← Chapters

အခန်း ၃၆၈

Vol. 37 Ch. 368

အခန်း ၃၆၈

Vol. 37 Ch. 368

အခန်း ၃၆၈ ပင်မနတ်ဘုရားနှင့် ပြီးပြည့်စုံသောအဆင့် နတ်ဘုရားအမြုတေ

စွမ်းအင်လှိုင်းများ ပျောက်ကွယ်သွားပြီး လေဟာနယ်များ ပုံမှန်အတိုင်း ပြန်လည် ဖြစ်ပေါ်လာချိန်တွင် လူတိုင်းကို အံ့အားသင့်သွားစေမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။

မုန်လဲ့က လေဟာနယ်ထဲတွင် မားမားမတ်မတ် ရပ်တည်နေပြီး အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာ ရထားခြင်း မရှိပေ။ သူ၏ အင်္ကျီများမှာလည်း အကောင်းပကတိ ရှိနေပြီး ခုနက တိုက်ခိုက်မှုများက သူ၏ အင်္ကျီစလေးကိုပင် မထိခိုက်နိုင်ခဲ့ကြောင်း သိသာလှပေသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ပြီးပြည့်စုံသောအဆင့် ငါးယောက်လုံး အံ့အားသင့်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် မယုံနိုင်မှုများ ပြည့်နှက်နေလေသည်။ သူတို့ ငါးယောက်လုံး၏ အစွမ်းကုန် တိုက်ခိုက်မှုကို ခံလိုက်ရပါက ပင်မနတ်ဘုရားများမှလွဲ၍ မည်သူမဆို ပြာကျသွားမည်မှာ သေချာလှပေသည်။ သို့သော် မုန်လဲ့ကတော့ အနည်းငယ်မျှပင် ထိခိုက်ခြင်း မရှိဘူး တဲ့လား။

'ဘာလို့ အဲဒီလို ဖြစ်သွားတာလဲ... သူက ပင်မနတ်ဘုရား တစ်ပါးလား...'

ဂါယာနော့စ် ၏ ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်သွားလေသည်။

'ပင်မနတ်ဘုရား...'

အခြား ပြီးပြည့်စုံသောအဆင့် လေးယောက်လုံးလည်း ရင်ထဲတွင် တုန်လှုပ်သွားကြပြီးနောက် အလျင်အမြန် ခေါင်းခါကာ ငြင်းဆိုလိုက်ကြလေသည်။

'မဟုတ်ဘူး... လေဟာနယ်လောကကြီးထဲမှာ ပင်မနတ်ဘုရား အရေအတွက်က သတ်မှတ်ထားပြီးသား... အပို ပင်မနတ်ဘုရားအမြုတေ ဆိုတာ မရှိဘူး... ဒါကြောင့် သူက ပင်မနတ်ဘုရား ဖြစ်လာစရာ အကြောင်းမရှိဘူး...'

'သူက ပင်မနတ်ဘုရား မဟုတ်ဘူးဆိုရင် ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ...'

ထိတ်လန့်မှု။

သံသယဖြစ်မှု။

မယုံကြည်နိုင်မှု။

ပြီးပြည့်စုံသောအဆင့် ငါးယောက်လုံး သူတို့၏ ဘဝကို သူတို့ ပြန်လည် သံသယဝင်သွားကြလေတော့သည်။

အခြားတစ်ဖက်တွင်တော့ ပရောဖက်ကြီး၊ အိုလီယို နှင့် ဧရာမလူသားများ အားလုံး အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားကြလေသည်။ ခုနက ပြီးပြည့်စုံသောအဆင့် ငါးယောက်လုံး ပေါင်း၍ တိုက်ခိုက်လိုက်သော အရှိန်အဝါက သူတို့ကို သေမတတ် လန့်သွားစေခဲ့ပြီး မုန်လဲ့များ သေသွားမည်လားဟု အလွန် စိုးရိမ်ခဲ့ကြလေသည်။

"ငါ ထင်သားပဲ..."

အိုလီယို က ဝမ်းသာလွန်းသဖြင့် ခုန်ပေါက်နေလေသည်။

"သခင်ရဲ့ အစွမ်းထက်မှုက ငါတို့ ခန့်မှန်းလို့ ရတဲ့ အရာမျိုးမှ မဟုတ်တာ... အပြင်လောကက မိစ္ဆာ ၅ ကောင်လောက်ကများ သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ..."

"သခင်က ကြီးမြတ်တဲ့ အုပ်စိုးရှင်ကြီး ကိုယ်တိုင် ရွေးချယ်ထားတဲ့ ဆက်ခံသူပဲ... ဘယ်လိုလုပ်ပြီး အပြင်လောကက မိစ္ဆာတွေရဲ့ လက်ချက်နဲ့ သေဆုံးနိုင်မှာလဲ..."

အခြားတစ်ဖက်တွင် မုန်လဲ့ကလည်း ချီးကျူးနေလေသည်။

"ဒိုဒိုလာ... အချိန်ကာလ နိယာမတရားက တကယ်ကို အစွမ်းထက်တာပဲ... ငါ့ရဲ့ နတ်ဘုရားဝိညာဉ် မပျက်စီးသရွေ့ ငါက အချိန်ကာလ နိယာမတရားကို သုံးပြီး စက္ကန့်အနည်းငယ် အရင်က အချိန်ကို ပြန်သွားလို့ရတယ် ဆိုတော့... ဒီလောကကြီးထဲမှာ ငါ့ကို သတ်နိုင်တဲ့သူ ရှိပါဦးမလား..."

ပြီးပြည့်စုံသောအဆင့် ငါးယောက် ပေါင်း၍ တိုက်ခိုက်လိုက်သော စွမ်းအားမှာ အမှန်တကယ်ပင် အလွန် ကြောက်စရာကောင်းလှပေသည်။ မုန်လဲ့၏ နတ်ဘုရားခန္ဓာကိုယ်က ဖျက်ဆီးမရအောင် ခိုင်မာသော်လည်း သူ၏ အင်္ကျီများကတော့ လုံးဝ ခံနိုင်ရည် မရှိပေ။

ခုနက တိုက်ခိုက်မှုအောက်တွင် မုန်လဲ့၏ အင်္ကျီများ အားလုံး အမှုန့်ဖြစ်သွားခဲ့ပြီး သူက လုံးဝ ကိုယ်တုံးလုံး ဖြစ်သွားခဲ့လေသည်။

သို့သော် ပြဿနာ မရှိပေ။ မုန်လဲ့က အချိန်ကာလ နိယာမတရားကို အသုံးပြုကာ စက္ကန့်အနည်းငယ် အရင်က အချိန်သို့ ပြန်သွားလိုက်သဖြင့် ယခုလို အင်္ကျီများ အကောင်းပကတိ ရှိနေခြင်း ဖြစ်လေသည်။

"အချိန်ကာလ နိယာမတရားက အစွမ်းထက်တာ မှန်ပေမယ့် အရာအားလုံးကိုတော့ လုပ်နိုင်တာ မဟုတ်ဘူး..."

ဒိုဒိုလာက နှာခေါင်းရှုံ့လိုက်လေသည်။

"အဲဒီလိုမှ မဟုတ်ရင် အချိန်ကာလနတ်ဘုရားက သေသွားစရာ အကြောင်းမရှိဘူးလေ..."

"ဟင်... အင်း... မှန်တာပဲ..."

မုန်လဲ့က ပြုံး၍ ခေါင်းခါလိုက်ပြီးနောက် သူ၏ အကြည့်များက ပြီးပြည့်စုံသောအဆင့် ငါးယောက်လုံးအပေါ်သို့ ပြန်လည် ကျရောက်သွားလေသည်။

"မင်းတို့ရဲ့ တိုက်ခိုက်မှု ပြီးသွားပြီဆိုတော့ အခု ငါ့အလှည့် ရောက်ပြီ..."

"ပထမဆုံး တစ်ယောက်က... မင်းပဲ..."

မုန်လဲ့က ခြေတစ်လှမ်း လှမ်းလိုက်ရာ တိုက်တန်နတ်ဘုရားမျိုးနွယ်စုမှ ပြီးပြည့်စုံသောအဆင့် ဂါယာနော့စ် ၏ အရှေ့သို့ ရောက်ရှိသွားလေသည်။ ထို့နောက် သူက သေမင်းတမန်၏ တံစဉ်ကို ဝှေ့ယမ်းလိုက်ရာ သွေးရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေသည်။

"ဖောက်..."

ဂါယာနော့စ် ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး သူ၏ လည်ပင်းတွင် သွေးကြောင်းလေးတစ်ခု ပေါ်လာလေသည်။ သေမင်းတမန်၏ တံစဉ်ကို ပြီးပြည့်စုံသောအဆင့် နတ်ဘုရားလက်နက်အဖြစ် အဆင့်မြှင့်တင်ပြီးဖြစ်ရာ မုန်လဲ့၏ ကြီးမားလှသော ခွန်အားများပါ ပေါင်းစပ်လိုက်သောအခါ မည်သည့် ပြီးပြည့်စုံသောအဆင့်ကိုမဆို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသွားပြီ ဖြစ်လေသည်။

"ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ဂါယာနော့စ် က မကျေမနပ်ဖြင့် တီးတိုးရေရွတ်လိုက်လေသည်။ ထို့နောက် သူ၏ ခေါင်းမှာ လည်ပင်းမှနေ၍ ဖြည်းဖြည်းချင်း လျှောကျသွားပြီး တောင်အောက်သို့ ပြုတ်ကျသွားလေရာ ခေါင်းမဲ့ အလောင်းကြီးသာ ကျန်ရစ်ခဲ့လေတော့သည်။

"သိမ်း..."

မုန်လဲ့က လက်ဝှေ့ယမ်းကာ ခေါင်းမဲ့ အလောင်းကြီးကို ရွှေရောင် သစ်ပင်ငယ်လေးဆီသို့ ပစ်ပေးလိုက်ပြီးနောက် ဂါယာနော့စ် ၏ ခေါင်းကို ဖမ်းယူကာ သေမင်းတမန်၏ မျက်လုံးကို အသုံးပြုလိုက်လေသည်။

"သေမင်းတမန်၏ မျက်လုံး..."

"အသိပေးချက်... ကောင်းကင်တိုက်တန် တစ်ကောင် သတ်ဖြတ်ခြင်း အောင်မြင်ပါသည် နတ်ဘုရားသလင်းကျောက် ၁၂ ဘီလီယံ ရရှိပါသည်..."

စနစ်၏ အေးစက်စက် အသိပေးသံကို ကြားလိုက်ရသောအခါ မုန်လဲ့က လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။

အရင်တုန်းကဆိုလျှင် တိုက်တန်ဧရာမနတ်ဘုရားများ ဆိုသည်မှာ သူ မော့ကြည့်ရမည့် တည်ရှိမှုများ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ သီအိုဒို တိုက်တန်နတ်ဘုရားမျိုးနွယ်စု၏ ပြီးပြည့်စုံသောအဆင့် ကိုပင် သူက အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်လေသည်။ အချိန်တွေ ပြောင်းလဲသွားသလို လူတွေလည်း ပြောင်းလဲသွားခဲ့ပြီ ပင်။

"ဂါယာနော့စ်... ဂါယာနော့စ် ကို သူ သတ်လိုက်တာလား..."

အခြား ပြီးပြည့်စုံသောအဆင့် လေးယောက်လုံး၏ ရင်ထဲတွင် လုံးဝ ပြိုလဲသွားကြလေသည်။

အက်ဘီနီဇာ သေသွားတုန်းကတော့ သူတို့ နည်းနည်းလေး မျှော်လင့်ချက် ရှိနေသေးသော်လည်း ယခု ဂါယာနော့စ် ပါ သေသွားသောအခါ မုန်လဲ့တွင် ပြီးပြည့်စုံသောအဆင့်များကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိကြောင်းကို သူတို့ လုံးဝ သဘောပေါက်သွားကြလေပြီ။

သူက ပင်မနတ်ဘုရား ဟုတ်လား မဟုတ်ဘူးလား ဆိုတာက အရေးကြီးသေးလို့လား။

အရေးမကြီးတော့ပါဘူး။

အရေးအကြီးဆုံးက သူက သူတို့ အားလုံးကို အလွယ်တကူ သတ်ပစ်နိုင်တယ် ဆိုတာပဲ။

"ထွက်ပြေး..."

ထိုအချက်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီးနောက် ကျန်ရှိနေသော ပြီးပြည့်စုံသောအဆင့် လေးယောက်လုံး လုံးဝ တွေဝေမနေတော့ဘဲ အလင်းတန်း လေးခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ထွက်ပြေးသွားကြလေတော့သည်။

သူတို့ ထွက်ပြေးရမယ်။ ဝေးဝေးကို ထွက်ပြေးရမယ်။

မုန်လဲ့ နဲ့ ဝေးရာကို ထွက်ပြေးရမယ်။ အန္တရာယ်တွေနဲ့ ဝေးရာကို ထွက်ပြေးရမယ်။

ဤအချိန်၌ ဂုဏ်သိက္ခာတွေ၊ ပြီးပြည့်စုံသောအဆင့်ရဲ့ အဆင့်အတန်းတွေ ဆိုတာက ဘာမှ အရေးမပါတော့ပေ။ အရေးအကြီးဆုံးက အသက်ရှင်ဖို့ ပင် ဖြစ်လေသည်။

"ထွက်ပြေးမယ် ဟုတ်လား... ပြေးလို့ လွတ်မယ် ထင်နေတာလား..."

မုန်လဲ့က ညင်သာစွာ ခေါင်းခါလိုက်ပြီးနောက် စကားတစ်ခွန်းကို ဖြည်းညင်းစွာ ပြောလိုက်လေသည်။

"ရပ်..."

'ရပ်' ဆိုသော စကားလုံး ထွက်ပေါ်လာသည်နှင့် ထွက်ပြေးနေသော ပြီးပြည့်စုံသောအဆင့် လေးယောက်လုံး လေထဲတွင် ချက်ချင်း ရပ်တန့်သွားကြလေသည်။

"လောကစွမ်းအား..."

"သေစမ်း... ဒါ လောကစွမ်းအားပဲ..."

ကောင်းကင်တမန်နတ်ဘုရားမျိုးနွယ်စုမှ ပြီးပြည့်စုံသောအဆင့် မာရှယ် က အလန့်တကြား အော်ဟစ်လိုက်လေသည်။

"သူက အဆုံးအစမရှိတဲ့လောကရဲ့ လောကနှလုံးသားကို သန့်စင်လိုက်တာပဲ... သေစမ်း... သူက ဘယ်လိုလုပ် ဒီလောက် မြန်မြန် သန့်စင်နိုင်ရတာလဲ..."

ထိတ်လန့်နေသည်မှာ သူ တစ်ယောက်တည်း မဟုတ်ပေ။

ဧရာမနဂါးနတ်ဘုရားမျိုးနွယ်စုမှ ပြီးပြည့်စုံသောအဆင့် အဒေါ့ဖ်ဖတ်စ်၊ ဘီဟီးမော့သ်နတ်ဘုရားမျိုးနွယ်စုမှ ပြီးပြည့်စုံသောအဆင့် ဘန်းဆိုက် နှင့် မီးဖီးနစ်နတ်ဘုရားမျိုးနွယ်စုမှ ပြီးပြည့်စုံသောအဆင့် ဂျရယ်ဒီ တို့ အားလုံးလည်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြလေသည်။

အနှစ် ၂၀ တဲ့လား။

မုန်လဲ့က အနှစ် ၂၀ လောက်လေး အချိန်ယူရုံနဲ့ အဆုံးအစမရှိတဲ့လောကရဲ့ လောကနှလုံးသားကို သန့်စင်နိုင်သွားတယ် တဲ့လား။ ဒါက ဘယ်လို အမြန်နှုန်းမျိုးလဲ။ ဒါက အလယ်အလတ်လောက တစ်ခုရဲ့ လောကနှလုံးသားနော်... ဘယ်လိုလုပ် ဒီလောက်မြန်မြန် သန့်စင်နိုင်မှာလဲ။

ထိတ်လန့်မှု။

အံ့ဩတုန်လှုပ်မှု။

ယုံကြည်နိုင်စရာ မရှိမှု။

"ပြီးပြည့်စုံတဲ့အဆင့်လား..."

"မဟုတ်ဘူး သူက ပြီးပြည့်စုံတဲ့အဆင့် မဟုတ်ဘူး..."

"သူ့ရဲ့ နတ်ဘုရားဝိညာဉ် ကြံ့ခိုင်မှုက သေချာပေါက် ပင်မနတ်ဘုရားအဆင့်မှာ ရှိနေတာ... ပင်မနတ်ဘုရား တစ်ပါးကသာ အလယ်အလတ်လောက တစ်ခုရဲ့ လောကနှလုံးသားကို ဒီလောက် အချိန်တိုအတွင်းမှာ သန့်စင်နိုင်မှာ..."

ပြီးပြည့်စုံသောအဆင့် လေးယောက်လုံး မျှော်လင့်ချက် ကင်းမဲ့သွားကြလေသည်။ သာမန် နတ်ဘုရားများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့က အမြင့်ဆုံးသော ပြီးပြည့်စုံသောအဆင့်များ ဖြစ်ကြသော်လည်း ပင်မနတ်ဘုရား တစ်ပါးနှင့် ရင်ဆိုင်ရချိန်တွင်မူ သူတို့က သာမန် ကလေးငယ်လေးများသာ ဖြစ်သွားကြလေသည်။

ဤအချိန်၌ ပြီးပြည့်စုံသောအဆင့် လေးယောက်လုံး သူတို့၏ လုပ်ရပ်ကို အလွန်အမင်း နောင်တရနေကြလေသည်။ အကယ်၍ အခွင့်အရေး တစ်ကြိမ်သာ ထပ်ရမည်ဆိုပါက အဆုံးအစမရှိသောလောကတွင် မည်မျှကြီးမားသော လျှို့ဝှက်ချက်နှင့် ရတနာသိုက် ရှိနေပါစေ သူတို့ လုံးဝ လာခဲ့မည် မဟုတ်တော့ပေ။

တကယ်ကို ဆိုးရွားလွန်းလှပေသည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ လောကကြီးတွင် နောင်တရဆေး ဆိုသည်မှာ မရှိပေ။ သူတို့ အဆုံးအစမရှိသောလောကသို့ ခြေချလိုက်ကတည်းက အရာအားလုံးက သတ်မှတ်ပြီးသား ဖြစ်သွားခဲ့ပြီဖြစ်ရာ မည်မျှပင် နောင်တရနေစေကာမူ အချည်းနှီးသာ ဖြစ်လေသည်။

"လာခဲ့ကြစမ်း..."

မုန်လဲ့က စိတ်ထဲမှ အမိန့်ပေးလိုက်ရာ လောကစွမ်းအားများက ပြီးပြည့်စုံသောအဆင့် လေးယောက်ကို ရစ်ပတ်ကာ ဧကရာဇ်၏ တောင်ထိပ်ပေါ်သို့ ပြန်လည် ဆွဲယူလာခဲ့လေသည်။

ကြောက်လန့်နေသော သူတို့ လေးယောက်ကို ကြည့်ရင်း မုန်လဲ့က ညင်သာစွာ ပြုံးလိုက်လေသည်။

"အသက်ရှင်ချင်လား ဒါမှမဟုတ် သေချင်လား..."

"မင်း ဘာလိုချင်တာလဲ..."

ကောင်းကင်တမန်နတ်ဘုရားမျိုးနွယ်စုမှ မာရှယ် က အေးစက်စက် မေးလိုက်လေသည်။

"ဘာမှမလိုချင်ပါဘူး... မင်းတို့က ပြီးပြည့်စုံတဲ့အဆင့်တွေ ဆိုတော့ ဒီအတိုင်း သတ်ပစ်လိုက်ရမှာ နှမြောစရာ ကောင်းနေလို့... အသက်ရှင်နိုင်မယ့် လမ်းလေးတစ်ခု ဖွင့်ပေးမလို့ပါ..."

မုန်လဲ့က အေးဆေးစွာ ပြန်ဖြေလိုက်လေသည်။

"မင်းက ငါတို့ကို လက်အောက်ခံ ဖြစ်စေချင်တာလား..."

မာရှယ် က တီးတိုး မေးလိုက်လေသည်။

"ဉာဏ်ကောင်းတဲ့သူတွေနဲ့ စကားပြောရတာ တကယ်ကို သက်သာတာပဲ..."

မုန်လဲ့က ပြုံး၍ ပြောလိုက်လေသည်။

"မင်းတို့ရဲ့ နတ်ဘုရားဝိညာဉ် အမြုတေကို ထုတ်ပေးပြီး ငါ့ရဲ့ လက်အောက်ခံအဖြစ် နေမယ်ဆိုရင် အသက်ရှင်ခွင့် ပေးမယ်... အဲဒီလိုမှ မဟုတ်ရင်တော့... သေဖို့သာ ပြင်ထား..."

"မင်းက အရမ်းကို အနိုင်ကျင့်လွန်းနေပြီ..."

ဧရာမနဂါးနတ်ဘုရားမျိုးနွယ်စုမှ ပြီးပြည့်စုံသောအဆင့် အဒေါ့ဖ်ဖတ်စ် က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"ငါတို့က အဆင့်မြင့်တဲ့ ပြီးပြည့်စုံတဲ့အဆင့်တွေကွ... ဘယ်လိုလုပ် မင်းရဲ့ လက်အောက်ခံအဖြစ် နေနိုင်မှာလဲ အိပ်မက်မက်မနေနဲ့..."

"လက်အောက်ခံ မဖြစ်ချင်ဘူးလား ဒါဆိုလည်း သေလိုက်ပေါ့..."

မုန်လဲ့က လှောင်ပြောင်လိုက်ပြီးနောက် သေမင်းတမန်၏ တံစဉ်ကို လေထဲတွင် ဝှေ့ယမ်းကာ အဒေါ့ဖ်ဖတ်စ် ၏ ခေါင်းကို ခုတ်ဖြတ်လိုက်လေသည်။ မျက်လုံးအပြူးသားဖြင့် သေသွားသော အဒေါ့ဖ်ဖတ်စ် ကို ကြည့်ရင်း မုန်လဲ့က အေးဆေးစွာ ပြောလိုက်လေသည်။

"မင်း သိလား... ပြီးပြည့်စုံတဲ့အဆင့်တွေ အားလုံးထဲမှာ ငါ အဂရုမစိုက်ဆုံးက မင်းရဲ့ အသက်ကိုပဲ..."

"ဘ... ဘာလို့လဲ..."

အဒေါ့ဖ်ဖတ်စ် က လုံးဝ လက်မခံနိုင်သေးပေ။

"ဘာလို့လဲဆိုတော့ တခြားသူတွေက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပိုင်းမှာပဲ ပြီးပြည့်စုံတဲ့အဆင့် ရောက်နေတာလေ... သူတို့ရဲ့ နတ်ဘုရားအမြုတေက သာမန် အဆင့်မြင့်နတ်ဘုရား နှောင်းပိုင်းအဆင့်ပဲ ရှိသေးတယ်... သူတို့ကို သတ်လိုက်ရင်တောင် သာမန် အဆင့်မြင့် နတ်ဘုရားအမြုတေကိုပဲ ရမှာ..."

မုန်လဲ့က အဒေါ့ဖ်ဖတ်စ် ကို ကြည့်ကာ ဆက်ပြောလိုက်လေသည်။

"ဒါပေမဲ့ မင်းကတော့ မတူဘူး... မင်းက တကယ့်ကို အစစ်အမှန် ပြီးပြည့်စုံတဲ့အဆင့်ပဲ... လျှပ်စီး၊ ရေခဲ၊ သတ္တု၊ အမှောင်၊ မီး ဆိုတဲ့ နိယာမတရား ၅ မျိုးကို အောင်မြင်စွာ ပေါင်းစပ်ထားနိုင်တဲ့သူပဲ... မင်းကို သတ်လိုက်ရင် အစစ်အမှန် ပြီးပြည့်စုံတဲ့အဆင့် နတ်ဘုရားအမြုတေကို ရမှာ... ပြီးတော့ အဲဒီ နတ်ဘုရားအမြုတေကို သုံးပြီး ငါက အချိန်တိုအတွင်းမှာ ပြီးပြည့်စုံတဲ့အဆင့် တစ်ယောက်ကို ထပ်ဖန်တီးလို့ ရသေးတယ်..."

ထိုသို့ပြောပြီးနောက် မုန်လဲ့က အဒေါ့ဖ်ဖတ်စ် ၏ ပြီးပြည့်စုံသောအဆင့် နတ်ဘုရားအမြုတေကို ဆွဲထုတ်လိုက်ပြီး သေမင်းတမန်၏ မျက်လုံးကို အသုံးပြုကာ အဒေါ့ဖ်ဖတ်စ် ၏ နတ်ဘုရားဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်လေသည်။

"မုန်လဲ့... ဒီနတ်ဘုရားအမြုတေကို ငါ့ကို ပေး..."

ဒိုဒိုလာက အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် တောင်းဆိုလိုက်လေသည်။

"ရော့ ယူသွားလိုက်..."

All Chapters