အခန်း ၃၆၀
Vol. 36 Ch. 360
အခန်း ၃၆၀။ ဧကရာဇ် ပြန်လည်အသက်ဝင်လာခြင်းနှင့် သခင်အသစ်ကို ဂါရဝပြုခြင်း
"မင်း ရောက်လာပြီလား..."
ကြမ်းတမ်းသော အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
မုန်လဲ့က အလျင်အမြန် လှည့်ကြည့်လိုက်ရာ လောကနှလုံးသား၏ မျက်နှာပြင်မှ အလင်းတန်းများ ပေါက်ကွဲထွက်လာပြီးနောက် သားရဲအရေခွံကို ဝတ်ဆင်ထားကာ လက်ထဲတွင် ဧရာမ ပုဆိန်ကြီးကို ကိုင်ဆောင်ထားသော ကြမ်းတမ်းခက်ထန်ပြီး ခမ်းနားထည်ဝါသည့် လူသန်ကြီးတစ်ယောက်အဖြစ် စုစည်းသွားသည်ကို တွေ့လိုက်ရလေသည်။ သူ၏ အကြည့်များက လောကကြီး တစ်ခုလုံးကို အထင်သေးနေသည့်ဟန် ပေါ်လေသည်။
"အဆုံးအစမရှိတဲ့ ဧကရာဇ်ကြီး..."
မုန်လဲ့ တစ်ကိုယ်လုံး တုန်ရီသွားပြီး အလန့်တကြား အော်ဟစ်လိုက်လေသည်။
"ခင်ဗျား မသေသေးဘူးလား..."
"မဟုတ်ဘူး သူ သေသွားပြီ မင်း သေချာကြည့်လိုက်စမ်း မင်းရှေ့မှာ ရှိနေတာက နတ်ဘုရားဝိညာဉ် အပိုင်းအစလေး တစ်ခုပဲ..." ဒိုဒိုလာ၏ အသံ ထွက်ပေါ်လာလေသည်။
"အဆုံးအစမရှိတဲ့ ဧကရာဇ်ကြီး ဆိုတာ အမြင့်ဆုံး အုပ်စိုးရှင်အဆင့်ရှိတဲ့ တည်ရှိမှုကြီး တစ်ခုနော် တကယ်လို့ သူသာ မသေသေးဘူးဆိုရင် မင်းက အစောကြီးကတည်းက သူ့ရဲ့ အရှိန်အဝါအောက်မှာ ပြားပြားဝပ်နေရလောက်ပြီ..."
"ဟုတ်သားပဲ..."
မုန်လဲ့ ချက်ချင်း သဘောပေါက်သွားလေသည်။ ဤအဆုံးအစမရှိသောလောက တစ်ခုလုံးတွင် သူက မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်း မရှိပေ။
ဤလောကတွင် လောကသခင် ရှိနေမည်ဆိုလျှင်တောင်မှ သူက အနည်းငယ်မျှပင် ကြောက်ရွံ့မည် မဟုတ်ပေ။ သို့သော် ချွင်းချက်အနေဖြင့် အဆုံးအစမရှိသော ဧကရာဇ်ကြီးကတော့ လုံးဝ သီးခြားဖြစ်လေသည်။
သူက လုံးဝကို စည်းမျဉ်းများကို ချိုးဖောက်ထားသော တည်ရှိမှုကြီး တစ်ခုပင် ဖြစ်လေသည်။ အမှန်တကယ်လည်း အဆုံးအစမရှိသော ဧကရာဇ်ကြီးက ရယ်မောလိုက်လေသည်။
"မစိုးရိမ်ပါနဲ့... ငါက တကယ်ပဲ သေဆုံးသွားခဲ့ပါပြီ... ဒါက လောကနှလုံးသားပေါ်မှာ ငါ ချန်ထားခဲ့တဲ့ နတ်ဘုရားဝိညာဉ် အပိုင်းအစလေး တစ်ခုပါပဲ..."
မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီးနောက် သံသယဖြစ်စွာ မေးလိုက်လေသည်။
"ခင်ဗျားမှာ နတ်ဘုရားဝိညာဉ် အပိုင်းအစ ရှိနေသေးတယ်ဆိုရင် ဘာလို့ ခန္ဓာကိုယ်တစ်ခုကို လုယူပြီး ပြန်လည်မွေးဖွားအောင် မလုပ်တာလဲ... ခင်ဗျားမှာ အဲဒီစွမ်းရည် ရှိတယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်..."
နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသော သူတစ်ယောက်၏ နတ်ဘုရားဝိညာဉ် အပိုင်းအစလေးမှာပင် မသေမျိုးနီးပါး ဖြစ်နေပြီ ဖြစ်လေသည်။
အကယ်၍ နတ်ဘုရားတစ်ပိုင်း သေဆုံးသွားပါက ခန္ဓာကိုယ်တစ်ခုကို လုယူကာ အလွယ်တကူ ပြန်လည်မွေးဖွားနိုင်လေသည်။
ဤသည်ကပင် မိစ္ဆာနတ်ဘုရား အများအပြား အဘယ်ကြောင့် ပြန်လည်မွေးဖွားလာကြသနည်း ဆိုသည့် အကြောင်းအရင်းပင် ဖြစ်လေသည်။
သေချာသည်မှာ ပြန်လည်မွေးဖွားခြင်း လုပ်ငန်းစဉ်က အလွန် ခက်ခဲမည် ဖြစ်ပြီး ပြန်လည်မွေးဖွားနိုင်ရန် ရာခိုင်နှုန်း အနည်းငယ်သာ ရှိကာ အပြည့်အဝ အသက်ရှင်လာနိုင်မည်ဟု အာမခံချက် မရှိပေ။
နတ်ဘုရားတစ်ပိုင်းအဆင့်ကပင် ဤမျှ လုပ်နိုင်သည်ဆိုပါက အဆုံးအစမရှိသော ဧကရာဇ်ကြီးအတွက်တော့ အထူးတလည် ပြောနေစရာပင် မလိုတော့ပေ။
သူသာ ဆန္ဒရှိပါက ခန္ဓာကိုယ်တစ်ခုကို လုယူကာ ပြန်လည်မွေးဖွားပြီး တစ်ဖန် ပြန်လည် အစွမ်းထက်လာနိုင်မည်မှာ သေချာလှပေသည်။
အဆုံးအစမရှိသော ဧကရာဇ်ကြီးက ခေါင်းခါလိုက်လေသည်။
"မင်းပြောတာ မှန်ပါတယ်... လောကနှလုံးသားပေါ်မှာ ချန်ထားခဲ့တဲ့ ငါ့ရဲ့ နတ်ဘုရားဝိညာဉ် အပိုင်းအစကို အသုံးပြုပြီး ငါ ပြန်လည်မွေးဖွားနိုင်ပါတယ်... ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ ငါ စိတ်မဝင်စားဘူး..."
"ဘာလို့လဲ..."
မုန်လဲ့ သံသယဖြစ်သွားလေသည်။
"ငါ့ရဲ့ နတ်ဘုရားဝိညာဉ် မူလစွမ်းအားတွေ အကုန်လုံး ပျက်စီးသွားပြီလေ... ခန္ဓာကိုယ်တစ်ခုကို လုယူပြီး ပြန်လည်မွေးဖွားလာမယ် ဆိုရင်တောင် အရင်ကလို အထွတ်အထိပ် အနေအထားကို ပြန်ရောက်နိုင်တော့မှာ မဟုတ်ဘူး... အလွန်ဆုံး ပြီးပြည့်စုံတဲ့အဆင့်ထိပဲ ကျင့်ကြံနိုင်တော့မှာ..."
အဆုံးအစမရှိသော ဧကရာဇ်ကြီးက အထင်သေးစွာ ပြုံးလိုက်လေသည်။
"ပြီးပြည့်စုံတဲ့အဆင့်လေးလောက်နဲ့တော့ ငါက လုံးဝ စိတ်မဝင်စားဘူး..."
ထိုစကားကို ကြားသောအခါ မုန်လဲ့မှာ ပို၍ပင် သံသယဖြစ်သွားရလေသည်။ အဆုံးအစမရှိသော ဧကရာဇ်ကြီးမှာ မသေဆုံးမီက အုပ်စိုးရှင်အဆင့်ရှိသော တည်ရှိမှုကြီး တစ်ခု ဖြစ်ခဲ့လေသည်။
အုပ်စိုးရှင် ဟုတ်လား။ အုပ်စိုးရှင် ဆိုသည်မှာ အဘယ်နည်း။
အမြင့်ဆုံးနိယာမတရား တစ်ခုကို ရာခိုင်နှုန်းပြည့် နားလည်သဘောပေါက်ထားသော ပင်မနတ်ဘုရား ကိုသာ အုပ်စိုးရှင် ဟု ခေါ်ဆိုခြင်း ဖြစ်လေသည်။
ပြီးပြည့်စုံသောအဆင့်အထိ ကျင့်ကြံနိုင်သေးသည်ဆိုပါက ဆက်လက်၍ ကျင့်ကြံနိုင်သေးသည်ပင် မဟုတ်ပါလော။ ယခင်က မှတ်ဉာဏ်များလည်း ရှိနေသေးရာ အမြင့်ဆုံးနိယာမတရားကို နားလည်သဘောပေါက်ရန် အခက်အခဲ မရှိလောက်ပေ။ ယခင်က အထွတ်အထိပ် အနေအထားသို့ ပြန်လည်ရောက်ရှိရန် ပြဿနာ မရှိနိုင်ပေ။
"မုန်လဲ့... ဒဏ္ဍာရီတွေအရ အဆုံးအစမရှိတဲ့ ဧကရာဇ်ကြီးက နိယာမတရားတွေကို မကျင့်ကြံဘူး... သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုပဲ ကျင့်ကြံတာတဲ့..."
ဒိုဒိုလာက မုန်လဲ့၏ သံသယကို ရိပ်မိသွားပြီး ရှင်းပြလိုက်လေသည်။
"သူက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အုပ်စိုးရှင်အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တဲ့ တစ်ဦးတည်းသော တည်ရှိမှုကြီးလို့ ပြောကြတယ်..."
"ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် အုပ်စိုးရှင် ဟုတ်လား ဒီလိုကိုး..."
မုန်လဲ့ တစ်ကိုယ်လုံး တုန်ရီသွားပြီး ချက်ချင်း သဘောပေါက်သွားလေသည်။
"ငါ့ရဲ့ အခြေအနေက ထူးခြားတယ်... အရင်က အထွတ်အထိပ် အနေအထားကို ပြန်ရောက်ဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းတယ်... ငါ့ရဲ့ အရင်က နတ်ဘုရားခန္ဓာကိုယ်ကို ပြန်မရှာနိုင်သရွေ့ လုံးဝ မဖြစ်နိုင်ဘူး..."
အဆုံးအစမရှိသော ဧကရာဇ်ကြီးက သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"ဒီလိုကိုး..."
မုန်လဲ့က ညင်သာစွာ သက်ပြင်းချလိုက်လေသည်။
"ဒါပေမဲ့ အခုတော့ ငါ မျှော်လင့်ချက်ကို မြင်လိုက်ရပြီ..."
အဆုံးအစမရှိသော ဧကရာဇ်ကြီးက မုန်လဲ့ကို ကြည့်ကာ ပြောလိုက်လေသည်။
"မျှော်လင့်ချက်လေး နည်းနည်းပဲ ရှိတယ်ဆိုပေမယ့် ပြန်လည်မွေးဖွားလာရမယ့် ကြီးမားတဲ့ အကျိုးအမြတ်နဲ့ ယှဉ်ရင်တော့ အရာအားလုံးကို ရင်းပြီး စွန့်စားကြည့်ဖို့ ငါ ဆန္ဒရှိတယ်..."
မုန်လဲ့၏ ရင်ထဲတွင် လှုပ်ရှားသွားလေသည်။
"ကောင်လေး... မင်းက အချိန်ကာလ နိယာမတရားကို နားလည်သဘောပေါက်ထားတယ် မဟုတ်လား..."
အဆုံးအစမရှိသော ဧကရာဇ်ကြီး၏ မျက်လုံးများက တောက်ပနေလေသည်။
"ဟုတ်ကဲ့..."
မုန်လဲ့က လုံးဝ ဖုံးကွယ်မထားပေ။ ဤကိစ္စက ဖုံးကွယ်၍ ရနိုင်မည်လည်း မဟုတ်ပေ။ အဆုံးအစမရှိသော ဧကရာဇ်ကြီးမှာ လောကသခင်ဖြစ်ရာ အဆုံးအစမရှိသောလောက အတွင်း ဖြစ်ပျက်သမျှ အရာအားလုံးက သူ၏ အာရုံထဲမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
မိမိ နိယာမတရား ၅ မျိုးကို ပေါင်းစပ်ကာ အချိန်ကာလ နိယာမတရားကို နားလည်သဘောပေါက်ခဲ့သည်ကို သူ သေချာပေါက် မြင်တွေ့ခဲ့မည် ဖြစ်လေသည်။
"ငါ့ကို နည်းနည်းလောက် ခံစားကြည့်ခွင့် ပေးနိုင်မလား..."
အဆုံးအစမရှိသော ဧကရာဇ်ကြီး၏ မျက်နှာပေါ်တွင် ပြင်းပြသော ဆန္ဒများ ပေါ်လွင်နေလေသည်။
မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး အဆုံးအစမရှိသော ဧကရာဇ်ကြီးဆီသို့ လက်ညှိုးထိုးကာ ပြောလိုက်လေသည်။
"ရပ်..."
"ဝုန်း..."
အချိန်ကာလ နိယာမတရားများ ပါဝင်နေသော လှိုင်းလုံးတစ်ခုက မျက်စိတစ်မှိတ်အတွင်း ပျံ့နှံ့သွားပြီး အဆုံးအစမရှိသော ဧကရာဇ်ကြီးနှင့် သူ၏ ပတ်လည် မီတာတစ်ရာအတွင်းရှိ လေဟာနယ်ကို လွှမ်းခြုံသွားလေသည်။
"ရွှမ်း..."
အဆုံးအစမရှိသော ဧကရာဇ်ကြီး ငြိမ်သက်သွားလေသည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်များလည်း ငြိမ်သက်သွားလေသည်။
တိတိကျကျ ပြောရမည်ဆိုလျှင် ဤသည်မှာ ငြိမ်သက်သွားခြင်း မဟုတ်ဘဲ အချိန်ကာလ ရပ်တန့်သွားခြင်း ဖြစ်လေသည်။ မီတာတစ်ရာအတွင်းရှိ အချိန်ကာလက ရပ်တန့်သွားခြင်းပင် ဖြစ်လေသည်။
ခဏအကြာတွင် မုန်လဲ့က အချိန်ကာလ နိယာမတရားကို ရုပ်သိမ်းလိုက်ရာ မီတာတစ်ရာအတွင်းရှိ အချိန်ကာလက ပုံမှန်အတိုင်း ပြန်လည် စီးဆင်းသွားလေသည်။
"အချိန်ကာလ ရပ်တန့်ခြင်း..."
အဆုံးအစမရှိသော ဧကရာဇ်ကြီး၏ မျက်လုံးများထဲတွင် ထက်မြက်သော အလင်းတန်းများ တောက်ပလာလေသည်။
"ဒါက အစစ်အမှန် အချိန်ကာလ နိယာမတရားပဲ... ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ အချိန်ကာလ နိယာမတရားကို နားလည်သဘောပေါက်နိုင်တဲ့သူ ရှိလာလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး..."
အဆုံးအစမရှိသော ဧကရာဇ်ကြီး၏ မျက်နှာပေါ်တွင် အံ့ဩချီးကျူးမှုများ အပြည့်အဝ ပေါ်လွင်နေလေသည်။
"တကယ်တော့ ငါတို့ အားလုံး သိကြပါတယ်... လောကကြီးမှာ အမြင့်ဆုံးနိယာမတရား လေးမျိုးအပြင် အချိန်ကို ထိန်းချုပ်နိုင်တဲ့ အမြင့်ဆုံးနိယာမတရား တစ်မျိုးလည်း ရှိသေးတယ် ဆိုတာကို... ဒါပေမဲ့ သိတာက တစ်ကဏ္ဍ အဲဒီနိယာမတရားကို ရှာတွေ့ပြီး နားလည်သဘောပေါက်ဖို့ ဆိုတာကတော့ လုံးဝ သီးခြား ကိစ္စတစ်ခုပါပဲ... မင်းက အချိန်ကာလ နိယာမတရားကို ပထမဆုံး နားလည်သဘောပေါက်တဲ့သူပဲ... တကယ်ကို ပါရမီထူးချွန်ပြီး အစွမ်းထက်တဲ့သူပါပဲ..."
ထိုစကားကို ကြားသောအခါ ဒိုဒိုလာက မကျေမနပ်ဖြစ်သွားပြီး အော်ဟစ်လိုက်လေသည်။
"ဘာ ပထမဆုံး နားလည်သဘောပေါက်တဲ့သူလဲ... အချိန်ကာလနတ်ဘုရားကမှ ပထမဆုံး နားလည်သဘောပေါက်တဲ့သူကွ..."
မုန်လဲ့မှာ အနည်းငယ် ရယ်ချင်သွားလေသည်။
"အဆုံးအစမရှိတဲ့ ဧကရာဇ်ကြီးက အချိန်ကာလနတ်ဘုရားထက် စောပြီး သေသွားတာလေ... သူ အထင်လွဲသွားတာ သဘာဝကျပါတယ်... မင်းကလည်း သေသွားတဲ့သူ တစ်ယောက်နဲ့ ဘာသွားပြီး အငြင်းပွားနေတာလဲ..."
"ဟွန့်... မင်းက ပထမဆုံး နားလည်သဘောပေါက်တဲ့သူ ဖြစ်သွားတော့ မင်းက လိုက်မငြင်းတော့ဘူးပေါ့... ဟန်ဆောင်ကောင်းတဲ့ကောင်..." ဒိုဒိုလာက မကျေမနပ်ဖြင့် ညည်းတွားလိုက်လေသည်။
မုန်လဲ့က မျက်စောင်းထိုးလိုက်လေသည်။
အဆုံးအစမရှိသော ဧကရာဇ်ကြီးက ဆက်ပြောလိုက်လေသည်။
"အချိန်ကာလ နိယာမတရားက အချိန်ကို ထိန်းချုပ်နိုင်တယ်... ဒါကြောင့် ငါ့ကို ပြန်လည်အသက်သွင်းပေးနိုင်မယ့် မျှော်လင့်ချက် ရှိတယ်... မျှော်လင့်ချက်က အရမ်းနည်းပါးပြီး မဖြစ်နိုင်သလောက် ရှိပေမယ့်ပေါ့... ကောင်လေး... မင်း ငါ့ကို ပြန်လည်အသက်သွင်းပေးဖို့ ဆန္ဒရှိလား..." အဆုံးအစမရှိသော ဧကရာဇ်ကြီးက မုန်လဲ့ကို ကြည့်ကာ မေးလိုက်လေသည်။
"ကျွန်တော် ကြိုးစားကြည့်လို့ ရပါတယ်... ဒါပေမဲ့ ခင်ဗျား နားလည်သင့်တာက ကျွန်တော့်ရဲ့ အခုလက်ရှိ စွမ်းရည်နဲ့ဆိုရင် ခင်ဗျားကို ပြန်လည်အသက်သွင်းပေးဖို့ မပြောနဲ့... သာမန် သက်ရှိတစ်ယောက်ကိုတောင် ပြန်လည်အသက်သွင်းပေးနိုင်မှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ ခင်ဗျားက သေသွားတာ အရမ်းကြာနေပြီလေ..." မုန်လဲ့က ခေါင်းခါကာ ပြောလိုက်လေသည်။
"ဒါကိုတော့ ငါ နားလည်ပါတယ်..."
အဆုံးအစမရှိသော ဧကရာဇ်ကြီးက ညင်သာစွာ ခေါင်းညိတ်လိုက်လေသည်။
"ဒုတိယအချက်အနေနဲ့... လောကကြီးမှာ အလကားရတဲ့ အရာဆိုတာ မရှိဘူးလေ..."
မုန်လဲ့က နှုတ်ခမ်းကို တွန့်ကာ ပြုံးလိုက်လေသည်။
"ကျွန်တော့်ကို ပြန်လည်အသက်သွင်းပေးစေချင်ရင် ခင်ဗျားဘက်က လုံလောက်တဲ့ သစ္စာရှိမှုကို ပြသရလိမ့်မယ်..."
"ဟားဟားဟား... ဒါကတော့ သေချာတာပေါ့..."
အဆုံးအစမရှိသော ဧကရာဇ်ကြီးက အားရပါးရ ရယ်မောလိုက်လေသည်။
"မင်းကို အလကား ကူညီခိုင်းဖို့ မပြောနဲ့... မင်းက ငါ့ကို စောစော ပြန်လည်အသက်သွင်းပေးနိုင်ဖို့အတွက် မင်း ပိုပြီး မြန်မြန် ကြီးထွားလာအောင် ငါ့ဘက်က အစွမ်းကုန် ရင်းနှီးမြှုပ်နှံပေးမှာပါ..."
မုန်လဲ့၏ မျက်လုံးများ တောက်ပသွားလေသည်။
"ငါက သေသွားပြီ ဆိုပေမယ့် ငါ အသက်ရှင်စဉ်က စုဆောင်းထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံး ရှိနေသေးတယ်..."
အဆုံးအစမရှိသော ဧကရာဇ်ကြီးက ပြုံး၍ ပြောလိုက်လေသည်။
"ကောင်လေး... မင်းက နတ်ဘုရားသစ္စာဆိုပြီး ငါ့ကို ပြန်လည်အသက်သွင်းပေးမယ်လို့ ကတိပေးရင် ငါ့ရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို မင်းဆီ ပေးမယ်..."
တစ်သက်တာ စုဆောင်းထားခဲ့သော ပိုင်ဆိုင်မှုများ။
မုန်လဲ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး ချက်ချင်းပင် နတ်ဘုရားသစ္စာ ဆိုလိုက်လေသည်။
'အဆုံးအစမရှိသော ဧကရာဇ်ကြီးကသာ သူ သက်ရှိထင်ရှားရှိစဉ်က စုဆောင်းထားခဲ့သည့် ပိုင်ဆိုင်မှုများ အားလုံးကို ပေးမည်ဆိုပါက သူ့ကို ပြန်လည်အသက်သွင်းပေးရန် ဆန္ဒရှိကြောင်း...'
နတ်ဘုရားသစ္စာ အောင်မြင်သွားသည်နှင့် မမြင်ရသော ကြီးမားသည့် စွမ်းအားကြီးတစ်ခုက မုန်လဲ့ကို လွှမ်းခြုံသွားလေသည်။ ဤသည်မှာ သစ္စာတရား၏ စွမ်းအားဖြစ်ကြောင်း မုန်လဲ့ ချက်ချင်း သိလိုက်လေသည်။ အကယ်၍ သူက သစ္စာဖောက်ဖျက်မည်ဆိုပါက သူသည်...
"ကောင်းပြီ..."
အဆုံးအစမရှိသော ဧကရာဇ်ကြီးက ရယ်မောလိုက်ပြီး လက်ညှိုးထိုးလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုက မုန်လဲ့၏ မျက်ခုံးကြားသို့ ဝင်ရောက်သွားလေသည်။ မုန်လဲ့က မျက်လုံးမှိတ်ကာ ထိုအချက်အလက်များကို အလျင်အမြန် လေ့လာမှတ်သားလိုက်ပြီးနောက် ခါးသီးစွာ ပြုံးလိုက်မိလေသည်။
အဆုံးအစမရှိသော ဧကရာဇ်ကြီး၏ ပိုင်ဆိုင်မှုများမှာ အမှန်တကယ်ပင် မုန်လဲ့ စိတ်ကူး၍ပင် မရနိုင်လောက်အောင် အလွန်အမင်း များပြားလှပေသည်။ သို့သော် ဤလူက ပိုင်ဆိုင်မှုများကို အပိုင်းပိုင်းခွဲကာ နေရာအမျိုးမျိုးတွင် ဝှက်ထားခဲ့လေသည်။ အချိန်ကာလနတ်ဘုရားနှင့် လုံးဝ တစ်ပုံစံတည်းပင် ဖြစ်လေသည်။
ပိုင်ဆိုင်မှုများကို ရယူရန်အတွက် မုန်လဲ့က တစ်နေရာပြီးတစ်နေရာ လိုက်လံရှာဖွေရမည် ဖြစ်ရာ အချိန်ကုန် လူပန်း ဖြစ်ရပေဦးမည်။ တကယ်ကို ဒုက္ခပေးတာပဲ။
"သေစမ်း... ငါ လိမ်ခံလိုက်ရသလိုပဲ ခံစားနေရတယ်..."
မုန်လဲ့ အနည်းငယ် စိတ်ပျက်သွားလေသည်။ အဆုံးအစမရှိသော ဧကရာဇ်ကြီး၏ ပိုင်ဆိုင်မှုများ အားလုံးက အဆုံးအစမရှိသောလောက အတွင်း၌သာ ရှိနေမည်ဟု သူ ထင်ထားခဲ့လေသည်။ ထိုသို့ဆိုလျှင် မည်မျှ အဆင်ပြေလိုက်မည်နည်း။ သို့သော် လက်တွေ့တွင်တော့...
"ကောင်လေး... နောက်ပိုင်းတော့ မင်းအပေါ်မှာပဲ မူတည်တော့တယ်..."
အဆုံးအစမရှိသော ဧကရာဇ်ကြီး၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်များ အပြည့်အဝ ပေါ်လွင်နေလေသည်။
"တကယ်လို့ မင်း အောင်မြင်သွားရင် ငါတို့ ပြန်ဆုံတွေ့ကြတာပေါ့..."
"ဒါနဲ့... တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ငါ့ရဲ့ မျိုးဆက်တွေကို နည်းနည်းပါးပါး စောင့်ရှောက်ပေးပါဦး... ကျေးဇူးတင်ပါတယ်..."
ထိုသို့ပြောပြီးနောက် သူ၏ ကြီးမားခမ်းနားသော ခန္ဓာကိုယ်ကြီးမှာ ချက်ချင်း ပေါက်ကွဲသွားပြီး အရောင်အသွေးစုံလင်သော အလင်းတန်းများအဖြစ် ပြောင်းလဲကာ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။ လောကကြီး အတွင်းမှ အပြီးတိုင် ပျောက်ကွယ်သွားခြင်းပင် ဖြစ်လေသည်။
အဆုံးအစမရှိသော ဧကရာဇ်ကြီး... လုံးဝ သေဆုံးသွားလေပြီ။
"သူ သွားပြီလား..."
ဒိုဒိုလာက လေဟာနယ်ထဲမှ ထွက်ပေါ်လာလေသည်။
"အင်း... သွားပြီ..."
မုန်လဲ့က အနီးရှိ လောကနှလုံးသားကို လှမ်းကြည့်လိုက်လေသည်။ လောကနှလုံးသားပေါ်တွင် ရှိနေသော နတ်ဘုရားဝိညာဉ် အမှတ်အသားများ အားလုံး ပျောက်ကွယ်သွားပြီဖြစ်ရာ လောကနှလုံးသားမှာ ပိုင်ရှင်မဲ့ အရာတစ်ခု ဖြစ်သွားလေပြီ။
"ဒီအဆုံးအစမရှိတဲ့ ဧကရာဇ်ကြီးက တကယ်ကို လွတ်လပ်ပေါ့ပါးတာပဲ..."
ဒိုဒိုလာက သက်ပြင်းချလိုက်လေသည်။
"မင်း သဘောတူလိုက်တာနဲ့ သူက သူ့ရဲ့ နတ်ဘုရားဝိညာဉ် အပိုင်းအစကို ဖျက်ဆီးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာပဲ... ဒီလို စိတ်ဓာတ်မျိုးက သာမန်လူတွေ လုံးဝ မယှဉ်နိုင်ပါဘူး..."
"သူက အဆုံးအစမရှိတဲ့ ဧကရာဇ်ကြီးပဲကိုး..."
မုန်လဲ့က တီးတိုးရေရွတ်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"ဒိုဒိုလာ... သွားကြစို့..."
"သွားမယ် ဟုတ်လား... မင်း ဒီလောကနှလုံးသားကို မသန့်စင်တော့ဘူးလား..."
ဒိုဒိုလာ သံသယဖြစ်သွားလေသည်။
"ငါ လောကနှလုံးသားကို သန့်စင်ပြီးတဲ့အချိန်ဆိုရင် ဧရာမလူသားတွေ အကုန်လုံး သေကုန်လောက်ပြီ..."
မုန်လဲ့က ခေါင်းခါလိုက်လေသည်။
"သွားကြစို့... အပြင်လောကက အစွမ်းထက်သူတွေကို အရင် သွားရှင်းရအောင်..."
"ဟုတ်သားပဲ..."
ဒိုဒိုလာက ဆက်လက်၍ မေးမြန်းမနေတော့ပေ။
မုန်လဲ့က နောက်တစ်ကြိမ် လာရောက်ရှာဖွေရန် လွယ်ကူစေရန်အတွက် သူ၏ နတ်ဘုရားဝိညာဉ် အမှတ်အသားကို လောကနှလုံးသားပေါ်တွင် ချန်ထားခဲ့ပြီးနောက် ဒိုဒိုလာနှင့်အတူ ဧကရာဇ်၏ နတ်ဘုရားကျောင်းတော်သို့ ပြန်လာခဲ့လေသည်။
"မင်း ထွက်လာပြီလား..."
ပရောဖက်ကြီးက မုန်လဲ့ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည်။
"ကြီးမြတ်တဲ့ အုပ်စိုးရှင်ကြီးကို တွေ့ခဲ့ရလား..."
"အင်း တွေ့ခဲ့တယ်..."
မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်လေသည်။
"သခင်အသစ်ကို ဂါရဝပြုပါတယ်..."
ပရောဖက်ကြီးက ဒူးထောက်ချလိုက်ပြီး အလွန် ကြည်ညိုလေးစားစွာဖြင့် ဦးညွှတ်လိုက်လေသည်။
"သခင်အသစ်..."
မုန်လဲ့က မျက်ခုံးပင့်ကာ မေးလိုက်လေသည်။
"ဘာလို့ အဲဒီလို ခေါ်တာလဲ..."
"ခုနလေးတင် အုပ်စိုးရှင်ကြီးက နတ်ဘုရားအမိန့်တော် ချမှတ်ပေးခဲ့ပါတယ်..."
ပရောဖက်ကြီးက ရိုသေလေးစားစွာဖြင့် ပြန်ဖြေလေသည်။
"ဒီနေ့ကစပြီး အရှင်က ကျွန်တော်တို့ ဧရာမလူသားတွေရဲ့ သခင်အသစ် ဖြစ်လာပါပြီ..."
"ဒီလိုကိုး..."
မုန်လဲ့က လက်ယမ်းလိုက်လေသည်။
"ထပါတော့..."
"ကျေးဇူးတင်ပါတယ် သခင်..."
ပရောဖက်ကြီးက ရိုသေလေးစားစွာဖြင့် မတ်တပ်ရပ်လိုက်လေသည်။
"အပြင်ဘက်က တိုက်ပွဲ အခြေအနေ ဘယ်လိုရှိလဲ..."
မုန်လဲ့က အေးစက်စက် မေးလိုက်လေသည်။
"ကျွန်တော်တို့ မျိုးနွယ်စုဝင်တွေ အကုန်လုံး သေကုန်ပါပြီ..."
ပရောဖက်ကြီး၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုများ ဖြတ်ပြေးသွားလေသည်။ ဧကရာဇ်၏ တောင်ကို ကာကွယ်နေကြသော ဧရာမလူသားများမှာ အဆုံးအစမရှိသောလောက တစ်ခုလုံးတွင် အစွမ်းအထက်ဆုံးနှင့် အတော်ဆုံးသော မျိုးနွယ်စုဝင်များ ဖြစ်ကြလေသည်။
သူတို့ အားလုံး သေဆုံးသွားခြင်းက ဧရာမလူသား မျိုးနွယ်စုကြီးကို အလွန် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပြီး နှစ်သိန်းပေါင်းများစွာ ကြာသည့်တိုင်အောင် ပြန်လည် နာလန်ထူနိုင်မည် မဟုတ်ပေ။
"သွား... အပြင်ကို ထွက်ကြည့်ရအောင်..."
မုန်လဲ့က ကျောင်းတော်အပြင်ဘက်သို့ ဦးဆောင်၍ ထွက်သွားရာ ပရောဖက်ကြီးလည်း အလျင်အမြန် လိုက်သွားလေသည်။ ယခုအချိန်၌ ပရောဖက်ကြီး၏ လမ်းလျှောက်ပုံမှာ အလွန် သွက်လက်မြန်ဆန်နေပြီး သေလုမျောပါး ဖြစ်နေသည့် အဘိုးအို တစ်ယောက်နှင့် လုံးဝ မတူတော့ပေ။
"ဒီအဘိုးကြီး..."
ပရောဖက်ကြီး ပြောသည့်အတိုင်းပင် ဧကရာဇ်၏ တောင်ကို ကာကွယ်နေသော ဧရာမလူသားများမှာ အကုန်လုံး နီးပါး သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး အစွမ်းအထက်ဆုံးဖြစ်သော အိုလီယို နှင့် အခြား လူအနည်းငယ်မျှသာ ဆက်လက်၍ ခုခံနေနိုင်လေသည်။
ထိုသို့ဆိုသော်ငြားလည်း သူတို့မှာ ဧကရာဇ်၏ နတ်ဘုရားကျောင်းတော် အရှေ့အထိ ဆုတ်ခွာလာခဲ့ရပြီး ကျောင်းတော်ကြီးကို အသေခံ၍ ကာကွယ်နေကြရလေသည်။
လူတိုင်း၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ပြည့်နှက်နေပြီး သွေးထွက်သံယို ဖြစ်ကာ လဲကျတော့မည့် အနေအထားသို့ ရောက်ရှိနေကြလေပြီ။
"တကယ်ကို အသေအပျောက် များတာပဲ..."
မုန်လဲ့က ညင်သာစွာ ခေါင်းခါလိုက်ပြီးနောက် အေးစက်စက် ပြောလိုက်လေသည်။
"တော်ကြတော့..."
"ဝုန်း..."
သူ၏ အသံမှာ သိပ်မကျယ်လှသော်လည်း လူတိုင်း၏ နားထဲတွင် မိုးခြိမ်းသံကြီးအလား ကျယ်လောင်စွာ ပေါက်ကွဲထွက်သွားပြီး အားလုံးကို အံ့ဩတုန်လှုပ်သွားစေကာ လှုပ်ရှားမှုများကို ရပ်တန့်သွားစေခဲ့လေသည်။ အားလုံးက သူ့ဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။
"သူက ဘယ်သူလဲ..."
"ပရောဖက်ကြီးလား..."
အခြားသော လောကများမှ အစွမ်းထက်သူများ အားလုံးက မုန်လဲ့ကို တပြိုင်နက် လှမ်းကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် လောဘရမ္မက်များ ပြည့်နှက်နေလေသည်။ သူက ဧကရာဇ်၏ ရတနာသိုက် ရှိရာ နေရာကို သိသည့် ပရောဖက်ကြီးလား။
"ဒီကောင်က ဘယ်သူလဲ..."
အိုလီယို နှင့် အခြား ဧရာမလူသား အနည်းငယ်ကတော့ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး မုန်လဲ့ကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်လိုက်ကြလေသည်။
"မင်းက ဘယ်သူလဲ ဘာလို့ ဧကရာဇ်ရဲ့ နတ်ဘုရားကျောင်းတော်ထဲမှာ ရောက်နေတာလဲ..."
"အိုလီယို... ရိုင်းစိုင်းတဲ့ အပြုအမူတွေ မလုပ်နဲ့..."
ပရောဖက်ကြီးက အော်ဟစ်လိုက်လေသည်။
"သူက ငါတို့ ဧရာမလူသား မျိုးနွယ်စုရဲ့ သခင်အသစ်ပဲ..."
"သခင်အသစ်..."
အိုလီယို ကြောင်အမ်းသွားလေသည်။
"ပရောဖက်ကြီး... ဘာကို ဆိုလိုတာလဲ..."
"သခင်အသစ်က အုပ်စိုးရှင်ကြီးကို သွားတွေ့ပြီးပြီ... သူက အုပ်စိုးရှင်ကြီး ကိုယ်တိုင် ရွေးချယ်ထားတဲ့ ဆက်ခံသူပဲ... ဒါကြောင့် သူက ငါတို့ ဧရာမလူသားတွေရဲ့ သခင်အသစ် ဖြစ်လာတာ သဘာဝကျပါတယ်..."
ပရောဖက်ကြီး၏ မျက်နှာမှာ မည်းမှောင်သွားပြီး အသံနှိမ့်ကာ အော်ဟစ်လိုက်လေသည်။
"အိုလီယို... သခင်အသစ်ကို အခု ချက်ချင်း ဂါရဝ မပြုသေးဘူးလား..."
"သခင်အသစ်ကို ဂါရဝပြုပါတယ်..."
အိုလီယို ၏ ရင်ထဲတွင် မြင်းတစ်သောင်း ပြေးလွှားနေသကဲ့သို့ ခံစားနေရသော်လည်း ပရောဖက်ကြီး၏ စကားကိုတော့ သံသယမဝင်ရဲသဖြင့် အလျင်အမြန် ဒူးထောက်ကာ ဦးညွှတ်လိုက်လေသည်။
"သခင်အသစ်ကို ဂါရဝပြုပါတယ်..."
အသက်ရှင်ကျန်ရစ်သူ အခြား ဧရာမလူသားများကလည်း အိုလီယို ၏ နောက်မှ လိုက်၍ ဒူးထောက်လိုက်ကြလေသည်။ အစ်ကိုကြီး အိုလီယို ပင်လျှင် ဒူးထောက်လိုက်ပြီဖြစ်ရာ သူတို့အနေဖြင့် မည်သို့များ ကန့်ကွက်ရဲမည်နည်း။
"သခင်က သခင်ပဲလေ... သခင်အသစ်၊ သခင်ဟောင်း ဆိုပြီး ခွဲခြားနေစရာ မလိုပါဘူး... နောက်ပိုင်း အသစ် ဆိုတဲ့ စကားလုံးကို ဖြုတ်လိုက်ပါ..."
မုန်လဲ့က လက်ယမ်းလိုက်ပြီးနောက် အေးစက်စက် ပြောလိုက်လေသည်။
"အားလုံး ထကြတော့..."
"ဟုတ်ကဲ့ပါ သခင်..."
"သခင်…”