← Chapters

အခန်း ၃၇၀

Vol. 37 Ch. 370

အခန်း ၃၇၀

Vol. 37 Ch. 370

အခန်း ၃၇၀ အာကာသ နိယာမတရားနှင့် ဂါယာဇု

"ရှင် ကျွန်မကို ဘာတွေလုပ်လိုက်တာလဲ..."

လနတ်ဘုရားမက မုန်လဲ့ကို အလွန်အမင်း ထိတ်လန့်သော အကြည့်များဖြင့် ကြည့်ကာ မေးလိုက်သည်။ သူမ၏ စွမ်းအားများ ရုတ်တရက် ကျဆင်းသွားပြီး ပြီးပြည့်စုံသောအဆင့်မှ အဆင့်မြင့်နတ်ဘုရားအဆင့်သို့ တိုက်ရိုက် ကျဆင်းသွားကြောင်း ခံစားလိုက်ရသည်။

ငါးမျိုး ပေါင်းစပ်ထားသော နိယာမတရားများ ပျောက်ကွယ်သွားသည်။

သက်ရှိနိယာမတရားလည်း ပျောက်ကွယ်သွားသည်။

သူမက ပြီးပြည့်စုံသောအဆင့်မှ ကျဆင်းသွားသည်တဲ့လား။

ဤသည်မှာ လုံးဝကို ယုံကြည်နိုင်စရာ မရှိသော ကိစ္စဖြစ်သည်။

"အခု မင်း သွားလို့ရပြီ..."

မုန်လဲ့က သူမကို ရှင်းပြနေမည် မဟုတ်ဘဲ ချက်ချင်းပင် နှင်ထုတ်လိုက်သည်။

"မိစ္ဆာ ရှင်က တကယ့် မိစ္ဆာပဲ..."

လနတ်ဘုရားမ တစ်ကိုယ်လုံး ဒေါသကြောင့် တုန်ရီနေသည်။

"ဘာလဲ... မသွားချင်ဘူးလား..."

မုန်လဲ့က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"မသွားချင်ရင်လည်း မင်းရဲ့ အသက်ကို ဒီမှာပဲ ချန်ထားခဲ့လိုက်..."

"သေနာကောင်..."

လနတ်ဘုရားမ အလွန်အမင်း ဒေါသထွက်သွားသော်လည်း ကျန်ရှိနေသေးသော အသိတရားလေးကြောင့် ဉာဏ်ကောင်းသော ရွေးချယ်မှု တစ်ခုကို လုပ်လိုက်သည်။

အကယ်၍ ဆက်နေမည်ဆိုပါက သူမ အမှန်တကယ်ပင် ဤနေရာ၌ အသက်ဆုံးရှုံးရနိုင်ကြောင်း သူမ သိသည်။ သူမ၏ အရှေ့ရှိ မိစ္ဆာက မိန်းမလှလေးများကို ညှာတာတတ်သည့် သူမျိုး လုံးဝ မဟုတ်ပေ။

လနတ်ဘုရားမ၏ ကျောပြင်ကို ကြည့်ရင်း မာရှယ်၊ ဘန်းဆိုက် နှင့် ရိုအဲလ် တို့ သုံးယောက်၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေပြီး ရင်ထဲတွင်လည်း ဆူနာမီလှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ အလွန်အမင်း တုန်လှုပ်နေကြသည်။

လနတ်ဘုရားမ ပြီးပြည့်စုံသောအဆင့်မှ ကျဆင်းသွားသည့် အချိန်ကို သူတို့ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ထို့ကြောင့်ပင် သူတို့ ပို၍ ထိတ်လန့်သွားကြသည်။ မုန်လဲ့က ဘာတွေ လုပ်လိုက်လို့ လနတ်ဘုရားမလို ပြီးပြည့်စုံသောအဆင့်ကြီး တစ်ယောက်ကို အဆင့်ကျသွားအောင် လုပ်နိုင်ခဲ့တာလဲ။

ထိတ်လန့်မှု။

သံသယဖြစ်မှု။

နားမလည်နိုင်မှုများ ပြည့်နှက်နေသည်။

"မင်းတို့ သုံးယောက်လည်း ပြန်လို့ရပြီ..."

မုန်လဲ့က သူတို့ သုံးယောက်ကို ကြည့်ကာ ပြောလိုက်သည်။

"အရှင်... အရှင်က ကျွန်တော်တို့ကို ပြန်လွှတ်ပေးမယ် ဟုတ်လား..."

ပြီးပြည့်စုံသောအဆင့် သုံးယောက်လုံး အံ့ဩသွားကြသည်။

"သေချာတာပေါ့..."

မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ အလကား ပြန်လွှတ်ပေးမှာတော့ မဟုတ်ဘူး... မင်းတို့ လုပ်ပေးရမယ့် ကိစ္စတစ်ခု ရှိတယ်..."

"အရှင်သာ အမိန့်ပေးပါ..."

သူတို့ သုံးယောက် အလျင်အမြန် ပြောလိုက်ကြသည်။ ယခုအချိန်၌ ဤငရဲလို နေရာမှ အမြန်ဆုံး ထွက်သွားပြီး မုန်လဲ့နှင့် ဝေးနိုင်သမျှ ဝေးဝေးတွင် နေချင်ကြသည်။

"နတ်ဘုရားသလင်းကျောက်တွေကို တတ်နိုင်သမျှ အများကြီး စုဆောင်းခဲ့... ဖြစ်နိုင်ရင် မင်းတို့ နတ်ဘုရားမျိုးနွယ်စု သုံးခုရဲ့ ရတနာသိုက်တွေကိုပါ ငါ့ဆီ ယူလာခဲ့..."

မုန်လဲ့က ပြုံး၍ ပြောလိုက်သည်။

"မိသားစု ရတနာသိုက်ကို အကုန်ယူလာရမယ် ဟုတ်လား..."

သူတို့ သုံးယောက်လုံး ခေါင်းမူးသွားကြသည်။

"ဒါ... ဒါကတော့ မဖြစ်နိုင်ဘူး ထင်တယ်... ရတနာသိုက် ဆိုတာက မိသားစုရဲ့ အရေးအကြီးဆုံး နေရာလေ... အကယ်၍ ရတနာသိုက် အခိုးခံရရင် ပင်မနတ်ဘုရားကြီး သိသွားမှာ သေချာတယ်... အဲဒီအခါကျရင် ကျွန်တော်တို့ သေချာပေါက် သေရမှာ..."

"ဒါက အမိန့်ပဲ..."

မုန်လဲ့က အေးစက်စက် ပြောလိုက်သည်။

"မင်းတို့က ပြီးပြည့်စုံတဲ့အဆင့်တွေ ဆိုတော့ မိသားစု ရတနာသိုက်ထဲကို ဝင်ဖို့ဆိုတာ အရမ်း လွယ်ကူမှာပါ... ရတနာသိုက်ကို အကုန်ယူလာဖို့ဆိုတာလည်း မခက်ပါဘူး..."

"ဒါပေမဲ့..."

"ဒါပေမဲ့တွေ လုပ်မနေနဲ့... မှတ်ထား... မင်းတို့က အခု ငါ့ရဲ့ ကျွန်တွေပဲ... အရင်ကလို ပြီးပြည့်စုံတဲ့အဆင့်တွေ မဟုတ်တော့ဘူး... ငါ့ရဲ့ အမိန့်ကို မင်းတို့ လိုက်နာရမယ်..."

မုန်လဲ့က နှာခေါင်းရှုံ့လိုက်သည်။

"မိသားစု ရတနာသိုက်ကို အကုန်ယူလာပြီးတာနဲ့ အဆုံးအစမရှိတဲ့လောကကို ချက်ချင်း လာခဲ့ကြ... မင်းတို့အတွက် လေဟာနယ် တံခါးပေါက်ကို ငါ ဖွင့်ပေးထားမယ်..."

အဆုံးအစမရှိသောလောကမှာ အလယ်အလတ်လောက တစ်ခုဖြစ်သော်လည်း အခြားသော အလယ်အလတ်လောကများနှင့် မတူညီသည့် ကြီးမားသော ခြားနားချက် တစ်ခုရှိသည်။ ၎င်းမှာ အခြားသော လောကများနှင့် ဆက်သွယ်ထားသည့်... လေဟာနယ် တံခါးပေါက်များ ပင် ဖြစ်သည်။

ယခင်က အဆုံးအစမရှိသော ဧကရာဇ်ကြီး အစွမ်းထက်လာပြီးနောက် စကြဝဠာကြီးရှိ အခြားသော လောကများနှင့် ဆက်သွယ်နိုင်ရန်အတွက် ကြီးမားသော စရိတ်စကများကို အကုန်အကျခံကာ လေဟာနယ် တံခါးပေါက်များကို တည်ဆောက်ခဲ့သည်။

ဤလေဟာနယ် တံခါးပေါက်များမှတစ်ဆင့် နတ်ဘုရားလောကကြီး ၁၀ ခု၊ ချောက်နက်ကြီး၊ ငရဲပြည် အစရှိသည့် အထက်တန်းလောကများသို့ သွားရောက်နိုင်ရုံသာမက အခြားသော အလယ်အလတ်လောကများသို့လည်း သွားရောက်နိုင်လေသည်။ တကယ်ကို အဆင်ပြေလှသည်။

ပုံမှန်အားဖြင့် ဤလေဟာနယ် တံခါးပေါက်များကို နှစ်ပေါင်း သုံးသောင်းလျှင် တစ်ကြိမ် ဖွင့်လှစ်လေ့ရှိသော်လည်း မုန်လဲ့က အဆုံးအစမရှိသောလောက၏ သခင် ဖြစ်လာပြီးနောက် ထိုတံခါးပေါက်များကို အချိန်မရွေး ဖွင့်လှစ်နိုင်၊ ပိတ်ထားနိုင်ပြီ ဖြစ်သည်။

"ဟုတ်ကဲ့ပါ အရှင်..."

ပြီးပြည့်စုံသောအဆင့် သုံးယောက်လုံး ခါးသီးစွာ ပြုံး၍ သဘောတူလိုက်ကြပြီးနောက် ထွက်ပြေးသည့်အလား အလျင်အမြန် ထွက်ခွာသွားကြသည်။

သူတို့ သုံးယောက်၏ ကျောပြင်ကို ကြည့်ရင်း မုန်လဲ့က ရယ်မောလိုက်သည်။ မိမိကိုယ်မိမိ အလွန် ဉာဏ်ကောင်းသည်ဟု ထင်နေမိသည်။

နတ်ဘုရားမျိုးနွယ်စု သုံးခု၏ ရတနာသိုက်များ တဲ့လား။ အလွန် များပြားသော ပိုင်ဆိုင်မှုများ ရှိနေမည်မှာ သေချာလှသည်။ အကယ်၍ အားလုံးကို ယူလာနိုင်မည်ဆိုပါက ကြီးမားသော အကျိုးအမြတ် တစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။

"မုန်လဲ့... သူတို့ကို ဒီလောက်တောင် ယုံကြည်တာလား..."

ဒိုဒိုလာက မုန်လဲ့၏ ပခုံးပေါ်တွင် ပေါ်လာသည်။

"ငါ သူတို့ကို လုံးဝ မယုံပါဘူး... ဒါပေမဲ့ သူတို့ရဲ့ နတ်ဘုရားဝိညာဉ် အမြုတေက ငါ့လက်ထဲမှာ ရှိနေတာလေ... အကယ်၍ သူတို့က သစ္စာဖောက်ဖို့ ဒါမှမဟုတ် ငါ့အမိန့်ကို မလိုက်နာဖို့ ကြိုးစားရင်... သူတို့ရဲ့ အသက်က ချက်ချင်း ပျောက်ကွယ်သွားမှာပဲ..."

မုန်လဲ့က အေးစက်စက် ပြောလိုက်သည်။

"မင်း သဘောပါပဲ... ဒါပေမဲ့ သတိတော့ ထားပါ..."

ဒိုဒိုလာက သတိပေးလိုက်ပြီး ဆက်ပြောသည်။

"ငါ အဲဒီ ပြီးပြည့်စုံတဲ့အဆင့် နတ်ဘုရားအမြုတေကို သွားသန့်စင်လိုက်ဦးမယ်..."

"သွားလေ..."

မုန်လဲ့က လက်ယမ်းလိုက်သည်။

"နောက်တစ်ခါ မင်းကို ပြန်တွေ့တဲ့အချိန်ကျရင် ပြီးပြည့်စုံတဲ့အဆင့် နတ်ဘုရားအမြုတေကို အောင်မြင်စွာ သန့်စင်ပြီး အစစ်အမှန် ပြီးပြည့်စုံတဲ့အဆင့် တစ်ယောက် ဖြစ်လာပါစေလို့ ဆုတောင်းပါတယ်..."

"အင်း..."

ဒိုဒိုလာက နောက်ထပ် ပစ္စည်းတစ်ခုကို ပစ်ပေးလိုက်ပြန်သည်။

"ဒါနဲ့... ဒီမှာ ဒါလေးပါ ယူထားလိုက်..."

"ဒါ ဘာလဲ..."

မုန်လဲ့က ဖမ်းယူလိုက်ပြီး သေချာ ကြည့်လိုက်သောအခါ တစ်ကိုယ်လုံး တုန်ရီသွားသည်။

"အာ... အာကာသ နိယာမတရား အပိုင်းအစ ပါလား..."

"ဟုတ်တယ်... အဲဒါက မင်း အရမ်း လိုချင်နေတဲ့ အာကာသ နိယာမတရား အပိုင်းအစပဲ... အခု မင်းကို ပေးလိုက်ပြီ..."

ဒိုဒိုလာက ညင်သာစွာ ပြုံးလိုက်ပြီး လက်ညှိုး တစ်ချောင်းဖြင့် မုန်လဲ့၏ ခေါင်းကို ထောက်လိုက်ရာ ရွှေရောင် အလင်းတန်းတစ်ခုက မုန်လဲ့၏ ဦးနှောက်ထဲသို့ ဝင်ရောက်သွားသည်။

"ဒါလေးကိုပါ တစ်ခါတည်း ယူထားလိုက်..."

မုန်လဲ့က ဒိုဒိုလာ ပေးလိုက်သော သတင်းအချက်အလက်များကို လေ့လာလိုက်ပြီးနောက် အလွန်အမင်း ပျော်ရွှင်သွားသည်။

"လောကဖြတ်ကျော် နေရာရွှေ့ပြောင်းခြင်း မှော်ပညာ တဲ့လား... ကျွတ် ကျွတ်... ဒိုဒိုလာ... ဘယ်လိုဖြစ်လို့ ဒီလောက်တောင် သဘောကောင်းနေရတာလဲ..."

"မင်း အသုံးပြုဖို့ လိုအပ်လာလိမ့်မယ်..."

ဒိုဒိုလာက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီးနောက် နတ်ဘုရားအမြုတေကို သန့်စင်ရန်အတွက် အချိန်ကာလ မျှော်စင်ထဲသို့ ပြန်ဝင်သွားလေသည်။

'လောကဖြတ်ကျော် နေရာရွှေ့ပြောင်းခြင်း မှော်ပညာ တဲ့လား... ကျွတ် ကျွတ်... ဒါက အသက်လု ထွက်ပြေးဖို့နဲ့ ခရီးသွားဖို့အတွက် အကောင်းဆုံး နည်းလမ်းပဲ... ဒီလောက် ကောင်းတဲ့ ကျွမ်းကျင်မှုကို အမြန်ဆုံး လေ့လာထားမှ ဖြစ်မယ်...'

မုန်လဲ့ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ချက်ချင်းပင် စူပါလုယက်ခြင်းကို အသုံးပြုကာ နိယာမတရား အပိုင်းအစထဲမှ အာကာသ နိယာမတရားကို လုယက်လိုက်သည်။ သူက အချိန်ယူကာ ဖြည်းဖြည်းချင်း လေ့လာနေမည် မဟုတ်ပေ။ အရမ်း ကြာလွန်းသည်။

"ဝုန်း..."

ကြီးမားလှသော သတင်းအချက်အလက် လှိုင်းလုံးကြီးတစ်ခုက ဦးနှောက်ထဲသို့ ဝင်ရောက်လာပြီး ရေကာတာ ကျိုးပေါက်သွားသကဲ့သို့ မုန်လဲ့၏ နတ်ဘုရားဝိညာဉ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ အရင်ကဆိုလျှင် မုန်လဲ့၏ ဦးနှောက်မှာ ထိခိုက်ပျက်စီးသွားလောက်ပြီ ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ။

အေးအေးဆေးဆေး လက်ခံနိုင်လေသည်။

အချိန်အတော်ကြာပြီးနောက်။

မုန်လဲ့က လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ ၎င်းမှာ နိယာမတရား အပိုင်းအစတစ်ခုသာ ဖြစ်ရာ ၎င်းထဲတွင် ပါဝင်သော အာကာသ နိယာမတရားမှာ အလွန် နည်းပါးလှပြီး သမုဒ္ဒရာထဲမှ ရေတစ်စက်အလားသာ ဖြစ်သည်။

သို့သော် ဤမျှလောက် အာကာသ နိယာမတရားလေးကပင် အာကာသ နိယာမတရား၏ သီးသန့် အာကာသစွမ်းရည် ဖြစ်သော လောကဖြတ်ကျော် နေရာရွှေ့ပြောင်းခြင်း မှော်ပညာ ကို လေ့ကျင့်ရန်အတွက် အပြည့်အဝ လုံလောက်နေပြီ ဖြစ်သည်။

'လောကဖြတ်ကျော် နေရာရွှေ့ပြောင်းခြင်း မှော်ပညာ ရဲ့ မှတ်တမ်းတွေအရ ဒီမှော်ပညာက ကျင့်ကြံသူရဲ့ အာကာသ နိယာမတရား နားလည်သဘောပေါက်မှု အဆင့်နဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်...'

'အာကာသ နိယာမတရား နားလည်သဘောပေါက်မှု အဆင့် မြင့်မားလေလေ လောကဖြတ်ကျော် နေရာရွှေ့ပြောင်းခြင်း မှော်ပညာ ရဲ့ နေရာရွှေ့ပြောင်းနိုင်တဲ့ အကွာအဝေးက ပိုဝေးလေလေပဲ... အကယ်၍ အာကာသ နိယာမတရားကို ၁၀၀ ရာခိုင်နှုန်းပြည့် နားလည်သဘောပေါက်မယ်ဆိုရင် စကြဝဠာကြီး တစ်ခုလုံးမှာ နေရာမရွေး သွားလာနိုင်ပြီး ကိုယ့်ရဲ့ နောက်ဖေးခြံဝင်းလို ဖြစ်သွားလိမ့်မယ်...'

'စကြဝဠာကြီး တစ်ခုလုံးမှာ နေရာမရွေး သွားလာနိုင်မယ် ဟုတ်လား...'

'တကယ်ကို ကြောက်စရာကောင်းတာပဲ...'

ထို့နောက် မုန်လဲ့က ဧကရာဇ်၏ တောင်ထိပ်ပေါ်တွင် နေထိုင်ကာ လောကဖြတ်ကျော် နေရာရွှေ့ပြောင်းခြင်း မှော်ပညာ ကို စတင် လေ့ကျင့်တော့သည်။ ပရောဖက်ကြီး၊ အိုလီယို နှင့် အခြားသူများကိုမူ သူက အခြားနေရာများသို့ လွှတ်လိုက်သည်။

အခြားသော လောကများမှ အစွမ်းထက်သူများ ဝင်ရောက်လာခြင်းကြောင့် ဧရာမလူသားမျိုးနွယ်စုမှာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရပြီး အလျင်အမြန် ပြန်လည် ထူထောင်ရန် လိုအပ်နေသည်။ ဤအလုပ်များကို မုန်လဲ့က အိုလီယို တို့ကို တာဝန်ပေးလိုက်သည်။

ဧရာမလူသားမျိုးနွယ်စုမှာ မွေးရာပါ ခွန်အားကြီးမားသူများ ဖြစ်ကြပြီး အကယ်၍ သေချာ ပြုစုပျိုးထောင်မည်ဆိုပါက ဘီဟီးမော့သ်နတ်ဘုရားမျိုးနွယ်စု၊ တိုက်တန်နတ်ဘုရားမျိုးနွယ်စု၊ ဧရာမဆင်နတ်ဘုရားမျိုးနွယ်စု အစရှိသည်တို့ထက် အနည်းငယ်မျှပင် ညံ့ဖျင်းမည် မဟုတ်ပေ။

ဤကဲ့သို့ အစွမ်းထက်သော လက်အောက်ငယ်သားများကို သေချာပေါက် ကောင်းစွာ ပြုစုပျိုးထောင်ရမည် ဖြစ်သည်။ ကံကောင်းသည်မှာ မုန်လဲ့တွင် အခြားအရာများ မရှိသော်လည်း ရတနာမျိုးစုံမှာ ရေတွက်၍ပင် မရနိုင်လောက်အောင် များပြားလှပေသည်။ ဤအရာများ အားလုံးက လက်အောက်ငယ်သားများကို ပြုစုပျိုးထောင်ရန်အတွက် အရင်းအမြစ်များ ပင် ဖြစ်သည်။

...

မုန်လဲ့က လောကဖြတ်ကျော် နေရာရွှေ့ပြောင်းခြင်း မှော်ပညာ ကို အလုပ်များနေချိန်တွင် ပြင်ပလောကတွင်မူ လုံးဝ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေပြီ။

အဆုံးအစမရှိသောလောကသို့ စေလွှတ်လိုက်သော အစွမ်းထက်သူ သန်းပေါင်းများစွာ အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤမျှ ရက်စက်ကြမ်းကြုတ်သော အစုလိုက်အပြုံလိုက် သေဆုံးမှုမျိုးမှာ လွန်ခဲ့သော နှစ်ပေါင်း သန်းချီအတွင်းက တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးရာ ဤကိစ္စက ဧရာမ မြေငလျင်ကြီးတစ်ခုအလား အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

လျှပ်စီးနတ်ဘုရားလောကကြီး တုန်လှုပ်သွားသည်။

သစ်တောနတ်ဘုရားလောကကြီး တုန်လှုပ်သွားသည်။

ကမ္ဘာမြေနတ်ဘုရားလောကကြီး တုန်လှုပ်သွားသည်။

...

မိစ္ဆာလောက တုန်လှုပ်သွားသည်။

ချောက်နက်ကြီး တုန်လှုပ်သွားသည်။

ငရဲပြည် တုန်လှုပ်သွားသည်။

...

အချုပ်အားဖြင့်ဆိုရလျှင် အဆုံးအစမရှိသောလောကသို့ လူများ စေလွှတ်ခဲ့သော လောကများ အားလုံး တုန်လှုပ်သွားကြလေသည်။ မျက်စိတစ်မှိတ်အတွင်း နတ်ဘုရားမျိုးနွယ်စုများ၊ မိစ္ဆာမျိုးနွယ်စုများ၊ အင်အားစုများနှင့် မျိုးနွယ်စု အားလုံး အလွန်အမင်း ဒေါသထွက်သွားကြသည်။

အဆုံးအစမရှိတဲ့လောက။

အလယ်အလတ်လောကလေး တစ်ခုက ဘယ်လောက်တောင် အားနည်းလိုက်သလဲ။

သူတို့က အဆုံးအစမရှိသောလောကသို့ အစွမ်းထက်သူများကို စေလွှတ်လိုက်ခြင်းမှာ ရွှေရှာရန်အတွက်သာ ဖြစ်သည်။ ဟုတ်သည်။ ရွှေရှာရန်အတွက်ပင် ဖြစ်သည်။ သို့သော် ရလဒ်ကတော့ အားလုံး အသတ်ခံလိုက်ရသည်။ ဤသည်မှာ လုံးဝ သည်းခံ၍ မရနိုင်သော ကိစ္စဖြစ်သည်။

...

အကယ်၍ အစွမ်းထက်သူ သန်းပေါင်းများစွာ အစုလိုက်အပြုံလိုက် သေဆုံးသွားခြင်းက အရေးမကြီးသေးဘူးဆိုလျှင် ပြီးပြည့်စုံသောအဆင့် တစ်ယောက် သေဆုံးသွားခြင်းကရော အရေးကြီးသော ကိစ္စဟု သတ်မှတ်၍ ရနိုင်မည်လား။

လျှပ်စီးနတ်ဘုရားလောကကြီးမှာ နတ်ဘုရားလောကကြီး ၁၀ ခုထဲမှ တစ်ခုဖြစ်ရာ ၎င်း၏ နယ်မြေအကျယ်အဝန်းမှာ အဆုံးအစမရှိအောင် ကျယ်ဝန်းလှသည်။ လျှပ်စီးနတ်ဘုရားလောကကြီးရှိ တောင်တန်းငယ်လေး တစ်ခုကပင် အလယ်အလတ်လောက တစ်ခုထက် ပိုမို ကျယ်ဝန်းပြီး ရေကန်ငယ်လေး တစ်ခုကပင် အဆင့်နိမ့်လောက တစ်ခုလောက် ကျယ်ဝန်းလေသည်။

လျှပ်စီးနတ်ဘုရားလောကကြီးရှိ သီအိုဒို တိုက်တန်နတ်ဘုရားမျိုးနွယ်စု၏ ဌာနချုပ်မှာ သီအိုဒို တိုက်တန်တောင်တန်းပေါ်တွင် တည်ရှိသည်။

သီအိုဒို တိုက်တန်တောင်တန်းမှာ ၎င်း၏ နာမည်အတိုင်းပင် လျှပ်စီးနတ်ဘုရားလောကကြီးတွင် အကြီးဆုံး တောင်တန်းကြီးများထဲမှ တစ်ခုဖြစ်သည်။

ဆက်တိုက် တည်ရှိနေသော တောင်တန်းကြီးများမှာ ဧရာမ နဂါးကြီးတစ်ကောင် မြေကြီးပေါ်တွင် လဲလျောင်းနေသကဲ့သို့ ဖြစ်ပြီး တောင်စွယ်တစ်ခုစီတိုင်းကပင် အလင်းနှစ် ဆယ်ချီ ရှည်လျားလေသည်။ တောင်စွယ်လေးများနှင့် သီအိုဒို တောင်တန်း၏ ပင်မတောင်ကြောကြီးအကြောင်းကိုတော့ ပြောနေစရာပင် မလိုတော့ပေ။

သီအိုဒို တိုက်တန်တောင်ထွတ်ကြီးမှာ သီအိုဒို တောင်တန်း၏ ပင်မတောင်ကြောကြီးပေါ်တွင် တည်ရှိသည်။ ကောင်းကင်ယံအထိ ထိုးထွက်နေသော ဤတောင်ထွတ်ကြီးမှာ တိမ်တိုက်များကြားတွင် တိုးဝင်နေပြီး ရှေးဟောင်း ကောင်းကင်ဘုံအလား ခမ်းနားထည်ဝါလှပေသည်။ သီအိုဒို ပင်မနတ်ဘုရားကျောင်းတော်ကြီးမှာ သီအိုဒို တိုက်တန်တောင်ထွတ်ကြီး၏ အပေါ်ဆုံးတွင် တည်ရှိသည်။

ပင်မနတ်ဘုရားကျောင်းတော် ဆိုသည်မှာ နာမည်အတိုင်းပင် ပင်မနတ်ဘုရား၏ ရုပ်တုကို ကိုးကွယ်ရာ နေရာဖြစ်ပြီး သီအိုဒို တိုက်တန်နတ်ဘုရားမျိုးနွယ်စု၏ အရေးကြီးသော ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးရာ နေရာလည်း ဖြစ်သည်။

ယခုအခါတွင် ပင်မနတ်ဘုရားကျောင်းတော်ကြီးထဲ၌ လူများ ပြည့်နှက်နေသည်။

သီအိုဒို တိုက်တန်နတ်ဘုရားမျိုးနွယ်စု ဌာနချုပ်တွင် ရှိနေသော အကြီးအကဲများ အားလုံး ပင်မနတ်ဘုရားကျောင်းတော်ကြီးထဲသို့ ရောက်ရှိနေကြပြီး အားလုံးမှာ တစ်စုံတစ်ခုကြောင့် အလွန်အမင်း ထိတ်လန့်နေကြလေသည်။

"ဘယ်လိုလုပ် အဲဒီလို ဖြစ်သွားတာလဲ..."

"ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး ဖြစ်လာရတာလဲ..."

"သူက ဘယ်လိုလုပ် သေသွားနိုင်မှာလဲ..."

"ခေါင်းဆောင်ကြီး ရောက်လာပြီ..."

အကြီးအကဲများ ဆူညံနေကြစဉ် ခမ်းနားထည်ဝါသော တိုက်တန်ကြီး တစ်ယောက် ကျောင်းတော်ထဲသို့ ဝင်လာသည်။ အကြီးအကဲများ အားလုံးက မိမိတို့၏ ခေါင်းဆောင်ကို တွေ့လိုက်ရသကဲ့သို့ အလျင်အမြန် သွားရောက် ကြိုဆိုလိုက်ကြသည်။

"ခေါင်းဆောင်ကြီးကို ဂါရဝပြုပါတယ်..."

အကြီးအကဲများ အားလုံး အရိုအသေပေးလိုက်ကြသည်။

"အားလုံး ထကြတော့..."

ခမ်းနားထည်ဝါသော တိုက်တန်ကြီးက လက်ယမ်းလိုက်ပြီးနောက် ပင်မနတ်ဘုရား ရုပ်တုကြီး အရှေ့ရှိ ထိုင်ခုံပေါ်တွင် သွားထိုင်လိုက်ကာ ကျောင်းတော်ထဲရှိ အကြီးအကဲများကို ဩဇာတိက္ကမ အပြည့်ရှိသော အကြည့်များဖြင့် ဝေ့ကြည့်လိုက်သည်။

ဂါယာဇု သီအိုဒို။

သီအိုဒို တိုက်တန်နတ်ဘုရားမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်ပြီး သီအိုဒို ပင်မနတ်ဘုရားကြီး၏ သားအကြီးဆုံးလည်း ဖြစ်သည်။ သီအိုဒို တိုက်တန်နတ်ဘုရားမျိုးနွယ်စုအတွင်း သူ၏ အဆင့်အတန်းမှာ သီအိုဒို ပင်မနတ်ဘုရားကြီး ပြီးလျှင် ဒုတိယ အမြင့်ဆုံးဖြစ်ပြီး ပြီးပြည့်စုံသောအဆင့် ဖြစ်သော ဂါယာနော့စ် နှင့် တန်းတူ ဖြစ်သည်။

"မင်းတို့ ငါ့ကို အလောတကြီး လာရှာကြတာ ဘာအရေးကြီးတဲ့ ကိစ္စ ရှိလို့လဲ..."

ဂါယာဇု က သံသယဖြစ်စွာ မေးလိုက်သည်။

"ခေါင်းဆောင်ကြီး... ပြဿနာ အကြီးကြီး တက်နေပြီ..."

အကြီးအကဲချုပ်က ရှေ့သို့ ထွက်လာပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

"နတ်ဘုရားဝိညာဉ် ကျောက်စိမ်းပြား ကျောင်းတော်ကို စောင့်ရှောက်ရတဲ့ တာဝန်ခံက အခုလေးတင် လာသတင်းပို့ပါတယ်... သခင်ကြီး ဂါယာနော့စ် ရဲ့ နတ်ဘုရားဝိညာဉ် ကျောက်စိမ်းပြား ကွဲသွားပါပြီ တဲ့..."

"မင်း ဘာပြောလိုက်တာလဲ..."

ဂါယာဇု ၏ မျက်နှာ ပြောင်းလဲသွားပြီး အကြီးအကဲချုပ်ကို စိုက်ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အကြီးအကဲချုပ်... ဒီကိစ္စကို ပေါက်ကရ လျှောက်ပြောလို့ မရဘူးနော်..."

"ခေါင်းဆောင်ကြီး... ဒီလိုကိစ္စမျိုးကို ကျွန်တော်က ဘယ်လိုလုပ် လိမ်ပြောရဲမှာလဲ..."

အကြီးအကဲချုပ်၏ မျက်နှာမှာ အလွန် ထိတ်လန့်နေသည်။

"သတင်းရရချင်း ကျွန်တော် ကိုယ်တိုင် သွားစစ်ဆေးခဲ့ပါတယ်... သခင်ကြီး ဂါယာနော့စ် ရဲ့ နတ်ဘုရားဝိညာဉ် ကျောက်စိမ်းပြား တကယ်ပဲ ကွဲသွားပါပြီ... သခင်ကြီး ဂါယာနော့စ်... သူ သေဆုံးသွားပါပြီ..."

ဂါယာဇု ၏ မျက်စိရှေ့တွင် မှောင်မိုက်သွားသော်လည်း သူက လုံးဝ မယုံကြည်သေးပေ။

"မင်း လိမ်နေတာပဲ... ညီလေး ၈၈ က ပြီးပြည့်စုံတဲ့အဆင့်နော်... ပင်မနတ်ဘုရားတွေ ပြီးရင် အစွမ်းအထက်ဆုံးပဲ... သူ့ကို ဘယ်သူက သတ်နိုင်မှာလဲ... အကြီးအကဲချုပ်... မင်း လူတွေကို လန့်အောင် လျှောက်မပြောနဲ့... ပေါက်ကရတွေ မပြောနဲ့..."

"ခေါင်းဆောင်ကြီး..."

အကြီးအကဲချုပ်က ခါးသီးစွာ ပြုံးလိုက်ပြီးနောက် လူတစ်ယောက်ကို ခေါ်လိုက်သည်။ ထိုလူမှာ နတ်ဘုရားဝိညာဉ် ကျောက်စိမ်းပြား ကျောင်းတော်ကို စောင့်ရှောက်ရသော တာဝန်ခံ ပင် ဖြစ်သည်။ သူ၏ လက်ထဲတွင် ကျောက်စိမ်းဗန်းလေး တစ်ခုကို ကိုင်ထားပြီး ထိုဗန်းလေးပေါ်တွင် အပိုင်းပိုင်း ကွဲအက်နေသော နတ်ဘုရားဝိညာဉ် ကျောက်စိမ်းပြား အပိုင်းအစများကို တင်ထားလေသည်။

ဂါယာဇု က ထိုအရာများမှာ ဂါယာနော့စ် ၏ နတ်ဘုရားဝိညာဉ် ကျောက်စိမ်းပြား ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း သိလိုက်သည်။ အကြောင်းမှာ ၎င်းတို့ပေါ်တွင် ကျန်ရစ်နေသော နတ်ဘုရားဝိညာဉ် အရှိန်အဝါများက အလွန် ရှင်းလင်းလွန်းလှသောကြောင့် ဖြစ်သည်။

"ညီလေး ၈၈... တကယ်ပဲ သေသွားပြီလား..."

ဂါယာဇု ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီနေသည်။

"ဘယ်သူလဲ... သူ့ကို ဘယ်သူ သတ်လိုက်တာလဲ... ဘယ် ပင်မနတ်ဘုရားက ဝင်ပါလိုက်တာလဲ... သူက ဘာလို့ ညီလေး ၈၈ ကို သတ်ရတာလဲ..."

"ခေါင်းဆောင်ကြီး... သခင်ကြီး ဂါယာနော့စ် က အဆုံးအစမရှိတဲ့လောကမှာ သေဆုံးသွားတာပါ..."

အကြီးအကဲချုပ်က အလျင်အမြန် ပြောလိုက်သည်။

"အဆုံးအစမရှိတဲ့လောက…”

All Chapters