အခန်း ၄၃၁
Vol. 43 Ch. 431 - final
အခန်း ၄၃၁ စကြဝဠာသခင်နှင့် ဟုန်မုန် လောကဖန်တီးခြင်း
မှန်ပေသည်။ မုန်လဲ့ ကောက်ယူရရှိလိုက်သည်မှာ အခြားနိယာမတရား မဟုတ်ဘဲ အနက်ရောင် ဧရာမသားရဲကြီး၏ စည်းမျဉ်းနိယာမတရားပင် ဖြစ်လေသည်။ မုန်လဲ့မှာ အလွန်တရာ စိတ်လှုပ်ရှားသွားရသည်။ သူက စနစ်ကို အသုံးပြု၍ လုယူရန် ပြင်ဆင်နေဆဲမှာပင် စည်းမျဉ်းနိယာမတရား အစအနလေးက အလိုအလျောက် ပြုတ်ကျလာခဲ့သည်။
ကြည့်ရသည်မှာ သူ၏ ခန့်ညားချောမောမှုကြောင့် ကောင်းကင်ဘုံကပင် သူ့ကို ကူညီနေပုံရလေသည်။ အချိန်အတန်ကြာပြီးနောက် မုန်လဲ့က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ပြန်ဖွင့်လာခဲ့သည်။ အနက်ရောင် ဧရာမသားရဲကြီးကို ကြည့်လိုက်သော သူ၏ အကြည့်များထဲတွင် ကိုယ်ချင်းစာနာမှုနှင့် သနားကြင်နာမှုများ ပြည့်နှက်နေလေသည်။
‘သနားစရာကောင်းသော ကောင်ကြီး... မင်းရဲ့ စည်းမျဉ်းနိယာမတရားကို ငါ ကောက်ရသွားတယ်ဆိုတာကိုသာ သိလိုက်ရရင် မင်း ဘယ်လိုများ ခံစားရမလဲ မသိဘူး’
"ဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး... စနစ်... စည်းမျဉ်းနိယာမတရားကို ဝယ်ယူမယ်"
မုန်လဲ့၏ တွေးတောသံအဆုံးတွင် ကျယ်လောင်သော မြည်ဟည်းသံကြီးနှင့်အတူ စည်းမျဉ်းနိယာမတရားနှင့် ပတ်သက်သော သတင်းအချက်အလက် လှိုင်းလုံးကြီးများက မုန်လဲ့၏ အသိစိတ်ပင်လယ်ထဲသို့ အဟုန်ပြင်းစွာ ဝင်ရောက်လာပြီး သူ၏ စည်းမျဉ်းနိယာမတရား အသိအမြင်များကို ရူးသွပ်စွာ ဖြည့်ဆည်းပေးတော့သည်။
ကျယ်ပြောလှသော စကြဝဠာကြီးသည် ဧရာမ စနစ်ကြီးတစ်ခု ဖြစ်ပြီး တိကျစွာ လည်ပတ်နေသော စည်းမျဉ်းကျကျ စနစ်တစ်ခုပင် ဖြစ်လေသည်။ သက်ရှိများ မွေးဖွားလာခြင်း လောကများ လည်ပတ်ခြင်း သက်ရှိမျိုးစိတ်များ ရှင်သန်ပွားများခြင်း အရာအားလုံးက စည်းမျဉ်းကျကျနှင့် တိကျသေချာလှပေသည်။
ဤအရာအားလုံးကို ဤမျှလောက် စည်းမျဉ်းကျကျ ဖြစ်အောင် မည်သို့ လုပ်ဆောင်ထားသနည်း။ ၎င်းမှာ စကြဝဠာ၏ စည်းမျဉ်းပင် ဖြစ်လေသည်။ သို့မဟုတ် စည်းမျဉ်းနိယာမတရားပင် ဖြစ်သည်။
ကျယ်ပြောလှသော စကြဝဠာကြီး လည်ပတ်နေမှု အားလုံးကို စကြဝဠာ၏ စည်းမျဉ်းက ထိန်းချုပ်ထားခြင်း ဖြစ်သည်။ အရာခပ်သိမ်းသည် စကြဝဠာ စည်းမျဉ်း၏ အစီအစဉ်ကို လိုက်နာပြီး လည်ပတ်ရမည် ဖြစ်ကာ စကြဝဠာ စည်းမျဉ်းက ကျယ်ပြောလှသော စကြဝဠာကြီး၏ အရာအားလုံးကို ထိန်းချုပ် လည်ပတ်နေခြင်းပင် ဖြစ်လေသည်။
အချိန်မည်မျှ ကြာသွားမှန်း မသိရသော်လည်း... မုန်လဲ့ မျက်လုံးများ ပြန်ဖွင့်လာချိန်တွင် အမှောင်ဧကရာဇ်နှင့် မီးခိုးရောင်အရိုးစုတို့က သူ့ကို ရူးသွပ်စွာ တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။ အမှောင်ဧကရာဇ်က စည်းမျဉ်းနိယာမတရားကို ထုတ်ယူကာ ချုပ်နှောင်ခြင်းနှင့် သတ်ဖြတ်ခြင်း စည်းမျဉ်းများကို ဆက်တိုက် ဖန်တီးနေသည်။
မီးခိုးရောင်အရိုးစု၏ တိုက်ခိုက်မှုကတော့ အလွန် ရိုးရှင်းလှသည်။ သူက ကံကြမ္မာနိယာမတရားကို ထုတ်ယူပြီး မုန်လဲ့၏ ကံကြမ္မာ လမ်းကြောင်းများကို ရူးသွပ်စွာ ဖြတ်တောက်နေခြင်း ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ မုန်လဲ့၏ ကံကြမ္မာ လမ်းကြောင်းကြီးက အလွန်တရာ တုတ်ခိုင် ကြီးမားလွန်းနေခြင်းပင် ဖြစ်လေသည်။
မီးခိုးရောင်အရိုးစုက အချိန်အကြာကြီး တိုက်ခိုက်ခဲ့သော်လည်း သစ်ပင်ကြီးတစ်ပင်ကို သစ်သီးစားဓားလေးဖြင့် ခုတ်နေရသကဲ့သို့ အပေါ်ယံ အခေါက်လေးကိုသာ လှီးဖြတ်နိုင်ခဲ့လေသည်။
"သေနာကောင်"
မီးခိုးရောင်အရိုးစုမှာ ရူးသွပ်လုမတတ် ဖြစ်နေလေသည်။
"ဒီကောင်ရဲ့ ကံကြမ္မာ လမ်းကြောင်းက ဘာလို့ ဒီလောက်တောင် တုတ်ခိုင်နေရတာလဲ... ဒါက ကံကြမ္မာ လမ်းကြောင်းမှ ဟုတ်သေးရဲ့လား... ကံကြမ္မာ တံတိုင်းကြီးလို့ ခေါ်မှ မှန်မယ်"
ဘေးမှ အမှောင်ဧကရာဇ်ကလည်း အလောတကြီး အော်ဟစ်နေလေသည်။
"အရိုးစုအိုကြီး... မင်း ဘာတွေ လုပ်နေတာလဲ... သူ့ကို မြန်မြန် သတ်လိုက်စမ်းပါ... အဲဒီလိုမှ မဟုတ်ရင် သူ နိုးလာတဲ့အခါကျရင် ဒီလို အခွင့်အရေးကောင်းမျိုး ရတော့မှာ မဟုတ်ဘူး"
မီးခိုးရောင်အရိုးစုက ဒေါသတကြီး ပြန်လည် ဟိန်းဟောက်လိုက်သည်။
"ငါက မလုပ်ချင်လို့များ မှတ်နေလား... ဒီသေနာကောင်ရဲ့ ကံကြမ္မာ လမ်းကြောင်းကြီးက ယုံကြည်နိုင်စရာ မရှိလောက်အောင် တုတ်ခိုင်လွန်းနေတာ... ငါ အစွမ်းကုန် ကြိုးစားပြီး ခုတ်နေတာတောင် အပေါ်ယံ အရေခွံလေး တစ်လွှာပဲ ပြတ်သွားသေးတယ်... အကုန်လုံးကို ဖြတ်ပစ်ဖို့ဆိုရင် ဆယ်နှစ် ရှစ်နှစ်လောက် အချိန်မပေးရရင် လုံးဝ မဖြစ်နိုင်ဘူး"
ထိုစကားကို ကြားသောအခါ အမှောင်ဧကရာဇ်မှာ လုံးဝ စိတ်ပျက်သွားတော့သည်။
"ဆယ်နှစ် ရှစ်နှစ် ဟုတ်လား... လူမိုက်ကြီး... ငါတို့ဆီမှာ အဲဒီလောက် အချိန် အများကြီး မရှိဘူး... မင်း မြန်မြန် နည်းလမ်းရှာစမ်း... သူ့ကို အခုချက်ချင်း သတ်ပစ်မှ ရမယ်"
မီးခိုးရောင်အရိုးစုမှာ အလွန်အမင်း စိတ်ပျက်အားငယ်နေလေပြီ။ မှန်ပေသည်။ သူ တကယ်ကို စိတ်ပျက်အားငယ်နေခြင်း ဖြစ်သည်။ သူသည် ခေတ်ကာလ သုံးခုတိုင်တိုင် အသက်ရှင်ခဲ့ပြီး အတွေ့အကြုံ ဗဟုသုတ အလွန် ကြွယ်ဝကာ သူ၏ စိတ်နှလုံးမှာလည်း ကျောက်ဆောင်တစ်ခုအလား ခိုင်မာနေပြီ ဖြစ်သော်လည်း ယခုလိုမျိုး တစ်ကြိမ်တစ်ခါမျှ စိတ်ပျက်အားငယ်ခြင်း မဖြစ်ခဲ့ဖူးချေ။ သေချာပေါက် တစ်ကြိမ်တစ်ခါမျှ မဖြစ်ခဲ့ဖူးပေ။
လူတစ်ယောက်၏ ကံကြမ္မာ လမ်းကြောင်းက အဘယ်ကြောင့် ဤမျှလောက်အထိ တုတ်ခိုင်နေရသနည်း ဆိုသည်ကို မီးခိုးရောင်အရိုးစု လုံးဝ နားမလည်နိုင်အောင် ဖြစ်နေလေသည်။ ဤမျှလောက် တုတ်ခိုင်လှသော ကံကြမ္မာ လမ်းကြောင်းကို ပိုင်ဆိုင်ထားသော မုန်လဲ့၏ စွမ်းအားကရော မည်သည့်အဆင့်အထိ ရောက်ရှိနေမည်နည်း။ နားမလည်နိုင်ချေ။ လုံးဝ တွေးတော၍ မရနိုင်ပေ။
"ဟင့်အင်း... ငါ လက်လျှော့လို့ မဖြစ်ဘူး... သူ သေကိုသေရမယ်... သူ ဘယ်လိုပဲဖြစ်ဖြစ် သေကိုသေရမယ်... သူ မသေရင် ငါ့အတွက် လုံးဝ အခွင့်အရေး မရှိတော့ဘူး... ဒါက ငါ့ရဲ့ နောက်ဆုံး အခွင့်အရေးပဲ"
မီးခိုးရောင်အရိုးစုမှာ ခေတ်ကာလ သုံးခုတိုင်တိုင် အသက်ရှင်ခဲ့သော မိစ္ဆာအိုကြီးပီပီ စိတ်နှလုံး ကျင့်ကြံမှုမှာ အလွန်တရာ မြင့်မားလှပေသည်။ ခဏတာ စိတ်ပျက်အားငယ်သွားပြီးနောက် သူက စိတ်ကို အလျင်အမြန် ပြန်လည် စုစည်းကာ မုန်လဲ့၏ ကံကြမ္မာ လမ်းကြောင်းကို ဆက်လက် တိုက်ခိုက်နေလေသည်။
သို့သော် ထိုအချိန်တွင် မီးခိုးရောင်အရိုးစု အလွန်အမင်း အံ့ဩသွားရသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ မုန်လဲ့၏ ကံကြမ္မာ လမ်းကြောင်းကြီးမှာ မျက်စိဖြင့် မြင်တွေ့နိုင်သော အမြန်နှုန်းဖြင့် ဖောင်းပွလာပြီး အသက်ရှူအကြိမ် အနည်းငယ် အတွင်းမှာပင် တစ်ဆတိတိ ကြီးမားလာလေသည်။ ထို့နောက် ဆက်လက်၍ ဖောင်းပွနေပြီး ယခင်က သူ ခုတ်ဖြတ်ထားသော အပေါ်ယံ အရေခွံလေးမှာလည်း မူလအတိုင်း ပြန်လည် ကောင်းမွန်သွားခဲ့လေပြီ။
"ဘာတွေ ဖြစ်နေတာလဲ"
မီးခိုးရောင်အရိုးစုမှာ လုံးဝ ကြောင်အမ်းသွားရသည်။
"သူ့ရဲ့ ကံကြမ္မာ လမ်းကြောင်းက ဒီလောက်တောင် တုတ်ခိုင်နေပြီကို ဘာလို့ ဆက်ပြီး ကြီးထွားနေရတာလဲ... သူက ထပ်ပြီး အဆင့်တက်သွားပြန်ပြီလား... နောက်နေတာလား"
မီးခိုးရောင်အရိုးစုမှာ တစ်ကိုယ်လုံး တုန်ရီလာပြီး စိတ်ပျက်အားငယ်မှုကြီး တစ်ခုက သူ၏ ရင်ထဲသို့ ထပ်မံ ဝင်ရောက်လာပြန်သည်။ ဤတစ်ကြိမ်တွင်တော့ သူ တကယ်ကို စိတ်ပျက်အားငယ်သွားခြင်း ဖြစ်ပြီး မျှော်လင့်ချက် လုံးဝ မမြင်ရတော့သော စိတ်ပျက်အားငယ်မှုမျိုး ပင်ဖြစ်လေသည်။
"အရိုးစုအိုကြီး... မင်း ဘာတွေ လုပ်နေတာလဲ"
အမှောင်ဧကရာဇ်၏ ဒေါသတကြီး ဟိန်းဟောက်သံက နားထဲသို့ ထပ်မံ ဝင်ရောက်လာပြန်သည်။
"မြန်မြန် တိုက်ခိုက်လေ... သူ နိုးလာတော့မယ်လို့ ငါ ခံစားနေရတယ်... ငါတို့အတွက် အချိန်သိပ်မကျန်တော့..."
အမှောင်ဧကရာဇ်၏ စကားမဆုံးမီမှာပင် အလွန်တရာ အိုမင်းရင့်ရော်နေသော သက်ပြင်းချသံကြီး တစ်ခုက တိတ်ဆိတ်စွာ ထွက်ပေါ်လာလေသည်။
"ဒါက စည်းမျဉ်းနိယာမတရားလား... တကယ်ကို အံ့ဩစရာ ကောင်းတာပဲ"
အမှောင်ဧကရာဇ်နှင့် မီးခိုးရောင်အရိုးစုတို့မှာ ပြင်းထန်စွာ တုန်လှုပ်သွားကြပြီး အလျင်အမြန် မော့ကြည့်လိုက်ရာ မုန်လဲ့ မျက်လုံးများ ဖွင့်လာပြီး သူတို့ကို တည်ငြိမ်စွာ ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
"သူ နိုးလာပြီ"
အမှောင်ဧကရာဇ်က စူးရှစွာ အော်ဟစ်လိုက်သည်။
"အရိုးစုအိုကြီး... မင်းရဲ့ စွမ်းအားတွေကို ဆက်ပြီး ဖုံးကွယ်မထားနဲ့တော့"
မီးခိုးရောင်အရိုးစုမှာ လုံးဝ ရူးသွပ်သွားချင်လေသည်။
"ဖုံးကွယ်ထားတယ် ဟုတ်လား... ငါက ဖုံးကွယ်ထားတယ်လို့ မင်း ထင်နေတာလား... ငါ့မှာ ရှိသမျှ အစွမ်းအစတွေ အကုန် ထုတ်သုံးထားပြီးပြီကွ"
ထိုအချိန်တွင် မုန်လဲ့က တည်ငြိမ်စွာ စကားစလာလေသည်။
"အမှောင်ဧကရာဇ်... ကျေးဇူးတင်ပါတယ်"
ထိုစကားကို ကြားသောအခါ အမှောင်ဧကရာဇ်မှာ ကြောင်အမ်းသွားရသည်။
"ကျေးဇူးတင်တယ် ဟုတ်လား... ဘာအတွက် ကျေးဇူးတင်တာလဲ"
"မင်းရဲ့ အကူအညီနဲ့ ငါ စည်းမျဉ်းနိယာမတရားကို နားလည်သဘောပေါက်သွားလို့လေ... ငါ မင်းကို ကျေးဇူးတင်သင့်တယ် မဟုတ်လား"
အမှောင်ဧကရာဇ်မှာ အလွန်အမင်း အံ့ဩသွားပြီးနောက် အေးစက်စွာ ရယ်မောလိုက်လေသည်။
"မင်းက... စည်းမျဉ်းနိယာမတရားကို နားလည်သွားတယ် ဟုတ်လား... ကြီးကျယ်တဲ့ စကားတွေ လျှောက်ပြောမနေနဲ့... စည်းမျဉ်းနိယာမတရားဆိုတာ လောကဖန်တီးခြင်း နိယာမတရားပဲ... မင်းလို ကောင်မျိုးက ဘယ်လိုလုပ် နားလည်နိုင်မှာလဲ"
"ဟုတ်လို့လား"
မုန်လဲ့က ညင်သာစွာ ခေါင်းခါရယ်မောလိုက်ပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်လေသည်။
"စကြဝဠာကြီးက အသစ် ပြောင်းလဲနေတယ်... သံသရာတွေကလည်း တစ်လှည့်စီ လည်ပတ်နေတယ်... ဒီလို အသစ်စက်စက် ခေတ်ကာလသစ်ကြီးထဲမှာ အမှောင်ချောက်နက်ကြီး ဆိုတာမျိုးက ရှိမနေသင့်တော့ဘူး"
မုန်လဲ့၏ စကားသံ အဆုံးတွင် အမှောင်ဧကရာဇ် အသုံးပြုထားသော စည်းမျဉ်းနိယာမတရားထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမို အစွမ်းထက်လှသည့် စည်းမျဉ်း လှိုင်းဂယက်တစ်ခု ကောင်းကင်ယံမှ ကျဆင်းလာပြီး အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားကာ အမှောင်ချောက်နက်ကြီး၏ နေရာအနှံ့အပြားသို့ မျက်စိတစ်မှိတ်အတွင်း လွှမ်းခြုံသွားတော့၏။
ထို့နောက် အမှောင်ဧကရာဇ်နှင့် မီးခိုးရောင်အရိုးစုတို့၏ အံ့ဩထိတ်လန့်နေသော အကြည့်များအောက်တွင် အလွန် ပြင်းထန်လှသော စကြဝဠာ နိယာမတရားများ ရုတ်တရက် အဟုန်ပြင်းစွာ ဝင်ရောက်လာပြီး အမှောင်ချောက်နက်ကြီး၏ နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားလေသည်။
ထို့နောက် စကြဝဠာ နိယာမတရားများ အားနည်းနေသော အမှောင်ချောက်နက်ကြီးထဲတွင် အလွန် ပြည့်စုံလှသော စကြဝဠာ နိယာမတရား ကွန်ရက်ကြီး တစ်ခုကို တည်ဆောက်လိုက်လေသည်။ အခြေခံ နိယာမတရား ဆယ်ခုနှင့် အထွတ်အထိပ် နိယာမတရား ငါးခုတို့ အားလုံး ထွက်ပေါ်လာပြီး အမှောင်ချောက်နက်ကြီး၏ နေရာအနှံ့အပြားသို့ ဖြည့်ဆည်းသွားကြသည်။
စကြဝဠာ နိယာမတရားများ ထွက်ပေါ်လာပြီးနောက် အထွတ်အထိပ် နိယာမတရား စွမ်းအား ငါးမျိုးကလည်း လိုက်ပါလာပြီး ၎င်းတို့က လျင်မြန်စွာ ပြောင်းလဲသွားကာ မူလ စွမ်းအား ဆယ်မျိုး အဖြစ်သို့ ရောက်ရှိသွားကြသည်။ မူလ စွမ်းအား ဆယ်မျိုးကလည်း လျင်မြန်စွာ ပြောင်းလဲသွားပြန်ပြီး အလွန် သန့်စင်လှသော မှော်စွမ်းအင် ဒြပ်စင် ဆယ်မျိုး အဖြစ်သို့ ရောက်ရှိသွားကြပြန်သည်။
အသက်ရှူအကြိမ် အနည်းငယ် အတွင်းမှာပင် အမှောင်ချောက်နက်ကြီးထဲတွင် စကြဝဠာ နိယာမတရားများ ရှိလာရုံသာမက အထွတ်အထိပ် နိယာမတရား စွမ်းအားများ မူလ စွမ်းအား ဆယ်မျိုးနှင့် မှော်စွမ်းအင် ဒြပ်စင်များပါ အားလုံး ပြည့်နှက်သွားလေပြီ။
ပြောင်းလဲမှု အားလုံးမှာ ဤအချိန်တွင် ရပ်တန့်သွားခဲ့ပြီး ယခင်က ရှိနေခဲ့သော စကြဝဠာ အက်ကွဲကြောင်းကြီး သို့မဟုတ် အမှောင်ချောက်နက်ကြီးမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့လေပြီ။
၎င်းသည် သာမန် ကျယ်ပြောလှသော လေဟာနယ်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ သို့မဟုတ် ကျယ်ပြောလှသော လေဟာနယ်ကြီး ရှိသင့်သည့် ပုံစံအတိုင်း ပြန်လည် ရောက်ရှိသွားခြင်းပင် ဖြစ်လေသည်။
မီးခိုးရောင်အရိုးစုနှင့် အမှောင်ဧကရာဇ်တို့သည် ကျယ်ပြောလှသော လေဟာနယ်ကြီးထဲတွင် မတ်မတ်ရပ်နေကြပြီး နေရာတိုင်းတွင် ပြည့်နှက်နေသော စကြဝဠာ နိယာမတရားများနှင့် အရင်းအမြစ် စွမ်းအားများကို ခံစားနေကြရသည်။ သူတို့ နှစ်ဦးလုံးမှာ အံ့ဩမှင်တက်နေကြသလို အရိုးတစိမ့်စိမ့် ချမ်းအေးမှုကိုလည်း ခံစားနေကြရလေသည်။
အမှောင်ချောက်နက်ကြီး ပျောက်ကွယ်သွားလေပြီ။ စကြဝဠာ စည်းမျဉ်းများ အားအနည်းဆုံး နေရာကြီး လုံးဝ မရှိတော့ချေ။ သူတို့၏ အစွမ်းအထက်ဆုံး စွမ်းအားများကို ထုတ်သုံးနိုင်ရန် မှီခိုအားထားနေရသော အတားအဆီးကြီး လည်း ပျောက်ကွယ်သွားခဲ့လေပြီ။ အခု သူတို့က မုန်လဲ့ကို ဘာနဲ့ ယှဉ်ပြိုင် တိုက်ခိုက်ကြတော့မည်နည်း။
"ပြီးပြီ... အရာအားလုံး ပြီးဆုံးသွားပြီ"
မီးခိုးရောင်အရိုးစုက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ၏ ကိုယ်ဟန်မှာ ယိုင်တိုင်တိုင် ဖြစ်နေလေသည်။ သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ ယခင်ကကဲ့သို့ အစွမ်းထက် မနေတော့ဘဲ စကြဝဠာ စည်းမျဉ်းများ၏ ဖိနှိပ်မှုအောက်တွင် အုပ်စိုးသူအဆင့်သို့ ပြန်လည် ကျဆင်းသွားခဲ့လေပြီ။
"ဘာလို့ ဒီလို ဖြစ်ရတာလဲ"
အမှောင်ဧကရာဇ်မှာ မျက်စိရှေ့မှ အဖြစ်အပျက်ကို လုံးဝ လက်မခံနိုင်ချေ။ သူက မုန်လဲ့ကို အသေအလဲ စိုက်ကြည့်နေလေသည်။
"မင်းက တကယ်ပဲ စည်းမျဉ်းနိယာမတရားကို နားလည်သွားတာလား"
"အဲဒါကြောင့်ပဲ ငါက မင်းကို ကျေးဇူးတင်ရမယ်လို့ ပြောတာပေါ့"
မုန်လဲ့၏ မျက်နှာမှာ အလွန် တည်ငြိမ်နေပြီး ညင်သာစွာ ပြုံးလိုက်လေသည်။
"တကယ်လို့ မင်းသာ မရှိခဲ့ဘူးဆိုရင်... ငါ တကယ်ပဲ စည်းမျဉ်းနိယာမတရားကို နားလည်နိုင်မှာ မဟုတ်ဘူး"
"သေနာကောင်... သေနာကောင်"
အမှောင်ဧကရာဇ်မှာ ဒေါသတကြီး ဟိန်းဟောက်နေလေသည်။ စည်းမျဉ်းနိယာမတရား ဆိုသည်မှာ သူ၏ အသက်သွေးကြော ဖြစ်ပြီး သူ၏ အမြတ်နိုးဆုံး အရာလည်း ဖြစ်လေသည်။ အခြားသူ တစ်ယောက်ယောက်က စည်းမျဉ်းနိယာမတရားကို နားလည်သွားမည်ကို သူ လုံးဝ ခွင့်မပြုနိုင်ချေ။
"သေစမ်း... သေလိုက်စမ်း"
အမှောင်ဧကရာဇ်က ရက်စက်စွာ တိုက်ခိုက်လာတော့သည်။
"အလကား အပင်ပန်းခံနေတာပါပဲ"
မုန်လဲ့က ညင်သာစွာ ခေါင်းခါရမ်းလိုက်ပြီး အာကာသ ချုပ်နှောင်ခြင်း စွမ်းရည်ကို ထုတ်လွှတ်လိုက်လေသည်။ ယခုအချိန်တွင် အမှောင်ဧကရာဇ်မှာ စောစောက အစွမ်းထက်လှသော အထွတ်အထိပ် နတ်ဘုရား မဟုတ်တော့ချေ။ အုပ်စိုးသူ အဆင့်သို့ ဖိနှိပ်ခံထားရသော သူ့အနေဖြင့် အာကာသ ချုပ်နှောင်ခြင်း၏ အစွမ်းကို လုံးဝ ရုန်းထွက်နိုင်စွမ်း မရှိတော့ချေ။
"ငါ့ကို လွှတ်ပေးစမ်း... ငါ မင်းကို သတ်ပစ်မယ်"
အမှောင်ဧကရာဇ်က ဒေါသတကြီး ဟိန်းဟောက်နေလေသည်။
"ရိုင်းစိုင်းလိုက်တာ"
မုန်လဲ့၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး လက်ဝါးတစ်ချက် ရိုက်ချလိုက်လေသည်။ အမှောင်ဧကရာဇ်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခေါင်းများ ကွဲထွက်သွားပြီး သွေးများ ပန်းထွက်လာကာ မျက်လုံးများပင် ပြာဝေသွားတော့သည်။
"ထပ်ပြီး အပိုစကား တစ်ခွန်း ပြောရဲသေးတယ်ဆိုရင်... ငါ မင်းကို သတ်ပစ်မယ်"
မုန်လဲ့က အေးစက်စွာ ပြောဆိုလိုက်ပြီး အမှောင်ဧကရာဇ်ကို ဆက်လက် ဂရုမစိုက်တော့ဘဲ မီးခိုးရောင်အရိုးစု အနီးသို့ လျှောက်သွားလိုက်လေသည်။
"မင်းမှာ ပြောစရာ စကား တစ်ခုခု ရှိသေးလား"
"အနိုင်ရတဲ့သူက ဘုရင်... ရှုံးတဲ့သူက ခွေး... ဒါပါပဲ"
မီးခိုးရောင်အရိုးစုမှာ အလွန် တည်ငြိမ်နေပြီး ဦးခေါင်းခွံထဲရှိ မီးခိုးရောင် သရဲမီးတောက်မှာလည်း အလွန် ငြိမ်သက်နေလေသည်။
"မင်းလက်ထဲမှာ အရှုံးပေးရတာ ငါ မတရားဘူးလို့ မခံစားရပါဘူး"
"မင်းက တော်တော်လေး စိတ်အေးချမ်းသာ ရှိသားပဲ"
မုန်လဲ့မှာ သူ့ကို အနည်းငယ် အထင်ကြီးသွားရလေသည်။
"စိတ်မအေးလို့ကော ဘာလုပ်ရမှာလဲ"
မီးခိုးရောင်အရိုးစုက ညင်သာစွာ ပြုံးလိုက်လေသည်။
"ငါက ခေတ်ကာလ သုံးခုတိုင်တိုင် အသက်ရှင်ခဲ့ပြီးပြီ... အစောကြီးကတည်းက အသက်ရှင်ရတာကို ရိုးအီနေခဲ့ပြီ... ငါ့ရဲ့ တစ်ခုတည်းသော စွဲလမ်းမှုက စကြဝဠာရဲ့ မူလအရင်းအမြစ်ကို ပေါင်းစပ်ပြီး စကြဝဠာသခင် ဖြစ်လာဖို့ပဲ... ဝမ်းနည်းစရာကောင်းတာက ဒီတစ်ခုတည်းသော စွဲလမ်းမှုကလည်း ရေမြှုပ်တစ်ခုလို ပျောက်ကွယ်သွားခဲ့ပြီဆိုတော့... ငါ့အတွက် နှမြောစရာ ဘာရှိတော့မှာလဲ"
"ဒါလည်း ဟုတ်တာပါပဲ"
မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်လေသည်။
"ဒါပေမဲ့... ဒီအတိုင်းကြီး အသေခံလိုက်ရမယ်ဆိုရင် မင်းအတွက် အရမ်း နှမြောစရာ မကောင်းဘူးလား"
"ဘယ်လိုလဲ... မင်းက ငါ့ကို လွှတ်ပေးမလို့လား"
မီးခိုးရောင်အရိုးစုက လှောင်ပြောင်စွာ ပြောဆိုလိုက်လေသည်။
"မင်း ငါ့ကို သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ... တကယ်လို့ ငါသာ အသက်ရှင်နေသေးတယ် ဆိုရင်... စကြဝဠာရဲ့ မူလအရင်းအမြစ်ကို ပေါင်းစပ်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေဦးမှာပဲ..."
"ဟင့်အင်း... မင်းအတွက် အခွင့်အရေး မရှိတော့ဘူး"
မုန်လဲ့က ကျယ်ပြောလှသော လေဟာနယ်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။
"မင်းက စကြဝဠာရဲ့ မူလအရင်းအမြစ်ကို ပေါင်းစပ်ဖို့ အသေအလဲ ကြိုးစားနေတာ မဟုတ်လား... လာ... ငါ မင်းကို အဲဒီနေရာ ခေါ်သွားပေးမယ်"
"မင်း ဘာပြောလိုက်တာလဲ"
မီးခိုးရောင်အရိုးစုမှာ ကြောင်အမ်းသွားရလေသည်။ မုန်လဲ့က အပိုစကားများ မပြောတော့ဘဲ ဝိညာဉ်စွမ်းအားများကို ဖြန့်ကျက်ကာ မီးခိုးရောင်အရိုးစုနှင့် အမှောင်ဧကရာဇ်တို့ကို လွှမ်းခြုံလိုက်ပြီး နေရာ၌ပင် ပျောက်ကွယ်သွားလေသည်။
နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာချိန်တွင် သူတို့သည် လုံးဝ စိမ်းသက်နေသော နေရာတစ်ခုသို့ ရောက်ရှိနေကြလေပြီ။ ဤနေရာမှာ စိမ်းသက်နေသည်ဟု ဆိုရခြင်းမှာ လောကကမ္ဘာများနှင့် မတူညီသလို ကျယ်ပြောလှသော လေဟာနယ်ကြီးနှင့်လည်း မတူညီဘဲ လုံးဝ ဗလာနတ္ထိ ဖြစ်နေသော နေရာတစ်ခု ဖြစ်နေသောကြောင့်ပင်။ ထိုနေရာတွင် သေးငယ်လှသော အနက်ရောင် အစက်ကလေး တစ်စက်သာ တိတ်ဆိတ်စွာ လွင့်မျောနေလေသည်။
ဤအနက်ရောင် အစက်ကလေးမှာ အလွန်တရာ သေးငယ်လှပြီး မည်မျှအထိ သေးငယ်ကြောင်းကို မည်သူမျှ မသိနိုင်ချေ။ သို့သော် အံ့ဩစရာကောင်းသည်မှာ ထိုနေရာတွင် ရှိနေသော သူတို့ သုံးဦးလုံးက ၎င်း၏ တည်ရှိနေမှုကို ထင်ရှားစွာ ခံစားသိရှိနေရခြင်းပင် ဖြစ်လေသည်။
ထို့အပြင် ၎င်းကို ခံစားသိရှိလိုက်ရသည်နှင့် တစ်ပြိုင်နက် မီးခိုးရောင်အရိုးစုရော အမှောင်ဧကရာဇ်ပါ အလွန်အမင်း စိတ်လှုပ်ရှား ဝမ်းသာသွားကြလေသည်။ အချိန်ကာလ မျှော်စင်ထဲမှ မိုလော့ပင်လျှင် ပျံသန်း ထွက်လာခဲ့လေသည်။
"ခံစားမိတယ် မဟုတ်လား"
မုန်လဲ့က သူတို့ နှစ်ဦးကို ကြည့်ကာ ပြုံးလျက် မေးလိုက်လေသည်။
"စကြဝဠာရဲ့ မူလအရင်းအမြစ်"
"ဒါ စကြဝဠာရဲ့ မူလအရင်းအမြစ်ပဲ"
မီးခိုးရောင်အရိုးစုက အနက်ရောင် အစက်ကလေးကို အသေအလဲ စိုက်ကြည့်နေပြီး စကားပြောရာတွင်ပင် တုန်ရီနေလေသည်။
"မှန်တယ်... ဒါ စကြဝဠာရဲ့ မူလအရင်းအမြစ်ပဲ"
မုန်လဲ့က မီးခိုးရောင်အရိုးစု၏ စကားကို အတည်ပြုပေးလိုက်လေသည်။
"ဒါက စကြဝဠာရဲ့ မူလအရင်းအမြစ် ဟုတ်လား... ဒါပေမဲ့ အရမ်း သေးလွန်းနေတယ် မဟုတ်ဘူးလား"
မိုလော့မှာ အနည်းငယ် သံသယ ဖြစ်နေလေသည်။
"စကြဝဠာရဲ့ မူလအရင်းအမြစ် ဆိုတာ... သေးတယ်လို့ ပြောရင် တကယ်လည်း သေးငယ်လွန်းပါတယ်... တွင်းနက်ကြီးတွေ ဖြစ်ပေါ်လာတဲ့ နေရာလွတ် အစက်အပြောက်လေးထက်တောင် ပိုပြီး သေးငယ်သေးတယ်... ဘယ်လို ရုပ်ဝတ္ထုမျိုးကမှ အဲဒီထဲကို ဝင်ရောက်သွားနိုင်စွမ်း မရှိလောက်အောင် သေးငယ်တာ"
မုန်လဲ့က စကားကို အနည်းငယ် ပြောင်းလိုက်လေသည်။
"ဒါပေမဲ့ ဒါက အပေါ်ယံ အခြေအနေသက်သက်ပဲ... စကြဝဠာရဲ့ မူလအရင်းအမြစ် ဆိုတာ တကယ်တမ်းကျတော့ အရမ်းကို ကြီးမားလှတယ်... ဘာလို့လဲဆိုတော့ သူက ကျယ်ပြောလှတဲ့ စကြဝဠာကြီး တစ်ခုလုံးနဲ့ ပေါင်းစပ်တည်ရှိနေပြီး... စကြဝဠာကြီး တစ်ခုလုံးကို လွှမ်းမိုး အုပ်ချုပ်ထားလို့ပဲ... သူက စကြဝဠာရဲ့ အလယ်ဗဟိုချက်ဖြစ်ပြီး အခြေခံ အုတ်မြစ်လည်း ဖြစ်တယ်"
"ဒါကြောင့် သူ့ကို အရွယ်အစား ပမာဏနဲ့ တိုင်းတာလို့ မရဘူး"
မုန်လဲ့က မီးခိုးရောင်အရိုးစုနှင့် အမှောင်ဧကရာဇ်တို့ကို ကြည့်လိုက်လေသည်။
"လာ... အထဲ ဝင်ကြည့်ကြရအောင်"
"မင်းက စကြဝဠာရဲ့ မူလအရင်းအမြစ်ထဲကို ဝင်နိုင်လို့လား"
မီးခိုးရောင်အရိုးစုက မုန်လဲ့ကို ယုံကြည်နိုင်စွမ်း မရှိစွာဖြင့် ကြည့်လိုက်လေသည်။
"သေချာပေါက် ဝင်နိုင်တာပေါ့"
မုန်လဲ့က သူ၏ လက်နှစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ ဘယ်ဘက် လက်ဝါးထဲတွင် ကံကြမ္မာ နိယာမတရား သံကြိုးတစ်ချောင်း ထွက်ပေါ်လာပြီး ညာဘက် လက်ဝါးထဲတွင် စည်းမျဉ်း နိယာမတရား သံကြိုးတစ်ချောင်း ထွက်ပေါ်လာလေသည်။
ညင်သာစွာ တွန်းပို့လိုက်လေသည်။ လောကဖန်တီးခြင်း နိယာမတရား သံကြိုး နှစ်ချောင်းက စကြဝဠာ၏ မူလအရင်းအမြစ်ကို ကိုယ်စားပြုသော အနက်ရောင် အစက်ကလေးဆီသို့ လျင်မြန်စွာ ဆန့်ထွက်သွားလေသည်။
ချက်ချင်းဆိုသလိုပင် အနက်ရောင် အစက်ကလေးဆီမှ ပြိုးပြိုးပြက်ပြက် တောက်ပနေသော အလင်းတန်းများ ဖြာထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းလှသော စုပ်ယူမှု စွမ်းအားကြီး တစ်ခု ထွက်ပေါ်လာလေသည်။
"မရုန်းကန်ကြနဲ့"
မုန်လဲ့က သတိပေးလိုက်ပြီး စုပ်ယူမှု စွမ်းအားကြီး၏ မျိုချခြင်းကို ခံယူလိုက်လေသည်။ ကမ္ဘာကြီး တစ်ခုလုံး ချာချာလည်သွားပြီးနောက် သူတို့သည် အရောင်အသွေး စုံလင်လှသော ကမ္ဘာကြီး တစ်ခုထဲသို့ ရောက်ရှိသွားကြလေသည်။
မှုန်ဝါးဝါး အရောင်အသွေးများက ကမ္ဘာကြီး တစ်ခုလုံးကို ပြည့်နှက်နေပြီး သက်တံများအလား တစ်ခုနှင့်တစ်ခု ရစ်နွယ် ယှက်နွယ်နေကာ အရပ်လေးမျက်နှာသို့ ပျံ့နှံ့နေလေသည်။ သို့သော် သေချာစွာ ကြည့်ရှုလိုက်ပါက ထိုအရောင်များမှာ သုံးရောင်တည်းသာ ရှိကြောင်း တွေ့ရှိရမည် ဖြစ်သည်။
၎င်းတို့မှာ စည်းမျဉ်း နိယာမတရားကို ကိုယ်စားပြုသော အနီရောင် ကံကြမ္မာ နိယာမတရားကို ကိုယ်စားပြုသော အစိမ်းရောင်နှင့် အချိန်ကာလ နေရာဒေသ နိယာမတရားကို ကိုယ်စားပြုသော အပြာရောင်တို့ပင် ဖြစ်ကြသည်။ လောကဖန်တီးခြင်း နိယာမတရား သုံးမျိုးက အချင်းချင်း ရစ်နွယ်နေပြီး ကျယ်ပြောလှသော စကြဝဠာကြီးကို လွှမ်းမိုး အုပ်ချုပ်ထားသည့် စည်းမျဉ်းဥပဒေများကို ဖန်တီးထားခြင်း ဖြစ်လေသည်။
စကြဝဠာ၏ ဆင့်ကဲ ပြောင်းလဲမှုများ အချိန်ကာလနှင့် နေရာဒေသ ဖွဲ့စည်းတည်ဆောက်ပုံများ သက်ရှိများ မွေးဖွားလာမှုများ အရာခပ်သိမ်း ပျက်သုဉ်းသွားမှုများ အားလုံးက လောကဖန်တီးခြင်း နိယာမတရား သုံးမျိုး၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းနိုင်စွမ်း မရှိကြချေ။
သေချာသည်မှာ လောကဖန်တီးခြင်း နိယာမတရား သုံးမျိုးအပြင် နေရာတိုင်းတွင် ရှိနေသော လောကဖန်တီးခြင်း စွမ်းအားများလည်း ရှိနေသေးလေသည်။ လောကဖန်တီးခြင်း စွမ်းအား သုံးမျိုးနှင့် လောကဖန်တီးခြင်း နိယာမတရား သုံးမျိုးတို့က စကြဝဠာ၏ မူလအရင်းအမြစ်ကို ဖန်တီးထားခြင်း ဖြစ်လေသည်။
ပထမတစ်ခုက စကြဝဠာ မူလအရင်းအမြစ် စွမ်းအား ဖြစ်လေသည်။ ဒုတိယတစ်ခုက စကြဝဠာ မူလအရင်းအမြစ် နိယာမတရား ဖြစ်လေသည်။ ၎င်းတို့ နှစ်ခု ပေါင်းစပ်သွားပါက စကြဝဠာ၏ မူလအရင်းအမြစ် ဖြစ်လာလေသည်။
"ဒါက စကြဝဠာရဲ့ မူလအရင်းအမြစ်ပဲ"
မီးခိုးရောင်အရိုးစုက တံတွေးများကို အဆက်မပြတ် မျိုချနေမိပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီနေကြောင်း ခံစားနေရလေသည်။ ခေတ်ကာလ သုံးခုတိုင်တိုင် အသက်ရှင်ခဲ့ပြီးနောက် ဤသည်မှာ သူ စကြဝဠာ၏ မူလအရင်းအမြစ်နှင့် အနီးကပ်ဆုံး အချိန်ပင် ဖြစ်လေသည်။
ရင်ထဲတွင် မည်သည့် ရည်ရွယ်ချက်မှ မရှိဘူးဟု ဆိုပါက သေချာပေါက် လိမ်ညာနေခြင်းသာ ဖြစ်မည်။ သူ တကယ်ကို တကယ်ကို တကယ်ကို ရှေ့သို့ ပြေးထွက်သွားပြီး စကြဝဠာ၏ မူလအရင်းအမြစ်ကို လုယူကာ စကြဝဠာသခင် ဖြစ်လာချင်နေမိလေသည်။ သို့သော် သူ မဝံ့ရဲချေ။
မုန်လဲ့ ရှိနေသရွေ့ သူက စကြဝဠာ၏ မူလအရင်းအမြစ်ကို လက်ဖျားနှင့်ပင် ထိတွေ့နိုင်မည် မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။
ထို့အပြင် ဤစကြဝဠာ မူလအရင်းအမြစ် နေရာတွင် သူ၏ စွမ်းအားများမှာ အများဆုံး ဖိနှိပ်ခံထားရပြီး ပင်မနတ်ဘုရား အဆင့်အထိပင် ကျဆင်းသွားခဲ့ပြီ ဖြစ်ရာ စကြဝဠာ၏ မူလအရင်းအမြစ်ကို လုယူရန် မည်သို့ စွမ်းအား ရှိနိုင်မည်နည်း။ မီးခိုးရောင်အရိုးစုက သူ၏ လောဘကို အစွမ်းကုန် ထိန်းချုပ်ထားနိုင်ခဲ့လေသည်။
သို့သော် အမှောင်ဧကရာဇ်ကမူ မထိန်းချုပ်နိုင်ခဲ့ချေ။ သို့မဟုတ် လူတိုင်းက စကြဝဠာ၏ မူလအရင်းအမြစ်ကို ရင်ဆိုင်ရချိန်တွင် အသိစိတ်ကို ထိန်းချုပ်ထားနိုင်စွမ်း မရှိကြဟု ဆိုရမည် ဖြစ်သည်။
အမှောင်ဧကရာဇ်၏ မျက်လုံးများမှာ သွေးရောင် လွှမ်းသွားပြီး တောင်ပံများကို ရူးသွပ်စွာ ခတ်ကာ စကြဝဠာ မူလအရင်းအမြစ်၏ အလယ်ဗဟို အကျဆုံး နေရာဆီသို့ အဟုန်ပြင်းစွာ ပျံသန်းသွားတော့၏။ ထိုနေရာမှာ လောကဖန်တီးခြင်း နိယာမတရား သုံးမျိုးနှင့် လောကဖန်တီးခြင်း စွမ်းအား သုံးမျိုးတို့ အပြင်းထန်ဆုံး ရစ်နွယ်နေသည့် နေရာ ဖြစ်ပြီး သလင်းကျောက် တစ်ခု အဖြစ်ပင် စုစည်းနေလေပြီ။
အဲဒါက စကြဝဠာရဲ့ နှလုံးသားပဲ။
"အဲဒါကို ပေါင်းစပ်ရမယ်"
"စကြဝဠာရဲ့ နှလုံးသားကို ပေါင်းစပ်လိုက်တာနဲ့..."
"စကြဝဠာရဲ့ မူလအရင်းအမြစ်က ငါ့ဟာ ဖြစ်သွားတော့မှာပဲ"
"ငါက စကြဝဠာသခင် ဖြစ်လာတော့မှာကွ"
"အမှောင်"
မိုလော့က ဤမြင်ကွင်းကို မြင်သောအခါ အလွန်အမင်း ထိတ်လန့်သွားပြီး အော်ဟစ်လိုက်လေသည်။
"မြန်မြန် ပြန်လာခဲ့"
"ဒီကောင်ကတော့..."
မီးခိုးရောင်အရိုးစု၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားလေသည်။
"လူမိုက်"
မုန်လဲ့က အေးစက်စွာ ရယ်မောလိုက်ပြီး တားဆီးခြင်း မပြုဘဲ တိတ်ဆိတ်စွာ ရပ်ကြည့်နေလေသည်။ အမှောင်ဧကရာဇ်၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် စကြဝဠာ နှလုံးသား၏ ရှေ့သို့ ရောက်ရှိသွားလေသည်။
သူ၏ ရင်ထဲရှိ စိတ်လှုပ်ရှား ဝမ်းသာမှုများကို လုံးဝ မထိန်းချုပ်နိုင်တော့ဘဲ နတ်ဘုရားဝိညာဉ် စွမ်းအားများကို ရူးသွပ်စွာ ထုတ်လွှတ်ကာ စကြဝဠာ နှလုံးသားပေါ်တွင် သူ၏ နတ်ဘုရားဝိညာဉ် အမှတ်အသားကို ချန်ထားရန် ကြိုးစားတော့၏။
စိတ်ကူးယဉ်မှုက အလွန် လှပလှသော်လည်း တကယ့် လက်တွေ့တွင်မူ သူ၏ နတ်ဘုရားဝိညာဉ် စွမ်းအားများက စကြဝဠာ နှလုံးသားနှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် လေထဲတွင် တိတ်ဆိတ်စွာ လွင့်မျောနေသော စကြဝဠာ နှလုံးသားဆီမှ မျက်စိကျိန်းမတတ် တောက်ပလှသော အရောင်သုံးမျိုး အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အမှောင်ဧကရာဇ်၏ ကိုယ်ပေါ်သို့ အဟုန်ပြင်းစွာ ရိုက်ခတ်သွားတော့၏။ နောက်တစ်စက္ကန့်တွင် အမှောင်ဧကရာဇ်မှာ လုံးဝ အငွေ့ပျံသွားပြီး အကြွင်းအကျန် အနည်းငယ်မျှပင် မကျန်ရစ်တော့ချေ။
"အမှောင်"
မိုလော့က ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ မီးခိုးရောင်အရိုးစုမှာလည်း တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားရလေသည်။
"သူက စကြဝဠာ နှလုံးသားရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပဲ"
မုန်လဲ့က ညင်သာစွာ ခေါင်းခါလိုက်လေသည်။
"ခုနက အချိန်လေးမှာတင်... သူက လောကဖန်တီးခြင်း စွမ်းအား သုံးမျိုးရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာ... သူ့ရဲ့ ကံကြမ္မာ အားလုံး အသတ်ခံလိုက်ရတယ်... အချိန်ကာလ နေရာဒေသ အားလုံးမှာ ရှိနေတဲ့ သူ့ရဲ့ ကိုယ်ပွားတွေ အားလုံးလည်း အသတ်ခံလိုက်ရတယ်... ပြီးတော့ စည်းမျဉ်းနိယာမတရားရဲ့ ပိတ်ပင်ခြင်းကိုပါ ခံလိုက်ရတော့... သူ ဘယ်တော့မှ ပြန်လည် ရှင်သန်လာနိုင်တော့မှာ မဟုတ်ဘူး"
မီးခိုးရောင်အရိုးစုမှာ တစ်ကိုယ်လုံး တုန်ရီလာပြီး ချွေးစေးများ အဆက်မပြတ် စီးကျလာလေသည်။ ကံကောင်းထောက်မစွာဖြင့် သူ ခုနက စိတ်ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထိုသို့သာ မဟုတ်ပါက ယခု သေဆုံးသွားသူမှာ အမှောင်ဧကရာဇ် တစ်ယောက်တည်း ဖြစ်မည် မဟုတ်ချေ။
"အမှောင်"
မိုလော့မှာ ဝမ်းနည်း ပူဆွေးနေလေသည်။
"အရမ်း ဝမ်းနည်းမနေပါနဲ့ မိုလော့ရယ်"
မုန်လဲ့က နှစ်သိမ့်ပေးလိုက်လေသည်။
"လောဘဆိုတာ မူလအပြစ်တစ်ခုပဲ... သူက သူ့ကိုယ်သူ သတ်သေသွားတာပါ"
"ငါ သိပါတယ်"
မိုလော့က သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"မုန်လဲ့... မင်းမှာကော စကြဝဠာရဲ့ မူလအရင်းအမြစ်ကို ပေါင်းစပ်နိုင်မယ့် နည်းလမ်း ရှိလို့လား"
မီးခိုးရောင်အရိုးစုက မုန်လဲ့ကို ရုတ်တရက် မေးလိုက်လေသည်။
"ငါလား... သေချာပေါက် ရှိတာပေါ့"
မုန်လဲ့က ညင်သာစွာ ပြုံးလိုက်လေသည်။
"စကြဝဠာ နှလုံးသားက ငါ့ကို ခေါ်နေတာ မင်း မခံစားမိဘူးလား"
"မင်းကို ခေါ်နေတယ် ဟုတ်လား"
မီးခိုးရောင်အရိုးစုမှာ အနည်းငယ် ကြောင်အမ်းသွားရလေသည်။ ထိုအချိန်တွင် မုန်လဲ့က ခြေလှမ်းများ လှမ်းကာ စကြဝဠာ နှလုံးသားဆီသို့ ပျံသန်းသွားလေသည်။ မိုလော့က အလျင်အမြန် သတိပေးလိုက်လေသည်။
"မုန်လဲ့... သတိထားဦးနော်"
"မလိုပါဘူး"
မုန်လဲ့က စကြဝဠာ နှလုံးသား၏ ရှေ့သို့ ရဲရဲဝံ့ဝံ့ လျှောက်သွားလိုက်ပြီး သူ၏ နတ်ဘုရားဝိညာဉ် စွမ်းအားများကို ထုတ်လွှတ်လိုက်လေသည်။ ဤလုပ်ရပ်မှာ စောစောက အမှောင်ဧကရာဇ်၏ လုပ်ရပ်နှင့် အတူတူပင် ဖြစ်ရာ မိုလော့မှာ အလွန်အမင်း စိုးရိမ်ပူပန်သွားရလေသည်။ မီးခိုးရောင်အရိုးစုကလည်း မုန်လဲ့ကို သေသေချာချာ စိုက်ကြည့်နေလေသည်။ မုန်လဲ့က အမှောင်ဧကရာဇ်ကဲ့သို့ အဆုံးသတ်သွားမည်လား ဆိုသည်ကို သူ သိချင်နေမိသည်။
သို့မဟုတ် မုန်လဲ့ ပြောသကဲ့သို့ စကြဝဠာ နှလုံးသားပေါ်တွင် သူ၏ နတ်ဘုရားဝိညာဉ် အမှတ်အသားကို အောင်မြင်စွာ ချန်ထားနိုင်မည်လား။
သူတို့ နှစ်ဦး၏ စိုးရိမ်ထိတ်လန့်နေသော အကြည့်များအောက်တွင် မုန်လဲ့၏ နတ်ဘုရားဝိညာဉ် စွမ်းအားများက စကြဝဠာ နှလုံးသားနှင့် အောင်မြင်စွာ ထိတွေ့သွားလေပြီ။
'ဝုန်း'
ယခင်ကအတိုင်း အဖြစ်အပျက်တစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်လေသည်။ စကြဝဠာ နှလုံးသားမှ မျက်စိကျိန်းမတတ် တောက်ပလှသော အရောင်သုံးမျိုး အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး မုန်လဲ့၏ ကိုယ်ပေါ်သို့ မျက်စိတစ်မှိတ် အတွင်း ရိုက်ခတ်သွားတော့၏။
သို့သော် အဆုံးသတ်ကတော့ လုံးဝ ကွာခြားလှပေသည်။ မုန်လဲ့သည် အရောင်သုံးမျိုး အလင်းတန်းများ၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီးနောက် အမှောင်ဧကရာဇ်ကဲ့သို့ ချက်ချင်း အငွေ့ပျံသွားခြင်း မရှိချေ။
အရောင်သုံးမျိုး အလင်းတန်းများက အသိုက်သို့ ပြန်လာသော ငှက်ငယ်လေးများအလား မုန်လဲ့၏ ခန္ဓာကိုယ်ထဲသို့ အဟုန်ပြင်းစွာ ဝင်ရောက်လာကြလေသည်။ တစ်ချိန်တည်းမှာပင် စကြဝဠာ၏ မူလအရင်းအမြစ်မှာလည်း ထွက်ပေါက်တစ်ခု ရှာတွေ့သွားသကဲ့သို့ မုန်လဲ့၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်လာတော့၏။
"အား"
မုန်လဲ့က ကောင်းကင်ကို မော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ စကြဝဠာ၏ မူလအရင်းအမြစ်က နှစ်ပိုင်း ကွဲသွားပြီး လောကဖန်တီးခြင်း နိယာမတရားများက သူ၏ အသိစိတ်ပင်လယ်ထဲသို့ အဟုန်ပြင်းစွာ ဝင်ရောက်သွားကာ နောက်ဆုံးတွင် နတ်ဘုရားဝိညာဉ်ထဲသို့ ပေါင်းစပ်သွားကြောင်း သူ ခံစားလိုက်ရသည်။ လောကဖန်တီးခြင်း စွမ်းအားများကမူ ခန္ဓာကိုယ် အနှံ့အပြားသို့ ပျံ့နှံ့သွားပြီး သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစပ်သွားကြလေသည်။
"ဒါက... ပေါင်းစပ်နေတာလား"
မိုလော့မှာ မှင်တက်စွာ ကြည့်နေမိလေသည်။
"ဒါ ပေါင်းစပ်နေတာပဲ"
မီးခိုးရောင်အရိုးစု၏ မျက်ဝန်းများထဲတွင် အလွန်အမင်း အံ့ဩထိတ်လန့်မှုများ ပြည့်နှက်နေလေသည်။
"ငါ အကြံအစည် မျိုးစုံထုတ်ပြီး အသေအလဲ ကြိုးစားခဲ့ရတဲ့ စကြဝဠာရဲ့ မူလအရင်းအမြစ်ကို... သူက ဒီလောက် အလွယ်တကူ ပေါင်းစပ်နိုင်လိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး"
"စကြဝဠာရဲ့ မူလအရင်းအမြစ်ကို ပေါင်းစပ်ပြီးသွားရင်... မုန်လဲ့က စကြဝဠာသခင် ဖြစ်လာမှာပေါ့... အဲဒီနောက် ဒဏ္ဍာရီထဲက ဟုန်မုန် လောကဖန်တီးခြင်း နတ်ဘုရား ဖြစ်လာတော့မှာလား"
မိုလော့က ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
"ဘုရားရေ... ဟုန်မုန် လောကဖန်တီးခြင်း နတ်ဘုရား တစ်ပါး မွေးဖွားလာတာကို ငါ ကိုယ်တိုင် မျက်စိနဲ့တပ်အပ် မြင်တွေ့ခွင့် ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ဒါက တကယ်ကို"
ပေါင်းစပ်ခြင်း လုပ်ငန်းစဉ် တစ်ခုလုံးမှာ ရေစီးကြောင်း တစ်ခုအလား အလွန်တရာ ချောမွေ့ ညင်သာလှသဖြင့် အချိန်များစွာ မယူလိုက်ရချေ။ အချိန်တိုလေး အတွင်းမှာပင် မူလအရင်းအမြစ် နေရာရှိ လောကဖန်တီးခြင်း စွမ်းအားများနှင့် လောကဖန်တီးခြင်း နိယာမတရားများ အားလုံးမှာ မုန်လဲ့၏ ခန္ဓာကိုယ်နှင့် ဦးနှောက်ထဲသို့ အပြည့်အဝ ဝင်ရောက်သွားကြလေပြီ။
စကြဝဠာ နှလုံးသား ကိုယ်တိုင်ကလည်း လေထဲသို့ ပျံတက်သွားပြီး မုန်လဲ့၏ မျက်ခုံးကြားတွင် ကိုယ်တိုင် ဝင်ရောက် နေရာယူကာ အရောင်သုံးမျိုး သင်္ကေတ တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
"ဟူး"
မုန်လဲ့က ညစ်ညမ်းသော လေများကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်လေသည်။ ဤအချိန်တွင် စကြဝဠာကြီး တစ်ခုလုံးမှာ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုအဖြစ် အပြည့်အဝ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သူ ခံစားလိုက်ရလေသည်။
ရုပ်ဝတ္ထုလောက တစ်ခုချင်းစီ။
အလယ်အလတ်အဆင့် လောက တစ်ခုချင်းစီ။
နတ်ဘုရားလောက တစ်ခုချင်းစီ။
ပုရွက်ဆိတ်လေး တစ်ကောင်မှသည်... အထွတ်အထိပ် ကောင်းကင်ဘုံ အထိ... အားလုံးက သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်သွားခဲ့လေပြီ။ စိတ်ဆန္ဒ တစ်ချက်ဖြင့် အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးလုံးကို ဖြတ်ကျော်နိုင်ပြီး အရပ်ဆယ်မျက်နှာသို့ ပျံ့နှံ့နိုင်လေသည်။ စိတ်ဆန္ဒ တစ်ချက်ဖြင့် အတိတ်ကို ပြန်သွားနိုင်သလို အနာဂတ်ကိုလည်း ခရီးဆက်နိုင်လေသည်။
"ဒီလို ခံစားချက်မျိုးက တကယ်ကို အံ့ဩစရာ ကောင်းလွန်းတယ်"
မုန်လဲ့မှာ အလွန်အမင်း ချီးကျူးနေမိလေသည်။ စကြဝဠာကြီးက သူ၏ ခန္ဓာကိုယ် ဖြစ်သွားခဲ့လေပြီ။ စကြဝဠာကြီးကို ပြန်လည် ကြည့်ရှုလိုက်ရသည်မှာ သာမန် လူတစ်ယောက်က သစ်ရွက်လေး တစ်ရွက်ကို ကြည့်နေရသကဲ့သို့ သဲသောင်ပြင်လေး တစ်ခုကို ကြည့်နေရသကဲ့သို့ ခံစားရလေသည်။
'ဝုန်း'
နောက်တစ်စက္ကန့်တွင် အလွန် ပြင်းထန်လှသော စွမ်းအားကြီး တစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ အဟုန်ပြင်းစွာ ဝင်ရောက်လာကြောင်း မုန်လဲ့ ခံစားလိုက်ရလေသည်။ မုန်လဲ့ သိထားသည်မှာ ဤအရာက သူ စကြဝဠာ၏ မူလအရင်းအမြစ်ကို ပေါင်းစပ်ပြီး စကြဝဠာသခင် ဖြစ်လာပြီးနောက်... စကြဝဠာကြီးက သူ၏ ခန္ဓာကိုယ်နှင့် နတ်ဘုရားဝိညာဉ်ကို စတင် ပြုပြင်ပြောင်းလဲပေးနေပြီး သူ၏ သက်ရှိ အဆင့်အတန်းကို အဆင့်တက်သွားစေရန် ကူညီပေးနေခြင်းပင် ဖြစ်လေသည်။
စကြဝဠာသခင် ဆိုသည်မှာ သေချာပေါက် ဟုန်မုန် လောကဖန်တီးခြင်း နတ်ဘုရားပင် ဖြစ်လေသည်။ ထို့ကြောင့် စကြဝဠာကြီးက သူ့ကို အဆင့်တက်သွားစေရန် ကူညီပေးနေခြင်း ဖြစ်လေသည်။ ခန္ဓာကိုယ်က အရှိန်အဟုန်ဖြင့် သန်မာလာသည်။ နတ်ဘုရားဝိညာဉ်က အဆက်မပြတ် အစွမ်းထက်လာသည်။ သက်ရှိ အဆင့်အတန်းက တစ်ဟုန်ထိုး မြင့်တက်သွားသည်။
အချိန်မည်မျှ ကြာသွားမှန်း မသိရသော်လည်း အဆင့်တက်ခြင်း လုပ်ငန်းစဉ်မှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့လေပြီ။ မုန်လဲ့က သူ၏ ခြေလက်များကို အနည်းငယ် လှုပ်ရှားလိုက်ရာ အဆုံးအစမရှိ ကျယ်ပြောလှသော စွမ်းအားကြီးက ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံထားကြောင်း ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှာ ယခင်ကထက် အဆပေါင်း များစွာ ပိုမို အစွမ်းထက်လာခဲ့လေပြီ။
"အခု ငါက ဟုန်မုန် လောကဖန်တီးခြင်း နတ်ဘုရား ဖြစ်သွားပြီလား"
မုန်လဲ့က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး အလိုအလျောက်ပင် သူ၏ အချက်အလက် ကို လှမ်းကြည့်လိုက်လေသည်။
အမည် - မုန်လဲ့
အဆင့်အတန်း - ဟုန်မုန် လောကဖန်တီးခြင်း နတ်ဘုရား
ချမ်းသာကြွယ်ဝမှု - မူလ စကြဝဠာ တစ်ခု
ခန္ဓာကိုယ် ဖွဲ့စည်းပုံ - ဟုန်မုန် လောကဖန်တီးခြင်း ခန္ဓာကိုယ်
ဝိညာဉ် စွမ်းအား - ဟုန်မုန် လောကဖန်တီးခြင်း ဝိညာဉ်
နိယာမတရား အသိအမြင် - ကံကြမ္မာ နိယာမတရား၊ စည်းမျဉ်း နိယာမတရား၊ အချိန်ကာလ နေရာဒေသ နိယာမတရား
"တကယ်ပဲ ဟုန်မုန် လောကဖန်တီးခြင်း နတ်ဘုရား ဖြစ်သွားတာပဲ"
မုန်လဲ့က ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
"အရင်က ငါ နားမလည်ခဲ့သေးတဲ့ အချိန်ကာလ နေရာဒေသ နိယာမတရားကိုတောင် တစ်ခါတည်း နားလည်သွားတာပဲ... မီးခိုးရောင်အရိုးစုက ဘာလို့များ စကြဝဠာရဲ့ မူလအရင်းအမြစ်ကို ပေါင်းစပ်ဖို့ ဒီလောက်တောင် အသေအလဲ ကြိုးစားနေရလဲ ဆိုတာ မဆန်းတော့ပါဘူး... ဒီအထဲက အကျိုးကျေးဇူးတွေက တကယ်ကို ကြီးမားလွန်းတာကိုး"
"မုန်... မုန်လဲ့... မင်း အောင်မြင်သွားပြီလား"
မုန်လဲ့က အချိန်အကြာကြီး ငြိမ်သက်နေသည်ကို မြင်သောအခါ မိုလော့က သတိထားကာ မေးမြန်းလိုက်လေသည်။ မုန်လဲ့က မျက်လုံးဖွင့်လာပြီး ပြုံးလျက် ခေါင်းညိတ်ပြလိုက်လေသည်။
"အင်း... အောင်မြင်သွားပြီ"
"မင်း တကယ်ပဲ စကြဝဠာသခင် ဖြစ်သွားပြီလား"
မိုလော့မှာ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။ မီးခိုးရောင်အရိုးစုကလည်း မုန်လဲ့ကို အသေအလဲ စိုက်ကြည့်နေလေသည်။
"ဟက်ဟက်"
မုန်လဲ့က တိုက်ရိုက် မဖြေဘဲ စကြဝဠာ၏ စည်းမျဉ်းကို အနည်းငယ် ပြောင်းလဲလိုက်လေသည်။
'ဝုန်း'
မီးခိုးရောင်အရိုးစုနှင့် မိုလော့တို့၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ ရုတ်တရက် ရူးသွပ်စွာ မြင့်တက်လာပြီး အထွတ်အထိပ် နတ်ဘုရား အဆင့်သို့ ရောက်ရှိသွားမှသာ ရပ်တန့်သွားတော့သည်။
"ပြန်... ပြန်လည် ကောင်းမွန်လာပြီလား... ငါ့ရဲ့ အစွမ်းအထက်ဆုံး အချိန်ကို ပြန်ရောက်သွားပြီလား"
မီးခိုးရောင်အရိုးစုမှာ လုံးဝ ကြောင်အမ်းသွားရလေသည်။
"ငါ... ငါလည်း ပြန်ကောင်းလာပြီလား"
မိုလော့မှာလည်း လုံးဝ ကြောင်အမ်းသွားရလေသည်။
"မင်းက စကြဝဠာရဲ့ စည်းမျဉ်းကို ပြောင်းလဲလိုက်တာလား"
မီးခိုးရောင်အရိုးစုက မုန်လဲ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်လေသည်။
"မှန်တယ်"
မုန်လဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်လေသည်။
"ငါက စကြဝဠာရဲ့ စည်းမျဉ်းကို ပြောင်းလဲလိုက်ပြီ... ဒီကနေ့ကစပြီး မင်းတို့လည်း တခြား သက်ရှိတွေလိုပဲ သာမန်အတိုင်း ကျင့်ကြံလို့ ရသွားပြီ... စကြဝဠာရဲ့ စည်းမျဉ်းတွေက ဖိနှိပ်ထားမှာကို စိုးရိမ်စရာ မလိုတော့ဘူး"
"ငါ..."
မီးခိုးရောင်အရိုးစုမှာ ချက်ချင်းပင် ကျေးဇူးတင်လွန်း၍ မျက်ရည်များပင် ကျလာပြီး စကားလုံး ထောင်သောင်းမက အားလုံးက စကားတစ်ခွန်းတည်း အဖြစ်သာ ပြောင်းလဲသွားတော့သည်။
"ကျေးဇူးတင်ပါတယ်"
"ကောင်းကောင်း ကျင့်ကြံကြပါ"
မုန်လဲ့က ညင်သာစွာ ပြုံးလိုက်လေသည်။
"နောက်ဆိုရင် သံသရာပျက်သုဉ်းမှုကြီး ဆိုတာ ထပ်ဖြစ်လာတော့မှာ မဟုတ်သလို... ခေတ်ကာလတွေ အပြောင်းအလဲ ဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူး... မင်းတို့မှာ ကျင့်ကြံဖို့အတွက် အချိန်တွေ အများကြီး ရှိသွားပြီ"
"သေချာပေါက်ကြိုးစားပါ့မယ်"
မီးခိုးရောင်အရိုးစုက လေးနက်စွာ ခေါင်းညိတ်လိုက်လေသည်။
"မုန်လဲ့... မင်းကို ကျေးဇူးတင်ပါတယ်"
မိုလော့က စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်လေသည်။
"မိုလော့"
မုန်လဲ့က ပြုံးလျက် ပြောလိုက်လေသည်။
"မင်းလည်း ကောင်းကောင်း ကျင့်ကြံဦးနော်... တစ်နေ့ကျရင် မင်းလည်း ဟုန်မုန် လောကဖန်တီးခြင်း နတ်ဘုရား ဖြစ်လာအောင် ကြိုးစားပါ... မင်း သိလား... စကြဝဠာကြီးရဲ့ အပြင်ဘက်မှာ အရမ်းကို စည်ကားနေတာနော်"
"မင်းက စကြဝဠာကြီးရဲ့ အပြင်ဘက်ကို မြင်ရလို့လား"
မိုလော့၏ မျက်လုံးများ လင်းလက်သွားလေသည်။
"မမြင်ရပေမယ့်... ငါ ခံစားမိတယ်"
မုန်လဲ့က ကောင်းကင်ယံဆီသို့ လှမ်းကြည့်လိုက်လေသည်။
"ငါတို့ရဲ့ စကြဝဠာကြီး အပြင်ဘက်မှာ ပိုပြီး ကျယ်ပြောပြီး ပိုပြီး စည်ကားတဲ့ ကမ္ဘာကြီး တစ်ခု ရှိနေတယ် ဆိုတာကို ငါ ခံစားမိတယ်... ငါနဲ့ တော်တော်လေး ဝေးတဲ့ နေရာမှာ ငါ့လိုပဲ အစွမ်းထက်တဲ့ သက်ရှိ သုံးကောင်တောင် ရှိနေသေးတယ်"
"သုံး... ဟုန်မုန် လောကဖန်တီးခြင်း နတ်ဘုရား သုံးပါးတောင် ဟုတ်လား"
(ဇာတ်သိမ်း)