← Chapters

အခန်း (၃၄၇-၃၄၈)

Vol. 35 Ch. 347-348

အခန်း (၃၄၇-၃၄၈)

Vol. 35 Ch. 347-348

အခန်း (၃၄၇) လေဟာနယ်ကို ဆုတ်ဖြဲခြင်း... အထွတ်အထိပ် အားပြိုင်မှု

ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးက လွှမ်းခြုံလာလေသည်။ ကောင်းကင်နှင့်မြေကြီး ပြိုကျလာသည့်အလား အရပ်လေးမျက်နှာမှ စုပြုံကျရောက်လာရာ ဤမျှလောက် ကြီးမားသော ဖိအားကြောင့် ကျန်းချဲ့ပင်လျှင် မျက်နှာထား ချက်ချင်း တည်တင်းသွားပြီး အများကြီး စဉ်းစားနေရန် အချိန်မရတော့ချေ။

ရွှေအမြုတေ၏ စွမ်းအားများကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး ကောင်းကင်ထိုးဖောက် နတ်သုံးခွလှံကြီး ပေါ်သို့ စုစည်းလိုက်လေသည်။

မျက်တောင်တစ်ခတ်အတွင်း ကျန်းချဲ့၏ သွေးကြောများ ပွက်ပွက်ဆူလာပြီး နဂါးဟိန်းသံကြီးက လေဟာနယ်ထဲတွင် ပဲ့တင်ထပ်သွားကာ အရှေ့ဘက်သို့ လှံရှည်ကြီးကို အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းလိုက်လေတော့သည်။

"ဝုန်း..."

အလွန် ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်ခုက လေဟာနယ် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။

ရူးသွပ် ကြမ်းတမ်းသော နောက်ဆက်တွဲ လှိုင်းဂယက်များက မျက်တောင်တစ်ခတ် အတွင်း အရပ်လေးမျက်နှာသို့ လွင့်စင်ထွက်သွားသည်။

တစ်လွှာပြီးတစ်လွှာ ထွက်ပေါ်နေမှုက လူများကို အကြီးအကျယ် ထိတ်လန့်သွားစေလေသည်။

ကျန်းချဲ့ လည်း ချက်ချင်း နောက်သို့ ဆုတ်ခွာလိုက်ပြီး နှစ်ဖက်ကြားတွင် ကြားခံ အကွာအဝေး တစ်ခုကို ဖန်တီးလိုက်လေသည်။

သူ၏ အလွန် လေးနက်သော အကြည့်များက အရှေ့ဘက်ရှိ ထိုလူရိပ်အပေါ်တွင် ရပ်တန့်သွားလေသည်။

စောစောက တိုက်ခိုက်မှုမှာ ဆန်းကျန့်ဘုန်းကြီး၏ အစွမ်းကုန် တိုက်ခိုက်မှု မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။

ကျန်းချဲ့က ပေါ့ပေါ့ပါးပါး ရင်ဆိုင်သွားနိုင်သည်ကို မြင်သော်လည်း ဆန်းကျန့်ဘုန်းကြီး၏ မျက်နှာပေါ်တွင် မည်သည့် အပြောင်းအလဲမျှ မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် စောစောက တိုက်ခိုက်မှုမှာ သူ၏ အစွမ်းအစ အနည်းငယ်ကိုသာ စမ်းသပ်ပြသခြင်း ဖြစ်သောကြောင့် ပင်ဖြစ်သည်။

သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ခြေဖဝါးအောက်ရှိ ရွှေရောင်ကြာပန်းကို နင်းကာ ဖြည်းညင်းစွာ လျှောက်လှမ်းလာလေသည်။

ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ခြေဖဝါးအောက်မှ ရွှေရောင် ကြာပန်းတစ်ပွင့်က လေဟာနယ်ထဲမှ အလိုအလျောက် ပွင့်ထွက်လာလေသည်။

ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပတ်ဝန်းကျင်ရှိ ထို လူပုံသဏ္ဌာန် အရိပ်ဆယ့်ရှစ်ခုက သူ့ထံသို့ တစ်ကြိမ်စီ လာရောက် ပေါင်းစပ်သွားကြလေသည်။

အချိန် အနည်းငယ် ကြာပြီးနောက် အရိပ်ဆယ့်ရှစ်ခု စလုံး လုံးဝ ပျောက်ကွယ်သွားပြီး ဆန်းကျန့်ဘုန်းကြီး၏ ကိုယ်ထဲသို့ အပြည့်အဝ ပေါင်းစည်းသွားခဲ့လေပြီ။

သူကိုယ်တိုင်လည်း ယခုအချိန်တွင် အလွန် ထူးခြားဆန်းကြယ်သော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး သူ၏ မျက်လုံး နှစ်ဖက်စလုံးတွင် အဆုံးအစမရှိ နက်ရှိုင်းသော ရွှေရောင် အလင်းတန်းများ တောက်ပလာလေသည်။

အလင်းတိုင် ကြီးနှစ်ခု အလား ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးဖောက်သွားလေသည်။

ဦးခေါင်းထက်ရှိ ရှင်ကျင့်ဝတ် အမာရွတ်ကိုးခု ကလည်း အလင်းတန်းများ တောက်ပနေလေသည်။

အကြီးမားဆုံးသော အပြောင်းအလဲမှာ ဆန်းကျန့်ဘုန်းကြီး၏ ရုပ်ခန္ဓာကိုယ် အပေါ်တွင်သာ ဖြစ်လေသည်။ သင်္ကန်းတော်၏ အောက်ရှိ ခန္ဓာကိုယ် တစ်ခြမ်းတွင် အလွန် ထူးခြားဆန်းကြယ်သော ရွှေရောင် သင်္ကေတများက တစ်ကိုယ်လုံးသို့ ပျံ့နှံ့နေလေသည်။

ထိုသင်္ကေတများ စုစည်းသွားပြီးနောက် အခြား လူတစ်ယောက်ကို ကျောပိုးထားသည့်အလား ပုံသဏ္ဌာန်မဲ့သော အရိပ်ကြီး တစ်ခု ဖြစ်ပေါ်လာလေသည်။

လက်ထဲရှိ ကွင်းကိုးကွင်းပါ သံတောင်ဝှေး က ချွင်ချွင်မြည်သံများ ထွက်ပေါ်နေပြီး သူ၏ တစ်ကိုယ်လုံးမှာ ရွှေရောင် ဆေးသုတ်ထားသည့်အလား ဗုဒ္ဓဆင်းတုတော် တစ်ဆူနှင့် အလွန် တူညီနေလေတော့သည်။

အဝေးမှ လှမ်းကြည့်လျှင် လုံးဝ စော်ကား၍ မရနိုင်သော အစစ်အမှန် နတ်ဗုဒ္ဓတစ်ပါးအလား ပင်ဖြစ်သည်။

"ဗုဒ္ဓက ဟောကြားခဲ့တယ် မင်းရဲ့ အပြစ်အကြွေးတွေက အရမ်းကြီးမားလွန်းတယ် ငရဲပြည်ကို ကျဆင်းသွားလိုက်တော့..."

ဝမ်းနည်းခြင်း ဝမ်းသာခြင်း ကင်းမဲ့နေသော အသံကြီး တစ်ခုက ဆန်းကျန့်ဘုန်းကြီး၏ ပါးစပ်မှ ထွက်ပေါ်လာလေသည်။

ယခုအချိန်တွင် သူ၏ မျက်နှာထားမှာ အလွန် အေးစက်နေပြီး အခြား လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားသည့်အလား အလွန် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေလေသည်။

ဗုဒ္ဓဘာသာ တရားတော်များကို ရွတ်ဆိုလိုက်သည်နှင့် ရွှေရောင် အလင်းတန်းများက ကျန်းချဲ့ကို တိုက်ရိုက် လွှမ်းခြုံသွားလေတော့သည်။

ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားသော ဆန်းကျန့်ဘုန်းကြီးကို ရင်ဆိုင်ရချိန်တွင် ကျန်းချဲ့၏ မျက်ဝန်းများထဲ၌ ယခင်က တစ်ခါမှ မကြုံတွေ့ဖူးသော ဖိအားများကို ခံစားလိုက်ရလေသည်။

ဟုတ်ပါသည် ဖိအား ပင်ဖြစ်သည်။

ဆန်းကျန့်ဘုန်းကြီးကို ရင်ဆိုင်ရချိန်တွင် ကျန်းချဲ့ ကိုယ်တိုင် ပင်လျှင် တစ်ဖက်လူက သူ့ကို အလွန် ကြီးမားသော ဖိအားများ ပေးစွမ်းနိုင်ကြောင်း ဝန်ခံရမည် ဖြစ်လေသည်။ သူ သိုင်းလောကသို့ ဝင်ရောက်လာပြီးကတည်းက တူညီသော ကျင့်ကြံခြင်း အဆင့်အတွင်း သူ့ကို ဖိအားပေးနိုင်သော ပထမဆုံးသော သူ ပင်ဖြစ်သည်။

ယခုအချိန်တွင် ဆန်းကျန့်ဘုန်းကြီး မည်မျှ အစွမ်းထက်နေကြောင်းကို သူ ကောင်းစွာ အာရုံခံမိလေသည်။

သို့သော် အဲ့ဒါက ဘာဖြစ်သေးလို့လဲ။

ကျန်းချဲ့ ခေါင်းမော့လိုက်ရာ မျက်လုံးများထဲတွင် အနက်ရောင် အလင်းတန်းများ လင်းလက်သွားလေသည်။

ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများ မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားပြီး ပိုမို နက်ရှိုင်းလာကာ အကြေးခွံများ အပေါ်တွင် အလင်းရောင်များ ပျံ့နှံ့နေသည့်အလား ဖြစ်နေလေသည်။

ထိုအချိန်နှင့် တစ်ပြိုင်နက် ကျန်းချဲ့၏ လက်မောင်း နှစ်ဖက်စလုံးလည်း အလျင်အမြန် ပြောင်းလဲလာလေသည်။

လက်မောင်းများက အစိမ်းရောင် သန်းလာပြီး နောက်ဆုံးတွင် အနက်ရောင် အဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားကာ လက်ဝါးများမှာလည်း နဂါးလက်သည်း များအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

နားထင်ကြောများက အနည်းငယ် နာကျင်လာပြီး နောက်တစ်စက္ကန့်တွင် နဂါးဦးချို တစ်စုံက မျက်စိဖြင့် မြင်နိုင်လောက်သော အရှိန်ဖြင့် စတင် ကြီးထွားလာလေသည်။

၎င်းနှင့်အတူ ပြောင်းလဲလာသည်မှာ ကျန်းချဲ့၏ မျက်နှာ ပင်ဖြစ်သည်။ သမုဒ္ဒရာနဂါး တစ်ကောင်၏ သွင်ပြင်လက္ခဏာ များအဖြစ်သို့ စတင် ပြောင်းလဲလာလေတော့သည်။

ဤသည်မှာ ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ်၏ ပြီးပြည့်စုံသော ပုံသဏ္ဌာန် ပင်ဖြစ်သည်။

ကျန်းချဲ့၏ အစွမ်းအထက်ဆုံးသော အခြေအနေ လည်း ဖြစ်လေသည်။

ယခင်က ဤကဲ့သို့သော ပုံသဏ္ဌာန်မျိုးကို သူ ထုတ်ဖော်ပြသခဲ့ခြင်း မရှိချေ။ ပထမအချက်မှာ အလွန် ထူးဆန်းပြီး အရုပ်ဆိုးသောကြောင့် ဖြစ်ကာ ဒုတိယအချက်မှာ လုံးဝ မလိုအပ်သောကြောင့် ပင်ဖြစ်သည်။ သူ့ကို နဂါးအဖြစ် ပြောင်းလဲရသည့် အဆင့်အထိ ဖိအားပေးနိုင်သူ တစ်ယောက်မှ မရှိခဲ့သေးချေ။

သို့သော် ယခုအခါတွင်တော့ ဆန်းကျန့်ဘုန်းကြီးက သူ့ကို ဖိအားပေးလာခဲ့လေပြီ။

သူ ကိုယ်တိုင် ပင်လျှင် အပြည့်ဝဆုံးသော စွမ်းအားဖြင့် ရင်ဆိုင်ရတော့မည် ဖြစ်လေသည်။

ယခုအချိန်တွင် ကျန်းချဲ့သည် နဂါးခေါင်းနှင့် လူကိုယ်လုံး ရှိနေပြီး ခေါင်းပေါ်တွင် ဦးချိုနှစ်ချောင်း ပေါက်နေကာ လူပုံသဏ္ဌာန် သားရဲကြီး တစ်ကောင် အဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားခဲ့လေပြီ။ သူ၏ တစ်ကိုယ်လုံးမှ အလွန် ကြီးမားလှသော နဂါးအရှိန်အဝါ ကြီးတစ်ခုက အရပ်လေးမျက်နှာသို့ လျင်မြန်စွာ ပျံ့နှံ့ထွက်ပေါ်သွားလေသည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးကလည်း ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

မိစ္ဆာနတ်ဘုရားကြီး တစ်ပါး အလား ပင်ဖြစ်သည်။

မိစ္ဆာနတ်ဘုရား နှင့် အစစ်အမှန် နတ်ဗုဒ္ဓ တို့၏ အားပြိုင်မှု။

အရှိန်အဝါ ကြီးနှစ်ခု အချင်းချင်း အားပြိုင်နေကြပြီး ကျန်းချဲ့က ဆန်းကျန့်ဘုန်းကြီးကို တိုက်ရိုက် စူးစိုက်ကြည့်ကာ အက်ရှရှ အသံဖြင့် လူစကားကို ပြောလိုက်လေသည်။

"ငါပြောမယ် ငါက ငရဲပြည်ပဲကွ..."

စကားသံ ဆုံးသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော နဂါးအရှိန်အဝါများ အပြည့်အဝ ထွက်ပေါ်လာပြီး လွှမ်းခြုံကျဆင်းလာသော ရွှေရောင် အလင်းတန်းများနှင့် မျက်နှာချင်းဆိုင် ထိပ်တိုက် ရင်ဆိုင်လိုက်လေတော့သည်။

ကျန်းချဲ့၏ ရုတ်တရက် နဂါးအဖြစ် ပြောင်းလဲသွားမှုက သိုင်းလျှို့ဝှက်နယ်မြေ အတွင်းရှိ လူအားလုံး၏ မျက်နှာကို အကြီးအကျယ် အံ့အားသင့်သွားစေခဲ့လေသည်။

အားလုံးက သံသယနှင့် ထိတ်လန့်မှုများ ရောယှက်နေသော မျက်နှာထားများဖြင့် ကျန်းချဲ့၏ ယခု အခြေအနေကို အကဲခတ် ကြည့်ရှုနေကြလေသည်။ ဘာကြောင့်မှန်း မသိသော်လည်း တစ်ချက် လှမ်းကြည့်လိုက်ရုံဖြင့် လူအများစုကို အကြီးအကျယ် ရင်တုန်သွားစေခဲ့လေသည်။

လီရွှမ်ကျန်း ချန်ဖျင် နှင့် အခြားသူများ ပင်လျှင် သူတို့၏ မျက်နှာထားများ အလွန် လေးနက်နေကြလေသည်။

"အရင်က သူ့ကိုယ်ပေါ်က အရာကို သံချပ်ကာ အင်္ကျီ တစ်ခုလို့ပဲ ငါထင်နေခဲ့တာ အခုလို ရုပ်ခန္ဓာကိုယ်ကနေ တိုက်ရိုက် ထွက်လာတဲ့ အကြေးခွံတွေ ဖြစ်နေလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူးကွာ..."

ချန်ဖျင်က မျက်မှောင်ကျုံ့ကာ တိုးညှင်းစွာ ညည်းတွားလိုက်လေသည်။

"သူ သူက လူ ဟုတ်သေးရဲ့လား..."

ကျန်းဖျင်၏ မျက်နှာပေါ်တွင် အလွန် အံ့အားသင့် ထိတ်လန့်နေသော အမူအရာများ ပေါ်လွင်နေလေသည်။ ဤသည်မှာ သူမ ဘဝတွင် ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ပင်ဖြစ်သည်။

'မျှော်လင့်မထားတဲ့ အပြောင်းအလဲ ကြီး တစ်ခုလို့ ခေါ်ရလောက်အောင်ကို တကယ်ပဲ ထူးခြားပြောင်မြောက်တဲ့ လက်စွမ်းတွေပါလား...'

လုကျဲယွင်က ကျန်းချဲ့၏ အပြောင်းအလဲကို ကြည့်ရင်း ရင်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်လေသည်။

အစကတည်းက ကျန်းချဲ့ အလွန် အစွမ်းထက်ပြီး သာမန်မဟုတ်ကြောင်းကို သူ ကောင်းစွာ သိရှိထားခဲ့သော်လည်း မည်မျှအထိ အစွမ်းထက်သနည်း ဆိုသည်ကိုတော့ တိကျသော ခန့်မှန်းချက် တစ်ခု မရှိခဲ့ချေ။ ကျန်းချဲ့က ချူဟယ်ကို အနိုင်ယူလိုက်ပြီးသော အခါမှသာ အကြမ်းဖျင်း သဘောပေါက်သွားခဲ့ခြင်း ဖြစ်လေသည်။

သို့သော် ယခုအခါ သူ တွေးထားသည်များ လုံးဝ မှားယွင်းနေကြောင်းကို ကောင်းစွာ သိရှိလိုက်ရလေပြီ။ ကျန်းချဲ့သည် သူ ထင်မှတ်ထားသည်ထက် အများကြီး ပိုမို ကြောက်စရာ ကောင်းနေလေသည်။

ထို့အပြင် ဆန်းကျန့်ဘုန်းကြီး လည်း ရှိနေသေးလေသည်။ သူ၏ မှတ်ဉာဏ်ထဲရှိ တိုက်ပွဲတွင် ထိုဘုန်းကြီးက သိုင်းအဆင့် သတ်မှတ်ချက် စာရင်း၏ နံပါတ်တစ် ဖြစ်လာခဲ့သည်မှာ အံ့ဩစရာ မရှိတော့ချေ။ ဤ စွမ်းအား တစ်ခုတည်းကပင် အလွန် ထူးခြား ပြောင်မြောက် လွန်းလှပေသည်။

သူတို့ နှစ်ယောက်တွင် အဆုံးစွန်အထိ ဖုံးကွယ်ထားသော လျှို့ဝှက်နည်းလမ်းများ အသုံးမပြုရသေးဘဲ ကျန်ရှိနေသေးသလား ဟုပင် သူ တွေးတောနေမိလေသည်။

အကယ်၍ ရှိနေသေးမည် ဆိုပါက မည်မျှအထိ ကြောက်စရာ ကောင်းလာမည်နည်း။ ဤသည်မှာ ရွှမ်တန်အဆင့်၏ ကန့်သတ်ချက်ကို အပြည့်အဝ ကျော်လွန်သွားခဲ့ပြီ ပင်ဖြစ်သည်။

အကြီးအကျယ် စိတ်ပျက် အားငယ်နေသူမှာတော့ လီရွှမ်ကျန်း ပင်ဖြစ်သည်။

သူက အမြဲတမ်း သူ့ကိုယ်သူ ဆန်းကျန့်ဘုန်းကြီး ထက် အနည်းငယ်မျှသာ နိမ့်ကျသည်ဟု ထင်မှတ်နေခဲ့ပြီး ရွှမ်ထျန်း လျှပ်စီးကန်၏ အခြေခံအုတ်မြစ် မလုံလောက်မှုကြောင့်သာ အရှုံးပေးလိုက်ရသည်ဟု ထင်မြင်ကာ သူ၏ ရင်ထဲတွင် မာနတစ်ခု ရှိနေခဲ့လေသည်။

သို့သော် ယခုအချိန်မှသာ သူ ကောင်းစွာ သဘောပေါက်သွားခဲ့လေပြီ။ အမှန်တကယ်တော့ ဆန်းကျန့်ဘုန်းကြီး သည် သူ၏ အစစ်အမှန် စွမ်းအားများကို တစ်ခါမှ အပြည့်အဝ ထုတ်ဖော်ပြသခဲ့ခြင်း မရှိချေ။

ဤသည်ကမှ သူ၏ အစွမ်းအထက်ဆုံးသော ပုံသဏ္ဌာန် ပင်ဖြစ်သည်။ ကျန်းချဲ့ အတွက် သီးသန့် ပြင်ဆင်ထားသော လျှို့ဝှက် နည်းလမ်း ပင်ဖြစ်သည်။

သူ ကိုယ်တိုင် ပင်လျှင် ဤ စွမ်းအားကို ရင်ဆိုင်ရန် မထိုက်တန်ခဲ့ချေ။

ကြည်လင်သော မှန်တစ်ချပ်အလား သူ၏ ရင်ထဲတွင် ကောင်းစွာ သိရှိသွားခဲ့လေပြီ။ သူနှင့် ကျန်းချဲ့ ဆန်းကျန့်ဘုန်းကြီး တို့ကြားတွင် လုံးဝ ကျော်ဖြတ်၍ မရနိုင်သော အတားအဆီးကြီး တစ်ခု ရှိနေပြီ ဖြစ်ကြောင်းကို ပင်ဖြစ်သည်။

ဤသည်ကမှ အစစ်အမှန် ပြိုင်ဘက်ကင်း ပါရမီရှင်များ ပင်ဖြစ်သည်။

သိုင်းလျှို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင်။

မရေမတွက်နိုင်သော သိုင်းပညာရှင် များမှာလည်း အကြီးအကျယ် ဆူညံ ပွက်လောရိုက် သွားခဲ့ကြလေသည်။

တစ်ချက်က ဆန်းကျန့်ဘုန်းကြီး တွင် အပိုစွမ်းအားများ ကျန်ရှိနေသေးသည်ကို အံ့အားသင့် ထိတ်လန့်သွားကြခြင်း ဖြစ်ပြီး နောက်တစ်ချက်ကတော့ ကျန်းချဲ့၏ နဂါးပြောင်းလဲခြင်း ပုံသဏ္ဌာန်ကို မြင်ပြီး အလွန် သံသယနှင့် အံ့အားသင့် သွားကြခြင်း ပင်ဖြစ်သည်။ သူတို့ အားလုံး၏ အမြင်တွင် ယခုအချိန်၌ ကျန်းချဲ့ကို လူသားတစ်ယောက်ဟု ပင် သတ်မှတ်၍ မရနိုင်တော့ချေ။

လူပုံသဏ္ဌာန် ရှိနေရုံ သက်သက်သာ ဖြစ်လေသည်။

နဂါးလက်သည်း နဂါးအကြေးခွံ နဂါးဦးချို။ ဒါက မိစ္ဆာမျိုးနွယ်တွေနဲ့ ဘာကွာခြားတော့လို့လဲ။

ချီထျန်းကျုံး ပါးစပ်အနည်းငယ် ဟ သွားပြီး မျက်နှာပေါ်တွင် အလွန် အံ့အားသင့်နေသော အမူအရာများ ပေါ်လွင်နေလေသည်။ ချီထျန်းဟယ် က ကျန်းချဲ့၏ ဘေးတွင် အမြဲတမ်း ရှိနေခဲ့သဖြင့် သူက ကျန်းချဲ့ အကြောင်းကို အတော်လေး သိရှိနားလည်ထားသည်ဟု ထင်မှတ်နေခဲ့သော်လည်း ယခုအချိန်မှသာ အပြည့်အဝ ရှင်းလင်းသွားခဲ့လေသည်။

ကျန်းချဲ့ သည် သူတို့ တွေးထင်ထားသည်ထက် အများကြီး ပိုမို လျှို့ဝှက်ဆန်းကြယ် လွန်းလှပေသည်။

ဤကဲ့သို့သော အပြောင်းအလဲက အမှန်တကယ်ပင် ကြောက်စရာ ကောင်းလွန်းလှသည်။

ချန်ချင်းဖန် ကျိုးဖူကုန်း နှင့် အခြားသူများ အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီး ဘာစကားမှ မပြောနိုင်အောင် ဆွံ့အ သွားကြလေသည်။

ယခုအချိန်တွင် သူတို့ အနေဖြင့် အံ့အားသင့် ထိတ်လန့် နေရုံမှလွဲ၍ အခြား ဘာမျှ မလုပ်နိုင်ကြချေ။

ထောင့်တစ်နေရာတွင် ရှိနေသော အရှေ့စွန်းနန်းတော် မှ အကြီးအကဲ တစ်ယောက်သည် ဤမြင်ကွင်းကို မြင်လိုက်ရသော အခါ အလွန် မျက်မှောင်ကျုံ့သွားလေသည်။ အရှေ့စွန်းနန်းတော်၏ အကြီးအကဲ တစ်ယောက် အနေဖြင့် ဂိုဏ်းချုပ်ကြီး က ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ကို မည်မျှအထိ အလေးထားကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။

သို့သော် နှစ်ပေါင်းများစွာ လေ့လာ သုတေသန ပြုလုပ်ခဲ့ပြီး ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ်ကို ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်ခဲ့သော်လည်း ခန္ဓာကိုယ် ပေါ်တွင် နဂါးသင်္ကေတ နှင့် ဆင်တူသော နတ်ဘုရား သင်္ကေတ အနည်းငယ်ကို သာ ထွက်ပေါ်လာစေနိုင်ပြီး ကျန်းချဲ့ ယခု ထုတ်ဖော် ပြသနေသည့် အတိုင်း အလွန် ထူးခြား ဆန်းကြယ်မှု မျိုး လုံးဝ မရှိခဲ့ချေ။

ကျန်းချဲ့ ကျင့်ကြံထားသည်မှာ ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ဖြစ်ကြောင်းကို သူ သိရှိထားလေသည်။

သို့သော် ကျန်းချဲ့က ဘယ်လိုနည်းလမ်းနဲ့ ဤအဆင့်အထိ ရောက်အောင် လုပ်ဆောင်နိုင်ခဲ့သနည်း ဆိုသည်ကိုတော့ သူ လုံးဝ နားမလည် နိုင်အောင် ဖြစ်နေရလေသည်။

ကျင့်စဉ် လမ်းကြောင်း မှားယွင်းသွားတာလား သို့မဟုတ် အခြား ထူးခြား ဆန်းကြယ်မှု တွေ ရှိနေလို့လား။

"မိစ္ဆာမျိုးနွယ်..."

ရှန်ယွမ် ၏ မျက်နှာထား ချက်ချင်း တည်တင်းသွားပြီး ကျန်းချဲ့၏ ယခု အပြောင်းအလဲကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေလေသည်။ အကယ်၍ သူသာ ကျန်းချဲ့၏ အပြောင်းအလဲကို မျက်မြင်ကိုယ်တွေ့ မကြုံတွေ့ခဲ့ရဘဲ ကျန်းချဲ့ သည် လူသား တစ်ယောက် ဖြစ်ကြောင်းကို မသိရှိထားပါက ယခုအချိန်တွင် ကျန်းချဲ့ကို သွေးတစ်ဝက်စပ်ထားသော မိစ္ဆာမျိုးနွယ် တစ်ကောင်အဖြစ် ပင် မှတ်ယူမိလောက်ပြီ ဖြစ်လေသည်။

ကျန်းချဲ့၏ ဤ အပြောင်းအလဲ နှင့် ပတ်သက်၍ သူ ကိုယ်တိုင် ပင်လျှင် အလွန်အမင်း စဉ်းစားခန်း ဝင်နေမိလေသည်။

"သတ္တိရမ်းကားလှတဲ့ မိစ္ဆာကောင် ဒီနေရာမှာ လာပြီး ရမ်းကားရဲသေးတယ်ပေါ့လေ..."

သိုင်းလျှို့ဝှက်နယ်မြေ အတွင်း၌ ဆန်းကျန့်ဘုန်းကြီး က မိုးခြိမ်းသံကြီး အလား အလွန် ကျယ်လောင်စွာ ဟစ်အော်လိုက်ရာ အသံလှိုင်းများက အရပ်လေးမျက်နှာသို့ လိမ့်ဆင်းသွားလေသည်။ အလွန် တောက်ပသော ရွှေရောင် မျက်လုံးများဖြင့် ကျန်းချဲ့ကို စူးစိုက်ကြည့်လိုက်ပြီး နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ် က ရုတ်တရက် နေရာရွှေ့ပြောင်းသွားကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချဲ့၏ အနီးသို့ ရောက်ရှိသွားခဲ့လေသည်။

လက်ထဲရှိ ကွင်းကိုးကွင်းပါ သံတောင်ဝှေး ဖြင့် အရှိန်အဟုန်ပြင်းစွာ ရိုက်ချလိုက်လေတော့သည်။

မျက်တောင်တစ်ခတ်အတွင်း လေပြင်းများ တိုက်ခတ်လာပြီး လေဟာနယ် တစ်ခုလုံး အကြီးအကျယ် တုန်ခါသွားလေသည်။

"ဝုန်း..."

ကောင်းကင်နှင့် မြေကြီးကို ပဲ့တင်ထပ်သွားစေသော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီး တိုက်ပွဲ၏ အလယ်ဗဟိုမှာ ချက်ချင်း တွန့်လိမ် ကောက်ကွေး သွားလေသည်။

ကျန်းချဲ့ က ကောင်းကင်ထိုးဖောက် နတ်သုံးခွလှံကြီးကို မြှောက်ကာ ဆန်းကျန့်ဘုန်းကြီး၏ တိုက်ခိုက်မှုကို အလွယ်တကူ ကာကွယ်လိုက်ပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။

"မိစ္ဆာ ဟုတ်လား ဒါဆို မင်းကရော ဘာကောင်လဲကွ..."

မင်ရည်အလား အလွန် နက်မှောင်နေသော မျက်လုံး အစုံကြားမှ အနက်ရောင် မိစ္ဆာမီးတောက် တစ်ခု ရုတ်တရက် ပေါက်ကွဲ ထွက်လာလေသည်။

ကျန်းချဲ့ လေပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်ပြီး မိစ္ဆာမီးတောက်များက တစ်ကိုယ်လုံးကို လွှမ်းခြုံသွားကာ ပတ်ဝန်းကျင် ပေဆယ်ဂဏန်းခန့် အတွင်း လျှို့ဝှက်ဆန်းကြယ်သော နဂါးပုံသဏ္ဌာန် လက်သီးစွမ်းအင်များ လေဟာနယ်ထဲမှ အလိုအလျောက် ထွက်ပေါ်လာလေသည်။

တိုက်ခိုက်လိုက်သည်နှင့် နဂါးဟိန်းသံကြီးက ကောင်းကင်ကို ပင် တုန်လှုပ်သွားစေလေသည်။

"ဝုန်း..."

"ဝုန်း..."

"ဝုန်း..."

အလွန် တိုတောင်းသော အချိန်အတွင်းမှာပင် ကျန်းချဲ့ သည် ဆန်းကျန့်ဘုန်းကြီး နှင့် အကြိမ် ဆယ်ဂဏန်းခန့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြလေသည်။

တိုက်ခိုက်လိုက်တိုင်း နဂါးပုံသဏ္ဌာန် လက်သီးစွမ်းအင်များ အမြဲတမ်း လိုက်ပါလာပြီး တိုက်ကွက် တိုင်းတွင် ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါများ ပါဝင်နေကာ တိုက်ခိုက်မှု တိုင်းကလည်း အဆုံးအစမရှိ ကြီးမားလှသော နဂါးအရှိန်အဝါ များကို ပိုင်ဆိုင်ထားလေသည်။

သို့သော် ဆန်းကျန့်ဘုန်းကြီး မှာလည်း သာမန်လူ တစ်ယောက် မဟုတ်ချေ။ နတ်ဘုရား မြှုပ်နှံခြင်း လျှို့ဝှက်နည်းလမ်း ၏ အကူအညီဖြင့် ကျန်းချဲ့ထက် အနည်းငယ်လေးမျှ ပင် အားနည်းခြင်း မရှိခဲ့ချေ။

တစ်ကိုယ်လုံးကို ဗုဒ္ဓဘာသာ တရားရွတ်သံများဖြင့် လွှမ်းခြုံထားပြီး တိုက်ခိုက်ချိန်တွင် ဗုဒ္ဓဘာသာ စစ်မှန်သော တရားတော်များ ပါဝင်လာကာ ခြေဖဝါးအောက် တစ်နေရာလုံးတွင် လည်း ရွှေရောင် ကြာပန်းများ အဆက်မပြတ် ပွင့်ထွက်နေလေသည်။

သူတို့ နှစ်ယောက်၏ အားပြိုင်မှုသည် ယခုအချိန်တွင် သိုင်းလျှို့ဝှက်နယ်မြေ တစ်ခုလုံးရှိ လူတိုင်း၏ အာရုံစိုက်မှု အပြည့်အဝ ရရှိထားသော အဓိက အချက်အချာ ဖြစ်လာခဲ့ပြီမှာ အသေအချာ ပင်ဖြစ်သည်။

တစ်ဖက်တွင် ရွှေရောင် အလင်းတန်းများ ဖြာထွက်နေပြီး အလွန် ကြီးမြတ် မွန်မြတ်သော အရှိန်အဝါများ ရှိနေကာ အခြား တစ်ဖက်တွင်တော့ မိစ္ဆာနတ်ဘုရား တစ်ပါးအလား အလွန် ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းနေလေသည်။

အလွန် အစွန်းရောက်သော ဆန့်ကျင်ဘက် အင်အားစု နှစ်ခု နှင့် အလွန် တူညီနေလေသည်။ ဖြောင့်မတ် မှန်ကန်မှု နှင့် ယုတ်မာ ကောက်ကျစ်မှု တို့၏ အားပြိုင်မှု နှင့် ပင် တူညီနေလေသည်။

သူတို့ နှစ်ယောက်၏ တိုက်ပွဲသည် အစောပိုင်းက ချူဟယ် နှင့် လီရွှမ်ကျန်း တို့၏ တိုက်ပွဲထက် အဆပေါင်းများစွာ ပိုမို ပြင်းထန် နေလေသည်။

အရှေ့မှနေ၍ အနောက်သို့ တောင်မှနေ၍ မြောက်သို့ လေဟာနယ်ထက်မှနေ၍ မြေကြီးပေါ်သို့ မြေကြီးပေါ်မှနေ၍ ကောင်းကင်ယံ အထိ အဆက်မပြတ် ရောယှက် တိုက်ခိုက် နေကြလေသည်။

အလွန် ထူးခြား ဆန်းကြယ်သော လျှို့ဝှက် နည်းလမ်း မျိုးစုံကို အစွမ်းကုန် ထုတ်ဖော် အသုံးပြုနေကြပြီး အနီးကပ် တိုက်ခိုက်ချိန် တွင်တော့ မျက်တောင်တစ်ခတ် အတွင်း အကြိမ်ပေါင်းများစွာ ရိုက်ခတ် နေကြလေသည်။

လေဟာနယ် တစ်ခုလုံး အရောင်အသွေးများ ပြောင်းလဲသွားပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော အသံကြီးများ ထွက်ပေါ်နေလေသည်။

ယခုအချိန်တွင် လေဟာနယ်ကြီး ပင်လျှင် သူတို့၏ တိုက်ခိုက်မှု အောက်တွင် တွန့်လိမ် ကောက်ကွေး သွားရပြီး ကန့်သတ်ချက် သို့ ရောက်ရှိတော့မည့် အလား ပင်ဖြစ်သည်။

ခရမ်းရောင် ရွှေသပိတ် တောင်တန်းဖိနှိပ် နတ်ကြေးဒယ်အိုး။ ကောင်းကင်ထိုးဖောက် နတ်သုံးခွလှံ ကွင်းကိုးကွင်းပါ သံတောင်ဝှေး။ အဖိုးတန် သင်္ကန်းတော် နဂါးပြောင်းလဲခြင်း အကြေးခွံ။ အစစ်အမှန် နဂါး ဓမ္မရုပ်တု ရွှေရောင် ခန္ဓာ ဓမ္မရုပ်တု။

နတ်လက်နက် နှင့် နတ်လက်နက် တို့၏ ရိုက်ခတ်မှု ရွှေအမြုတေ နှင့် ရွှေအမြုတေ ကြားရှိ အားပြိုင်မှု ဓမ္မရုပ်တု နှင့် ဓမ္မရုပ်တု ကြားရှိ အသေအလဲ တိုက်ပွဲ။

ဆန်းကျန့်ဘုန်းကြီး က အဆက်မပြတ် အော်ဟစ် နေပြီး တစ်ကိုယ်လုံး မှာ အဆုံးစွန် အထိ အစွမ်းကုန် ထုတ်ဖော် ထားသည့် အလား ရွှေရောင် အလင်းတန်း များ အဆက်မပြတ် ပျံ့နှံ့ ထွက်ပေါ် နေလေသည်။

လောကကြီး ကို လင်းထိန် စေသော နေမင်းကြီး တစ်စင်း အလား ပင်ဖြစ်သည်။ သူ၏ ရုပ်ခန္ဓာ ပေါ်ရှိ အရိပ်ကြီး ကလည်း အသက်ဝင် လှုပ်ရှား လာသည့် အလား ဖြစ်နေပြီး တိုက်ခိုက်ရေး သိုင်းပညာ များကို အစွမ်းကုန် ထုတ်ဖော် ပြသ နေလေသည်။

ကျန်းချဲ့ ကတော့ နဂါးဟိန်းသံ များကို အဆက်မပြတ် ထုတ်လွှတ် နေပြီး မင်ရည်အလား အလွန် နက်မှောင်သော အနက်ရောင် အကြေးခွံများ အပေါ်တွင် အလင်းတန်းများ လှည့်ပတ် စီးဆင်း နေလေသည်။

အရာအားလုံး ကို မျိုချ ပစ်နိုင်သော တွင်းနက်ကြီး တစ်ခု အလား ဖြစ်နေပြီး အကြေးခွံများ အပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရား သင်္ကေတများ ကလည်း အဆက်မပြတ် လင်းလက် တောက်ပ နေလေသည်။

သူတို့ နှစ်ယောက်၏ ကြောက်မက်ဖွယ် ကောင်းသော အားပြိုင်မှု က အောက်ဘက်ရှိ ပွဲကြည့် ပရိသတ် အားလုံးကို အံ့အားသင့် ထိတ်လန့် နေရာမှ တဖြည်းဖြည်း ကြောက်ရွံ့ တုန်လှုပ် လာစေခဲ့လေသည်။

သူတို့ လုံးဝ နားမလည် နိုင်အောင် ဖြစ်နေရလေသည်။ ရွှမ်တန်အဆင့် သိုင်းသခင် တွေ အချင်းချင်း တိုက်ခိုက် ကြတာ မဟုတ်ဘူးလား။ ဘာလို့ ဒီနှစ်ယောက် က ဒီလောက်တောင် ကြောက်စရာ ကောင်းနေရတာလဲ။ လေဟာနယ် ကို ပင် ဆုတ်ဖြဲ ပစ်တော့မည့် အလား ဖြစ်နေလေပြီ။

ဤ နေရာ သည် လျှို့ဝှက်နယ်မြေ တစ်ခု သာ ဖြစ်သော်လည်း သေးငယ်သော ကမ္ဘာ သီးသန့် တစ်ခု လည်း ဖြစ်လေရာ လုံလောက်သော စွမ်းအား မရှိဘဲ နှင့် လေဟာနယ် ကို ပြိုကွဲအောင် လုပ်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

ဤ သည်က ဘာကို ဆိုလို တာလဲ။ သူတို့ နှစ်ယောက် စလုံး ဟာ အမြင့်ဆုံး ကန့်သတ်ချက် တွေ ရဲ့ အထွတ်အထိပ် သို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း ကို ဆိုလို ခြင်း ပင်ဖြစ်သည်။

မူလက ကျန်းချဲ့ ကို ကူညီရန် ရည်ရွယ် ထားခဲ့သော ချီရှောက်ယန် မှာ ရင်ထဲတွင် အလွန် သက်ပြင်းချ မိလေသည်။ ကံကောင်းလို့သာ ကျန်းချဲ့ က သူ၏ အကူအညီ ကို မလိုအပ် ခဲ့ခြင်း ပင်ဖြစ်သည်။ မဟုတ်ပါက သူ အနေဖြင့် တိုက်ခိုက်မှု တစ်ချက် ကို ပင် တောင့်ခံ နိုင်ပါ့မလား။

ရွှေရောင် အလင်းတန်းများ နှင့် အနက်ရောင် အလင်းတန်းများ အချင်းချင်း အားပြိုင် နေကြပြီး အဆက်မပြတ် ယှက်နွှယ် နေကြလေသည်။

အချိန် လက်ဖက်ရည်တစ်ခွက်စာ တိုက်ခိုက် ပြီးနောက် ယခု အချိန် တွင် ကျန်းချဲ့ နှင့် ဆန်းကျန့် ဘုန်းကြီး တို့ နှစ်ယောက် စလုံး မှာ တစ်ကိုယ်လုံး သွေးများ ဖြင့် ရွှဲနစ် နေလေပြီ။

ကျန်းချဲ့ ၏ ကိုယ်ပေါ်ရှိ အကြေးခွံများ အကြီးအကျယ် ပျက်စီး သွားပြီး အက်ကွဲကြောင်း များ ကြားမှ သွေးများ အဆက်မပြတ် စီးကျ နေလေသည်။

ဆန်းကျန့် ဘုန်းကြီး ၏ ကိုယ်ပေါ်ရှိ ရွှေရောင် အလင်းတန်းများ မှာလည်း အကြီးအကျယ် မှေးမှိန် သွားခဲ့ပြီး ရုပ်ခန္ဓာ ပေါ်ရှိ ဒဏ်ရာ များ မှနေ၍ သွေးများ အဆက်မပြတ် ယိုစိမ့် ကျနေလေသည်။

"ဝုန်း..."

"ဝုန်း..."

နှစ်ယောက် စလုံး အစွမ်းကုန် အားပြိုင် နေကြပြီး မည်သူ ကမျှ နောက်သို့ တစ်လှမ်း ပင် မဆုတ် ခဲ့ကြချေ။ နောက်ဆုံး တွင်တော့ နှစ်ဖက် စလုံး က တမင်သက်သက် ရှောင်တိမ်း ခြင်း ကို ပင် မပြုလုပ် ကြတော့ဘဲ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား များကို တစ်ဖက်လူ ၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ရိုက်ချ နေကြလေတော့သည်။

ညာဘက် လက်သီး ဖြင့် အစွမ်းကုန် အားယူ လိုက်ရာ ကျန်းချဲ့ ၏ ခန္ဓာကိုယ် အတွင်းရှိ ကလီစာ များ အားလုံး အလင်းတန်း များ ဖြာထွက် လာပြီး နဂါး ဟိန်းသံ များ အဆက်မပြတ် ပဲ့တင်ထပ် သွားလေသည်။

တစ်ကိုယ်လုံး ရှိ သွေးကြော များကို စုစည်း လိုက်ပြီး နဂါး ပုံသဏ္ဌာန် လက်သီး စွမ်းအင် များနှင့် အတူ ဆန်းကျန့် ဘုန်းကြီး ရှိရာသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ရိုက်ချ လိုက်လေတော့သည်။

ဤ မျှလောက် ကြောက်စရာ ကောင်းသော တိုက်ခိုက်မှု ကို ရင်ဆိုင် ရချိန် တွင် ဆန်းကျန့် ဘုန်းကြီး ၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်း သွားပြီး ရွှေအမြုတေ ၏ စွမ်းအား များကို တပြိုင်နက်တည်း စုစည်း လိုက်လေသည်။ အဆုံးအစ မရှိသော ရွှေရောင် အလင်းတန်း များ စုစည်း သွားပြီး ညာဘက် လက်မောင်း တစ်ခုလုံး မှာ ရွှေရောင် ပန်းပု ရုပ်တု ကြီး တစ်ခု အလား ဖြစ်သွားလေသည်။

"ဝုန်း..."

လက်သီး နှစ်ဖက် လုံးဝ ရှောင်လွှဲ ၍ မရနိုင်ဘဲ ထိပ်တိုက် ရိုက်ခတ် သွားခဲ့လေသည်။ မျက်တောင် တစ်ခတ် အတွင်းမှာပင် ကောင်းကင် နှင့် မြေကြီး တစ်ခုလုံး အပ်ကျသံ ပင် မကြားရ လောက်အောင် တိတ်ဆိတ် ငြိမ်သက် သွားခဲ့ရလေသည်။

ကောင်းကင် နှင့် မြေကြီး တစ်ခုလုံး ဤ အချိန် တွင် ရပ်တန့် သွားသည့် အလား ပင်ဖြစ်သည်။

နောက် တစ်စက္ကန့် တွင် အလွန် ကျယ်လောင်သော ပေါက်ကွဲသံ ကြီး တစ်ခု တိုက်ရိုက် ထွက်ပေါ် လာပြီး တိုက်ပွဲ ၏ အလယ် ဗဟို မှာ အနက်ရောင် အလင်းတန်း ကြီး တစ်ခု ၏ မျိုချ ဖျက်ဆီး ခြင်း ကို ခံလိုက် ရလေသည်။ ဤ မြင်ကွင်း ကို မြင်သောအခါ ကျန်းချဲ့ နှင့် ဆန်းကျန့် ဘုန်းကြီး တို့ နှစ်ယောက် စလုံး ချက်ချင်း နောက်သို့ ဆုတ်ခွာ လိုက်ကြလေသည်။

သိုင်းလျှို့ဝှက်နယ်မြေ ၏ လေဟာနယ် ကြီး ပြိုကွဲ သွားခဲ့လေပြီ။

အနက်ရောင် အလင်းတန်း ကြီး က အလွန် လျင်မြန်စွာ ပျံ့နှံ့ လာပြီး လေဟာနယ် လှိုင်းဂယက် ကြီး များ က ရူးသွပ် ကြမ်းတမ်း စွာ ဖြင့် အပြင်ဘက် သို့ အဆက်မပြတ် ယိုစိမ့် ထွက်ပေါ် လာလေသည်။

ပြင်ပ တွင် ကြည့်ရှု နေကြသော လူအားလုံး မှာ ယခု အချိန် တွင် အကြီးအကျယ် အံ့အားသင့် မှင်သက် နေကြလေပြီ။

ကျန်းချဲ့ နှင့် ဆန်းကျန့် ဘုန်းကြီး တို့ ၏ အားပြိုင်မှု က အမှန်တကယ် ပင် လေဟာနယ် ကို ဆုတ်ဖြဲ သွားစေနိုင် လိမ့်မည် ဟု သူတို့ လုံးဝ ထင်မှတ် မထားခဲ့ကြချေ။ ဤ မျှလောက် ကြောက်စရာ ကောင်းသော စွမ်းအား မျိုး ဆိုသည်မှာ တကယ် ကို အံ့မခန်း ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့ နှစ်ယောက် စလုံး မှာ ရွှမ်တန် အဆင့် သာ ရှိသေး သည် မဟုတ်ပါလား။

ရှန်ယွမ် ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲ သွားပြီး ခန္ဓာကိုယ် က ရုတ်တရက် ပျောက်ကွယ် သွားကာ နောက်တစ်ကြိမ် ထွက်ပေါ် လာချိန် တွင်တော့ သိုင်းလျှို့ဝှက်နယ်မြေ အတွင်းရှိ တွင်းနက် ကြီး ၏ အပေါ်သို့ ရောက်ရှိ နေခဲ့လေပြီ။ လက်ဝါး တစ်ချက် ဖြင့် တိုက်ရိုက် ဖိနှိပ် ချလိုက်ရာ လေဟာနယ် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွားပြီး ပျံ့နှံ့ နေသော တွင်းနက် ကြီး မှာလည်း တားဆီး ခြင်း ကို ခံလိုက် ရကာ တဖြည်းဖြည်း နှင့် ပြန်လည် ပေါင်းစပ် သွားလေတော့သည်။

သို့သော် သူ၏ အကြည့်များ က အဝေး တွင် ရှိမနေသော ကျန်းချဲ့ နှင့် ဆန်းကျန့် ဘုန်းကြီး တို့ကို လေးနက်စွာ အကဲခတ် နေလေသည်။ ဤ နှစ်ယောက် ၏ အစွမ်းထက် မှု က သူ ထင်မှတ် ထားသည်ထက် အများကြီး သာလွန် နေခဲ့လေပြီ။

သိုင်းလျှို့ဝှက်နယ်မြေ ၏ ခံနိုင်ရည် အတိုင်းအတာ ကို ပင် အပြည့်အဝ ကျော်လွန် သွားခဲ့လေပြီ။ သို့သော် သူ က ဘာစကား မှ ပို မပြောတော့ဘဲ လျှို့ဝှက်နယ်မြေ ကို ပြန်လည် ပြင်ဆင် ပြီးနောက် ချက်ချင်း ပျောက်ကွယ် သွားခဲ့လေတော့သည်။

အခြား တစ်ဖက် တွင်တော့ ဆန်းကျန့် ဘုန်းကြီး သည် အသက် ကို ခပ်ပြင်းပြင်း ရှူနေရပြီး ညာဘက် လက်မောင်း မှာ အကြီးအကျယ် ရောင်ရမ်း နေကာ အရိုး အကြော များ ပင် ကျိုးပဲ့ ထွက်သွား မတတ် ဖြစ်နေလေသည်။ ရွှေရောင် အလင်းတန်း များ လည်း လုံးဝ ပျောက်ကွယ် သွားပြီး သာမန် လက်မောင်း တစ်ခု နှင့် လုံးဝ ခြားနား ခြင်း မရှိတော့ချေ။ သူ က ကျန်းချဲ့ ကို စူးစိုက် ကြည့်ကာ...

"ကျန်း ဒါယကာ တကယ်ကို သာမန် မဟုတ်ပါလား..."

"ဒါပေမဲ့ ဘုန်းဘုန်း ကို အနိုင်ယူဖို့ ဆိုတာတော့ လုံးဝ မဖြစ်နိုင်သေးဘူး..."

စကားသံ ဆုံးသည် နှင့် ဆန်းကျန့် ဘုန်းကြီး သည် လက်တစ်ဖက် ကို ရင်ဘတ် ရှေ့တွင် စုအုပ် လိုက်လေသည်။ သူ၏ ရင်ဘတ် ပေါ်ရှိ ပုံသဏ္ဌာန်မဲ့သော အရိပ်ကြီး မှာ ရုတ်တရက် ပျောက်ကွယ် သွားပြီး ရွှေရောင် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲ သွားကာ တစ်ကိုယ်လုံး ကို လွှမ်းခြုံ သွားလေသည်။

အသက်ရှူ အကြိမ်ရေ အနည်းငယ် အကြာ တွင်တော့ ဆန်းကျန့် ဘုန်းကြီး ၏ အရှိန်အဝါ များ က နောက်တစ်ကြိမ် ထပ်မံ ၍ အထွတ်အထိပ် အဆင့်သို့ ပြန်လည် ရောက်ရှိ သွားခဲ့လေပြီ။ မျက်ဝန်း များ ထဲတွင် အလွန် တည်ငြိမ် ပြီး အေးစက်သော အလင်းတန်း များ ဖြတ်ပြေး နေလေသည်။

ဤ မြင်ကွင်း ကို မြင်သောအခါ ကျန်းချဲ့ အလွန် မျက်မှောင် ကျုံ့သွားလေသည်။ ယခု အချိန် တွင် သူ သည် အသေအလဲ တိုက်ခိုက် ခဲ့ရသဖြင့် သူ ၏ ကန့်သတ်ချက် သို့ ရောက်ရှိ လုနီးပါး ဖြစ်နေပြီ ဖြစ်ပြီး ရုပ်ခန္ဓာ မှာလည်း အလွန် ပြင်းထန်သော ဒဏ်ရာ များကို ရရှိ ထားသဖြင့် အလျင်အမြန် ပြန်လည် ကုသ နိုင်ရန် လုံးဝ မဖြစ်နိုင် တော့ချေ။

မူလ အထွတ်အထိပ် အဆင့်သို့ ပြန်လည် ရောက်ရှိ ရန် ဆိုသည်မှာ ဝေလာဝေး ပင်ဖြစ်သည်။ အကယ်၍ ဤ အခြေအနေ ဖြင့် ဆက်လက် တိုက်ခိုက် မည် ဆိုပါက သူ အချိန် အကြာကြီး တောင့်ခံ နိုင်မည် မဟုတ်ကြောင်း ကို ကောင်းစွာ သိရှိ နေလေသည်။

အသက် ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်ပြီးနောက် ကျန်းချဲ့ သည် အဝေး တွင် ရှိမနေသော အစစ်အမှန် နဂါး ဓမ္မရုပ်တု ကြီး ကို တစ်ချက် လှမ်းကြည့် လိုက်လေသည်။ ထို့နောက် အကြည့် များကို ပြန်ရုပ် လိုက်ပြီး ဆန်းကျန့် ဘုန်းကြီး ကို စူးစိုက် ကြည့်ကာ...

"မင်းမှာ ဖုံးကွယ်ထားတဲ့ နည်းလမ်း ရှိသလို ငါ့ဆီမှာလည်း ရှိတယ် ဒါပေမဲ့ အခုချိန်ထိ တစ်ခါမှ ထုတ်မသုံးဖူး သေးဘူး မင်းက ပထမဆုံး အကြိမ် ကြုံတွေ့ရမယ့်သူပဲ ဒါက မင်းအတွက် တကယ့် ဂုဏ်ကျေးဇူး တစ်ခုပဲ..."

ဆန်းကျန့် ဘုန်းကြီး ၏ နှုတ်ခမ်းထောင့် တွင် အပြုံး တစ်ခု ပေါ်လာလေသည်။ ကျန်းချဲ့ အနေဖြင့် ဤ အခြေအနေ အထိ ရောက်ရှိ နေပြီ ဖြစ်ရာ အခြေအနေ ကို ပြောင်းပြန် လှန်နိုင်မည့် နည်းလမ်း ရှိလိမ့်မည် ဟု သူ လုံးဝ မယုံကြည် ချေ။ အေးဆေး တည်ငြိမ်စွာဖြင့်...

"ဘုန်းဘုန်း ကလည်း တကယ်ပဲ စမ်းသပ် ကြည့်ချင်နေပြီ..."

"ကောင်းပြီလေ..."

ကျန်းချဲ့ က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီးနောက် မျက်လုံး များကို ဖြည်းညင်းစွာ မှိတ်ထား လိုက်ပြီး လက်နှစ်ဖက် ကို ဘေးသို့ ဆန့်တန်း လိုက်လေသည်။ လေဟာနယ် တစ်ခုလုံး အသက်ရှူ အကြိမ်ရေ အနည်းငယ် ခန့် တိတ်ဆိတ် ငြိမ်သက် သွားပြီးနောက် နောက်တစ်စက္ကန့် တွင်...

ပတ်ဝန်းကျင် ရှိ ယင်ယန် မီးပင်လယ် ကြီး ထဲတွင် ရွှေရောင် ဓမ္မရုပ်တု ကြီး နှင့် အဆက်မပြတ် တိုက်ခိုက် နေသော အစစ်အမှန် နဂါး ဓမ္မရုပ်တု ကြီး မှာ တစ်စုံတစ်ရာ ၏ ဆွဲငင် မှု ကို ခံလိုက် ရသည့် အလား မျက်တောင် တစ်ခတ် အတွင်း ကျန်းချဲ့ ၏ ခေါင်းပေါ်သို့ တိုက်ရိုက် ရောက်ရှိ လာလေသည်။

နဂါး ဟိန်းသံ ကြီး တစ်ချက် လေဟာနယ် တွင် ပဲ့တင်ထပ် သွားပြီးနောက် ခေါင်းစိုက် ကာ ကျန်းချဲ့ ၏ ရင်ဘတ် အတွင်းသို့ တိုက်ရိုက် ဝင်ရောက် သွားလေတော့သည်။

တစ်ချိန်တည်း မှာပင် ကျန်းချဲ့ ၏ အရှိန်အဝါ များ က ရုတ်တရက် အကြီးအကျယ် မြင့်တက် လာလေသည်။ အဆင့် တစ်ဆင့် ပြီး တစ်ဆင့် အဆက်မပြတ် တက်လှမ်း နေပြီး အဆုံးအစ မရှိသည့် အလား ပင်ဖြစ်သည်။

မျက်လုံး ပွင့်လာ သည် နှင့် ပုံသဏ္ဌာန်မဲ့ သော နဂါး အရှိန်အဝါ ကြီး က သိုင်းလျှို့ဝှက်နယ်မြေ တစ်ခုလုံး ကို တိုက်ရိုက် လွှမ်းခြုံ သွားလေတော့သည်။

၎င်းနှင့် အတူ ယခု အချိန် တွင် ကျန်းချဲ့ သည် လူသား ပုံသဏ္ဌာန် ကို အပြည့်အဝ စွန့်လွှတ် လိုက်သည့် အလား အစစ်အမှန် ရုပ်ခန္ဓာ ကို ပိုင်ဆိုင် သော အနက်ရောင် နတ်နဂါး ကြီး တစ်ကောင် အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲ သွားပြီး ကောင်းကင်ယံ ကိုးလွှာ ထက်တွင် ပျံသန်း လွင့်မျော နေလေသည်။

အလွန် အေးစက် ပြီး ခံစားချက် ကင်းမဲ့သော နဂါး မျက်လုံး ကြီး များ က အောက်ဘက်ရှိ အလွန် သေးငယ်သော ဆန်းကျန့် ဘုန်းကြီး အပေါ်တွင် ရပ်တန့် နေလေသည်။

ဤ ကဲ့သို့သော အပြောင်းအလဲ က ကောင်းကင် နှင့် မြေကြီး ကို ပင် အကြီးအကျယ် တုန်လှုပ် သွားစေခဲ့လေသည်။

ဆန်းကျန့် ဘုန်းကြီး ၏ မျက်နှာထား ပို၍ပင် ပြောင်းလဲ သွားခဲ့ရလေသည်။

"ခန္ဓာကိုယ် နဲ့ ဓမ္မရုပ်တု ကို ပေါင်းစပ် လိုက်တာလား ကျန်း ဒါယကာ မင်း ရူးသွားပြီလား..."

ကောင်းကင်ယံ ထက်ရှိ အနက်ရောင် နတ်နဂါး ကြီး ၏ ပါးစပ် မှ လူစကား ထွက်ပေါ် လာလေသည်။

"ငါက နဂါး အဖြစ် ပြောင်းလဲသွားမှတော့ နဂါး တစ်ကောင် လိုပဲ ဖြစ်နေရမှာပေါ့ ဆန်းကျန့် မင်း အခု ချက်ချင်း နောက်ဆုတ် သွားရင် မင်းရဲ့ အသက်ကို ငါ ချမ်းသာ ပေးမယ် တကယ်လို့ မင်းက ဆက်ပြီး ခေါင်းမာ နေမယ် ဆိုရင်တော့ ချူဟယ် ရဲ့ ဇာတ်သိမ်း က မင်း အတွက် အကောင်းဆုံး သင်ခန်းစာပဲ…”

အခန်း (၃၄၈) သိုင်းလျှို့ဝှက်နယ်မြေရဲ့ နံပါတ်တစ်... လောကရဲ့ နံပါတ်တစ်

သိုင်းလျှို့ဝှက်နယ်မြေ အတွင်း၌ အပ်ကျသံ ပင် မကြားရ လောက်အောင် တိတ်ဆိတ် ငြိမ်သက် နေလေသည်။

ကျန်းချဲ့ ၏ အသံ က အရပ်လေးမျက်နှာ သို့ လိမ့်ဆင်း သွားပြီး နတ်ဘုရား တစ်ပါး အလား ကြီးမားလှသော နဂါး မျက်လုံး ကြီး များ နှင့် ကိုးလွှာ ကောင်းကင်ယံ တွင် ပျံသန်း နေသော ဧရာမ ခန္ဓာကိုယ် ကြီး က လူတိုင်း ကို အလွန် ကြီးမားလှသော ဖိအား များ ပေးစွမ်း နေလေသည်။

ယခု အချိန် တွင် အားလုံး ၏ အကြည့်များ က ကျန်းချဲ့ ၏ အပေါ်သို့ တပြိုင်နက်တည်း ကျရောက် နေကြလေသည်။

လီရွှမ်ကျန်း၊ ချန်ဖျင် နှင့် အခြား သူများ အားလုံး သည် ဆန်းကျန့် ဘုန်းကြီး ပြောလိုက်သော စကား ၏ အဓိပ္ပာယ် ကို ကောင်းစွာ နားလည် သဘောပေါက် နေကြလေသည်။

ခန္ဓာကိုယ် နှင့် ဓမ္မရုပ်တု ကို ပေါင်းစပ် လိုက်ခြင်း ဆိုသည်မှာ သေလမ်း ရှာသည့် လုပ်ရပ် တစ်ခု နှင့် လုံးဝ ခြားနား ခြင်း မရှိချေ။

အဘယ်ကြောင့်ဆိုသော် ဓမ္မရုပ်တု ၏ စွမ်းအား ကြီး မှာ အလွန် ကြီးမား လွန်းလှပြီး အနည်းငယ် အမှားအယွင်း ဖြစ်သွား သည် နှင့် ပေါက်ကွဲ ပျက်စီး သွားနိုင်ကာ... မိမိ ၏ ရွှေအမြုတေ ကလည်း ဤ မျှလောက် ကြီးမားသော စွမ်းအင် များကို ထောက်ပံ့ ပေးရန် လုံးဝ မလုံလောက် သောကြောင့် ပင်ဖြစ်သည်။

အကယ်၍ သူတို့ သာ ဆိုလျှင် ဤ ကဲ့သို့သော အသက်စွန့် သည့် လုပ်ရပ် မျိုး ကို လုံးဝ လုပ်ဆောင် ရဲမည် မဟုတ်ချေ။

သို့သော် ကျန်းချဲ့ ကတော့...

တကယ်ပဲ လုပ်နိုင်ခဲ့ပုံ ရလေသည်။

သူ၏ အပြည့်အဝ ပုံပေါ် နေသော အနက်ရောင် နဂါး ခန္ဓာကိုယ် ကြီး ကို ကြည့်ရုံ ဖြင့် ယခု အချိန် တွင် ကျန်းချဲ့ မည်မျှ အထိ ကြောက်စရာ ကောင်းနေ ကြောင်း ကို လူတိုင်း ကောင်းစွာ ခံစား သိရှိ နိုင်လေသည်။

ဤ စွမ်းအား သည် ရှန်ရှန်း အလယ်အလတ် အဆင့် ရှိသော မဟာသိုင်းသခင် ကြီး ၏ အဆင့်အတန်း သို့ အပြည့်အဝ ရောက်ရှိ နေလေပြီ။

ထိုကဲ့သို့သော စွမ်းအား မျိုး ကို ရင်ဆိုင် ရချိန် တွင် ရွှမ်တန်အဆင့် သိုင်းသခင် အားလုံး မှာ အလွယ်တကူ ဖိနှိပ် ခံရမည် မှာ အသေအချာ ပင်ဖြစ်သည်။ လီရွှမ်ကျန်း၊ ချန်ဖျင် တို့ ကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင် များ ကိုယ်တိုင် ပင်လျှင် ဤ မျှလောက် ကြီးမားသော တိုက်ခိုက်မှု ကို ခုခံ နိုင်စွမ်း ရှိမည် ဟု မိမိကိုယ်မိမိ ယုံကြည် နိုင်စွမ်း မရှိကြချေ။

သိုင်းလျှို့ဝှက်နယ်မြေ ၏ အပြင်ဘက် တွင်...

အလားတူ ပင် အလွန် တိတ်ဆိတ် ငြိမ်သက် နေလေသည်။

ပုံရိပ်လွှာ ကြောင့် သူတို့ အနေဖြင့် ကျန်းချဲ့ ၏ စကား များကို မကြားရ သော်လည်း... ကျန်းချဲ့ ၏ အရှိန်အဝါ ဖြင့် သိုင်းလျှို့ဝှက်နယ်မြေ တစ်ခုလုံး ကို ဖိနှိပ် ထားသည် ကို ကြည့်ခြင်း အားဖြင့် အခြေအနေ များကို အကြမ်းဖျင်း ခန့်မှန်း နိုင်ကြလေသည်။

ချီထျန်းကျုံး ၏ မျက်ဝန်း များ ထဲတွင် စိုးရိမ် ပူပန် မှုများ အပြည့်အဝ ပေါ်လွင် နေလေသည်။

ဓမ္မရုပ်တု နှင့် ရုပ်ခန္ဓာ ပေါင်းစပ် ခြင်း ၏ နောက်ဆက်တွဲ ဆိုးကျိုး ကို သူ လည်း ကောင်းစွာ သိရှိ ထားရာ အလွန် မျက်မှောင် ကျုံ့ထား ပြီး အကယ်၍ သူသာ ကျန်းချဲ့ ၏ ဘေးတွင် ရှိနေမည် ဆိုပါက ဤ ကဲ့သို့ မိုက်မဲသော လုပ်ရပ် ကို မလုပ်ရန် သေချာပေါက် ဟန့်တား မိမည် မှာ အသေအချာ ပင်ဖြစ်သည်။ သိုင်းလျှို့ဝှက်နယ်မြေ ၏ နံပါတ်နှစ် နေရာ ကို ရလျှင် ပင် လုံလောက် နေပြီ မဟုတ်ပါလား။

တန်ပြန် ရိုက်ခတ် မှု များကို ခံစား ရမည့် အန္တရာယ် ကို အသက်စွန့် ပြီး ရင်ဆိုင် ရန် လုံးဝ မလိုအပ် ချေ။

သူ နှင့် အတူတူ ပင် ချီဝမ်ကျင်း ၏ မျက်လုံး များ ထဲတွင် လည်း စိုးရိမ် ပူပန် မှုများ ပြည့်နှက် နေပြီး အသက်ရှူ ရန် ပင် မေ့လျော့ နေသည့် အလား... နောက်တစ်စက္ကန့် တွင် ကျန်းချဲ့ တစ်ယောက် အကြီးအကျယ် ဒဏ်ရာ ရရှိသွား မည်ကို အလွန် ကြောက်ရွံ့ နေမိကာ ရင်ထဲတွင် အဆက်မပြတ် ဆုတောင်း နေမိလေသည်။

ရှန်ယွမ် ၏ မျက်လုံးများ ကျဉ်းမြောင်း နေပြီး ဘာစကား မှ မပြော တော့ချေ။

အဘယ်ကြောင့်ဆိုသော် ယခု အချိန် တွင် ကျန်းချဲ့ ၏ အခြေအနေ မှာ တန်ပြန် ရိုက်ခတ် မှု အန္တရာယ် ကို လုံးဝ မခံစား ရသေး ကြောင်း ကို သူ ကောင်းစွာ မြင်တွေ့ နေရသောကြောင့် ပင်ဖြစ်သည်။ သို့သော် အစွမ်းကုန် မတိုက်ခိုက် ရသေးမီ အချိန်ထိ နောက်ဆက်တွဲ အခြေအနေ ကို မည်သူ ကမျှ တိကျစွာ မခန့်မှန်း နိုင်သေးချေ။

သို့သော် ဤ အချက် က သူ့ကို ကျန်းချဲ့ အပေါ် ပိုမို အထင်ကြီး လေးစား လာစေရန် လုံးဝ အဟန့်အတား မဖြစ်စေ ခဲ့ချေ။

သိုင်းလျှို့ဝှက်နယ်မြေ ၏ အပြင်ဘက် တွင် ဖြစ်စေ... အတွင်း တွင် ဖြစ်စေ အကြီးမားဆုံးသော ဖိအား ကို ခံစား နေရသူ မှာ ယခု အချိန် တွင် ဆန်းကျန့် ဘုန်းကြီး သာ ဖြစ်လေသည်။ သူ သည် လျှို့ဝှက် နည်းလမ်း ဖြင့် ယခင် ဘဝ ၏ အခြေခံ အုတ်မြစ် များကို အတင်းအကျပ် ထုတ်ယူ အသုံးပြု ကာ အထွတ်အထိပ် အဆင့် သို့ ပြန်လည် ရောက်ရှိ နေခဲ့လေပြီ။

မူလက ဤ တိုက်ပွဲ တွင် သေချာပေါက် အနိုင်ရ မည် ဟု သူ အပြည့်အဝ ယုံကြည် ထားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် အစောပိုင်း က အကြိတ်အနယ် တိုက်ပွဲ ကြောင့် သူ နှင့် ကျန်းချဲ့ တို့ နှစ်ယောက် စလုံး မှာ အကြီးအကျယ် ဒဏ်ရာ ရရှိထား ခဲ့ပြီး ဖြစ်ရာ... ကျန်းချဲ့ အနေဖြင့် လည်း ပြန်လည် နာလန်ထ ရန် လုံးဝ မဖြစ်နိုင် ကြောင်း သူ ယုံကြည် ထားခဲ့သောကြောင့် ပင်ဖြစ်သည်။

သို့သော် မျက်တောင် တစ်ခတ် အတွင်း အခြေအနေ များ က ပြောင်းပြန် ဖြစ်သွား ခဲ့လေပြီ။

ကျန်းချဲ့ သည် အသက် ကို ပင် ပဓာန မထားဘဲ ဓမ္မရုပ်တု နှင့် ပေါင်းစပ် ကာ ရှန်ရှန်း အလယ်အလတ် အဆင့် ရှိ မဟာသိုင်းသခင် ကြီး ၏ စွမ်းအား များကို ရယူ ခဲ့ပြီး... သူ့ကို နောက်ဆုံး အကြိမ် အနေဖြင့် သတိပေး လာခဲ့လေသည်။ အကယ်၍ သူသာ နောက်ဆုတ် ပြီး နံပါတ်နှစ် နေရာ ကို ယူမည် ဆိုပါက...

သူ ၏ အသက် အန္တရာယ် ကို အာမခံ ပေးမည် ဟု ဆိုလာခဲ့လေသည်။

အကယ်၍ သူသာ ဆက်လက် ခေါင်းမာ နေမည် ဆိုပါက အကြီးအကျယ် တိုက်ခိုက် ခံရမည် မှာ အသေအချာ ပင်ဖြစ်သည်။

ချင်းထျန်းဂိုဏ်း မှ ချူဟယ် ၏ ဇာတ်သိမ်း မျိုး ကို ပင် သူ ရင်ဆိုင် ရနိုင်ချေ ရှိလေသည်။

ထို အခြေအနေ မျိုး ကို သူ လုံးဝ အဖြစ်မခံ နိုင်ချေ။

ဤ တစ်ကြိမ် သိုင်းပညာပြိုင်ပွဲ အတွက်... ကောင်းကင် နှင့် မြေကြီး ၏ ကံကြမ္မာ အရင်းအမြစ် များကို ရယူ ရန် အတွက် သူ သည် ဝင်စား ပြီး နောက်တစ်ကြိမ် ပြန်လည် ကျင့်ကြံ ရန် ပင် ဝန်မလေး ခဲ့ချေ။ နံပါတ်နှစ် နေရာ ကို ရလျှင် ပင် သူ လက်ခံ နိုင်သေး သော်လည်း လျှို့ဝှက်နယ်မြေ အတွင်းမှ နှင်ထုတ် ခံရမည် ဆိုပါက သူ လုံးဝ လက်ခံ နိုင်မည် မဟုတ်ချေ။

သူ တွေဝေ နေရခြင်း ၏ အဓိက အကြောင်းအရင်း မှာ ကျန်းချဲ့ သည် အမှန်တကယ် ပင် မိမိကိုယ်မိမိ ယုံကြည်ချက် အပြည့်အဝ ရှိနေသည် လား... သို့မဟုတ် ဟန်ရေးပြ နေခြင်း သက်သက် သာ လား ဆိုသည်ကို သေချာ မသိသောကြောင့် ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဓမ္မရုပ်တု နှင့် ရုပ်ခန္ဓာ ပေါင်းစပ် ခြင်း ၏ နောက်ဆက်တွဲ ဖိအား ကြီး မှာ...

စဉ်းစား ကြည့်ရုံ ဖြင့် ပင် မည်မျှ အထိ ကြောက်စရာ ကောင်းမည် ကို ကောင်းစွာ သိရှိ နိုင်လေသည်။

ထို့ကြောင့် ဆန်းကျန့် ဘုန်းကြီး သည် အချိန် အတော်ကြာ အောင် တိတ်ဆိတ် နေခဲ့ပြီး လုံးဝ ပြန်မပြော သလို... ငြင်းဆန် ခြင်း လည်း မပြုခဲ့ချေ။

ရင်ထဲတွင် အကျိုးအမြတ် များကို အသေအချာ ချိန်ဆ နေလေသည်။

လေထု ကြီး မှာ အသက်ရှူ အကြိမ်ရေ ဆယ်ဂဏန်း ခန့် အထိ တိတ်ဆိတ် ငြိမ်သက် နေခဲ့ပြီးနောက် လေဟာနယ် ထက်ရှိ အနက်ရောင် နတ်နဂါး ကြီး ၏ ခန္ဓာကိုယ် က ဖြည်းညင်းစွာ လှုပ်ရှား လာပြီး ခံစားချက် ကင်းမဲ့သော အသံကြီး က ကောင်းကင် နှင့် မြေကြီး အကြား ထပ်မံ ပဲ့တင်ထပ် လာပြန်လေသည်။

"ကြည့်ရတာ... မင်း ဆုံးဖြတ်ချက် ချပြီးသွားပြီ ထင်တယ် ဒါဆိုရင်လည်း သွားပေတော့ကွာ..."

မျက်တောင် တစ်ခတ် အတွင်း အဆုံးအစ မရှိသော မီးပင်လယ် ကြီး က ကောင်းကင် နှင့် မြေကြီး ကို လွှမ်းခြုံ သွားပြီး အဖြူ နှင့် အနက် ယှက်နွှယ် နေသော ယင်ယန် မိစ္ဆာမီးတောက် များ ရုတ်တရက် ပေါက်ကွဲ ထွက်လာကာ အလွန် ကြီးမားလှသော ဖိအား ကြီး က အရပ်လေးမျက်နှာ သို့ လွင့်စင် ထွက်သွားပြီး ဆန်းကျန့် ဘုန်းကြီး ၏ အပေါ်သို့ အရှိန်အဟုန် ဖြင့် ရိုက်ချ လာလေတော့သည်။

တစ်ချိန်တည်း မှာပင် ကျန်းချဲ့ ၏ ဧရာမ နတ်နဂါး ခန္ဓာကိုယ် ကြီး ကလည်း အတူတကွ လိုက်ပါ လာလေသည်။

"သူ တကယ်ပဲ လက်ပါလာပြီလား..."

ဆန်းကျန့် ဘုန်းကြီး ၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်း သွားပြီး အလွန် ကြီးမားသော အန္တရာယ် ကို ကောင်းစွာ အာရုံခံ မိလိုက် သဖြင့် အများကြီး စဉ်းစား နေရန် အချိန် မရတော့ဘဲ အလျင်စလို အော်ဟစ် လိုက်လေသည်။

"ကျန်း ဒါယကာ ရဲ့ နတ်စွမ်းရည် က တကယ်ကို ပြိုင်ဘက်ကင်း ပါပဲ... ဘုန်းဘုန်း... အရှုံးပေးပါတယ်..."

စကားသံ ဆုံးသည် နှင့် အဖြူ နှင့် အနက်ရောင် မီးတောက် များ ချက်ချင်း ရပ်တန့် သွားပြီး ဖြည်းညင်းစွာ နောက်သို့ ဆုတ်ခွာ သွားလေသည်။

ဆန်းကျန့် ဘုန်းကြီး က သက်ပြင်း သဲ့သဲ့ တစ်ချက် ချလိုက်ပြီး အနက်ရောင် နတ်နဂါး ကြီး ကို လက်အုပ်ချီ ကာ...

"ဘုန်းဘုန်း... သိုင်းလျှို့ဝှက်နယ်မြေရဲ့ နံပါတ်နှစ် နေရာကိုပဲ ယူပါတော့မယ်..."

"ကောင်းတယ်... မင်းက တကယ်ကို ဉာဏ်ပညာ ကြီးမားတဲ့ ရွေးချယ်မှု တစ်ခုကို ပြုလုပ်နိုင်ခဲ့တာပဲ..."

မိုးခြိမ်းသံ အလား အလွန် ကျယ်လောင်သော အသံကြီး က ဆန်းကျန့် ဘုန်းကြီး ကို ပြန်လည် တုံ့ပြန် လိုက်လေသည်။

ကောင်းကင် နှင့် မြေကြီး အကြား ရှိ အဖြူ နှင့် အနက်ရောင် မီးတောက် များ ဖြည်းညင်းစွာ နောက်သို့ ဆုတ်ခွာ သွားပြီး ရေစုန် မျောသွား သည့် အလား ဖြစ်သွားလေသည်။ ကျန်းချဲ့ ၏ ဧရာမ နဂါး ခန္ဓာကိုယ် ကြီး ပေါ်တွင်လည်း အလင်းတန်း များ လင်းလက် လာပြီး လူတိုင်း ၏ အကြည့် အောက်တွင် ပင်...

ကျန်းချဲ့ ၏ အစစ်အမှန် ရုပ်ခန္ဓာ ဖြည်းညင်းစွာ ပေါ်ထွက် လာလေသည်။ သံချပ်ကာ အလား ထူထပ်သော အကြေးခွံ များနှင့် အတူ ခေါင်းပေါ်ရှိ ဦးချို များ လည်း ပျောက်ကွယ် သွားကာ လက်မောင်း များ ကလည်း လူသား ၏ လက်မောင်း များ အဖြစ်သို့ ပြန်လည် ရောက်ရှိ သွားခဲ့လေပြီ။ လက်ထဲတွင် ကောင်းကင်ထိုးဖောက် နတ်သုံးခွလှံ ကြီးကို ကိုင်ဆောင် ထားပြီး အလွန် ပြိုင်ဘက်ကင်း သော အရှိန်အဝါ မျိုး ရှိနေလေသည်။

အဆုံးအစ မရှိသော မီးပင်လယ် ကြီး ၏ အလယ် တွင် စစ်ပွဲ နတ်ဘုရား တစ်ပါး အလား ပင်ဖြစ်သည်။

ဤ မျှလောက် ကြီးမားသော အရှိန်အဝါ ကို မြင်တွေ့ ရချိန် တွင် သိုင်းသခင် အများအပြား သည် တိုက်ရိုက် ကြည့်ရဲ ခြင်း ပင် မရှိကြတော့ဘဲ အလျင်စလို ခေါင်းငုံ့ လိုက်ကြရလေသည်။

အပြင်ပန်း တွင် ကျန်းချဲ့ သည် အလွန် အစွမ်းထက် ပြီး ပြိုင်ဘက်ကင်း နေပုံ ရသော်လည်း အမှန်တကယ် တွင်တော့ ဤသည်မှာ သူ၏ ဟန်ရေးပြ မှု သက်သက် သာ ဖြစ်လေသည်။ ဆန်းကျန့် ဘုန်းကြီး ၏ နောက်ဆုတ် သွားမှု က သူ့ကို အကြီးအကျယ် သက်ပြင်း ချမိစေခဲ့လေသည်။ ဤသည်မှာ ကျန်းချဲ့ က ဆန်းကျန့် ဘုန်းကြီး ကို ခြောက်လှန့် နေခြင်း မဟုတ်ဘဲ...

အနက်ရောင် နဂါး အဖြစ်သို့ ပြောင်းလဲ ပြီးနောက် သူ ခံစား ရသော ဖိအား မှာ မည်မျှ အထိ ကြီးမား ကြောင်း သူ ကိုယ်တိုင် သာ အသိဆုံး ဖြစ်သောကြောင့် ပင်ဖြစ်သည်။

သူ၏ အပြင်းအထန် ဒဏ်ရာ ရရှိထားသော ရုပ်ခန္ဓာ ဖြင့် ဤ ကဲ့သို့သော အခြေအနေ မျိုး ကို အချိန် ကြာမြင့်စွာ တောင့်ခံ ထားနိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။

သေချာသည် ကတော့ အချိန် အကြာကြီး တောင့်မခံ နိုင်သော်လည်း ကျန်းချဲ့ အနေဖြင့် ဆန်းကျန့် ဘုန်းကြီး ကို ဖိနှိပ် နိုင်စွမ်း လုံးဝ မရှိဘူး ဟုတော့ မဆိုလိုချေ။ လျှို့ဝှက်နယ်မြေ မှ တိုက်ရိုက် နှင်ထုတ် နိုင်ရန် မျှော်လင့်ချက် လည်း အလွန် ကြီးမား လေသည်။ သို့သော် ပြဿနာ မှာ ဆန်းကျန့် ဘုန်းကြီး သည် လည်း အလွန် အစွမ်းထက်သော ပြိုင်ဘက် တစ်ယောက် ဖြစ်လေသည်။

သူ့ကို တိုက်ရိုက် အသေအလဲ ရင်ဆိုင် ပြီး နှစ်ဦး နှစ်ဖက် အကြီးအကျယ် ဒဏ်ရာ ရရှိသွား မည့် ပြိုင်ဘက် မျိုး ပင်ဖြစ်သည်။

တိုက်ပွဲ ပြီးဆုံး သွားပါက သူ တွင်လည်း နောက်ထပ် တိုက်ခိုက် ရန် စွမ်းအား လုံးဝ ကျန်ရှိ တော့မည် မဟုတ်ချေ။

ထို အချိန် ကျရောက် လာပါက ဘေးပတ်ဝန်းကျင် တွင် ရှိနေသော လီရွှမ်ကျန်း၊ ချန်ဖျင် နှင့် အခြား သူများ သည် သူ၏ အစစ်အမှန် အခြေအနေ ကို ရိပ်မိ သွားကြမည် ဆိုလျှင် သူ သည် သိုင်းလျှို့ဝှက်နယ်မြေ ၏ နံပါတ်တစ် နေရာ ကို အေးအေးဆေးဆေး ဆက်လက် ရယူ ထားနိုင်မည် မဟုတ်တော့ကြောင်း အသေအချာ ပင်ဖြစ်သည်။

ဤ ကဲ့သို့သော အကြောင်းပြချက် များ ကြောင့် သာ ကျန်းချဲ့ သည် လက်မပါ မီ အချိန်လေး တွင် ဟန်ရေးပြ ကာ ဆန်းကျန့် ဘုန်းကြီး ကို ခြောက်လှန့် ရန် ရည်ရွယ် ခဲ့ခြင်း ပင်ဖြစ်သည်။

ကံကောင်း ထောက်မ စွာ ဖြင့်... အရာအားလုံး က သူ မျှော်လင့် ထားသည့် အတိုင်း ဖြစ်လာခဲ့လေပြီ။

သူ ၏ နောက်ဆုံး အကြိမ် သတိပေး မှု အောက်တွင် ဆန်းကျန့် ဘုန်းကြီး လည်း နောက်ဆုတ် သွားခဲ့ပြီး သူ့ အတွက် စွမ်းအား များကို ချွေတာ ပေးနိုင်ခဲ့လေပြီ။

ကျန်းချဲ့ နှင့် အချင်းချင်း တစ်ချက် ကြည့်လိုက်ပြီးနောက် ဆန်းကျန့် ဘုန်းကြီး က သက်ပြင်း သဲ့သဲ့ တစ်ချက် ချလိုက်လေသည်။ ရွှေရောင် ဓမ္မရုပ်တု ကြီး ကို ရုပ်သိမ်း လိုက်ပြီး ကိုယ်တွင်း ရှိ အရိပ် ကြီး များ လည်း လေဟာနယ် ထက်သို့ ပြန်လည် ထွက်ပေါ် လာကာ အဖြူရောင် ပုတီးစေ့ များ အဖြစ်သို့ ပြောင်းလဲ သွားလေသည်။

လက်တစ်ဖက် တွင် ခရမ်းရောင် ရွှေသပိတ် ကို ကိုင်ဆောင် ထားပြီး အခြား လက်တစ်ဖက် တွင် ကွင်းကိုးကွင်းပါ သံတောင်ဝှေး ကို ကိုင်ဆောင် ကာ သိုင်းလျှို့ဝှက်နယ်မြေ ၏ နံပါတ်နှစ် ကျောက်စိမ်း စင်မြင့် ပေါ်သို့ သွားရောက် နေရာယူ လိုက်လေသည်။

သူ အလွန် မကျေမနပ် ဖြစ်နေသော်လည်း အမှန်တရား ကိုတော့ လက်ခံ ရမည် သာ ဖြစ်လေသည်။

သူ ရှုံးနိမ့် သွားခဲ့လေပြီ... ဗောဓိသတ် ဝင်စားသူ တစ်ပါး ဖြစ်သော်လည်း အစစ်အမှန် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ၏ အောက်တွင် အရှုံးပေး ခဲ့ရလေပြီ။

ကံကြမ္မာ ဆိုသည်မှာ ဤသို့ သာ ဖြစ်လေသည်။

ဆန်းကျန့် ဘုန်းကြီး က သိုင်းလျှို့ဝှက်နယ်မြေ ၏ နံပါတ်နှစ် နေရာ ကို ယူလိုက် သည် နှင့် တစ်ပြိုင်နက်... ထို နေရာ တွင် ရှိနေသော လူတိုင်း သည် ယခု တစ်ကြိမ် သိုင်းပညာပြိုင်ပွဲ မှာ အခြေခံ အားဖြင့် ပြီးဆုံး သွားပြီ ဖြစ်ကြောင်း ကို ကောင်းစွာ သိရှိ သွားကြလေပြီ။ ကျန်းချဲ့ သည် လုံးဝ အငြင်းပွား ဖွယ် မရှိသော သိုင်းလျှို့ဝှက်နယ်မြေ ၏ နံပါတ်တစ် ဖြစ်လာခဲ့လေပြီ။

တစ်ချိန်တည်း မှာပင်...

အစစ်အမှန် လောက ၏ နံပါတ်တစ် ပါရမီရှင် လည်း ဖြစ်လာခဲ့လေပြီ။

ဤ သည်မှာ ယခင် က သိုင်းလောကသား များ ၏ မြှောက်ပင့် ပြောဆို မှု သက်သက် မဟုတ်တော့ဘဲ အစစ်အမှန် တိုက်ပွဲ ရလဒ် ဖြင့် သက်သေပြ နိုင်ခဲ့ခြင်း ပင်ဖြစ်သည်။

လောက တစ်ခွင် မှ သိုင်းသခင် များကို ဖိနှိပ် ကာ ခြေတစ်လှမ်း တည်း ဖြင့် ထိပ်ဆုံး သို့ တက်လှမ်း နိုင်ခဲ့လေပြီ။

ဤ အချိန် မှ စတင် ကာ ကျန်းချဲ့ ၏ နာမည် သည်... သေချာပေါက် လောက တစ်ခွင်လုံး တွင် ဟိန်းဟောက် သွားတော့မည် ဖြစ်လေသည်။

လုကျဲယွင် ၏ မျက်လုံးများ တွေဝေ သွားလေသည်။

ပြောင်းလဲ သွားခဲ့လေပြီ။

သူ ၏ မှတ်ဉာဏ် ထဲရှိ သိုင်းပညာပြိုင်ပွဲ မှာ အပြည့်အဝ ပြောင်းလဲ သွားခဲ့လေပြီ။

ကျန်းချဲ့ ၏ ရုတ်တရက် ထွက်ပေါ် လာမှု က သူ ၏ မှတ်ဉာဏ် ထဲရှိ သိုင်းလျှို့ဝှက်နယ်မြေ ၏ နံပါတ်နှစ် ဖြစ်သော ချင်းထျန်းဂိုဏ်း ၏ သူတော်စင်သားတော် ချူဟယ် ကို လုံးဝ အရေးနိမ့် သွားစေခဲ့ပြီး အရှက်တကွဲ ဖြင့် လျှို့ဝှက်နယ်မြေ အတွင်းမှ ထွက်ပြေး သွားစေခဲ့လေသည်။ သူ ၏ မှတ်ဉာဏ် ထဲရှိ နံပါတ်တစ် ဖြစ်သော ဆန်းကျန့် ဘုန်းကြီး ကို လည်း ဖိနှိပ် ကာ နံပါတ်နှစ် နေရာ သို့ ရောက်ရှိ သွားစေခဲ့လေသည်။

ယခု အချိန် တွင် သူ ၏ ရင်ထဲ၌ အလွန် ရှုပ်ထွေးသော ခံစားချက် များ ဖြစ်ပေါ် နေလေသည်။

သို့သော် မကြာမီ မှာပင် သူ ၏ စိတ် များကို ပြန်လည် တည်ငြိမ် အောင် ထိန်းချုပ် လိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် သူ ကိုယ်တိုင် လည်း အပြောင်းအလဲ ကို ဖြစ်ပေါ် စေသူ တစ်ယောက် ပင် ဖြစ်သည် မဟုတ်ပါလား။

သူ ၏ မူလ မှတ်ဉာဏ် ထဲတွင် သူ သည် မိသားစု ငယ်လေး တစ်ခု တွင် အလေးမထား ခံရသော အသုံးမကျ သူ တစ်ယောက် သာ ဖြစ်ပြီး တစ်ဘဝ လုံး ရွှမ်တန်အဆင့် သို့ တက်လှမ်း နိုင်ရန် ပင် မျှော်လင့်ချက် မရှိသူ တစ်ယောက် ပင်ဖြစ်သည်။ သို့သော် ယခု အချိန် တွင်တော့ သူ သည် သိုင်းလျှို့ဝှက်နယ်မြေ ၏ နံပါတ်ငါး နေရာ ကို အောင်မြင်စွာ နေရာယူ ထားနိုင်ခဲ့လေပြီ။

ဒီလောက် ဆိုရင် သူ ဘာတွေ များ မကျေနပ် စရာ ရှိတော့မှာလဲ...

မသိမမြင် ရသော အနာဂတ် တွေ ကို ကြောက်ရွံ့ နေရုံ သက်သက် သာ မဟုတ်လား...

ကျန်းချဲ့ ၏ အကြည့်များ က လောက တစ်ခွင် မှ သူရဲကောင်း များကို တစ်ချက် ဝေ့ကြည့် လိုက်ပြီးနောက် လေဟာနယ် ထက်မှ တစ်လှမ်းချင်း စီ အောက်သို့ ဆင်းသက် လာကာ သိုင်းလျှို့ဝှက်နယ်မြေ ၏ နံပါတ်တစ် နေရာ တွင် အပြည့်အဝ ရပ်တန့် လိုက်လေသည်။ ပတ်ဝန်းကျင် မှ မရေမတွက် နိုင်သော အကြည့် မျိုးစုံ ကို ခံစား ရင်း...

ယခု အချိန် တွင် သူ ၏ ရင်ထဲ၌ လည်း သူရဲကောင်း ပီသသော စိတ်ဓာတ် များ ပေါက်ဖွား လာခဲ့လေပြီ။

နှစ်အနည်းငယ် ကြာအောင် ခါးသီးစွာ ကျင့်ကြံ ခဲ့ရပြီး အဆင့် တစ်ဆင့် ပြီး တစ်ဆင့် တက်လှမ်း လာခဲ့ရာ...

နောက်ဆုံး တွင်တော့ ယနေ့ အချိန် တွင် အထွတ်အထိပ် သို့ ရောက်ရှိ နိုင်ခဲ့ပြီ မဟုတ်ပါလား။

ယနေ့ မှ စတင် ကာ သူ... သည် လောက ၏ နံပါတ်တစ် ပင်ဖြစ်သည်။

သိုင်းလျှို့ဝှက်နယ်မြေ ၏ အပြင်ဘက် တွင်...

ဆန်းကျန့် ဘုန်းကြီး နောက်ဆုတ် သွားပြီး ကျန်းချဲ့ က သိုင်းလျှို့ဝှက်နယ်မြေ ၏ နံပါတ်တစ် နေရာ ကို အငြင်းပွား ဖွယ် မရှိ ရယူ လိုက်နိုင် သည် ကို မြင်သောအခါ... လူအားလုံး အချိန် အနည်းငယ် မျှ တိတ်ဆိတ် ငြိမ်သက် သွားကြပြီးနောက် မျက်တောင် တစ်ခတ် အတွင်းမှာပင် အလွန် ဆူညံ ပွက်လောရိုက် သွားခဲ့ကြလေသည်။

အံ့အားသင့် ချီးကျူး သံများ... အဆက်မပြတ် ထွက်ပေါ် လာလေသည်။

"တကယ်ကို ထင်မထားခဲ့ဘူး... နောက်ဆုံး အနိုင်ရသွားတဲ့ သူက ကျန်းချဲ့ ဖြစ်နေလိမ့်မယ်လို့ တကယ်ကို မျှော်လင့် မထားခဲ့ဘူး..."

"ဟုတ်ပါရဲ့... အစပိုင်း တုန်းက ကျုပ် ထင်ထားတာ က တာ့လေ့ယင် ဘုန်းကြီးကျောင်း က ဆန်းကျန့် ဘုန်းကြီး နံပါတ်တစ် နေရာ ကို ရလိမ့်မယ် လို့လေ ဘာပဲဖြစ်ဖြစ် သူ က ဗောဓိသတ် ဝင်စားသူ တစ်ပါး ပဲဟာ... ဒီလို လျှို့ဝှက် နက်နဲ တဲ့ အမွေအနှစ် တွေတောင် ကျန်းချဲ့ ကို မယှဉ်နိုင် ဘူး ဆိုတော့...

ဒီ ကောင်လေး က တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်..."

"ကျုပ် ကတော့ လီရွှမ်ကျန်း နံပါတ်တစ် နေရာ ရလိမ့်မယ်လို့ ထင်နေခဲ့တာ... နောက်ဆုံးတော့ နံပါတ်သုံး နေရာ ပဲ ရခဲ့တယ်..."

"ဟဲဟဲ... အကယ်၍ ကျန်းချဲ့ သာ ချူဟယ် ကို လျှို့ဝှက်နယ်မြေ ထဲကနေ မနှင်ထုတ် ခဲ့ရင် လီရွှမ်ကျန်း အနေနဲ့ နံပါတ်သုံး နေရာ တောင် ရနိုင်ပါ့မလား မသိဘူး..."

"အင်း... နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲ ကြီး မဖြစ်သွား ခဲ့တာ တကယ်ကို နှမြောစရာ ကောင်းတယ်ဗျာ ကျုပ် တော်တော်လေး မျှော်လင့် နေခဲ့တာ..."

"သေချာပေါက် ကျန်းချဲ့ ရဲ့ စွမ်းအား က အရမ်း ကြီးမား လွန်းနေလို့ ဆန်းကျန့် ဘုန်းကြီး လည်း အသက်စွန့် ပြီး မတိုက်ခိုက် ရဲတော့တာ နေမှာပါ..."

"ဒီ တစ်ကြိမ် သိုင်းပညာပြိုင်ပွဲ က လွန်ခဲ့တဲ့ နှစ်တစ်ရာ အတွင်း မှာ အကြိတ်အနယ် အရှိဆုံး တိုက်ပွဲ ကြီး တစ်ခု ပဲ..."

"နှစ်တစ်ရာ ဟုတ်လား ဟဲဟဲ... ယခင် က ကျင်းပ ခဲ့တဲ့ သိုင်းပညာပြိုင်ပွဲ သမိုင်း တစ်လျှောက်လုံး မှာ ဒီ တစ်ကြိမ် လောက် ခမ်းနား ကြီးကျယ် တာ မျိုး လုံးဝ မရှိခဲ့ဖူး ဘူး..."

"အစ်ကိုချီ... ခင်ဗျားတို့ ချီမိသားစု ကတော့ တကယ်ကို အဖိုးတန် ရတနာ ကြီး ကို ရလိုက်တာပဲ... တကယ်ကို အားကျစရာ ကောင်းလွန်း ပါတယ်ဗျာ..."

လူ တစ်ယောက် က ချီထျန်းကျုံး ကို လှမ်း၍ ဂုဏ်ပြု စကား ပြောလိုက်လေသည်။

အခြား သူများ ကလည်း အဆက်မပြတ် ဝင်ရောက် ထောက်ခံ လိုက်ကြလေသည်။

"ဟုတ်ပါရဲ့... ဒီ ကောင်လေး ရဲ့ လက်ရှိ ထုတ်ဖော် ပြသ နေတဲ့ စွမ်းရည် တွေ အရ ဆိုရင် သိုင်းသူတော်စင် ဖြစ်လာဖို့ သေချာ သလောက် ပင် ရှိနေပြီ..."

"အစ်ကိုချီ... ကျုပ် နဲ့ တစ်ခုလောက် တိုင်ပင် လို့ ရမလား... ကျုပ်တို့ မိသားစု က ယွမ်ချီ ကျောက်တုံး တစ်သိန်း ပေးပါ့မယ် ခင်ဗျားတို့ ချီမိသားစု က သာ ကျန်းချဲ့ နဲ့ မင်္ဂလာကိစ္စ ကို ဖျက်သိမ်း ပေးမယ် ဆိုရင်..."

"ကျုပ်တို့ လည်း အတူတူ ပဲ..."

"ကျုပ်တို့ မိသားစု က တစ်သိန်းခွဲ ပေးမယ်..."

"သွားစမ်း... မင်းတို့ အဘိုးကြီး တွေ... ကျန်း ကောင်လေး က ကျုပ်တို့ မိသားစု နဲ့ မင်္ဂလာ ရက် တောင် သတ်မှတ် ပြီးနေပြီ မကြာခင် လက်ထပ် ကြတော့မှာ... ဒီလို အဓိပ္ပာယ် မရှိတဲ့ စကား တွေကို လာမပြောကြနဲ့..."

ချီထျန်းကျုံး က အလွန် ဝမ်းသာ ပျော်ရွှင် နေပြီး လူတိုင်း ကို ပြန်လည် ဆဲဆို လိုက်လေသည်။

ဒီလို သမက် ကောင်း မျိုး ကို သူ ဘယ်လို လုပ်ပြီး သူများ တွေကို အလွယ်တကူ ပေးလိုက် လို့ ရမှာလဲ...

အကယ်၍ ဘိုးဘေး ကြီး သာ သိသွား မည် ဆိုပါက သူ့ကို သေချာပေါက် အရေခွံ ဆုတ် ပစ်လိမ့်မည် မှာ အသေအချာ ပင်ဖြစ်သည်။

"အစ်မဝမ်ကျင်း... အစ်မ ရဲ့ ခင်ပွန်း က သိုင်းလျှို့ဝှက်နယ်မြေ ရဲ့ နံပါတ်တစ် ဖြစ်သွားပြီနော်..."

ချီဝမ်ကျင်း ၏ ဘေးပတ်ဝန်းကျင် တွင် ရှိနေသော အင်အားကြီး မိသားစု များ မှ သခင်မလေး များနှင့် ဂိုဏ်းကြီး များ မှ အတွင်းတပည့် လေးများ အားလုံး အလွန် အံ့အားသင့် မှင်သက် နေကြလေသည်။

အစောပိုင်း က နံပါတ်တစ် နေရာ ကို လုယူ နိုင်မည် ဟု ထင်မှတ် ထားခဲ့ကြသော်လည်း... ယခုအခါ ကျန်းချဲ့ က အမှန်တကယ် ပင် အငြင်းပွား ဖွယ် မရှိသော လောက ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာခဲ့သည် ကို မြင်သောအခါ... သူတို့ ၏ ရင်ထဲတွင် ပို၍ပင် အားကျ ငေးမော သွားကြလေသည်။

"နောက်ဆိုရင် လောက ရဲ့ နံပါတ်တစ် ဖြစ်လာတော့မှာ သေချာတယ်..."

"အစ်မဝမ်ကျင်း... ညီမ ကတော့ တကယ်ကို အားကျလွန်း လို့ ငိုတောင် ငိုချင်လာပြီ အစ်မ က တကယ်ကို ကံကောင်းတာပဲ..."

"ရုပ်ရည် ကလည်း ခန့်ညားတယ်... သိုင်းလျှို့ဝှက်နယ်မြေ ကိုလည်း ဖိနှိပ်ထားနိုင်တယ်... နံပါတ်တစ် နေရာ ကိုလည်း ရယူ နိုင်ခဲ့တယ်... ဟူး... ငါ ဘယ်တော့များမှ ဒီလို ခင်ပွန်း မျိုး ကို ရှာတွေ့နိုင်မှာလဲ မသိဘူး... တကယ်လို့ ဒီလို လူမျိုး နဲ့သာ အတူတူ နေရမယ် ဆိုရင်... နှလုံးသား မဲ့တဲ့ လူယုတ်မာ ကြီး ဖြစ်နေရင်တောင် ငါ သည်းခံ နိုင်ပါသေးတယ်..."

"နင် က တော်တော် ကောက်ကျစ် တာပဲ ဘာတွေ ပြောနေတာလဲ... သတိထားဦး အစ်မဝမ်ကျင်း က ခဏနေရင် နင့်ကို လှံနဲ့ ထိုးလိုက်လိမ့်မယ်..."

"ဟီးဟီး အစ်မဝမ်ကျင်း... အစ်မ ကိုရော ကျန်းချဲ့ က လှံနဲ့ ထိုးဖူးလား..."

ချီဝမ်ကျင်း က ဘေးပတ်ဝန်းကျင် မှ ညီမလေး များ ၏ စကား များကို ကြားသောအခါ အနည်းငယ် အားကိုးရာမဲ့ သွားပြီး ဘာစကား မှ ပြန်မပြော တတ်အောင် ဖြစ်နေရလေသည်။ ထို့ကြောင့် ဘာမှ ပြန်မပြော တော့ဘဲ ခေါင်းမော့ ကာ သိုင်းလျှို့ဝှက်နယ်မြေ အတွင်းရှိ ထို လူရိပ် ကို သာ စူးစိုက် ကြည့်နေလိုက်လေသည်။

ယခု အချိန် တွင် သူမ ၏ ရင်ထဲ၌ မည်သည့် မကျေနပ် မှု မျှ မရှိတော့ချေ။

ဒီလို ယောက်ျား မျိုး နဲ့ အတူတူ နေရဖို့ အတွက်... ညီမလေး နဲ့ အတူတူ ယောက်ျား တစ်ယောက် တည်း ကို မျှဝေ ယူရမယ် ဆိုရင်တောင်... ဘာဖြစ်သေးလဲ...

"ကောင်းတယ်... တကယ် ကောင်းတယ်ကွာ..."

ချန်ချင်းဖန်၊ ကျိုးဖူကုန်း နှင့် အခြား သူများ အားလုံး ဝမ်းသာ ပျော်ရွှင် စွာ ဖြင့် လက်ခုပ် တီးကာ ရယ်မော လိုက်ကြလေသည်။ ကျန်းချဲ့ က နံပါတ်တစ် နေရာ ကို ရယူ နိုင်ခဲ့သဖြင့် သူတို့ အနေဖြင့် အလွန် ကျေနပ် အားရ နေကြပြီး မျက်နှာ ပေါ်တွင် လည်း အပြုံး များ အလိုအလျောက် ပေါ်လွင် နေလေသည်။

သိုင်းပညာပြိုင်ပွဲ ၏ နံပါတ်တစ် နေရာ ကို ရယူ နိုင်ခဲ့ခြင်း အတွက် အကြီးမားဆုံးသော ဂုဏ်ကျေးဇူး မှာ ကျန်းချဲ့ ၏ အပေါ်တွင် သာ ရှိသော်လည်း...

ဒုတိယ အကြီးမားဆုံး သော ဂုဏ်ကျေးဇူး မှာတော့ ကျန်းချဲ့ ကို ရှာဖွေ တွေ့ရှိ ခဲ့သော ချန်ချင်းဖန် အပေါ် တွင် သာ ရှိလေသည်။

အချိန် ကျလာ ပါက ချန်ချင်းဖန် သည် ခေါက်ရှန်း နတ်မင်းကြီး ၏ အသိအမှတ် ပြုမှု ကို ထပ်မံ ရရှိလာ မည်မှာ အသေအချာ ပင်ဖြစ်သည်။

ဤ သည်က သူတို့ကို အနည်းငယ် အားကျ မိစေလေသည်။

"အစ်ကိုချန်... ခဏနေရင် ခင်ဗျား သိမ်းထားတဲ့ အရက်ကောင်း လေးတွေ ထုတ်ပြီး သေချာ ကျင်းပ ရမယ်နော်... ခင်ဗျား က တကယ်ကို ကံကောင်း တာပဲကွာ ကျန်းချဲ့ က ဘာလို့ ကျုပ် ရဲ့ အပိုင် နယ်မြေ ထဲမှာ မရှိခဲ့တာလဲ..."

"ဟုတ်တယ်... ကျုပ် လည်း အရမ်း ဒေါသ ထွက်နေတာ..."

"ဟားဟားဟား... ကောင်းပြီ ကောင်းပြီ ခင်ဗျားတို့ သဘောပဲ... ခဏနေ ကျန်းချဲ့ ထွက်လာရင် ကျုပ်တို့ အားလုံး မိုးလင်း တဲ့ အထိ သောက်ကြတာပေါ့..."

ချန်ချင်းဖန် က လက်တစ်ချက် ဝှေ့ယမ်း ကာ အလွန် သဘောကျ စွာ ဖြင့် ပြောလိုက်လေသည်။

"မင်း ကတော့လေ..."

ပတ်ဝန်းကျင် မှ မရေမတွက် နိုင်သော သိုင်းပညာရှင် များ လည်း ယခု အချိန် တွင် သိုင်းပညာပြိုင်ပွဲ ၏ ဇာတ်လိုက် ဖြစ်သော ကျန်းချဲ့ အကြောင်း ကို အဆက်မပြတ် ဆွေးနွေး နေကြလေသည်။ ဒုတိယ နေရာ ကို ရရှိ သွားသော ဆန်းကျန့် ဘုန်းကြီး အကြောင်း ကိုတော့ နှမြောတသ စကား အနည်းငယ် မျှ သာ ပြောဆို နေကြလေသည်။

အဘယ်ကြောင့်ဆိုသော် ဒုတိယ နေရာ ဆိုသည်မှာ နံပါတ်တစ် နေရာ လောက် ဘယ်တော့မှ အာရုံစိုက် ခြင်း ခံရမည် မဟုတ်သောကြောင့် ပင်ဖြစ်သည်။

ယခု အချိန်... ယခု နေရာ တွင်... ကျန်းချဲ့ မှလွဲ၍ ကျန်ရှိ သော သူများ အားလုံး မှာ ပွဲကြည့် ပရိသတ် များ သာ ဖြစ်ကြလေသည်။

ချီရှောက်ယန် သည်လည်း ကျန်းချဲ့ အတွက် အလွန် ဝမ်းသာ နေလေသည်။ သိုင်းလျှို့ဝှက်နယ်မြေ ၏ နံပါတ်တစ် နေရာ ကို ရရှိ သော ယောက်ဖ တစ်ယောက် ရှိနေခြင်း က ချီမိသားစု ၏ ကံကောင်း မှု သာမက သူ ၏ ညီမလေး ချီဝမ်ကျင်း ၏ ကံကောင်း မှု လည်း ဖြစ်လေသည်။ ဤ ကဲ့သို့သော ယောက်ျား မျိုး ဆိုသည်မှာ လောက တွင် အလွန် ရှားပါး လွန်းလှပေသည်။

ဤ ကိစ္စ ကို အကောင်အထည် ဖော်ပေး ခဲ့သော သူ တစ်ယောက် အနေဖြင့် အလွန် ကျေနပ် ဝမ်းသာ နေလေသည်။

ချီရှောက်ယန် တွေးတော နေစဉ် ရုတ်တရက် သူ ၏ နားထဲ တွင် အသံ တစ်သံ ပဲ့တင်ထပ် လာလေသည်။

"အစ်ကိုကြီး..."

"ဟင်..."

ချီရှောက်ယန် က နောက်သို့ လှည့်ကြည့် လိုက်ရာ ကျန်းချဲ့ က သူ့ကို ပြုံးရွှင်စွာ ဖြင့် ကြည့်နေသည် ကို တွေ့လိုက် ရလေသည်။

အချိန် အနည်းငယ် မျှ စဉ်းစား ပြီးနောက် လက်ယှက် ကာ...

"သိုင်းလျှို့ဝှက်နယ်မြေရဲ့ နံပါတ်တစ် နေရာကို ရသွားတာ ဂုဏ်ပြုပါတယ်ကွာ..."

"အရင်ဆုံး ဂုဏ်မပြု ပါနဲ့ဦး... ခဏနေမှ ပြောတာပေါ့..."

ကျန်းချဲ့ က ပြုံးလိုက်လေသည်။

ချီရှောက်ယန် အနည်းငယ် ကြက်သေသေ သွားပြီး ကျန်းချဲ့ ၏ စကား ကို သေချာ နားမလည် နိုင်အောင် ဖြစ်နေရလေသည်။

သို့သော် မကြာမီ မှာပင် သူ ကောင်းစွာ သဘောပေါက် သွားခဲ့လေပြီ။

"မင်း... ထွက်သွားလိုက်တော့..."

ကျန်းချဲ့ ၏ အကြည့်များ က သိုင်းလျှို့ဝှက်နယ်မြေ ၏ နံပါတ်ခုနစ် ကျောက်စိမ်း စင်မြင့် ပေါ်တွင် ရှိနေသော ရွှေအမြုတေ အဆင့် သိုင်းသခင် တစ်ယောက် အပေါ်သို့ ကျရောက် သွားပြီး အေးစက်သော လေသံ ဖြင့် ပြောလိုက်လေသည်။

ချီမိသားစု ထံမှ ကျေးဇူး များကို အများကြီး ခံစား ခဲ့ရပြီး ဖြစ်ရာ... ယခု အချိန် တွင် သူ က ပြန်လည် ပေးဆပ် ရမည် သာ ဖြစ်လေသည်။

နံပါတ်ခုနစ် နေရာ ကို ရွေးချယ် ရခြင်း မှာလည်း အကြောင်းပြချက် များစွာ ရှိလေသည်။

ပထမ အချက် မှာ အခြားသော ပါရမီရှင် များကို သွားရောက် မစော်ကား လိုခြင်း ဖြစ်ပြီး နောက်ထပ် တိုက်ပွဲ တစ်ပွဲ ကို မဖြစ်ပေါ် စေလို သောကြောင့် ပင်ဖြစ်သည်။ ဒုတိယ အချက် ကတော့ ဤသို့ လုပ်ဆောင် ခြင်း ဖြင့် စည်းမျဉ်း များကို ချိုးဖောက် ရာ ရောက်မရောက် ဆိုသည်ကို ကျန်းချဲ့ သေချာ မသိသောကြောင့် ပင်ဖြစ်သည်။ ထို့ကြောင့် စမ်းသပ် ရန် လည်း စိတ်ကူး မရှိချေ။

မည်သို့ပင်ဆိုစေ ချီရှောက်ယန် အတွက် ထိပ်ဆုံး ဆယ်နေရာ တွင် ပါဝင် ရုံဖြင့် လုံလောက် နေပြီ မဟုတ်ပါလား။

"ကျန်းချဲ့... မင်းက ဘာသဘောလဲ..."

နံပါတ်ခုနစ် နေရာ ကို အောင်မြင်စွာ နေရာယူ ထားနိုင်ခဲ့သော ထို ထိပ်တန်း အင်အားစု ၏ အတွင်းတပည့် ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲ သွားပြီး ကျန်းချဲ့ ကို အလွန် ဒေါသတကြီး စူးစိုက် ကြည့်နေလေသည်။ သူ သည် ကျန်းချဲ့ ကို လုံးဝ မစော်ကား ခဲ့ဖူးချေ။

ဘာကြောင့် သူ့ကို လာပြီး ပစ်မှတ်ထား နေရတာလဲ။

"စကားတွေ များနေတာပဲ..."

ကျန်းချဲ့ က သူ့ကို တစ်ချက် စောင်းငဲ့ ကြည့်လိုက်ပြီး လက်ထဲရှိ ယင်ယန် မိစ္ဆာမီးတောက် များ လောင်ကျွမ်း နေသော ကောင်းကင်ထိုးဖောက် နတ်သုံးခွလှံ ကြီး ကို ရုတ်တရက် ပစ်လွှတ် လိုက်လေသည်။ မျက်တောင် တစ်ခတ် အတွင်း လေဟာနယ် ကြီး ကို ထိုးဖောက် သွားပြီး ထို သိုင်းသခင် ကြီး လည်း အကြီးအကျယ် ထိတ်လန့် သွားကာ အလျင်စလို ပြန်လည် ခုခံ ရန် ကြိုးစား လိုက်လေသည်။

သို့သော် သိုင်းလျှို့ဝှက်နယ်မြေ ၏ နံပါတ်တစ် သိုင်းပညာရှင် ၏ အစွမ်းကုန် တိုက်ခိုက်မှု ကို သူ က ဘယ်လို လုပ်ပြီး ကာကွယ် နိုင်စွမ်း ရှိမည်နည်း။

"ဖူး..."

ထို သိုင်းသခင် သည် ကောင်းကင်ထိုးဖောက် နတ်သုံးခွလှံ ကြီး ၏ ထိုးဖောက် ခြင်း ကို ခံလိုက် ရပြီး လေဟာနယ် ထက်တွင် တိုက်ရိုက် သံမှို ရိုက်ခံ ထားရသည့် အလား ဖြစ်သွားလေသည်။

ဤ အချိန် တွင် သိုင်းလျှို့ဝှက်နယ်မြေ ၏ အပြင်ဘက် တွင် ဖြစ်စေ... အတွင်း တွင် ဖြစ်စေ... အသံ များ အားလုံး ချက်ချင်း ရပ်တန့် သွားခဲ့ရလေသည်။

မရေမတွက် နိုင်သော အံ့အားသင့် သံသယ ဖြစ်နေသည့် အကြည့် များ က ကျန်းချဲ့ ၏ အပေါ်သို့ တပြိုင်နက်တည်း ကျရောက် လာကြလေတော့သည်။

All Chapters