← Chapters

အခန်း ၃၈၉

Vol. 39 Ch. 389

အခန်း ၃၈၉

Vol. 39 Ch. 389

အခန်း ၃၈၉ မင်းအဖေကိုလာခိုင်းလိုက်

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

လေဟာနယ်ပင်လျှင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားရသည်။

အချိန်များပင်လျှင် စီးဆင်းမှု ရပ်တန့်သွားသည်ဟု ထင်မှတ်ရ၏။

နတ်ဘုရားများ အားလုံးသည် လေဟာနယ်ထက်၌ မာနထောင်လွှားစွာ ရပ်တည်နေသော ဆံပင်နက်နှင့် လူငယ်လေးအား မျက်လုံးများ ပြူးကျယ်ကာ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိကြလေသည်။

'ဒီကောင်က ဘယ်သူလဲ... မြို့တော်ဝန်ကြီးကိုတောင် ဒီလို စကားမျိုး ပြောရဲတယ်... သူက သေရမှာကို မကြောက်ဘူးလား...'

'ကျွတ်ကျွတ်... သတ္တိရှိတာပဲ...'

'အရမ်းကို မိုက်လုံးကြီးလွန်းတယ်... ဒီလောက် ခေါင်းမာတဲ့ ကောင်မျိုးကို ငါ အခုမှ ပထမဆုံး မြင်ဖူးတာပဲ...'

ခဏတာ တိတ်ဆိတ်သွားပြီးနောက် နတ်ဘုရားများကြားတွင် ပွက်လောရိုက်သွားပြီး မုန်လဲ့ကို လက်ညှိုးထိုးကာ ဝေဖန်ပြောဆိုနေကြ၏။

အချို့က လှောင်ပြောင်ကြသည်။

အချို့က ချီးကျူးကြသည်။

အချို့ကမူ သနားစရာကောင်းသည်ဟု ထင်မြင်ကြလေသည်။

အဆိုးဆုံးမှာ အစောပိုင်းက အရူးအမူးဖြစ်နေခဲ့သော နတ်သမီးပင် ဖြစ်သည်။

သူမသည် မုန်လဲ့၏ ရှေ့သို့ ဒေါသတကြီး ခုန်ထွက်လာပြီး အော်ဟစ်ကြိမ်းမောင်းလာ၏။

"ဘယ်ချောင်ကနေ ထွက်လာတဲ့ တောသားလဲ... နင် အခု ဘယ်သူ့ကို စကားပြောနေတာလဲ ဆိုတာ သိရဲ့လား... မြို့တော်ဝန်ကြီးကို အခုချက်ချင်း တောင်းပန်စမ်း... အခုချက်ချင်း..."

ထိုနတ်သမီးကို မြင်လိုက်ရသောအခါ နတ်ဘုရားများ၏ မျက်နှာများမှာ ထူးခြားသွားကြလေသည်။

ဤနတ်သမီးမှာ သာမန်မဟုတ်ချေ။

သူမသည် သဘာဝနတ်ဘုရားမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်ပြီး ဗီးနပ်စ် ဧရာမနဂါးမြို့တော်တွင် နာမည်ကြီးသော နတ်သမီးတစ်ပါး ဖြစ်၏။

မွေးရာပါ ကိုယ်သင်းနံ့လေး ပါရှိပြီး အလွန်တရာ လှပကျော့ရှင်းလှသောကြောင့် သူမကို ပန်းတစ်ရာ နတ်သမီး ဟုပင် တင်စားခေါ်ဝေါ်ကြလေသည်။

သူမကို လိုက်လံပိုးပန်းသူများမှာ ဗီးနပ်စ် ဧရာမနဂါးမြို့တော်၏ ဤဘက်အစွန်းမှ ဟိုဘက်အစွန်းတိုင်အောင် တန်းစီ၍ပင် ရနိုင်သည်။

ထိုအထဲတွင် နတ်ဘုရားမျိုးနွယ်စုကြီးများမှ ထူးချွန်ထက်မြက်သူများပင် ပါဝင်သော်လည်း ပန်းတစ်ရာ နတ်သမီးကမူ ထိုသူများကို လုံးဝ အဖက်မလုပ်ခဲ့ချေ။

သူမက ဗီးနပ်စ် မြို့တော်ဝန် တစ်ဦးတည်းကိုသာ မျက်စိကျနေသည်ကို လူတိုင်းက သိထားကြရာ ယခုကဲ့သို့ ပန်းတစ်ရာ နတ်သမီးက ဗီးနပ်စ် မြို့တော်ဝန် အတွက် ဝင်ရောက်ပြောဆိုပေးခြင်းမှာ အဆန်းမဟုတ်တော့ပေ။

"ငါက တောင်းပန်ရမယ် ဟုတ်လား... မင်းက ဘယ်ကောင်မို့လို့လဲ..."

ဤမျှ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး မာနထောင်လွှားနေသော လူမိုက်မလေးကို မုန်လဲ့၏ တုံ့ပြန်ပုံမှာ အလွန် ရိုးရှင်းလှ၏။

သူမ၏ ပါးပြင်ကို တိုက်ရိုက်ပင် အားကုန်လွှဲရိုက်လိုက်လေသည်။

"ဖြန်း..."

ကျယ်လောင်ပြတ်သားသော အသံတစ်ခုနှင့်အတူ သွေးစွန်းနေသော သွားဆယ်ချောင်းကျော်ခန့် လေထဲသို့ လွင့်စင်သွားပြီးနောက် ပန်းတစ်ရာ နတ်သမီးမှာ စူးရှစွာ အော်ဟစ်လိုက်ရင်း အနောက်သို့ လွင့်စင်သွားတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နတ်ဘုရားများ အားလုံး အလန့်တကြား ဖြစ်သွားကြပြန်၏။

'ပါးကို ဖြတ်ရိုက်လိုက်တာလား... မိန်းမလှလေးကို နည်းနည်းလေးတောင် မညှာဘူးပဲ...'

"ကောင်းတယ်..."

"သခင်ကြီး အစွမ်းထက်တယ်..."

ပူဟာမန်နှင့် အခြားသူများကမူ ဝမ်းသာအားရ အော်ဟစ်နေကြလေသည်။

သူတို့က နတ်သမီး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဂရုမစိုက်ကြပေ။

သခင်ကို မလေးမစား လုပ်ရဲလျှင် ဤသည်မှာ သူတို့၏ အဆုံးသတ်ပင် ဖြစ်လေသည်။

"ကောင်းတယ်... သိပ်ကောင်းတယ်..."

ပင်မနတ်ဘုရား၏ သားဖြစ်သူ ဗီးနပ်စ် ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်တည်တင်းသွားပြီး ရေများပင် ကျဆင်းလာတော့မတတ် ဖြစ်နေ၏။

"ငါ မွေးလာကတည်းက အခုချိန်ထိ မင်းလောက် ရိုင်းစိုင်းတဲ့ကောင်ကို တစ်ခါမှ မမြင်ဖူးသေးဘူး..."

"ဟုတ်လား... ဒါဆို ငါက ဂုဏ်ယူရမလား..."

မုန်လဲ့က လှောင်ပြောင်လိုက်ပြီး ဤပင်မနတ်ဘုရား၏ သားကို လုံးဝ အဖက်မလုပ်ခဲ့ပေ။

"ငါ့ရှေ့မှာ လာပြီး ရိုင်းစိုင်းရဲရင် ဘယ်လို တန်ဖိုးပေးဆပ်ရမလဲ ဆိုတာကို မင်း သိအောင် ငါ လုပ်ပြမယ်..."

ဗီးနပ်စ် က အေးစက်စွာ ပြောလိုက်၏။

"လူတွေ... သူ့ကို ဖမ်းလိုက်စမ်း..."

ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ မြို့စောင့်တပ်ဖွဲ့ဝင်များမှာ ချက်ချင်း တွေဝေသွားကြလေသည်။

သူတို့ရှေ့မှ ဤလူက ဘောရစ် ခေါင်းဆောင်ကိုပင် ပါးတစ်ချက်တည်းဖြင့် ရိုက်သတ်နိုင်ခဲ့သူ ဖြစ်ရာ သူတို့ သွားရောက်ဖမ်းဆီးခြင်းမှာ သေတွင်းထဲသို့ ခုန်ဆင်းသကဲ့သို့ ဖြစ်မနေဘူးလား။

'ဒါပေမဲ့ မသွားလို့ကလည်း...'

မြို့စောင့်တပ်ဖွဲ့ဝင်များ တွေဝေနေကြစဉ် ဗီးနပ်စ် နှင့် အတူလိုက်ပါလာသော ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ် ၉ ကောင်က ရုတ်တရက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြပြီး အလင်းတန်း ၉ ခုအသွင် ပြောင်းလဲကာ ပြေးဝင်လာကြ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် မုန်လဲ့၏ ရှေ့သို့ ရောက်ရှိလာပြီး သူ့ကို ဝိုင်းရံလိုက်ကြလေသည်။

နဂါးမျက်လုံး ၉ စုံက မုန်လဲ့ကို အေးစက်စွာ စိုက်ကြည့်နေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ အပြည့်အဝ ပြည့်နှက်နေ၏။

ထို့နောက် သူတို့က တစ်ပြိုင်နက်တည်း ဒေါသတကြီး ဟိန်းဟောက်လိုက်ကြရာ ကျယ်လောင်သော အသံလှိုင်းများက မိုးကြိုးပစ်ချလိုက်သည့်အလား ပေါက်ကွဲထွက်လာလေသည်။

"ဒူးထောက်စမ်း..."

"ဝုန်း..."

ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအရှိန်အဝါ ၉ ခုက ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ် ၉ ကောင်၏ ကိုယ်ပေါ်မှ ပေါက်ကွဲထွက်လာပြီး တောင်များကို ဖြိုခွင်းကာ ပင်လယ်ကို မှောက်လှန်ပစ်နိုင်သော ဧရာမ လှိုင်းတံပိုးကြီးများအလား မုန်လဲ့အပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်လာ၏။

"ဒူးထောက်စမ်း..."

ထပ်မံ၍ အသံကုန်ဟစ်ကာ ဖိအားပေးလိုက်ကြပြန်သည်။

'ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ နတ်ဘုရားအရှိန်အဝါလဲ...'

နတ်ဘုရားအရှိန်အဝါ၏ ဂယက်များကိုသာ ခံစားနေရသော်လည်း ပူဟာမန်နှင့် အခြားသူများမှာ အသက်ရှူရ ခက်ခဲလာပြီး အချိန်မရွေး ဖိချခံရကာ မြေပြင်ပေါ်သို့ ဝပ်တွားသွားရတော့မည့်အလား ခံစားနေရလေသည်။

ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ် ၉ ကောင်မှ ပေါက်ကွဲထွက်လာသော နတ်ဘုရားအရှိန်အဝါက အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှရာ အဆင့်မြင့်နတ်ဘုရား နှောင်းပိုင်းအဆင့်များပင်လျှင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

မှန်ပါသည်။

တကယ်ကို ကြောက်စရာကောင်းလွန်းလှပေသည်။

ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ် တစ်ကောင်စီတိုင်းက ပြီးပြည့်စုံသောအဆင့်သို့ အဆုံးအစမဲ့ နီးကပ်နေသူများ ဖြစ်ကြရာ သူတို့ ၉ ကောင်၏ နတ်ဘုရားအရှိန်အဝါများ ပေါင်းစပ်လိုက်သောအခါ ပြီးပြည့်စုံသောအဆင့်သို့ပင် ရောက်ရှိသွားလေသည်။

ပြီးပြည့်စုံသောအဆင့်၏ နတ်ဘုရားအရှိန်အဝါကို ပူဟာမန်နှင့် အခြားသူများက မည်သို့မျှ ခုခံနိုင်စွမ်း မရှိကြပေ။

သို့သော် ဤနတ်ဘုရားအရှိန်အဝါလေးမျှက မုန်လဲ့အတွက်မူ ဘာမှ မဟုတ်ချေ။

သူသည် ထိုနတ်ဘုရားသားရဲ ၉ ကောင်ကို အထက်အောက် သေချာကြည့်ရှုလိုက်ပြီးနောက် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။

"ရုပ်ထွက်ကတော့ တကယ်ကို မဆိုးဘူးပဲ... ရထားလုံး ဆွဲခိုင်းရင် တော်တော်လေး ခန့်ညားမှာပဲ..."

ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ် ၉ ကောင်မှာ ဒေါသအထွတ်အထိပ်သို့ ရောက်ရှိသွားကြလေသည်။

ဗီးနပ်စ် ၏ အလုပ်အကျွေးများအဖြစ် အထူးဖမ်းဆီးခံခဲ့ရသော နတ်ဘုရားသားရဲများ ဖြစ်ကြသည့်အလျောက် သူတို့သည် ဤကဲ့သို့သော အထင်သေးသည့် အမူအရာမျိုးကို အလွန် ရင်းနှီးကျွမ်းဝင်နေပြီးသား ဖြစ်၏။

"သေစမ်း..."

"ငါ့ရှေ့မှာ ဒူးထောက်စမ်း..."

ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ် ၉ ကောင်က ဆက်တိုက် ဟိန်းဟောက်လိုက်ကြပြီး ခွန်အားအပြည့် ပါဝင်သော သူတို့၏ ချွန်ထက်သည့် လက်သည်းများဖြင့် မုန်လဲ့ကို မြေကြီးပေါ်သို့ ဖိချရန် ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

"ဆူညံလိုက်တာ... အားလုံးပဲ ငြိမ်ငြိမ်နေကြစမ်း..."

မုန်လဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

"ဝုန်း..."

အလွန်တရာ ရိုင်းစိုင်းကြမ်းတမ်းလှသော အရှိန်အဝါကြီးတစ်ခုသည် မုန်လဲ့၏ ကိုယ်ပေါ်မှ ပေါက်ကွဲထွက်လာပြီး အဟုန်ပြင်းစွာ တိုက်ခတ်လာသော လှိုင်းလုံးကြီးတစ်ခုအလား ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ်များကို မျက်စိတစ်မှိတ်အတွင်း လွှမ်းခြုံသွားလေသည်။

ဤသည်မှာ အစစ်အမှန် ပင်မနတ်ဘုရား၏ အရှိန်အဝါပင် ဖြစ်ရာ ပြီးပြည့်စုံသောအဆင့်ပင် မရောက်သေးသော ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ်များက မည်သို့ ခံနိုင်ရည်ရှိမည်နည်း။

"ဖူး..."

သူတို့၏ ပါးစပ်များမှ သွေးများ ပန်းထွက်လာပြီး အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာသော ရထားခေါင်းတွဲကြီးနှင့် ဝင်တိုက်မိသွားသည့်အလား စူးရှစွာ အော်ဟစ်လိုက်ကြရင်း နောက်သို့ လွင့်စင်သွားကြတော့သည်။

'ဘာ...'

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပင်မနတ်ဘုရား၏ သားဖြစ်သူ ဗီးနပ်စ် ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။

ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ် ၉ ကောင်က ပြီးပြည့်စုံသောအဆင့်သို့ အဆုံးအစမဲ့ နီးကပ်နေသော အဆင့်မြင့် နတ်ဘုရားသားရဲများ ဖြစ်ကြပြီး သူတို့ ပူးပေါင်းလိုက်ပါက ပြီးပြည့်စုံသောအဆင့်ကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိကြသည်။

ထို့ကြောင့်ပင် နတ်ဘုရားမျိုးနွယ်စုက သူ့ကို အကာအကွယ်ပေးရန် ထည့်ပေးလိုက်ခြင်း ဖြစ်၏။

သို့သော် ရှေ့မှ ဘယ်ချောင်က ထွက်လာမှန်းမသိသော ဤလူက အရှိန်အဝါ အနည်းငယ်ကို ထုတ်လွှတ်လိုက်ရုံဖြင့် ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ် ၉ ကောင်ကို လွင့်စင်သွားစေခဲ့သည်။

'ဒါ ဘယ်လို စွမ်းအားမျိုးလဲ...'

"ပြန်လာခဲ့..."

ထိုအချိန်မှာပင် မုန်လဲ့က ညာလက်ဖြင့် လှမ်းဆွဲလိုက်ရာ နောက်သို့ လွင့်စင်သွားသော ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ် ၉ ကောင်မှာ လေထဲတွင် ရုတ်တရက် ရပ်တန့်သွားပြီးနောက် မုန်လဲ့ဆီသို့ ပြန်လည် လွင့်စင်လာကြလေသည်။

"ဝပ်နေစမ်း..."

မုန်လဲ့က စကားခွန်းတိုကို ဖြည်းညင်းစွာ ရေရွတ်လိုက်ပြီး လက်ဝါးဖြင့် အောက်သို့ ဖိချလိုက်ရာ ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ် ၉ ကောင်မှာ မြေကြီးပေါ်သို့ ဖိချခံလိုက်ရပြီး သူ၏ရှေ့တွင် တောင့်တင်းစွာ ဝပ်တွားသွားကြတော့သည်။

"တိရစ္ဆာန်က တိရစ္ဆာန်ပါပဲ..."

မုန်လဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပင်မနတ်ဘုရား၏ သား ဗီးနပ်စ် ကို လှမ်းကြည့်လိုက်၏။

"ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ်တွေရဲ့ ဝိညာဉ်အမြုတေက မင်းဆီမှာ ရှိတယ် မဟုတ်လား... အခုချက်ချင်း ထုတ်ပေးလိုက်စမ်း..."

"မင်း ဘာလုပ်ချင်တာလဲ..."

ပင်မနတ်ဘုရား၏ သား ဗီးနပ်စ် ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားလေသည်။

"တစ်ခွန်းပဲ မေးမယ်... ပေးမှာလား မပေးဘူးလား..."

မုန်လဲ့က သူ့ကို တစ်ချက် ကြည့်ကာ အေးဆေးစွာ မေးလိုက်၏။

"ခြေ ၆ ချောင်း ရွှေရောင်ဆင်သစ်တွေက ငါ့ဟာတွေပဲ... ငါကသာ သူတို့ရဲ့ တစ်ဦးတည်းသော သခင်ပဲ..."

ဗီးနပ်စ် က လေးနက်သောအသံဖြင့် အော်ဟစ်လိုက်လေသည်။

"ဘယ်သူမှ ငါ့လက်ထဲကနေ သူတို့ကို လုယူသွားလို့ မရဘူး..."

"မပေးဘူးပေါ့... ဒါဆိုရင်လည်း သေလိုက်တော့..."

မုန်လဲ့၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွား၏။

"သေရမယ် ဟုတ်လား..."

ဗီးနပ်စ် က ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံး ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား အားရပါးရ ရယ်မောလိုက်လေသည်။

"ငါ့ကို သတ်မယ် ဟုတ်လား... မင်းလိုကောင်ကများ... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ... မင်းကို တစ်ခုလောက် ပြောပြမယ်... ဒီလောကကြီးမှာ ငါ့ကို သတ်ရဲတဲ့သူ ဆိုတာ မရှိတာတော့ မဟုတ်ဘူး... ဒါပေမဲ့ မင်းကတော့ အဲဒီအထဲမှာ လုံးဝ မပါဘူး..."

"အကယ်၍ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မင်းကို မွေးထုတ်ပေးခဲ့တဲ့သူကသာ ငါ့ရှေ့မှာ လာပြီး ဒီစကားကို ပြောမယ်ဆိုရင် ငါ နည်းနည်းလောက် လေးစားမိမှာပဲ... ဒါပေမဲ့ မင်းကတော့... ဟဲဟဲ... တကယ်ကို ရယ်စရာကောင်းလွန်းတယ်..."

မုန်လဲ့က ပြုံး၍ ခေါင်းခါလိုက်ပြီး လေဟာနယ်ထဲမှ လှမ်းဆွဲလိုက်ရာ မျက်မြင်မရသော ကြီးမားလှသည့် လက်ဝါးကြီးတစ်ခုက ဗီးနပ်စ် ၏ လည်ပင်းကို ချက်ချင်း ဖမ်းဆုပ်လိုက်ပြီး လေထဲသို့ ဆွဲမတင်လိုက်လေသည်။

"လွှတ်... ငါ့ကို လွှတ်စမ်း..."

လည်ပင်း အညှစ်ခံထားရသဖြင့် ဗီးနပ်စ် မှာ အသက်ရှူရ ခက်ခဲလာပြီး မျက်နှာတစ်ခုလုံး နီရဲလာကာ အသည်းအသန် ရုန်းကန်နေရ၏။

"ငါ... ငါက ကြီးမြတ်လှတဲ့ နိဟော့ခ် ပင်မနတ်ဘုရားရဲ့ သားကွ... မင်း... မင်းက ငါ့ကို ဒီလို လုပ်ရဲတယ်ပေါ့လေ... ငါ့ရဲ့ အဖေ... ငါ့ရဲ့ အဖေက မင်းကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး..."

"အဲဒါဆိုလည်း သူ့ကို လာခိုင်းလိုက်လေ... ငါလည်း ပင်မနတ်ဘုရား ဆိုတာကို တွေ့ချင်နေတာနဲ့ အတော်ပဲ..."

မုန်လဲ့က ခပ်ဟဟ ရယ်မောလိုက်သည်။

"မင်းအတွက်တော့... အရမ်း နှမြောစရာကောင်းတာပဲ... အဲဒီနေ့ကို မင်း ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘူး..."

"ဒိုင်း…”

All Chapters