← Chapters

အခန်း ၃၉၈

Vol. 40 Ch. 398

အခန်း ၃၉၈

Vol. 40 Ch. 398

အခန်း ၃၉၈ ဟင်းလင်းပြင် သားရဲကြီးနှင့် ချန်မန် သားရဲကြီး

"မိုလော့... အမြီးတစ်သောင်း မြွေဟောက်ကြီးဆိုတာ ဘယ်လို သက်ရှိမျိုးလဲ..."

မုန်လဲ့သည် စနစ်ကို မေးမြန်းနေလျှင် အဖြေရမည်မဟုတ်ကြောင်း ကောင်းစွာ သိရှိထားလေသည်။ ထို့ကြောင့် ရှေးဟောင်းခေတ်ကာလမှ အသက်ရှင်ကျန်ရစ်ခဲ့ပြီး မသိသောအရာမရှိသလောက် ဖြစ်နေသည့် သက်ရှိရုပ်ကြွင်းကြီး မိုလော့ထံသို့သာ လှည့်၍ မေးမြန်းလိုက်၏။

"အမြီးတစ်သောင်း မြွေဟောက်ကြီး..."

မိုလော့သည် မည်းမှောင်သော မီးခိုးငွေ့တန်းလေးတစ်ခုအသွင် ပြောင်းလဲကာ မုန်လဲ့၏ ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် အလွန်တရာ အံ့ဩသွားသော အမူအရာများ အထင်းသား ပေါ်လွင်နေပြီး မေးခွန်းထုတ်လာ၏။

"အမြီးတစ်သောင်း မြွေဟောက်ကြီးအကြောင်း မင်း ဘယ်ကနေ ကြားလာတာလဲ... ဒီလို ရှေးဟောင်း သက်ရှိတွေအကြောင်းကို သာမန်လူတွေ သိဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး..."

မုန်လဲ့က ရှင်းပြလိုက်သည်။

"ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီရှေ့က သလင်းကျောက်ဘောလုံးက အမြီးတစ်သောင်း မြွေဟောက်ကြီးရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုပဲ ဖြစ်ရမယ်... အဖြစ်နိုင်ဆုံးကတော့ သူ့ရဲ့ မျက်လုံးပဲ..."

အခြားသော သက်ရှိများထံမှ အမြီးတစ်သောင်း မြွေဟောက်ကြီး၏ သွေးမျိုးဆက် လုံးဝ ကျလာမည်မဟုတ်ကြောင်းကို မုန်လဲ့ သေချာပေါက် သိထား၏။ အမြီးတစ်သောင်း မြွေဟောက်ကြီး ကိုယ်တိုင် သို့မဟုတ် ၎င်း၏ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုမှသာလျှင် ထိုသွေးမျိုးဆက်ကို ရရှိနိုင်မည် ဖြစ်သည်။ ဤအချက်မှာ ယုံမှားသံသယဖြစ်ဖွယ် လုံးဝ မရှိချေ။

"မင်းက အမြီးတစ်သောင်း မြွေဟောက်ကြီးဆိုတာ ဘာမှန်းတောင် မသိဘဲနဲ့ ဒီအရာက သူ့မျက်လုံးလို့ တပ်အပ်ပြောရဲတယ်ပေါ့... မင်းက တော်တော် ရယ်ရတာပဲ..."

မိုလော့သည် လှောင်ပြောင်လိုက်ပြီးနောက် သေတ္တာထဲရှိ သလင်းကျောက်ဘောလုံးကို အသေအချာ ကြည့်ရှုလိုက်လေသည်။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် အံ့ဩမှုများ ထပ်မံ ပေါ်လာခဲ့၏။

"မင်း ရမ်းပြောလိုက်တာ တကယ် မှန်သွားတယ်... ဒီအရာက တကယ်ပဲ အမြီးတစ်သောင်း မြွေဟောက်ကြီးရဲ့ မျက်လုံးပဲ..."

ထိုစကားကြောင့် မုန်လဲ့၏ မျက်နှာမှာ မည်းမှောင်သွားခဲ့ရသည်။

"အလကား ရမ်းပြောစရာလား... ငါ့စွမ်းရည်နဲ့ငါ သိတာကွ... အပိုတွေ ပြောမနေဘဲ အမြီးတစ်သောင်း မြွေဟောက်ကြီးအကြောင်းသာ မြန်မြန် ပြောပြစမ်းပါ..."

မိုလော့သည် ခပ်ဟဟ ပြုံးလိုက်ပြီးနောက် စတင် ရှင်းပြလေတော့သည်။

"ဒီကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ အစွမ်းထက်တဲ့ သက်ရှိတွေ မရေမတွက်နိုင်အောင် မွေးဖွားလာခဲ့တယ်ဆိုတာ မင်း သိမှာပါ... နတ်ဘုရားတွေ... နတ်ဘုရားသားရဲတွေ... နတ်ဆိုးတွေ... မိစ္ဆာတွေနဲ့ သေမျိုးမဟုတ်တဲ့ သတ္တဝါတွေ အများကြီးပဲ... ဒါပေမဲ့ ဒီသက်ရှိတွေ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ အားလုံးက လောကကြီးကနေ မွေးဖွားလာကြတာချည်းပဲ..."

မိုလော့၏ စကားကို မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။ နတ်ဘုရားများ ဖြစ်စေ၊ မိစ္ဆာများ ဖြစ်စေ၊ သာမန်လူများ ဖြစ်စေ အားလုံးမှာ လောကကြီးအတွင်းမှ မွေးဖွားလာကြခြင်း ဖြစ်ကြောင်းကို သူ ကောင်းစွာ သိရှိထားပြီးသား ဖြစ်၏။

"ဒါကြောင့် ငါတို့က ဒီသက်ရှိတွေကို လောကသက်ရှိတွေလို့ ခေါ်ကြတယ်..."

မိုလော့က ဆက်လက်၍ ရှင်းပြနေသည်။

"ဒါပေမဲ့ ဒီကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ လောကကြီးကနေ မွေးဖွားလာတာ မဟုတ်ဘဲ အဆုံးအစမဲ့ ဟင်းလင်းပြင်ကြီးထဲကနေ တိုက်ရိုက် မွေးဖွားလာတဲ့ သက်ရှိတစ်မျိုးလည်း ရှိသေးတယ်..."

ထိုစကားကြောင့် မုန်လဲ့ အလွန်အမင်း အံ့ဩသွားခဲ့ရ၏။

"အဆုံးအစမဲ့ ဟင်းလင်းပြင်ထဲကနေ မွေးဖွားလာတယ်... ဟင်းလင်းပြင် ကမ္ဘာကြီးကလည်း သက်ရှိတွေကို မွေးဖွားပေးနိုင်လို့လား..."

ဟင်းလင်းပြင် ကမ္ဘာကြီးထဲတွင် မည်သည့်အရာများ ရှိနေသနည်း။ လေထု မရှိချေ။ မှော်စွမ်းအင်များ မရှိချေ။ တိရစ္ဆာန်နှင့် အပင်များ လုံးဝ မရှိချေ။ ဘာဆိုဘာမျှ မရှိသော နေရာကြီး ဖြစ်သည်။

အဆုံးအစမရှိသော အမှောင်ထု၊ အေးစက်မှု၊ တိတ်ဆိတ်ငြိမ်သက်မှုနှင့် ဟင်းလင်းပြင်ကြီးသာလျှင် ရှိလေသည်။ ထိုကဲ့သို့ ဘာမျှမရှိသော ကမ္ဘာကြီးက သက်ရှိများကို မွေးဖွားပေးနိုင်လိမ့်မည်ဟု မုန်လဲ့ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေမိ၏။

"ဒီလောကကြီးမှာ လုံးဝ ပုံသေမှတ်ထားလို့ရတဲ့ အရာဆိုတာ မရှိဘူး..."

မိုလော့သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးလိုက်လေသည်။

"ဟင်းလင်းပြင် ကမ္ဘာကြီးက ဘာမှမရှိတဲ့ ဟင်းလင်းပြင်ကြီးဖြစ်နေပြီး သက်ရှိတွေ မွေးဖွားလာဖို့ အရမ်း ခက်ခဲပေမဲ့ အဲဒီကနေ ထွက်ပေါ်လာတဲ့ သက်ရှိတစ်မျိုးတော့ ရှိတယ်..."

မုန်လဲ့၏ မျက်လုံးများ အရောင်လဲ့သွားပြီး အလွန်အမင်း စိတ်ဝင်တစားဖြင့် မေးလိုက်၏။

"ဘယ်လို သက်ရှိမျိုးလဲ..."

မိုလော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ဟင်းလင်းပြင် သားရဲကြီးတွေလေ..."

သူက ဆက်လက်၍ ရှင်းပြလာ၏။

"ဟင်းလင်းပြင် သားရဲကြီးတွေဆိုတာ ဟင်းလင်းပြင် ကမ္ဘာထဲမှာ မွေးဖွားလာတဲ့ ကြောက်စရာကောင်းတဲ့ သက်ရှိတစ်မျိုးပဲ... အရေအတွက် အလွန်နည်းပါးပေမဲ့ ဘယ်ဟင်းလင်းပြင် သားရဲကြီးမဆို ကြောက်မက်ဖွယ်ကောင်းတဲ့ မူလအင်အားနဲ့ ယှဉ်ပြိုင်လို့မရနိုင်တဲ့ အစွမ်းတွေကို ပိုင်ဆိုင်ထားကြတယ်..."

မိုလော့၏ အသံမှာ အနည်းငယ် လေးနက်သွားခဲ့သည်။

"မင်းလည်း သိတဲ့အတိုင်း အဆုံးအစမဲ့ ဟင်းလင်းပြင်ကြီးက ဘာမှမရှိတဲ့ ဟင်းလင်းပြင်ကြီးလေ... အစားအစာ ဆိုတာလည်း အလွန်ရှားပါးပြီး ပတ်ဝန်းကျင်ကလည်း အလွန်ဆိုးရွားတယ်... ပင်မနတ်ဘုရားတွေတောင် အဲဒီ ဟင်းလင်းပြင် ကမ္ဘာရဲ့ ပတ်ဝန်းကျင်ကို လုံးဝ မနှစ်သက်ကြဘူး... ဒါကြောင့် အဲဒီလို ဆိုးရွားတဲ့ ပတ်ဝန်းကျင်ကနေ မွေးဖွားလာတဲ့ သက်ရှိတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်..."

မုန်လဲ့သည် အလွန်အမင်း စိတ်ဝင်စားသွားခဲ့ပြီး ထပ်မံ၍ မေးခွန်းထုတ်လိုက်၏။

"ဟင်းလင်းပြင် သားရဲကြီးတွေက တကယ်ပဲ အဲဒီလောက်တောင် ကြောက်စရာကောင်းလို့လား..."

မိုလော့က ပြုံး၍ ရှင်းပြလာလေသည်။

"ဟင်းလင်းပြင် သားရဲကြီးတွေက နိယာမတရားတွေကို မကျင့်ကြံဘဲ ခန္ဓာကိုယ်ကိုပဲ သီးသန့် ကျင့်ကြံကြတယ်... ဒါကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်တွေက အရမ်းကို သန်မာကြံ့ခိုင်တယ်... ဒါပေမဲ့ ဟင်းလင်းပြင် သားရဲကြီး အမျိုးအစားတွေက အများကြီးရှိပြီး အမျိုးအစားပေါ် မူတည်လို့ စွမ်းအားကွာဟချက်လည်း အရမ်းကြီးမားတယ်... အစွမ်းအထက်ဆုံး ဟင်းလင်းပြင် သားရဲကြီးတွေဆိုရင် အုပ်စိုးသူတွေကိုတောင် ရင်ဆိုင်နိုင်စွမ်း ရှိတယ်..."

ထိုစကားကြောင့် မုန်လဲ့၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။

"ဒါပေမဲ့ အုပ်စိုးသူတွေကို ရင်ဆိုင်နိုင်တဲ့ ဟင်းလင်းပြင် သားရဲကြီးတွေကတော့ အလွန်ကို ရှားပါးပါတယ်... စကြဝဠာကြီး တစ်ခုလုံးမှာတောင် လက်ချိုးရေလို့ရတဲ့ အရေအတွက်ပဲ ရှိတယ်..."

မုန်လဲ့ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့၏။

"အုပ်စိုးသူတွေကို ရင်ဆိုင်နိုင်တယ်... ဒါဆို သူတို့ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် ကြောက်စရာကောင်းအောင် သန်မာနေမလဲ..."

မိုလော့က သက်ပြင်းချကာ ပြောဆိုလိုက်လေသည်။

"အရမ်းကို သန်မာတာပေါ့... မင်း စိတ်ကူးလို့ရတာထက်ကို ပိုပြီး သန်မာတယ်... ဟင်းလင်းပြင် သားရဲကြီးတွေနဲ့ ယှဉ်လိုက်ရင် တိုက်တန်တွေ... ဘီဟီမော့သ်တွေ... ဧရာမ ဆင်ကြီးတွေဆိုတာ ဘာမှမဟုတ်တဲ့ အကောင်ပေါက်စလေးတွေပဲ..."

မိုလော့သည် မုန်လဲ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဆက်ပြောလာ၏။

"မင်းက ဗဟုသုတ နည်းပါးတော့ ဟင်းလင်းပြင် သားရဲကြီးတွေ ဘယ်လောက် အစွမ်းထက်လဲဆိုတာ မသိတာပေါ့... ဒါပေမဲ့ မင်း လူတစ်ယောက်ရဲ့ နာမည်ကိုတော့ ကြားဖူးမှာပါ..."

မုန်လဲ့က သံသယဖြစ်စွာဖြင့် မေးလိုက်သည်။

"ဘယ်သူလဲ..."

မိုလော့သည် စကားလုံးများကို ဖြည်းညင်းစွာ ရေရွတ်လိုက်၏။

"ချန်မန် ဧကရာဇ် (အဆုံးအစမရှိသော ဧကရာဇ်​ နော် မမှတ်မိမှာဆိုးလို့)..."

မိုလော့၏ မျက်လုံးများထဲတွင် လေးစားမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။

"ဒီနာမည်ကိုတော့ မင်း ကြားဖူးမှာပါ... အကယ်၍ ဒီနာမည်ကိုတောင် မသိဘူးဆိုရင်တော့ မင်းကို ငါ တကယ် အထင်သေးရတော့မယ်..."

မုန်လဲ့က ခပ်ဟဟ ပြုံးလိုက်ပြီး ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်လေသည်။

"သေချာပေါက် ကြားဖူးတာပေါ့... သူ့ရဲ့ ဝိညာဉ်အပိုင်းအစကိုတောင် ငါ တွေ့ဖူးသေးတယ်... ပြီးတော့ သူ တစ်သက်လုံး စုဆောင်းလာခဲ့တဲ့ ရတနာတွေကိုလည်း ငါ ရထားတာလေ..."

ထိုစကားကြောင့် မိုလော့ အလွန်အမင်း အံ့ဩတုန်လှုပ်သွားခဲ့ရ၏။

"ဟင်... ချန်မန် ဧကရာဇ်ရဲ့ ရတနာတွေကို ရသွားပြီး နတ်ဘုရားတွေနဲ့ မိစ္ဆာ သန်းချီကို သတ်ဖြတ်ခဲ့တဲ့ လူယုတ်မာဆိုတာ မင်းလား..."

မုန်လဲ့သည်လည်း အနည်းငယ် ကြောင်အမ်းသွားခဲ့ရသည်။

"မင်း ဘယ်လို သိတာလဲ..."

မိုလော့သည် နှုတ်ခမ်းကို တွန့်ကွေးကာ လှောင်ပြောင်လိုက်၏။

"မသိဘဲ နေမလား... ချန်မန် လောကက တိုက်ပွဲကြောင့် မင်းရဲ့ နာမည်ဆိုးက စကြဝဠာ တစ်ခွင်လုံးကို ပျံ့နှံ့နေပြီလေ..."

သူက ဆက်လက်၍ ချီးကျူးစကား ဆိုလာသည်။

"ငါတောင် အဲဒီတုန်းက နည်းနည်း အံ့ဩသွားသေးတယ်... ချန်မန် ဧကရာဇ်များ ရှင်ပြန်ထမြောက်လာလို့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေ အများကြီး သေကုန်တာလားလို့ တွေးနေတာ..."

မုန်လဲ့က လှောင်ပြောင်သည့် အမူအရာဖြင့် ပြန်လည် တုံ့ပြန်လိုက်လေသည်။

"အဲဒီ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေက အရမ်း အားနည်းလွန်းနေလို့ပါ..."

မိုလော့က သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။

"ဒါလည်း ဟုတ်တာပါပဲ... မင်းနဲ့ ယှဉ်လိုက်ရင် သူတို့က ဘာမှမဟုတ်တဲ့ အကောင်ပေါက်စလေးတွေ ဖြစ်သွားတာကိုး... မင်းက ချန်မန် ဧကရာဇ်နဲ့ အနီးကပ် ထိတွေ့ဖူးတယ်ဆိုတော့ ဒီကောင် ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာ သိမှာပေါ့..."

မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

"အုပ်စိုးသူတွေနဲ့ ယှဉ်နိုင်တဲ့ ခန္ဓာကိုယ်ဆိုတော့ တကယ်ကို ကြောက်စရာကောင်းတာပေါ့..."

မိုလော့၏ အသံမှာ အနည်းငယ် လေးနက်သွားခဲ့ပြန်၏။

"ဒါဆို ချန်မန် ဧကရာဇ်က တကယ်တော့ ဟင်းလင်းပြင် သားရဲကြီး တစ်ကောင်ဆိုတာ မင်း သိလား..."

မုန်လဲ့၏ မျက်နှာပေါ်တွင် အလွန်အမင်း အံ့ဩသွားသော အမူအရာများ ပေါ်လာခဲ့ရသည်။

"ချန်မန် ဧကရာဇ်က ဟင်းလင်းပြင် သားရဲကြီး ဟုတ်လား... နောက်နေတာလား..."

မိုလော့က အလျင်အမြန်ပင် ပြင်ဆင်ပြောဆိုလိုက်၏။

"ဒီလိုပြောရင်လည်း မမှန်သေးဘူး... တိတိကျကျ ပြောရရင် သူက ဟင်းလင်းပြင် သားရဲကြီးရဲ့ ခန္ဓာကိုယ်ကို ဝင်ပူးထားတဲ့ နတ်ဘုရား တစ်ပါးပဲ..."

မိုလော့က ဆက်လက်၍ ရှင်းပြလာလေသည်။

"သူ ဝင်ပူးထားတဲ့ ဟင်းလင်းပြင် သားရဲကြီးက ချန်မန် သားရဲကြီးလို့ ခေါ်တယ်... ချန်မန် သားရဲကြီးတွေက အစွမ်းအထက်ဆုံး ဟင်းလင်းပြင် သားရဲကြီးတွေထဲက တစ်မျိုးပဲ... အရွယ်မရောက်သေးတဲ့ ချန်မန် သားရဲကြီးတွေတောင် အုပ်စိုးသူတွေကို ရင်ဆိုင်နိုင်စွမ်း ရှိတယ်..."

မုန်လဲ့မှာ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေမိ၏။

"ချန်မန် ဧကရာဇ်က... ချန်မန် သားရဲကြီးကို ဝင်ပူးခဲ့တာပေါ့..."

မိုလော့သည် ပြုံး၍ ခေါင်းခါလိုက်လေသည်။

"ဘယ်လောက်ပဲ အစွမ်းထက်တဲ့ သက်ရှိဖြစ်ပါစေ အားနည်းတဲ့ အခြေအနေကနေ တစ်လှမ်းချင်းစီ တက်လှမ်းလာရတာချည်းပဲ... ဟင်းလင်းပြင် သားရဲကြီးတွေလည်း ချွင်းချက် မဟုတ်ဘူး... ချန်မန် ဧကရာဇ်က ကံကောင်းသွားပြီး အရွယ်မရောက်သေးတဲ့ ချန်မန် သားရဲကြီး တစ်ကောင်ကို တွေ့သွားတာလေ... အဲဒါနဲ့ အောင်အောင်မြင်မြင် ဝင်ပူးနိုင်ခဲ့ပြီး နောက်ဆုံးမှာ အုပ်စိုးသူတွေ အဆင့်အထိ တက်လှမ်းသွားနိုင်ခဲ့တာပေါ့..."

သူ၏ လေသံမှာ အနည်းငယ် နှမြောတသဖြစ်နေပုံရ၏။

"နှမြောစရာကောင်းတာက သူ့ရဲ့ တိုးတက်လာမှုက အုပ်စိုးသူ လေးပါးရဲ့ နေရာကို ခြိမ်းခြောက်လာသလို ဖြစ်သွားတယ်... ဒါကြောင့် အုပ်စိုးသူ လေးပါးက သူဟာ ဟင်းလင်းပြင် သားရဲကြီး ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပင်မနတ်ဘုရား အားလုံးကို ပူးပေါင်းပြီး သူ့ကို သတ်ပစ်လိုက်ကြတာပဲ... ချန်မန် သားရဲကြီးကြောင့် ကြီးပွားခဲ့သလို ဟင်းလင်းပြင် သားရဲကြီး ဖြစ်နေလို့ပဲ ပျက်စီးခဲ့ရတာပေါ့..."

မုန်လဲ့မှာ အနည်းငယ် ဒေါသထွက်သွားခဲ့သည်။

"အုပ်စိုးသူ လေးပါးက တကယ်ကို အရှက်မရှိတာပဲ..."

မိုလော့က ခပ်ဟဟ ရယ်မောလိုက်ပြီး ဆက်ပြောလာ၏။

"အရှက်မရှိလို့ပဲ သူတို့က အုပ်စိုးသူ လေးပါး ဖြစ်နေတာပေါ့... ဒါပေမဲ့ သူတို့ ချန်မန် ဧကရာဇ်ကို သတ်လိုက်တာက ချန်မန် ဧကရာဇ်က သူတို့ နေရာကို ခြိမ်းခြောက်နေလို့ ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး..."

မုန်လဲ့က သံသယဖြစ်စွာဖြင့် မေးလိုက်သည်။

"တခြား အကြောင်းပြချက် ရှိသေးလို့လား..."

မိုလော့က လေးနက်စွာဖြင့် ရှင်းပြလာလေသည်။

"ဟင်းလင်းပြင် သားရဲကြီးတွေနဲ့ နတ်ဘုရား မိစ္ဆာတွေက မတူဘူးလေ... နတ်ဘုရား မိစ္ဆာတွေက ဆာလောင်မှု ရေငတ်မှုတွေကို မကြောက်ကြဘူး... ဒါပေမဲ့ ဟင်းလင်းပြင် သားရဲကြီးတွေကတော့ မတူဘူး... သူတို့ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ သန်မာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကြီး လှုပ်ရှားနိုင်ဖို့အတွက် စွမ်းအင်တွေ ရဖို့ အစားအစာတွေကို အမြဲတမ်း စားသုံးနေဖို့ လိုအပ်တယ်... ချန်မန် သားရဲကြီးကို ဝင်ပူးထားတဲ့ ချန်မန် ဧကရာဇ်လည်း ထိုနည်းတူပဲ..."

မိုလော့၏ အသံမှာ အနည်းငယ် တုန်ခါသွားခဲ့၏။

"အရွယ်ရောက်ပြီးသား ချန်မန် သားရဲကြီး တစ်ကောင်က ဘယ်လောက်တောင် စားနိုင်သလဲဆိုတာ မင်း စိတ်ကူးလို့တောင် ရမှာ မဟုတ်ဘူး... အကယ်၍ ချန်မန် ဧကရာဇ်ကိုသာ ဆက်ပြီး စားခွင့်ပြုထားမယ်ဆိုရင် ကျယ်ပြောလှတဲ့ စကြဝဠာကြီး တစ်ခုလုံး ပြောင်သလင်းခါသွားမှာ သေချာတယ်..."

သူ၏ မျက်လုံးများထဲတွင် အနည်းငယ် ကြောက်ရွံ့မှုများ ပေါ်လာခဲ့သည်။

"ဒါကြောင့် သူက မဖြစ်မနေ သေရမှာပဲ..."

မုန်လဲ့မှာ အလွန်အမင်း တုန်လှုပ်သွားခဲ့ရ၏။

"ဒီလို အကြောင်းပြချက်မျိုးလည်း ရှိသေးတာကိုး..."

မိုလော့က သက်ပြင်းချကာ ဆက်ပြောလာလေသည်။

"ဟင်းလင်းပြင် သားရဲကြီးတွေ အားလုံးက အရမ်းစားနိုင်ကြတယ်... သူတို့ ဖြတ်သွားတဲ့ နေရာတိုင်းမှာ ဘာမှမကျန်တော့ဘဲ ဟင်းလင်းပြင် ဖြစ်သွားလေ့ရှိတယ်... ဒါကြောင့် ဟင်းလင်းပြင် သားရဲကြီးတွေကို ဖျက်ဆီးခြင်း သားရဲကြီးတွေလို့လည်း ခေါ်ကြသေးတယ်..."

မိုလော့က မုန်လဲ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဆက်ပြောလာ၏။

"ဒါကြောင့် ဟင်းလင်းပြင် သားရဲကြီးတွေက နတ်ဘုရား မိစ္ဆာ အားလုံးရဲ့ ဘုံရန်သူတွေပဲ... ဟင်းလင်းပြင် သားရဲကြီးတွေကို ကာကွယ်ဖို့အတွက်ဆိုရင် နတ်ဘုရားနဲ့ မိစ္ဆာတွေတောင် ပူးပေါင်းသွားနိုင်တယ်..."

မုန်လဲ့မှာ အလွန်အမင်း အံ့ဩတုန်လှုပ်သွားခဲ့ရသည်။

"ဖျက်ဆီးခြင်း သားရဲကြီးတွေ..."

မိုလော့က ပြုံး၍ ရှင်းပြလာလေသည်။

"အမြီးတစ်သောင်း မြွေဟောက်ကြီးဆိုတာက သာမန် ဟင်းလင်းပြင် သားရဲကြီး အမျိုးအစားထဲက တစ်ခုပဲ... အရွယ်ရောက်ပြီးသား အမြီးတစ်သောင်း မြွေဟောက်ကြီး တစ်ကောင်က အဆင့်နိမ့်အဆင့် လောကတစ်ခုစာလောက် ကြီးမားတဲ့ ခန္ဓာကိုယ်ကြီး ရှိတယ်... ပြီးတော့ ခေါင်းပေါင်း တစ်သောင်း... အမြီးပေါင်း တစ်သောင်း ပါလို့ အမြီးတစ်သောင်း မြွေဟောက်ကြီးလို့ ခေါ်ကြတာပေါ့..."

မုန်လဲ့မှာ အသက်ရှူမှားမတတ် ဖြစ်သွားခဲ့ရ၏။

"အဆင့်နိမ့်အဆင့် လောကတစ်ခုစာလောက် ကြီးတယ်... ဒါ အရမ်း မကြီးလွန်းဘူးလား..."

မိုလော့က လှောင်ပြောင်သည့် အမူအရာဖြင့် ပြန်လည် တုံ့ပြန်လိုက်လေသည်။

"ကြီးတယ်... ဟားဟား... ဒါကို ကြီးတယ်လို့ ခေါ်သေးတာလား..."

မိုလော့က ခေါင်းခါလိုက်ပြီးနောက် စကားကို အဆုံးသတ်လိုက်၏။

"မင်းက တကယ် ကြီးမားတဲ့ ဟင်းလင်းပြင် သားရဲကြီးတွေကို မမြင်ဖူးသေးလို့ပါ... တကယ်လို့သာ မြင်ဖူးသွားမယ်ဆိုရင် အမြီးတစ်သောင်း မြွေဟောက်ကြီးကို ကြီးတယ်လို့ ပြောတော့မှာ မဟုတ်ဘူး…”

All Chapters