက်ဂ် က အံကြိတ်ကာ ဒေါသထွက်နေသော်လည်း မုန်လဲ့ ၏ စွမ်းအား ကိုတော့ အလွန် အံ့အားသင့်သွားလေသည်။ လက်သီး တစ်ချက်တည်း နဲ့ သူ့ရဲ့ ရင်အုပ်ရိုး ကို ချိုးပစ်နိုင်တယ် ဆိုတာ... မုန်လဲ့ ရဲ့ ခွန်အား က သူ့ထက် အများကြီး ပိုကြီးမားနေလို့ပဲ။
သူ့ကို အကြောက်ဆုံး ဖြစ်စေတာ က... မုန်လဲ့ ဘယ်လို ရောက်လာလဲ ဆိုတာကို သူ လုံးဝ မမြင်လိုက်ရတာပဲ။
"အခု... ငါ့ မေးခွန်း ကို ဖြေလို့ ရပြီလား..." မုန်လဲ့ က အေးဆေးစွာ မေးလိုက်လေသည်။
"မေးလေ..."
ဂရက်ဂ် က လေပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ရင်ထဲရှိ ဒေါသ များကို အတင်း မြိုသိပ်ကာ အလျှော့ပေးလိုက်ရလေသည်။
"ထားလိုက်တော့... မေးနေရတာ ရှုပ်တယ်... နတ်ဘုရားဝိညာဉ် ကို ဖတ်လိုက်တာပဲ ကောင်းပါတယ်..." မုန်လဲ့ က ခေါင်းခါလိုက်ပြီး မေးရန် ပျင်းသွားလေသည်။
နတ်ဘုရားဝိညာဉ် ကို ဖတ်မယ် ဟုတ်လား။
ထိုစကား ကို ကြားသောအခါ ဂရက်ဂ် မျက်နှာ အလွန် ပျက်သွားပြီး အသံပြာကြီး ဖြင့် "မိတ်ဆွေ... ငါ က လျှပ်စီး နတ်ဘုရား လောက ရှိ သီအိုဒိုရ် တိုက်တန် နတ်ဘုရား မျိုးနွယ်စု ရဲ့ အကြီးအကဲ ဂရက်ဂ် သီအိုဒိုရ် ပဲ... မင်း တကယ်ပဲ ငါတို့ နဲ့ အသေအလဲ တိုက်ချင်တာလား..." ဟု မေးလိုက်သည်။
"လျှပ်စီး နတ်ဘုရား လောက ရဲ့ သီအိုဒိုရ် နတ်ဘုရား မျိုးနွယ်စု ဟုတ်လား..."
မုန်လဲ့ က လှောင်ပြောင်လိုက်ပြီး "အဲဒါ ဘာ သောက်ဂရုစိုက်စရာ ရှိလို့လဲ... တောင်းပန်ပါတယ်... ငါ မကြားဖူးဘူး..." ဟု ပြောလိုက်သည်။
"သောက်ကျိုးနည်း..."
ဂရက်ဂ် က အံကြိတ်လိုက်လေသည်။
"သေလိုက်စမ်း..."
သတ်ရန် ဆုံးဖြတ်လိုက်ပြီ ဆိုမှတော့ မုန်လဲ့ က လုံးဝ ညှာတာမည် မဟုတ်ပေ။ သူ က ဂရက်ဂ် အရှေ့သို့ နေရာရွှေ့ပြောင်းသွားပြီး ငရဲ ရေခဲနက် ကို ပန်းထုတ်လိုက်လေသည်။
"ခွပ်..."
မျက်စိတစ်မှိတ်အတွင်းမှာပင် အဆင့်မြင့် မဟာ မိစ္ဆာနတ်ဘုရား တစ်ပါး ဖြစ်သော ဂရက်ဂ် မှာ နေရာမှာတင် အေးခဲခံလိုက်ရပြီး တောက်ပသော ရွှေရောင် ရေခဲတုံးကြီး တစ်တုံး အဖြစ် ပြောင်းလဲသွားကာ လုံးဝ မလှုပ်နိုင်တော့ပေ။
"မင်းတို့ ကျန်တော့တယ်..."
မုန်လဲ့ က အခြား တိုက်တန် များကို ကြည့်လိုက်လေသည်။
"လခွီး..."
"ပြေး..."
ဒီ တိုက်တန် တွေ အားလုံး ဝိညာဉ် လွင့်ထွက်မတတ် ကြောက်လန့်သွားကြပြီး လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ အလင်းတန်း ဒါဇင်ပေါင်းများစွာ အဖြစ် ပြောင်းလဲကာ အဝေးသို့ ချက်ချင်း ထွက်ပြေးကြလေသည်။ သူတို့ က မုန်လဲ့ နဲ့ တိုက်ခိုက်ဖို့ သတ္တိ လုံးဝ မရှိကြပါဘူး။
"အလကား အားထုတ်နေတာပဲ..."
နတ်ဘုရား နယ်မြေ က ပျံ့နှံ့သွားပြီး ကီလိုမီတာ သောင်းနှင့်ချီ ကို မျက်စိတစ်မှိတ်အတွင်း လွှမ်းခြုံသွားလေသည်။ တိုက်တန် များ အားလုံး က အလယ်အလတ် ကောင်းကင် တိုက်တန် များ ဖြစ်ကြပြီး သူတို့၏ အရှိန် က အလွန် မြန်ဆန်သော်လည်း နတ်ဘုရား နယ်မြေ ၏ ပျံ့နှံ့မှု အရှိန် ကိုတော့ မမီနိုင်ပေ။
တစ်ခဏအတွင်းမှာပင် သူတို့ အားလုံး က နေရာမှာတင် ပိတ်လှောင်ခံလိုက်ရပြီး လှုပ်ချင်လို့ မရတော့သလို ထွက်ပြေးချင်လို့ လည်း မရတော့ဘဲ မျက်ခွံ တောင် လှုပ်လို့ မရတော့ပေ။
"ဖောက်..."
မုန်လဲ့ က လက်ချောင်းလေး ကို ညင်သာစွာ ခေါက်လိုက်ရာ တိုက်တန် များ အားလုံး ၏ ခေါင်းများ က ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ဦးနှောက်များ၊ အသားစများ က အရပ်ရှစ်မျက်နှာ သို့ လွင့်စင်သွားကာ နတ်ဘုရား အမြုတေ များ ကတော့ မုန်လဲ့ ဆီသို့ ပျံသန်းလာလေသည်။
"မင်း လို မိစ္ဆာ ကောင်... မင်း က ငါတို့ကို သတ်ရဲတယ်... ငါတို့ သီအိုဒိုရ် တိုက်တန် နတ်ဘုရား မျိုးနွယ်စု က မင်းကို လုံးဝ အလွတ်မပေးဘူး... မင်း ရူးသွပ်တဲ့ လက်စားချေမှု တွေကို စောင့်နေလိုက်..."
နတ်ဘုရား အမြုတေ များ ထဲမှ တိုက်တန် များ ၏ ဒေါသတကြီး နှင့် နာကြည်းစွာ ဟိန်းဟောက်သံ များ ထွက်ပေါ်လာလေသည်။ သူတို့ က တကယ်ပဲ ခွေး လို ဖြစ်သွားတာကိုး။ သူတို့ က အဆုံးအစမရှိသော လောက ကို တာဝန် ထမ်းဆောင်ဖို့ စေလွှတ်ခံခဲ့ရတာ... ဒီတစ်ခေါက် အကြီးအကျယ် လုပ်ပြီး အမြတ်ကြီး ထွက်မယ် လို့ ထင်ထားခဲ့တာလေ။
ဒါပေမဲ့ လေဟာနယ် လမ်းကြောင်း ကို ဖြတ်ပြီးတာ နဲ့ ချက်ချင်း အကုန် သေသွားမယ် လို့ ဘယ်သူ ထင်ထားခဲ့မှာလဲ... ဒါက တကယ်ကို ရူးချင်စရာ ပဲ။
"လက်စားချေမယ် ဟုတ်လား... ငါ အချိန်မရွေး စောင့်နေပါတယ်..."
မုန်လဲ့ က လှောင်ပြောင်လိုက်ပြီး သေမင်းတမန် ၏ မျက်လုံး ကို ဖွင့်ကာ နတ်ဘုရား အမြုတေ အားလုံး အတွင်းရှိ နတ်ဘုရားဝိညာဉ် များကို ဖျက်ဆီးပစ်လိုက်လေသည်။
ထို့နောက်... ဂရက်ဂ် ၏ အလှည့် ပင်…