အခန်း ၃၆၇
Vol. 37 Ch. 367
အခန်း ၃၆၇ လူငါးယောက် ဝိုင်းဝန်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကို အဆင့်မြှင့်တင်ခြင်း
ဧကရာဇ်၏ တောင်ထိပ်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ဂါယာနော့စ်တို့ ငါးယောက်မှာ အက်ဘီနီဇာ၏ အလောင်းကို ကြည့်ရင်း ရင်ထဲတွင် ဆူနာမီလှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ အလွန်အမင်း တုန်လှုပ်ချောက်ချားနေကြသည်။
'ဧရာမဆင်နတ်ဘုရား မျိုးနွယ်စုရဲ့ ပြီးပြည့်စုံတဲ့အဆင့်ကြီး အက်ဘီနီဇာ... ဒီလို လွယ်လွယ်ကူကူနဲ့ပဲ သေဆုံးသွားရပြီလား... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီလို ဖြစ်လို့ မရဘူးလေ... သူက ပြီးပြည့်စုံတဲ့အဆင့် တစ်ယောက်ပဲ... ပင်မနတ်ဘုရားတွေ ပြီးရင် အမြင့်ဆုံးသော တည်ရှိမှုကြီး တစ်ခုပဲ... သူက ဘယ်လိုလုပ် သေသွားနိုင်မှာလဲ... သူ ဘယ်လိုလုပ် သေသွားရတာလဲ...'
ဤအချိန်၌ ပြီးပြည့်စုံသောအဆင့် ငါးယောက်လုံး၏ ရင်ထဲတွင် အလွန်အမင်း တုန်လှုပ်နေကြလေသည်။ ယခင်က အဆင့်နိမ့် အဆင့်နှင့် အလယ်အလတ် နတ်ဘုရားများ မကြာခဏ သေဆုံးလေ့ရှိသော်လည်း အဆင့်မြင့် နတ်ဘုရားများ သေဆုံးသည်မှာ အလွန် ရှားပါးလှပေသည်။
ပြီးပြည့်စုံသောအဆင့်များ ဆိုလျှင်ကား နတ်ဘုရားများနှင့် မိစ္ဆာများကြားတွင် စစ်ပွဲကြီး ဖြစ်ပွားခြင်းမျိုးမှလွဲ၍ ပြီးပြည့်စုံသောအဆင့်များ သေဆုံးသည်ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ နတ်ဘုရားများ အားလုံး၏ စိတ်ထဲတွင် ပြီးပြည့်စုံသောအဆင့်များမှာ ဘယ်တော့မှ မသေနိုင်ဘူးဆိုသည့် အသိတစ်ခု စွဲမြဲနေခဲ့လေသည်။
သို့သော် ယခုအခါတွင်မူ အက်ဘီနီဇာ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ ထိုအဖြစ်အပျက်က ကောင်းကင်ယံတွင် နေမင်းကြီး ပေါက်ကွဲသွားသကဲ့သို့ သူတို့ကို အလွန်အမင်း တုန်လှုပ်သွားစေခဲ့လေသည်။ သူတို့ကို ပို၍ပင် ထိတ်လန့်သွားစေသည်မှာ အက်ဘီနီဇာကို သတ်ပြီးနောက် မုန်လဲ့က ကြက်တစ်ကောင်ကို သတ်လိုက်သကဲ့သို့ အလွန် အေးဆေးတည်ငြိမ်နေပြီး အနည်းငယ်မျှပင် စိတ်လှုပ်ရှားမှု မရှိခြင်းပင် ဖြစ်လေသည်။
ပြီးပြည့်စုံသောအဆင့် ငါးယောက်လုံးက အေးဆေးတည်ငြိမ်နေသော မုန်လဲ့ကို ကြည့်ရင်း သူတို့၏ ကျောပြင်များမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာကြောင်း ခံစားလိုက်ရလေသည်။
'ဒီကောင်က တကယ်တော့ ဘယ်သူလဲ...'
မုန်လဲ့၏ အတိမ်အနက်ကို သူတို့ လုံးဝ မခန့်မှန်းနိုင်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်ကြလေသည်။ မုန်လဲ့က သာမန်လူ တစ်ယောက်အလား မည်သည့် အရှိန်အဝါကိုမျှ မထုတ်လွှတ်ထားသော်လည်း ဤအရာကပင် သူတို့ကို အကြောက်ဆုံး ဖြစ်စေခဲ့လေသည်။
ဤသည်မှာ မုန်လဲ့နှင့် သူတို့ကြားတွင် ကြီးမားလှသော ကွာဟချက်တစ်ခု ရှိနေကြောင်းကို ပြသနေခြင်းပင် ဖြစ်လေသည်။
"တစ်ယောက် သေသွားပြီ... ငါးယောက် ကျန်သေးတယ်..."
မုန်လဲ့က ဂါယာနော့စ်တို့ ငါးယောက်ကို လှမ်းကြည့်လိုက်ပြီးနောက် အေးဆေးစွာ မေးလိုက်လေသည်။
"နောက်တစ်ယောက်က ဘယ်သူလဲ..."
မုန်လဲ့၏ အကြည့်ကို ခံလိုက်ရသောအခါ ပြီးပြည့်စုံသောအဆင့် ငါးယောက်လုံး ရင်ထဲတွင် ထိတ်လန့်သွားကြပြီး ကြီးမားသော ဖိအားများကို ခံစားလိုက်ရလေသည်။ သူတို့က အလျင်အမြန် ဝိညာဉ်ဖြင့် ဆက်သွယ်ကာ ဖြေရှင်းရန် နည်းလမ်းကို ရှာဖွေလိုက်ကြလေသည်။
"မိတ်ဆွေတို့... အခု ဘယ်လိုလုပ်ကြမလဲ..."
"ဒီကောင်က တကယ်ကို အစွမ်းထက်လွန်းတယ်... ငါတို့ ဆက်တိုက်ရင်တောင် အက်ဘီနီဇာလိုမျိုး သေချာပေါက် အသတ်ခံရမှာပဲ... နောက်ဆုတ်ကြရင်ရော..."
ကောင်းကင်တမန် မျိုးနွယ်စုမှ ပြီးပြည့်စုံသောအဆင့် မာရှယ်က အကြံပြုလိုက်လေသည်။
အခြား ပြီးပြည့်စုံသောအဆင့်များ အားလုံး တိတ်ဆိတ်သွားကြလေသည်။ ဤရလဒ်ကို သူတို့ လုံးဝ လက်မခံနိုင်ကြပေ။ သူတို့က ပြီးပြည့်စုံသောအဆင့်များ ဖြစ်ကြရာ ယခုလို နောက်ဆုတ်သွားမည်ဆိုပါက သူတို့၏ ဂုဏ်သိက္ခာ ဘယ်မှာ ရှိတော့မည်နည်း။
သို့သော် မဆုတ်ဘူး ဆိုလျှင်လည်း သူတို့က မုန်လဲ့ကို တိုက်ခိုက်ရန် သတ္တိ လုံးဝ မရှိကြတော့ပေ။ ပြီးပြည့်စုံသောအဆင့် ငါးယောက်လုံး ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေချိန်တွင် မုန်လဲ့က ထပ်မံ၍ စကားပြောလာလေသည်။ သူက ဂါယာနော့စ်ကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်လေသည်။
"ခုနက မင်း အသံအကျယ်ဆုံးပဲ... မင်းကနေ စလိုက်ကြတာပေါ့..."
ဂါယာနော့စ်၏ မျက်ခွံများ တုန်ရီသွားပြီး သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်း တောင့်တင်းသွားလေသည်။ သို့သော် သူ ပြန်မပြောရသေးမီမှာပင် မုန်လဲ့က သရဲတစ္ဆေ တစ်ကောင်အလား သူ၏ မျက်နှာရှေ့သို့ ရောက်ရှိလာလေသည်။ မျက်လုံးချင်း ဆုံသွားကြလေသည်။ မုန်လဲ့က ညင်သာစွာ ပြုံးလိုက်လေသည်။ ဂါယာနော့စ် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီသွားလေသည်။
နောက်တစ်စက္ကန့်တွင် သွေးရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက်...
"ချွင်"
ဆိုသော အသံတစ်ခုနှင့်အတူ သေမင်းတမန်၏ တံစဉ်က ဂါယာနော့စ်၏ လည်ပင်းကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေသည်။
အလွန် ရှက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေတော့သည်။ မီးပွားများ လွင့်စင်သွားသည်မှလွဲ၍ သေမင်းတမန်၏ တံစဉ်က ဂါယာနော့စ်၏ အရေပြားကိုပင် မခုတ်ဖြတ်နိုင်ခဲ့ဘဲ တံစဉ်၏ ဓားသွားမှာပင် အနည်းငယ် လိပ်သွားခဲ့လေသည်။
မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားပြီး ရှက်ရယ်ရယ်လိုက်လေသည်။
"ဆောရီး... အဆင့်မြှင့်တင်ဖို့ မေ့နေလို့ပါ..."
ဂါယာနော့စ် ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပြီးပြည့်စုံသောအဆင့်ရှိသော တိုက်တန်တစ်ယောက် ဖြစ်ပြီး မွေးရာပါ ခွန်အားကြီးမားကာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကလည်း အလွန် အစွမ်းထက်လှရာ သူ၏ နတ်ဘုရားခန္ဓာကိုယ် ခံနိုင်ရည်က သာမန် ဖြစ်နိုင်ပါမည်လား။
သေမင်းတမန်၏ တံစဉ်က သာမန် အဆင့်မြင့် နတ်ဘုရားလက်နက်တစ်ခုသာ ဖြစ်ရာ သာမန် အဆင့်မြင့်နတ်ဘုရားများကို ခုတ်ပိုင်းရန် အဆင်ပြေသော်လည်း ပြီးပြည့်စုံသောအဆင့်ကို သတ်ဖြတ်ရန်အတွက်မူ အနည်းငယ် အားနည်းနေသေးလေသည်။ သို့သော် ပြဿနာ မရှိပေ။ အဆင့်မြှင့်တင်၍ ရလေသည်။
"အသိပေးချက်... သေမင်းတမန်၏ တံစဉ်သည် အလယ်အလတ် အဆင့်မြင့် နတ်ဘုရားလက်နက်ဖြစ်ပြီး အဆင့်မြှင့်တင်ပြီးပါက အဆင့်မြင့် အဆင့်မြင့် နတ်ဘုရားလက်နက် ဖြစ်လာမည်ဖြစ်ပါသည်... ခန့်မှန်းခြေ အဆင့်မြှင့်တင်ရန် ကုန်ကျစရိတ်မှာ နတ်ဘုရားသလင်းကျောက် ခြောက်သန်း ဖြစ်ပါသည်... အဆင့်မြှင့်တင်မည်လား..."
စနစ်က အေးစက်စက် မေးလိုက်လေသည်။
"အဆင့်မြှင့်တင်မယ်..."
"ရွှမ်း"
သွေးရောင် အလင်းတန်းများ တောက်ပသွားပြီးနောက် သေမင်းတမန်၏ တံစဉ်က ပို၍ မိစ္ဆာဆန်လာပြီး သွေးရောင် အလင်းတန်းများ ပို၍ တောက်ပလာလေသည်။ လိပ်နေသော ဓားသွားမှာလည်း ပြန်လည် ဖြောင့်တန်းသွားပြီး ယခင်ကထက် ပိုမို ထက်မြက်လာကာ အေးစက်စက် အငွေ့အသက်များ ပိုမို ထွက်ပေါ်လာပြီး အဆင့်လည်း မြင့်တက်သွားလေသည်။
"ဒါပေမဲ့ မလုံလောက်သေးဘူး... ဆက်ပြီး အဆင့်မြှင့်တင်မယ်..."
"အသိပေးချက်... သေမင်းတမန်၏ တံစဉ်သည် အဆင့်မြင့် အဆင့်မြင့် နတ်ဘုရားလက်နက်ဖြစ်ပြီး အဆင့်မြှင့်တင်ပြီးပါက ပြီးပြည့်စုံသောအဆင့် နတ်ဘုရားလက်နက် ဖြစ်လာမည်ဖြစ်ပါသည်... ခန့်မှန်းခြေ အဆင့်မြှင့်တင်ရန် ကုန်ကျစရိတ်မှာ နတ်ဘုရားသလင်းကျောက် တစ်ဘီလီယံနှင့် သန်းနှစ်ရာ ဖြစ်ပါသည်... အဆင့်မြှင့်တင်မည်လား..."
စနစ်က အေးစက်စက် မေးလိုက်လေသည်။
"အဆင့်မြှင့်တင်မယ်..."
"ရွှမ်း"
နောက်ထပ် သွေးရောင် အလင်းတန်းတစ်ခု တောက်ပသွားပြန်လေသည်။
မုန်လဲ့က သေမင်းတမန်၏ တံစဉ်ကို အဆင့်မြှင့်တင်နေစဉ်အတွင်း ဂါယာနော့စ်က နောက်ဆုံးတွင် သတိဝင်လာလေတော့သည်။
"သွားသေလိုက်စမ်း..."
သူက မစဉ်းစားတော့ဘဲ သူ၏ ဧရာမ လက်သီးကြီးကို မြှောက်ကာ မုန်လဲ့ဆီသို့ ပြင်းထန်စွာ ထိုးချလိုက်လေသည်။ မုန်လဲ့က လေထဲတွင် ဘာကြောင့် ရုတ်တရက် တောင့်တင်းသွားသည်ကို သူ မသိသော်လည်း ဤအရာက အရေးမကြီးပေ။ မုန်လဲ့ကို သတ်ဖို့ပဲ အရေးကြီးသည်။
"ဝုန်း"
ဂါယာနော့စ်၏ ဤလက်သီးချက်မှာ အလွန် ပြင်းထန်လှပြီး မုန်လဲ့၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားရာ မုန်လဲ့မှာ အမြောက်ဆန်တစ်ခုအလား လွင့်စင်ထွက်သွားလေတော့သည်။
"လုပ်ကြတော့..."
အဒေါ့ဖ်ဖတ်စ်၊ ဘန်းဆိုက်နှင့် အခြားသူ လေးယောက်လုံး ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလျင်အမြန် ဝင်ရောက် တိုက်ခိုက်လိုက်ကြလေသည်။
"သန့်စင်သော တရားစီရင်ခြင်း..."
ကောင်းကင်တမန် နတ်ဘုရားမျိုးနွယ်စုမှ ပြီးပြည့်စုံသောအဆင့် မာရှယ်က ဒေါသတကြီး အော်ဟစ်လိုက်ရာ အဖြူရောင်နှင့် ရွှေရောင် ရောယှက်နေသော ဧရာမ အလင်းဓားကြီးတစ်လက် ကောင်းကင်ယံမှ ကျဆင်းလာပြီး မုန်လဲ့၏ ခေါင်းဆီသို့ ထိုးစိုက်သွားလေသည်။
"ဖျက်ဆီးခြင်း နဂါးမီးလျှံ..."
ဧရာမနဂါး နတ်ဘုရားမျိုးနွယ်စုမှ ပြီးပြည့်စုံသောအဆင့် အဒေါ့ဖ်ဖတ်စ်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ပါးစပ်ကို ဟကာ ခရမ်းရောင်နှင့် အနီရောင် ရောယှက်နေသော နဂါးမီးလျှံတစ်ခုကို ပန်းထုတ်လိုက်ရာ မုန်လဲ့ဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားလေသည်။
ဤခရမ်းရောင်နှင့် အနီရောင် နဂါးမီးလျှံထဲတွင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ် ဖျက်ဆီးနိုင်စွမ်းများ ပါဝင်နေပြီး ၎င်း ထွက်ပေါ်လာသည်နှင့် လေဟာနယ်များ ချက်ချင်း ပျက်စီးသွားလေတော့သည်။
"ရူးသွပ်ခြင်း လက်သီး..."
ဘီဟီးမော့သ် နတ်ဘုရားမျိုးနွယ်စုမှ ပြီးပြည့်စုံသောအဆင့် ဘန်းဆိုက်က အော်ဟစ်လိုက်ရာ သူ၏ နတ်ဘုရားခန္ဓာကိုယ်မှာ အရူးတစ်ယောက်အလား ကြီးထွားလာပြီး မျက်စိတစ်မှိတ်အတွင်း ပေတစ်သိန်းခန့်အထိ ကြီးထွားသွားလေသည်။ ထို့နောက် သူက လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်လေသည်။
"မသေမျိုး ဖီးနစ်မီးလျှံ..."
မီးဖီးနစ် နတ်ဘုရားမျိုးနွယ်စုမှ ပြီးပြည့်စုံသောအဆင့် ဂျရယ်ဒီက စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ မီးဖီးနစ် ပင်ကိုယ်သဏ္ဍာန်ကို ပြောင်းလဲလိုက်လေသည်။ ထို့နောက် မီးတောက်နေသော အတောင်ပံများကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ရာ ရွှေနီရောင် မီးတောက်များ ပန်းထွက်လာပြီး မုန်လဲ့ကို ပြာကျသွားစေရန် ရည်ရွယ်၍ တိုက်ခိုက်လိုက်လေသည်။
"မိုးကြိုးပစ်ခြင်း..."
ဂါယာနော့စ်ကလည်း အားယုတ်နေခြင်း မရှိပေ။ သူက ပြိုင်ဘက်ကို အားနည်းနေချိန်တွင် အဆုံးသတ်ရမည် ဆိုသော အမှန်တရားကို ကောင်းစွာ နားလည်ထားသဖြင့် တူကြီး နှစ်လက်ကို ထုတ်ယူကာ ပြင်းထန်စွာ ရိုက်ခတ်လိုက်လေသည်။
"ချွတ်"
တူနှစ်လက် ရိုက်ခတ်သွားမှုကြောင့် တောက်ပသော ခရမ်းရောင် မိုးကြိုးများ ထွက်ပေါ်လာပြီး မုန်လဲ့ဆီသို့ ပြင်းထန်စွာ ပစ်ချလိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမ အလင်းဓားကြီး၊ ဖျက်ဆီးခြင်း နဂါးမီးလျှံ၊ ရူးသွပ်ခြင်း လက်သီး၊ မသေမျိုး ဖီးနစ်မီးလျှံနှင့် ခရမ်းရောင် မိုးကြိုးတို့က အရပ်မျက်နှာ ငါးခုမှနေ၍ မုန်လဲ့ဆီသို့ ပြေးဝင်လာကြလေသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများက မုန်လဲ့ကို အမှုန့်ဖြစ်သွားစေရန် ရည်ရွယ်ထားပုံ ပေါ်လေသည်။
"သခင်... သတိထား..."
ပရောဖက်ကြီး၊ အိုလီယိုနှင့် အခြားသူများ အားလုံး ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကြောင့် မြေကြီးပေါ်တွင် ပြားပြားဝပ်သွားကြပြီး စကားပင် မပြောနိုင်တော့ဘဲ ရင်ထဲတွင်သာ အော်ဟစ်နေနိုင်ကြတော့သည်။ ထို့နောက် မုန်လဲ့ကို တိုက်ခိုက်မှု ငါးခုက ဖုံးလွှမ်းသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရလေတော့သည်။
"ဝုန်း"
တိုက်ခိုက်မှု ငါးခုလုံး မုန်လဲ့၏ ကိုယ်ပေါ်သို့ ကျရောက်သွားပြီးနောက် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာလေသည်။
မုန်လဲ့ ရပ်နေသော နေရာမှာ မျက်စိတစ်မှိတ်အတွင်း အမည်းရောင် အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး ပြင်းထန်သော စွမ်းအင်လှိုင်းများ အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်သွားရာ ပြီးပြည့်စုံသောအဆင့် ငါးယောက်လုံးပင် မတ်တပ်ရပ်နိုင်ရန် ခက်ခဲသွားပြီး နောက်သို့ လွင့်စင်သွားကြလေသည်။
စွမ်းအင်လှိုင်းများက ဆက်လက်၍ ပျံ့နှံ့သွားရာ ဧကရာဇ်၏ တောင်ကြီးမှာလည်း မျက်စိတစ်မှိတ်အတွင်း အမှုန့်ဖြစ်သွားလေတော့သည်။ တောင်ထိပ်ပေါ်ရှိ ပရောဖက်ကြီး၊ အိုလီယိုနှင့် အခြားသူများမှာမူ လေထဲရှိ သစ်ရွက်လေးများအလား လွင့်စင်သွားကြလေသည်။
ဤအချိန်၌ ကီလိုမီတာ သန်းပေါင်းများစွာအတွင်းရှိ ကောင်းကင်ယံ တစ်ခုလုံး အမည်းရောင် အပေါက်ကြီးအဖြစ် ပြောင်းလဲသွားပြီး ဤနေရာ တစ်ခုလုံး လောကပျက်မည့်နေ့အလား ငရဲပြည် မြင်ကွင်းအဖြစ် ပြောင်းလဲသွားလေတော့သည်။
ကောင်းကင်နှင့် မြေကြီး မည်းမှောင်သွားပြီး နေနှင့် လတို့၏ အလင်းရောင်များလည်း ပျောက်ကွယ်သွားလေသည်။ ဤသည်မှာ ပြီးပြည့်စုံသောအဆင့်များကြားရှိ တိုက်ပွဲပင် ဖြစ်လေသည်။
"သူ သေသွားပြီလား..."
"သေလောက်ပါပြီ..."
"ငါတို့ ငါးယောက်လုံးရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကို ခံလိုက်ရတာ... သူ သေချာပေါက် သေမှာပါ..."
ပြီးပြည့်စုံသောအဆင့် ငါးယောက်လုံး အနေအထားကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် အမည်းရောင် အပေါက်ကြီး၏ အလယ်ဗဟိုကို စိုးရိမ်တကြီး ကြည့်ကာ တိုက်ပွဲရလဒ်ကို စောင့်ဆိုင်းနေကြလေသည်။
"ဘယ်လိုနေလဲ..."
"သခင် ဘယ်လိုနေလဲ..."
စွမ်းအင်လှိုင်းများကြောင့် အဝေးသို့ လွင့်စင်သွားသော ပရောဖက်ကြီး၊ အိုလီယိုနှင့် အခြားသူများလည်း ဤဘက်သို့ စိုးရိမ်တကြီး လှမ်းကြည့်နေကြလေသည်။ သူတို့က အစွမ်းထက်သူ သန်းပေါင်းများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်မှုမှ အသက်ရှင်ကျန်ရစ်ခဲ့သူများ ဖြစ်ရာ သူတို့ကိုယ်တိုင်လည်း အလွန် အစွမ်းထက်ကြလေသည်။
ထို့ကြောင့် ခုနက စွမ်းအင်လှိုင်းများကြားတွင် သူတို့ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။ အကယ်၍ မဟုတ်ပါက သူတို့လည်း အမှုန့်ဖြစ်သွားလောက်ပြီ ဖြစ်လေသည်။
"သခင် ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်... အဲဒီလိုမှ မဟုတ်ရင်..."
အိုလီယို၏ လက်သီးများ တင်းတင်းဆုပ်ထားမိပြီး အလွန်အမင်း စိုးရိမ်နေလေသည်။
"သခင်က ကြီးမြတ်တဲ့ အုပ်စိုးရှင်ကြီး ကိုယ်တိုင် ရွေးချယ်ထားတဲ့ ဆက်ခံသူပဲ... ဒီနေရာမှာ ဘယ်လိုလုပ် သေဆုံးသွားနိုင်မှာလဲ..."
"အသက်ရှင်နေမှာပါ... သူ သေချာပေါက် အသက်ရှင်နေမှာပါ..."
စွမ်းအင်လှိုင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ကွဲအက်နေသော လေဟာနယ်များ ဖြည်းဖြည်းချင်း ပြန်လည် ပေါင်းစပ်သွားလေသည်။ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသောအခါ။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"ငါ ထင်သားပဲ…”