← Chapters

အခန်း ၃၆၆

Vol. 37 Ch. 366

အခန်း ၃၆၆

Vol. 37 Ch. 366

အခန်း ၃၆၆ ဖျက်ဆီးခြင်း နိယာမတရားနှင့် ပြီးပြည့်စုံသောအဆင့်ကို သတ်ဖြတ်ခြင်း

"ငါ့နယ်မြေထဲကို လာပြီး သောင်းကျန်းရဲတယ် မင်းတို့ သတ္တိတွေက တော်တော် ကောင်းနေပါလား..."

အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ကောင်းကင်ယံတွင် လူတစ်ယောက် ရုတ်တရက် ပေါ်လာလေသည်။ ဆံပင်အနက်၊ မျက်လုံးအနက်နှင့် အလွန် ချောမောလှပသော မျက်နှာပေါက်ကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ် အချိုးအစားကလည်း အလွန် ပြေပြစ်ကာ ပြီးပြည့်စုံလွန်းလှပေသည်။

"သခင်..."

ထိုလူကို မြင်လိုက်ရသောအခါ ပရောဖက်ကြီး၊ အိုလီယို နှင့် အခြား ဧရာမလူသားများ အားလုံး အလွန်အမင်း စိတ်လှုပ်ရှားသွားကြလေသည်။ သူတို့ တစ်ခါမှ ယခုအချိန်လောက် မုန်လဲ့ကို ထွက်လာစေချင်သည့် ဆန္ဒ မပြင်းပြခဲ့ဖူးပေ။

"နောက်ဆုံးတော့ ထွက်လာပြီလား..."

ဂါယာနော့စ်၊ အက်ဘီနီဇာ၊ အဒေါ့ဖ်ဖတ်စ်၊ ဘန်းဆိုက် နှင့် အခြား ပြီးပြည့်စုံသောအဆင့် ငါးယောက်လုံးလည်း မုန်လဲ့ကို တပြိုင်နက် လှမ်းကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတန်းများ တောက်ပလာလေသည်။

"၁ ယောက်... ၂ ယောက်... ၅ ယောက်... ၆ ယောက်..."

မုန်လဲ့၏ အကြည့်များက ပြီးပြည့်စုံသောအဆင့် ခြောက်ယောက်လုံးအပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ကျရောက်သွားပြီးနောက် သူက အလွန် စိတ်ပျက်သွားသည့်ဟန်ဖြင့် ညည်းတွားလိုက်လေသည်။

"ဘာလို့ ၆ ယောက်တည်း လာရတာလဲ... တကယ့်ကို စိတ်ပျက်စရာပဲ..."

ပြီးပြည့်စုံသောအဆင့် တစ်ယောက်ကို သတ်လျှင် နတ်ဘုရားသလင်းကျောက် ၁၂ ဘီလီယံ ရမည်ဆိုပါက ၆ ယောက်ဆိုလျှင် အများဆုံး ၇၂ ဘီလီယံသာ ရနိုင်မည် ဖြစ်လေသည်။

စိတ်ပျက်စရာကောင်းလိုက်တာ။ ဒီပိုက်ဆံလေးက သွားကြားထိုးလို့တောင် ရမှာ မဟုတ်ဘူး။

"ဟင်..."

ထိုအချိန်တွင် မုန်လဲ့က ပြီးပြည့်စုံသောအဆင့် တစ်ယောက်၏ ကိုယ်ပေါ်မှ အရောင်ငါးမျိုး တောက်ပနေသော အလင်းတန်းလေးတစ်ခု ကျကျလာသည်ကို ရုတ်တရက် တွေ့လိုက်ရလေသည်။ စနစ်၏ အသိပေးသံ ချက်ချင်း ထွက်ပေါ်လာလေသည်။

"အသိပေးချက်... ကျကျလာသော ပစ္စည်းတစ်ခုကို တွေ့ရှိပါသည် ကောက်ယူမည်လား..."

"အရောင်ငါးမျိုး အလင်းတန်း..."

မုန်လဲ့၏ ရင်ထဲတွင် လှုပ်ရှားသွားလေသည်။

"ကောက်ယူမယ်..."

"အသိပေးချက်... ကောက်ယူခြင်း အောင်မြင်ပါသည် နိယာမတရား အပိုင်းအစတစ်ခု ရရှိပါသည်... ပေါင်းစပ်မည်လား..." စနစ်က အေးစက်စက် မေးလိုက်လေသည်။

"ပေါင်းစပ်မယ်..."

"ဝုန်း..."

သတင်းအချက်အလက် လှိုင်းလုံးကြီးတစ်ခုက သူ၏ ဦးနှောက်ထဲသို့ မျက်စိတစ်မှိတ်အတွင်း ဝင်ရောက်လာပြီး ရုပ်ရှင်ပြနေသကဲ့သို့ သူ၏ မျက်စိရှေ့တွင် အလျင်အမြန် ဖြတ်ပြေးသွားလေသည်။ မုန်လဲ့က အလျင်အမြန် လေ့လာမှတ်သားလိုက်လေသည်။

ထို့နောက် မုန်လဲ့က အလွန်အမင်း ပျော်ရွှင်သွားလေတော့သည်။

"လျှပ်စီး၊ ရေခဲ၊ သတ္တု၊ အမှောင်၊ မီး... ကျွတ် ကျွတ်... ဒီနိယာမတရား ၅ မျိုး ပေါင်းစပ်ထားတဲ့ နိယာမတရား အပိုင်းအစကြီး ပါလား..."

မုန်လဲ့ အလွန်အမင်း စိတ်လှုပ်ရှားသွားလေသည်။

"ဖိနပ်ပေါက်မတတ် လိုက်ရှာနေတုန်းကတော့ မတွေ့ဘဲနဲ့ အခုမှ လွယ်လွယ်လေးနဲ့ ရလာတယ်... ဒီလိုနည်းလမ်းနဲ့ ဖျက်ဆီးခြင်း နိယာမတရားကို ရလာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး... ကောင်းကင်ကြီးကတောင် ငါ့ကို ကူညီနေတာပဲ... ဟားဟားဟားဟား..."

လျှပ်စီး၊ ရေခဲ၊ သတ္တု၊ အမှောင်၊ မီး...

ဤငါးမျိုးမှာ ဖျက်ဆီးခြင်း နိယာမတရားကို ဖော်ဆောင်ပေးသော နိယာမတရား ငါးမျိုး ပင် ဖြစ်လေသည်။ ဖျက်ဆီးခြင်း နိယာမတရားမှာ အမြင့်ဆုံးနိယာမတရား ငါးမျိုးထဲမှ တစ်မျိုးဖြစ်ရာ ဤမျှလွယ်ကူစွာ ရရှိလိုက်သောအခါ မုန်လဲ့ မည်မျှ စိတ်လှုပ်ရှားသွားမည်ကို တွေးကြည့်ရုံနှင့် သိနိုင်ပေသည်။

"ဟားဟားဟား..."

သူ၏ ရူးသွပ်သော ရယ်မောသံကြီးက မိုးခြိမ်းသံအလား ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်များကိုပင် ကွဲအက်သွားစေကာ လူတိုင်းကို အံ့အားသင့်သွားစေခဲ့လေသည်။

ရုတ်တရက်ကြီး ဘာလို့ အဲဒီလောက် အော်ရယ်နေရတာလဲ။ ပြီးပြည့်စုံသောအဆင့် ခြောက်ယောက် ဝိုင်းရံထားတာကို ခံနေရတာတောင် ရယ်နိုင်သေးတယ် တဲ့လား။ သူက ရူးများ သွားတာလား။

ပြီးပြည့်စုံသောအဆင့် ခြောက်ယောက်လုံး မျက်နှာပျက်သွားကြပြီး သူတို့ကိုယ်သူတို့ စော်ကားခံလိုက်ရသလို ခံစားလိုက်ရလေသည်။ သူတို့ရဲ့ အရှေ့မှာတောင် ရယ်ရဲသေးတယ် ဟုတ်လား။

ဂါယာနော့စ် က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"သေနာကောင် မင်းက ငါ့သားကို သတ်တယ် အခု ငါက မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်..."

စကားမဆုံးမီမှာပင် သူက ညာဘက်လက်ကို မြှောက်ကာ မုန်လဲ့ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

"ဘုန်း..."

ကောင်းကင်ဖုံးလွှမ်းမတတ် ကြီးမားလှသော လက်ဝါးကြီးတစ်ခု မုန်လဲ့၏ ခေါင်းပေါ်တွင် ထွက်ပေါ်လာပြီး ကောင်းကင်ဘုံမှ ကျဆင်းလာသော ဘုရားသခင်၏ လက်ဝါးကြီးအလား ဖိချလာလေသည်။

ထိုလက်ဝါးကြီးထဲတွင် ပါဝင်သော ကြောက်မက်ဖွယ်ကောင်းသည့် ဖိနှိပ်မှုများကို ခံစားလိုက်ရသောအခါ ပရောဖက်ကြီးနှင့် အခြားသူများ အားလုံး မျက်နှာပျက်သွားကြပြီး အလန့်တကြား အော်ဟစ် သတိပေးလိုက်ကြလေသည်။

"သခင် သတိထား..."

"ကလေးကလား ကစားကွက်လေးတွေ..."

မုန်လဲ့က ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး အပေါ်မှ ဖိချလာသော လက်ဝါးကြီးကို မော့ကြည့်ကာ ညင်သာစွာ ခေါင်းခါလိုက်လေသည်။ ထို့နောက် သူက လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ ဓားတစ်လက်အလား သဘောထားပြီး ညင်သာစွာ ခုတ်ပိုင်းလိုက်ရာ လေခွဲသံတစ်ခု ထွက်ပေါ်လာပြီး အဆုံးအစမရှိသော ဖျက်ဆီးနိုင်စွမ်းများ ပါဝင်သည့် လက်ဝါးကြီးမှာ မျက်စိတစ်မှိတ်အတွင်း နှစ်ပိုင်း ပြတ်သွားလေသည်။

ထို့နောက် လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

"ဘာ..."

ဂါယာနော့စ် တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏ မျက်လုံးများထဲတွင် မယုံနိုင်မှုများ ပြည့်နှက်နေလေသည်။

ခုနက လက်ဝါးချက်မှာ သူ ပေါ့ပေါ့ပါးပါး ရိုက်ချလိုက်ခြင်း ဖြစ်သော်လည်း သာမန် အဆင့်မြင့်နတ်ဘုရား တစ်ပါးအနေဖြင့် လုံးဝ ခုခံနိုင်စွမ်း မရှိသော တိုက်ခိုက်မှုတစ်ခု ဖြစ်လေသည်။ သို့သော် မုန်လဲ့ကတော့ ထိုလက်ဝါးချက်ကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်နိုင်သည် တဲ့လား။

"ကောင်လေး မင်းကလည်း ပြီးပြည့်စုံတဲ့အဆင့်ပဲလား..."

ဂါယာနော့စ် အနည်းငယ် သံသယဖြစ်သွားလေသည်။ အဆင့်မြင့်နတ်ဘုရား နှောင်းပိုင်းအဆင့်များနှင့် အဆင့်မြင့် မဟာမိစ္ဆာနတ်ဘုရားများကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်သည်ဆိုသည်မှာ သူက ပြီးပြည့်စုံသောအဆင့်နှင့် အလွန် နီးစပ်နေပြီဖြစ်ကြောင်း သိသာလှပေသည်။

ယခုလည်း သူ၏ တိုက်ခိုက်မှုကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည် ဆိုတော့ ဤအရာက ပြီးပြည့်စုံသောအဆင့် မှသာ လုပ်နိုင်စွမ်း ရှိသော အရာတစ်ခု ဖြစ်လေသည်။

"သူက ပြီးပြည့်စုံတဲ့အဆင့်လား..."

အက်ဘီနီဇာ နှင့် အခြား ပြီးပြည့်စုံသောအဆင့် ငါးယောက်လုံး တစ်ကိုယ်လုံး တုန်ရီသွားကြပြီး မုန်လဲ့ကို မယုံနိုင်သော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

အသက် ၄၅ နှစ်တောင် မပြည့်သေးတဲ့ ပြီးပြည့်စုံတဲ့အဆင့် တဲ့လား။ လာနောက်နေတာလား။

"ပြီးပြည့်စုံတဲ့အဆင့် ဟုတ်လား မဟုတ်ပါဘူး ငါက ပြီးပြည့်စုံတဲ့အဆင့် မဟုတ်ပါဘူး..."

မုန်လဲ့က ခေါင်းခါကာ ငြင်းဆိုလိုက်လေသည်။

'ဟူး... မဟုတ်လို့ တော်သေးတာပေါ့... လန့်သွားတာပဲ...'

ဂါယာနော့စ် နှင့် အခြားသူများ အားလုံး တိတ်တဆိတ် သက်ပြင်းချလိုက်မိကြလေသည်။ အကယ်၍ မုန်လဲ့သာ တကယ် ပြီးပြည့်စုံသောအဆင့် ဖြစ်နေမည်ဆိုပါက ကိုင်တွယ်ရ အနည်းငယ် ခက်ခဲသွားမည် ဖြစ်လေသည်။ သူတို့ ၆ ယောက် ပေါင်းတိုက်မည်ဆိုလျှင်တောင်မှ ပြီးပြည့်စုံသောအဆင့် တစ်ယောက်ကို သတ်ဖြတ်ရန်မှာ အတော်လေး အချိန်ယူရမည် ဖြစ်လေသည်။ ဘာပဲဖြစ်ဖြစ် ပြီးပြည့်စုံတဲ့အဆင့် ဆိုတာ သတ်ရတာ သိပ်လွယ်တဲ့သူမျိုး မဟုတ်ဘူးလေ။

"ပိုးကောင်လေး နတ်ဘုရားမျိုးနွယ်စုကြီးတွေက အစွမ်းထက်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ မင်းက တကယ့်ကို ရူးသွပ်လွန်းတယ်... ဒီနေ့ မင်း လုံးဝ အကောင်းပကတိ သေရမှာ မဟုတ်ဘူး..."

ဧရာမဆင်နတ်ဘုရားမျိုးနွယ်စုမှ ပြီးပြည့်စုံသောအဆင့် အက်ဘီနီဇာ က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ပြတ်သားစွာ ဝင်ရောက်တိုက်ခိုက်လိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူက နေရာမှ ပျောက်ကွယ်သွားပြီးနောက် တက္ကစီကား တစ်စီးလောက် ကြီးမားသော လက်သီးကြီးဖြင့် မုန်လဲ့ဆီသို့ ပြင်းထန်စွာ ထိုးချလိုက်လေသည်။

ဧရာမဆင်နတ်ဘုရားမျိုးနွယ်စုမှာ မွေးရာပါ ခွန်အားကြီးမားသူများ ဖြစ်ကြပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုသာ ကျင့်ကြံကြလေသည်။

သူတို့နှင့် အဆင့်တူများထဲတွင် ဘီဟီးမော့သ်နတ်ဘုရားမျိုးနွယ်စု၊ တိုက်တန်နတ်ဘုရားမျိုးနွယ်စုနှင့် သန့်စင်သော ပိုးတောင်မာနတ်ဘုရားမျိုးနွယ်စု တို့သာလျှင် သူတို့ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိကြလေသည်။

အက်ဘီနီဇာ မှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ကျင့်ကြံရာတွင် ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိနေသူဖြစ်ရာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် ခွန်အားအပိုင်းတွင် ပြီးပြည့်စုံသောအဆင့်များထဲ၌ ထိပ်တန်းရောက်နေသူ တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူ၏ လက်သီးချက်က မည်မျှ ကြောက်စရာကောင်းမည်ကို တွေးကြည့်ရုံနှင့် သိနိုင်ပေသည်။

သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဤလက်သီးချက်ကို ရင်ဆိုင်ရချိန်တွင် မုန်လဲ့က ညင်သာစွာ ခေါင်းခါလိုက်ရုံသာ ဖြစ်လေသည်။

ထို့နောက် သူက လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ သူ့ကို အသားစများအဖြစ် ကြိတ်ချေပစ်တော့မည့် လက်သီးကြီးကို ထောက်ထားလိုက်လေသည်။

"အက်ဘီနီဇာ ရဲ့ လက်သီးကို လက်ညှိုး တစ်ချောင်းတည်းနဲ့ ထောက်ထားတယ် ဟုတ်လား..."

"မောက်မာလိုက်တာ..."

"ရူးသွပ်လိုက်တာ..."

"ကိုယ့်အဆင့်ကိုယ် မသိတဲ့ကောင်..."

"ငါ ဒီအရွယ်ရောက်တဲ့အထိ ဒီလောက် မောက်မာတဲ့သူမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး စောင့်ကြည့်နေလိုက်... သူ သေချာပေါက် အသေဆိုးနဲ့ သေရလိမ့်မယ်..."

မုန်လဲ့၏ လုပ်ရပ်ကို မြင်လိုက်ရသောအခါ ပြီးပြည့်စုံသောအဆင့် ငါးယောက်လုံး အံကြိတ်ကာ အလွန်အမင်း ဒေါသထွက်သွားကြလေသည်။

"သေစမ်း..."

အက်ဘီနီဇာ လည်း အလွန်အမင်း ဒေါသထွက်သွားလေသည်။ သူ၏ ပြီးပြည့်စုံသောအဆင့် ဂုဏ်သိက္ခာကို အကြီးအကျယ် စော်ကားခံလိုက်ရသလို ခံစားလိုက်ရသဖြင့် သူက ခွန်အားများကို ထပ်မံ ထုတ်ယူလိုက်ရာ လက်သီး၏ အရှိန်အဝါက ပို၍ ကြောက်စရာကောင်းလာလေသည်။

"ဖောက်..."

မုန်လဲ့၏ လက်ညှိုးနှင့် အက်ဘီနီဇာ ၏ လက်သီးတို့ ပြင်းထန်စွာ ရိုက်ခတ်သွားကြလေသည်။

သို့သော် နောက်တစ်စက္ကန့်တွင် လူတိုင်း လုံးဝ ထင်မှတ်မထားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။ လက်သီးနှင့် လက်ညှိုး ရိုက်ခတ်သွားမှုမှာ ဖရဲသီးနှင့် သံချောင်း ရိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားပြီး 'ဖောက်' ဆိုသော အသံနှင့်အတူ အက်ဘီနီဇာ ၏ လက်သီးကြီးမှာ အပေါက်ကြီး ဖြစ်သွားကာ မုန်လဲ့၏ လက်ညှိုးက သူ၏ လက်သီးထဲသို့ နက်ရှိုင်းစွာ ထိုးဝင်သွားလေတော့သည်။

"အာ..."

အက်ဘီနီဇာ က နာကျင်စွာ အော်ဟစ်လိုက်ပြီး သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ အလွန်အမင်း ထိတ်လန့်သွားလေသည်။

'သူ့ရဲ့ လက်ညှိုးက ငါ့ရဲ့ လက်သီးကို ဖောက်ထွင်းသွားတယ် တဲ့လား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...'

"ဘယ်လိုလုပ် အဲဒီလို ဖြစ်သွားတာလဲ..."

ပြီးပြည့်စုံသောအဆင့် ငါးယောက်လုံး အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြလေသည်။

"ဒီလောက် ခွန်အားလေးနဲ့ ငါ့ကို သတ်ချင်နေတာလား မင်းက အဝေးကြီး လိုပါသေးတယ်..."

မုန်လဲ့က ခေါင်းခါကာ ပြောလိုက်လေသည်။

"ထားပါတော့လေ မင်းက အရင်ဆုံး အသေခံချင်နေမှတော့ မင်းကို အရင် သေလမ်းပို့ပေးလိုက်မယ်..."

ထိုသို့ပြောပြီးနောက် မုန်လဲ့က မျက်စိတစ်မှိတ်အတွင်း အက်ဘီနီဇာ ၏ မျက်နှာရှေ့သို့ ရောက်ရှိသွားလေသည်။ အက်ဘီနီဇာ ၏ ခန္ဓာကိုယ်မှာ ပေရာနှင့်ချီ မြင့်မားပြီး သူ၏ မျက်နှာကြီးက ဘတ်စ်ကား တစ်စီးလောက် ကြီးမားလေသည်။

၁.၈ မီတာသာ ရှိသော မုန်လဲ့မှာ သူ၏ မျက်နှာရှေ့တွင် သေးငယ်သော အင်းဆက်လေး တစ်ကောင်အလား ဖြစ်နေလေသည်။

"ကောင်းကောင်း သွားပါ... ငါ့ရဲ့ ပြီးပြည့်စုံတဲ့အဆင့်ကြီး..."

မုန်လဲ့က လက်ညှိုးကို ခေါက်ကာ အက်ဘီနီဇာ ၏ မျက်ခုံးကြားကို ညင်သာစွာ တောက်လိုက်လေသည်။

"ခွပ်..."

တစ်ခုခု ကျိုးကြေသွားသံ ထွက်ပေါ်လာပြီး အက်ဘီနီဇာ မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားလေသည်။ သူ၏ မျက်လုံးကြီးများက ကြိတ်ဆုံကျောက်ကြီးများအလား ပြူးကျယ်သွားပြီး မျက်လုံးများထဲတွင် သွေးကြောများ အပြည့်အဝ ပေါ်လာကာ ကွဲအက်နေသော မှန်ချပ်ကြီးများအလား ဖြစ်သွားလေသည်။

ထို့နောက် အက်ဘီနီဇာ ၏ မျက်ခုံးကြားမှာ ကွဲအက်သွားသော မှန်ချပ်တစ်ခုအလား အပိုင်းပိုင်း ကွဲအက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်ခုံးကြား တစ်ခုလုံး သွေးသံရဲရဲ ဖြစ်သွားကာ ကြီးမားသော သွေးပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာလေတော့သည်။

ရွှေရောင် သွေးများက ရေတံခွန်အလား ပန်းထွက်လာပြီး အက်ဘီနီဇာ ၏ မျက်နှာ၊ ရင်ဘတ်နှင့် အင်္ကျီများကို မျက်စိတစ်မှိတ်အတွင်း ရွှေရောင်အဖြစ် ပြောင်းလဲသွားစေခဲ့လေသည်။

အက်ဘီနီဇာ က ယိုင်နဲ့ယိုင်နဲ့နှင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး မုန်လဲ့ကို လက်ညှိုးထိုးကာ 'မင်း မင်း မင်း' ဟု အချိန်အတော်ကြာအောင် ပြောနေပြီးနောက် ရုတ်တရက် လဲကျသွားလေတော့သည်။

"ဘုန်း..."

အက်ဘီနီဇာ လဲကျသွားမှုကြောင့် ဧကရာဇ်၏ တောင်ထိပ် တစ်ခုလုံး တုန်ဟည်းသွားပြီး မြေကမ္ဘာတုန်လှုပ်သွားသကဲ့သို့ ဖြစ်သွားကာ ဖုန်မှုန့်များ လွင့်စင်သွားလေသည်။ သို့သော် ယခုအချိန်၌ တစ်ကွင်းလုံးမှာ ဗီဒီယိုကို ရပ်တန့်လိုက်သကဲ့သို့ လုံးဝ တိတ်ဆိတ်သွားလေသည်။

လေဟာနယ်များ ကန့်သတ်ခံလိုက်ရလေသည်။

လေထုများ ငြိမ်သက်သွားလေသည်။

အချိန်ကာလ ရပ်တန့်သွားလေသည်။

ပြီးပြည့်စုံသောအဆင့် ငါးယောက်လုံးမှာလည်း အကြောပိတ်ခံလိုက်ရသကဲ့သို့ နေရာမှာတင် တောင့်တင်းသွားကြလေသည်။

ပရောဖက်ကြီး၊ အိုလီယို နှင့် အခြား ဧရာမလူသားများသာလျှင် ကြက်သွေးများ သောက်ထားသကဲ့သို့ အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး မျက်နှာများပင် နီရဲနေလေသည်။ သူတို့ တစ်ကိုယ်လုံး တုန်ရီနေပြီး အားရပါးရ ရယ်မောချင်နေကြလေသည်။

"ပြီးပြည့်စုံတဲ့အဆင့် ဆိုတာကလည်း ဒီလောက်ပါပဲလား…”

All Chapters