← Chapters

အခန်း ၄၀၄

Vol. 41 Ch. 404

အခန်း ၄၀၄

Vol. 41 Ch. 404

အခန်း ၄၀၄ အသက် အုပ်စိုးသူနှင့် အရိုးပင်ရှာမရအောင် သေဆုံးရခြင်း

"အား..."

"အား..."

"အား..."

သနားစရာကောင်းလောက်အောင် စူးရှလှသော အော်ဟစ်သံများက နိဟော့ခ် ဧရာမနဂါး တောင်တန်းကြီး၏ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားသည်။

ပူဟာမန်နှင့် ဆာလက်စ် အပါအဝင် လူခြောက်ယောက်၏ မျက်နှာများမှာ လုံးဝ ပုံပျက်ပန်းပျက် ဖြစ်နေပြီး ဝိညာဉ်ဖတ်ရှုခံရခြင်း၏ လူမဆန်သော နာကျင်မှုများကို အလူးအလဲ ခံစားနေကြရသည်။

အလွန်အမင်း နာကျင်လွန်းလှပေသည်။

"ပူဟာမန်..."

"ဂါရင်..."

"ခွေးကောင်တွေ..."

နာဂျီယာနှင့် အခြားသူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများပင် ပြုတ်ကျမတတ် ဒေါသထွက်နေကြသည်။ နေရာတွင်သာ လှုပ်မရအောင် အဖိခံထားရသဖြင့်သာ ငြိမ်နေရသော်လည်း ပင်မနတ်ဘုရား ခြောက်ပါးကို ပြေး၍ အသေသတ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေကြသည်။

မိနစ်အနည်းငယ် ကြာမြင့်ပြီးနောက် ဝိညာဉ်ဖတ်ရှုခြင်းမှာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

ခြောက်ယောက်စလုံး၏ အော်ဟစ်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။ သို့သော် သူတို့၏ အခြေအနေမှာ ဖက်တီးကဲ့သို့ပင် ဖြစ်သွားလေပြီ။

မျက်လုံးများက အသက်ကင်းမဲ့နေပြီး အရုပ်တစ်ရုပ်အလား ဖြစ်သွားသည်။ ရိုင်းစိုင်းစွာ ဝိညာဉ်ဖတ်ရှုခံလိုက်ရသဖြင့် မှတ်ဉာဏ်များ ပျက်စီးသွားပြီး ငတုံးများအဖြစ်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ နောင်တစ်ချိန်တွင်လည်း မည်သို့မျှ ပြန်လည် ကောင်းမွန်လာတော့မည် မဟုတ်ပေ။

ဘာဒို့စ်နှင့် အခြားသော ပင်မနတ်ဘုရား ခြောက်ပါးက ငတုံးများ ဖြစ်သွားသော ပူဟာမန်တို့ကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ အားလုံး၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်ကို တွေ့လိုက်ကြရသည်။

"လိုချင်တဲ့ အဖြေကို ရပြီလား..."

ရေခဲ နတ်ဘုရားမျိုးနွယ်စု၏ ပင်မနတ်ဘုရားက လေးနက်သော အသံဖြင့် မေးလိုက်သည်။

"သတ်ရမယ်..."

"အဲဒီကောင်ကို သေချာပေါက် သတ်ပစ်မှ ရမယ်..."

"သူသာ မသေရင် ချန်မန် ဧကရာဇ်ရဲ့ ကပ်ဘေးကြီး ထပ်ဖြစ်လာပြီး တစ်စကြဝဠာလုံး ပျက်စီးရလိမ့်မယ်..."

"သူ့ကို အမြန်ဆုံး ရှာဖွေပြီး ပင်မနတ်ဘုရားများ ခုံရုံးကို ခေါ်သွားကာ သေဒဏ်ပေးရမယ် မဟုတ်ရင် သူက နောက်ထပ် ချန်မန် ဧကရာဇ် တစ်ပါး ဖြစ်လာလိမ့်မယ် ချန်မန် ဧကရာဇ်ထက်တောင် ပိုပြီး ကြောက်စရာကောင်းဦးမယ်..."

ဘာဒို့စ် ပင်မနတ်ဘုရားက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

"ရှာ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် သူ့ကို သေချာပေါက် ရှာတွေ့အောင် ရှာ..."

"ဟုတ်ကဲ့ပါ အရှင် ဘာဒို့စ်..."

အခြား ပင်မနတ်ဘုရား ခြောက်ပါးက ညင်သာစွာ ဦးညွှတ်လိုက်ပြီးနောက် အမြန်ဆုံး လူခွဲကာ ရှာဖွေကြတော့သည်။

ဘာဒို့စ် ပင်မနတ်ဘုရားက လက်တစ်ဖက်ကို ဖြန့်လိုက်ရာ ရွှေရောင် သစ်ရွက်လေး တစ်ရွက် ထွက်ပေါ်လာသည်။ ပင်မနတ်ဘုရားစွမ်းအားများကို သစ်ရွက်လေးထဲသို့ ထည့်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ရွှေရောင် သစ်ရွက်လေးမှ တောက်ပလှသော ရွှေရောင် အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကြီးမားခမ်းနားလှသော ပုံရိပ်ကြီး တစ်ခုအဖြစ် စုစည်းသွားသည်။

ထိုပုံရိပ်ကြီးမှာ စိမ်းလန်းသော ဆံပင်ရှည်များကို ပိုင်ဆိုင်ထားသည်။ သူမ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ ကောင်းကင်နှင့်မြေကြီးကိုပင် လွှမ်းမိုးထားနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။

အရာအားလုံးကို အုပ်စိုးထားပြီး အရာအားလုံးကို ထိန်းချုပ်ထားနိုင်စွမ်း ရှိနေပေသည်။

"ကြီးမြတ်လှတဲ့ အသက် အုပ်စိုးသူ..."

ဘာဒို့စ်က ညင်သာစွာ ခါးညွှတ်ကာ အလွန်အမင်း ရိုသေလေးစားစွာဖြင့် နှုတ်ဆက်လိုက်သည်။

"အဲဒီ လူသတ်သမားကို ရှာတွေ့ပြီလား..."

အသက် အုပ်စိုးသူက ဖြည်းညင်းစွာ မေးမြန်းလိုက်သည်။ သူမ၏ အသံမှာ နွေဦးရာသီ၏ လေပြေလေးအလား နွေးထွေးပြီး သာယာငြိမ့်ညောင်းလှကာ စမ်းရေပေါက်လေးများ ကျဆင်းနေသည့်အလား လူတို့၏ စိတ်အစဉ်ကိုပါ ကြည်လင်သွားစေနိုင်စွမ်း ရှိသည်။

"အရှင် အဲဒီလူကို မရှာတွေ့သေးပါဘူး ဒါပေမဲ့..."

ဘာဒို့စ် ပင်မနတ်ဘုရားက ရိုသေလေးစားစွာဖြင့် ပြန်လည် တင်ပြလိုက်သည်။

"ကျွန်မ ရထားတဲ့ ယုံကြည်ရလောက်တဲ့ သတင်းတွေအရ အဲဒီလူရဲ့ အန္တရာယ် ပေးနိုင်စွမ်းက ချန်မန် ဧကရာဇ်ထက်တောင် ပိုပြီး ကြီးမားနေပါတယ် ဒါကြောင့် ပင်မနတ်ဘုရား အားလုံးကို စေလွှတ်ပြီး အဲဒီလူကို သေချာပေါက် ရှာဖွေကာ သတ်ပစ်ဖို့ အရှင့်ကို တောင်းဆိုချင်ပါတယ်..."

"ဘာဒို့စ် အဲဒီလောက်တောင် အခြေအနေ ဆိုးနေလို့လား..."

အသက် အုပ်စိုးသူမှာ အနည်းငယ် အံ့ဩသွားပုံပေါ်သည်။

ချန်မန် ဧကရာဇ် ဆိုသည်မှာ မည်သူနည်းဟု တွေးတောစရာပင်။ သူက အရွယ်မရောက်သေးသော ချန်မန် သားရဲကြီးကို ဝင်ပူးခဲ့ပြီး အရွယ်ရောက်ပြီးသော ချန်မန် သားရဲကြီး အဖြစ်သို့ တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။

သူ၏ အစွမ်းအစများမှာ အုပ်စိုးသူ လေးပါးနှင့် ယှဉ်လျှင် အနည်းငယ်မျှပင် မလျော့နည်းချေ။ အကယ်၍သာ အုပ်စိုးသူ လေးပါးက ပင်မနတ်ဘုရား တစ်ရာကျော်နှင့် ပူးပေါင်းကာ ဝိုင်းဝန်း မတိုက်ခိုက်ခဲ့လျှင် သူ့ကို သတ်နိုင်မည် မသတ်နိုင်မည်ကို မည်သူကမျှ အတတ်မပြောနိုင်ပေ။

ဤမျှလောက် အစွမ်းထက်လှသော သူနှင့် မည်သူကများ ယှဉ်နိုင်မည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။

"အရှင် အဲဒီကောင်က အခုထိ အသက်လေးဆယ့်ငါးနှစ်တောင် မပြည့်သေးဘူး ဒါပေမဲ့ သူက အချိန်ကာလ နိယာမတရားနဲ့ အာကာသ နိယာမတရားကို နားလည်နေပြီ သူ့ရဲ့ ပါရမီက သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မရှိဖူးလောက်အောင် ကြောက်စရာကောင်းနေတယ်..."

ဘာဒို့စ် ပင်မနတ်ဘုရားက ခါးညွှတ်ကာ ပြန်လည် တင်ပြလိုက်သည်။

"အကယ်၍ သူ့ကိုသာ ဆက်ပြီး ရှင်သန်ခွင့် ပေးထားမယ်ဆိုရင် သေချာပေါက် ချန်မန် ဧကရာဇ်ထက် ပိုပြီး ကြောက်စရာကောင်းတဲ့ ကပ်ဘေးကြီး ဖြစ်လာလိမ့်မယ်..."

"ဘာဒို့စ် မင်း ပြောတာ တကယ်လား..."

အသက် အုပ်စိုးသူ၏ အသံမှာ အနည်းငယ် မြင့်တက်သွားခဲ့သည်။

"လုံးဝ အမှန်ပါပဲ အရှင်..."

ဘာဒို့စ် ပင်မနတ်ဘုရားက ရိုသေစွာဖြင့် အတည်ပြုလိုက်သည်။

အသက် အုပ်စိုးသူမှာ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်မှ ဖြည်းညင်းစွာ ပြောဆိုလာသည်။

"သူ့ရဲ့ အခြေအနေက ချန်မန် ဧကရာဇ်နဲ့ မတူဘူး ငါတို့က အလျင်စလို ဆုံးဖြတ်လို့ မရဘူး သူ့ကို ကိုယ်တိုင် မြင်တွေ့ရမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်လိမ့်မယ် ဘာဒို့စ် မင်းတို့ သူ့ကို အမြန်ဆုံး ရှာဖွေလိုက် နောက်ကျရင် ငါ တခြား အုပ်စိုးသူတွေ ပင်မနတ်ဘုရားတွေနဲ့ အတူ လာခဲ့မယ်..."

"ဟုတ်ကဲ့ပါ အရှင်..."

စကားအဆုံးတွင် အသက် အုပ်စိုးသူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့လေပြီ။ ဘာဒို့စ် ပင်မနတ်ဘုရားကလည်း အချိန်ဆွဲမနေတော့ဘဲ အမြန်ဆုံး စတင် ရှာဖွေတော့သည်။

သူမ၏ အဆင့်မြင့် ပင်မနတ်ဘုရားအဆင့်ရှိ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားများနှင့် ကမ္ဘာမြေ နတ်ဘုရားလောကကြီး၏ စွမ်းအား ထောက်ပံ့မှုတို့ ပေါင်းစပ်လိုက်ချိန်တွင် သူမ၏ နတ်ဘုရားအာရုံမှာ လုံးဝ စိတ်ကူး၍မရနိုင်လောက်အောင် ကျယ်ပြန့်သော ဧရိယာအထိ ဖြန့်ကျက်နိုင်စွမ်း ရှိနေသည်။

လူတစ်ယောက်ကို ရှာဖွေရန်ဆိုသည်မှာ အလွန်တရာ လွယ်ကူလှသော ကိစ္စတစ်ခုပင် ဖြစ်သည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ အချိန်အတော်ကြာအောင် ရှာဖွေပြီးသော်လည်း မုန်လဲ့ကို လုံးဝ မတွေ့ရှိရခြင်းပင် ဖြစ်သည်။ ဤအချက်က ဘာဒို့စ် ပင်မနတ်ဘုရားကို အလွန်အမင်း ဒေါသထွက်သွားစေသည်။

"ဒီလူယုတ်မာကောင် တကယ်တော့ ဘယ်ရောက်သွားတာလဲ သူ ကမ္ဘာမြေ နတ်ဘုရားလောက ကနေ ထွက်သွားပြီလား အဲဒီလိုဆိုရင်တော့ တော်တော် ဒုက္ခရောက်ပြီ..."

"မင်းတို့ဆီမှာကော သတင်းတစ်ခုခု ရပြီလား..."

"မရသေးဘူး..."

"ရှာမတွေ့သေးဘူး..."

"အဲဒီကောင်ရဲ့ အရိပ်အယောင်တောင် မတွေ့ရဘူး..."

"ဒီကောင်က လုံးဝ ပျောက်ကွယ်သွားသလိုပဲ..."

အခြား ပင်မနတ်ဘုရားများကို မေးကြည့်သော်လည်း ရှာမတွေ့သေးကြောင်းသာ အဖြေရရှိသဖြင့် ဘာဒို့စ် ပင်မနတ်ဘုရားမှာ ပို၍ပင် ဒေါသထွက်သွားတော့သည်။

"ရှာ အုပ်စိုးသူ လေးပါးနဲ့ အခြား ပင်မနတ်ဘုရားတွေ မရောက်လာခင်မှာ သူ့ကို သေချာပေါက် ရှာတွေ့အောင် ရှာရမယ်..."

ထိုအချိန်တွင် မုန်လဲ့ ရောက်ရှိနေသည့် နေရာမှာ အခြား မဟုတ်ပေ။

သူက အဆုံးအစမရှိသော ဟင်းလင်းပြင်ကြီးထဲတွင် ရောက်ရှိနေခြင်း ဖြစ်သည်။

လောကငယ်လေး ပေါက်ကွဲသွားသဖြင့် နတ်ဘုရားနန်းတော်သို့ ပြန်မည့် အစီအရင်မှာလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ မုန်လဲ့မှာ ဟင်းလင်းပြင်ကြီးထဲတွင် ပိတ်မိနေခဲ့လေသည်။ ကမ္ဘာမြေ နတ်ဘုရားလောကသို့ ပြန်ရန် သူ ကိုယ်တိုင် နည်းလမ်း ရှာရတော့မည် ဖြစ်သည်။

သို့သော် ဤကိစ္စမှာ မုန်လဲ့အတွက် လုံးဝ အခက်အခဲ မဟုတ်ပေ။

သူသာ ကမ္ဘာမြေ နတ်ဘုရားလောကကို အာရုံခံမိသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ မျက်စိတစ်မှိတ်အတွင်း ပြန်လည် ရောက်ရှိသွားနိုင်စွမ်း ရှိသည်။

ကမ္ဘာမြေ နတ်ဘုရားလောကကို အာရုံခံရန် ပို၍ပင် လွယ်ကူသေး၏။ ပူဟာမန်တို့၏ ဝိညာဉ် အနှစ်သာရများက သူ့လက်ထဲတွင် ရှိနေသဖြင့် သူတို့ကို အာရုံခံလိုက်ရုံဖြင့် အလွယ်တကူ သိရှိနိုင်ပေသည်။

အချိန်ခဏအတွင်းမှာပင် မုန်လဲ့သည် ကမ္ဘာမြေ နတ်ဘုရားလောက၏ တည်နေရာ အတိအကျကို အာရုံခံမိသွားသည်။ ထို့နောက် နေရာရွှေ့ပြောင်းခြင်းဖြင့် နိဟော့ခ် ဧရာမနဂါး တောင်တန်းကြီး၏ ကောင်းကင်ယံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

"ဟင်..."

"အရမ်း အစွမ်းထက်တဲ့ အရှိန်အဝါပဲ..."

"ရုတ်တရက်ကြီး ထွက်ပေါ်လာတာ..."

"အဲဒီကောင်များလား..."

"သွားကြည့်ရအောင်..."

မုန်လဲ့ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပင်မနတ်ဘုရား ခုနစ်ပါးက ချက်ချင်းပင် သိရှိသွားကြသည်။

လေခွင်းသံများနှင့်အတူ ပင်မနတ်ဘုရား ခုနစ်ပါးမှာ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာကြပြီး မုန်လဲ့ကို ဝိုင်းရံလိုက်ကြသည်။

"ပင်မနတ်ဘုရား ခုနစ်ပါးလား..."

ရုတ်တရက် ထွက်ပေါ်လာသော ပင်မနတ်ဘုရား ခုနစ်ပါးကို မြင်လိုက်ရသောအခါ မုန်လဲ့က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သော်လည်း အလွန်အမင်း အံ့ဩသွားခြင်းတော့ မရှိချေ။

သူက တိုက်တန် ပင်မနတ်ဘုရား၊ နိဟော့ခ်နှင့် ကောင်းကင်တမန် ပင်မနတ်ဘုရား သုံးပါးကို သတ်ဖြတ်ခဲ့ရာ အခြား ပင်မနတ်ဘုရားများက သူ့ကို ကလဲ့စားချေရန် ရောက်လာမည်မှာ သဘာဝပင် ဖြစ်လေသည်။

မုန်လဲ့က ပင်မနတ်ဘုရား ခုနစ်ပါးကို ကြည့်နေသကဲ့သို့ ထိုခုနစ်ပါးကလည်း မုန်လဲ့ကို အသေအချာ ကြည့်ရှုနေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် စပ်စုချင်စိတ်များ သံသယများနှင့် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည်ကို တွေ့ရသည်။

"သခင်..."

"သခင် ပြန်လာပြီ..."

မုန်လဲ့ကို မြင်လိုက်ရသောအခါ နာဂျီယာ ပင့်ကူနတ်သမီးနှင့် အခြားသူများမှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားကြသည်။ စိတ်လှုပ်ရှားလွန်း၍ ဘာပြောရမှန်းပင် မသိတော့ချေ။ သူတို့၏ ဘဝတစ်လျှောက်လုံးတွင် ယခုအချိန်လောက် မုန်လဲ့ကို တွေ့ချင်နေသည့် အချိန်မျိုး လုံးဝ မရှိခဲ့ဖူးပေ။

"မင်းတို့ ဘာလို့ ဒီလောက်တောင် ပုံပျက်ပန်းပျက် ဖြစ်နေရတာလဲ..."

မြေကြီးပေါ်တွင် အဖိခံထားရသော နာဂျီယာတို့ကို ကြည့်ရင်း မုန်လဲ့၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။ အထူးသဖြင့် မျက်လုံးများ အသက်ကင်းမဲ့နေပြီး အရုပ်များအလား ဖြစ်နေသော ပူဟာမန် အပါအဝင် လူခြောက်ယောက်ကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွားတော့သည်။

"ဒါနဲ့ ဖက်တီးကော သူ ဘယ်ရောက်သွားလဲ..."

"သခင် ဖက်တီးကို သူ သတ်ပစ်လိုက်ပြီ..."

နာဂျီယာက ရေခဲ နတ်ဘုရားမျိုးနွယ်စု၏ ပင်မနတ်ဘုရား ချီအာတက်ကို လက်ညှိုးထိုးပြကာ ဒေါသတကြီး ပြောလိုက်သည်။

"သူက ဖက်တီးကို ဝိညာဉ်ဖတ်ရှုပြီး ငတုံးဖြစ်အောင် လုပ်ခဲ့တယ် ပြီးတော့ ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ် ပူဟာမန် ဘာဘရူးစ်နဲ့ တခြား ငါးယောက်ကိုလည်း ဝိညာဉ်ဖတ်ရှုပြီး လုံးဝ ငတုံးတွေ ဖြစ်သွားအောင် လုပ်ခဲ့တယ်..."

"သခင် သူတို့အတွက် သေချာပေါက် ကလဲ့စားချေပေးပါနော်..."

"သခင် ဒီပင်မနတ်ဘုရားတွေကို သတ်ပစ်ပါ သူတို့က တကယ်ကို မုန်းစရာ ကောင်းလွန်းတယ်..."

"ကောင်းပြီ ကောင်းပြီ အရမ်း ကောင်းတာပေါ့..."

မုန်လဲ့က ပင်မနတ်ဘုရား ခုနစ်ပါးကို အေးစက်စွာ ကြည့်လိုက်လေသည်။

"နိဟော့ခ် လူသတ်သမားက သူလား..."

ဘာဒို့စ် ပင်မနတ်ဘုရားက မုန်လဲ့ကို လုံးဝ အာရုံမစိုက်ဘဲ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ နိဟော့ခ် အပါအဝင် ပင်မနတ်ဘုရား သုံးပါး၏ ဝိညာဉ်အပိုင်းအစများကို ထုတ်လွှတ်ပေးလိုက်ပြီး အေးစက်စွာ မေးမြန်းလိုက်သည်။

"အရှင် သူပဲ..."

နိဟော့ခ်က မုန်လဲ့ကို မြင်လိုက်သည်နှင့် သူ၏ မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်သွားပြီး အော်ဟစ်လိုက်လေသည်။

"ဒီလူယုတ်မာက ကျွန်တော်ရယ် ဒေါ်ဆန်ရယ် ရာဖေးလ်ရယ် သုံးယောက်လုံးကို သတ်ပစ်ခဲ့တာ အရှင် ကျွန်တော်တို့အတွက် ကလဲ့စားချေပေးပါနော်..."

"ခွေးကောင် မင်းရဲ့ အသားတွေကို စားပြီး သွေးတွေကို သောက်ပစ်ချင်တယ်..."

တိုက်တန် ပင်မနတ်ဘုရားနှင့် ကောင်းကင်တမန် ပင်မနတ်ဘုရားတို့လည်း ဒေါသတကြီးဖြင့် ဆဲဆိုနေကြတော့သည်။

"ဝိညာဉ်အပိုင်းအစလေး ဖြစ်နေတာတောင် ဒီလောက် ဟောင်ရဲသေးတယ်ပေါ့..."

မုန်လဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ အလွန်တရာ ကြမ်းတမ်းလှသော ဝိညာဉ်စွမ်းအား လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာကာ ပင်မနတ်ဘုရား သုံးပါး၏ ဝိညာဉ်အပိုင်းအစများကို မျက်စိတစ်မှိတ်အတွင်း အမှုန့်ကြိတ်ပစ်လိုက်သည်။

သူတို့သည် ကျယ်ပြောလှသော စကြဝဠာကြီးထဲမှ လုံးဝ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ရိုင်းစိုင်းလိုက်တာ..."

ဘာဒို့စ် ပင်မနတ်ဘုရားမှာ လုံးဝ ဒေါသပေါက်ကွဲသွားတော့သည်။

"လူယုတ်မာ မင်းက ပင်မနတ်ဘုရား သုံးပါးကို သတ်ရဲတယ်ပေါ့လေ တကယ်ကို ရက်စက်ကြမ်းကြုတ်လွန်းတယ် အသိဉာဏ်ရှိရင် အခုချက်ချင်း ငါတို့နဲ့အတူ ပင်မနတ်ဘုရားများ ခုံရုံးကို လိုက်ခဲ့ပြီး အုပ်စိုးသူ လေးပါးရဲ့ စီရင်ချက်ကို ခံယူလိုက် မဟုတ်ရင်တော့ မင်း အရိုးတောင် ရှာမရအောင် သေသွားလိမ့်မယ်..."

"ငါ့ကို အရိုးတောင် ရှာမရအောင် သေစေမယ် ဟုတ်လား ဟီးဟီး ငါက အခုချက်ချင်း မင်းတို့ကို အရိုးတောင် ရှာမရအောင် လုပ်ပြမယ်…”

All Chapters