← Chapters

အခန်း (၃၄၈-၃၅၀)

Vol. 24 Ch. 348-350

အခန်း (၃၄၈-၃၅၀)

Vol. 24 Ch. 348-350

အပိုင်း(၃၄၈) ချူမိသားစု အညံ့ခံခြင်း၊ နောက်ဆုံးတွင် စွမ်းအားများ ပြသခြင်း

[ကောင်းကင်ခွဲပညာရပ် ဒုတိယပုံစံ - တောင်ဖြိုခြင်း]

[ကောင်းကင်ခွဲပညာရပ် တတိယပုံစံ - ရပ်တန့်မရ]

ချူရှီရန်၏မျက်လုံးများတွင် သွေးများပြည့်နှက်နေပြီး သူသည် အသက်ပြင်းပြင်း ရှူနေသည်။ သူက ဘိုးဘေးတုန်းမင်၏ အန္တိမပညာရပ်များ အားလုံးကို ထုတ်လွှတ်လိုက်သော်လည်း အနက်ရောင်ဝတ်လူငယ်သည် ၎င်းတို့အားလုံးကို မည်သည့်အရာမှ မကျန်ရစ်စေဘဲ မည်သည့်ဒဏ်ရာမျှ မရရှိစေဘဲ ကာကွယ်လိုက်လေသည်။

ဘိုးဘေးတုန်းမင်၏ ထာဝရနတ်ဘုရားဝိညာဉ် ပြန်လည်နိုးထလာပြီး [ကောင်းကင်ခွဲပညာရပ်သုံးခု] ၏ ပထမအကွက်ဖြင့် ကျိဝူရွှမ်ကို အလွယ်တကူ ဖိနှိပ်ကာ ဒုတိယအကွက်ဖြင့် လော့ရှန်းမြားကို ပျက်ပြယ်စေခဲ့သည့် အချိန်နှင့် နှိုင်းယှဉ်လျှင် ကွာခြားချက်မှာ စက္ကန့်အနည်းငယ်မျှထက် များစွာ ကြီးမားသည်။

"ထပ်လာပြီ။"

ချူရှီရန်သည် ဒူးထောက်ထားကာ သူ၏ရင်ဘတ် တုန်ရီနေလျက် ခါးကိုမတ်လိုက်လေသည်။ သွေးများ နှုတ်ခမ်းထောင့်မှ အဆက်မပြတ် စီးကျနေသော်လည်း သူက ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရယ်မောကာ ပြောသည်။ "အထင်ကြီးစရာပဲ။ ငါ အသိအမှတ်ပြုတဲ့သူပီပီ သာမန်ထက် ပိုအစွမ်းထက်တယ်။"

မုန့်ချင်ကျိုး တိုးတိုးလေး သက်ပြင်းချပြီး ပြောလိုက်သည်။

"တော်လိုက်ပါတော့။ ခင်ဗျားရဲ့ စွမ်းရည်တွေအားလုံးကို သုံးရင်တောင်မှ ကျုပ်ကို ကလိထိုးနေတာနဲ့ ဘာမှ မကွာခြားပါဘူး။ ခင်ဗျားနဲ့ ကောင်းကောင်း တိုက်ခိုက်ချင်ရင်တောင်မှ ကျုပ် မလုပ်နိုင်ဘူး။"

"တကယ်တော့ ဒီလောက်အဆိုးမြင်နေဖို့ မလိုပါဘူး။ ကောင်းကင်ကြည့်ဆောင် နန်းဆောင်သခင်တွေကို ချေမှုန်းပြီးရင် ချူမိသားစုက တောရိုင်းမြေကို အညံ့ခံဖို့ရွေးချယ်ပြီး ရပ်တည်နိုင်ပါတယ်။ သေချာတာကတော့၊ မဟာကျင်းတိုင်းပြည်ရဲ့ အုပ်ချုပ်မှုအောက်မှာ မိသားစု(၄)ခုရဲ့ အခွင့်ထူးတွေကိုတော့ ဖျက်သိမ်းရပါမယ်။"

"ချူမိသားစုခေါင်းဆောင်...ကျုပ် ခင်ဗျားကို လေးစားပါတယ်။ ဒါကြောင့် ခင်ဗျားကို အသစ်ကနေ ပြန်စဖို့ အခွင့်အရေးတစ်ခု ပေးချင်တယ်။"

ချူရှီရန် ခေါင်းခါပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ အရှင်သခင်။ ဒါပေမဲ့ ငါက သေဖို့ကံကြမ္မာပါလာတဲ့ သူတစ်ယောက် ဖြစ်နေပါပြီ။ သေစေနိုင်သောအားနည်းချက်ကို အသက်သွင်းလိုက်တာနဲ့ နောက်ပြန်ဆုတ်လို့မရတော့ဘူး။ ကံဆိုးချင်တော့ ငါက သေခြင်းတရားကတ်ကို ဆွဲမိသွားတယ်။ နိုင်နိုင်ရှုံးရှုံး ငါ့ကံကြမ္မာက ဆုံးဖြတ်ပြီးသားပါ။ မသေခင်မှာ ငါ့စိတ်တိုင်းကျ တိုက်ခိုက်ခွင့်ပေးပါ။"

သို့သော်လည်း။

မုန့်ချင်ကျိုးသည် ဂရုမစိုက်သလို ပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"သေချာပေါက် သေမယ် ဟုတ်လား။"

"အဲဒါ ခင်ဗျားရဲ့ဘိုးဘေးက ကျုပ်နဲ့ မတွေ့ခဲ့လို့ပါ။ ခင်ဗျားကို ကျုပ် အသက်ရှင်စေချင်တယ်ဆိုရင် ကောင်းကင်တောင် ခေါ်သွားလို့ မရဘူး။"

"တကယ်လို့ ခင်ဗျားရဲ့အသက်ကို ကယ်ပေးနိုင်ရင် ချူမိသားစုတစ်ခုလုံးရဲ့အနာဂတ်ကို ကျုပ်အပေါ် လောင်းကြေးထပ်ဖို့ ဆန္ဒရှိလား။"

ထိုစကားကို ကြားသောအခါ...

ချူရှီရန် တိတ်ဆိတ်သွား၏။

သူသည် သဘာဝအတိုင်း သဘောထားကြီးပြီး ရဲရင့်သူ ဖြစ်သည်။ အကယ်၍ သူသာ သူ၏မိသားစု တစ်ခုလုံး၏ ဝန်ထုပ်ဝန်ပိုးကို မထမ်းပိုးထားရလျှင် ကောင်းကင်ကြည့်ဆောင် သူ့ကို ကျွန်ပြုရဲပါမည်လား။ သူ အနိုင်မရလျှင်ပင် အသားတစ်စ ဆုတ်ဖြဲရန်အတွက် သူ့အသက်ကို စွန့်စားပေလိမ့်မည်။

အချိန်-နေရာလွတ် ဓားသူတော်စင်က ကောင်းကင်မဟာမိတ်အဖွဲ့ကို မှောက်လှန်နိုင်ရင်တောင် ဘာဖြစ်လဲ။ ကောင်းကင်ကြည့်ဆောင်ဂိုဏ်းချုပ်၊ လက်ထောက် နန်းဆောင်သခင် နှစ်ဦး၊ ပြီးတော့ ပထမနဲ့ ဒုတိယမြောက် ခန်းမသခင်တွေ ပုန်းအောင်းနေသေးတယ်ဆိုတာ မမေ့ပါနဲ့။ ပြီးတော့ သူတို့ရဲ့ခွန်အားကို ဘယ်သူမှ မသိဘူး။

သို့သော်လည်း ၎င်းမှာ ရှိပြီးသားအချက်အလက်များအပေါ် အခြေခံထားသော ခန့်မှန်းချက်သာ ဖြစ်၏။

အထက်ပါ ပုဂ္ဂိုလ်များအားလုံးသည် အနည်းဆုံး ကောင်းကင်နယ်ပယ်တွင် ရှိနေရန် များလေသည်။ ထိုသို့မဟုတ်လျှင် ကောင်းကင်တာအို ပြန်လည်နိုးထမှုအတွက် အချိန်မှတ်ခြင်းစတင်ချိန်မှာ သူတို့က ချက်ချင်း ပုန်းအောင်းသွားပြီး ကောင်းကင်ကြည့်ဆောင်နှင့် အဆက်အသွယ် လုံးဝဖြတ်တောက်မည် မဟုတ်ပေ။

ကောင်းကင်နယ်ပယ် သို့မဟုတ် ၎င်းထက် မြင့်မားသူများသာလျှင် ကောင်းကင်တာအို၏ ပြန်လည် နိုးထမှုလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်နိုင်လေသည်။

၎င်းမှာ လုံလောက်သော သက်သေပင်။

"ငါ..."

ချူရှီရန်၏နှုတ်ခမ်းများ တုန်ရီသွားပြီး စကားပြောရန် ပြင်လိုက်သည်။

ရုတ်တရက်။

ဆဋ္ဌမမြောက် နန်းဆောင်သခင် ဟုန်ယီက အေးစက်စွာဖြင့် ပြောလိုက်သည်။ "မင်းက ကောင်းကင်ကြည့်ဆောင်နဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ ကို သစ္စာဖောက်ရဲရင် ချူမိသားစုတစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံရဖို့သာ စောင့်နေလိုက်တော့။ အဲဒီအချိန်ကျရင် ချူမိသားစုဝင်တစ်ယောက်ချင်းစီကို ငါ သန့်စင်ပြီး သူတို့ရဲ့ဝိညာဉ်တွေကို ဝိညာဉ်သန့်စင်ရတနာထဲကိုထည့်ပြီးတော့ နောင်ဘဝတွေအထိ နှိပ်စက်ပေးမယ်။ မင်း သေချာ စဉ်းစားသင့်တယ်။"

"ရွေးချယ်မှုက ခင်ဗျားအပေါ်မှာပဲ မူတည်ပါတယ်။ တကယ်လို့ ကျုပ်ရဲ့ရန်သူအဖြစ် ဆက်လက် ရပ်တည်ဖို့ ရွေးချယ်ရင်တောင်မှ ချူမိသားစုရဲ့ လရောင်ထွန်းလင်းနယ်ပယ်အထက် ကျင့်ကြံမှုတွေကို ဖျက်သိမ်းရုံပဲ လုပ်မှာပါ။" မုန့်ချင်ကျိုး က ပြောလိုက်သည်။

လူတိုင်း ချူရှီရန်ကိုကြည့်ကာ သူ၏အဖြေကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြပြီး လုံ၊ လင်းနှင့် လီမိသားစု ဘိုးဘေးများမှာ အထိတ်လန့်ဆုံး ဖြစ်နေကြသည်။

အချိန်အတော်ကြာပြီးနောက်။

ချူရှီရန် အသက်ပြင်းပြင်းရှူပြီး ဆဋ္ဌမမြောက် နန်းဆောင်သခင် ဟုန်ယီကိုကြည့်ကာ ပြောလိုက်သည်။

"လူသားဧကရာဇ်နဲ့ ဧကရာဇ်နန်းတော်ရဲ့ မဏ္ဍိုင်လေးခု ပုံပြင်ကို မှတ်မိသေးလား။"

"ရှေးခေတ်ကာလက အခုနဲ့ လုံးဝဆန့်ကျင်ဘက်ပဲ။ အဲဒီတုန်းက လူသားဧကရာဇ်ဟာ အားနည်းပြီး ဖိနှိပ်ခံနေရတဲ့ မဏ္ဍိုင်လေးခုနဲ့အတူ နတ်ဘုရားတွေနဲ့ လူမျိုးစုအားလုံးရဲ့ ခြိမ်းခြောက်မှုတွေကို ခံနိုင်ရည်ရှိခဲ့ပြီး နောက်ဆုံးမှာ ရန်သူအားလုံးကို အနိုင်ယူပြီးတော့ လူသားမျိုးနွယ်အတွက် ရွှေခေတ်ကို ဖန်တီးပေးခဲ့တယ်။"

"အခုတော့။"

"ကောင်းကင်ကြည့်ဆောင်ဟာ နဂါးသတ်သူတွေကနေ နတ်ဆိုးနဂါးတွေအဖြစ်ကို ပြောင်းသွားပြီးတော့ အချိန်-နေရာလွတ် ဓားသူတော်စင်ဟာ အတိတ်က လူသားဧကရာဇ်နဲ့ အရမ်းတူနေတယ်။"

"မင်းတို့က ယုတ်မာပြီး သက်ရှိသတ္တဝါအားလုံးကို နယ်ရုပ်တွေလို သဘောထားကာ။ နယ်မြေနှစ်ခုကြား အဆုံးအစမရှိတဲ့ စစ်ပွဲတွေကို ဖြစ်ပေါ်စေတယ်။ မင်းတို့က ငါ့ချူမိသားစုရဲ့ သစ္စာခံမှုနဲ့ မထိုက်တန်ဘူး။"

ထိုမျှပင်။

ချူရှီရန် လှည့်လိုက်ပြီး သူ၏လှံကို ချထားကာ ဒူးတစ်ဖက်ထောက်လျက် သူ၏လက်များကိုဆုပ်ကာ ပြောလိုက်သည်။ "ချူမိသားစုတစ်ခုလုံးဟာ မဟာကျင်းတိုင်းပြည် ဧကရာဇ်နောက်ကို ထာဝရတိုင်အောင် လိုက်ပါဖို့ ဆန္ဒရှိပြီးတော့ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။"

ဆဋ္ဌမမြောက် နန်းဆောင်သခင်သည် ချက်ချင်း ဒေါသထွက်သွားပြီး သူ၏မျက်လုံးများတွင် ဒေါသများ တောက်လောင်နေကာ ဟိန်းဟောက်လိုက်သည်။

"မင်း ဘယ်လိုလုပ် လုပ်ရဲတာလဲ။။"

ရှန်ကွမ်းပီယွီက လလှောင်ပြောင်လိုက်သည်။

"ဘယ်တော့မှ သစ္စာမဖောက်ဘူး ဟုတ်လား။ တုန်းမင်မျိုးဆက်က ရှင့်ရဲ့ဘိုးဘေးဟာ တစ်ချိန်က လူသားဧကရာဇ်ကို သစ္စာခံဖို့ ကတိပြုခဲ့ပြီးတော့ သူ့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ မျိုးဆက်ဖြစ်ပြီးတဲ့ ရှင်က သူ့ကို ဒီလို သစ္စာဖောက်လိုက်တာပဲ။"

ချူရှီရန်က ဒေါသတကြီး ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာ။ ဘိုးဘေးတွေရဲ့အဆုံးအမတွေက ချူမိသားစုရဲ့မျိုးဆက်တွေကို လူသားဧကရာဇ် အပေါ် မျက်ကန်းသစ္စာစောင့်သိဖို့ ဘယ်တုန်းကမှ မညွှန်ကြားခဲ့သလို ကောင်းကင်ကြည့်ဆောင်အပေါ် သစ္စာစောင့်သိဖို့ကိုလည်း ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ဘိုးဘေးက ချူမိသားစုရဲ့ မျိုးဆက်သစ်တွေကို လူသားမျိုးနွယ်ကို နောင်လာမယ့် မျိုးဆက်တွေအထိ ကာကွယ်ဖို့၊ လူသားမျိုးနွယ် ဆင်းရဲဒုက္ခခံစားရခြင်းကနေ ကယ်တင်ဖို့နဲ့ ရှေးခေတ်ကာလက ကပ်ဘေးတွေ ပြန်မဖြစ်လာအောင် တားဆီးဖို့ ညွှန်ကြားခဲ့တာ။"

"အခု ကောင်းကင်စောင့်ကြည့်ရေးဟာ ကပ်ဘေးရဲ့အရင်းအမြစ် ဖြစ်လာပြီဆိုတော့ ဘိုးဘေးတွေရဲ့ အဆုံးအမတွေအရ ငါက မင်းတို့ရဲ့ ရန်သူ ဖြစ်လာရမှာပေါ့။"

"ပင်လယ်ရပ်ခြားက နတ်ဘုရားတွေ ပြန်လည်အားကောင်းလာတာဟာ ကောင်းကင်ကြည့်ဆောင်ရဲ့ လက်ချက်ဆိုတာ ငါ မသိဘူးလို့ မထင်နဲ့။"

ဤအချက်သို့ ရောက်သောအခါ ချူရှီရန်သည် သူ၏ မျိုသိပ်ထားသောစိတ်ခံစားချက်များ အားလုံးကို ထုတ်လွှတ်လိုက်သကဲ့သို့ဖြစ်သွားပြီး စိတ်ဓာတ်များ မြင့်တက်လာလေသည်။

ဤကာလအတွင်း သူသည် အလွန် စိတ်ဓာတ်ကျပြီး လမ်းလျှောက်နေသော အလောင်းကောင် တစ်လောင်းကဲ့သို့ ဖြစ်နေရခြင်း၏ အကြောင်းရင်းမှာ ဤကိစ္စကြောင့်ကသါ။ တစ်ဖက်တွင် ချူမိသားစု ရှင်သန်ရေး ရှိနေပြီး အခြားတစ်ဖက်တွင် ဘိုးဘေးများ၏သွန်သင်ချက်များ ရှိလေသည်။ သူက ထိုနှစ်ခုကြားတွင် ဗျာများနေပြီး ဘယ်အရာကို ရွေးချယ်ရမည်ကို မသိခဲ့ပေ။

သို့သော် မုန့်ချင်ကျိုးနောက်ကိုလိုက်ရန် ရွေးချယ်လိုက်သောအခါ သူ အမှန်တကယ်ပင် သက်သာရာ ရသွားခဲ့သည်။

"ဒီကိုလာ [သေစေနိုင်သောအားနည်းချက်]ကို နောက်ပြန်လှည့်ဖို့နဲ့ သေလမ်းကနေ လွတ်မြောက်ပြီး အခြေအနေတွေကို ပြောင်းလဲဖို့၊ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို ဆုပ်ကိုင်ပြီး ကမ္ဘာကြီးကို ပြန်လည်ပုံဖော်ဖို့ ခင်ဗျားကို ကူညီပေးမယ်။" မုန့်ချင်ကျိုးက လက်တစ်ဖက် ဆန့်ထုတ်ကာ ပြောလိုက်သည်။

ချူရှီရန်က နာခံစွာ မတ်တတ်ရပ်လိုက်သည်။ သူ မုန့်ချင်ကျိုးထံသို့ လျှောက်သွားပြီးနောက် သူ၏ အဝတ်အစားများကိုဆုတ်ဖြဲကာ ရင်ဘတ်ကို ဖော်ပြလိုက်သည်။ ဘယ်ဘက်ရင်ဘတ်တွင် သွေးထွက်နေသော အပေါက်ကြီးတစ်ခု ပွင့်နေပြီး အစွမ်းထက်စွာ ခုန်နေသော နှလုံးသားတစ်ခုကို မြင်တွေ့နိုင်လေသည်။

နှလုံးသားတစ်ခုလုံးသည် အနက်ရောင် ဖြစ်နေပြီး ဆည်းဆာအချိန်၏ သေမင်းတမျှ အရှိန်အဝါဖြင့် ဖုံးလွှမ်းနေသည်။

"အိုး။ သေစေနိုင်သောအားနည်းချက်ဆိုတာ ဒါကို ပြောတာပေါ့။ သေခြင်းရှင်ခြင်းရဲ့ ချိန်ခွင်လျှာ၊ ဟုတ်လား။ အန်စာတုံးကို ကျပန်းလှိမ့်လိုက်တာပဲ။ သေလမ်းထဲကို ရောက်သွားတာနဲ့ အသက်စွမ်းအင်က ချက်ချင်း ပျောက်ကွယ်သွားပြီးတော့ စတေးတာနဲ့ အတူတူပဲ ဖြစ်သွားတယ်။ ပြီးတော့ ဒီနေရာမှာ ဆက်ရပ်ပြီး တိုက်ခိုက်နေတဲ့ သူက အခွံလွတ်တစ်ခု သက်သက်ပဲ။"

"အချိန်ကို နောက်ပြန်ဆုတ်တာတောင်မှ သေခြင်းတရားကတ်ကို လှန်လိုက်တဲ့အချိန်မှာ အတိတ်၊ အနာဂတ်နဲ့ ပစ္စုပ္ပန်အချိန်စီးကြောင်းတွေက သူ့ရဲ့ကံကြမ္မာကို တစ်ပြိုင်နက်တည်း သတ်မှတ်လိုက်တယ်ဆိုတဲ့ အချက်ကို ပြောင်းလဲလို့ မရဘူး။"

မုန့်ချင်ကျိုးသည် အချိန်ကိုနောက်ပြန်ဆုတ်ရန်နှင့် ကတ်များကိုလှန်ကာ အန်စာတုံးကို နောက်တစ်ကြိမ် လှိမ့်ရန် ကြိုးစားခဲ့သော်လည်း ချူရှီရန်၏အတိတ်ကို ကြည့်လိုက်သောအခါ သူ၏ အတိတ်ပုံရိပ်သည်လည်း ဆည်းဆာအချိန်၏ သေမင်းတမျှအရှိန်အဝါဖြင့် ဖုံးလွှမ်းနေကြောင်း သူ တွေ့ရှိခဲ့ရသည်။

ပထမဆုံးဧကရာဇ်တောင် အဲဒါကို မဖြေရှင်းနိုင်ခဲ့တာ အံ့သြစရာ မဟုတ်ဘူး။

ဒါက အတော်လေးကို အံ့သြစရာကောင်းနေတယ်။

အခြားဘိုးဘေးသုံးဦးသည် လှုပ်ရှားရမလား မသေချာဘဲ အချင်းချင်း ကြည့်လိုက်သည်။ သူတို့လည်း မဟာမိတ်အသစ်တစ်ဦး ရွေးချယ်ရမလားဟု တွန့်ဆုတ်နေပြီး ချူမိသားစုနှင့် အတိတ်က ခင်မင်ရင်းနှီးမှုကြောင့်၊ ဤအချိန်တွင် အလစ်အငိုက် တိုက်ခိုက်ရန် ဆန္ဒမရှိကြပေ။

"သူ တကယ်ကို သေချင်နေတာပဲ။" ဆဋ္ဌမမြောက် နန်းဆောင်သခင် ဟုန်ယီသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ ကောင်းကင်ထောက်တိုင်၏ နောက်ပိုင်းအဆင့် ကျင့်ကြံမှုအဆင့်ကို ရှင်းလင်းစွာ မြင်တွေ့ရပြီး ကောင်းကင်ကြည့်ဆောင်ကို သစ္စာဖောက်သောသူကို တိုက်ခိုက်သတ်ဖြတ်ရန် အဆင်သင့် ဖြစ်နေလေသည်။

"နေဦး။"

ဝမ်ရွှင်က လက်ကိုမြှောက်ကာ စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။ "အလောတကြီး မလုပ်နဲ့။ သူက [သေစေနိုင်လောက်သောအားနည်းချက်]ကို နောက်ပြန်လှည့်ဖို့ ဘယ်လိုနည်းလမ်းရှိလဲဆိုတာ ကြည့်ချင်တယ်။ အဲဒီကနေတစ်ဆင့် သူ့ရဲ့ဖုံးကွယ်ထားတဲ့ ဝှက်ဖဲကို ငါ မြင်နိုင်လောက်တယ်။"

...

...

မုန့်ချင်ကျိုးသည် သူ၏လက်ဖဝါးကို ချူရှီရန်၏ ဘယ်ဘက်ရင်ဘတ်ရှိ သွေးပေါက်ပေါ်သို့ ဖိထားကာ အသက်ရှူအောင့်ပြီး အာရုံစိုက်လိုက်ကာ သူ၏ခန္ဓာကိုယ်ထဲသို့ [ဟုန်းမုန့်ဖန်ဆင်းခြင်းသွေးကြော] နှင့် [သစ်သား စွမ်းအား]ကို ထည့်သွင်းကာ သေမင်းစွမ်းအင်ကို တဖြည်းဖြည်းဖယ်ရှားပြီး သူ၏အသက်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းပေးလိုက်သည်။

လွှမ်းမိုးနေသော သေမင်းတမျှအရှိန်အဝါ၏ တစ်စိတ်တစ်ပိုင်းကိုသာ ဖယ်ရှားနိုင်ခဲ့ပြီး ၎င်းကို သမုဒ္ဒရာထဲမှ ရေတစ်စက်ဟုသာ ဖော်ပြနိုင်သည်။

"ဒါက အခုထိ အသုံးမဝင်သေးဘူးလား။" မုန့်ချင်ကျိုးက မျက်မှောင်ကြုတ်သွားလေသည်။

သေချာစောင့်ကြည့်နေခဲ့သော ဝမ်ရွှင်က ပြောလိုက်သည်။ "သစ်သားစွမ်းအားနဲ့ အထူးသွေးကြောမှာ အရမ်းအစွမ်းထက်တဲ့ ပြန်လည်ကုသနိုင်စွမ်း ရှိတယ်။"

"အခုလောလောဆယ် သိထားရတဲ့ ဝှက်ဖဲတွေထဲမှာ ကပ်ဘေးစွမ်းအား၊ ဒြပ်(၅)ပါးစွမ်းအားနဲ့ အထူး ပြန်လည်ကုသနိုင်စွမ်းပါတဲ့ သွေးကြောတစ်ခု ပါတယ်။ ဟုန်ယီ၊ ကောင်းကင်ကြည့်ဆောင်ကို ပြန်သွားပြီးတော့ ဧကရာဇ်အဆင့် ဝိညာဉ်ရတနာနှစ်ခုကို ယူလာခဲ့။"

"[ကောင်းကင်ပြစ်ဒဏ်]အပိုင်းအစ်။ လူသားဧကရာဇ်ရဲ့ဓားဟောင်း၊ နတ်ဘုရားတွေရဲ့သွေးတွေ စွန်းနေပြီး နတ်ဘုရားတွေအားလုံးရဲ့ စွမ်းအားကို ဖိနှိပ်နိုင်တယ်။ ပြီးတော့ [ကျိန်စာသင့်လူအတု]။ သူ့ရဲ့ အထူးသွေးကြောကို အလုပ်မလုပ်အောင်လုပ်နိုင်တဲ့ ထိပ်တန်းဝိညာဉ်ရတနာ တစ်ခုပဲ။"

ဟုန်ယီက ခေါင်းညိတ်ပြီး ထွက်သွားရန် လှည့်လိုက်သည်။

မုန့်ချင်ကျိုးသည် ဤအခြေအနေများကို ကောင်းကောင်းသိထားပြီး ဝမ်ရွှင်၏ စိတ်ရှည်မှုနှင့် ဉာဏ်ပညာကို တိတ်တဆိတ် မလေးစားဘဲ မနေနိုင်ခဲ့ပေ။ ကောင်းကင်နယ်ပယ်ကို ခြေတစ်လှမ်းလှမ်းထားသည့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း အတွေ့အကြုံရှိသော မုဆိုးအိုကြီးတစ်ဦးကဲ့သို့ ပြုမူကာ တိုက်ခိုက်ခံရချိန်တွင်ပင် လုံးဝမတုန်လှုပ်ဘဲ နေနိုင်လေသည်။

"အချိန်တွေ ကုန်ဆုံးနေပါပြီ ဧကရာဇ်။ ဒီလောက်နဲ့ပဲ ထားလိုက်ပြီး ကျန်တဲ့ဘဝမှာ ပိုပြီးအဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုခုကို လုပ်ပါရစေ။" ချူရှီရန်က ပြုံးလျက် ပြောလိုက်သည်။ "မသေခင်မှာ ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင်တစ်ယောက်ကို သတ်ချင်တယ်။"

မုန့်ချင်ကျိုး သက်ပြင်းချလိုက်ပြီး သူ၏လက်ကို ချလိုက်သည်။

၎င်းကို မြင်သောအခါ ချူရှီရန်သည် အဝတ်အစားများကို ပြင်ဝတ်လိုက်ပြီး လှံကိုကောက်ကိုင်ကာ ပဉ္စမမြောက် နန်းဆောင်သခင် ရှန်ကွမ်းပီယွီကို ရင်ဆိုင်ရန် လှည့်လိုက်သည်။ သူက လှံကို အလျားလိုက် ကိုင်ထားပြီး အေးစက်စွာ ပြောလိုက်သည်။ "မင်းပဲ။ လာပြီး တိုက်လှည့်။"

ရှန်ကွမ်းပီယွီက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ဝမ်ရွှင်ကို ဘေးတိုက် တစ်ချက်ကြည့်ကာ မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"အဲဒါပဲလား။ ငါ နည်းနည်းတော့ စိတ်ပျက်သွားတယ်။ ဒါပေမဲ့လည်း လုံးဝ မမျှော်လင့်ထားတာတော့ မဟုတ်ပါဘူး။ ပထမဆုံးလူသားဧကရာဇ်တောင်မှ ဒီပြဿနာကို မဖြေရှင်းနိုင်ခဲ့ရင် တခြားဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး။" ဝမ်ရွှင်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီးနောက် ရှန်ကွမ်းပီယွီကို ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ။ ရှင့်ရဲ့ဆန္ဒကို ကျွန်မ ဖြည့်ဆည်းပေးမယ်။" ရှန်ကွမ်းပီယွီက စိန်ခေါ်မှုကို လက်ခံလိုက်သည်။

ထိုအချိန်တွင်ပင်။

လက်တစ်ဖက်က ချူရှီရန်၏ပခုံးပေါ်သို့ ဖိချလိုက်ပြီး အသံတစ်ခုက ပြောလိုက်သည်။ "ဘာအလျင်လိုနေတာလဲ။"

"ခင်ဗျားရဲ့အသက်ကို ဘယ်သူမှ ယူလို့မရဘူးလို့ ပြောခဲ့တယ်။ အဲဒါက ကျုပ် တကယ်ပြောတာ။"

[အဆုံးသတ်နာရီ]

[အရုဏ်တက်ချိန်]

ကြီးမားသော စက်ဝိုင်းပုံနာရီတစ်ခု လေထဲမှ ရုတ်တရက် ပေါ်လာပြီးနောက် ၎င်းတွင် ဆယ့်နှစ်ပိုင်း ပါဝင်လေသည်။ လက်တံများသည် အရုဏ်တက်ချိန်၏ ဒုတိယအပိုင်းကို ညွှန်ပြနေပြီး ကံကြမ္မာ၏ သတိပေး ခေါင်းလောင်းသံ မြည်လာကာ လူတိုင်း၏နှလုံးသားကို တုန်ခါသွားစေသည်။

တိတ်ဆိတ်စွာပင် ပစ္စုပ္ပန်နှင့်လည်းမသက်ဆိုင် အတိတ်တွင်လည်းမရှိခဲ့ဖူးသော အဖြူရောင် မြူခိုးများက မုန့်ချင်ကျိုးနှင့် ချူရှီရန်ကို ဖုံးလွှမ်းသွား၏။

မုန့်ချင်ကျိုးကို ကျောခိုင်းထားသော ချူရှီရန်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး သူ၏မျက်ဆံများ သိသိသာသာ ကျဉ်းမြောင်းသွားသည်။ သူ၏အသက်ရှူသံ လည်ချောင်းတွင် တစ်ဆို့သွားပြီး မျက်လုံးများ ပပြူးကျယ်သွားသည်။

"ဘာလဲ... ဒါ ဘာလဲ။"

"ငါ့အခြေအနေက နောက်ပြန်ဆုတ်နေတာလား။ မဟုတ်ဘူး... မဟုတ်ဘူး၊ အဲဒါက အနာဂတ်ကနေ စွမ်းအားကို ငှားရမ်းနေတာပဲ။ အနာဂတ်... ဒါပေမဲ့ ငါ့မှာ အနာဂတ် မရှိဘူးလေ။ ငါရဲ့ [သေစေလောက်သော အားနည်းချက်ကို]က ဒီဘဝမှာ ဒီနေရာမှာပဲရပ်တန့်ဖို့ ကံကြမ္မာသတ်မှတ်ထားပြီးသားပဲလေ။ ငါ့အနာဂတ်က ဘယ်မှာလဲ။"

သူက ၎င်းကို လုံးဝ နားမလည်နိုင်ခဲ့ပေ။

ယုတ္တိအကင်းမဲ့ဆုံးနှင့် နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော အရာများကပင် ကြောက်စရာ အကောင်းဆုံးနှင့် အံ့သြစရာ အကောင်းဆုံး ဖြစ်လေသည်။

ချူရှီရန်သည် ခေါင်းငုံ့ကြည့်လိုက်ရာ သူ၏နှလုံးမှ ထွက်ပေါ်လာသော အမည်းရောင် သေမင်းတမျှ အရှိန်အဝါများ ရေခဲနှင့်နှင်းများ အရည်ပျော်သွားသလို လျင်မြန်စွာ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်သည်။ အံ့ဖွယ်အမှုတစ်ခုကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသကဲ့သို့ပင် သူသည် အံ့အားသင့်စွာဖြင့် ပါးစပ်ဟသွားပြီး တိတ်ဆိတ်သွား၏။

သေလမ်းမှ လုံးဝပြောင်းပြန်ဖြစ်သွားပြီး သေခြင်းတရားမှ အသက်ရှင်ခြင်းသို့ ပြောင်းလဲသွားသည် အထိပင်။

[သေစေနိုင်သောအားနည်းချက်]သည် အန်စာတုံးကို ထပ်မံ၍ လှိမ့်လိုက်ပြီး သူ၏အထွတ်အထိပ် အခြေအနေသို့ အပြည့်အဝ ပြန်လည်ရောက်ရှိသွားလေသည်။ ထိုအခါမှသာ ချူရှီရန်က ဖြစ်ပျက်နေသည်ကို နောက်ကျမှ သဘောပေါက်သွားပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

"မယုံနိုင်စရာပဲ။ မယုံနိုင်စရာ စွမ်းရည်ပဲ..."

သူက နောက်လှည့်ကြည့်လိုက်ပြီး အနက်ရောင်ဝတ်လူငယ်၏ အေးစက်သောမျက်နှာကို မြင်လိုက်ရရာ မျက်လုံးများက မျက်ရည်များ ပြည့်နှက်နေသည်။ ချူမိသားစု၏ ထောက်တိုင်ဖြစ်သော ဤဂုဏ်သိက္ခာရှိသည့် ရှစ်ပေအမြင့်ရှိသော အမျိုးသားကြီးသည် အမှန်တကယ်ပင် မျက်ရည် နှစ်ပေါက် ကျနေလေသည်။

သူ အသက်ပြန်ရှင်လာ၍ မဟုတ်ပေ။ ယခုတစ်ကြိမ်တွင် သူက ရွေးချယ်မှု မှန်ကန်သည်ဟု ခံစားရ၍ပင်။

ချူမိသားစု၏အနာဂတ်က အမှန်တကယ်ပင် ဤလူငယ်လေး အပေါ်တွင် မူတည်နေပေလိမ့်မည်။

ခေတ်သစ်တစ်ခု နောက်ဆုံးတွင် ရောက်လာလိမ့်မည်။ ထို့နောက် ထိုသင်္ဘောကို အမြင့်အသစ်များသို့ ပဲ့ကိုင်သွားမည့်သူက သေချာပေါက် သူပင် ဖြစ်လိမ့်မည်။

"ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်။ မဟာကျင်းတိုင်းပြည်ဟာ သူ့ရဲ့ မူလရည်ရွယ်ချက်တွေအတိုင်း မှန်ကန်နေသရွေ့တော့ ချူရှီရန်နဲ့ ချူမိသားစုတစ်ခုလုံးဟာ နောင်လာမယ့် မျိုးဆက်တွေအထိ နောက်ကနေ လိုက်ပါသွားမှာပါ။ လူသားမျိုးနွယ်အပေါ် ထာဝရသစ္စာစောင့်သိပါမယ်။"

တည်ထောင်သူ တုန်းမင် တစ်ခါက ပြောဖူးသည်...

လူသားများအတွက်ရွှေခေတ်တစ်ခု ဆိုသည်မှာ မိသားစုတစ်ခု သို့မဟုတ် မျိုးနွယ်စုတစ်ခုက အုပ်ချုပ်ရန် မလိုအပ်ပေ။ လူသားဧကရာဇ်နှင့် မဏ္ဍိုင်လေးခုက ရှေ့ဆောင်များ သက်သက်ပင်။ အကယ်၍ အနာဂတ်တွင် သူတို့ ပြောင်းလဲသွားပြီး ကြောက်စရာကောင်းလာခဲ့လျှင် လူသားမျိုးနွယ် သူရဲကောင်းများ ထကြွပြီး သူတို့ကို နေရာမှတွန်းချကာ တရားစီရင်ရန်အတွက် ကြိုးစင်ပေါ် တင်နိုင်သည်။

ထို့ကြောင့်။

ချူရှီရန်၏ စကားများသည် အလွန် တိုက်ရိုက်ကျလေသည်။ မဟာကျင်းတိုင်းပြည်သည် သူ၏ မူလရည်ရွယ်ချက်ကို မမေ့သရွေ့ ချူမိသားစုသည် သေချာပေါက် လိုက်နာမည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ မဟာကျင်းတိုင်းပြည်က အနာဂတ်တွင် ကောင်းကင်ကြည့်ဆောင်ကဲ့သို့ ဖြစ်လာပါက ချူမိသားစုသည်လည်း သစ္စာဖောက်လိမ့်မည် ဖြစ်သည်။

"ထပါ။ ကျုပ်တို့က အခု ရဲဘော်ရဲဘက်တွေ ဖြစ်သွားပြီ။"

"လက်နက်တွေကို ကောက်ကိုင်လိုက်။ ရှေ့ကရန်သူကို ရင်ဆိုင်ရမယ့် အချိန်ရောက်ပြီ။"

မုန့်ချင်ကျိုးသည် ချူရှီရန်ကို ထူပေးပြီး ပြုံးလျက် ပြောလိုက်သည်။

ချူရှီရန်၏စကားများကို သူ ဂရုမစိုက်ခဲ့ပေ။ အကယ်၍ မဟာကျင်းတိုင်းပြည်သည် အနာဂတ်တွင် နဂါးသတ်သူများမှ နတ်ဆိုးနဂါးများအဖြစ်သို့ ပြောင်းလဲသွားပါက သူတို့ကို သတ်ပစ်လိုက်ရုံပင်။ မည်သို့ဆိုစေ ၎င်းက သူနှင့် လျူလီတို့နှင့် လုံးဝသက်ဆိုင်မည် မဟုတ်ပေ။ နောက်ဆုံးတွင် သူတို့နှစ်ဦးက ရန်သူအားလုံးကို ရှင်းလင်းပြီးသည်နှင့် အရာအားလုံးကို စွန့်လွှတ်ပြီး တောအုပ်ထဲတွင် သီးသန့်နေထိုင်ကာ သဘာဝတရားတွင် ပျော်မွေ့ပြီး ဘဝကို အပြည့်အဝခံစားရန် ဆုံးဖြတ်ထားပြီးသားပင်။

အမှန်အတိုင်း ပြောရလျှင် အာဏာဆိုသည်မှာ ပင်ပန်းစရာကောင်းသော အရာတစ်ခုပင်။ ၎င်းက အချည်အနှောင်တစ်ခုနှင့် ပိုတူ၏။

"ဟုတ်ကဲ့ပါ။"

"ဧကရာဇ်ရဲ့ အမိန့်ကို နာခံပါ့မယ်။"

ချူရှီရန်သည် လှံကို ဆွဲထုတ်ကာ မတ်တတ်ရပ်ပြီးလှည့်ကာ မုန့်ချင်ကျိုး၏ရှေ့တွင် ရပ်လိုက်သည်။ လှံထိပ်သည် စုဝေးနေသော သူရဲကောင်းများဆီသို့ တည့်တည့်ညွှန်ပြနေပြီး သူ၏မျက်နှာတွင် ရိုင်းစိုင်းပြီး ကန့်သတ်ချက်မဲ့သော အပြုံးတစ်ခု ရှိနေလေသည်။

"သူတို့ရဲ့ သွေးတွေက ငါ့ရဲ့ ပျောက်ဆုံးသွားတဲ့ရဲစွမ်းသတ္တိနဲ့ ဂုဏ်ယူမှုကို ပြန်လည်ယူဆောင်လာပါစေ။"

...

...

ဆဋ္ဌမမြောက် နန်းဆောင်သခင်ဟုန်ယီ ပြန်လာသောအခါ အထွတ်အထိပ်အခြေအနေတွင် ရှိနေသော ချူရှီရန်ကို ချက်ချင်း မြင်လိုက်ရသည်။ သူ၏ခေါင်း ဝီခနဲ ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ၊ ရှန်ကွမ်းပီယွီကို ဗလာကျင်းစွာကြည့်ပြီး မေးလိုက်သည်။

"အာ၊ ဘယ်လို ထူးဆန်းတဲ့အရာမျိုး ဖြစ်သွားတာလဲ။"

ချူရှီရန်ကို ညွှန်ပြရင်း သူက ဆက်ပြောသည်။ "သူက လုံးဝ ပြန်ကောင်းသွားတဲ့ပုံပဲ..."

ရှန်ကွမ်းပီယွီက သူ့ကို လျစ်လျူရှုလိုက်ပြီး အမူအရာမှာ ယခင်ကထက် ပိုမိုလေးနက်နေသည်။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "ရှင်တို့အားလုံး သေချာ မြင်လိုက်လား။ ခုနကပေါ်လာတဲ့ နာရီ..."

သတ္တမမြောက် နန်းဆောင်သခင် တိရုံက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

" မြင်လိုက်တယ်။"

"ဒါပေမဲ့ အဲဒါက ဘာလဲဆိုတာ မသိဘူး။ ငါ့ကို အသက်ရှူကျပ်သွားစေတဲ့ အရမ်းပြင်းထန်တဲ့ ဖိနှိပ်မှု ခံစားချက်တစ်ခုတော့ ရှိတယ်။ အဲဒီအခိုက်အတန့်မှာ ရေတွင်းအောက်ခြေက ဖားတစ်ကောင် လမင်းကို အနီးကပ် မြင်ရသလိုမျိုး ငါက ပုရွက်ဆိတ်တစ်ကောင်လောက် သေးငယ်သွားသလို ခံစားလိုက်ရတယ်။"

ဟုန်ယီမှာ ပိုပိုပြီး ရှုပ်ထွေးလာလေသည်။ သူက ခေါင်းကို ကုတ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အခြားလူတိုင်းတွင်လည်း တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ တူညီသောအမူအရာ ရှိနေကြောင်း သူ တွေ့လိုက်ရသည်။ ဤအရာက သူ့ကို ဖယ်ကြဉ်ခံရသလို ခံစားရစေ၏။

"ဟေး၊ ဟေး၊ ဟေး၊ မင်းတို့ ဘာတွေ ပြောနေတာလဲ။" ဟုန်ယီ လက်မလျှော့ချင်ဘဲ ဆက်မေးနေသည်။ "တကယ်တမ်း ဘာဖြစ်သွားလဲဆိုတာ တစ်ယောက်ယောက် ငါ့ကို ပြောပြနိုင်မလား။"

ဝမ်ရွှင်က ထိုပုံရိပ်ကို စူးစိုက်ကြည့်နေပြီး နောက်ဆုံးနာရီပျောက်ကွယ်သွားသည့် နေရာကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် အဲဒါက ကောင်းကင်တာအိုကို နိုးထစေခဲ့တဲ့ အန္တိမတာအိုနိယာမနဲ့ ဆက်စပ်နေတဲ့ အချိန်-နေရာလွတ် မဟာတာအိုရဲ့ အန္တိမသရုပ်ဖော်မှု ဖြစ်နိုင်တယ်။"

"ဒါဆိုရင် အဲဒါက မုန့်ချင်ကျိုးရဲ့ ဖုံးကွယ်ထားတဲ့ ဝှက်ဖဲပေါ့။ အဲဒါက ဘာဘေးထွက်ဆိုးကျိုးမှမရှိဘဲ လူတစ်ယောက်ကို အထွတ်အထိပ်အခြေအနေကို ချက်ချင်း ပြန်ရောက်ရှိစေနိုင်တယ်။" ရှန်ကွမ်းပီယွီက ခွဲခြမ်းစိတ်ဖြာလိုက်သည်။

ဝမ်ရွှင်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"အဲဒါတင် မကသေးဘူ။"

"တကယ်လို့ မင်းက ချူရှီရန်ကို သေချာကြည့်မယ်ဆိုရင် သူက သူ့ဘဝရဲ့ အထွတ်အထိပ်ကို ရောက်နေတယ်ဆိုတာကို တွေ့ရလိမ့်မယ်၊ သူ့ရဲ့ စွမ်းအင်နဲ့ဝိညာဉ်က အမြင့်ဆုံးအခြေအနေမှာ ရှိနေတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၊ သွေး၊ စွမ်းအားနဲ့ တာအိုတွေအားလုံးက သူတို့ရဲ့ အမြင့်ဆုံး ကန့်သတ်ချက်တွေမှာ ရှိနေတယ်။ အဲဒါက အချိန်-နေရာလွတ်နဲ့ ဆက်စပ်နေတဲ့အတွက် နာရီရဲ့ စွမ်းရည်က သက်ရှိတစ်မျိုးရဲ့ အဆိုးဘက်တွေ အားလုံးကို ရှင်းလင်းပေးပြီး သတ်မှတ်ထားတဲ့သက်ရှိရဲ့ အမျိုးမျိုးသော အချိန်-နေရာလွတ်က အထွတ်အထိပ် အခိုက်အတန့်တွေကို ခန္ဓာကိုယ် တစ်ခုတည်းမှာ ပေါင်းစပ်ပေးတာပဲ။"

"တစ်ယောက်ရဲ့ ဘဝအထွတ်အထိပ်ကို ရောက်ရှိစေတာ။"

နန်းဆောင်သခင်အချို့က သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

ဟုန်ယီက လုံးဝ နားမလည်နိုင် ဖြစ်သွားပြီး ပြိုကျလုနီးပါး အခြေအနေဖြင့် ပြောလိုက်လေသည်။ "ဟေး၊ အနည်းဆုံးတော့ ငါမေးတာကို ပြန်ဖြေပါဦး။"

...

အပိုင်း(၃၄၉) ပြိုင်ဘက်ကင်းသဘောထား၊ ကောင်းကင်မဟာမိတ်အဖွဲ့ကို ချေမှုန်းခြင်း

"ချူမိသားစုက ကောင်းကင်ကြည့်ဆောင်နဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ကတိကို ဖောက်ဖျက်ခဲ့တယ်။ သူတို့က အပြစ်ပေးခံရဖို့ ထိုက်တန်တယ်။ အချိန်-နေရာလွတ် ဓားသူတော်စင်က ပုန်ကန်ဖို့ ရည်ရွယ်ထားတယ်။ သူ့ကိုလည်း အပြစ်ပေးသင့်တယ်။ လုံမိသားစု၊ လင်းမိသားစုနဲ့ လီမိသားစု... ရှင်တို့က ဘေးကနေ ဆက်ကြည့်ပြီး စောင့်နေဦးမှာလား။ ချူမိသားစုနဲ့အတူ ပုန်ကန်ဖို့ ပြင်ဆင်နေတာလား။" ရှန်ကွမ်းပီယွီက အေးစက်စွာဖြင့် ပြောလိုက်သည်။

နန်းဆောင်သခင်များ သဘောတူညီချက်တစ်ခု ရသွားကြသည်။

အကဲခတ်ပြီးနောက်တွင် အချိန်-နေရာလွတ် ဓားသူတော်စင်၏ ဝှက်ဖဲများကို အခြေခံအားဖြင့် နားလည်သွားခဲ့ပြီး သူပေးလာမည့် ခြိမ်းခြောက်မှုအဆင့်က မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေသည်။

သူ့ကို အမြန်ဆုံး သတ်ရပေမည်။

"[ကောင်းကင်ပြစ်ဒဏ်]ရဲ့ အပိုင်းအစတွေနဲ့ [ကျိန်စာသင့်လူအတု] အဆင်သင့် ဖြစ်နေပါပြီ။" ဟုန်ယီက သူ၏အသံကို လွှဲပြောင်းပေးလိုက်သည်။

ဝမ်ရွှင်က အသာလေး ခေါင်းညိတ်လိုက်ပြီး အခြားသော နန်းဆောင်သခင်များကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပေးလိုက်သည်။

လင်းမိသားစု သားအဖ၊ လုံမိသားစု ဇနီးမောင်နှံနှင့် လီယဲ့တို့သည် တစ်ခဏမျှ တွန့်ဆုတ်သွားပြီးနောက် သူတို့၏မျက်လုံးများ မာထန်သွားကာ တစ်ချိန်တည်းမှာပင် သူတို့၏ တာအိုနိယာမများကို ထုတ်လွှတ်လိုက်ပြီး သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်များကို အနက်ရောင်ဝတ်လူငယ်နှင့် ချူရှီရန်အပေါ် ပစ်မှတ်ထားလိုက်သည်။

မုန့်ချင်ကျိုးက ဓားကိုဆွဲထုတ်လိုက်ရာ ရှင်းလင်းပြတ်သားသော ချွင်ခနဲအသံ ထွက်ပေါ်လာပြီး သူ၏ အသံမှာ တည်ငြိမ်နေ၏။

"ချူမိသားစုခေါင်းဆောင်။ လီယဲ့နဲ့ ခဏလောက်ကစားဖို့ ခင်ဗျားကို အပူကပ်ရတော့မယ်။ ကျန်တဲ့ သူတွေကိုတော့ ကျုပ်ဆီ ထားခဲ့လိုက်ပါ။"

နေရောင်ခြည်အောက်တွင် တောက်ပနေသောဓားသည် သူ၏မျက်နှာတစ်ဝက်ပေါ်သို့ အေးစက်သော အလင်းရောင်တစ်ခုကို ရောင်ပြန်ဟပ်နေပြီး သူ့ကို တင်းမာကာ၊ ဂရုမစိုက်သလိုနှင့် သူ၏သတ်ဖြတ်မှုတွင် ပြတ်သားသော ပုံပေါက်စေလေသည်။

ဝမ်ရွှင်၊ စတုတ္ထမြောက်နန်းဆောင်သခင် ခုန်းရွှမ်၊ ရှန်ကွမ်းပီယွီ၊ ဟုန်ယီနှင့် တိရုံတို့သည် အနက်ရောင်ဝတ်လူငယ်ကို တညီတညွတ်တည်း ကြည့်လိုက်ကြပြီး ပုစဉ်းရင်ကွဲတေးဓားဆီသို့ အလိုအလျောက် အာရုံစိုက်သွားကြကာ သူတို့၏မျက်ဆံများက အေးစက်သော အလင်းရောင် တစ်လွှာဖြင့် ဖုံးလွှမ်းသွားသည်။

တိတ်ဆိတ်နေ၏။

လေထုက တဖြည်းဖြည်း လေးလံလာသည်။

လေပြင်းများ တိုက်ခတ်လာပြီးနောက်တွင် မြေကြီးပေါ်တွင် ပြန့်ကျဲနေသော ဝါကြင်ကြင် ဆောင်းဦး ရွက်ကြွေများကို လွင့်စင်သွားစေလေသည်။ မည်းမှောင်သော တိမ်တိုက်များက မြို့ပေါ်တွင် အုံ့ဆိုင်းနေပြီး ဆံပင်ဖျားအထိ တွဲကျနေလေသည်။ မည်းမှောင်သော တိမ်တိုက်များသည် အဆုံးစွန်အထိ ဖောင်းကားလာပြီး ရုတ်တရက် ပြိုလဲသွားကာ မိုးဖွဲဖွဲလေး စတင်ရွာသွန်းလာလေသည်။

တောက်၊ တောက်။

ပထမဆုံး မိုးပေါက်လေး ကျဆင်းလာသည်နှင့်အမျှ၊ သေးငယ်သောအသံလေးက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီး ချက်ချင်းလိုလိုပင် ဓားချင်းခုတ်သံများက လောကတစ်ခုလုံးတွင် ပဲ့တင်ထပ်သွာတော့သည်။

တိုက်ပွဲအော်ဟစ်သံများ ပေါက်ကွဲထွက်လာ၏။

၎င်း၏ဟိန်းဟောက်သံက မိုင်ထောင်ချီ ကျယ်ဝန်းသော မြစ်များနှင့်တောင်များကို ကျိုးကြေသွားစေပြီး ကောင်းကင်နှင့်မြေကြီးကို ပြိုကျသွားစေလေသည်။

"သတ်။"

ယခင်က ပညာရှင်ဆန်ပုံပေါက်သော လုံထျန်းချီ၏ မျက်လုံးများတွင် ယခုအခါ ကြမ်းကြုတ်သော အကြည့်တစ်ခု ရှိနေပြီး ကျောရိုးစိမ့်သွားစေသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။ သူသည် ချက်ချင်း အမှောင်ထုထဲသို့ ပေါင်းစပ်သွားပြီး အရိပ်များ၏ဝါးမျိုခြင်းကို ခံရသည်နှင့်အမျှ သူ၏မျက်နှာ တစ်ဝက်သည် မုန့်ချင်ကျိုးကို စူးစိုက်ကြည့်ကာ ထူးဆန်းသော အပြုံးတစ်ခုကို ပြသနေလေသည်။

မုန့်ချင်ကျိုး လမ်းလျှောက်နေပြီး တစ်လှမ်းလျှင် မီတာတစ်ဝက်ခန့် ရှိကာ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါး ရှိနေသည်။ ဒုတိယခြေလှမ်းမှာ (၁၀)မီတာ ရှိပြီးနောက် အနည်းငယ် ကြမ်းတမ်းလေသည်။ တတိယမြောက်ခြေလှမ်းမှာ မီတာ(၁၀၀)ရှိပြီး ရုတ်ရုတ်သဲသဲ ဖြစ်ပေါ်စေသည်။ စတုတ္ထခြေလှမ်းမှာ မီတာ (၁၀၀၀) ရှိပြီး နဂါးတစ်ကောင်ကဲ့သို့ လူးလွန့်နေလေသည်။

ထို့နောက် လျင်မြန်သောခြေလှမ်းများ ဆက်တိုက်ထွက်ပေါ်လာပြီး တစ်လှမ်းစီက မီတာထောင်ချီနှင့် မိုင်ချီ၍ ဖုံးလွှမ်းသွားကာ ကောင်းကင်ပြည်နယ်တစ်ခုလုံး တုန်ခါသွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော ငလျင်ကြီးတစ်ခု ပေါက်ကွဲထွက်လာကာ ကောင်းကင်နှင့်မြေကြီး၏ အဓိကသွေးကြောများကိုပင် တုန်ခါ၍ သွားစေသည်။

သူ၏ခန္ဓာကိုယ်သည် ရေကူးနေသော နဂါးတစ်ကောင်လို ရွေ့လျားနေပြီး လှုပ်ရှားမှုများက လန့်နေသော ငန်းတစ်ကောင်ကဲ့သို့ ကျက်သရေရှိလှသည်။

ချီတက်လာမှုအရှိန်အဟုန်မှာ ရိုသေကြောက်ရွံ့ဖွယ်ကောင်းလှ၏။ အစွမ်းထက်ကောင်းကင်ထောက်တိုင် ကျွမ်းကျင်သူများပင် ထိတ်လန့်နေကြပြီး အသက်ရှူရန် ရုန်းကန်နေရလေသည်။

[ကပ်ဘေးအမွေအနှစ်]တွင် ပိတ်မိနေသော ကောင်းကင်ထောက်တိုင်(၁၀)ဦးသည် သေလုနီးပါး ဖြစ်နေသော်လည်း ဤမြင်ကွင်းကို မြင်သောအခါ၊ သတိလစ်လုမတတ် ထိတ်လန့်သွားကြသည်။ နောက်ဆက်တွဲ ဂယက်တစ်ခုတည်းကပင် သူတို့၏ အသားနှင့်သွေးများကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ရန် လုံလောက်သည်။

သူက ကောင်းကင်ကြည့်ဆောင် နန်းဆောင်သခင်အချို့ထံသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွား၏။

လမ်းတစ်လျှောက်တွင်။

ရုတ်တရက် လျင်မြန်စွာပြေးလွှားနေသော ပုံရိပ်၏နောက်မှ အရိပ်တစ်ခု ပေါ်လာလေသည်။ လူတစ်ဦး အရိပ်ထဲမှ ထွက်လာပြီး လျှာကိုကိုက်ကာ မြားတစ်စင်းကဲ့သို့ သွေးများကို အန်ထုတ်လိုက်ရာ မုန့်ချင်ကျိုး၏ လည်ပင်းကို မတော်တဆ စွန်းထင်းသွားလေသည်။

ဤသူမှာ လုံထျန်းချီမှလွဲ၍ အခြားသူမဟုတ်ပေ။

သူ၏နှုတ်ခမ်းထောင့်တွင် အောင်ပွဲခံသော အပြုံးတစ်ခု ပေါ်လာလေသည်။ သူက သူ၏မျက်ခုံးရှေ့တွင် လက်ညှိုးနှစ်ချောင်းကိုပူးကာ ကိုင်ထားပြီး တတီးတိုးရေရွတ်လိုက်သည်။

"သွေးတာအို - မီးတောက်တိမ်တိုက်။"

တစ်ခဏချင်းမှာပင်။

လက်ကိုနောက်ပစ်ကာ ရှေ့သို့လျှောက်လှမ်းနေသော မုန့်ချင်ကျိုး၏ လည်ပင်းတွင် ရောဂါဆန်သော အနီရောင်အကွက်တစ်ခု ပေါ်လာပြီးနောက် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသို့ ပျံ့နှံ့သွားလေသည်။

အဝေးကကြည့်လျှင် နေဝင်ချိန်က မီးတောက်တိမ်တိုက်များကဲ့သို့ တောက်ပသောအနီရောင် ရှိနေပြီး လှပကာ လျင်မြန်စွာ ပျံ့နှံ့နေလေသည်။

သွေးများ ဆူပွက်နေ၏။

သူ၏သွေးများက လောင်ကျွမ်းနေသည်။

သားကောင်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို လောင်စာအဖြစ် ပြောင်းလဲလိုက်ပြီးနောက် မီးညှိလိုက်ကာ ဝိညာဉ်နှင့်ကျင့်ကြံမှုကို ပြာအဖြစ်လောင်ကျွမ်းစေမည့် ပြင်းထန်သော မီးတောက်တစ်ခုကို အသက်သွင်း လိုက်လေသည်။

လုံထျန်းချီက ပြုံးကာ တီးတိုးရေရွတ်လိုက်သည်။

"ဘိုးဘေးရှစ်ဟိုင်က သွေးတာအိုနဲ့ အမှောင်တာအိုကို လေ့လာဖို့ သူ့ဘဝကို မြှုပ်နှံခဲ့တယ်။ ကျင့်ကြံမှု အဆင့် ဘယ်လောက်ပဲရှိရှိ တစ်ယောက်ယောက်က ဒီအကွက်နဲ့ အထိခံရရင် တန်ခိုးရှင်နဲ့ နတ်ဘုရားတွေတောင် မကယ်နိုင်ဘူး။ မင်းက ထူးကဲတဲ့ပါရမီရှင်တစ်ယောက် ဖြစ်ရင်တောင်မှ အကယ်၍ သူက မင်းကို မသတ်နိုင်ရင် မင်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်တယ်။"

သို့သော်လည်း။

မုန့်ချင်ကျိုး၏လည်ပင်းတွင် လောက်ကောင်တစ်ကောင်လို ကပ်တွယ်နေသော မီးတောက်တိမ်တိုက်က သူ၏ရင်ဘတ်ဆီသို့ ပျံ့နှံ့သွားသော်လည်း ကျော်လွှား၍မရနိုင်သော အတားအဆီးတစ်ခုကြောင့် ပိတ်ဆို့ခံရကာ တစ်လက်မလေးပင် ရှေ့သို့မတိုးနိုင်တော့သည်ကိုကြည့်ရင်း လုံထျန်းချီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

၎င်းကို မြင်သောအခါ လုံထျန်းချီသည် သူ၏ကျွမ်းကျင်မှုအစုအဝေးထဲသို့ သဘာဝလွန်စွမ်းအား အသစ်တစ်ခုကို ပေါင်းထည့်ရန် ပြင်လိုက်သည်။

ရန်သူတစ်ယောက်က သူ့သွေးများ စွန်းထင်းသွားပြီဆိုလျှင် အခြေခံအားဖြင့် မှတ်သားခံရပြီး ချည်နှောင် ခံလိုက်ရပြီ ဖြစ်သည်။ သူတို့ မည်မျှဝေးဝေး ရောက်နေပါစေ၊ သူက အဝေးမှနေ၍ ဂါထာများ ရွတ်ဆိုနိုင်သည်။ သူက စွမ်းအင်ကုန်ခမ်းမှုကို ခံနိုင်ရည်ရှိသရွေ့ အစွမ်းထက်သော ဂါထာထောင်ပေါင်းများစွာ ထုတ်လွှတ်လျှင်ပင် ရန်သူက ဖြေရှင်းစရာ နည်းလမ်းမရှိဘဲ ၎င်းတို့ကို ခံစားရပေမည်။

"ဘိုးဘေးက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ သူ့ရဲ့သွေးက အချိန်-နေရာလွတ် ဓားသူတော်စင်ကို ချည်နှောင်ထားတယ်။ အရိပ်က သူ့ကို ဖုံးကွယ်ထားတယ်။ ပြီးတော့ သူ့ရဲ့ သွေးမှော်ပညာနဲ့ပေါင်းစပ်ပြီး သူ့ကို ပြိုင်ဖက်ကင်း ဖြစ်စေခဲ့တယ်။"

လုံထျန်းချီက အရိပ်များထဲ နောက်ဆုတ်သွားရင်း သွေးတာအိုနတ်ဘုရားစွမ်းအားကို အဆက်မပြတ် ထုတ်လွှတ်ကာ ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးလိုက်သည်။

...

လုံထျန်းချီ၏ခန္ဓာကိုယ်တစ်ဝက် အရိပ်များထဲသို့ ပေါင်းစပ်သွားစဉ်မှာပင် သူ၏ ဖော်ပြနေသောမျက်နှာ တစ်ဝက်မှ မျက်လုံးတစ်လုံး ရုတ်တရက် ပြူးကျယ်သွားပြီး မျက်ဆံများ ကျဉ်းမြောင်းသွားသည်။

အကွာအဝေးမှာ အရမ်းဝေးကွာပြီး မိုင်တစ်သိန်းနီးပါးရှိကာ သာမန်မျက်စိဖြင့် မမြင်နိုင်သော အကွာအဝေးဖြစ်ကြောင်း သူ မြင်လိုက်ရသည်။ လမ်းလျှောက်နေသော အနက်ရောင်ဝတ်လူငယ်က ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ပါးစပ် အနည်းငယ်ဟသွားသော်လည်း သူ ဘာပြောနေသည်ကို ကြားရန် မဖြစ်နိုင်ပေ။

သို့သော် သူတို့က သူ့ကို ရှင်းရှင်းလင်းလင်း စကားပြောနေခြင်းပင်။

နောက်အခိုက်အတန့်တွင် လုံထျန်းချီက နောက်ဆုံးတွင် ရှင်းလင်းစွာ ကြားလိုက်ရပြီး ထိုအချိန်မှသာ ထိတ်လန့်နေသော အမူအရာကို ပြသကာ အဆုံးအစမရှိသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ပြည့်နှက်နေသည့် မိုးခြိမ်းသံကဲ့သို့ အသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

"သေစမ်း။"

"ဖွတ်။"

လုံထျန်းချီ၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားပြီး သူ ရင်ဘတ် မြင့်တက်လာကာ သူ၏မျက်နှာ ရုတ်တရက် နီရဲသွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ သူက ဧရာမသံချွန်ကြီးတစ်ခုဖြင့် အရိုက်ခံရသကဲ့သို့ ဖြစ်သွားပြီး အမှောင်ပိုင်နက်၏ အရိပ်များမှ အတင်းအကျပ် ခွဲထုတ်ခံရကာ နောက်သို့ တည့်တည့် လွင့်စဉ်သွားလေသည်။

"ယောက်ျား၊ ကျွန်မ ရောက်လာပြီ။"

သူ၏ဇနီးကျုံးကျန့်ရွှဲ့က အချိန်ကိုက် ဘေးမှထွက်လာပြီး လုံထျန်းချီကို ညင်သာစွာ ဖမ်းဆွဲလိုက်သည်။ သူ၏အိုမင်းနေသောမျက်နှာတွင် သူတို့ပထမဆုံး တွေ့ဆုံစဉ်ကကဲ့သို့ နူးညံ့ပြီး ချိုမြိန်သောအပြုံးမျိုး ရှိနေသည်။ "အရူးလေး၊ ကျွန်မ ရှင့် ထပ်ပြီး ကယ်လိုက်ပြန်ပြီ။"

သူတို့နှစ်ဦးက အရှိန်အဟုန်ကြောင့် ထိန်းမရဘဲ နောက်သို့ ဆုတ်သွားကြသည်။

သို့သော်လည်း လုံထျန်းချီ၏ မျက်လုံးများ ပြဲလုမတတ် ဖြစ်သွားပြီး သူ ပြိုကျလုနီးပါး ဖြစ်နေကာ ရူးသွပ်စွာ အော်ပြောလိုက်သည်။ "ဒီကနေ ထွက်သွားတော့။"

သို့သာ် နောက်ကျလွန်းသွားလေပြီ။

အချိန်-နေရာလွတ်၏ ဓားအသိက ကောင်းကင်မှ ကျဆင်းလာရာ ဤနေရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သကဲ့သို့ ဖြစ်နေသည်။ ကံကြမ္မာပါလာသူတစ်ဦး ဤနေရာသို့ ခြေချလိုက်ချိန် ယန္တရားသည် အလိုအလျောက် အသက်ဝင်လာပြီး အချိန်-နေရာလွတ် ဓားအသိ ကျဆင်းလာမည် ဖြစ်သည်။

ဖွတ်...

ဓားအသိက ကျုံးကျန့်ရွှဲ့၏ ပိုင်ဟွေ့အပ်စိုက်မှတ်ကို ဖောက်ထွင်းသွားပြီး အောက်ဘက်သို့ တည့်တည့် ဆင်းသွားကာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ထွင်းသွားလေသည်။

"အဟွတ် အဟွတ်..." ကျုံးကျန့်ရွှဲ့၏ မျက်လုံးများတွင် သွေးများပြည့်နှက်နေပြီး သူသည် သွေးများကို အဆက်မပြတ် အန်ထုတ်နေသည်။ သူ၏မျက်ခုံးနှင့် ဝိညာဉ်စင်မြင့်လည်း ကျိုးကြေသွားပြီး အချိန်-နေရာလွတ် ဓားအသိသည် ခန္ဓာကိုယ်အတွင်းတွင် ပျက်စီးမှုများ ဖြစ်ပေါ်စေနေသည်။ သူ၏ အသက်စွမ်းအင်သည် အေးခဲလုနီးပါးအမှတ်သို့ ချက်ချင်း ကျဆင်းသွားသော်လည်း သူက မျက်နှာလွှဲလိုက်ပြီး လုံထျန်းချီကို ဘေးသို့ တွန်းထုတ်ကာ ပြောလိုက်သည်။

"ပြေးတော့။"

"တတ်နိုင်သလောက် ဝေးဝေးပြေး..."

"နောက်ပြန်မကြည့်နဲ့။ ကျွန်မက အခု... အဟွတ် အဟွတ်၊ အရမ်း ရုပ်ဆိုးနေမှာ..."

လုံထျန်းချီက နာကျင်စွာဖြင့် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး ထောင်ချောက်မိနေသော သားရဲ တစ်ကောင်ကဲ့သို့ တိုးညင်းပြီး ဩရှသောဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။ "မဟုတ်ဘူး။ ရွှဲ့အာ။"

သူက မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါတွင် ကျုံးကျန့်ရွှဲ့သည် တစ်စစီဖြစ်သွားပြီး လုံးဝကို ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေကာ သူက လက်ချောင်းကိုဖြတ်ပြီး ရင်ဘတ်တွင် သွေးစာကြောင်း တစ်ကြောင်းကို ရရေးလိုက်သည်။

"ငါ့ရဲ့အသက်၊ ငါ့ရဲ့ တာအိုအသီးအပွင့်နဲ့ ငါ့ရဲ့ ဝိညာဉ်ကို စတေးပြီးတော့ အမြင့်ဆုံးသွေးတာအိုဖြစ်တဲ့ ကောင်းကင်ဆင့်ကဲပြောင်းလဲမှုသွေးကျိန်စာကို ဆင့်ခေါ်ပါတယ်။"

"စတေး..."

သူ စကားပြော၍ မဆုံးသေးပေ။

နောက်ထပ် မိုးခြိမ်းသံလို ဟိန်းဟောက်သံတစ်ခု သူတို့၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ "သေစမ်း။"

ဘုန်း။

လုံထျန်းချီ၏ခေါင်းသည် ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားပြီး အနီနှင့်အဖြူများ နေရာအနှံ့ လွင့်စဉ်သွားလေသည်။ ခေါင်းမဲ့နေသာ အလောင်းက စက္ကန့်အနည်းငယ်ကြာ လှုပ်ယိမ်းနေပြီးမှ ကောင်းကင်မှ ပြုတ်ကျသွားလေသည်။

အန္တိမသွေးစတေးမှုကို အတင်းအကျပ် ရပ်တန့်လိုက်ရလေသည်။

...

...

လျင်မြန်စွာ ပြေးလွှားနေသော အရိပ်၏အမြန်နှုန်းသည် ပြောင်းလဲခြင်းမရှိဘဲ အနည်းငယ်မျှပင် သက်ရောက်မှု မရှိခဲ့ပေ။

အတွေးတစ်ချက်နှင့် အော်သံနှစ်ချက်နှင့်တင် ကောင်းကင်ထောက်တိုင် ပုဂ္ဂိုလ်နှစ်ယောက် သေဆုံးသွားလေပြီ။

လုံမိသားစု ဘိုးဘေး အမြစ်ပြတ် သုတ်သင်ခံလိုက်ရလေပြီ။

မုန့်ချင်ကျိုး၏ နှုတ်ခမ်းများတွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာပြီး သူ၏လည်ပင်း ပတ်လည်ရှိ မီးတောက်တိမ်တိုက်များသည် ဂါထာရွတ်ဆိုသူ သေဆုံးပြီးနောက် တဖြည်းဖြည်း မှေးမှိန်သွားသည်။

လီယဲ့နှင့် ပြင်းထန်သောတိုက်ပွဲတစ်ခု ဆင်နွှဲနေသည့် ချူရှီရန်သည် ဘေးတိုက် တစ်ချက်ကြည့်ကာ သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

"သွေးတာအို၊ အမှောင်တာအို..."

"ဘိုးဘေးရှစ်ဟိုင်ရဲ့ သွေးတာအိုဟာ မူလက ရန်သူတွေကို သတ်ဖြတ်ဖို့ ရည်ရွယ်ထားတာဖြစ်လို့ အရမ်းခက်ခဲပြီး ကြောက်စရာကောင်းတယ်လို့ ဆိုကြတယ်။ အမှောင်တာအိုနဲ့ ပေါင်းစပ်လိုက်ရင် လက်တွေ့မှာ ပြိုင်ဖက်ကင်းပဲ။ ဒါပေမဲ့ သူက လူသားဧကရာဇ်နဲ့အတူ တိုက်ပွဲဝင်ခဲ့တုန်းက သွေးတာအိုရဲ့ ရည်ရွယ်ချက်ကို ပြောင်းလဲခဲ့ပြီး ပုန်းအောင်းနေတဲ့ လုပ်ကြံသတ်ဖြတ်သူအဖြစ်ကနေ လူသားဧကရာဇ်ကို ကုသပေးတဲ့ သမားတော်တစ်ယောက်အဖြစ်ကို ပြောင်းလဲခဲ့တယ်။ အဲဒီအချိန်ကစပြီးတော့ သွေးတာအိုကို ကုသခြင်းနဲ့ ဒဏ်ရာတွေ ဖယ်ရှားဖို့အတွက်ပဲ အသုံးပြုခဲ့တယ်။"

"လုံထျန်းချီက သွေးတာအို သတ်ဖြတ်ရေးအတတ်ကို သုတေသနလုပ်ဖို့ သူ့ဘဝကို မြှုပ်နှံလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။"

လီယဲ့ ခေါင်းညိတ်ပြီး အော်ပြောလိုက်သည်။ "အထင်ကြီးစရာပဲ။"

စကားပြောနေရင်း တစ်ဝက်လောက်တွင် ချူရှီရန်က သူ၏အသံကို လွှဲပြောင်းကာ ပြောလိုက်သည်။ "မင်းက တကယ်ပဲ အချိန်-နေရာလွတ် ဓားသူတော်စင်နောက်ကို လိုက်ဖို့ ဆန္ဒရှိတာလား။ ဒါမှမဟုတ် ဒါက အချိန်ဆွဲတဲ့ လှည့်ကွက်သက်သက်ပဲလား။ တကယ်လို့ မင်းငါ့ကို လိမ်ရဲရင် နောက်ဆုံးအချိန်အထိ ငါ မင်းကို လိုက်ရှာပြီး သတ်ပစ်မယ်။"

လီယဲ့က ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ဒါပေမဲ့ ငါ့မိသားစု ကောင်မလေးက သဘောတူမှာ မဟုတ်ဘူး။ ဒါကြောင့် ငါက သူ့ကို တိတ်တဆိတ်ပဲ ခိုလှုံခွင့်တောင်းရမှာ။ မင်း ငါနဲ့အတူ ဆက်ပြီး သရုပ်ဆောင်နေ။ ပြီးတော့ ပြဿနာမရှာနဲ့။"

"အမှန်အတိုင်းပြောရရင် ငါ့ရဲ့ လီမိသားစုက မင်းရဲ့ ချူမိသားစုထက်စောပြီး ဓားသူတော်စင်နောက်ကို လိုက်ခဲ့တာ။ ငါ့မိသားစုရဲ့ [ဘိုးဘေးတာအိုလူဝင်စား]ရဲ့ ဝိညာဉ်ကို ဓားသူတော်စင်က မြှူဆွယ်သွားခဲ့ပြီးပြီလေ။ ပြီးတော့ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ဦးလေးနဲ့ တူလို့ ခေါ်ကြတယ်။"

ထိုစကားကို ကြားသောအခါ ချူရှီရန် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး လီယဲ့နှင့် သူ၏ ပြင်းထန်သော တိုက်ပွဲကို ဆက်လက် ဆင်နွှဲလေသည်။

တိုက်ပွဲတစ်ဝက်လောက်တွင် လီယဲ့က စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။ "နှလုံးကို ခဏလောက် မညှစ်ထားဘူးလား။ အဲဒီလိုမှမဟုတ်ရင် တခြားလူတွေ သံသယဖြစ်လာမှာ စိုးရတယ်။"

ချူရှီရန်၏မျက်နှာ ဖြူရော်နေပြီး သူက ပြန်လည် ကျိန်ဆဲလိုက်သည်။ "ချီးပဲ။ ငါ မင်းကို သေအောင် ရိုက်ပစ်လိုက်တာ ပိုကောင်းမယ်။ အဲဒါဆို ပိုပြီးတော့ လက်တွေ့ကျလိမ့်မယ်။"

...

...

တစ်ချိန်တည်းမှာပင်။

အရိပ်ပုံရိပ်က ကောင်းကင်ကြည့်ဆောင် နန်းဆောင်သခင်များမှ မိုင်တစ်ထောင်အောက်သာ ကွာဝေးတော့သည်။ ၎င်း၏အမြန်နှုန်းသည် တဖြည်းဖြည်း နှေးကွေးလာသော်လည်း ၎င်း၏အရှိန်အဟုန်မှာ တဖြည်းဖြည်း မြင့်တက်လာသည်။

ဓားအသိသည် ကောင်းကင်မှ တွဲကျနေသော တိမ်တိုက်များနှင့်တူပြီး ကောင်းကင်ကို ဖုံးလွှမ်းကာ သက်ရှိသတ္တဝါအားလုံးကို လွှမ်းမိုးထားသည်။

သူက မိုင်တစ်ရာ ခရီးနှင်ပြီးသောအခါ...

မည်းမှောင်သောတိမ်တိုက်များကြားမှ တောက်ပသောရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲလာပြီး နဂါးတစ်ကောင်သည် ၎င်းတို့ထဲမှ ပေါ်ထွက်လာကာ ကြယ်များနှင့်လတို့နှင့်ယှဉ်နိုင်သော ဧရာမခေါင်းကြီးသည် တိမ်တိုက်များထဲမှ ထွက်ပေါ်လာလေသည်။ ၎င်း၏ခန္ဓာကိုယ်သည် မိုင်ထောင်ချီ ရှည်လျားပြီး ၎င်း၏ ခြေသည်းများကို ဆန့်ထုတ်ထားကာ ခြေသည်းငါးချောင်းကို ပြသနေလေသည်။

ခြေသည်းငါးချောင်းပါ ရွှေနဂါး။ ဧကရာဇ်လမ်းစဉ်၏ အစစ်အမှန်နဂါး။

အမြင့်ဆုံးနယ်ပယ်များကို ကျော်လွန်ပြီး နတ်ဘုရားတစ်ပါးနှင့် ယှဉ်နိုင်သော နတ်သားရဲတစ်ကောင်။

တစ်ချိန်က ၎င်းသည် မသေနိုင်သောဇာမဏီနှင့် ဖယောင်းနဂါးလို နတ်သားရဲများနှင့် တစ်တန်းတည်း ဖြစ်ပြီး မျိုးနွယ်စုအားလုံး၏ အထွတ်အထိပ်တွင် ရပ်တည်နေခဲ့သည်။

ဤမြင်ကွင်းက တောရိုင်းမြေရှိ သက်ရှိသတ္တဝါအားလုံးကို ရှင်းလင်းစွာ မြင်တွေ့ရလောက်အောင် ဖြစ်နေသဖြင့် အံ့ဖွယ်တစ်ခုကို မျက်မြင်တွေ့ရသည်ဟု ထင်မှတ်ကာ သူတို့ကို ထိတ်လန့်သွားစေလေသည်။

"ဝေါင်း။"

ရွှေနဂါးကြီး ဟိန်းဟောက်လိုက်ရာ ၎င်း၏အာငွေ့က မရေမတွက်နိုင်သော ကမ္ဘာကြီးများကို ဖျက်ဆီးပစ်လိုက်သည်။

အနက်ရောင်ဝတ်လူငယ်၏အမူအရာက မပြောင်းလဲဘဲ ရှိနေကာ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။ "ချိုးဖျက်စမ်း။"

ထိုအခိုက်အတန့်တွင်။

ခြေသည်းငါးချောင်းပါရွှေနဂါး ပတ်လည်ရှိ ဟင်းလင်းပြင်က ပြိုကျသွားပြီး အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ နဂါးက ဟန်ချက်ပျက်သွားပြီး တွင်းနကထဲသို့ ပြုတ်ကျသွားတော့သည်။

၎င်းက အပြင်ကို မတက်နိုင်ခင်မှာပင်၊ အနက်ရောင်ဝတ်လူငယ်လေးက ပြိုကျနေသော တွင်းနက်ကြီးကို ဖြတ်လျှောက်သွားခဲ့ပြီး လမ်းတစ်လျှောက် နေရာလွတ်က ပြန်လည်ကောင်းမွန်သွားခဲ့သည်။

အစစ်အမှန်နဂါးကို လုံးဝ မြှုပ်နှံလိုက်ခြင်းပင်။

တစ်ချိန်တည်းမှာပင် မြို့တစ်မြို့တွင် ပုန်းအောင်းနေသော လင်းရော့ရှန်းသည် သူ၏နဖူးကိုကိုင်ကာ နာကျင်စွာ အော်ဟစ်လိုက်ပြီး ဝိညာဉ်အက်ကွဲတော့မလို ခံစားလိုက်ရသည်။

သူ့ဘေးတွင် လင်းကျင်းချိုး ရှိနေသည်။ သားအဖနှစ်ဦးက စားသောက်ဆိုင်ရှိ သီးသန့်အခန်းတစ်ခုတွင် ထိုင်နေကြပြီး ပုံမှန်အတိုင်း ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေရန် သောက်စားနေပုံပေါက်နေသည်။

ထူးဆန်းသောအချက်မှာ...

ထိုမြို့သည် ကောင်းကင်ပြည်နယ်၏ မြေပုံပေါ်တွင် မရှိဘပေ။ တောရိုင်းမြေထဲတွင်လည်း မဟုတ်ပေ၊ အချိန်မြစ်ထဲရှိ မည်သည့်နေရာမှလည်း မဟုတ်ပေ။ ထို့ပြင် ၎င်းက လုံးဝ မရှိခဲ့ဖူးပေ။

လီယဲ့သည် သေချာစွာ အကဲခတ်ပြီးနောက် သက်ပြင်းချလိုက်သည်။

"စိတ်ကူးယဉ်တာအိုက ဝိညာဉ်ကိုကျင့်ကြံဖို့ အာရုံစိုက်တယ်။"

"စိတ်ကူးယဉ်တာအိုက ဘာကိုမဆို စိတ်ကူးယဉ်နိုင်တယ်၊။ လေဟာနယ်ထဲကနေ အရာဝတ္ထုတွေကို ဖန်တီးနိုင်တယ်။ ပြီးတော့ ဖန်တီးထားတဲ့အရာတွေက တကယ့်အစစ်အမှန်အရာတွေနဲ့ ဘာမှမကွာခြားဘူး။ သဘာဝလွန်ပါရမီတွေတောင် ၃၀%လောက်တူတယ်။ အားနည်းချက်တစ်ခုက စိတ်ကူးယဉ်ထားတဲ့ အရာတွေရဲ့ နယ်ပယ်က ကျင့်ကြံသူရဲ့နယ်ပယ်နဲ့ ကိုက်ညီနေရမယ်။"

"အဲဒါကိုလုပ်ခဲ့တာ လင်းမိသားစု သားအဖပဲ။ သူတို့က အချိန်-နေရာလွတ် ဓားသူတော်စင်ကို ရှေ့ဆက် မသွားနိုင်အောင် တားဆီးနိုင်မလား မသိဘူး။"

သူတို့ ရှုံးနိမ့်သွားပြီဟု မည်သူမှ မပြောရဲပေ။

ဓားသူတော်စင်၏ ချီတက်မှုကို နှေးကွေးသွားစေနိုင်သရွေ့ ကောင်းကင်ကြည့်ဆောင်၏ အမြင်တွင် ၎င်းကို အကျိုးပြုမှုတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ လင်းမိသားစု သားအဖဖြစ်စေ၊ လုံမိသားစု ဇနီးမောင်နှံဖြစ်စေ၊ သူတို့အားလုံးက ဤရည်မှန်းချက်ဆီသို့ ဦးတည်အလုပ်လုပ်နေကြခြင်း ဖြစ်သည်။

အကြောင်းရင်းက ရိုးရှင်းပေသည်။

အချိန်-နေရာလွတ် ဓားသူတော်စင်သည် တားဆီး၍မရနိုင်သော အရှိန်အဟုန်ဖြင့် ရှေ့သို့တိုးလာကာ နှစ်ဖက်ကြားအကွာအဝေးကို နီးကပ်လာစေသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင် သူက အရှိန်အဟုန် စုဆောင်းနေခြင်း ဖြစ်သည်။ အရှိန်အဟုန်ဆိုသည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသောအရာတစ်ခု ဖြစ်သည်၊ များသောအားဖြင့် အရှိန်အဟုန် ပိုအားကောင်းလေလေ ထုတ်လွှတ်နိုင်သည့်စွမ်းအားက ပိုကြီးမားလေလေ ဖြစ်သည်။

ကောင်းကင်ကြည့်ဆောင်၏ ဂိုဏ်းချုပ်ကလည်း ဤအရာကို သတိပြုမိပြီး ထို့ကြောင့် မိသားစု(၄)ခု၏ ဘိုးဘေးများက သူ၏စွမ်းအားစုဆောင်းနေမှုကို တားဆီးနိုင်မည်ဟု မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။

နန်းဆောင်သခင်များ မလှုပ်ရှားမှုရခြင်း၏ အကြောင်းရင်းက သူတို့သည်လည်း အရှိန်အဟုန် စုဆောင်းနေ၍ပင်။

ဤအရာကို သဘောပေါက်သွားသောအခါ ချူရှီရန် အသက်ပြင်းပြင်း ရှူလိုက်ပြီး အနည်းငယ် ဂနာမငြိမ် ဖြစ်နေသည်ကို ခံစားလိုက်ရသော်လည်း လီယဲ့သည် သူ့ကို တိတ်တဆိတ် နောက်သို့ဆွဲခေါ်ကာ သူ၏အသံကို ပို့လွှတ်လိုက်သည်။

"မမိုက်မဲနဲ့။ ဓားသူတော်စင်ကို ယုံကြည်ထားလိုက်ပါ။ သူက လင်းမိသားစု သားအဖကြောင့် နှေးကွေးသွားနိုင်တယ်လို့ မယုံဘူး။ ပြီးတော့ ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင်တွေ စွမ်းအား စုဆောင်းနေတာကို တားဆီးဖို့တောင် မတွေးနဲ့။ မင်း ရိုက်သတ်ခံရလိမ့်မယ်။"

ချူရှီရန်က မျက်လုံးများကိုလှိမ့်ကာ ပြန်လည် ချေပလိုက်သည်။ "မင်းက ဒီလောက် စကားသွက်တယ်လို့ ငါ တစ်ခါမှ မသိခဲ့ဘူး။"

...

...

တောင်ကြီးတစ်တောင်လို လွှမ်းမိုးနိုင်သောအရှိန်အဝါဖြင့် အချိန်-နေရာလွတ် ဓားသူတော်စင်၏ စွမ်းအာက လျင်မြန်စွာ စုဆောင်းမိလာပြီး ပြည့်လျှံနေလေသည်။

ပုလင်းထိပ်မှ ဖြာထွက်လာသော အမှုန်အမွှား အနည်းငယ်လေးကပင် အဆုံးမဲ့ တောင်တန်းများကို မိုင်ထောင်ချီကျယ်ဝန်းသော ချိုင့်ဝှမ်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေပြီး ကောင်းကင်ယံရှိ မည်းမှောင်သော တိမ်တိုက်များကို ကြည်လင်ပြာလဲ့သွားစေကာ မိုင်ထောင်ချီအထိ တိမ်ကင်းစင်သွားပြီး ကောင်းကင်နှင့်ရေပြင် တစ်သားတည်း ဖြစ်သွားစေသည်။

သူက ကောင်းကင်ကြည့်ဆောင်၏ နန်းဆောင်သခင်များထံမှ မိုင်(၅၀)အောက်သာ ကွာဝေးတော့ပြီး သူတို့၏ပုံရိပ်များကို မှုန်ဝါးဝါး မြင်တွေ့နိုင်ပြီ ဖြစ်သည်။

ရုတ်တရက်။

ရင်းနှီးသောအသံတစ်ခုက မုန့်ချင်ကျိုး၏နားထဲတွင် မြည်လာလေသည်။

"သခင်လေး... ဘာလုပ်နေတာလဲ။ မမလေးက ညစာစားဖို့ အိမ်မှာစောင့်နေတယ်။ မြန်မြန် ပြန်လာခဲ့ပါ။"

၎င်းမှာ အနောက်မှ ထွက်ပေါ်လာသော စုချင်ချိုး၏ ချစ်စရာကောင်းပြီး အပြစ်ကင်းသော အသံလေးပင်။

မုန့်ချင်ကျိုး၏စိတ်ခံစားမှုများ အနည်းငယ် လှိုင်းထသွားသော်လည်း သူက လျင်မြန်စွာ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားပြီး ဆက်လက်၍ လျှောက်လှမ်းလေသည်။ တူညီသောလှည့်ကွက်ကို ထပ်မံအသုံးပြုခံရခြင်းမှ ကာကွယ်ရန် သူ၏အကြားအာရုံကို လုံးဝ ပိတ်ထားလိုက်သည်။

သို့သော်လည်း။

[စိတ်ကူးယဉ်တာအို]က ထူးခြာလှ၏။

အရာအားလုံးကို စိတ်ကူးယဉ်နိုင်ရုံသာမက စိတ်ထဲတွင် ဇာတ်လမ်းများကိုလည်း စိတ်ကူးယဉ်နိုင်သည်။

[စိတ်ကူးယဉ်မြို့တော်]တွင် ရှိနေသော လင်းမိသားစု သားအဖသည် သူတို့၏ဝိညာဉ်များ အချင်းချင်း ရောယှက်နေပြီး မြင်ကွင်းတစ်ခုကို စိတ်ကူးယဉ်ရန် အတူတကွ အလုပ်လုပ်ကာ ထိုမှတစ်ဆင့် အချိန်-နေရာလွတ် ဓားသူတော်စင်ကို နှောင့်ယှက်လေသည်။

ခြံဝင်းငယ်လေးများ၏ မီးခိုးတိုင်များမှ မီးခိုးများထွက်ပေါ်နေသော သာမန်ကျေးရွာလေးတစ်ရွာကို စိတ်ကူးကြည့်ပါ။ ခါးစည်းကို ဝတ်ဆင်ထားသော မဟာကျင်းတိုင်းပြည်၏ ဧကရီသည် လက်များမှ ရေများကို သုတ်ကာ ပြုံးလျက် မုန့်ချင်ကျိုးထံသို့ လျှောက်ထွက်လာလေသည်။ သူက မုန့်ခင်ျကျိုး၏နဖူးမှ ချွေးများကို သုတ်ရန် လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူကာ နူးညံ့စွာ ပြောလိုက်သည်။

"ကြည့်ပါဦး။ ချွေးတွေရွှဲနေပြီး နံစော်နေတာပဲ။ အဝတ်အစားတွေ မြန်မြန် ချွတ်ထားလိုက်တော့။ ကျွန်မ ကူလျှော်ပေးမယ်။ ညစာ အဆင်သင့်ဖြစ်နေပြီ။ သွားစားတော့။"

ခွေးဝါကြီးသည် အိပ်ရာတွင် လဲလျောင်းနေပြီး အခြားခွေးကို စိတ်မပါတပါဖြင့် တစ်ချက်ကြည့်ကာ ပို၍ သက်သောင့်သက်သာရှိသော နေရာသို့ ပြောင်းရွှေ့ပြီး ဟောက်သံကို ဆက်လက်ထုတ်လွှတ်နေလေသည်။

မုန့်ချင်ကျိုးသည် ခြံဝင်းထဲတွင် ဗလာကျင်းစွာ ရပ်နေပြီး မဟာကျင်းဧကရီအား သူ၏အင်္ကျိကို ချွတ်ရန် ကူညီပေးစေကာ ရေပုံးထဲသို့ ပစ်ထည့်လိုက်လေသည်။ ထို့နောက်တွင် ဆာလောင်မှုကြောင့် ဗိုက်ထဲတွင် အသံမည်နေသော စုချင်ချိုးက သူ၏လက်မောင်းကို ဆွဲကိုင်ကာ ထမင်းစားပွဲဆီသို့ ဆွဲခေါ်သွားပြီးနောက် စိတ်မရှည်စွာဖြင့် အော်ခေါ်လိုက်သည်။

"သခင်လေး... ညစာ အဆင်သင့်ဖြစ်ပြီ။ သခင်လေး မစားဘူးဆိုရင် မမလေးက ကျွန်မကိုလည်း စားခွင့်ပြုမှာမဟုတ်ဘူး။"

ဝူတျဲကပြုံးလျက် ဘေးတွင်ထိုင်နေပြီး မြင်ကွင်းကို စကားတစ်ခွန်းမျှမဆိုဘဲ စောင့်ကြည့်နေသည်။

သူ မမြင်ရသော်လည်း ကြားရသည့်အရာ၊ ထိတွေ့ရသည့်အရာနှင့် အနံ့ခံရသည့် အရာအားလုံးသည် မယုံနိုင်လောက်အောင် အစစ်အမှန် ဖြစ်နေပြီး သူူနှလုံးသား၏ အနူးညံ့ဆုံးအစိတ်အပိုင်းပင် ဖြစ်သည်။

"တောင်းပန်ပါတယ်။ ချင်ချိုးနဲ့ဝူတျဲ... မင်းတို့ အရင်စားလိုက်ပါ။ ငါ့မှာ အရေးကြီးတဲ့ကိစ္စ လုပ်စရာ ရှိတယ်။"

သူ စကားပြောနေစဉ်။

မုန့်ချင်ကျိုးသည် တူများကို ချထားကာ မတ်တတ်ရပ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

ရုတ်တရက်။

တစ်ယောက်ယောက်က သူ၏လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး တုန်းဖန်လျူလီ၏ ရှိုက်ငိုသံက သူ၏နောက်မှ ထွက်ပေါ်လာကာ အသက်ရှူ မဝဖြစ်နေလျက် ပြောလိုက်သည်။

"ကျေးဇူးပြုပြီး မသွားပါနဲ့။"

"ကျွန်မနဲ့ အချိန်ပိုပေးပါ၊ ကျွှန်မ... ကျွန်မ ရှင့်ကို အရမ်းလွမ်းတယ်..."

"ဒီလောကမှာ ရှင့်ကို အလုပ်ရှုပ်စေပြီးတော့ ပင်ပန်းနွမ်းနယ်စေတဲ့အရာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်မအတွက် အချိန်နည်းနည်းလောက် မပေးနိုင်ဘူးလား။ အရေးကြီးတဲ့ကိစ္စတွေ ဆိုတာတွေလောက် ကျွန်မက အရေးမကြီးဘူးလား။"

မုန့်ချင်ကျိုး၏ရင်ဘတ် မြင့်တက်လာပြီး နဖူးပေါ်ရှိသွေးကြောများ ဖောင်းကြွလာကာ သူ၏အသံကို ဖိနှိပ်ရန် ကြိုးစားရင်း ပြောလိုက်သည်။

"လျူလီ၊ ဒါက မင်းမဟုတ်ဘူးဆိုတာ သိပေမယ့်... တစ်ယောက်ယောက်က ငါ့ကို ဆန့်ကျင်ဖို့အတွက် မင်းကို အသုံးချရဲတယ်ပေါ့..."

"သူ့ရဲ့တာအိုတော့ အဆုံးသတ်သွားပြီ။"

စကားလုံးများ သူ၏ပါးစပ်မှထွက်သွားသည့် အခိုက်အတန့်တွင်။

မုန့်ချင်ကျိုးသည် တုန်းဖန်လျူလီ၏လက်များမှ ရုန်းထွက်လိုက်ပြီး တံခါးကို ကန်ဖွင့်လိုက်ရာ [စိတ်ကူးယဉ်ကမ္ဘာ]ကို ဖျက်ဆီးပစ်လိုက်လေသည်။

...

အပိုင်း(၃၅၀) ကပ်ဘေးကို တုံ့ပြန်သူဖြစ်သလို ကပ်ဘေးကိုယ်တိုင်လည်းဟုတ်တယ်

နီရဲသောတိမ်တိုက်များသည် ကောင်းကင်ယံကို ဖြတ်သန်းကာ လိမ့်ဆင်းလာပြီး မီးခိုးငွေ့တစ်မျှင်သည် ရထားလုံးတစ်စီးကဲ့သို့ တွဲကျနေလေသည်။

တောရိုင်းမြေရှိ ကမ်းရိုးတန်းစစ်ပွဲ ပြင်ဆင်ရေး နယ်မြေတွင်။

ကျင့်ကြံသူသန်းဆယ်ချီတို့က ဖြောင့်တန်းစွာ တန်းစီနေပြီး ကောင်းကင်နှင့်မြေကြီးကို ပြည့်နှက်နေကာ ကောင်းကင်ပြည်နယ်၏ စစ်ပွဲအခြေအနေကို အဝေးမှ စူးစိုက်ကြည့်နေကြသည်။ နယ်မြေနှစ်ခုကြားရှိ အဆုံးအစမရှိသော ပင်လယ်ကြီးသည် ဓားတစ်ချက်တည်းဖြင့် ဖြတ်တောက်ခံလိုက်ရပြီး နယ်မြေနှစ်ခုကြား အကွာအဝေးကို တိုတောင်းသွားစေကာ ကျင့်ကြံသူများသည် ၎င်းကို သူတို့၏ သာမန်မျက်စိဖြင့် ရှင်းလင်းစွာ မြင်တွေ့နိုင်သော်လည်း လှိုင်းဂယက် အနည်းငယ်ကိုမျှ မခံစားရပေ။

ကောင်းကင်ပြည်နယ်တစ်ခုလုံး မှောက်လှန်ခံလိုက်ရပြီး ကောင်းကင်ဘုံများ အဆုံးအစမရှိ ပြိုကျနေကာ ကျယ်ပြောလှသော နယ်မြေကြီးသည် အချိန်မီ မထွက်ပြေးနိုင်သော သက်ရှိသတ္တဝါများ ရုန်းကန်နေရသည့် ဆူပွက်နေသော ရေအိုးတစ်အိုးကဲ့သို့ မငြိမ်မသက်ဖြစ်နေသော ပင်လယ်ကြီးတစ်ခုလို ဖြစ်နေသည်မှာ သိသာထင်ရှားလှသည်။

ထိုမြင်ကွင်းသည် လောကကြီး ပျက်စီးသွားပြီး စကြဝဠာသစ် စတင်နေသကဲ့သို့ ဖြစ်နေသဖြင့် အဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေသော တောရိုင်းမြေမှကျင့်ကြံသူများကို စိုးရိမ်ပူပန်စေပြီး စိတ်လှုပ်ရှားသွားစေသည်။

မဟာကျင်းတိုင်းပြည်မှ အရာရှိများ၊ ပစ္စုပ္ပန်ကျေးရွာမှ ရွာသားများ၊ ဧကရီ ချင်းလျူလီ၊ စုချင်ချိုး၊ ဝူတျဲနှင့် အခြားသူများအားလုံး ထိုနေရာတွင် ရှိနေကြသည်။

မည်မျှ အံ့ဩစရာ ကောင်းလိုက်လေသနည်း။

သူ၏နောက်တွင် တောက်ပနေသော မရေမတွက်နိုင်သည့် အလင်းရောင်များ အားလုံးအတွက် သူသည် နယ်မြေတစ်ခုလုံးကို တိုက်ပွဲတစ်ပွဲတည်းဖြင့် ရင်ဆိုင်နေသည်။

ထိုအကြောင်းကိုကြားသိရသော ကျင့်ကြံသူများနှင့် သာမန်ပြည်သူ အများအပြားသည် တောရိုင်းမြေ၏ နယ်စပ်သို့ အပြေးအလွှားရောက်ရှိလာကြပြီး တိုင်းပြည်၏တံခါးပေါက်ကို တစ်ဦးတည်း ကာကွယ်နေသည့် လွှမ်းမိုးသူတစ်ဦးနှင့် ယှဉ်နိုင်သော မြင့်မြတ်သည့်အဆင့်အတန်းရှိသော နယ်မြေတစ်ခု၏ ဧကရာဇ်တစ်ပါးကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိလိုကြသည်။

တစ်ခဏမျှ တောရိုင်းမြေ၏ ကမ်းရိုးတန်းစစ်နယ်မြေသည် တိတ်ဆိတ်သွားသည်။ လူများက စိတ်လှုပ်ရှားမှုများဖြင့် တောက်လောင်နေကြပြီး ဧကရာဇ်၏ နောက်သို့လိုက်ကာ ကောင်းကင် မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ရန် စိတ်လှုပ်ရှားနေသလို စိတ်အားထက်သန်နေကြသည်။

"ဧကရာဇ်။ ဧကရာဇ်ရဲ့ပုံရိပ်ကို ငါ မြင်လိုက်ရတယ်။ သူ... ကောင်းကင်ထောက်တိုင် ကျင့်ကြံသူ နှစ်ယောက်ကို ချက်ချင်း အမြစ်ပြတ်သုတ်သင်ပစ်လိုက်တယ်။ သူက ကောင်းကင်ကြည့်ဆောင်ရဲ့ နန်းဆောင်သခင တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ရည်ရွယ်ပြီးတော့ သူ့ရဲ့စွမ်းအားတွေကို စုစည်းနေတယ်။" နံနက်ခင်းအလင်းနယ်ပယ်မှ ကျင့်ကြံသူတစ်ဦးက အဝေးသို့ ညွှန်ပြကာ အသက်(၃)နှစ်အရွယ် ကလေးလေး တစ်ယောက်လို ခုန်ပေါက်နေပြီး သူ၏မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေကာ ဤသတင်းကောင်းကို လူတိုင်းအား ကြေညာလိုက်သည်။

ဝိုး။

မိုးခြိမ်းသံလို အားပေးသံများက တောရိုင်းမြေ၏ ကမ်းရိုးတန်းတစ်လျှောက် ပေါက်ကွဲထွက်လာသည်။

ဧကရာဇ်အတွက် စိုးရိမ်နေကြသူများက ရုတ်တရက် သက်သာရာရသွားပြီး သူတို့၏ပုံရိပ်ကို ဂရုမစိုက်တော့ဘဲ ဧကရာဇ်၏ ဂုဏ်သိက္ခာရှိသောနာမည်ကို ကျယ်လောင်စွာ ကြေညာလိုက်ကြတော့သည်။

"ဧကရာဇ်၊ ကျေးဇူးပြုပြီး အချိန်-နေရာလွတ်ရဲ့ ကန့်သတ်ချက်တွေကို ဖွင့်ပေးပါ၊ အဲဒါမှ ဧကရာဇ်ရဲ့ ဂုဏ်ကျက်သရေနောက်ကို လိုက်ပြီးတော့ ရန်သူတွေကို အတူတူတိုက်ခိုက်ခွင့်ရမှာပါ။" တစ်စုံတစ်ယောက်က မြေကြီးပေါ်တွင် ဒူးထောက်ကာ ငိုကြွေးလိုက်ပြီး ဧကရာဇ်တစ်ယောက်တည်း ကောင်းကင်မဟာမိတ်အဖွဲ့ကို ရင်ဆိုင်နေရသည်ကို မကြည့်ရက်တော့ပေ။

"အချိန်-နေရာလွတ်ပိတ်ဆို့မှုကို ချိုးဖျက်ပြီးတော့ ငါ့ကို အဲဒီကို ဘယ်သူ ခေါ်သွားပေးနိုင်လဲ။ ငါ ဧကရာဇ်နဲ့အတူ အသက်ရှင်ပြီး အတူတူ သေချင်တယ်။" လင်းလု ဟိန်းဟောက်လိုက်ပြီး သူ၏လှံကို အစွမ်းကုန် ပစ်လွှတ်လိုက်လေသည်။ ၎င်းသည် ကောင်းကင်ပြည်နယ်ကို ပိတ်ဆို့ထားသည့် အချိန်-နေရာလွတ်မြစ်ကို ပြင်းပြင်းထန်ထန် ဝင်တိုက်သွားသော်လည်း အနည်းငယ်မျှပင် မလှုပ်ရှားစေနိုင်ခဲ့ပေ။ လှံသည် အတင်းအကျပ် နောက်သို့ လွင့်စင်သွားလေသည်။

ပြာလဲ့သော ကောင်းကင်ယံတွင်။

တောက်ပသောစစ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် တုန်းဖန်လျူလီသည် ကောင်းကင်ပြည်နယ်၏ စစ်ပွဲအခြေအနေကို လှပသောမျက်လုံးများဖြင့် စူးစိုက်ကြည့်နေပြီး သူ၏ အသက်ရှူနှုန်းပင် သိသိသာသာ နှေးကွေးနေသည်။

ရုတ်တရက်။

ပုံရိပ်တစ်ခုက ဘေးမှထွက်ပေါ်လာပြီး ကျန်းစန်းဟိုင်သည် ဟင်းလင်းပြင်တွင် ဒူးတစ်ဖက်ထောက်ကာ ရိုသေစွာ ပြောလိုက်သည်။

"ဧကရီ၊ နတ်ဘုရားမြို့တော်ရဲ့ အရှင်သခင်၊ တွမ့်ယာနဲ့ လီကွမ်ယန်တို့ကို ပင်လယ်ရပ်ခြားက ကောင်းကင်ဘုံခုံရုံးရဲ့ ဗိမာန်တော် အနီးတစ်ဝိုက်ကို စောင့်ကြပ်ဖို့ တာဝန်ချထားပြီးပါပြီ။ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေပါတယ်။ တွမ့်ယာရဲ့ အကြောင်းအကျိုး တွက်ချက်မှုတွေအပေါ်ကို အခြေခံကြည့်ရရင်တော့ နတ်ဘုရားတွေက လှုပ်ရှားလာတဲ့ပုံပါပဲ။"

"သတိထားဖို့ အကြံပြုတယ်။"

တုန်းဖန်လျူလီ ခေါင်းလှည့်လိုက်ပြီး နေရာလွတ်၏အကွာအဝေးကို ဖြတ်၍ ပင်လယ်ရပ်ခြားရှိ နတ်ဘုရားများ၏ ကောင်းကင်ဘုံခုံရုံးကို မှုန်ဝါးဝါး မြင်လိုက်ရသည်။ ၎င်းသည် ခမ်းနားကြီးကျယ်ပြီး ဇိမ်ကျကျနှင့်မြင့်မြတ်ပုံပေါ်ကာ ကြောက်မက်ဖွယ်ကောင်းသောပုံရိပ်ရာပေါင်းများစွာ ထိုနေရာတွင် ရပ်နေသည်။ ထိုပုံရိပ်များက ဧကရီ၏အကြည့်ကို အာရုံခံမိပုံရပြီး သူ့ကို ပြန်လည်စူးစိုက်ကြည့်လာကြသည်။

ရေခဲတိုက် တစ်ခုကဲ့သို့ အေးစက်ပြီး တိတ်ဆိတ်နေသည်။

စက္ကန့်အနည်းငယ်ကြာ အချင်းချင်း စူးစိုက်ကြည့်ပြီးနောက်တွင် သူတို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အကြည့်လွှဲလိုက်ကြသည်။

"ဆက်ပြီး စောင့်ကြည့်နေ။ ပြီးတော့ တစ်ခုခု ဖြစ်လာရင် ချက်ချင်း အစီရင်ခံ။" တုန်းဖန်လျူလီက အေးစက်စွာ ပြောလိုက်သည်။

ထိုအချိန်တွင်ပင်။

အခြားအော်ဟစ်သံတစ်ခုက တုန်းဖန်လျူလီ၏အာရုံကို ပြန်လည် ဆွဲဆောင်သွားလေသည်။

"ဧကရာဇ်က နတ်ဘုရားစွမ်းအားတွေ ဆက်ပြသလိုက်ပြီးတော့ နောက်ထပ် ကောင်းကင်ထောက်တိုင် စစ်ဗိုလ်ချုပ်နှစ်ဦးကို ချက်ချင်း သတ်ပစ်လိုက်တယ်။ အခုအထိ ကောင်းကင်မဟာမိတ်အဖွဲ့ဟာ ကောင်းကင်ထောက်တိုင် စစ်ဗိုလ်ချုပ် လေးဦး ဆုံးရှုံးခဲ့ရပြီးတော့ တစ်ဦးက သူတို့ကို သစ္စာဖောက်ခဲ့လို့၊ စုစုပေါင်း ကောင်းကင်ထောက်တိုင် စစ်ဗိုလ်ချုပ် ငါးဦး ဆုံးရှုံးသွားပြီ။"

"ဧကရာဇ်က ကိုယ်ပိုင်စွမ်းအားနဲ့ ပြိုင်ဖက်ကင်း ဒဏ္ဍာရီတစ်ခုကို ဖန်တီးပြီးတော့ အရှုံးမရှိတဲ့ သမိုင်းဝင် ဇာတ်လမ်းတစ်ပုဒ်ကို ရေးသားနေတာပဲ။"

"ကောင်းကင်မဟာမိတ်အဖွဲ့ ပြိုကျနီးပါး ဖြစ်နေပြီ။ ဧကရာဇ်က လူတစ်ယောက်၊ ဓားတစ်လက်တည်းနဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်လိုက်ပြီ။"

တုန်းဖန်လျူလီ အသက်ရှူမဝဖြစ်သွားပြီး သူ၏နှုတ်ခမ်းနီများက မယုံကြည်နိုင်စွာဖြင့် အနည်းငယ် ပွင့်သွားလေသည်။ ကောင်းကင်ပြည်နယ်၏ စစ်ပွဲအခြေအနေကို သူ မြင်လိုက်ရသောအခါတွင် သူသည် တည်ငြိမ်မှုကိုပင် ဆုံးရှုံးသွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သွားကာ သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

ရှင် အခု ဘယ်နေရာမှာ အတိအကျ ရောက်နေတာလဲ။

ရှင့်ရဲ့ ကျောပြင်ကို မမြင်ရတော့သလို ဘာလို့ ခံစားနေရတာလဲ...

...

...

စိတ်ကူးယဉ်မြို့တော်။

လင်းမိသားစု သားအဖ နှစ်ဦးသည် မျက်နှာချင်းဆိုင်ထိုင်ကာ သောက်စားနေပြီး သက်သောင့်သက်သာ ရှိပုံပေါ်ကာ သားရတနာ၏ရိုသေမှုကို ပြသနေသည့် ပုံတစ်ပုံနှင့် တူနေလေသည်။

"အဖေ။ ကျွန်တော်တို့ ရှုံးသွားပြီ။ အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့ နယ်ပယ်က ကျွန်တော်တို့ မျှော်လင့်ထားတာထက် အများကြီး သာလွန်သွားပြီ။" လင်းကျင်းချိုးက တည်ငြိမ်သော အပြုံးဖြင့် ပြောလိုက်၏။

လင်းရော့ရှန်းသည် ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး ခေါင်းကို နောက်သို့မော့ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထို့နောက် ဗလာဖြစ်နေသောခွက်ကို စားပွဲပေါ်တွင် ချထားလိုက်ပြီး မျက်လုံးများကို အနည်းငယ် မှိတ်ထားကာ ရေလောင်းထည့်နေသည့်အသံကို ကြားလိုက်ရလေသည်။

သူ မျက်လုံးများကို ဖွင့်လိုက်ရာ လင်းကျင်းချိုးသည် သူ၏ဝိုင်ခွက်ကို ဖြည့်ပေးပြီးဖြစ်သည်။

"အဖေ။ သားက အဖေ့ကို ဂုဏ်ပြုပါတယ်။" လင်းကျင်းချိုးသည် ရိုသေစွာ မတ်တတ်ရပ်ကာ သူ၏ခန္ဓာကိုယ်ကို နှိမ့်ချပြီး ဝိုင်ခွက်ကို ခပ်နိမ့်နိမ့် ထားလိုက်လေသည်။

"အင်း။" လင်းရော့ရှန်း ခေါင်းညိတ်လိုက်ပြီး ခွက်ကိုမြှောက်ကာ လင်းကျင်းချိုးခွက်နှင့်တိုက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ချိုးအာ... မင်း အဖေ့ကို အပြစ်တင်လား။"

"မင်း ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ မိသားစုရဲ့ ထောက်တိုင်တစ်ခု ဖြစ်နေပေမယ့်လည်း မင်းအပေါ် ငါက အမြဲတမ်း တင်းကျပ်ခဲ့ပြီးတော့ မင်းကို ဘယ်တော့မှ မပြုံးပြခဲ့ဘူး။ လွန်ခဲ့တဲ့ (၁၀)နှစ်တုန်းကဆို လင်းမိသားစုရဲ့ မျိုးဆက်သစ်တွေရှေ့မှာ ငါ မင်းကို ဝေဖန်ခဲ့ဖူးတယ်။"

"အဖေ့မှာ မိဘမေတ္တာ လုံးဝမရှိဘူးလို့ မင်း ခံစားရလား။"

လင်းကျင်းချိုး ခေါင်းခါပြီးပြုံးကာ ပြောလိုက်သည်။ "အဖေ့ကို ဘယ်တော့မှ အပြစ်မတင်ပါဘူး။ တစ်နေ့ကျရင် ကျွန်တော်က ပြဿနာရှာပြီး အနာဂတ်ကို ဖျက်ဆီးပစ်မယ်၊ ဒါမှမဟုတ် အသက်ကိုတောင် ဆုံးရှုံးသွားလိမ့်မယ်ဆိုတာကို ကြောက်လို့ ကျွန်တော့်အပေါ် တင်းကျပ်ခဲ့တာပါ။ နားလည်ပါတယ်။"

ထိုစကားကို ကြားသောအခါ လင်းရော့ရှန်း၏ အိုမင်းနေသောမျက်နှာက ခါးသီးသွားပြီး သူ ခေါင်းခါကာ ပြောလိုက်သည်။

"ဒါပေမဲ့ ငါ တစ်ဘဝလုံး သတိထားနေခဲ့တာတောင် နောက်ဆုံးတော့ အမှားတစ်ခု လုပ်မိသွားတုန်းပဲ။ အမှားတစ်လှမ်းကနေ နောက်တစ်လှမ်းကို ဦးတည်သွားပြီးတော့ အခုဆိုင် ငါတို့ သားအဖ နှစ်ယောက်က ငရဲပြည်ကို သွားမယ့်ခရီးကို စတင်ရတော့မယ်။ မင်း အဖေ့ကို အပြစ်မတင်ဘူးလား။"

လင်းကျင်းချိုးက မတ်တတ်ရပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဗလာကျင်းနေသော မြို့တော် တစ်ခုလုံးတွင် ပြောင်းပြန်ဖြစ်နေသည့် မရေမတွက်နိုင်သော အချိန်-နေရာလွတ်ဓားအသိများကို သူက မြင်တွေ့လိုက်ရပြီး ဖြစ်နိုင်ချေရှိသော ထွက်ပြေးရာလမ်းကြောင်းအားလုံးကို လုံးဝပိတ်ဆို့ထားကာ လူတစ်ဦးကို မျှော်လင့်ချက်မဲ့သွားစေလေသည်။ သို့သော်လည်း သူ၏အမူအရာမှာ တည်ငြိမ်နေပြီး သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"အဖေနဲ့အတူ ငရဲပြည်ကို သွားခွင့်ရတာက ကျွန်တော့်အတွက် ဂုဏ်အယူရဆုံးပါါ။ နောက်ဘဝမှာ ကျွန်တော်တို့ရဲ့ သားအဖသံယောဇဉ်ကို ဆက်ပြီးထိန်းသိမ်းထားတာ ဘာဖြစ်လဲ။"

လင်းရော့ရှန်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ မတ်တတ်ရပ်ကာ ကလေးဘဝက သူတို့လုပ်ခဲ့သကဲ့သို့ လင်ကျင်းချိုး၏ခေါင်းကို ပွတ်သပ်ရန် ပြင်လိုက်သည်။ သူ၏လက်က လေထဲတွင် ခေတ္တရပ်တန့်သွားပြီး ခဏအကြာတွင် လင်းကျင်းချိုး၏ပခုံးကို အကြိမ်အနည်းငယ် ပုတ်ကာ ပြောလိုက်သည်-

"မင်း အရွယ်ရောက်လာပြီပဲ။"

ပြတင်းပေါက်မှဝင်လာသော နွေးထွေးသည့်နေရောင်ခြည်သည် သားအဖအပေါ်သို့ ကျရောက်နေပြီး ပြီးပြည့်စုံသော သဟဇာတဖြစ်မှုနှင့် ပျော်ရွှင်မှုမြင်ကွင်းတစ်ခုကို ဖန်တီးပေးနေလေသည်။

ထို့နောက်တွင်။

ဓားသံများ ဆူညံသွား၏။ မိုးခြိမ်းသံများ ချိုင့်ဝှမ်းကို ဖြတ်သန်းဟိန်းဟောက်သွားသည်။ ဆူညံသံတစ်ခု မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

စိတ်ကူးယဉ်တာအို ကျင့်ကြံသူ ဖန်တီးထားသော မြို့တော်က မျက်စိတစ်မှိတ်အတွင်း ပြိုကျသွားသည်။ လမ်းမများပေါ်ရှိ အလျင်စလိုသွားနေသော ခရီးသွားများ မီးခိုးများအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။ အပျက်အစီးများကြားတွင် လင်းမိသားစု သားအဖ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားပြီးနောက် နတ်ဘုရားဝိညာဉ်နှစ်ခုသည် လောကသို့ ထွက်ပေါ်လာရာ ဓားတစ်သောင်းဖြင့် ဖောက်ထွင်းခံလိုက်ရလေသည်။

ထိုမျှသာ။

ကောင်းကင်ထောက်တိုင်နယ်ပယ်တွင် ရှိကြသော လုံမိသားစုနှင့် လင်းမိသားစုများ၏ ဘိုးဘေးများသည် လုံးဝအမြစ်ပြတ်သုတ်သင်ခံလိုက်ရပြီး သူတို့၏အဆင့်အတန်းများတွင် ကွက်လပ်တစ်ခု ချန်ထားခဲ့လေသည်။ ထိုအချိန်မှစ၍ မိသားစု(၄)ခု လုံးဝကျဆင်းသွားပြီး ဘယ်တော့မှ ပြန်မထလာနိုင်တော့ပေ။

ကောင်းကင်ထောက်တိုင်နယ်ပယ်က တာဝန်မယူတော့သဖြင့် ကောင်းကင်ပြည်နယ်ကို အုပ်ချုပ်ရန် မိသားစု(၄)ခု၏ အတိတ်ကလွှမ်းမိုးမှုကို အားကိုးခြင်းက အောက်ခြေနှင့် အလယ်အလတ်လူတန်းစား အများအပြားကို သေချာပေါက် မကျေနပ်မှုများ ဖြစ်စေလိမ့်မည်ဖြစ်ကာ အထက်တန်းလွှာများနှင့် ပိရမစ်၏ ထိပ်တန်းရှိသူများသည် မိသားစု(၄)ခုကို ယခင်ဂုဏ်ကျက်သရေများ ပြန်လည်ရရှိရန် ခွင့်ပြုမည် မဟုတ်ပေ။

အချိန်တိုလေး အတွင်းမှာပင်။

တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သော လုံမိသားစုနှင့် လင်းမိသားစုများမှ အဆင့်မြင့် အရာရှိများသည် ခါးသီးစွာ ငိုကြွေးကြပြီး မြေကြီးပေါ်တွင် ဒူးထောက်ကာ အော်ဟစ် ငိုကြွေးနေကြလေသည်။

လုံမိသားစု၏ အမွှာညီအစ်မနှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် သူတို့၏မျက်လုံးများထဲရှိ သေမင်းတမျှတိတ်ဆိတ်မှုနှင့် မယုံကြည်နိုင်မှုများကို မြင်တွေ့လိုက်ရကာ နှလုံးသားများက သေဆုံးခြင်းထက် ပိုမိုကြီးမားသော ဝမ်းနည်းမှုတစ်ခုကိုလည်း မြင်တွေ့လိုက်ရလေသည်။

"အစ်မ... ငါတို့ရဲ့ လုံမိသားစုကတော့ သွားပြီ။"

"ဟုတ်တယ်။ အားလုံး ပြီးသွားပြီ။ ဒီလူဟာ ခေတ်ဟောင်းကို မှောက်လှန်ပစ်မယ့်သူ ဖြစ်လာလိမ့်မယ် ဆိုတာကို ငါ နောက်ဆုံးတော့ သဘောပေါက်သွားပြီ။ သူ့ရဲ့မွေးဖွားလာမှုက ကပ်ဘေးတစ်ခုကို ရင်ဆိုင်ဖို့ ဖြစ်ပြီး ကမ္ဘာကြီးကို ပြန်လည်ပုံဖော်ဖို့နဲ့ အမိန့်အသစ်တစ်ခုကို ဖန်တီးဖို့လည်း ဟုတ်တယ်။"

"သူက ကပ်ဘေးကို ရင်ဆိုင်ရမယ့်ကံကြမ္မာ ပါလာပြီးတော့ ကပ်ဘေးကိုယ်တိုင်လည်း ဟုတ်တယ်..."

...

…

All Chapters