အခန်း ၂၁၂
Vol. 22 Ch. 212
အခန်း ၂၁၂ - ညီမလေး
"အား... အပူချိန်က ဘာလို့ ဒီလောက်မြန်မြန် တက်လာရတာလဲ ငါတော့ အရည်ပျော်တော့မှာပဲ"
ဖီးလစ်က ညည်းတွဲတွဲ ရေရွတ်လိုက်ရင်း မျက်နှာပေါ်မှ စီးကျလာသော ချွေးစက်များကို သုတ်ကာ ရှေ့ရှိ ဇမ်ဘီကို နိုးနိုးကြားကြား စိုက်ကြည့်နေသည်။ သူ၏ တီရှပ်တစ်ထည်လုံးမှာလည်း ချွေးများဖြင့် ရွှဲနစ်နေပြီး ဖုန်မှုန့်နှင့် ချွေးတို့ ရောကာ စေးကပ်နေမှုကြောင့် သူသည် မျက်မှောင်ကြုတ်မိသွားသည်။
"အာရုံစိုက်စမ်း"
ကေးလ်က မျက်မှောင်ကြုတ်လျက် သတိပေးလိုက်သည်။ သူကိုယ်တိုင်လည်း အခြေအနေ သိပ်မကောင်းလှသော်လည်း လေးလံသော သံပုဆိန်ကို ဝှေ့ယမ်းကာ ရှေ့သို့ တိုးလာသော ဇမ်ဘီတစ်ကောင်ဆီသို့ ခုတ်ပိုင်းလိုက်သည်။
ထိုစဉ် သူ၏ အနောက်ဘက်၌ ထူးခြားသော အရှိန်တစ်ခုကို ခံစားလိုက်ရသဖြင့် နောက်တစ်စက္ကန့်တွင် သူသည် မူလနေရာမှ မီတာနှစ်ဆယ်ခန့်အကွာသို့ ရုတ်တရက် ရွှေ့ပြောင်းနေရာယူလိုက်တော့သည်။
သူ နေရာရွှေ့လိုက်သည့် နောက်တစ်စက္ကန့်မှာပင် ပုပ်ပွနေသော လက်တစ်ဖက်သည် ကေးလ် မူလက ရပ်နေခဲ့သော လေထုကို ပြင်းထန်စွာ ကတ်ဆွဲဖြတ်သန်းသွားခဲ့သည်။ ထိုလက်သည်းချက်က ပြင်းထန်လွန်းလှသဖြင့် ဇမ်ဘီမှာ အရှိန်မထိန်းနိုင်ဘဲ မြေပြင်ပေါ်သို့ မှောက်လျက်လဲကျသွားခဲ့ရသည်။
ကေးလ်သည် ထိုဇမ်ဘီ၏ ခွန်အားနှင့် အရှိန်အဟုန်ကို သတိပြုမိသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
မြန်လွန်းတယ်။ သူတို့က အဆင့်တစ် ဇမ်ဘီတွေနဲ့ လုံးဝမတူဘူး။ အဆင့်မြင့်ပြောင်းလဲလာတဲ့ အကောင်တွေများလား
နောက်ထပ် မိနစ်နှစ်ဆယ်ခန့်တွင် ညီအစ်ကိုနှစ်ဦးသည် အဖွဲ့ဝင်အချို့နှင့်အတူ ဇမ်ဘီများကို ဆက်လက်တိုက်ခိုက်ခဲ့ကြပြီး စခန်းအနီးတစ်ဝိုက်ကို ရှင်းလင်းပြီးနောက် အထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။
"အား... ဒီလို ပူတဲ့ နေရောင်အောက်မှာ တိုက်ပွဲဝင်ရတာက ပြစ်ဒဏ်တစ်ခု ခံနေရသလိုပဲ တစ်ခါတစ်ခါဆို စခန်းခေါင်းဆောင်က ငါတို့ကို မုန်းလို့ ဒီတာဝန်ကို ပေးတာလားလို့တောင် တွေးမိတယ်"
ဖီးလစ်၏ ပွင့်လင်းလှသော အသံနက်ကြီး ထွက်ပေါ်လာရာ ဘေးပတ်ဝန်းကျင်ရှိ လူများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
"ဟဟ ဖီးလစ် မင်းက တကယ် တော်တာပဲ ဒါပေမဲ့ မင်းခန့်မှန်းတာ တစ်ဝက်ပဲ မှန်သေးတယ် ဒီလို ဒုက္ခရောက်နေရတဲ့ အဓိကအကြောင်းအရင်းက စခန်းခေါင်းဆောင်ရဲ့ သားက မိန်းကလေးတစ်ယောက်ကို သဘောကျလို့ လက်ထပ်ခွင့်တောင်းတာကို အဲဒီမိန်းကလေးက မင်းကိုပဲ ပြန်သဘောကျတယ်လို့ ပြောလိုက်လို့လေ"
"အဓိပ္ပာယ်မရှိတာ"
ဖီးလစ်က ရွံရှာမုန်းတီးသော မျက်နှာပေးဖြင့် ကျိန်ဆဲလိုက်သည်။ အပေါ်ယံတွေနောက်ပဲ လိုက် နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဝန်ခံချက် တစ်ခုကြောင့်ယခုကဲ့သို့ ဒုက္ခအကြီးအကျယ် ရောက်ရသည်ဟူသော အတွေးကပင် သူ့ကို ဒေါသထွက်စေသည်။ သူသည် ခန္ဓာကိုယ်အတွင်းမှ မြင့်တက်လာသော အပူရှိန်နှင့် ရေအေးအေးဖြင့် ချိုးချင်သည့် စိတ်ဆန္ဒကိုပင် မေ့လျော့သွားခဲ့ရသည်။
ကေးလ်ကမူ မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည့်မှတ်ချက်မျှ မပေးခဲ့ပေ။ ဤသည်မှာ ကလေးကလားဆန်သော ဆင်ခြေတစ်ခုသာ ဖြစ်သည်။ အကယ်၍ သူသာ စခန်းခေါင်းဆောင်၏ လောဘရမ္မက်ကြီးမှုကို ကြိုတင်မသိရှိထားပါက ဤစကားကို တကယ်ပင် ယုံကြည်မိတော့မည်ဖြစ်သည်။
"ဖီးလစ် အရင်ဆုံး အိမ်ပြန်ရအောင်"
သူက အမိန့်ပေးလိုက်ရာ သူ၏ အေးစက်လှသော အသံမှာ အငြင်းပွားရန် ခဲယဉ်းလှပေသည်။
"ဒါပေမဲ့ အစ်ကို..."
ဖီးလစ်သည် မကျေမနပ်ဖြစ်နေသော်လည်း အစ်ကိုဖြစ်သူ၏ စူးရှသော အကြည့်အောက်တွင် သက်ပြင်းချကာ နာခံစွာဖြင့် နောက်မှ လိုက်ပါလာခဲ့ရသည်။
မကြာမီမှာပင် သူတို့သည် နိုက်န်ဘိန်းမိသားစု နေထိုင်ရာ တဲအိမ်လေးဆီသို့ ရောက်ရှိလာခဲ့ကြသည်။
အိမ်ထဲသို့ ရောက်ရှိသွားသောအခါမှသာ အပြင်ဘက်ကဲ့သို့ ပြင်းထန်သော အပူရှိန်မှာ အနည်းငယ် လျော့ပါးသွားသဖြင့် ဖီးလစ်သည် သက်ပြင်းချကာ စိတ်သက်သာရာရသွားသည်။ သူသည် ခလုတ်ခုံဆီသို့ လှည့်ကာ ပန်ကာကို ဖွင့်ရန် ကြိုးစားခဲ့သော်လည်း စိတ်ပျက်စရာကောင်းစွာပင် ခလုတ်ကို အကြိမ်ကြိမ် အဖွင့်အပိတ်လုပ်သော်လည်း ပန်ကာမှာ ငြိမ်သက်နေဆဲပင် ဖြစ်သည်။
"တောက်စ် အရင်တုန်းကလို လျှပ်စစ်မီးကို တစ်နေ့တည်းနဲ့ အချိန်ပြည့် ဘယ်တော့မှ ပြန်ရမှာလဲ ထားလိုက်ပါတော့ ငါ ရေပဲ သွားချိုးတော့မယ်"
သူက မကျေမနပ် ငြီးညူလျက် မီးဖိုချောင်ဘက်သို့ လှည့်အသွားတွင် ကေးလ်က တားဆီးလိုက်သည်။
"မချိုးနဲ့ဦး ရေက တဖြည်းဖြည်း နည်းလာပြီ ငါတို့ ခြိုးခြံချွေတာပြီး သုံးရမယ်"
ဖီးလစ်၏ ပုခုံးများ တွဲကျသွားခဲ့ပြီး ဆိုဖာပေါ်တွင် ငါးသေတစ်ကောင်ကဲ့သို့သာ လှဲလျောင်းနေမိတော့သည်။
သူ၏ ဗိုက်ထဲမှ အလွန်အမင်း ဆာလောင်မွတ်သိပ်မှုကြောင့် ထွက်ပေါ်လာသော အသံက ဖီးလစ်ကို စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများ ပိတ်ထားမိစေသည်။ အသက်ရှင်ကျန်ရစ်ရန်အတွက် အစဉ်အမြဲ တိုက်ပွဲဝင်နေရသဖြင့် နေ့ရက်တိုင်းမှာ ပင်ပန်းနွမ်းနယ်လှသည့်အပြင် စားစရာ ရိက္ခာအလုံအလောက်မရှိခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတစ်ခုကဲ့သို့ ခံစားရစေသည်။
ကေးလ်၏ မျက်ဝန်းများ နူးညံ့သွားခဲ့ပြီး ညီအစ်ကို မောင်နှမများ မျှဝေနေထိုင်သော အခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ မကြာမီမှာပင် သူသည် အိစက်မှု လုံးဝမရှိတော့ဘဲ မာဆတ်ဆတ်ဖြစ်နေသော ပေါင်မုန့်လုံးတစ်ခုကို ယူဆောင်၍ ပြန်လည်ထွက်ခွာလာခဲ့သည်။
ခြေသံကြောင့် ဖီးလစ် မျက်လုံးပွင့်လာခဲ့ရာ ကေးလ်၏ လက်ထဲမှ ပေါင်မုန့်ကို မြင်တွေ့လိုက်ရသည်။ သူ၏ နှုတ်ခမ်းများက အားနည်းစွာ ကွေးညွတ်သွားခဲ့သော်လည်း မျက်ဝန်းထဲတွင်မူ ခါးသီးမှုများဖြင့် ပြည့်နှက်နေသည်။
"အစ်ကို... အစ်ကိုပဲ စားလိုက်ပါ အစ်ကိုက ကျွန်တော်ထက် ပိုပြီး ပင်ပင်ပန်းပန်း တိုက်ခိုက်ရတာလေ အစ်ကို့ရဲ့ ခွန်အားမရှိရင် ကျွန်တော်လည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
ကေးလ်သည် ပေါင်မုန့်ကို ဖီးလစ်၏ လက်ဖဝါးထဲသို့ တင်းတင်းကျပ်ကျပ် ထည့်ပေးလိုက်သည်။ သူ၏ အမူအရာမှာ အေးစက်နေသော်လည်း အသံထဲတွင်မူ နွေးထွေးမှုအရိပ်အယောင်များ ကိန်းအောင်းနေသည်။
"စားမှာသာစားစမ်းပါ မင်းသာ မေ့လဲသွားရင် ငါက တိုက်ပွဲဝင်ရင်း မင်းကိုပါ ပွေ့ချီထားရလိမ့်မယ် အဲဒါက ငါ့ကို ပိုပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်"
ဖီးလစ်က လည်ချောင်းထဲမှ နာကျင်မှုကို အောင့်အည်းလျက် ခပ်ဖွဖွ ရယ်မောလိုက်သည်။
သူသည် ခြောက်သွေ့နေသော ပေါင်မုန့်အပိုင်းအစကို ဖြည်းညှင်းစွာ ဝါးစားနေမိရာ ကိုက်လိုက်တိုင်း လျှာကို ပွတ်တိုက်မိနေသကဲ့သို့ ခံစားရသည်။ သို့သော်လည်း ဆာလောင်မွတ်သိပ်မှုကြောင့် ဤပေါင်မုန့်မှာ ကမ္ဘာပေါ်တွင် အကောင်းတကာ့ အကောင်းဆုံး အစားအစာကဲ့သို့ အရသာရှိနေတော့သည်။
စားသောက်နေစဉ်အတွင်း ဖီးလစ်သည် တစ်စုံတစ်ခုကို သတိရသွားပြီး မေးမြန်းလိုက်သည်။
"အခုအချိန်ဆို ငါတို့ ညီမလေးလည်း ဗိုက်ဆာနေလောက်ပြီ ထင်လား"
ကေးလ်သည် ဆိုဖာပေါ်တွင် မျက်လုံးမှိတ်လျက် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တည်ငြိမ်သော အသံဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
"သူမ အဆင်ပြေမှာပါ"
"အစ်ကိုက ဘာလို့ အဲဒီလောက်အထိ သေချာနေရတာလဲ"
ဖီးလစ်က မျက်ဝန်းထဲတွင် စိုးရိမ်ရိပ်များဖြင့် မေးမြန်းလိုက်သည်။ လက်ထဲမှ ပေါင်မုန့်၏ အရသာမှာ ပျောက်ဆုံးသွားခဲ့ပြီး မိမိ၏ ညီမငယ်လေး ငတ်မွတ်နေနိုင်သည်ဟူသော အတွေးကြောင့် ပေါင်မုန့်မှာ အရသာမရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။
ငါ ဒါကို သိမ်းထားသင့်တယ် အကယ်လို့ သူမမှာ စားစရာ ရိက္ခာအလုံအလောက်မရှိရင် ဘယ်လိုလုပ်မလဲ။ အကူအညီတောင်းခံစာ တင်ပြီးတဲ့နောက်မှာတောင် သူမရှိတဲ့နေရာအတိအကျကို သိဖို့ ရိက္ခာတွေ ပိုလိုလာရင် ဘယ်လိုလုပ်မလဲ
"ကောင်းတာတွေပဲ တွေးစမ်းပါ အရာရာ အဆင်ပြေသွားလိမ့်မယ်"
သူ၏ လေသံထဲတွင် ဘာခံစားချက်မှ မတွေ့ရသော်လည်း အနီးကပ်ကြည့်ပါက သူသည် တစ်စုံတစ်ခုကို အောင့်အည်းသည်းခံနေသကဲ့သို့ လက်သီးကို တင်းတင်းဆုပ်ထားကြောင်း မြင်တွေ့နိုင်သည်။
"အစ်ကို ပြောသလို ဖြစ်ပါစေ..." ဖီးလစ်၏ အသံမှာ အနည်းငယ် စိတ်လေလွင့်နေပုံရသည်။
"အမ်ဘာ ကော ဘယ်ရောက်နေလဲ"
အုံ့မှိုင်းနေသော ပတ်ဝန်းကျင်အခြေအနေကို သတိပြုမိသဖြင့် ကေးလ်က စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဘယ်ရှိမလဲ သူ့ချစ်သူဆီ သွားတာပေါ့"
ဖီးလစ်က နှာမှုတ်လျက် ဆိုသည်။ သူသည် ညီမဖြစ်သူ တွဲနေသော လူငယ်လေးအပေါ် ကိုယ်တိုင်ကိုယ်ကျ ရန်ငြိုးမရှိသော်လည်း ထိုလူငယ်၏ မိသားစု ပြုမူပုံကိုမူ အလွန်အမင်း ဒေါသထွက်မိသည်။
ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ထိုချစ်သူ၏ မိသားစုသည် သူတို့ကို ဖားယားခဲ့ကြပြီး တွေ့တိုင်း မိုးပေါ် ရောက်မတတ် ချီးမွမ်းခန်းဖွင့်ခဲ့ကြသည်။ သို့သော် ယခုအခါတွင်မူ သူတို့ထက် ရိက္ခာအမြောက်အမြား ကြိုတင်စုဆောင်းထားနိုင်ခဲ့သဖြင့် အခြေအနေကောင်းနေသောကြောင့် ထိုလူယုတ်မာများသည် စေ့စပ်တာကိုပါ ဖျက်သိမ်းရန် ခြိမ်းခြောက်နေကြသည်။ အကယ်၍ ထိုလူငယ်လေး၏ ဇွဲလုံ့လကြောင့်သာ မဟုတ်ပါက စေ့စပ်ကြောင်းလမ်းမှုမှာ လွန်ခဲ့သောအချိန်ကတည်းက ပျက်ပြားသွားလောက်ပြီ ဖြစ်သည်။
"သူ့အကြောင်း ထားလိုက်ပါတော့ အစ်ကို့အကြောင်းပဲ ပြောဦး မရီးလောင်းနဲ့ အခြေအနေ ဘယ်လိုလဲ" ဖီးလစ်က စိတ်ဝင်တစား မေးမြန်းလိုက်သည်။
ချက်ချင်းပင် ကေးလ်၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားခဲ့သော်လည်း မျက်လုံးများကိုမူ ဆက်လက်ပိတ်ထားဆဲပင်။
"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ဦး သူမက အခုထိ သဘောမတူသေးဘူး"
"အင်းပါ ကျွန်တော်သိပါတယ်"
ဖီးလစ်က ရေရွတ်လိုက်ပြီးနောက် သူ၏ ညီမလေးကို သတိရသွားကာ ပြုံးလိုက်မိသည်။
"အစ်ကိုတို့ နှစ်ယောက်လုံးကတော့ အိမ်မှာ ထိန်းထားလို့ မရတော့ဘူး ငါ့ညီမလေးကတော့ အစ်ကိုတို့ထက် အများကြီး ပိုတော်မှာ သေချာတယ် သူမကတော့ အခုထိ တစ်ယောက်ထဲ ဖြစ်နေဦးမှာပဲ သူမကို ပြန်ရှာတွေ့တဲ့နေ့ကျရင် ကျွန်တော်ကတော့ အလိုလိုက်ထားမှာ"
သူ့ညီမ: *ကျွန်မ ယောင်္ကျားရသွားပြီရှင့်*