အခန်း ၃၆၉
Vol. 37 Ch. 369
အခန်း ၃၆၉ စူပါလုယက်ခြင်းနှင့် သက်ရှိနိယာမတရား
အဒေါ့ဖ်ဖတ်စ်၏ သေဆုံးမှုက ကျန်ရှိနေသေးသော ပြီးပြည့်စုံသောအဆင့် သုံးယောက်ကို အလွန် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။ သူတို့က ပြီးပြည့်စုံသောအဆင့်များ ဖြစ်ကြရာ အလွန် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြပြီး ပင်မနတ်ဘုရားများပင်လျှင် သူတို့ကို ယဉ်ကျေးစွာ ဆက်ဆံကြသည်။
မုန်လဲ့ကမူ လုံးဝ ဂရုမစိုက်ပေ။ စကားတစ်ခွန်း မတည့်သည်နှင့် သူတို့ကို လက်အောက်ခံ ဖြစ်စေချင်သည်။ လက်မခံဘူးလား။ တိုက်ရိုက် သတ်ပစ်လိုက်သည်။
တကယ်ကို ရက်စက်ကြမ်းကြုတ်လွန်းလှသည်။
သို့သော် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုက အလွန် ထိရောက်ကြောင်းကိုမူ ဝန်ခံရမည် ဖြစ်သည်။ မာရှယ်၊ ဘန်းဆိုက် နှင့် ရိုအဲလ် ဆိုသည့် ပြီးပြည့်စုံသောအဆင့် သုံးယောက်လုံး အမှန်တကယ်ပင် သေမတတ် လန့်သွားကြသည်။
ပြီးပြည့်စုံသောအဆင့်များ ဖြစ်ကြသော သူတို့က နတ်ဘုရားများ အားလုံး၏ ထိပ်ဆုံးတွင် ရပ်တည်နေကြပြီး အလွန် မြင့်မားသော အဆင့်အတန်းနှင့် ထာဝရ အသက်ရှင်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြရာ မည်သူက သေချင်မည်နည်း။ မည်သူမှ မသေချင်ကြပေ။
သို့သော် သူတို့၏ နတ်ဘုရားဝိညာဉ် အမြုတေကို ထုတ်ပေးပြီး မုန်လဲ့၏ ကျွန်အဖြစ် လုံးဝ ခံယူရမည် ဆိုသည်က သေရသည်ထက်ပင် ပို၍ လက်ခံရခက်နေသေးသည်။
'ငါတို့ သေရရင် သေပါစေ အမှုန့်ဖြစ်သွားရင် ဖြစ်ပါစေ ဒီအဆုံးအစမရှိတဲ့လောကမှာ မြှုပ်နှံခံရရင် ခံရပါစေ... ဘယ်တော့မှ အရှုံးပေးပြီး သူ့ရဲ့ ကျွန်အဖြစ်တော့ မခံနိုင်ဘူး...'
ပြီးပြည့်စုံသောအဆင့် သုံးယောက်လုံး ရင်ထဲတွင် အံကြိတ်ကာ သစ္စာဆိုလိုက်ကြသည်။ ဂုဏ်သိက္ခာမဲ့စွာဖြင့် လွတ်လပ်ခွင့်ကို ဆုံးရှုံးပြီး မုန်လဲ့၏ ကျွန်အဖြစ် ခံယူမည့်အစား သူတို့က သေရသည်ကိုသာ ရွေးချယ်မည် ဖြစ်သည်။
"မင်းတို့ သုံးယောက်ကော ဘယ်လိုလဲ..."
မုန်လဲ့က ကျန်ရှိနေသော ပြီးပြည့်စုံသောအဆင့် သုံးယောက်ကို လှမ်းကြည့်လိုက်သည်။
"သေချင်လား ရှင်ချင်လား..."
"ကျွန်တော်တို့ လက်အောက်ခံအဖြစ် ခံယူပါ့မယ်..."
ပြီးပြည့်စုံသောအဆင့် သုံးယောက်လုံး လုံးဝ တွေဝေမနေတော့ဘဲ သူတို့၏ နတ်ဘုရားဝိညာဉ် အမြုတေများကို ချက်ချင်း ထုတ်ပေးလိုက်ကြသည်။
ဂုဏ်သိက္ခာက အရေးကြီးသော်လည်း အသက်က ပို၍ တန်ဖိုးရှိသည်။ မသေဘဲ အသက်ရှင်ရတာက ပိုကောင်းသည်ဆိုသည့် အချက်ကို မူလတန်း ကျောင်းသားလေးတွေပင် သိကြသည်။
"မင်းတို့က ဉာဏ်ကောင်းတဲ့ ရွေးချယ်မှုကို လုပ်လိုက်တာပဲ..."
မုန်လဲ့က ပြီးပြည့်စုံသောအဆင့် သုံးယောက်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီးနောက် သူတို့၏ နတ်ဘုရားဝိညာဉ် အမြုတေများကို သန့်စင်ကာ သူတို့၏ အသက်ကို အပြည့်အဝ ထိန်းချုပ်လိုက်လေသည်။
"လာ... အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြပါဦး..."
မုန်လဲ့က ခံစားချက် ကင်းမဲ့နေသော သူတို့ သုံးယောက်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ပြောရမယ်ဆိုရင် ငါက မင်းတို့ သုံးယောက်ရဲ့ နာမည်ကိုတောင် မသိသေးဘူး..."
"မာရှယ် ဂါဘရီရယ်..."
ကောင်းကင်တမန်နတ်ဘုရားမျိုးနွယ်စုမှ ပြီးပြည့်စုံသောအဆင့်က အေးစက်စက် ဖြေလိုက်သည်။
"ဘန်းဆိုက် ဘာဟာမွတ်..."
ဘီဟီးမော့သ်နတ်ဘုရားမျိုးနွယ်စုမှ ပြီးပြည့်စုံသောအဆင့်က အနည်းငယ် မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ရိုအဲလ် သောမတ်စ်..."
မီးဖီးနစ်နတ်ဘုရားမျိုးနွယ်စုမှ ပြီးပြည့်စုံသောအဆင့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
"မာရှယ်၊ ဘန်းဆိုက်၊ ရိုအဲလ်..."
မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"ဒီနေ့ကစပြီး ငါ့နောက်ကို သေချာ လိုက်ခဲ့ကြ နောင်တစ်ချိန်ကျရင် မင်းတို့ အခု ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အရမ်း ကျေးဇူးတင်နေမှာ သေချာတယ်..."
'ငါ ကျေးဇူးတင်ရမယ် ဟုတ်လား သွားသေလိုက်ပါလား...'
'တစ်သက်လုံး တည်ဆောက်လာခဲ့တဲ့ ဂုဏ်သိက္ခာတွေ အကုန်လုံး ပျက်စီးသွားပြီ ငါ အခု ချေးစားပြီးပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတာ...'
ပြီးပြည့်စုံသောအဆင့် သုံးယောက်လုံး ရင်ထဲတွင် လှောင်ပြောင်လိုက်ကြသော်လည်း မျက်နှာပေါ်တွင်မူ မည်သည့် ခံစားချက်ကိုမျှ မပြသရဲကြပေ။
မုန်လဲ့က ဆက်ပြီး မပြောတော့ဘဲ မလှမ်းမကမ်းရှိ လေဟာနယ်ကို လှမ်းကြည့်ကာ အေးဆေးစွာ ပြောလိုက်လေသည်။
"ဒီလောက် ကြာကြာ ကြည့်နေခဲ့ပြီဆိုတော့ ထွက်လာဖို့ ကောင်းပြီ ထင်တယ်..."
"ဟင်..."
ထိုစကားကို ကြားလိုက်ရသောအခါ မာရှယ် တို့ သုံးယောက် အပါအဝင် ပရောဖက်ကြီး၊ အိုလီယို နှင့် အခြားသူများ အားလုံးက မုန်လဲ့ ကြည့်နေသော နေရာသို့ လှမ်းကြည့်လိုက်ကြသော်လည်း ဘာမှ မမြင်ရဘဲ လေဟာနယ် အလွတ်ကြီးကိုသာ တွေ့လိုက်ရသည်။
"ပရောဖက်ကြီး... ဟိုဘက်မှာ လူရှိလို့လား..."
အိုလီယိုက သံသယဖြစ်စွာ မေးလိုက်သည်။
"သခင်က ရှိတယ်ဆိုရင် ရှိတာပေါ့..."
ပရောဖက်ကြီးက အေးဆေးစွာ ပြန်ဖြေသည်။
"ဘယ်လိုလဲ... ငါက မင်းကို ဆွဲထုတ်ပေးရမှာလား..."
ထိုနေရာမှ မည်သည့် တုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ မုန်လဲ့၏ မျက်လုံးများ အေးစက်သွားပြီး အသံကလည်း တဖြည်းဖြည်း မာထန်လာသည်။
လေဟာနယ် အနည်းငယ် လှုပ်ရှားသွားပြီးနောက် လှပသော အမျိုးသမီး တစ်ယောက် ပေါ်ထွက်လာသည်။ အဖြူရောင် ပိုးသားဂါဝန်ကို ဝတ်ဆင်ထားပြီး အလွန် လှပကာ အထက်တန်းကျသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။ သူမမှာ သဘာဝနတ်ဘုရားမျိုးနွယ်စု၏ ပြီးပြည့်စုံသောအဆင့် လနတ်ဘုရားမ အယ်လွန်း ပင် ဖြစ်သည်။
"အယ်လွန်း..."
မာရှယ် တို့ သုံးယောက်မှာ လနတ်ဘုရားမကို မြင်လိုက်ရသောအခါ မြေကြီးထဲသာ တိုးဝင်သွားချင်စိတ် ပေါက်သွားကြသည်။
တကယ်ကို ရှက်စရာ ကောင်းလိုက်တာ။
"မင်းက ဘယ်သူလဲ ဘာလို့ ဒီမှာ လာပုန်းနေတာလဲ ဘာလုပ်ချင်လို့လဲ..."
မုန်လဲ့က အယ်လွန်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ထက်မြက်သော အလင်းတန်း တစ်ခု ဖြတ်ပြေးသွားသည်။
"လေးစားရပါသော အရှင်... ကျွန်မက သဘာဝနတ်ဘုရားမျိုးနွယ်စုရဲ့ လနတ်ဘုရားမ အယ်လွန်း ပါ..."
လနတ်ဘုရားမ၏ ရင်ထဲတွင် အလွန် ထိတ်လန့်နေသော်လည်း မျက်နှာပေါ်တွင် မပေါ်လွင်စေဘဲ ယဉ်ကျေးစွာ အရိုအသေပေးလိုက်ပြီးနောက် ရိုသေစွာ ပြန်ဖြေလိုက်သည်။
"ဒီတစ်ခေါက် အဆုံးအစမရှိတဲ့လောကကို လာတာက အယ်လ်ဖ်နတ်ဘုရားမ တို့ကို လာရှာတာပါ..."
"မင်း သူတို့ကို ရှာတွေ့ပြီလား..."
မုန်လဲ့က အေးဆေးစွာ မေးလိုက်သည်။
"အရှင်... ရှာတွေ့ပါပြီရှင်..."
လနတ်ဘုရားမက ရိုသေစွာ ပြန်ဖြေသည်။
"ရှာတွေ့ပြီဆိုရင် ဘာလို့ အဆုံးအစမရှိတဲ့လောက ကနေ မထွက်သွားသေးတာလဲ..."
မုန်လဲ့က ထပ်မေးလိုက်သည်။
"သူတို့လိုပဲ ငါ့ဆီက တစ်ခုခုများ လိုချင်နေလို့လား..."
"ဒါက..."
လနတ်ဘုရားမ စကားဆွံ့အသွားသည်။
"ကြည့်ရတာ ငါ့ရဲ့ ဆွဲဆောင်မှုက တော်တော် ကြီးမားပုံပဲ... မင်းလို လှပတဲ့ နတ်ဘုရားမလေးတောင် ငါ့ကို စိတ်ဝင်စားနေတယ်ဆိုတော့... ငါက ဂုဏ်ယူရမှာလား .."
မုန်လဲ့က လက်ချောင်းကို ခေါက်ကာ အေးအေးဆေးဆေး ပြုံး၍ ပြောလိုက်သည်။
"လေးစားရပါသော အရှင်... ကျွန်မက အရှင့်ကို စော်ကားဖို့ ရည်ရွယ်ချက် မရှိပါဘူး..."
လနတ်ဘုရားမက အလျင်အမြန် ရှင်းပြလိုက်သည်။ မာရှယ် တို့၏ အဖြစ်ဆိုးကို တွေးမိလိုက်တိုင်း သူမ တစ်ကိုယ်လုံး တုန်ရီသွားသည်။ အရမ်းကို သနားစရာ ကောင်းလွန်းသည်။ သူမက ထိုကဲ့သို့သော အဖြစ်ဆိုးမျိုးကို လုံးဝ မကြုံချင်ပေ။
"ရပါပြီ... စကားတွေ အများကြီး ပြောမနေပါနဲ့တော့ အမှန်တရားက ဘာလဲဆိုတာ မင်းကိုယ်မင်း အသိဆုံးပါ..."
မုန်လဲ့က လက်ယမ်းကာ သူမ၏ ရှင်းပြချက်ကို တားဆီးလိုက်သည်။
"အယ်လ်ဖ်နတ်ဘုရားမရဲ့ မျက်နှာကို ထောက်ပြီး မင်းကို အသက်ရှင်ခွင့် ပေးလိုက်မယ်..."
လနတ်ဘုရားမက အံ့ဩဝမ်းသာသွားစဉ်မှာပင် မုန်လဲ့က ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ မင်းရဲ့ အသက်နဲ့ လွတ်လပ်ခွင့်အတွက် တစ်ခုခုတော့ ပေးခဲ့ရမယ်..."
"ဘာပေးရမှာလဲ..."
လနတ်ဘုရားမ၏ မျက်နှာ တင်းမာသွားသည်။
"မလန့်ပါနဲ့... မင်းဆီမှာ အဲဒီအရာ ရှိပါတယ်..."
မုန်လဲ့က ထူးဆန်းစွာ ပြုံးလိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း လနတ်ဘုရားမ၏ အရှေ့သို့ ရောက်ရှိသွားကာ စနစ်၏ နောက်ထပ် ငွေပေးရသော လုပ်ဆောင်ချက် တစ်ခုကို အသုံးပြုလိုက်သည်။ စူပါလုယက်ခြင်း ပင် ဖြစ်သည်။
"စနစ်... လနတ်ဘုရားမ နားလည်သဘောပေါက်ထားတဲ့ အမြင့်ဆုံးနိယာမတရားကို လုယက်လိုက်စမ်း..."
မုန်လဲ့က အေးစက်စက် အမိန့်ပေးလိုက်သည်။
"အသိပေးချက်... ပစ်မှတ်ထားသော အရာ - အမြင့်ဆုံးနိယာမတရား... လုယက်မည့် ပစ်မှတ် - သဘာဝနတ်ဘုရားမျိုးနွယ်စု လနတ်ဘုရားမ အယ်လွန်း... ခန့်မှန်းခြေ လုယက်ရန် ကုန်ကျစရိတ် - နတ်ဘုရားသလင်းကျောက် ၁၀ ဘီလီယံ..."
စနစ်က အေးစက်စက် မေးလိုက်သည်။
"လုယက်မည်လား..."
"လုယက်မယ်..."
"ရွှမ်း..."
မမြင်ရသော ကြီးမားသည့် စွမ်းအားကြီးတစ်ခုက ရုတ်တရက် ကျဆင်းလာပြီး လနတ်ဘုရားမကို လွှမ်းခြုံသွားကာ သူမ နားလည်သဘောပေါက်ထားသော အမြင့်ဆုံးနိယာမတရားကို စတင် လုယက်တော့သည်။
တစ်ချိန်တည်းမှာပင် ကြီးမားလှသော သတင်းအချက်အလက် လှိုင်းလုံးကြီးတစ်ခုက မုန်လဲ့၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။
၎င်းမှာ လနတ်ဘုရားမထံမှ လုယက်လာသော အမြင့်ဆုံးနိယာမတရားပင် ဖြစ်သည်။ မုန်လဲ့က မျက်လုံးမှိတ်ကာ အလျင်အမြန် လေ့လာမှတ်သားလိုက်ပြီး အချိန်အတော်ကြာမှ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။
"ငါ ထင်ထားတဲ့အတိုင်းပဲ..."
ပြီးပြည့်စုံသောအဆင့်တွေ ဖြစ်ကြသော်လည်း လနတ်ဘုရားမက မာရှယ်၊ ဘန်းဆိုက်၊ ရိုအဲလ် ဆိုသည့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပြီးပြည့်စုံသောအဆင့် သုံးယောက်နှင့် လုံးဝ မတူပေ။
သူမက ဧရာမနဂါးနတ်ဘုရားမျိုးနွယ်စုမှ အဒေါ့ဖ်ဖတ်စ် ကဲ့သို့ပင် အစစ်အမှန် ပြီးပြည့်စုံသောအဆင့် ဖြစ်သည်။ အခြေခံ နိယာမတရား ၅ မျိုးကို ပေါင်းစပ်ကာ အမြင့်ဆုံးနိယာမတရား၏ အစိတ်အပိုင်း အချို့ကို နားလည်သဘောပေါက်ထားသော ပြီးပြည့်စုံသောအဆင့် ဖြစ်သည်။
ကွာခြားချက်မှာ အဒေါ့ဖ်ဖတ်စ် ပေါင်းစပ်ထားသည်က လျှပ်စီး၊ ရေခဲ၊ သတ္တု၊ အမှောင်၊ မီး ဖြစ်ပြီး သူ နားလည်သဘောပေါက်ထားသည်မှာ ဖျက်ဆီးခြင်း နိယာမတရား ဖြစ်သည်။ လနတ်ဘုရားမ ပေါင်းစပ်ထားသည်က မြေ၊ သစ်သား၊ လျှပ်စီး၊ အလင်း၊ ရေ ဖြစ်ပြီး သူမ နားလည်သဘောပေါက်ထားသည့် အမြင့်ဆုံးနိယာမတရားမှာ... သက်ရှိနိယာမတရား ဖြစ်သည်။
"ဧကရာဇ်ရဲ့ ရတနာသိုက် ဆိုတာက ဘာမှမဟုတ်ပါဘူး... ငါ့အမြင်မှာတော့ ဒီ ပြီးပြည့်စုံတဲ့အဆင့်တွေကမှ တကယ့် ရတနာသိုက် အစစ်တွေပဲ..."
ကိုယ့်ရေးအချက်အလက်ပြဘုတ်ပေါ်တွင်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။
နိယာမတရား နားလည်သဘောပေါက်မှု အပိုင်း -
အခြားအရာများ - အများအပြား
ငါးမျိုး ပေါင်းစပ်ခြင်း - လျှပ်စီး၊ မီး၊ လေ၊ အလင်း၊ အမှောင် (၁၀၀%)၊ လျှပ်စီး၊ ရေခဲ၊ သတ္တု၊ အမှောင်၊ မီး (၁၀၀%)၊ မြေ၊ သစ်သား၊ လျှပ်စီး၊ အလင်း၊ ရေ (၁၀၀%)
အမြင့်ဆုံးနိယာမတရား - အချိန်ကာလ နိယာမတရား (၀.၁%)၊ ဖျက်ဆီးခြင်း နိယာမတရား (၀.၁%)၊ သက်ရှိနိယာမတရား (၀.၁%)
"အချိန်ကာလ နိယာမတရား..."
"ဖျက်ဆီးခြင်း နိယာမတရား..."
"သက်ရှိနိယာမတရား..."
"အမြင့်ဆုံးနိယာမတရား ငါးမျိုးထဲမှာ သုံးမျိုးက ငါ့လက်ထဲ ရောက်နေပြီ... အခု ငါ့အတွက် လိုအပ်တာက နတ်ဘုရားသလင်းကျောက်ပဲ..."
"လုံလောက်တဲ့ နတ်ဘုရားသလင်းကျောက်တွေသာ ရှိရင် ငါက ချက်ချင်းကို အစစ်အမှန် အစွမ်းအထက်ဆုံးသူ တစ်ယောက် ဖြစ်လာနိုင်ပြီ..."
အနာဂတ်၏ သာယာလှပသော မြင်ကွင်းများကို တွေးကြည့်ရင်း မုန်လဲ့က အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ အမြင့်ဆုံးနိယာမတရား တစ်မျိုးကို ၁၀၀ ရာခိုင်နှုန်းပြည့် နားလည်သဘောပေါက်ပါက အထက်အဆင့် ပင်မနတ်ဘုရားနှင့် ယှဉ်နိုင်မည်ဖြစ်သည်။
အမြင့်ဆုံးနိယာမတရား သုံးမျိုးကို ၁၀၀ ရာခိုင်နှုန်းပြည့် နားလည်သဘောပေါက်ပါကရော။
အုပ်စိုးရှင်များကို ယှဉ်နိုင်မည်လား။