← Chapters

အခန်း ၄၀၇

Vol. 41 Ch. 407

အခန်း ၄၀၇

Vol. 41 Ch. 407

အခန်း ၄၀၇ အထွတ်အထိပ် ကောင်းကင်ဘုံနှင့် ထာဝရစွမ်းအင်

အနက်ရောင် တွင်းပေါက်ကြီးက ကောင်းကင်ယံထက်တွင် ကြီးမားလှသော အနက်ရောင် နေမင်းကြီး တစ်စင်းအလား တွဲလွဲခိုနေသည်။ အလင်းနှစ်ပေါင်းများစွာ ဝေးကွာသော နေရာမှပင် ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး မရေမတွက်နိုင်သော နတ်ဘုရားများ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့၏။

"အဲဒါ ဘာကြီးလဲ... အနက်ရောင် နေမင်းကြီးလား..."

"အဲဒီဘက်မှာ အစွမ်းထက်တဲ့ သူတွေ တိုက်ခိုက်နေတာ သေချာတယ်..."

"အဲဒါ နိဟော့ခ် နတ်ဘုရားမျိုးနွယ်စုကြီးဆီက မဟုတ်ဘူးလား..."

နတ်ဘုရားများက လက်ညှိုးထိုးကာ အချင်းချင်း ဆွေးနွေးပြောဆိုနေကြသည်။

အခြားတစ်ဖက်တွင် အုပ်စိုးသူ သုံးပါး ဦးဆောင်သော ပင်မနတ်ဘုရားများမှာ ကမ္ဘာမြေနတ်ဘုရားလောကသို့ နောက်ဆုံးတွင် ရောက်ရှိလာကြပြီ ဖြစ်သည်။ မိမိတို့၏ လောက မဟုတ်သဖြင့် ပင်မနတ်ဘုရားများမှာ နေရာရွှေ့ပြောင်းခြင်းကို အသုံးမပြုနိုင်ဘဲ ပျံသန်း၍သာ ခရီးဆက်ရ၏။

ပင်မနတ်ဘုရားများ၏ ပျံသန်းမှု အမြန်နှုန်းမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိသော်လည်း ကမ္ဘာမြေနတ်ဘုရားလောကကြီးမှာ အလွန်တရာ ကြီးမားကျယ်ပြန့်လွန်းလှရာ သူတို့၏ အမြန်နှုန်းမှာ အတော်လေး နှေးကွေးနေပုံပေါ်သည်။

"အဲဒီဘက်မှာက..."

ပျံသန်းနေစဉ်အတွင်း အုပ်စိုးသူများနှင့် ပင်မနတ်ဘုရားများသည် နိဟော့ခ် ဧရာမနဂါး တောင်တန်းကြီး၏ ကောင်းကင်ယံရှိ တိုက်ပွဲကို သတိပြုမိသွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

"အခြေအနေကို ကြည့်ရတာ... အာဒယ်လာက အဲဒီလူယုတ်မာနဲ့ တိုက်ခိုက်နေပြီ ထင်တယ်..."

ရေတံခွန်အလား အစိမ်းရောင် ဆံပင်ရှည်များကို ပိုင်ဆိုင်ထားသည့် အသက်အုပ်စိုးသူက ဖြည်းညင်းစွာ ပြောလိုက်သည်။ သူမ၏ မျက်နှာအမူအရာမှာ သိပ်မကောင်းလှချေ။ အထူးသဖြင့် မုန်လဲ့အကြောင်းကို ပြောလိုက်ချိန်တွင် သူမ၏ မျက်ဝန်းများထဲမှ မီးတောက်များပင် ထွက်ပေါ်လာတော့၏။

ထိုစကားကို ကြားသောအခါ ပင်မနတ်ဘုရားများမှာ အလွန်အမင်း ဝမ်းသာသွားကြပြီး ရေရွတ်လိုက်ကြသည်။

"အရှင် အာဒယ်လာ ရှိနေမှတော့ အဲဒီလူယုတ်မာ သေချာပေါက် အဖမ်းခံရမှာပါ... ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်ကျရင် တိုက်ပွဲတောင် ပြီးနေလောက်ပြီ..."

"ဒါပေါ့..."

သေမင်းအုပ်စိုးသူနှင့် ဖျက်ဆီးခြင်းအုပ်စိုးသူတို့၏ မျက်နှာများမှာ အေးစက်တည်ငြိမ်နေပြီး သူတို့၏ ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ နိဟော့ခ် နတ်ဘုရားမျိုးနွယ်စု ရှိရာ အရပ်သို့သာ အမြန်ဆုံး ပျံသန်းသွားကြတော့၏။

"ငါတို့လည်း သွားကြတာပေါ့..."

...

"ဒီလို တိုက်ခိုက်မှုမျိုးက ငါ့အတွက် အလကားပါပဲလို့ ငါ ပြောခဲ့တယ်လေ..."

ခေါင်းပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာသော တောက်ပသည့် ငွေရောင် ဓားကြီးကို ကြည့်ရင်း မုန်လဲ့က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် ငွေရောင် အလင်းတန်းများ လက်သွားပြီး ရှေ့တွင် အာကာသ အက်ကွဲကြောင်းကြီး တစ်ခု ထွက်ပေါ်လာကာ ငွေရောင် ဓားကြီးကို တစ်လုတ်တည်း မျိုချပစ်လိုက်၏။

မုန်လဲ့က အာကာသအုပ်စိုးသူကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"တိုက်ခိုက်လာတာကို ပြန်မတုံ့ပြန်ရင် ရိုင်းရာကျမှာပေါ့... မင်းရဲ့ အာကာသဓားကြီးရဲ့ အရသာကို ကိုယ်တိုင် ပြန်မြည်းစမ်းကြည့်လိုက်ပါဦး..."

စကားသံ မဆုံးမီမှာပင် အာကာသအုပ်စိုးသူ၏ နောက်ကျောဘက်တွင် အက်ကွဲကြောင်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး စောစောက ပျောက်ကွယ်သွားသော အာကာသဓားကြီးက ထွက်ပေါ်လာကာ အာကာသအုပ်စိုးသူကို တိုက်ရိုက် ခုတ်ပိုင်းလိုက်လေသည်။

"မင်းက အာကာသနိယာမတရားကို အပြည့်အဝ နားလည်ထားတာပဲ..."

အကြိမ်အနည်းငယ်မျှ ဖလှယ်အပြီးတွင် အာကာသအုပ်စိုးသူသည် မုန်လဲ့၏ အာကာသနိယာမတရား နားလည်မှု အတိုင်းအတာကို အကြမ်းဖျင်း သိရှိသွားခဲ့ပြီ ဖြစ်ရာ အလွန်အမင်း အံ့ဩသွားသလို ဒေါသလည်း ထွက်သွားရ၏။

အံ့ဩရခြင်းမှာ နာမည်မရှိသော သာမန်လူတစ်ယောက်က အာကာသနိယာမတရားကဲ့သို့ အထွတ်အထိပ် နိယာမတရားကို အပြည့်အဝ နားလည်ထားခြင်းကြောင့် ဖြစ်သည်။

ဒေါသထွက်ရခြင်းမှာ အာကာသနိယာမတရား ဆိုသည်မှာ သူ တစ်ဦးတည်းသာ ပိုင်ဆိုင်သော နိယာမတရား ဖြစ်ပြီး ကျယ်ပြောလှသော စကြဝဠာကြီး တစ်ခုလုံးတွင် သူ တစ်ဦးတည်းသာ တစ်ရာရာခိုင်နှုန်း နားလည်ထားခြင်း ဖြစ်၏။

ယခုအခါ အခြားလူတစ်ယောက်က အပြည့်အဝ နားလည်သွားပြီ ဖြစ်ရာ သူ၏ ပစ္စည်းကို လုယူခံလိုက်ရသည့်အလား အလွန်အမင်း ဒေါသထွက်နေမိတော့သည်။

"အခုမှ သိတာလား... နောက်ကျသွားပြီ..."

မုန်လဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ မျက်ဝန်းများထဲမှ တောက်ပသော ငွေရောင် အလင်းတန်းများ ပျောက်ကွယ်သွားပြီး အလွန် ညင်သာနူးညံ့သော ရွှေရောင် နတ်ဘုရားအလင်းတန်းများ အစားထိုး ဝင်ရောက်လာ၏။

"ငါ့ရဲ့ တိုက်ခိုက်မှုက ငါ့ကို ပြန်ထိမယ်လို့ မင်း ထင်နေတာလား... ရယ်စရာပဲ..."

အာကာသအုပ်စိုးသူက နောက်ကျောဘက်ရှိ အာကာသဓားကြီးကို လှည့်ပင် မကြည့်ဘဲ ဓားသွားအလား ထက်မြက်သော အကြည့်များဖြင့် မုန်လဲ့ကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"မင်းက အာကာသနိယာမတရားကို အပြည့်အဝ နားလည်ထားမှတော့... မင်း သေချာပေါက် သေရမယ်... ဒီကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ ငါ တစ်ပါးတည်းသာ အာကာသနိယာမတရားကို နားလည်ပိုင်ခွင့် ရှိတယ်..."

စကားပြောနေရင်းပင် နောက်ကျောမှ ဝင်ရောက်လာသော အာကာသဓားကြီးကို ရှောင်တိမ်းရန် နေရာရွှေ့ပြောင်းလိုက်သည်။

သို့သော် ထိုအချိန်မှာပင် သူ၏ နောက်ကျောဘက်မှ ရင်ကွဲမတတ် နာကျင်မှုကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ အာကာသဓားကြီးက အာကာသအုပ်စိုးသူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ခုတ်ပိုင်းလိုက်ပြီး ဖျက်ဆီး၍မရနိုင်သော သူ၏ နတ်ဘုရားခန္ဓာကိုယ်တွင် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်သွားစေတော့သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

အာကာသအုပ်စိုးသူမှာ အလွန်အမင်း အံ့ဩမှင်တက်သွားရ၏။ အာကာသဓားကြီး၏ ရွေ့လျားမှု အမြန်နှုန်းမှာ မည်မျှ မြန်ဆန်ကြောင်းကို သူ ကောင်းစွာ သိရှိထားသည်။

သူ၏ ခန့်မှန်းချက်အရ ယခု နေရာရွှေ့ပြောင်းလိုက်ပါက အာကာသဓားကြီး၏ တိုက်ခိုက်မှုကို လုံးဝ ရှောင်တိမ်းနိုင်မည် ဖြစ်၏။ သို့သော် အဘယ်ကြောင့် အထိခံလိုက်ရသည်ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။

"အချိန်ကာလ အရှိန်မြှင့်ခြင်း အကြောင်းကို နည်းနည်းပါးပါး လေ့လာထားပါဦး..."

မုန်လဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းကို ပြောပြဖို့ မေ့နေတာ... ငါက အာကာသနိယာမတရား ကိုတင် အပြည့်အဝ နားလည်ထားတာ မဟုတ်ဘူး... အချိန်ကာလနိယာမတရားကိုလည်း နားလည်ထားသေးတယ်... အဲဒီအပြင် အသက်နိယာမတရား နဲ့ ဖျက်ဆီးခြင်းနိယာမတရားကိုလည်း နားလည်ထားသေးတယ်... ဆိုလိုတာက ငါက အထွတ်အထိပ် နိယာမတရား လေးခုကို အပြည့်အဝ နားလည်ထားတာပဲ... မင်း ကြောက်သွားပြီလား..."

"အထွတ်အထိပ် နိယာမတရား လေးခုကို အပြည့်အဝ နားလည်ထားတယ်..."

အာကာသအုပ်စိုးသူမှာ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် အေးစက်စွာ ဆက်တိုက် ရယ်မောလိုက်လေသည်။

"အောက်တန်းကျတဲ့ကောင်... လေလုံးမထွားစမ်းနဲ့... မင်း အာကာသနိယာမတရားကို အပြည့်အဝ နားလည်ထားတာတောင် ရှားပါးလှပြီ... တခြား အထွတ်အထိပ် နိယာမတရား သုံးခု ဆိုတာကိုတော့ ပြောမနေနဲ့တော့... မင်းစကားကို ကြားရင် တခြားသူတွေ ရယ်လွန်းလို့ သွားတောင် ကျွတ်ကုန်လိမ့်မယ်..."

အာကာသအုပ်စိုးသူက မုန်လဲ့ကို အထင်သေးနေခြင်း မဟုတ်ပေ။ အထွတ်အထိပ် နိယာမတရားများမှာ အလွန်တရာ ရှုပ်ထွေးနက်နဲလွန်းလှပြီး နားလည်ရန် မည်မျှ ခက်ခဲကာ အချိန် မည်မျှ ကြာမြင့်ကြောင်းကို အာကာသအုပ်စိုးသူ ကိုယ်တိုင် အသိဆုံး ဖြစ်၏။

လူ၏ စွမ်းဆောင်ရည်က အကန့်အသတ် ရှိသည်။

အချိန်က အကန့်အသတ် ရှိသည်။

ပါရမီက အကန့်အသတ် ရှိသည်။

လေးခု ဆိုသည်ကို အသာထား... နှစ်ခုတောင် နားလည်နိုင်ရန် လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်လေသည်။

"ယုံချင်ယုံ မယုံချင်နေ... ဘာပဲဖြစ်ဖြစ် ဒီနေ့ မင်း ဒီနေရာမှာပဲ သေရဖို့ များနေပြီ..."

မုန်လဲ့က ခေါင်းခါကာ ရယ်မောလိုက်သည်။

"တွေးကြည့်မယ်ဆိုရင်... ငါက ပြီးပြည့်စုံသောအဆင့်တွေကို သတ်ဖူးတယ်... ပင်မနတ်ဘုရားတွေကို သတ်ဖူးတယ်... ဒါပေမဲ့ အထွတ်အထိပ် အုပ်စိုးသူတွေကိုတော့ တစ်ခါမှ မသတ်ဖူးသေးဘူး... ဒါက တကယ့်ကို နှမြောစရာကောင်းတဲ့ ကိစ္စပဲ... ဒါကြောင့် ဒီနေ့တော့ မင်းကို သတ်ပြီး စမ်းသပ်ကြည့်ရမယ်..."

"ငါ့ကို သတ်မယ် ဟုတ်လား... မင်းလို ကောင်ကများ..."

အာကာသအုပ်စိုးသူက စကြဝဠာ တစ်ခုလုံးတွင် ရယ်စရာအကောင်းဆုံး ဟာသကို ကြားလိုက်ရသည့်အလား ရူးသွပ်စွာ ရယ်မောလိုက်လေသည်။ ရယ်သံကြီးက မိုးခြိမ်းသံကြီးအလား လေဟာနယ် တစ်ခွင်လုံးတွင် ဟိန်းဟောက်သွားပြီး ကောင်းကင်ကြီးကိုပင် တုန်လှုပ်သွားစေ၏။

"အရမ်း ရယ်ရလို့လား..."

မုန်လဲ့က မျက်ခုံးပင့်လိုက်သည်။

"သေရတော့မှာကိုတောင် ရယ်နိုင်သေးတယ်ပေါ့..."

"မင်းလို ငတုံး ငအ တစ်ယောက်ကို ကြည့်ပြီး ငါက ရယ်နေတာကွ..."

အာကာသအုပ်စိုးသူက ရယ်မောခြင်းကို ရပ်တန့်လိုက်သည်။

"မင်းကို ပြောပြရဦးမယ်... မင်းက အထွတ်အထိပ် နိယာမတရား ငါးခုလုံးကို အပြည့်အဝ နားလည်ထားတယ် ဆိုရင်တောင် ငါ့ကို သတ်လို့ မရဘူး... ဘာလို့လဲ ဆိုတာ သိလား..."

"ဘာလို့လဲ..."

မုန်လဲ့က မျက်ခုံးပင့်လိုက်၏။

"ဒါက အထွတ်အထိပ် ကောင်းကင်ဘုံ ကြောင့်ပဲ..."

မိုလော့၏ အသံ ထွက်ပေါ်လာလေသည်။

"အထွတ်အထိပ် ကောင်းကင်ဘုံ က နတ်ဘုရားလောကကြီး ဆယ်ခုနဲ့ မတူဘူး... သူက အဆင့်မြင့်လောက မဟုတ်ဘဲ အထွတ်အထိပ် လောက ဖြစ်နေလို့ပဲ..."

"အထွတ်အထိပ် လောက ဖြစ်တော့ ဘာဖြစ်လဲ..."

မုန်လဲ့၏ မျက်နှာပေါ်တွင် သံသယဖြစ်သည့် အရိပ်အယောင်များ ပေါ်လာ၏။

"အထွတ်အထိပ် လောက ဆိုတာ... ဘာကို အထွတ်အထိပ်လို့ ခေါ်တာလဲ..."

မိုလော့က သူ့ကိုယ်သူ မေးပြီး ပြန်ဖြေနေသည့်အလား ပြောလိုက်သည်။

"အဆင့်မြင့်လောကတွေထက် အများကြီး ကျယ်ပြန့်တဲ့ နယ်မြေတွေနဲ့ အဆုံးအစမရှိတဲ့ လောကရဲ့ စွမ်းအားတွေ အပြင်... အဆင့်မြင့်လောကတွေမှာ မရှိတဲ့ အရာတစ်ခု ရှိသေးတယ်..."

"ဘာအရာလဲ..."

မုန်လဲ့က သံသယဖြစ်စွာဖြင့် မေးလိုက်သည်။

မိုလော့က ရှင်းပြလေသည်။

"ငါ အရင်က မင်းကို ပြောဖူးတယ်လေ... သာမန်လောကတွေရဲ့ လောကနှလုံးသားက အခြေခံနိယာမတရား ဆယ်ခုနဲ့ မူလစွမ်းအား ဆယ်ခုနဲ့ ဖွဲ့စည်းထားတယ် ဆိုတာ..."

"အဆင့်မြင့်လောကတွေရဲ့ လောကနှလုံးသားကကျတော့ အခြေခံနိယာမတရား ဆယ်ခု ရယ် မူလစွမ်းအား ဆယ်ခု ရယ် အထွတ်အထိပ် နိယာမတရား ငါးခု ရယ် အထွတ်အထိပ် နိယာမတရား စွမ်းအား ငါးခု ရယ်နဲ့ ဖွဲ့စည်းထားတယ်... ဒါပေမဲ့ အထွတ်အထိပ် လောကရဲ့ လောကနှလုံးသားကတော့ မတူပြန်ဘူး..."

"ဘယ်လို မတူတာလဲ..."

မုန်လဲ့မှာ ပို၍ပင် သံသယ ဝင်သွားတော့၏။

"အထွတ်အထိပ် လောကရဲ့ လောကနှလုံးသားက နိယာမတရား ဆယ့်ငါးခုနဲ့ နိယာမတရား စွမ်းအား ဆယ့်ငါးခု အပြင်... နောက်ထပ် အရာတစ်ခု ပါဝင်သေးတယ်... အဲဒီအရာကတော့ ထာဝရစွမ်းအင်ပဲ..."

မိုလော့က ဖြည်းညင်းစွာ ဆက်ပြောလာသည်။

"ထာဝရစွမ်းအင်က အထွတ်အထိပ် နိယာမတရား... အထွတ်အထိပ် နိယာမတရား စွမ်းအားတို့လိုပဲ မပျက်စီးနိုင်တဲ့ ဒြပ်စင် တစ်မျိုးပဲ... ထာဝရစွမ်းအင်က ဘယ်တော့မှ လျော့နည်းမသွားဘူး... ဘယ်တော့မှ ပျောက်ကွယ်မသွားဘူး... ဘယ်တော့မှ ပျက်စီးမသွားဘူး... ထာဝရ မပျက်စီးနိုင်တဲ့ အကြွင်းမဲ့ ထာဝရ ဖြစ်တည်မှုပဲ..."

"ထာဝရစွမ်းအင်..."

မုန်လဲ့က တိုးတိတ်စွာ ရေရွတ်လိုက်သည်။

"ထာဝရစွမ်းအင် ပါဝင်နေတဲ့အတွက် အထွတ်အထိပ် ကောင်းကင်ဘုံရဲ့ လောကနှလုံးသားက နတ်ဘုရားလောက ဆယ်ခုရဲ့ လောကနှလုံးသားနဲ့ မတူဘူး... ဒါကြောင့် အထွတ်အထိပ် ကောင်းကင်ဘုံက အုပ်စိုးသူတွေ ပင်မနတ်ဘုရားတွေရဲ့ ပင်မနတ်ဘုရားအမြုတေတွေကလည်း နတ်ဘုရားလောက ဆယ်ခုက ပင်မနတ်ဘုရားအမြုတေတွေနဲ့ မတူကြဘူး..."

မိုလော့က တည်ငြိမ်စွာ ပြောလိုက်၏။

"ဒါပေမဲ့ အထွတ်အထိပ် ကောင်းကင်ဘုံက ပင်မနတ်ဘုရားတွေအတွက်တော့ ပင်မနတ်ဘုရားအမြုတေက ဘာမှ မကွာခြားပါဘူး... ဘာလို့လဲဆိုတော့ သူတို့က ပင်မနတ်ဘုရားအမြုတေထဲမှာ ရှိနေတဲ့ ထာဝရစွမ်းအင်တွေကို လုံးဝ ထုတ်မသုံးနိုင်လို့ပဲ..."

"ဘာလို့ မသုံးနိုင်တာလဲ..."

မုန်လဲ့က သံသယဖြစ်စွာဖြင့် မေးလိုက်သည်။

"သူတို့က အထွတ်အထိပ် နိယာမတရားတွေကို နားမလည်ထားလို့ပေါ့..."

မိုလော့က ဟီးဟီးရယ်မောကာ ပြောလိုက်လေသည်။

"ထာဝရစွမ်းအင် ဆိုတာက မပျက်စီးနိုင်တဲ့ ဒြပ်စင်ပဲ... ထာဝရစွမ်းအင်ကို ထုတ်ယူသုံးစွဲဖို့ဆိုရင် တူညီတဲ့ အဆင့်အတန်းရှိတဲ့ မပျက်စီးနိုင်တဲ့ ဒြပ်စင်ကို ကြားခံအဖြစ် အသုံးပြုရတယ်... ဒါပေမဲ့ ပင်မနတ်ဘုရား အားလုံးက အထွတ်အထိပ် နိယာမတရားကို အပြည့်အဝ နားမလည်ထားကြဘူး... ဒါကြောင့် ထာဝရစွမ်းအင်က သူတို့အတွက် အလကားပဲ..."

"အုပ်စိုးသူတွေကတော့ မတူဘူး..."

မိုလော့က ဆက်ပြောလာ၏။

"အုပ်စိုးသူတွေက အထွတ်အထိပ် နိယာမတရားကို အပြည့်အဝ နားလည်ထားပြီးသားမို့လို့... အထွတ်အထိပ် နိယာမတရား စွမ်းအားကို ကြားခံအဖြစ် အသုံးပြုပြီး ထာဝရစွမ်းအင်ကို ထုတ်ယူသုံးစွဲနိုင်တယ်..."

"သူတို့က ထာဝရစွမ်းအင်ကို အသုံးပြုပြီး သူတို့ရဲ့ ဝိညာဉ်နဲ့ နတ်ဘုရားခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲကြတယ်... သူတို့ရဲ့ ဝိညာဉ်နဲ့ နတ်ဘုရားခန္ဓာကိုယ်ကို ထာဝရ မပျက်စီးနိုင်တဲ့ အကြွင်းမဲ့ ထာဝရ ဂုဏ်သတ္တိတွေ ပိုင်ဆိုင်သွားစေတယ်..."

"ဒါကြောင့်... သူတို့ကို လုံးဝ သတ်လို့ မရဘူး..."

"သတ်လို့ မရဘူး…”

All Chapters