← Chapters

အခန်း ၃၉၅

Vol. 40 Ch. 395

အခန်း ၃၉၅

Vol. 40 Ch. 395

အခန်း ၃၉၅ အချိန်ကာလကို နောက်ပြန်လှည့်ခြင်းနှင့် နတ်ဘုရားမျိုးနွယ်စု ရတနာသိုက်

"ဟင့်အင်း... မင်း ငါတို့ကို သတ်လို့မရဘူး..."

"ပင်မနတ်ဘုရားများ သဘောတူစာချုပ်မှာ ပင်မနတ်ဘုရားအချင်းချင်း သတ်ဖြတ်ခြင်းကို တားမြစ်ထားတယ်... အဲဒီလိုလုပ်ရင် ပင်မနတ်ဘုရားအားလုံးရဲ့ ဘုံရန်သူဖြစ်သွားပြီး အုပ်စိုးသူလေးပါးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး..."

ပင်မနတ်ဘုရားသုံးပါးမှာ လုံးဝကို ထိတ်လန့်တုန်လှုပ်သွားကြပြီ ဖြစ်သည်။ ပို၍တိတိကျကျ ဆိုရလျှင် မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်နေကြလေပြီ။

သူတို့သည် အမြင့်ဆုံးနေရာတွင် စံမြန်းနေကြသော ပင်မနတ်ဘုရားများ ဖြစ်ကြ၏။ သူတို့တွင် ခံစားစံစားရန် ဘဝသက်တမ်းများစွာ ကျန်ရှိနေသေးသလို အသုံးမပြုရသေးသော မရေမတွက်နိုင်သည့် ရတနာများလည်း ရှိနေသေးသည်။

ထို့ကြောင့် လုံးဝ မသေချင်ကြပေ။

သို့သော်လည်း အဆင့်မြင့် ပင်မနတ်ဘုရားတစ်ပါးနှင့် ယှဉ်နိုင်သော အမြင့်ဆုံး ပြီးပြည့်စုံသောအဆင့် တစ်ယောက်၏ ရှေ့မှောက်တွင် သူတို့၌ ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ချေ။ ယခုအချိန်တွင် ထိုသူသုံးယောက်သည် ပင်မနတ်ဘုရားများ သဘောတူစာချုပ်ကိုသာ အားကိုးအားထား ပြုနေရတော့သည်။

"ပင်မနတ်ဘုရားများ သဘောတူစာချုပ်..."

မုန်လဲ့က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။

"ပင်မနတ်ဘုရားများ သဘောတူစာချုပ် ဆိုတာက ပင်မနတ်ဘုရားအားလုံးကို ထိန်းချုပ်ထားတဲ့ ဥပဒေတစ်ခုပဲ..."

မိုလော့က ပြုံး၍ ရှင်းပြလာ၏။

"နတ်ဘုရားကမ္ဘာကြီး ဆယ်ခုနဲ့ အမြင့်ဆုံး ကောင်းကင်ဘုံမှာ ပင်မနတ်ဘုရား စုစုပေါင်း တစ်ရာ့လေးဆယ့်လေးပါး ရှိတယ်... ခုနက ပြောခဲ့သလိုပဲ ပင်မနတ်ဘုရားအမြုတေတွေကို ပေါင်းစပ်တာက ပင်မနတ်ဘုရားတွေအတွက် အစွမ်းမြှင့်တင်ဖို့ အမြန်ဆုံးနည်းလမ်းပဲ... ဒါကြောင့် အစွမ်းထက်တဲ့ ပင်မနတ်ဘုရားတွေက အဆင့်နိမ့်အဆင့် ပင်မနတ်ဘုရားတွေကို သတ်ဖြတ်ပြီး အမြုတေတွေ လုယူမှာကို တားဆီးဖို့အတွက် အုပ်စိုးသူလေးပါးက အဲဒီ သဘောတူစာချုပ်ကို ထုတ်ပြန်ခဲ့တာ..."

မိုလော့က ဆက်လက် ရှင်းပြနေသည်။

"ပင်မနတ်ဘုရားအချင်းချင်း သတ်ဖြတ်ခြင်းနဲ့ ပင်မနတ်ဘုရားအမြုတေ လုယူခြင်းတွေကို တားမြစ်ထားတယ်... အဲဒီလိုလုပ်တာကို တွေ့ရင် အုပ်စိုးသူလေးပါးက ပင်မနတ်ဘုရားအားလုံးနဲ့ ပူးပေါင်းပြီး တိုက်ခိုက်နှိမ်နင်းလိမ့်မယ်..."

"ဒီလိုကိုး..."

မုန်လဲ့က ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။

"ဒီလို စည်းမျဉ်းမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး..."

"ဘာလဲ... ကြောက်သွားပြီလား..."

မိုလော့က မုန်လဲ့ကို လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်လာ၏။

"မင်း ကြောက်တာလည်း မဆန်းပါဘူး... ဘာပဲဖြစ်ဖြစ် အုပ်စိုးသူလေးပါးနဲ့ ပင်မနတ်ဘုရားအားလုံး ပူးပေါင်းတိုက်ခိုက်လာမှာကို ဘယ်သူမဆို ကြောက် မှာပဲလေ..."

"ကြောက်တယ်... ငါ့ရဲ့ အဘိဓာန်မှာ အဲဒီစကားလုံး လုံးဝ မရှိဘူး..."

မုန်လဲ့က ခပ်ဟဟ ပြုံးလိုက်သည်။

"ဒီကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ ငါ့ကို ကြောက်လန့်သွားအောင် လုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး..."

"ကျွတ်ကျွတ်... သတ္တိရှိတာပဲ..."

မိုလော့မှာ အားရပါးရ ရယ်မောလိုက်လေသည်။

မုန်လဲ့က ညင်သာစွာ ပြုံးလိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအားများကို ရူးသွပ်စွာ ထုတ်လွှတ်ကာ ပင်မနတ်ဘုရားသုံးပါး၏ ဝိညာဉ်များကို စတင်ဖျက်ဆီးလိုက်တော့၏။

တကယ်တော့ သူသည် သေမင်းမျက်ဝန်းကို အသုံးပြု၍ ထိုသုံးယောက်ကို သတ်ပစ်နိုင်ပေသည်။ သို့သော် သူ ထိုသို့ မလုပ်ခဲ့ချေ။ သေမင်းမျက်လုံးဖြင့် ဖျက်ဆီးခံရသော ဝိညာဉ်များသည် အသန့်စင်ဆုံး ဝိညာဉ်စွမ်းအားများအဖြစ် တိုက်ရိုက် ကြေမွသွားမည်ဖြစ်ရာ တစ်ဖက်လူ၏ မှတ်ဉာဏ်များကို ရရှိနိုင်မည် မဟုတ်ပေ။

ပင်မနတ်ဘုရားတစ်ပါး၏ မှတ်ဉာဏ် ဆိုသည်မှာ အဖိုးတန် ရတနာသိုက်ကြီး တစ်ခုပင် ဖြစ်သည်။ မုန်လဲ့က ထိုအရာကို လုံးဝ လက်လွတ်မခံချင်ခဲ့ပေ။

"ဟင့်အင်း... မဟုတ်ဘူး... မင်း ငါ့ကို သတ်လို့မရဘူး..."

"ငါက ပင်မနတ်ဘုရားကွ... အား..."

"ပင်မနတ်ဘုရားအမြုတေ မရှိရင် မင်းတို့က ဘာမှမဟုတ်တော့တဲ့ ကောင်တွေပဲ..."

မုန်လဲ့သည် ပင်မနတ်ဘုရားသုံးပါး၏ ဝိညာဉ်များကို အလျင်အမြန်ပင် ချေမှုန်းလိုက်ပြီးနောက် သူတို့၏ မှတ်ဉာဏ်များကို စတင် ဖတ်ရှုလိုက်သည်။

သတင်းအချက်အလက် အမြောက်အမြားမှာ သူ၏ ဦးနှောက်ထဲသို့ စီးဆင်းဝင်ရောက်လာခဲ့၏။ အချိန်အတန်ကြာပြီးနောက် မုန်လဲ့သည် သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင် ပင်မနတ်ဘုရား၏ မှတ်ဉာဏ်မှာ ရတနာသိုက်ကြီး တစ်ခုဖြစ်ပြီး သူ့ကို လုံးဝ စိတ်ပျက်မသွားစေခဲ့ချေ။

နတ်ဘုရားမျိုးနွယ်စုကြီး သုံးခု၏ ရတနာသိုက်များ။ ပင်မနတ်ဘုရား သုံးပါး၏ ကိုယ်ပိုင် ရတနာသိုက်များ။ ထိုရတနာသိုက်ကြီး နှစ်ခုတည်း၌ပင် မရေမတွက်နိုင်သော စည်းစိမ်ချမ်းသာများ စုပုံနေခဲ့သည်။

"အခု ငါ့ဆီမှာ နတ်ဘုရားသလင်းကျောက် ၄၂၀၉ ထရီလီယံ ရှိနေပြီ... နောက်ထပ် ထရီလီယံ ၈၀၀ ရရင် တတိယမြောက် အမြင့်ဆုံးနိယာမတရားကို ဖြည့်တင်းလို့ရပြီ... အဲဒီအချိန်ကျရင် အမြင့်ဆုံးနိယာမတရား သုံးခုကို အပြည့်အဝ နားလည်သွားမှာဆိုတော့ ဘယ်သူက ငါ့ကို သတ်နိုင်တော့မှာလဲ..."

မုန်လဲ့သည် နတ်ဘုရားမျိုးနွယ်စုကြီး သုံးခု၏ ရတနာသိုက်များကို သွားရောက်လုယက်ရန် မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေခဲ့လေပြီ။

"ဒါပေမဲ့ အဲဒီမတိုင်ခင် ပူဟာမန်နဲ့ ဖက်တီးတို့ကို အရင် အသက်ပြန်ရှင်အောင် လုပ်ပေးရဦးမယ်..."

ထိုသို့တွေးလိုက်သည်နှင့် မုန်လဲ့၏ မျက်ဝန်းများထဲမှ နူးညံ့သော ရွှေရောင်အလင်းတန်းများ ထပ်မံ ဖြာထွက်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိ အချိန်ရေစီးကြောင်းကို နောက်ပြန်လှည့်လိုက်ရာ လေဟာနယ် တစ်ခုလုံးမှာ ရုပ်ရှင်ကို နောက်ပြန်ရစ်နေသည့်အလား မြင်ကွင်းများ လျင်မြန်စွာ နောက်ပြန်ဆုတ်သွားပြီး ပူဟာမန်တို့ အသတ်မခံရခင် အချိန်သို့ ချက်ချင်း ရောက်ရှိသွားတော့၏။ ထိုအခါမှသာ မုန်လဲ့က ရပ်တန့်လိုက်လေသည်။

"ဟူး..."

မုန်လဲ့သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ နဖူးတွင် ချွေးစေးများ ပျံနေပြီး မျက်နှာမှာလည်း အနည်းငယ် ဖြူရော်နေ၏။ ခုနက အချိန်ကာလကို နောက်ပြန်လှည့်ခြင်းမှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ကြောင်း သိသာလှပေသည်။

အချိန်ကာလ နိယာမတရားကို အပြည့်အဝ နားလည်ထားပြီး ဖြစ်သော်လည်း ထိုအမြင့်ဆုံးနိယာမတရားကို ထိန်းချုပ်အသုံးပြုခြင်းက ဝိညာဉ်နှင့် ခန္ဓာကိုယ်အပေါ် အလွန်ကြီးမားသော ဝန်ပိစေခဲ့သည်။

ခုနက မျက်စိတစ်မှိတ်အတွင်းမှာပင် မုန်လဲ့သည် သူ၏ ဝိညာဉ်စွမ်းအားများ အလွန်အမင်း ကုန်ခမ်းသွားသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ် တစ်ခုလုံး အကုန်အစင် စုပ်ယူခံလိုက်ရသည့်အလား ဖြစ်သွားခဲ့၏။

"ခန္ဓာကိုယ်နဲ့ ဝိညာဉ်က အားနည်းလွန်းနေသေးတယ်..."

မုန်လဲ့က တိုးတိတ်စွာ ရေရွတ်လိုက်သည်။

"လုံလောက်တဲ့ စည်းစိမ်ချမ်းသာတွေ စုဆောင်းမိတဲ့အခါ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို သေချာပေါက် အဆင့်မြှင့်တင်ရမယ်... ဒါမှ အမြင့်ဆုံးနိယာမတရားတွေကို ထိန်းချုပ်ရတာ ပိုလွယ်ကူမှာ..."

အချိန်ကာလသည် ပင်မနတ်ဘုရားသုံးပါး မတိုက်ခိုက်မီ စက္ကန့်ပိုင်းအလိုသို့ နောက်ပြန်လှည့်သွားခဲ့ရာ ပူဟာမန်နှင့် အခြားသူများလည်း သဘာဝကျကျပင် အသက်ပြန်ရှင်လာခဲ့ကြသည်။

သို့သော် ထိုသူတို့၏ အသိစိတ်နှင့် အတွေးအမြင်များမှာ ထိုအချိန်အခိုက်အတန့်တွင်သာ ရပ်တန့်နေခဲ့သဖြင့် သူတို့ သေဆုံးခဲ့ဖူးကြောင်းကို လုံးဝ မသိရှိကြသလို နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အရာများကိုလည်း မသိကြချေ။ မုန်လဲ့ကလည်း ရှင်းပြမနေတော့ပေ။

လူတိုင်းက ပြန့်ကျဲနေသော နတ်ဘုရားအမြုတေများနှင့် သိုလှောင်လက်စွပ်များကို ကောက်ယူသိမ်းဆည်းပြီးနောက် သူတို့အုပ်စုသည် ခရီးဆက်ရန် ပြင်ဆင်လိုက်ကြ၏။

"သခင်... ကျွန်တော်တို့ နောက်ထပ် ဘယ်ကို ဆက်သွားကြမလဲ..."

ပူဟာမန်က ခါးညွှတ်၍ မေးလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်နေသော အမူအရာများ ရှိနေ၏။ ခုနက သူသည် နတ်ဘုရားအမြုတေ နှစ်ဆယ့်ကိုးခုနှင့် သိုလှောင်လက်စွပ် သုံးဆယ့်ခုနစ်ကွင်းကို ကောက်ရခဲ့သည်။

နတ်ဘုရားအမြုတေများကို ခဏထား၍ သိုလှောင်လက်စွပ် တစ်ကွင်းစီတိုင်း၏ အတွင်း၌ များပြားလှသော နတ်ဘုရားသလင်းကျောက်များ သိမ်းဆည်းထားရာ ကြီးမားလှသော ဝင်ငွေတစ်ခု ဖြစ်နေလေပြီ။ သူ မည်သို့ ဝမ်းမသာဘဲ နေနိုင်မည်နည်း။

"ဗီးနပ်စ် ဧရာမနဂါးမြို့တော်ကို အရင်သွားမယ်..."

မုန်လဲ့က ပြန်ဖြေလိုက်ပြီး ကြီးမြတ်သော လောကဖြတ်ကျော် နေရာရွှေ့ပြောင်းခြင်း မှော်ပညာကို ချက်ချင်း အသုံးပြုလိုက်သည်။

လေဟာနယ်က ပွင့်ထွက်သွားပြီး မှောင်မည်းနေသော အာကာသလမ်းကြောင်းတစ်ခု ထွက်ပေါ်လာရာ မုန်လဲ့က ထိုအထဲသို့ တိုးဝင်သွားတော့၏။

သူတို့ ပြန်လည် ထွက်ပေါ်လာချိန်တွင် အလင်းနှစ် ရာချီ ဝေးကွာသော အကွာအဝေးကို ဖြတ်ကျော်ကာ ဗီးနပ်စ် ဧရာမနဂါးမြို့တော်၏ ကောင်းကင်ယံသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

"ဒါက... ဗီးနပ်စ် ဧရာမနဂါးမြို့တော်လား..."

"ကျွန်တော်တို့ ခုနက ပန်းလုံတောင်တန်းမှာ ရှိနေတာ မဟုတ်ဘူးလား... ဘယ်လိုလုပ် မျက်စိတစ်မှိတ်အတွင်းမှာ ဗီးနပ်စ် ဧရာမနဂါးမြို့တော်ကို ရောက်လာရတာလဲ... ဒါက... ထင်ယောင်ထင်မှား ဖြစ်နေတာများလား..."

ပူဟာမန်နှင့် အခြားသူများမှာ အလွန်အမင်း အံ့ဩသွားကြပြီး သူတို့၏ မျက်လုံးများကို အဆက်မပြတ် ပွတ်သပ်ကာ မျက်စိရှေ့မှ မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်နေကြသည်။ ဖက်တီးဆိုလျှင် သူ၏ ပေါင်ကို အားရပါးရ ဆွဲဆိတ်လိုက်ရာ နာကျင်လွန်းသဖြင့် မျက်နှာပင် ရှုံ့မဲ့သွားရ၏။

"ရှုး... တကယ်ကြီး ဗီးနပ်စ် ဧရာမနဂါးမြို့တော်ပဲ..."

"အစ်ကိုကြီး... အစ်ကိုကြီး ဘယ်လိုလုပ်လိုက်တာလဲ..."

"ဘုရားရေ... မျက်စိတစ်မှိတ်အတွင်းမှာ အလင်းနှစ် နှစ်ရာကျော် အကွာအဝေးကို ဖြတ်ကျော်လာတာပဲ..."

"ဒါက ကြီးမြတ်တဲ့ လောကဖြတ်ကျော် နေရာရွှေ့ပြောင်းခြင်း မှော်ပညာပဲ..."

မုန်လဲ့က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။

"မင်းတို့လည်း အာကာသ နိယာမတရားကို နားလည်သွားတဲ့ တစ်နေ့ကျရင် လုပ်နိုင်လာမှာပါ..."

"ကြီးမြတ်တဲ့ လောကဖြတ်ကျော် နေရာရွှေ့ပြောင်းခြင်း မှော်ပညာ..."

"အာကာသ နိယာမတရား..."

"ထားလိုက်ပါတော့..."

"ကျွန်တော်တို့တော့ မျှော်လင့်ချက် မရှိပါဘူး..."

လူတိုင်းမှာ ချက်ချင်း ဆွံ့အသွားကြသည်။ အာကာသ နိယာမတရား ဆိုသည်မှာ အမြင့်ဆုံးနိယာမတရား တစ်ခု ဖြစ်ပေသည်။ သူတို့က အာကာသ နိယာမတရားကို နားလည်နိုင်မည်တဲ့လား။

ထိုအိပ်မက်က လုံးဝ မဖြစ်နိုင်လွန်းလှရာ အိပ်မက်ကို မက်ရန်ပင် သတ္တိမရှိကြချေ။ ရေချိုးပြီး အိပ်လိုက်တာကမှ ပိုကောင်းဦးမည်။

"ရည်မှန်းချက် မရှိတဲ့ ကောင်တွေ..."

မုန်လဲ့က ခေါင်းခါလိုက်ပြီး မြို့တော်ဝန် အိမ်တော်သို့ သွားရောက်ကာ မြို့တော်ဝန်၏ ရတနာသိုက်ကို လုယက်လိုက်လေသည်။

သူ၏ ကြွယ်ဝချမ်းသာမှုမှာ နတ်ဘုရားသလင်းကျောက် ထရီလီယံ ငါးရာ တိုးလာခဲ့ပြီး စုစုပေါင်း ကြွယ်ဝချမ်းသာမှုမှာ ထရီလီယံ လေးထောင့်ခုနစ်ရာကိုး သို့ ရောက်ရှိသွားခဲ့၏။

"နောက်တစ်မှတ်တိုင်... နိဟော့ခ် နတ်ဘုရားမျိုးနွယ်စုရဲ့ ဌာနချုပ်..."

မုန်လဲ့သည် ခဏမျှပင် မနားတော့ဘဲ ကြီးမြတ်သော လောကဖြတ်ကျော် နေရာရွှေ့ပြောင်းခြင်း မှော်ပညာကို အသုံးပြု၍ ခရီးဆက်လိုက်သည်။

သူသည် အာကာသ နိယာမတရားကို ရာနှုန်းပြည့် နားလည်ထားပြီးဖြစ်ရာ နေရာရွှေ့ပြောင်းနိုင်သည့် အကွာအဝေးမှာ များစွာ တိုးလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အလင်းနှစ် ထောင်သောင်းချီသော အကွာအဝေးကို ဖြတ်ကျော်နိုင်နေပြီ ဖြစ်၏။

အကွာအဝေး အရမ်းဝေးကွာလွန်း၍ နတ်ဘုရားစွမ်းအား အလွန်အမင်း ကုန်ခမ်းမည်ကိုသာ မစိုးရိမ်ရလျှင် မုန်လဲ့သည် မျက်စိတစ်မှိတ်အတွင်း အလင်းနှစ် သိန်းသန်းချီသော အကွာအဝေးကိုပင် နေရာရွှေ့ပြောင်းနိုင်စွမ်း ရှိပေသည်။

ဤသည်မှာ ကြီးမြတ်သော လောကဖြတ်ကျော် နေရာရွှေ့ပြောင်းခြင်း မှော်ပညာ၏ ကြောက်မက်ဖွယ် စွမ်းအားပင် ဖြစ်လေသည်။

ပို၍ တိတိကျကျ ဆိုရလျှင် အာကာသ နိယာမတရား၏ ကြောက်မက်ဖွယ် စွမ်းအားပင် ဖြစ်၏။

တစ်နာရီကျော် ကြာပြီးနောက် မုန်လဲ့သည် နိဟော့ခ် နတ်ဘုရားမျိုးနွယ်စု၏ ဌာနချုပ်သို့ နှောင်းပိုင်းတွင် ရောက်ရှိသွားခဲ့သည်။ နိဟော့ခ် ဧရာမနဂါး တောင်တန်း။

နိဟော့ခ် ကုန်းမြေ၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိသော ထိုကြီးမားလှသည့် တောင်တန်းကြီးမှာ အဆုံးအစမရှိအောင် ရှည်လျားလှပြီး အလင်းနှစ် မည်မျှအထိ ရှည်လျားကြောင်းကိုပင် မသိနိုင်ချေ။ တောင်ထွတ်များမှာ တိမ်တိုက်များကို ထိုးဖောက်ကာ မိုးကုတ်စက်ဝိုင်းအထိ မြင့်မားမတ်စောက်နေသည်။

တောင်ကြောတိုင်းတွင် နိဟော့ခ် နတ်ဘုရားမျိုးနွယ်စုဝင်များ မှီတင်းနေထိုင်ကြ၏။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီးနောက် နိဟော့ခ် နတ်ဘုရားမျိုးနွယ်စု၏ လူဦးရေမှာ အလွန်အမင်း များပြားလာခဲ့ပြီ ဖြစ်သည်။

များပြားလှသော လူများ အားလုံးနီးပါးမှာ နိဟော့ခ် ဧရာမနဂါး တောင်တန်းတွင် နေထိုင်ကြခြင်း ဖြစ်သည်။

မုန်လဲ့သည် နိဟော့ခ် ပင်မနတ်ဘုရား၏ မှတ်ဉာဏ်များကို ဖတ်ရှုထားသဖြင့် ထိုတောင်တန်းတွင် အကြီးအသေး တောင်ထွတ်ပေါင်း ခုနစ်သန်းကျော် ရှိကြောင်း သိထားပြီး တောင်ထွတ်တိုင်းမှာ အလင်းနှစ် အနည်းငယ်ခန့် ရှည်လျားကြောင်းလည်း သိရှိထား၏။

နိဟော့ခ် ပင်မနတ်ဘုရားသည် အမြင့်ဆုံး တောင်ထွတ်တွင် နေထိုင်ပြီး နတ်ဘုရားမျိုးနွယ်စု၏ ရတနာသိုက်မှာလည်း ထိုနေရာတွင်ပင် ရှိလေသည်။ မုန်လဲ့သည် လမ်းကြောင်းကို ကျွမ်းကျင်စွာ သိရှိနေသဖြင့် ရတနာသိုက် ရှိရာနေရာကို အလွယ်တကူပင် ရှာတွေ့သွားခဲ့သည်။

မုန်လဲ့သည် နတ်ဘုရားမျိုးနွယ်စု၏ ရတနာသိုက် တည်ရှိရာ ဂူပေါက်ဝသို့ ရောက်ရှိလာပြီး သူ၏ မွေးရာပါ အစွမ်းဖြစ်သော နေရာရွှေ့ပြောင်းခြင်းကို ချက်ချင်း အသုံးပြုလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရတနာသိုက် အတွင်းရှိ အဖိုးတန် ပစ္စည်းများမှာ တစ်ခုပြီးတစ်ခု လေဟာနယ်ထဲမှ ပျောက်ကွယ်သွားကြတော့၏။

တစ်ပြိုင်နက်တည်းမှာပင် သူ၏ ကိုယ်ရေးအချက်အလက်ဇယားရှိ ကြွယ်ဝချမ်းသာမှု ကဏ္ဍမှာ ရူးသွပ်စွာ တိုးပွားလာခဲ့ပြီး မကြာမီမှာပင် ထရီလီယံ ၅၀၀၀ ကို ကျော်လွန်သွားကာ အရှိန်အဟုန်ပြင်းစွာဖြင့် ဆက်လက် တိုးပွားနေတော့သည်။

All Chapters