← Chapters

အခန်း ၄၁၁

Vol. 42 Ch. 411

အခန်း ၄၁၁

Vol. 42 Ch. 411

အခန်း ၄၁၁ အချိန်ကာလ အကျဉ်းထောင်နှင့် ဖျက်ဆီးခြင်းစွမ်းအား

အရိုးခိုက်မတတ် အေးစက်သော လေပြင်းများ တိုက်ခတ်နေပြီး နိဟော့ခ် ဧရာမနဂါး တောင်တန်းကြီး၏ ကောင်းကင်ယံရှိ လေထုမှာ အလွန်တရာ လေးလံဖိစီးနေသည်။

အထွတ်အထိပ် ကောင်းကင်ဘုံမှ အုပ်စိုးသူ သုံးပါးနှင့် နတ်ဘုရားလောက ဆယ်ခုမှ ပင်မနတ်ဘုရား ၁၃၄ ပါးတို့က ကောင်းကင်ယံတွင် မားမားမတ်မတ် ရပ်တည်နေကြသည်။

သူတို့ တစ်ပါးစီတိုင်းထံမှ သမုဒ္ဒရာကြီးအလား နက်ရှိုင်းပြီး လှိုင်းလုံးကြီးများအလား ရိုက်ခတ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေ၏။ သူတို့၏ တစ်ဖက်တွင်တော့ မုန်လဲ့ တစ်ယောက်တည်းသာ ရှိနေသည်။

တစ်ဖက်က အုပ်စိုးသူ သုံးပါးနှင့် ပင်မနတ်ဘုရား ၁၃၄ ပါး ဖြစ်ပြီး တစ်ဖက်ကမူ မုန်လဲ့ ဖြစ်သည်။

မည်သူမဆို အုပ်စိုးသူ သုံးပါးနှင့် ပင်မနတ်ဘုရား ၁၃၄ ပါး၏ ဝိုင်းရံမှုကို ခံရပါက အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားမည်ဖြစ်ပြီး တိုက်ခိုက်လိုစိတ်များ လုံးဝ ပျောက်ကွယ်သွားမည်မှာ သေချာလှသည်။ သို့သော် မုန်လဲ့ကမူ အလွန် တည်ငြိမ်အေးချမ်းနေပြီး အုပ်စိုးသူ သုံးပါးနှင့် ပင်မနတ်ဘုရားများကို ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ ခွေးများ ကြောင်များကို ရင်ဆိုင်နေရသည့်အလား ပေါ့ပါးနေလေသည်။

"မင်းတို့ ယုံတာ မယုံတာက အရေးမကြီးပါဘူး..."

မုန်လဲ့က လက်တစ်ဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

"အရေးကြီးတာက မင်းတို့ အကုန်လုံး သေရတော့မယ် ဆိုတာပဲ..."

ထိုစကားကို ကြားသောအခါ အုပ်စိုးသူ သုံးပါးနှင့် ပင်မနတ်ဘုရား ၁၃၄ ပါးတို့မှာ အနည်းငယ် ကြောင်အမ်းသွားကြပြီးနောက် လှောင်ပြောင်ရယ်မောလိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်တွင် အထင်သေးမှုများနှင့် သရော်လှောင်ပြောင်မှုများ ပြည့်နှက်နေ၏။

သေမင်းအုပ်စိုးသူက ကလဲ့ကလဲ့ ရယ်မောလိုက်သည်။ သူ၏ အသံမှာ ပေါက်ပြဲနေသော ကြေးစည်ကြီး တစ်ခုအလား နားကလည်လွန်းလှပေသည်။

"ကောင်လေး... မင်းက အာကာသအုပ်စိုးသူကို ဘာတွေများ လုပ်ခဲ့လဲတော့ မသိဘူး... ဒါပေမဲ့ မင်းက ငါတို့ကို သတ်ချင်နေတာလား... အိပ်မက်ထဲက မနိုးသေးဘူး ထင်တယ်..."

"လေလုံးထွားလွန်းတယ်..."

ဖျက်ဆီးခြင်းအုပ်စိုးသူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ကိုယ့်အစွမ်းအစကို ကိုယ် မသိတာပဲ..."

အသက်အုပ်စိုးသူက အေးစက်စွာ ပြောလိုက်သည်။

"လူယုတ်မာ... အုပ်စိုးသူ သုံးပါး ရှေ့မှာ ဒူးထောက်ပြီး ဦးချတောင်းပန်ခြင်း မပြုဘဲ ဘာရပ်လုပ်နေတာလဲ..."

ခေါင်းပေါ်တွင် ချိုနှစ်ချောင်း ပါရှိသော ပင်မနတ်ဘုရား တစ်ပါးက အေးစက်စွာ အော်ဟစ်လိုက်သည်။

"ဒူးထောက်စမ်း..."

"ဒူးထောက်စမ်း..."

"ဒူးထောက်စမ်း..."

အခြား ပင်မနတ်ဘုရားများကလည်း ဆက်တိုက် အော်ဟစ်လိုက်ကြရာ မိုးခြိမ်းသံကြီးများအလား ပေါင်းစပ်သွားပြီး လှိုင်းလုံးကြီးများအလား ရိုက်ခတ်နေသော အသံလှိုင်းကြီး တစ်ခုအဖြစ် ပြောင်းလဲကာ မုန်လဲ့ထံသို့ ပြင်းထန်စွာ ရိုက်ခတ်လာတော့၏။

'ဝုန်း...'

အခြားသူ တစ်ယောက်ယောက်သာ ဆိုလျှင် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်သော ဤအသံလှိုင်းကြီး ရှေ့တွင် အသက်ရှင်လျက်ပင် တုန်ခါသေဆုံးသွားမည်ဖြစ်ပြီး အကယ်၍ မသေဆုံးခဲ့လျှင်တောင် ဝိညာဉ် ပျက်စီးသွားမည်မှာ သေချာလှသည်။

သို့သော် မုန်လဲ့ကမူ နွေဦးရာသီ၏ လေပြေလေး တိုက်ခတ်သွားသည့်အလား အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ အသံလှိုင်းကြီး၏ ရိုက်ခတ်မှုကို ခံယူကာ ပင်လယ်ကြမ်းပြင်ရှိ ကျောက်တိုင်ကြီး တစ်တိုင်အလား နေရာတွင် မားမားမတ်မတ် ရပ်တည်နေလေသည်။

"ဒူးထောက်ရမယ် ဟုတ်လား... မင်းတို့လို ကောင်တွေကများ..."

မုန်လဲ့က ခေါင်းခါကာ လှောင်ပြောင်လိုက်သည်။

"ငါက မင်းတို့ကို အထင်သေးနေတာ မဟုတ်ဘူးနော်... ဒါပေမဲ့ ငါ ပြောချင်တာက အုပ်စိုးသူပဲ ဖြစ်ဖြစ် ပင်မနတ်ဘုရားပဲ ဖြစ်ဖြစ် အားလုံးက အမှိုက်တွေချည်းပဲ ဆိုတာကိုပဲ..."

"ရိုင်းစိုင်းလိုက်တာ..."

အုပ်စိုးသူ သုံးပါး၏ မျက်နှာများမှာ အေးစက်သွားပြီး လှိုင်းလုံးကြီးများအလား ရိုက်ခတ်နေသော နတ်ဘုရားအရှိန်အဝါများ ပေါက်ကွဲထွက်လာကာ မုန်လဲ့ကို မြေကြီးပေါ်သို့ ဖိချရန် ကြိုးစားတော့၏။

သို့သော် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအရှိန်အဝါကြီး ရှေ့တွင် မုန်လဲ့သည် ယခင်အတိုင်းပင် တည်ငြိမ်အေးချမ်းနေဆဲ ဖြစ်သည်။

"မိုလော့... ခုနက မင်း ငါ့ကို လေလုံးထွားနေတယ်လို့ ပြောတယ်မလား... အခု သေချာ ကြည့်ထား... ငါ တကယ် လေလုံးထွားတာ ဟုတ်မဟုတ် ဆိုတာကို..."

"မင်း ဘာလုပ်မလို့လဲ..."

မိုလော့က တိုးတိတ်စွာ မေးလိုက်သည်။

"အခုချက်ချင်း မင်း သိသွားပါလိမ့်မယ်..."

မုန်လဲ့က ညင်သာစွာ ပြုံးလိုက်ပြီး လက်တစ်ဖက်ကို ဆန့်တန်းကာ အော်ဟစ်လိုက်သည်။

"အချိန်ကာလ နိယာမတရား... ဆင်းသက်လာခဲ့..."

'ဝုန်း...'

စကားအဆုံးတွင် ကျယ်ပြောလှသော လေဟာနယ်ကြီးထဲမှ ရွှေရောင် နိယာမတရား သံကြိုးတစ်ချောင်း ရုတ်တရက် ကျဆင်းလာသည်။ ထိုနိယာမတရား သံကြိုးမှ အချိန်ကာလ အရှိန်အဝါများ ဖြာထွက်နေပြီး လူတိုင်းက ထိုသံကြိုးကို ကြည့်ရင်း ကွဲပြားခြားနားသော ခံစားချက်များကို ရရှိနေကြ၏။

ရှေးကျခြင်း။ ဆွေးမြည့်ခြင်း။ တိုးတက်ခြင်း။ စည်ပင်ဝပြောခြင်း။ ဝေးကွာခြင်း။ ထာဝရ။

လူတိုင်းက ကိုယ်ပိုင် ခံစားချက်များထဲတွင် နစ်မြောနေချိန်မှာပင် ရွှေရောင် သံကြိုးလေးက နှစ်ချောင်း၊ လေးချောင်း၊ ရှစ်ချောင်း အဖြစ် ကွဲထွက်သွားပြီး အုပ်စိုးသူ သုံးပါးနှင့် အခြားသူများထံသို့ အရပ်ရှစ်မျက်နှာမှ ပြေးဝင်လာတော့သည်။

"ဒါ အချိန်ကာလ နိယာမတရား သံကြိုးပဲ... မြန်မြန် ဆုတ်..."

အုပ်စိုးသူ သုံးပါးမှာ အရှိန်အဟုန်ပြင်းစွာ နောက်ဆုတ်လိုက်ကြသည်။ သူတို့၏ အမြန်နှုန်းမှာ လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိအောင် မြန်ဆန်လှရာ မျက်စိတစ်မှိတ်အတွင်း ကီလိုမီတာ သန်းပေါင်းများစွာ အကွာသို့ ရောက်ရှိသွားပြီး သံကြိုး ရှစ်ချောင်း၏ ဝိုင်းရံမှုမှ လွတ်မြောက်သွားကြ၏။

သို့သော် ပင်မနတ်ဘုရားများကတော့ ကံမကောင်းလှချေ။ သူတို့၏ တုံ့ပြန်မှုက အနည်းငယ် နှေးကွေးသွားသည့်အပြင် ရွှေရောင် သံကြိုး ရှစ်ချောင်း၏ အမြန်နှုန်းကလည်း လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လွန်းလှရာ ပင်မနတ်ဘုရား ၁၃၄ ပါးလုံး သံကြိုး ရှစ်ချောင်း၏ အလယ်တွင် ဝိုင်းရံခံလိုက်ရတော့သည်။

'ဝုန်း...'

နိယာမတရား သံကြိုး ရှစ်ချောင်းက မျက်စိတစ်မှိတ်အတွင်း ပေါင်းစပ်သွားပြီး ရွှေရောင် သံကြိုး အကျဉ်းထောင် တစ်ခုအဖြစ် ပြောင်းလဲကာ ပင်မနတ်ဘုရား ၁၃၄ ပါးလုံးကို တိုက်ရိုက် ချုပ်နှောင်လိုက်လေသည်။

"ကျစ်..."

"ဖျက်ဆီးစမ်း..."

ပင်မနတ်ဘုရား ၁၃၄ ပါးလုံး အလွန်အမင်း ထိတ်လန့်သွားကြပြီး နိယာမတရား အကျဉ်းထောင်ကို အလျင်အမြန် တိုက်ခိုက်ကြတော့၏။ သို့သော် သူတို့ကို အံ့ဩသွားစေသည့် အရာတစ်ခု ဖြစ်ပေါ်လာသည်။

နိယာမတရား အကျဉ်းထောင်မှာ ပုံရိပ်ယောင် တစ်ခုအလား ဖြစ်နေပြီး သူတို့၏ တိုက်ခိုက်မှုများ အားလုံးက အကျဉ်းထောင်ကို ထိုးဖောက်သွားကာ မည်သည့် ထိခိုက်မှုမျှ မဖြစ်စေခဲ့ချေ။

"တိုက်ခိုက်လို့ မရဘူးလား..."

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ပင်မနတ်ဘုရားများမှာ အလွန်အမင်း အံ့ဩထိတ်လန့်သွားကြသည်။ ဤရွှေရောင် အကျဉ်းထောင်က သူတို့ကို ချုပ်နှောင်ထားနိုင်ပြီး သူတို့ လုံးဝ ထွက်ပြေး၍ မရသည်မှာ သေချာနေပါလျက် အဘယ်ကြောင့် တိုက်ခိုက်၍ မရရသနည်း။

"ဒါက အချိန်ကာလ အကျဉ်းထောင်ပဲ..."

"အချိန်ကာလ နိယာမတရားကို အလွယ်တကူ ထုတ်ယူပြီး တိုက်ခိုက်နိုင်တယ် ဆိုတော့... သူက အချိန်ကာလ နိယာမတရားကို အပြည့်အဝ နားလည်ထားတာ သေချာတယ်..."

"အချိန်ကာလ နိယာမတရားကို... အပြည့်အဝ နားလည်ထားတယ်..."

"သူ့ကို သတ်ဖို့က... တော်တော်လေး ခက်ခဲလိမ့်မယ်..."

အုပ်စိုးသူ သုံးပါး၏ မျက်နှာများမှာ အနည်းငယ် ပျက်ယွင်းသွားကြသည်။ အချိန်ကာလ နိယာမတရားသည် အထွတ်အထိပ် နိယာမတရားများထဲမှ တစ်ခု ဖြစ်ပြီး အထွတ်အထိပ် နိယာမတရား တစ်ခုစီတိုင်းတွင် လုံးဝ ကွဲပြားခြားနားသော စွမ်းအားများ ရှိကြ၏။

ဖျက်ဆီးခြင်း နိယာမတရားက ဖျက်ဆီးခြင်းကို အုပ်စိုးသည်။ သေမင်း နိယာမတရားက သေမင်းကို အုပ်စိုးသည်။ အသက် နိယာမတရားက အသက်ကို အုပ်စိုးသည်။ အာကာသ နိယာမတရားက အာကာသကို အုပ်စိုးသည်။ အချိန်ကာလ နိယာမတရားက အချိန်ကာလကို အုပ်စိုးမည်မှာ သေချာလှပေသည်။

အချိန်ဆိုသည်မှာ ပုံပန်းသဏ္ဌာန် မရှိသော အရာတစ်ခု ဖြစ်သည်။ ၎င်း၏ ဖျက်ဆီးနိုင်စွမ်းက ဖျက်ဆီးခြင်း နိယာမတရား၊ သေမင်း နိယာမတရားတို့နှင့် ယှဉ်လျှင် အားနည်းကောင်း အားနည်းနိုင်သော်လည်း အချိန်ကာလ နိယာမတရား၏ လျှို့ဝှက်ဆန်းကြယ်မှုက လူကို အလွန်အမင်း ခေါင်းကိုက်စေသည်။

အရေးအကြီးဆုံးအချက်မှာ မုန်လဲ့ မတိုင်မီက အချိန်ကာလ နိယာမတရားကို အပြည့်အဝ နားလည်ထားသူ မည်သူမျှ မရှိခဲ့ဖူးချေ။ ထို့ကြောင့် အုပ်စိုးသူ သုံးပါးတွင် အချိန်ကာလ နိယာမတရားကို ရင်ဆိုင်ရမည့် အတွေ့အကြုံ လုံးဝ မရှိပေ။ ဤသည်မှာ အုပ်စိုးသူ သုံးပါးအတွက် အခေါင်းကိုက်ဆုံး ကိစ္စပင် ဖြစ်လေသည်။

"ကျစ်..."

"တိုက်ခိုက်လို့ မရဘူး..."

"ဘာလို့ ဒီလို ဖြစ်ရတာလဲ..."

အချိန်ကာလ အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခံထားရသော ပင်မနတ်ဘုရား ၁၃၄ ပါးမှာ အလွန်အမင်း စိုးရိမ်ပူပန်နေကြ၏။ သူတို့၏ တိုက်ခိုက်မှုများက အကျဉ်းထောင်ကို အနည်းငယ်မျှပင် မထိခိုက်နိုင်ရာ မည်သို့ ဆက်လက် တိုက်ခိုက်ရမည်နည်း။

"မင်းတို့လောက်နဲ့များ... ငါ့ကို သတ်ချင်နေတာလား..."

မုန်လဲ့က အချိန်ကာလ အကျဉ်းထောင်ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားပြီး ထိတ်လန့်တကြား ဖြစ်နေသော ပင်မနတ်ဘုရား ၁၃၄ ပါးကို ကြည့်ရင်း သူ၏ မျက်ဝန်းများထဲတွင် အထင်သေးမှုများ ပြည့်နှက်နေ၏။

"တကယ်ကို ကိုယ့်အစွမ်းအစကို ကိုယ် မသိတာပဲ..."

"လူယုတ်မာ... သတ္တိရှိရင် ငါ့ကို လွှတ်ပေးစမ်း..."

ရွှေရောင် အမွေးအမှင်များနှင့် တောင့်တင်းကြံ့ခိုင်သော ကြွက်သားများကို ပိုင်ဆိုင်သည့် ဘီဟီမော့သ် ပင်မနတ်ဘုရား တစ်ပါးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒီလို လှည့်ကွက်တွေ သုံးပြီး ငါတို့ကို ဖမ်းထားတာက ဘာအစွမ်းအစ ရှိလို့လဲ... သတ္တိရှိရင် ငါ့ကို လွှတ်ပေးပြီး ငါနဲ့ မျက်နှာချင်းဆိုင် အကြိမ် ၃၀၀ လောက် တိုက်ကြည့်စမ်းပါ..."

မုန်လဲ့က ထိုဘီဟီမော့သ် ပင်မနတ်ဘုရားကို တစ်ချက် ကြည့်လိုက်သည်။

သူ၏ နတ်ဘုရားခန္ဓာကိုယ်မှာ အလွန်တရာ သန်မာကြံ့ခိုင်ပြီး နတ်ဘုရားအရှိန်အဝါများကလည်း လုံးဝ ကြောက်မက်ဖွယ်ကောင်းလှရာ ယခင်က သတ်ဖြတ်ခဲ့သော ကမ္ဘာမြေနတ်ဘုရားလောကမှ ဘီဟီမော့သ် ပင်မနတ်ဘုရားထက် အများကြီး ပိုမို အစွမ်းထက်နေသည်မှာ သေချာလှပေသည်။ သူသည် အဆင့်မြင့် ပင်မနတ်ဘုရား တစ်ပါး ဖြစ်ကြောင်း ထင်ရှားလှ၏။

"ငါနဲ့ မျက်နှာချင်းဆိုင် တိုက်ချင်တာလား..."

မုန်လဲ့က ခေါင်းခါကာ ရယ်မောလိုက်သည်။

"ရတယ်လေ... မင်း ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့..."

မုန်လဲ့က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ထိုဘီဟီမော့သ် ပင်မနတ်ဘုရားကို အချိန်ကာလ အကျဉ်းထောင်ထဲမှ အပြင်သို့ ပို့ဆောင်ပေးလိုက်သည်။

ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဘီဟီမော့သ် ပင်မနတ်ဘုရားက ဟိန်းဟောက်လိုက်ပြီး မုန်လဲ့ကို လက်သီးဖြင့် အားကုန် ထိုးချလိုက်တော့၏။

သူ၏ နတ်ဘုရားခန္ဓာကိုယ်မှာ အလွန်တရာ သန်မာကြံ့ခိုင်ပြီး အဆုံးအစမရှိသော ခွန်အားများကို ပိုင်ဆိုင်ထားရာ ဤလက်သီးတစ်ချက်က အလယ်အလတ်အဆင့် ပင်မနတ်ဘုရား မည်သူ့ကိုမဆို သတ်ဖြတ်နိုင်စွမ်း ရှိပြီး အဆင့်မြင့် ပင်မနတ်ဘုရားများပင်လျှင် ထိပ်တိုက် ရင်ဆိုင်ရန် ရှောင်ကြဉ်ရမည် ဖြစ်သည်။

ဝမ်းနည်းစရာကောင်းသည်မှာ...

မုန်လဲ့က ညင်သာစွာ ခေါင်းခါလိုက်ပြီး လက်ညှိုးထိပ်မှ ခရမ်းရင့်ရောင် စွမ်းအင်လုံး တစ်လုံး ထွက်ပေါ်လာကာ တဖြည်းဖြည်း ကြီးမားလာသည်။

ဘီဟီမော့သ် ပင်မနတ်ဘုရား၏ လက်သီး ရောက်လာချိန်တွင် စွမ်းအင်လုံးမှာ ဘတ်စကက်ဘောလုံး အရွယ်အစားခန့်အထိ ကြီးမားလာခဲ့လေပြီ။

"သွားစမ်း..."

မုန်လဲ့က လက်ညှိုးဖြင့် ညင်သာစွာ ခေါက်လိုက်ရာ စွမ်းအင်လုံးက ဘီဟီမော့သ် ပင်မနတ်ဘုရား၏ လက်သီးနှင့် တိုက်ရိုက် ထိပ်တိုက် တွေ့ဆုံသွားတော့၏။

'ဝုန်း...'

အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

နိဟော့ခ် ကုန်းမြေတိုက်ကြီးကိုပင် အမှုန့်ကြိတ်ပစ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော သံမဏိလက်သီးကြီးက စွမ်းအင်လုံးနှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ပွက်ပွက်ဆူနေသော ချော်ရည်ပူများထဲသို့ ဝင်ရောက်သွားသည့် ပိုးဖလံလေးအလား မျက်စိတစ်မှိတ်အတွင်း အမှုန့်ဖြစ်သွားတော့၏။

ထို့နောက် လက်ဖျံ၊ လက်မောင်း၊ နောက်ဆုံးတွင် ပခုံးအထိ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ဘီဟီမော့သ် ပင်မနတ်ဘုရားမှာ အသံတိတ် ပျက်စီးသွားသော ညာလက်ကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားပြီး အလွန်အမင်း အံ့ဩထိတ်လန့်ခြင်းများ ပြည့်နှက်နေ၏။

"မင်းရဲ့ နတ်ဘုရားခန္ဓာကိုယ်က ဘယ်လောက်ပဲ သန်မာပါစေ... ဖျက်ဆီးခြင်း နိယာမတရား ရှေ့မှာတော့ လုံးဝ ပျက်စီးသွားရမှာပဲ..."

မုန်လဲ့က ညင်သာစွာ ခေါင်းခါလိုက်သည်။

ဤသည်မှာ ဖျက်ဆီးခြင်း နိယာမတရားပင် ဖြစ်သည်။ အရာအားလုံးကို အသံတိတ် ဖျက်ဆီးပစ်နိုင်ပြီး မည်သည့် အသံမျှ ထွက်ပေါ်လာခြင်း မရှိဘဲ အားလုံးကို ချေမှုန်းပစ်နိုင်စွမ်း ရှိလေသည်။

နှစ်စက္ကန့်အကြာတွင် စွမ်းအင်လုံးမှာ လေထဲတွင် အကောင်းပကတိ လွင့်မျောနေဆဲ ဖြစ်သော်လည်း ဘီဟီမော့သ် ပင်မနတ်ဘုရားမှာမူ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူသည် စွမ်းအင်လုံး၏ ဖျက်ဆီးမှုကြောင့် အကြွင်းအကျန် အနည်းငယ်မျှပင် မကျန်တော့ဘဲ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။

ထိုမြင်ကွင်းကို ကြည့်ရင်း အချိန်ကာလ အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခံထားရသော ပင်မနတ်ဘုရား ၁၃၃ ပါးလုံး ကျောရိုးများပင် စိမ့်တက်သွားကြတော့သည်။

"ဖျက်ဆီးခြင်း နိယာမတရား စွမ်းအား..."

"ကျစ်... ဒါ ဖျက်ဆီးခြင်း နိယာမတရား စွမ်းအားပဲ…”

All Chapters