အခန်း ၃၅၅
Vol. 36 Ch. 355
အခန်း ၃၅၅။ အဖွဲ့နှစ်ဖွဲ့၏ လုယက်ခြင်းနှင့် ကောင်းကင်တမန်၊ ဘီဟီးမော့သ်များ
သာမန်လူတစ်ယောက် ဒေါသထွက်လျှင် သွေးများ သုံးပေခန့် ပန်းထွက်သွားတတ်ပြီး ဧကရာဇ်တစ်ပါး ဒေါသထွက်လျှင်တော့ သွေးချောင်းစီးကာ လှေများပင် မျောပါသွားနိုင်ပေသည်။ သို့သော် မုန်လဲ့ ဒေါသထွက်လျှင်မူ ကောင်းကင်ပြိုကျပြီး မြေကြီးများ ကွဲအက်သွားသည်အထိ ဖြစ်လေသည်။
အရိုးများ ကျိုးကြေသွားသံနှင့်အတူ ဆင်လူသားများအားလုံး တစ်ယောက်ပြီးတစ်ယောက် အသားစများအဖြစ် ကြေမွသွားကြလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ထက်၌ သွေးမြူခိုး သုံးဆယ်ကျော် ထွက်ပေါ်လာပြီး သွေးနံ့များက နေရာအနှံ့ ပျံ့နှံ့သွားလေသည်။
"အမှိုက်ကောင်တွေ"
မုန်လဲ့က လက်ဝှေ့ယမ်းကာ ဧရာမဆင်လူသားများ၏ အလောင်းများကို သိမ်းဆည်းလိုက်ပြီး နတ်ဘုရားအမြုတေများကို ထုတ်ယူလိုက်လေသည်။
ထို့နောက် ကြောက်လန့်တကြား တောင်းပန်နေသော ဆင်လူသားများ၏ နတ်ဘုရားဝိညာဉ်များကို အကုန်လုံး ဖျက်ဆီးပစ်လိုက်လေတော့သည်။
"အသိပေးချက် ဧရာမဆင်တစ်ကောင် သတ်ဖြတ်ခြင်း အောင်မြင်ပါသည် နတ်ဘုရားသလင်းကျောက် သန်း ၉၂၀ ရရှိပါသည်"
"အသိပေးချက် ဧရာမဆင်တစ်ကောင် သတ်ဖြတ်ခြင်း အောင်မြင်ပါသည် နတ်ဘုရားသလင်းကျောက် ၆၄ သန်း ရရှိပါသည်"
"အသိပေးချက် ဧရာမဆင်တစ်ကောင် သတ်ဖြတ်ခြင်း အောင်မြင်ပါသည် နတ်ဘုရားသလင်းကျောက် ၆၂.၅ သန်း ရရှိပါသည်"
စနစ်၏ အသိပေးသံများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။
ဧရာမဆင်နတ်ဘုရားမျိုးနွယ်စု ဆိုသည်မှာလည်း စကြဝဠာတစ်ခုလုံးရှိ ထိပ်တန်းနတ်ဘုရားမျိုးနွယ်စု ဆယ်ခုထဲတွင် ပါဝင်လေသည်။
သူတို့၏ အဆင့်အတန်းမှာ ဧရာမနဂါးနတ်ဘုရားမျိုးနွယ်စု၊ တိုက်တန်နတ်ဘုရားမျိုးနွယ်စု၊ ကောင်းကင်တမန်နတ်ဘုရားမျိုးနွယ်စုနှင့် အေးခဲနေသောနတ်ဘုရားမျိုးနွယ်စုတို့နှင့် တန်းတူပင် ဖြစ်လေသည်။
အရင်ကဆိုလျှင် မုန်လဲ့အနေဖြင့် အနည်းငယ် ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း ယခုအခါတွင်မူ သူတို့ကို လုံးဝ ဂရုမစိုက်တော့ပေ။
ထို့နောက် မုန်လဲ့က စိတ်ကို တည်ငြိမ်အောင်ထားပြီး သူ၏ ဦးနှောက်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာသော နိယာမတရားများကို ဆက်လက်၍ နားလည်သဘောပေါက်ရန် ကြိုးစားလိုက်လေသည်။
သို့သော်လည်း ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ ဆိုသကဲ့သို့ တရားထိုင်နေသည်မှာ မကြာသေးမီ နောက်ထပ် မဖိတ်ခေါ်ထားသော ဧည့်သည်တစ်စု ရောက်ရှိလာပြန်လေသည်။
ထိုသူများမှာ နို့နှစ်ရောင် သံချပ်ကာများကို ဝတ်ဆင်ထားပြီး လက်ထဲတွင် အလင်းရောင် ဧရာမဓားကြီးများကို ကိုင်ဆောင်ထားကြလေသည်။
ကျောဘက်တွင် နှင်းပွင့်များအလား ဖြူဖွေးနေသော အတောင်ပံရှစ်စုံ ပါရှိပြီး သူတို့၏ တစ်ကိုယ်လုံးမှ သန့်စင်မွန်မြတ်သော အရှိန်အဝါများ ဖြာထွက်နေလေသည်။ သူတို့အားလုံးမှာ ကောင်းကင်တမန်များ ဖြစ်ကြပြီး အတောင်ပံရှစ်စုံပါ ကောင်းကင်တမန်များချည်း သက်သက်ပင် ဖြစ်လေသည်။
"ရတနာကော ဘယ်မှာလဲ"
"သဘာဝလွန်ဖြစ်စဉ်ကြီးလည်း ပျောက်သွားပြီပဲ"
"ရတနာကို သူ သေချာပေါက် ရသွားတာ ဖြစ်မယ်"
အတောင်ပံရှစ်စုံပါ ကောင်းကင်တမန်များ အားလုံးက မုန်လဲ့ကို တပြိုင်နက် လှမ်းကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားလေသည်။
ခုနက ရတနာပေါ်ထွက်လာချိန်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝလွန်ဖြစ်စဉ်ကြီးမှာ အလွန်တရာ ကြီးမားခမ်းနားလှရာ ထိုရတနာမှာ သေချာပေါက် သာမန်မဟုတ်နိုင်ပေ။ ဤသည်ကပင် သူတို့ကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ယခုအခါတွင် ရတနာကို မတွေ့ရတော့ဘဲ မုန်လဲ့ကိုသာ ဤနေရာ၌ တွေ့လိုက်ရရာ ရတနာကို မုန်လဲ့ ရရှိသွားသည်မှာ သေချာလှပေသည်။
"ကောင်လေး ရတနာကို ထုတ်ပေးရင် မင်းကို အသက်ရှင်ခွင့် ပေးမယ်"
ခေါင်းဆောင်ဖြစ်သူ အတောင်ပံရှစ်စုံပါ ကောင်းကင်တမန်က အေးစက်စက် အော်ဟစ်လိုက်လေသည်။ သူ၏အမည်မှာ လော့ဒ် ဂါဘရီရယ် ဖြစ်ပြီး လျှပ်စီးနတ်ဘုရားလောကရှိ ဂါဘရီရယ် ကောင်းကင်တမန်နတ်ဘုရားမျိုးနွယ်စု၏ အကြီးအကဲတစ်ယောက် ဖြစ်လေသည်။ ထို့အပြင် အလွန်အစွမ်းထက်သော အဆင့်မြင့်ပထမတန်းစား မီးကောင်းကင်တမန်တစ်ပါးလည်း ဖြစ်ပေသည်။
သို့သော် မုန်လဲ့ကတော့ သူ့ကို လုံးဝ ဂရုမစိုက်ဘဲ အခြေခံနိယာမတရား ၅ မျိုး ပေါင်းစပ်ထားသော နိယာမတရားကိုသာ အာရုံစိုက်၍ လေ့လာနေလေသည်။
လော့ဒ် ဂါဘရီရယ် ၏ မျက်နှာမှာ ချက်ချင်း အလွန်ကြည့်ရဆိုးသွားပြီး ပေါက်ကွဲတော့မည့်ဆဲဆဲတွင် အတောင်ပံရှစ်စုံပါ ကောင်းကင်တမန်တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်လေသည်။
"ဒုက္ခပဲ လူတွေ လာနေတယ်"
"ဟင်"
လော့ဒ် ဂါဘရီရယ် က အလျင်အမြန် လှမ်းကြည့်လိုက်ရာ လူတစ်စုက ဤနေရာဆီသို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် ပြေးလာနေသည်ကို တွေ့လိုက်ရလေသည်။ သူ၏ အမြင်အာရုံစွမ်းရည်ဖြင့် လာရောက်သူများမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သေချာပေါက် ရှင်းလင်းစွာ မြင်နိုင်လေသည်။
"သေနာကောင်တွေ... ဘာဟာမွတ် ဘီဟီးမော့သ် နတ်ဘုရားမျိုးနွယ်စုပဲ... ဒီသောက်မျောက်တွေလည်း ဆွဲဆောင်ခံလိုက်ရတာကိုး"
"ဘာဟာမွတ် ဘီဟီးမော့သ် နတ်ဘုရားမျိုးနွယ်စု ဟုတ်လား"
ကောင်းကင်တမန်များကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
"အကြီးအကဲ အခု ဘယ်လိုလုပ်ကြမလဲ"
"ရတနာက ငါတို့ဟာပဲ ဘယ်သူမှ လာလုလို့ မရဘူး"
လော့ဒ် ဂါဘရီရယ် က အသံနှိမ့်ကာ ဟိန်းဟောက်လိုက်လေသည်။
"သူ့ကို သေချာ ကာကွယ်ထား... ဘာပဲဖြစ်ဖြစ် ဒီသောက်မျောက်တွေ သူ့ကို ခေါ်သွားတာမျိုး အဖြစ်ခံလို့ မရဘူး"
"ဟုတ်ကဲ့ပါ အကြီးအကဲ"
အခြားသော ကောင်းကင်တမန်များက အသံကျယ်ကျယ်ဖြင့် အမိန့်ကို လက်ခံလိုက်ကြပြီးနောက် မုန်လဲ့ကို တင်းကြပ်စွာ ဝိုင်းရံကာကွယ်လိုက်ကြလေသည်။
"မင်းတို့ပါလား"
ဘာဟာမွတ် ဘီဟီးမော့သ် နတ်ဘုရားမျိုးနွယ်စုဝင်များမှာ မျက်စိတစ်မှိတ်အတွင်း အနီးသို့ ရောက်ရှိလာကြပြီး ဂါဘရီရယ် ကောင်းကင်တမန်နတ်ဘုရားမျိုးနွယ်စုဝင်များကို မြင်လိုက်ရသောအခါ အားလုံး မျက်မှောင်ကြုတ်သွားကြလေသည်။
သူတို့မှာ အမြင့်ပေ ရာနှင့်ချီ ရှိကြပြီး ရွှေရောင်အမွေးအမျှင်များက သံမဏိအပ်များအလား ထောင်မတ်နေလေသည်။ မာကျောလှသော ကြွက်သားများက ကျောက်တုံးများအလား အပြိုင်းပြိုင်းထနေပြီး ပေါက်ကွဲထွက်မတတ် ခွန်အားများ ပြည့်နှက်နေလေသည်။
"မင်းတို့လို ဟန်ဆောင်ကောင်းတဲ့ ငှက်လူသားတွေ ပါလား"
ခေါင်းဆောင်ဖြစ်သူ ရွှေရောင်ဘီဟီးမော့သ်က မျက်နှာအမူအရာ မကောင်းလှဘဲ ပြောလိုက်လေသည်။
"ဒီလိုဆိုတော့ ရတနာက မင်းတို့ လက်ထဲ ရောက်သွားပြီပေါ့"
သူ၏အမည်မှာ လူးဒဗစ်ချ် ဘာဟာမွတ် ဖြစ်ပြီး လျှပ်စီးနတ်ဘုရားလောကရှိ ဘာဟာမွတ် ဘီဟီးမော့သ် နတ်ဘုရားမျိုးနွယ်စု၏ အကြီးအကဲတစ်ယောက် ဖြစ်လေသည်။ ထို့အပြင် အလွန်အစွမ်းထက်သော အဆင့်မြင့် ရှေးဟောင်းဘီဟီးမော့သ်ဘုရင်တစ်ပါးလည်း ဖြစ်ပေသည်။
"သေချာတာပေါ့"
လော့ဒ် ဂါဘရီရယ် က အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။
"ရတနာက ငါတို့ အိတ်ထဲ ရောက်နေပြီ... လူးဒဗစ်ချ် မင်းတို့ လာတာ နောက်ကျသွားပြီ... အခု ချက်ချင်း ထွက်မသွားဘူးလား"
လူးဒဗစ်ချ်၏ ရင်ထဲတွင် အနည်းငယ် လေးလံသွားလေသည်။ ခုနက ရတနာပေါ်ထွက်လာချိန်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝလွန်ဖြစ်စဉ်ကြီးမှာ အလွန်တရာ ကြီးမားလှရာ ရတနာမှာ သေချာပေါက် သာမန်မဟုတ်နိုင်ပေ။
သို့သော်လည်း ဤငှက်လူသားများက အရင်ဦးသွားခဲ့ပြီ ဖြစ်လေသည်။ သို့သော် လာပြီးမှတော့ လက်ဗလာဖြင့် ပြန်လှည့်သွားရန် အကြောင်းမရှိပေ။ ထိုသို့တွေးလိုက်ပြီးနောက် လူးဒဗစ်ချ်က အေးစက်စက် ပြောလိုက်လေသည်။
"လော့ဒ် ခုနက ဖြစ်သွားတဲ့ လှုပ်ရှားမှုက အရမ်းကြီးမားတာဆိုတော့ ရတနာက သေချာပေါက် သာမန် မဟုတ်နိုင်ဘူးလေ နည်းနည်းလောက် ထုတ်ပြလို့ မရဘူးလား"
"ရတနာက ငါတို့ဟာပဲ မင်းတို့နဲ့ ဘာမှမဆိုင်ဘူး... ပြဿနာ မတက်ချင်ရင် အခု ချက်ချင်း ထွက်သွား"
လော့ဒ် ဂါဘရီရယ် က အေးစက်စက် ပြောလိုက်လေသည်။
"ငါက နည်းနည်းလောက် ကြည့်ချင်ရုံလေးပါ မင်းက ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ"
လူးဒဗစ်ချ်က အေးဆေးစွာ ပြောလိုက်လေသည်။
"တွေ့တဲ့သူတိုင်း အခွင့်အရေးရှိတယ်ဆိုတဲ့ စကားရှိတယ်လေ လော့ဒ် ကြည့်ပါဦး ငါတို့လည်း ရောက်လာပြီဆိုတော့ လက်ဗလာနဲ့တော့ အပြန်မလွှတ်ပါနဲ့ကွာ"
"မင်း ဘာလိုချင်တာလဲ"
လော့ဒ် ဂါဘရီရယ် ၏ မျက်နှာမှာ မည်းမှောင်သွားလေသည်။
"ရတနာကို ထုတ်ပေး ငါတို့ တန်းတူ ခွဲဝေယူကြမယ်"
လူးဒဗစ်ချ်က သူ၏ မြေခွေးအမြီးကို ထုတ်ပြလိုက်လေသည်။
"ဘယ်လိုလဲ"
"လူးဒဗစ်ချ် မင်းက တကယ်ပဲ ပြဿနာရှာချင်နေတာလား"
လော့ဒ် ဂါဘရီရယ် ဒေါသမီးများ တောက်လောင်လာလေသည်။
"လော့ဒ် အခြေအနေကို နားလည်ရင် ရတနာကို အခု ချက်ချင်း ထုတ်ပေး"
လူးဒဗစ်ချ်က သူ၏ အကြံအစည် အစစ်အမှန်ကို ဖွင့်ချလိုက်လေသည်။
"အဲဒီလိုမှ မဟုတ်ရင်... မင်းတို့ကို ဒီနေရာမှာ အသေထားခဲ့ဖို့ ငါ ဝန်လေးမှာ မဟုတ်ဘူးနော်"
"သောက်မျောက်... မင်းက အရမ်း အနိုင်ကျင့်လွန်းနေပြီ ရတနာကို လုချင်တယ်ဆိုရင် မင်းမှာ အဲဒီစွမ်းရည် ရှိမရှိ အရင်ကြည့်ရသေးတာပေါ့"
လော့ဒ် ဂါဘရီရယ် က အသံနှိမ့်ကာ ဟိန်းဟောက်လိုက်လေသည်။ သူ၏ လက်ထဲတွင် သန့်စင်မွန်မြတ်သော အလင်းတန်းများ တောက်ပနေသည့် နတ်ဘုရားဓားရှည်တစ်လက် ထွက်ပေါ်လာပြီး ဓားသွားက လူးဒဗစ်ချ်ဆီသို့ ချိန်ရွယ်ထားကာ ထက်မြက်သော အလင်းတန်းများ ဖြာထွက်နေလေသည်။
"နှစ်တွေ အတော်ကြာ မတွေ့ရတဲ့အချိန်အတွင်းမှာ မင်းရဲ့ အတောင်ပံတွေက တော်တော်လေး မာကျောလာပါလား... ကောင်းပြီလေ... ဒီနေ့ မင်းနဲ့ ငါ သေချာ ကစားပေးတာပေါ့"
လူးဒဗစ်ချ်က အခြားသော ဘီဟီးမော့သ်များကို လူစုခွဲရန် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ရှေ့သို့ ခုန်ထွက်လိုက်လေသည်။
"လာစမ်း လော့ဒ် ဒီနှစ်တွေအတွင်း မင်း ဘယ်လောက်တောင် တိုးတက်လာသလဲဆိုတာ ငါ့ကို ပြစမ်း"
"အနိုင်ကျင့်လွန်းတယ်"
လော့ဒ် က ဒေါသတကြီး အော်ဟစ်လိုက်ပြီး နတ်ဘုရားဓားရှည်ကို ဝှေ့ယမ်းကာ ရှေ့သို့ တိုးထွက်လာလေသည်။ ရှောင်လွှဲ၍မရနိုင်တော့သော ကြီးမားသည့် တိုက်ပွဲကြီးတစ်ခု စတင်တော့မည့်ဆဲဆဲတွင် မုန်လဲ့က ရုတ်တရက် မျက်လုံးဖွင့်လာလေသည်။
"မင်းတို့ လုပ်လို့ မပြီးသေးဘူးလား"
မုန်လဲ့၏ အသံမှာ သိပ်မကျယ်လှသော်လည်း အားလုံး၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ဝင်ရောက်သွားလေသည်။ ကောင်းကင်တမန်များရော ဘီဟီးမော့သ်များပါ အားလုံးက မုန်လဲ့ကို တပြိုင်နက် လှမ်းကြည့်လိုက်ကြလေသည်။
"ဘယ်သူလဲ"
တိုက်ခိုက်တော့မည့် လော့ဒ် ဂါဘရီရယ် နှင့် လူးဒဗစ်ချ် တို့ နှစ်ယောက်လုံးမှာလည်း တပြိုင်နက် ရပ်တန့်သွားကြပြီး မုန်လဲ့ကို အံ့ဩတကြီး ကြည့်လိုက်ကြလေသည်။
ယခုအချိန်၌ မုန်လဲ့မှာ အလွန် ဒေါသထွက်နေပြီး အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် မီးတောင်ကြီးတစ်တောင်အလား ဖြစ်နေလေသည်။ သူက ကောင်းကင်တမန်များနှင့် ဘီဟီးမော့သ်များကို အေးစက်စက် စိုက်ကြည့်လိုက်လေသည်။
"ဒီနေ့ ငါ့ကို အကြောင်းပြချက် ကောင်းကောင်း မပေးနိုင်ဘူးဆိုရင် အကုန်လုံး ဒီနေရာမှာ တစ်သက်လုံး နေရစ်ခဲ့ကြတော့"
"ကောင်လေး မင်းက ဘာကောင်မို့လို့ ငါတို့ကို ဒီလို လာပြောရဲတာလဲ"
လူးဒဗစ်ချ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။
"ရတနာက မင်းဆီမှာ ရှိနေတာ မဟုတ်လား အခု ချက်ချင်း ထုတ်ပေး... အဲဒီလိုမှ မဟုတ်ရင်... ငါ မင်းကို စားပစ်မယ်"
"ငါ့ကို စားမယ် ဟုတ်လား မင်းရဲ့ သွားတွေ ကျိုးကုန်မှာကိုတောင် မကြောက်ဘူးလား"
မုန်လဲ့က လှောင်ပြောင်လိုက်လေသည်။
"သေချင်နေတာပဲ"
လူးဒဗစ်ချ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီးတစ်ခု ပေါက်ကွဲထွက်လာလေသည်။
မုန်လဲ့၏ အရှေ့တွင် ကာကွယ်ပေးနေသော အတောင်ပံရှစ်စုံပါ ကောင်းကင်တမန် အနည်းငယ်မှာ တိုက်ရိုက် လွင့်စင်သွားကြပြီး လူးဒဗစ်ချ်က ခြေတစ်လှမ်းလှမ်းကာ မုန်လဲ့အရှေ့သို့ ချက်ချင်း ရောက်ရှိလာလေသည်။
ထို့နောက် သူက အမွေးအမျှင်များ ထူထပ်နေသော ဧရာမ လက်ဖဝါးကြီးကို မြှောက်ကာ မုန်လဲ့၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
အကယ်၍ သာမန်လူတစ်ယောက်သာဆိုလျှင် ဤလက်ဝါးရိုက်ချက်ကြောင့် သေချာပေါက် အသားစများအဖြစ် ကြေမွသွားမည် ဖြစ်လေသည်။
သို့သော် တောင်ကြီးတစ်တောင်အလား ဖိကျလာသော ကောင်းကင်ဖုံး လက်ဝါးကြီးကို ကြည့်ကာ မုန်လဲ့က လုံးဝ ရှောင်တိမ်းခြင်း မရှိသလို ကာကွယ်ခြင်းလည်း မပြုဘဲ လက်ဝါးကြီး သူ၏ ခေါင်းပေါ်သို့ ကျရောက်လာသည်ကိုသာ ငြိမ်သက်စွာ စောင့်နေလိုက်လေသည်။
"ဘုန်း..."
အသံတုံးကြီးတစ်ခုနှင့်အတူ ယုံကြည်နိုင်စရာမရှိသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။ မုန်လဲ့က နေရာမှာပင် မားမားမတ်မတ် ရပ်နေပြီး သူ၏ ခေါင်းမှာလည်း အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။ သို့သော် လူးဒဗစ်ချ်၏ ဧရာမ လက်ဖဝါးကြီးမှာမူ တိုက်ရိုက် လွင့်စင်သွားလေသည်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လက်ဖဝါးဆီမှ ထွက်ပေါ်လာသော ထုံကျဉ်မှုများကို ခံစားလိုက်ရချိန်တွင် လူးဒဗစ်ချ်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မျက်လုံးထဲတွင် အံ့ဩမှုနှင့် မယုံနိုင်မှုများ အပြည့်အဝ ရှိနေလေသည်။
သူက အားကုန်သုံး၍ ရိုက်ချလိုက်သော်လည်း မုန်လဲ့၏ ခေါင်းကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်ခဲ့ဘူး တဲ့လား။ ဘာတွေ လာနောက်နေတာလဲ။
"ဒီလောက် ခွန်အားလေးနဲ့များ"
မုန်လဲ့က လှောင်ပြောင်လိုက်လေသည်။
"ငါ့ကို ယားအောင် ကုတ်ပေးဖို့တောင် မလုံလောက်သေးဘူး အဲဒါကိုများ ငါ့ကို စားချင်သေးတယ် ဟုတ်လား မင်း တခြားသူတွေရဲ့ လှောင်ပြောင်တာကို ခံရမှာတောင် မကြောက်ဘူးလား"
ပုံမှန်အချိန်မျိုးတွင်သာ ဤသို့ လှောင်ပြောင်ခံရပါက လူးဒဗစ်ချ်မှာ ဒေါသကြောင့် ခုန်ပေါက်နေလောက်ပြီ ဖြစ်သော်လည်း ယခုအခါတွင်မူ သူ၏ ကျောပြင်တစ်ခုလုံး အေးစိမ့်သွားပြီး သူ၏ ရင်ထဲတွင်လည်း ထိတ်လန့်မှုများ ကြီးစိုးလာလေသည်။
"မင်း... မင်းက တကယ်တော့ ဘယ်သူလဲ"
လူးဒဗစ်ချ်က အသံနှိမ့်ကာ မေးလိုက်လေသည်။ သူ၏ ရင်ထဲတွင် မကောင်းသော ကြိုတင်ခံစားမှုတစ်ခု ဖြစ်ပေါ်နေပြီး ယနေ့တော့ သံပြားကြီးကို ကန်မိပြီဟု ထင်မှတ်နေလေသည်။
"သေမယ့်သူတွေက သိစရာ မလိုပါဘူး"
မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီး တစ္ဆေတစ်ကောင်အလား လူးဒဗစ်ချ်၏ အရှေ့သို့ ရောက်ရှိလာလေသည်။ ထို့နောက် လက်ညှိုးတစ်ချောင်း ဆန့်ထုတ်ကာ လူးဒဗစ်ချ်၏ မျက်ခုံးကြားကို ညင်သာစွာ ထိုးစိုက်လိုက်လေသည်။
"ဖောက်..."
သွေးပေါက်ကြီးတစ်ခု ထွက်ပေါ်လာလေတော့သည်။