အခန်း ၃၆၃
Vol. 37 Ch. 363
အခန်း ၃၆၃ ပင်မနတ်ဘုရား၏ ဖိနှိပ်မှုနှင့် အစွမ်းထက်သော ရန်သူများ ရောက်ရှိလာခြင်း
အဆင့်မြှင့်တင်မှုများ အားလုံး ပြီးစီးသွားချိန်တွင် မုန်လဲ့က သူ၏ နတ်ဘုရားခန္ဓာကိုယ်မှာ နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရလေသည်။
တိတိကျကျ မည်သည့်အဆင့်သို့ ရောက်ရှိသွားသည်ကို မသိရသေးသော်လည်း အမှန်တကယ်ပင် အလွန် အစွမ်းထက်နေလေပြီ။
မုန်လဲ့၏ ခံစားချက်အရ ဆိုလျှင် သူသည် ယခုအချိန်၌ အရင်က သူ့လိုမျိုး လူ ၁၀ ယောက်ကို လက်တစ်ဖက်တည်းနှင့် အလွယ်တကူ သတ်ပစ်နိုင်လောက်အောင် အစွမ်းထက်နေပြီ ဖြစ်လေသည်။ အရင်ကနှင့် အခု နှိုင်းယှဉ်ပါက မိုးနှင့်မြေလို ကွာခြားသွားပြီဖြစ်ရာ လုံးဝ ယှဉ်ပြိုင်၍ မရနိုင်တော့ပေ။
'အခု ငါက ရှေးဟောင်းနတ်ဘုရား သွေးမျိုးဆက် ၆ မျိုးကို ပိုင်ဆိုင်ထားပြီဆိုတော့ လောကကြီး အစပြုကတည်းက ပထမဆုံးလူလို့ ပြောလို့ရတယ်... ကျယ်ပြောလှတဲ့ စကြဝဠာကြီး တစ်ခုလုံးမှာ ဘယ်သူက ငါ့လောက် အစွမ်းထက်နိုင်ဦးမှာလဲ...'
ရှေးဟောင်း နတ်ဘုရားသတ်ကြွက် သွေးမျိုးဆက်
ငရဲဘိုးဘေးဖီးနစ် သွေးမျိုးဆက်
လက်တစ်ရာတိုက်တန်ဘုရင် သွေးမျိုးဆက်
သက်တမ်းရင့်အသက်သစ်ပင် သွေးမျိုးဆက်
အေးခဲခြင်းဘုရင် သွေးမျိုးဆက်
သေမင်းတမန်ဘုရင် သွေးမျိုးဆက်
ထို ၆ မျိုးအပြင် မုန်လဲ့ကိုယ်တိုင်က ရှေးဟောင်းလူသားဖြစ်ရာ စုစုပေါင်း ရှေးဟောင်းနတ်ဘုရား သွေးမျိုးဆက် ၇ မျိုး ပိုင်ဆိုင်ထားခြင်း ဖြစ်လေသည်။ ဤသည်မှာ လောကကြီး တစ်ခုလုံးတွင် မုန်လဲ့ တစ်ယောက်တည်းသာ ရှိသော ပြိုင်ဘက်ကင်း အနေအထားတစ်ခု ပင် ဖြစ်လေသည်။
"စနစ်... ငါ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ဖို့ နတ်ဘုရားသလင်းကျောက် ဘယ်လောက် လိုအပ်လဲ..."
မုန်လဲ့က မိမိ၏ နတ်ဘုရားခန္ဓာကိုယ် ကြံ့ခိုင်မှုကို သိချင်သဖြင့် စနစ်ကို မေးမြန်းခြင်းက အလွယ်ကူဆုံး နည်းလမ်း ဖြစ်လေသည်။
"အသိပေးချက်... လက်ရှိတွင် အသုံးပြုသူ၏ နတ်ဘုရားခန္ဓာကိုယ်သည် အလယ်အလတ် ရှေးဟောင်းနတ်ဘုရားနှင့် ညီမျှပြီး အဆင့်မြှင့်တင်ပြီးပါက အဆင့်မြင့် ရှေးဟောင်းနတ်ဘုရားနှင့် ညီမျှသွားမည်ဖြစ်ပါသည်... ခန့်မှန်းခြေ အဆင့်မြှင့်တင်ရန် ကုန်ကျစရိတ်မှာ နတ်ဘုရားသလင်းကျောက် ၁၀၀ ထရီလီယံ ဖြစ်ပါသည်... အဆင့်မြှင့်တင်မည်လား..." စနစ်က အေးစက်စက် မေးလိုက်လေသည်။
'အလယ်အလတ် ရှေးဟောင်းနတ်ဘုရားနဲ့ ညီမျှတယ် ဟုတ်လား... ကျွတ် ကျွတ်... ဒါက အဆင့်နိမ့် အဆင့် ပင်မနတ်ဘုရားအဆင့်ရှိတဲ့ နတ်ဘုရားခန္ဓာကိုယ်နော်...'
မုန်လဲ့က သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်လေသည်။
'စိတ်ကို တည်ငြိမ်အောင်ထား... တည်ငြိမ်အောင်ထား... ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပါပဲ...'
သစ်သားမူလနတ်ဘုရားခန္ဓာကိုယ်ကို ပေါင်းစပ်လိုက်ခြင်း
သစ်သားမူလနတ်ဘုရားခန္ဓာကိုယ် ပြီးပြည့်စုံသွားခြင်း
သက်တမ်းရင့်အသက်သစ်ပင် သွေးမျိုးဆက်၏ ပေါင်းစပ်မှုကို ၁၀၀ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်ခြင်း
ထိုအချိန်တွင် သူ၏ နတ်ဘုရားခန္ဓာကိုယ်မှာ ပြီးပြည့်စုံသောအဆင့်၊ သို့မဟုတ် အဆင့်နိမ့် အဆင့် ရှေးဟောင်းနတ်ဘုရားအဆင့်နှင့် ညီမျှသွားခဲ့ပြီ ဖြစ်လေသည်။
ထို့နောက် လျှပ်စီးမူလနတ်ဘုရားခန္ဓာကိုယ်ကို ပေါင်းစပ်လိုက်ခြင်းနှင့် လျှပ်စီးမူလနတ်ဘုရားခန္ဓာကိုယ် ပြီးပြည့်စုံသွားခြင်းတို့ကြောင့် သူ၏ နတ်ဘုရားခန္ဓာကိုယ်မှာ ပိုမို ကြံ့ခိုင်လာခဲ့လေသည်။
ယနေ့တွင် ရှေးဟောင်းလူသားသွေးမျိုးဆက်ကို အဆင့်မြှင့်တင်လိုက်ပြီး အခြားသော သွေးမျိုးဆက်များကိုလည်း အပြည့်အဝ အဆင့်မြှင့်တင်လိုက်သောအခါ နတ်ဘုရားခန္ဓာကိုယ်မှာ အရူးတစ်ယောက်အလား အလွန်မြန်ဆန်စွာ အဆင့်မြင့်တက်သွားခဲ့လေသည်။
ဤကဲ့သို့ ဆက်တိုက် အဆင့်မြှင့်တင်မှုများကြောင့် နတ်ဘုရားခန္ဓာကိုယ်မှာ အလယ်အလတ် ရှေးဟောင်းနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားခြင်းမှာ လုံးဝကို ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စတစ်ခု ပင် ဖြစ်လေသည်။
'ဒါပေမဲ့...'
မုန်လဲ့က ချီးကျူးလိုက်လေသည်။
'ငါ ဒီလောက်အများကြီး ဆက်တိုက် အဆင့်မြှင့်တင်လိုက်တာတောင် နတ်ဘုရားခန္ဓာကိုယ်က အလယ်အလတ် ရှေးဟောင်းနတ်ဘုရားအဆင့်ပဲ ရှိသေးတယ်... အဆင့်နိမ့် အဆင့် ရှေးဟောင်းနတ်ဘုရားနဲ့ အလယ်အလတ် ရှေးဟောင်းနတ်ဘုရားကြားက ကွာဟချက်က ဘယ်လောက်တောင် ကြီးမားလိုက်သလဲ ဆိုတာ သိသာတယ်...'
(မှတ်ချက်။ အလယ်အလတ် ရှေးဟောင်းနတ်ဘုရား = အဆင့်နိမ့် အဆင့် ပင်မနတ်ဘုရား)
'အလယ်အလတ် ရှေးဟောင်းနတ်ဘုရားအဆင့်ရှိတဲ့ နတ်ဘုရားခန္ဓာကိုယ်ရယ်၊ အခု ငါ နားလည်သဘောပေါက်ထားတဲ့ အချိန်ကာလ နိယာမတရားရယ် ပေါင်းလိုက်ရင် ငါ့မှာ အဆင့်နိမ့် အဆင့် ပင်မနတ်ဘုရားကို ရင်ဆိုင်နိုင်တဲ့ စွမ်းအား အပြည့်အဝ ရှိနေပြီ...'
မုန်လဲ့က တီးတိုးရေရွတ်လိုက်လေသည်။
'အခု ငါ့ရဲ့ တစ်ခုတည်းသော အားနည်းချက်က အဆင့်မြင့်နတ်ဘုရား နှောင်းပိုင်းအဆင့်ပဲ ရှိသေးတဲ့ နတ်ဘုရားဝိညာဉ်ပဲ... ပင်မနတ်ဘုရားကို ယှဉ်နိုင်တဲ့ ငါ့မှာ ဘယ်လိုလုပ် အားနည်းချက် ရှိနေလို့ ဖြစ်မှာလဲ...'
"စနစ်... ငါ့ရဲ့ နတ်ဘုရားဝိညာဉ်ကို အဆင့်မြှင့်တင်လိုက်စမ်း..."
"အသိပေးချက်... လက်ရှိတွင် အသုံးပြုသူ၏ နတ်ဘုရားဝိညာဉ်သည် အဆင့်မြင့်နတ်ဘုရား နှောင်းပိုင်းအဆင့်နှင့် ညီမျှပြီး အဆင့်မြှင့်တင်ပြီးပါက ပြီးပြည့်စုံသောအဆင့် အဆင့်မြင့်နတ်ဘုရားနှင့် ညီမျှသွားမည်ဖြစ်ပါသည်... အဆင့်မြှင့်တင်ရန် ကုန်ကျစရိတ်မှာ နတ်ဘုရားသလင်းကျောက် ၁၂ ဘီလီယံ ဖြစ်ပါသည်... အဆင့်မြှင့်တင်မည်လား..." စနစ်က အေးစက်စက် မေးလိုက်လေသည်။
"အဆင့်မြှင့်တင်မယ်..."
"ရွှမ်း..."
ကြွယ်ဝချမ်းသာမှုမှာ နတ်ဘုရားသလင်းကျောက် ၁၂ ဘီလီယံ လျော့ကျသွားပြီးနောက် နတ်ဘုရားဝိညာဉ် ကြံ့ခိုင်မှုမှာ သူ မျှော်လင့်ထားသည့်အတိုင်း ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိသွားလေသည်။
သို့သော် ဤမျှနှင့် မပြီးသေးပေ။
မုန်လဲ့က ထရီလီယံ ၇၀ အထိ ရှိနေသော သူ၏ ကြွယ်ဝချမ်းသာမှုကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထပ်မံ အဆင့်မြှင့်တင်ရန် အမိန့်ပေးလိုက်လေသည်။
"အသိပေးချက်... လက်ရှိတွင် အသုံးပြုသူ၏ နတ်ဘုရားဝိညာဉ်သည် ပြီးပြည့်စုံသောအဆင့် အဆင့်မြင့်နတ်ဘုရားနှင့် ညီမျှပြီး အဆင့်မြှင့်တင်ပြီးပါက အဆင့်နိမ့် အဆင့် ပင်မနတ်ဘုရားနှင့် ညီမျှသွားမည်ဖြစ်ပါသည်... အဆင့်မြှင့်တင်ရန် ကုန်ကျစရိတ်မှာ နတ်ဘုရားသလင်းကျောက် ၁ ထရီလီယံ ဖြစ်ပါသည်... အဆင့်မြှင့်တင်မည်လား..." စနစ်က အေးစက်စက် မေးလိုက်လေသည်။
"အဆင့်မြှင့်တင်မယ်..."
"ရွှမ်း..."
ကြွယ်ဝချမ်းသာမှုမှာ ထပ်မံ၍ ၁ ထရီလီယံ လျော့ကျသွားလေသည်။
"ဝုန်း..."
အချိန်အတော်ကြာပြီးနောက်...
မုန်လဲ့က လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။ သူ၏ မျက်လုံးများထဲတွင် ထက်မြက်သော အလင်းတန်းများ တောက်ပလာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားဝိညာဉ်လှိုင်းလုံးကြီး တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားလေသည်။
"ဝုန်း..."
ကျောင်းတော်အပြင်ဘက်ရှိ ပရောဖက်ကြီး၊ အိုလီယို နှင့် ဧရာမလူသားများ အားလုံး၊ ထို့အပြင် မထွက်ခွာရသေးသော အယ်လ်ဖ်နတ်ဘုရားမနှင့် အခြား နတ်ဘုရားမများ အားလုံး မြေကြီးပေါ်သို့ ဖိချခံလိုက်ရလေသည်။
လူတိုင်း ချွေးသီးချွေးပေါက်များ ကျလာကြလေသည်။ ကျောင်းတော်ထဲမှ ထွက်ပေါ်လာသော နတ်ဘုရားဝိညာဉ်၏ ဖိနှိပ်မှုက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသဖြင့် သူတို့အနေဖြင့် ခုခံနိုင်စွမ်း နည်းနည်းလေးမျှပင် မရှိတော့ပေ။
"ပင်... ပင်မနတ်ဘုရား..."
"ဒါက ပင်မနတ်ဘုရားအဆင့်ရှိတဲ့ နတ်ဘုရားဝိညာဉ်ရဲ့ ဖိနှိပ်မှုပဲ..."
"သူက ပင်မနတ်ဘုရားအဆင့်ကို ရောက်သွားပြီလား..."
"ပင်မနတ်ဘုရား ဟုတ်လား ဘာတွေ လာနောက်နေတာလဲ... သူ့မှာ ပင်မနတ်ဘုရား အမြုတေမှ မရှိတာ ဘယ်လိုလုပ် ပင်မနတ်ဘုရား ဖြစ်လာနိုင်မှာလဲ..."
နတ်ဘုရားမများ အားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြလေသည်။ မုန်လဲ့ ပင်မနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားသည်ကို သူတို့ လုံးဝ မယုံကြည်နိုင်ကြပေ။ မုန်လဲ့တွင် ပင်မနတ်ဘုရား အမြုတေ မရှိဘဲနှင့် မည်သို့လုပ် ပင်မနတ်ဘုရား ဖြစ်လာနိုင်မည်နည်း။
သို့သော် ပင်မနတ်ဘုရား၏ ဖိနှိပ်မှုနှင့် ညီမျှသော ဤနတ်ဘုရားဝိညာဉ်လှိုင်းလုံးကတော့ လုံးဝ အစစ်အမှန် ပင် ဖြစ်လေသည်။
ပြဿနာက ဒီမှာပါပဲ။
မုန်လဲ့က ဘယ်လိုလုပ်ပြီး ဒီအဆင့်ကို ရောက်သွားတာလဲ။
ထိတ်လန့်မှု။
သံသယဖြစ်မှု။
မယုံကြည်နိုင်မှု။
အံ့ဩတုန်လှုပ်မှု။
သေချာသည်မှာ ပရောဖက်ကြီးနှင့် အခြားသူများကတော့ အံ့ဩနေကြသော်လည်း ရင်ထဲတွင် အလွန် ဝမ်းသာနေကြလေသည်။ မုန်လဲ့က သူတို့ ဧရာမလူသားများ၏ သခင်အသစ်ဖြစ်ရာ မုန်လဲ့ ပို၍ အစွမ်းထက်လေ သူတို့ ပို၍ လုံခြုံလေ ပင် ဖြစ်လေသည်။
"မုန်လဲ့ ဂုဏ်ယူပါတယ်..."
ဒိုဒိုလာက မုန်လဲ့ပတ်လည်တွင် ပျံသန်းကာ ဝမ်းသာအားရ ချီးကျူးလိုက်လေသည်။
"အခု မင်းက အချိန်ကာလ နိယာမတရားကို နားလည်သဘောပေါက်မှုအပိုင်းမှာ အချိန်ကာလနတ်ဘုရားထက် နည်းနည်းလေး နိမ့်နေသေးတာကလွဲရင် ကျန်တဲ့အပိုင်းတွေ အားလုံးမှာ အချိန်ကာလနတ်ဘုရားကို လုံးဝ ကျော်တက်သွားပါပြီ... သူများ သိရင် အရမ်းကို ဝမ်းသာနေမှာ သေချာတယ်..."
"နောက်ဆုံးတော့ မင်းဆီကနေ ဒီစကားကို ကြားရပြီပဲ..."
မုန်လဲ့က ရယ်မောလိုက်လေသည်။
"မင်းရဲ့ အသိအမှတ်ပြုမှုကို ရဖို့က တကယ်ကို မလွယ်ဘူးပဲ..."
"ဆက်ကြိုးစားပါ မုန်လဲ့..."
ဒိုဒိုလာက အားပေးလိုက်လေသည်။
"တစ်နေ့ကျရင် မင်းက စကြဝဠာကြီးရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်မှာပါ..."
"ဟားဟား... မင်း ဆုတောင်းပေးတဲ့အတိုင်း ဖြစ်လာမှာပါ..."
မုန်လဲ့က ရယ်မောလိုက်လေသည်။
"အဆုံးအစမရှိတဲ့လောကရဲ့ လောကနှလုံးသားကို သန့်စင်ရမယ့်အချိန် ရောက်ပြီ..."
"အင်း..."
ထို့နောက် မုန်လဲ့က လောကနှလုံးသား ရှိရာ နေရာသို့ ချက်ချင်း နေရာရွှေ့ပြောင်းသွားပြီး သူ၏ နတ်ဘုရားဝိညာဉ်စွမ်းအားများဖြင့် လောကနှလုံးသားကို လွှမ်းခြုံကာ ရူးသွပ်စွာ သန့်စင်ခြင်းကို စတင်လိုက်လေတော့သည်။
ငရဲမိစ္ဆာဧကရာဇ်၊ ခေါင်းသုံးလုံးမိစ္ဆာဧကရာဇ်မ၊ ကျဆုံးခြင်းဧကရာဇ် အစရှိသည့် အဆင့်မြင့် မဟာမိစ္ဆာနတ်ဘုရားများသာ အလယ်အလတ်လောက တစ်ခု၏ လောကနှလုံးသားကို သန့်စင်မည်ဆိုပါက နှစ်ရာပေါင်းများစွာ၊ သို့မဟုတ် ထောင်ပေါင်းများစွာ ကြာမြင့်မည် ဖြစ်လေသည်။
သို့သော် မုန်လဲ့မှာတော့ ကွာခြားလေသည်။ သူက အဆင့်နိမ့် အဆင့် ပင်မနတ်ဘုရားအဆင့်ရှိသော နတ်ဘုရားဝိညာဉ်ကို ပိုင်ဆိုင်ထားရာ သန့်စင်ရသည်မှာ အများကြီး ပိုမို လွယ်ကူပြီး အချိန်လည်း အများကြီး ပိုမို တိုတောင်းမည် ဖြစ်လေသည်။
အချိန်များက သန့်စင်ခြင်း လုပ်ငန်းစဉ်အတွင်း လျင်မြန်စွာ ကုန်လွန်သွားပြီး မသိမသာဖြင့် အနှစ် ၂၀ ပြည့်သွားခဲ့ပြီ ဖြစ်လေသည်။
...
ထိုနေ့တွင် အယ်လ်ဖ်နတ်ဘုရားမနှင့် အခြားသော နတ်ဘုရားမ သုံးဆယ်ကျော်တို့မှာ လေဟာနယ် တံခါးပေါက် ပေါ်ထွက်လာမည့် နေရာသို့ အလျင်အမြန် ရောက်ရှိလာကြပြီး တံခါးပေါက် ပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြလေသည်။
"နောက်ဆုံးတော့ ဒီကျိန်စာသင့်နေတဲ့ နေရာကနေ ထွက်သွားရတော့မယ်..."
သံမဏိနတ်ဘုရားမက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
"ဘုရားရေ... ဒီ အနှစ် ၂၀ က ငါ့ဘဝမှာ အဆိုးရွားဆုံး အနှစ် ၂၀ ပဲ... နေ့တိုင်း နေ့တိုင်း ကြောက်ရွံ့ထိတ်လန့်နေရတယ်... အဲဒီကောင်က ရုတ်တရက် ရူးပြီး ငါတို့ကို လာသတ်မှာကို အမြဲတမ်း စိုးရိမ်နေရတာ..."
"အဲဒီလူရဲ့ အရိပ်မည်းအောက်မှာ နေ့တိုင်း နေနေရတာက တကယ့်ကို ငရဲကျနေသလိုပါပဲ... တော်သေးတာပေါ့ ဒီနေ့တော့ ငါတို့ နောက်ဆုံးတော့ ထွက်သွားလို့ ရပြီ..."
သမုဒ္ဒရာနတ်ဘုရားမကလည်း ဝင်ပြောလိုက်လေသည်။
"ဒီအဆုံးအစမရှိတဲ့လောကကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူးလို့ ငါ သစ္စာဆိုတယ်..."
နတ်ဘုရားမများ အားလုံးက တီးတိုး စကားပြောနေကြပြီး လွန်ခဲ့သော အနှစ် ၂၀ အတွင်းက ဖိနှိပ်ခံထားရမှုများနှင့် ကြောက်ရွံ့မှုများကို ဖွင့်ချနေကြလေသည်။ အယ်လ်ဖ်နတ်ဘုရားမ တစ်ယောက်တည်းသာ မျက်မှောင်ကြုတ်ကာ မည်သည့်စကားမျှ မပြောဘဲ ငြိမ်သက်နေလေသည်။
"ဒိုင်ယာနာ... မင်း ဘာဖြစ်နေတာလဲ... စိတ်မပျော်ဘူးလား..."
ချော်ရည်နတ်ဘုရားမက အယ်လ်ဖ်နတ်ဘုရားမကို ကြည့်ကာ သံသယဖြစ်စွာ မေးလိုက်လေသည်။
"ဘာ... ဘာမှမဖြစ်ပါဘူး..."
အယ်လ်ဖ်နတ်ဘုရားမက အတင်းပြုံး၍ ပြန်ဖြေလေသည်။
"မင်း အဲဒီကောင်ကို စိုးရိမ်နေတာလား..."
ချော်ရည်နတ်ဘုရားမက မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
"မ... မဟုတ်ပါဘူး..."
အယ်လ်ဖ်နတ်ဘုရားမက အလျင်အမြန် ခေါင်းခါလိုက်လေသည်။
"မဖုံးကွယ်ပါနဲ့... မင်းက လိမ်မှ မလိမ်တတ်တာပဲ..."
ချော်ရည်နတ်ဘုရားမက သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"အဲဒီကောင်က စွမ်းအား ဘယ်လောက်ပဲ နက်နဲနေပါစေ ဒီတစ်ခါ သူ လုပ်ခဲ့တဲ့ ပြဿနာက အရမ်း ကြီးမားလွန်းတယ်... တခြားအရာတွေကို မပြောနဲ့ဦး... ငါတို့ လျှပ်စီးနတ်ဘုရားလောက တစ်ခုတည်းကတင် သူ သတ်လိုက်တဲ့ အစွမ်းထက်သူတွေက သောင်းချီရှိတယ်... အဲဒီလူတွေရဲ့ အနောက်က နတ်ဘုရားမျိုးနွယ်စုတွေက သူ့ကို လုံးဝ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး..."
"ဟူး... သူ သူ့ကိုယ်သူ ဂရုစိုက်နိုင်ပါစေလို့ပဲ ဆုတောင်းပေးရမှာပဲ..."
အယ်လ်ဖ်နတ်ဘုရားမက သက်ပြင်းချလိုက်လေသည်။
"အရင်က သူ့မှာ ရွှေရောင်မူလနတ်ဘုရားခန္ဓာကိုယ် ရှိတာကို သိရတုန်းက သူ့ကို ငါတို့ နတ်ဘုရားအုပ်စုထဲ ခေါ်ဖို့တောင် စဉ်းစားခဲ့သေးတာ... အခုတော့..."
"သူ့ကို နတ်ဘုရားအုပ်စုထဲ ခေါ်မယ် ဟုတ်လား... မလုပ်တာ ပိုကောင်းမယ်..."
ချော်ရည်နတ်ဘုရားမက ပြတ်ပြတ်သားသား ခေါင်းခါလိုက်လေသည်။
"သူ့လို လူသတ်ရတာကို ဝါသနာပါပြီး ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ထားရှိတဲ့သူက ငါတို့ သဘာဝနတ်ဘုရားအုပ်စုနဲ့ လုံးဝ မကိုက်ညီဘူး... ပြီးတော့ သူ ဒီဘေးအန္တရာယ်ကနေ လွတ်မြောက်နိုင်မလား ဆိုတာကို အရင် ကြည့်ရဦးမယ်... အခု သူက လေဟာနယ် တစ်ခုလုံးမှာရှိတဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေ အားလုံးရဲ့ ဘုံရန်သူ ဖြစ်နေပြီလေ..."
"ဟုတ်တယ်..."
အယ်လ်ဖ်နတ်ဘုရားမက သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်လေသည်။
"ပွင့်ပြီ..."
"လေဟာနယ် တံခါးပေါက် ပွင့်ပြီ..."
ထိုအချိန်တွင် နတ်ဘုရားမများ အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြလေသည်။ အယ်လ်ဖ်နတ်ဘုရားမ မော့ကြည့်လိုက်ရာ လေဟာနယ် တံခါးပေါက်ကြီးမှာ တဖြည်းဖြည်း ပွင့်လာပြီး ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်ကို တကယ်ပင် တွေ့လိုက်ရလေသည်။
"နောက်ဆုံးတော့ ဒီကျိန်စာသင့်နေတဲ့ နေရာကနေ ထွက်သွားလို့ ရပြီ..."
"သွားကြစို့ သွားကြစို့... အမြန်ဆုံး ထွက်သွားကြစို့... ဒီမှာ တစ်စက္ကန့်လေးတောင် ဆက်မနေချင်တော့ဘူး..."
"သွားကြစို့ ဒိုင်ယာနာ..."
ချော်ရည်နတ်ဘုရားမက ပြုံး၍ ပြောလိုက်လေသည်။
"အင်း..."
အယ်လ်ဖ်နတ်ဘုရားမက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ဧကရာဇ်၏ တောင် ရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ကာ လေဟာနယ် တံခါးပေါက်ဆီသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်လေသည်။
သို့သော် ထိုအချိန်တွင်...
"ရွှမ်း..."
လေဟာနယ် တံခါးပေါက်ထဲမှ လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာလေသည်။ သူ၏ အရပ်မှာ ပေတစ်ထောင်ခန့် ရှိပြီး ကြွက်သားများ အပြိုင်းပြိုင်းထနေကာ ရွှေရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအရှိန်အဝါများ ဖြာထွက်နေလေသည်။
ထိုလူ ထွက်ပေါ်လာသည်နှင့် ကြီးမားပြင်းထန်လှသော နတ်ဘုရားအရှိန်အဝါကြီးတစ်ခုက ပျံ့နှံ့လာပြီး နတ်ဘုရားမများ အားလုံး၏ မျက်နှာကို ပြောင်းလဲသွားစေကာ အလန့်တကြား အော်ဟစ်လိုက်မိကြလေသည်။
"ပ... ပင်…”