← Chapters

အခန်း ၃၇၇

Vol. 38 Ch. 377

အခန်း ၃၇၇

Vol. 38 Ch. 377

အခန်း ၃၇၇ မပျက်စီးနိုင်သောအရာနှင့် ဖန်ဆင်းခြင်းစွမ်းအား

မိုလော့နှင့် ဤကဲ့သို့ စကားပြောလိုက်ရခြင်းက မုန်လဲ့အတွက် အလွန် ကြီးမားသော တုန်လှုပ်မှုကို ဖြစ်စေခဲ့သည်။ ယခင်က မုန်လဲ့ ထင်ထားသည်မှာ နတ်ဘုရားတစ်ပါး ဖြစ်လာလျှင် မသေနိုင်၊ မပျက်စီးနိုင်တော့ဘူးဟု ထင်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ အမြင့်ဆုံးတွင် ရှိနေသော ပင်မနတ်ဘုရားများပင်လျှင် ခေတ်တစ်ခေတ်စာ သက်တမ်းသာ ရှိကြောင်း သိလိုက်ရသည်။ စကြဝဠာကြီး အဆုံးသတ်သွားပြီး သံသရာပျက်သုဉ်းခြင်းကြီး ရောက်ရှိလာပါက ပင်မနတ်ဘုရားများလည်း အတူတကွ ပျက်စီးသွားရမည်သာ ဖြစ်သည်။

မသေနိုင်၊ မပျက်စီးနိုင်ဘူး ဟုတ်လား

ထာဝရ ရှင်သန်နိုင်တယ် ဟုတ်လား

အဲဒါတွေက အလကား ဟာသတွေပဲ

"နတ်ဘုရားသလင်းကျောက်... ငါ နတ်ဘုရားသလင်းကျောက်တွေ အများကြီး လိုအပ်တယ်..."

မုန်လဲ့က စိတ်ထဲတွင် လက်သီးကို တင်းတင်းဆုပ်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။

"လုံလောက်တဲ့ နတ်ဘုရားသလင်းကျောက်တွေ ရှိမှသာ အမြင့်ဆုံးနိယာမတရားတွေကို နားလည်နိုင်ပြီး ဖန်ဆင်းခြင်း နိယာမတရားကိုပါ နားလည်နိုင်မယ်... အဲဒီတော့မှသာ စကြဝဠာကြီး ပျက်စီးသွားတဲ့ အချိန်ကျရင် ငါ အသက်ရှင်နိုင်မှာ..."

နတ်ဘုရားသလင်းကျောက်

မုန်လဲ့က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မိုလော့ကို လှမ်းကြည့်လိုက်သည်။

"မင်း ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ... ဒီကောင့်နောက်ကိုပဲ အမြဲ လိုက်နေတော့မှာလား..."

မုန်လဲ့က သတိလစ်နေသော ဒိုဗာ ဆီဇာကို တစ်ချက် ကြည့်ကာ အနည်းငယ် သဘောမကျစွာဖြင့် မေးလိုက်သည်။

"ဘာလဲ... မင်းက ငါ့ကို ခေါ်သွားချင်လို့လား..."

မိုလော့က မျက်ခုံးပင့်ကာ ပြုံးစိစိဖြင့် ပြန်မေးလိုက်သည်။

"သူ့နောက် လိုက်နေတာက အနာဂတ် မရှိဘူး..."

မုန်လဲ့က ခေါင်းခါကာ ပြောလိုက်သည်။

"အနာဂတ်... ငါက အသက်ဆက်ရှင်နေဖို့ မနည်း ရုန်းကန်နေရတာပါ... ဘယ်မှာများ အနာဂတ် ရှိတော့မှာလဲ..."

မိုလော့က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုက်သည်။

"အကယ်၍ ဒီလို အခြေအနေမျိုး ရောက်မယ်ဆိုတာကိုသာ အဲဒီတုန်းက ကြိုသိခဲ့မယ်ဆိုရင်... ပြီးခဲ့တဲ့ ခေတ်ကြီးနဲ့အတူ ငါ အသေခံလိုက်မှာပဲ..."

"ငါတို့ ဆီမှာတော့ စကားပုံ တစ်ခု ရှိတယ်... ကောင်းကောင်း သေရတာထက် ဆိုးဆိုးရွားရွား အသက်ရှင်နေရတာက ပိုကောင်းတယ် တဲ့..."

မုန်လဲ့က ပြုံး၍ ပြောလိုက်သည်။

"ပြီးတော့ ဝိညာဉ်အကြွင်းအကျန် ဖြစ်နေရင်ကော ဘာဖြစ်လဲ... တစ်ချိန်ချိန်ကျရင် ပြန်လည် ကုသနိုင်မယ့် နည်းလမ်း ရှိလာမှာပဲ..."

"မင်း နားမလည်ပါဘူး..."

မိုလော့က ခေါင်းခါလိုက်သည်။

"လုံလောက်တဲ့ မပျက်စီးနိုင်တဲ့အရာ မရှိရင် ငါ့ရဲ့ ဝိညာဉ်အကြွင်းအကျန်က ဘယ်တော့မှ ပြန်ကောင်းလာမှာ မဟုတ်ဘူး..."

"မပျက်စီးနိုင်တဲ့အရာ..."

မုန်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။

"မပျက်စီးနိုင်တဲ့အရာ ဆိုတာ ဘာလဲဆိုတာ မင်း သိလား... အဲဒါက ဘယ်တော့မှ မဆွေးမြေ့၊ မပျက်စီးနိုင်ဘဲ သံသရာပျက်သုဉ်းခြင်းကြီးကတောင် ဖျက်ဆီးလို့မရတဲ့ အရာဝတ္ထုတွေပဲ..."

မိုလော့က ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

"စကြဝဠာကြီး တစ်ခုလုံးမှာ ငါ သိသလောက် မပျက်စီးနိုင်တဲ့အရာ ဆိုလို့ ၃ မျိုးပဲ ရှိတယ်... အဲဒါက ဖန်ဆင်းခြင်းစွမ်းအား ၃ မျိုးပဲ... အင်း... ဖန်ဆင်းခြင်း နိယာမတရား ၃ မျိုးကနေ ဖြစ်ပေါ်လာတဲ့ စွမ်းအားတွေပေါ့..."

မုန်လဲ့ ချက်ချင်း စကားဆွံ့အသွားသည်။

ဖန်ဆင်းခြင်းစွမ်းအား ၃ မျိုးက မပျက်စီးနိုင်တဲ့အရာတွေ ဟုတ်လား

ဒီ မပျက်စီးနိုင်တဲ့အရာ ဆိုတာကြီးက ရဖို့ အရမ်း ခက်ခဲလွန်းတယ် မဟုတ်လား

"မပျက်စီးနိုင်တဲ့အရာ ဆိုတာ ဘယ်လောက်တောင် ရဖို့ ခက်ခဲပြီး ရှားပါးသလဲဆိုတာကို မင်း စဉ်းစားကြည့်လို့ ရပါတယ်..."

မိုလော့က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုက်သည်။

"ဒါကြောင့် ငါက ဘယ်တော့မှ ပြန်ကောင်းလာမှာ မဟုတ်ဘူးလို့ ပြောတာပေါ့..."

"မပျက်စီးနိုင်တဲ့အရာက ရဖို့ ခက်ခဲတာ မှန်ပေမယ့် အခွင့်အရေးတော့ ရှိပါသေးတယ်..."

မုန်လဲ့က ရုတ်တရက် ပြုံး၍ ပြောလိုက်သည်။

"အကယ်၍ နောင်တစ်ချိန် ငါ ဖန်ဆင်းခြင်း နိယာမတရားကို နားလည်သွားပြီဆိုရင် မပျက်စီးနိုင်တဲ့အရာကို ရလာပြီ မဟုတ်ဘူးလား..."

"မင်းက ဖန်ဆင်းခြင်း နိယာမတရားကို နားလည်မယ် ဟုတ်လား..."

မိုလော့သည် ထိုစကားကို ကြားသောအခါ ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဗိုက်ကို နှိပ်ကာ အားရပါးရ ရယ်မောလိုက်ပြီး မနည်း ပြန်အသက်ရှူယူရသည်။ အတန်ကြာမှသာ သူ ရယ်မောခြင်းကို ရပ်တန့်လိုက်သည်။

"မင်းက... မင်းကများ ဖန်ဆင်းခြင်း နိယာမတရားကို နားလည်မယ် ဟုတ်လား... ကောင်လေး... မင်းက တောက်တဲ့လား..."

"ငါ့ကို အဲဒီလောက်တောင် အထင်သေးတာလား..."

မုန်လဲ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ရယ်စရာတွေ လာပြောမနေနဲ့... အကယ်၍ အမြင့်ဆုံးနိယာမတရား တစ်မျိုးကို နားလည်ထားပြီးသားဖြစ်တဲ့ အမြင့်ဆုံး အုပ်စိုးရှင် ၄ ယောက်က ဒီစကားကို ပြောမယ်ဆိုရင်တောင် ငါ နည်းနည်းလောက် ယုံချင်ယုံမယ်... ဘာလို့လဲဆိုတော့ သူတို့မှာ ဖန်ဆင်းခြင်း နိယာမတရားကို နားလည်ဖို့ မျှော်လင့်ချက် နည်းနည်း ရှိနေသေးလို့ပဲ... မင်းကတော့..."

မိုလော့က လှောင်ပြောင်လိုက်သည်။

"မဖြစ်နိုင်တာတွေ တွေးမနေပါနဲ့..."

"အကယ်၍ ငါက အာကာသ နိယာမတရား၊ ဖျက်ဆီးခြင်း နိယာမတရား နဲ့ သက်ရှိနိယာမတရားတွေကိုပါ နားလည်ထားတယ်လို့ ပြောရင်ကော... နည်းနည်းလေးပဲ နားလည်ထားသေးတယ် ဆိုပေမယ့်ပေါ့..."

မုန်လဲ့က ပြုံးစိစိဖြင့် ပြောလိုက်သည်။

"ဟင်..."

မိုလော့က မုန်လဲ့ကို ကြောင်အမ်းအမ်း ကြည့်ကာ မေးလိုက်သည်။

"ကောင်လေး... မင်း ငါ့ကို အရွှန်းမဖောက်ဘူးဆိုတာ သေချာလား..."

"အရွှန်းဖောက်စရာ လိုလို့လား..."

မုန်လဲ့က ပြုံး၍ ခေါင်းခါလိုက်ပြီး ညာလက်ကို ဖြန့်လိုက်ရာ သူ၏ လက်ဖဝါးပေါ်တွင် နိယာမတရား သံကြိုး ၃ ချောင်း ထွက်ပေါ်လာသည်။ တစ်ချောင်းက အညိုရောင်၊ တစ်ချောင်းက ခရမ်းနီရောင်၊ နောက်တစ်ချောင်းက အစိမ်းရောင် ဖြစ်သည်။

"ရှုး..."

မိုလော့ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ သရဲတစ္ဆေ တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ အလန့်တကြား အော်ဟစ်လိုက်သည်။

"အာ... အာကာသ နိယာမတရား... ဖျက်ဆီးခြင်း နိယာမတရား... သက်ရှိနိယာမတရား... မင်း တကယ်ကြီး အမြင့်ဆုံးနိယာမတရား ၃ မျိုးကို နားလည်ထားတာပဲ..."

"မဟုတ်ဘူး... ၄ မျိုး... အချိန်ကာလ နိယာမတရားပါ ထည့်ရဦးမယ်..."

မုန်လဲ့က အလျင်အမြန် ပြင်ပေးလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်... ၄ မျိုး... ဘုရားရေ... တစ်ယောက်တည်းကနေ အမြင့်ဆုံးနိယာမတရား ၄ မျိုးလုံးကို တစ်ပြိုင်နက်တည်း နားလည်ထားတယ် တဲ့လား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မယုံနိုင်စရာပဲ... လုံးဝ မယုံနိုင်စရာပဲ..."

မိုလော့ အလွန်အမင်း ထိတ်လန့်သွားပြီး အသက်ကို အဆက်မပြတ် ပြင်းပြင်းရှူနေရသည်။ မုန်လဲ့ကို ကြည့်သည့် သူ၏ အကြည့်များကလည်း မိစ္ဆာသရဲ တစ်ကောင်ကို ကြည့်နေသကဲ့သို့ ဖြစ်နေပြီး အလွန်အမင်း လန့်နေကြောင်း သိသာလှပေသည်။

"ရပါပြီ... အသက်တွေ အရမ်း ပြင်းပြင်း မရှူပါနဲ့တော့... ဒါက ဘာမှမဟုတ်သေးပါဘူး..."

မုန်လဲ့က အေးဆေးစွာ ပြောလိုက်သည်။

"ငါ ဖန်ဆင်းခြင်း နိယာမတရားကို အပြည့်အဝ နားလည်သွားတဲ့ အချိန်ကျမှ မင်း အဲဒီလောက် စိတ်လှုပ်ရှားပြပါလား..."

"ကောင်လေး... မင်း နားမလည်ပါဘူး..."

မိုလော့က အရင်က အထွတ်အထိပ်သို့ ရောက်ခဲ့ဖူးသူ ဖြစ်ရာ အလျင်အမြန်ပင် တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။

သူက မုန်လဲ့ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်ကာ ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

"အမြင့်ဆုံးနိယာမတရား ဆိုတာက အရမ်းကို နက်နဲရှုပ်ထွေးလွန်းတယ်... အမြင့်ဆုံးနိယာမတရားကို နားလည်ဖို့ ဆိုတာက အရမ်းကို ခက်ခဲတယ်..."

"သာမန် နတ်ဘုရားတွေဆိုရင် အမြင့်ဆုံးနိယာမတရားကို နားလည်ဖို့ မပြောနဲ့... အခြေခံ နိယာမတရား ၅ မျိုးကို နားလည်နိုင်တဲ့ ပါရမီတောင် မရှိကြဘူး... ဒီကိစ္စက ပါရမီ အရမ်း လိုအပ်တယ်..."

"အမြင့်ဆုံးနိယာမတရား တစ်မျိုးကို နားလည်ဖို့တောင် ဒီလောက် ခက်ခဲနေတာ... ၄ မျိုးဆိုရင် ပြောစရာတောင် မလိုတော့ဘူး... မင်း ဘယ်လိုလုပ်လိုက်လဲ ဆိုတာကိုတောင် ငါ နားမလည်နိုင်ဘူး..."

"ဟဲဟဲ... အဲဒါက ပါရမီလို့ ခေါ်တယ်လေ... ရှင်းပြနေလို့ မရဘူး..."

မုန်လဲ့က အလွန် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

"တကယ်ပဲ... အဲဒါက ပါရမီပဲ..."

မိုလော့က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီးနောက် ဆက်ပြောသည်။

"ဒါပေမဲ့ အများကြီး လုပ်တာကလည်း မကောင်းဘူး... မင်းက အမြင့်ဆုံးနိယာမတရား ၄ မျိုးလုံးကို နားလည်ဖို့ ကြိုးစားနေတာက အချိန်တွေ၊ ခွန်အားတွေ အရမ်း ဖြုန်းတီးရာကျတယ်... ခေတ်တစ်ခေတ် ဆိုတဲ့ အချိန်ကာလက အရမ်း ရှည်လျားတယ်လို့ ထင်ရပေမယ့် ဖန်ဆင်းခြင်း နိယာမတရားကို နားလည်ဖို့အတွက်ဆိုရင်တော့ အရမ်းကို တိုတောင်းလွန်းပါတယ်..."

"ငါ အကြံပေးချင်တာကတော့ မင်း အဲဒီအထဲက ၂ မျိုးကိုပဲ ရွေးလိုက်ပါ... အချိန်နဲ့ အာကာသကို ရွေးပြီး အချိန်အာကာသ နိယာမတရား လမ်းကြောင်းကို သွားမလား... ဒါမှမဟုတ် သက်ရှိနဲ့ ဖျက်ဆီးခြင်းကို ရွေးပြီး ကံကြမ္မာ နိယာမတရား လမ်းကြောင်းကို သွားမလား ဆိုတာပဲ..."

"သံသရာပျက်သုဉ်းခြင်းကြီး မရောက်ခင်မှာ မင်း ဖန်ဆင်းခြင်း နိယာမတရား တစ်မျိုးကို နားလည်နိုင်ခဲ့ရင်တောင် တကယ်ကို ကံကောင်းလှပြီ..."

"အဲဒီအတွက်တော့ မင်း စိတ်ပူစရာ မလိုပါဘူး..."

မုန်လဲ့က ယုံကြည်မှု အပြည့်ဖြင့် ပြုံးလိုက်သည်။

"ဖန်ဆင်းခြင်း နိယာမတရား ၃ မျိုးလုံးကို ငါ လုံးဝ လက်လွတ်ခံမှာ မဟုတ်ဘူး... ငါ့ရဲ့ ရည်မှန်းချက်က ဒဏ္ဍာရီထဲက ဖန်ဆင်းရှင် ဖြစ်လာဖို့ပဲ..."

"ကောင်လေး... မင်း နောင်တရလိမ့်မယ်..."

မိုလော့ အနည်းငယ် ဒေါသထွက်သွားသော်လည်း မုန်လဲ့နှင့် သူ၏ ဆက်ဆံရေးကို တွေးမိပြီးနောက် ဒေါသကို အနည်းငယ် ပြန်လျှော့လိုက်သည်။ သို့သော် သူက သတိပေးစကား ဆက်ပြောလိုက်သည်။

"ငါက အတွေ့အကြုံရှိတဲ့သူ တစ်ယောက်အနေနဲ့ မင်းရဲ့ ပါရမီတွေ အလဟဿ ဖြစ်သွားတာကို မကြည့်ရက်လို့ပါ... ငါပြောတဲ့အတိုင်း လုပ်ပါ... နောင်တစ်ချိန်ကျရင် မင်း ငါ့ကို ကျေးဇူးတင်နေလိမ့်မယ်..."

"ဖြစ်နိုင်ပါတယ်..."

မုန်လဲ့က ဤကိစ္စနှင့် ပတ်သက်ပြီး ဆက်မပြောတော့ဘဲ အရင် အကြောင်းအရာကို ပြန်ဆက်လိုက်သည်။

"မင်းရဲ့ အစီအစဉ်ကို ငါ့ကို ပြောပြ... ဒီကောင့်နောက်ကို ဆက်လိုက်နေမှာလား... ဒါမှမဟုတ် ငါနဲ့ လိုက်ခဲ့မလား..."

သာမန် လူများကိုတော့ မုန်လဲ့က လုံးဝ ဂရုစိုက်မည် မဟုတ်သော်လည်း ရှေ့ရှိ ဤလူကမူ မတူပေ။ ဤသူမှာ ပြီးခဲ့သော ခေတ်ကတည်းက အသက်ရှင်ကျန်ရစ်ခဲ့သော ရှေးဟောင်းလူကြီး ဖြစ်ရာ သူ၏ အတွေ့အကြုံများ၊ ကျင့်ကြံမှု ဗဟုသုတများနှင့် နိယာမတရား နားလည်မှုများက...

တကယ့် ရတနာသိုက်ကြီး တစ်ခုပဲ

သေချာပေါက် ခေါ်သွားရမယ်

ဤတစ်ကြိမ်တွင်မူ မိုလော့က တိုက်ရိုက် မငြင်းတော့ဘဲ တိတ်ဆိတ်သွားသည်။

"ဘာလဲ... တွေဝေနေတုန်းပဲလား..."

မုန်လဲ့က မျက်ခုံးပင့်လိုက်သည်။

"ဒီကောင့်နောက် လိုက်နေတာက အနာဂတ် မရှိဘူးဆိုတာကို မင်းကိုယ်တိုင်လည်း သိနေတာပဲ..."

"မင်းနောက် လိုက်ရင်ကော အနာဂတ် ရှိလို့လား..."

မိုလော့က မှုန်ကုပ်ကုပ်ဖြင့် ပြန်မေးလိုက်သည်။

"သေချာတာပေါ့..."

မုန်လဲ့က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။

"ငါက ၁၀ နှစ် အတွင်းမှာ အချိန်ကာလ နိယာမတရားကို အပြည့်အဝ နားလည်နိုင်မယ်လို့ ယုံကြည်တယ်... ပြီးတော့ နှစ် ၁၀၀ အတွင်းမှာ အမြင့်ဆုံးနိယာမတရား ၄ မျိုးလုံးကို အပြည့်အဝ နားလည်နိုင်မယ်လို့လည်း ယုံကြည်တယ်..."

မိုလော့က ထိုစကားကို ကြားသောအခါ ကြောင်အမ်းသွားပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြန်သည်။

"ကောင်လေး... မင်းက အမြင့်ဆုံးနိယာမတရားကို ဘာလို့ ထင်နေတာလဲ... မူလတန်း ဖတ်စာအုပ်ထဲက အလီတွေလို့ ထင်နေတာလား... ၁၀ နှစ် အတွင်းမှာ အချိန်ကာလ နိယာမတရားကို နားလည်မယ် ဟုတ်လား... မင်းက နှစ် သန်းချီ အချိန်ယူပြီး အချိန်ကာလ နိယာမတရားကို နားလည်နိုင်ရင်တောင် တော်လှပြီ..."

"နှစ် သန်းချီ ဟုတ်လား... အရမ်း ကြာလွန်းတယ်..."

မုန်လဲ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ငါ ပြောရင် မင်း ယုံမှာ မဟုတ်ဘူး... ငါ့အသက်က အခုထိ ၄၅ နှစ်တောင် မပြည့်သေးဘူး..."

မိုလော့ ကြောင်အမ်းသွားသည်။

"၄၅ နှစ်..."

"ဟဲဟဲ... မင်း သွားစုံစမ်းကြည့်လို့ ရပါတယ်…”

All Chapters